အခန်း ၁ (U/Z)

Background color
Font
Font size
Line height

Unicode

Started - 25.1.2025 8:00 PM

၂၀၁၀ ခုနှစ်နှောင်းပိုင်း၊ကျွန်းကန်သာ ကျေးရွာ

‌ကျေးငှက်တွန်ကျူး နွေလေရူးချိန်၊ကျွန်း‌တောသာကျေးရွာအုပ်စု၏ အဓိကရွာကြီးဖြစ်သည့် ကျွန်းကန်သာရွာတွင် လူများပြာယာခက်စွာတောင်အရပ်သို့ ဦးတည်‌သွားလာနေကြသည်။
အကြောင်းမှာကား ရွာ၏အဓိကမဏ္ဍိုင်ဖြစ်သူ သူကြီးကိုသက်လူ အခေါ်တော်ပါးခြင်းကြောင့်ဖြစ်သည်။ရွာသူ၊ရွာသား စုံလင်စွာမရောက်သေးခင် လမ်းတစ်ဝက်နှင့်တင် သူကြီးအိမ်မှအသံချဲ့စက်သို့အသံတစ်သံက အရင်ရောက်နှင့်နေလေပြီ။

"အဟမ်းအဟမ်း အဟွတ်ဟွတ်၊ပိ...ပီဘွတ်....."

"ဟာ ဟေ့ကောင်တာလီဖိုး ချောင်းဟန့်တာတော်ယုံဟန့်လေ အခုကအီးပါထွက်ကုန်ပြီကွ"

ဒါပါပဲ၊သူကြီးအိမ်သို့ရောက်နှင့်နေသောအသံမှာ ထိုအသံပင်ဖြစ်၏။
သူကြီး၏အရင်းနှီးဆုံးသူငယ်ချင်း၊ငယ်ပေါင်းဖော်သူငယ်ချင်းဖြစ်သူမောင်တာလီဖိုး၏ပေါက်ကရလေးဆယ်ဝင်ပြောခြင်းအစီစဉ်သည်သာ။
သူကြီးဆိုသည်မှာလည်း တာလီဖိုးမိုက်ကိုင်မည်ဆိုပါက အင်းအင်းလုပ်၍ အမှန်တကယ်မိုက်ကိုင်ပြီးပြောလျှင်တစ်ခုမဟုတ်တစ်ခု ဝင်ငေါက်၏။
ထိုသို့ဝင်ငေါက်ချိန်တိုင်း မိုက်ကြီးကပါးစပ်နားမှာ၊မိုက်ထဲသို့အသံများ ဝင်သည်လား၊မဝင်သည်လား သူကြီးသတိမထားမိ။

"ဟ မင်းအသံကြီးမှလူကြားကုန်ပြီ သက်လူရ"

"ဟေ ဟုတ်လား၊ဒါဆို မင်းဖယ်..ဖယ်..ဖယ်"

"ဘာတွေဒီလောက်လာလောနေတာလဲ၊မင်းပဲ ပြောခိုင်းမယ်ဆို"

"မင်းပုံမင်းလည်းပြန်ကြည့်စမ်း၊လူကဖြင့်စကားမစရသေးဘူး အီးကအရင်ထွက်နေပြီ"

"ဟိတ်ကောင် ဘာဖြစ်လဲကွာ၊ငါလည်းပြောချင်တာပေါ့ မင်းကသူကြီး ငါကအတွင်းရေးမှူးလေ၊တစ်ခါတလေငယ်သားတွေကို ပစားပေးရတယ်ကွ"

"ဟာ အခုတော့နေဦးကွာ"

ယခုပြောနေသည့် ထိုစကားများကိုလည်းတိုးတိုးတိတ်တိတ်ပြောနေသည်မဟုတ်ပါ။
မိုက်ကြီးကို ပါးစပ်နားတေ့ထားပြီး မိုက်နားကိုနှစ်ယောက်ကပ်ပြောနေခြင်းပင်။

"ကဲကဲ တော်ကြပါတော့ဟယ် ငါရှက်လို့ပါသက်လူနဲ့ငတာရယ်၊မိုက်ကြီးနဲ့ရန်ဖြစ်နေတာ တစ်ရွာလုံးသိကုန်ပြီဟဲ့"

ထိုသူကတော့ သူကြီးကိုသက်လူ၏ တစ်ဦးတည်းသော အဘွားဖြစ်သူ‌ဒေါ်စိန်သည်သာ၊အဘွားကသူကြီးအတွက်အမေတစ်ယောက်ဆိုလည်းဟုတ်သည်၊တစ်ဦးတည်းသောကျန်ရစ်သည့် မိသားစုဝင်ဟုဆိုရင်လည်းမှန်၏၊သူကြီး၏အချစ်ဆုံးလူပုဂ္ဂိုလ်ဟုဆိုလျှင်လည်း မမှားပါ။

"ဖွားလေးကလည်းဗျာ"

"ဖွားလေးကလည်းဗျာမနေနဲ့ ဟိုမယ်ဝိုင်းရှေ့မှာရွာသားတွေပြုံနေတာပဲ၊ငတာ သွား တံခါးဖွင့်ချည်သွား"

"ဟုတ် ဖွားစိန်"

ဖွားလေး၏စေခိုင်းချက်အတိုင်း တာ‌လီဖိုးတစ်ယောက် သူကြီးကိုသက်လူ၏ခြံဝိုင်းတံခါးအား ဖွင့်လိုက်သည်နှင့် ရွာသားများဝင်လာကြတော့သည်။
သူကြီးအိမ်ရှေ့တွင် ခင်းကျင်းထားသည့်ဖျာများအနက် မိမိစိတ်ကြိုက်နေရာဝင်ယူကာ ဆောင့်ဆောင့်ကလေးနှင့်ကြောင့်ကြောင့်ကလေးထိုင်နေကြ၏။သူကြီး၊တာလီဖိုးနှင့်ဖွားစိန်လည်း ရွာသားများအရှေ့မှသူကြီးတန်းလျားပေါ်၌ ဝင်ထိုင်ကာစကားစရန် ကြိုးစားတော့သည်။မိုက်ကိုတော့မသုံးတော့ပေ၊မိုက်ကိုထပ်ပြီးသုံးပါက သူကြီးကိုသက်လူ၏နောင်ဘဝအတွက်ချေးထားသည့် အရှက်များပါကုန်လိမ့်မည်။

"ဒီနေ့ ကျုပ်ခေါ်လိုက်ရတဲ့အကြောင်းအရင်းကတော့ ရွာသူရွာသားတို့နဲ့တိုင်ပင်စရာရှိလို့ပဲဖြစ်ပါတယ်၊ဘာလဲဆိုရင်‌တော့ ကျုပ်တို့ဆယ့်နှစ်ရွာအုပ်စု၊ကျွန်းတောသာနယ်တစ်ဝိုက်မှာ ရွာသားတွေရဲ့အိုးအိမ်ပစ္စည်းကိုခြိမ်းခြောက်နေတဲ့ ဓားပြတစ်ဖွဲ့ကြီးစိုးနေတဲ့ကိစ္စပါ။အဲ့ဒီ ဓားပြအဖွဲ့ရဲ့နာမည်ကတော့ ခဏလေးပါ ကျုပ်ကိုစာရွက်ထဲတစ်ချက်ဖက်ခွင့်ပြုပါ"

သူကြီးထိုသို့ပြောပြီးသည်နှင့် တာလီဖိုးမှစာရွက်တစ်ခုကမ်းပေးလာသည်။

"အဲ့သည် ဓားပြအဖွဲ့ရဲ့နာမည်ကတော့ နာဂ..သက်လူ..လူ ဟင် နောက်ကငါ့နာမည်ကြီးလားလို့"

သူကြီး၏ထိုစကားအဆုံး ရွာသားများထံမှ "ဟင်..ဟာ"ဟူသော အသံပေါင်းစုံထွက်လာ၏။ထိုအခါမှ တာလီဖိုးက

"ဟ..ဟာ ‌ငါမှားတာသက်လူရေ ငါမှားတာ၊အဲ့စာရွက်မှာ သူတို့အဖွဲ့နာမည်ရေးနေတုန်း ဖွားစိန်ကမင်းနာမည်ခေါ်လိုက်တော့နာဂနောက်မှာ မင်းနာမည်ရေးမိသွားတာဟေး..အမှန်က နာဂရာဇာသူရိန်မင်းထင်တဲ့"

"ငတာ မင်းဟာလေလုပ်လိုက်ရင်၊အဟမ်း ဟုတ်ကဲ့ ကျုပ်ရဲ့အတွင်းရေးမှူးကိုတာပြောတဲ့အတိုင်း သောင်းကြမ်းအုပ်စိုးနေတဲ့ဓားပြအဖွဲ့ရဲ့‌နာမည်ကတော့ နာဂရာဇာသူရိန်မင်းထင်ပါတဲ့"

ထိုအချိန်ရွာသူရွာသားများထံမှ

"အဖွဲ့နာမည်ကြီးကလဲ တစ်မျိုးကြီးဗျာ"

"ဟုတ်ပါ့တော်၊ရှည်တော်မူလိုက်တာ"

"အဖွဲ့နာမည်ရှည်သလို ခေါင်းဆောင်ကလည်း ရှည်တယ်တဲ့တော့်"

"ဟာ မလှယဉ် ဘာတွေရှည်တာတုန်းဗျ"

"အိုအေ အရပ်ပြောတာဟဲ့"

"တခြားဟာလည်း ရှည်ချင်ရှည်မှာပေါ့နော"

"ဟဲ့ အပျိုလေးတွေ ညည်းတို့ကဘာရှည်စေချင်သေးတာတုန်း"

"အယ် အရီးစန်းကလည်း ဆံပင်တို့ဘာတို့ပြောတာပါတော်"

"ညည်းတို့ အပျိုအဖွဲ့ကရွကိုရွတယ်၊အပျိုလေးနဲ့မလိုက်ဘူး ငါတို့လူပျိုလေးတွေဆိုငြိမ်နေတာ တစ်ခုခုဆိုညည်းတို့ချည်းပဲ"

"ဟဲ့ ငသာစံဘာစကားပြောတာတုန်း၊နင်တို့ ကာလသားအဖွဲ့က မငြိမ်ရမဲ့နေရာဆိုရင်အမြှီးကိုကုပ်လို့..‌ဟော ငြိမ်ရမဲ့နေရာဆိုရင်လေ အမြှီးတနှံ့နှံ့နဲ့ရှေ့ကနေ ရမ်းခါနေတာပဲမဟုတ်လား"

"ဘာ မိဝိုင်းတင် ဒါဆိုညည်းကငါတို့ကာလသားအုပ်စုကို ခွေးနဲ့နှိုင်းလိုက်တာလား"

"ဟုတ်တယ်အေ ဘာဖြစ်လဲ ဘာဖြစ်လဲ"

"ညည်းနော် ညည်း"

တစ်ယောက်တစ်ပေါက် ဓားပြအဖွဲ့အားဝေဖန်နေရာမှ ကာလသားများနှင့်ကာလသမီးများ၏ အခြေတင်အခြေနေသို့ရောက်သွားခြင်းကြောင့် တာလီဖိုးမှာလည်းခေါင်းတွေကုပ်၊ဖွားလေးမှာလည်း ရှူဆေးထုတ်ကာရှူနေသည်။သူကြီးကိုသက်လူသည်တော့ ထိုအချိန်သူကြီးပီပီ ဝင်ဖြေရှင်းရတော့လေသည်။

"ကဲကဲ တော်ကြပါတော့ဗျာ၊ကျုပ်သူကြီးတစ်ယောက်လုံး ရှေ့မှာရှိနေတာကို နည်းနည်းပါးပါးလေးစားမှုတော့ထားပေးကြပါ"

သူကြီးကိုသက်လူ၏စကားအဆုံး ကာလသမီးများထံမှစကားသံထွက်လာတော့သည်။

"အိုက်ကောင်တွေအရင်စတာ သူကြီး"

ထိုအချိန် ကာလသားများကလည်း

"အောင်မယ် သူကြီးရှေ့မှာတောင် ကလိမ်ကကျစ်နဲ့၊အိုက်ကောင်မတွေ အရင်စတာသူကြီးမြင်တယ်မလားဗျ"

ထိုအချိန် တာလီဖိုးမှ

"ကဲကဲ ဟိုဘက်ကမိဝိုင်းတင်တို့အုပ်စုရော ဒီဘက်က ငသာစံတို့အုပ်စုရောခဏငြိမ်းချမ်းရေးယူပြီး ကျုပ်တို့သူကြီးပြောတဲ့စကားကိုနားထောင်ရအောင်"

ထိုမှ တဆင့်သူကြီးစကားပြန်ဆက်ရတော့သည်။

"ဆိုတော့ အခုဏစကားကိုပြန်ဆက်ရရင် ဓားပြအုပ်စုရဲ့နာမည်ကတော့ နာဂရာဇာသူရိန်မင်းထင်ပေါ့၊အခု အဲ့ဒီဓားပြအုပ်စုက ကျုပ်တို့ကျွန်းတောသာအုပ်စုမှာရှိတဲ့ ဆယ့်နှစ်ရွာလုံးကိုလိုက်လံသိမ်းဆည်းချင်နေတယ်လို့သိရတယ် တောင်ဘက် ဂွေးပင်ကုန်းရွာနဲ့အရှေ့တောင်ဘက်သဖန်းပင်ကုန်းရွာတွေကတော့ ကံမကောင်းစွာနဲ့ ဓားပြအဖွဲ့ရဲ့သိမ်းယူခြင်းကိုခံလိုက်ရတယ်။လူတွေကိုအသက်အန္တာရယ်ခြိမ်းခြောက်တာမျိုး မရှိသေးပေမယ့် ဥစ္စာပစ္စည်းကတော့ပြောင်အောင်ကိုမ,တက်တာဖြစ်လို့ ကျုပ်တို့ရွာဘက်ကိုလည်း မကြာမီရောက်လာမယ်လို့ခန့်မှန်းမိတယ်၊ဒါကြောင့် ကျွန်းတောသာဆယ့်နှစ်ရွာအုပ်စုကို အုပ်ချုပ်နေတဲ့သူကြီး ကျုပ် ကိုသက်လူအနေနဲ့ရွာသူရွာသားတွေကို မှာချင်တာကတော့..."

"အောက်ကျိကျိ..အွတ်.."

"ကျုပ်မှာချင်တာကတော့..."

"ပဲဟဲဟဲ..ဟဲ"

"ဒီ..အင်း..ကျုပ်မှာချင်တာကတော့.."

"ဝမ်းဘဲ...."

သူကြီးပင်ဆုံးအောင်မပြောရ၊ပတ်ဝန်းကျင်မှ အချိန်ကိုက် ကြက်အော်သံ၊ဆိတ်အော်သံ၊နွားအော်သံတို့နှင့် ပြည့်နေ၏။

"ကဲ ကျုပ်မှာချင်တာကတော့ မိမိပစ္စည်းပစ္စယာတွေအပါမခံချင်ဘူးဆိုရင်တော့ အခုကတည်းကအိမ်တိုင်းအိမ်တိုင်း မြေကျင်းတစ်တွင်းစီတူးပြီးတော့ အဖိုးတန်ပစ္စည်းတွေထည့်သာမြှုပ်ထားပေတော့ဗျာ၊သမီးပျိုလေးတွေကိုလည်း ညဘက်ခါအိမ်အပြင်မထွက်ခိုင်းပါနဲ့။
အားလုံး ကိုယ်မကြုံရသေးပေမယ့်သတိဝီရိယနဲ့နေပေးပါ၊များမကြာမီရက်တွေမှာ ဝိုင်းတွေကိုဆူးခက်ခြံစည်းရိုးတွေခက်ဖို့ ကျုပ်တာလီဖိုးနဲ့ကာလသားအဖွဲ့ကိုလွှတ်ပြီး ကြည့်ကြပ်ခိုင်းလိုက်ပါ့မယ်။ဒါဆိုရင်တော့ ဒီကနေ့ကကြိုတင်ကာကွယ်ဖို့ ခေါ်သတိပေးတဲ့နေ့ဖြစ်လို့ ဒီလောက်ပါပဲ။ဘာမေးစရာများ ရှိပါသေးသလဲ"

"ဟို..သူကြီးရှင့်

"ပြောပါ မအေးသိန်း"

"ဟိုလေ ကျင်းတူးတာက အကျယ်ခြောက်ပေကျင်းလောက်ဆိုဖြစ်လား အနက်ကရောသုံး‌လေးတောင်လောက်ဆို အဆင်ပြေတယ်မလားသူကြီး"

မအေးသိန်း၏စကားအဆုံးတစ်ရွာလုံး ဝါးလုံးကွဲအောင်ဝိုင်းရယ်ကြ၏။ထိုအခါမှ သူကြီးလည်း မအေးသိန်း၏မေးခွန်းအားဖြေပေးရတော့သည်။

"မအေးသိန်းရယ် အကျယ်ခြောက်ပေ၊အနက်သုံးလေးတောင်ဆိုမှဖြင့်မသာကျင်းကြီးဖြစ်သွားမှာပေါ့ တူးချင်သလိုသာတူးဗျာ အဓိကခင်ဗျားတို့ပစ္စည်းဝင်ဆန့်ဖို့ပဲ၊ကဲကဲ အားလုံးပြန်လို့ရပြီ"

"ဟုတ်ကဲ့ သူကြီး"

သည်လိုနှင့်လူများတရှဲရှဲ ပြန်သွားကြတော့သည်။
ယခုတော့ အိမ်ဝိုင်းထဲ၌သူကြီး၊ဖွားလေးနှင့်တာလီဖိုးတို့သာရှိတော့၏။ညနေလည်းစောင်းပြီမို့ တာလီဖိုးဆီမှအချိန်ကိုက်အသံထွက်ပေါ်လာတော့သည်။

"အားလားလား..ခါးတွေညောင်းလိုက်တာကွာ၊အဟဲ ညနေလည်းစောင်းပြီဆိုတော့ ထန်းတောဘက် ခဏသွားရင်ကောင်းမလား ဟိတ်ကောင် သက်လူမင်းရောလိုက်မလား"

"တော်ပါပြီကွာ မင်းပဲသွားလိုက်တော့၊အေး မင်းလည်းနော် တစ်ရက်စနှစ်ရက်စနဲ့ထန်းရည်မူးသမားလုံးလုံးဖြစ်နေမယ် လျှော့လျှော့ပေါ့ပေါ့လုပ်"

"အေးပါ ငသက်ရာ၊ဒါဆိုငါသွားပြီဟေ့ မနက်မှလုပ်စရာရှိတာလာလုပ်ပေးလှည့်မယ်"

"အေးအေး ဂရုစိုက်သွား"

သည်လိုနှင့် တာလီဖိုးတစ်ယောက် သူကြီးအိမ်ဝိုင်းထဲမှထွက်လာသည်။
ဝိုင်းပြင်သို့အရောက် ခြေလှမ်း လေးငါးလှမ်း လှမ်းပြီးချိန်မှာပဲ နောက်ကျောဘက်တွင်အရိပ်တစ်ခုရှိနေသလို ခံစားမိသောကြောင့် နောက်လှည့်ကြည့်လိုက်ရာတွင် ဘာကိုမှမတွေ့ရ။
ဘာကိုမှမတွေ့ရ၍ စိတ်ထင်သည်ဟုကောက်ချက်ချလိုက်သော်ငြား သူကြီးဝိုင်းခြံစည်းရိုးမြောက်ဘက်တွင် လူအရိပ်တစ်ခုရိပ်ခနဲမြင်လိုက်ရတော့သည်။‌မှောင်ရီပျိုးစမို့ မသဲကွဲပါ။တာလီဖိုး စိတ်ထဲဘဝင်မကျသော်ငြား တစ်မျိုးပြန်တွေးရလေ၏။

"ငါကလည်းကွာ တော်တော်ရူးတာပဲ၊ဒီအချိန်ယာထဲကပြန်လာတဲ့သူတွေဖြစ်မှာပေါ့ ကလေးတောင်တွေးတက်တယ်၊ဒါပေမယ့် ‌တစ်ယောက်ယောက်ငသက်အိမ်ကို ချောင်းနေတယ်လို့ဘာလို့ထင်နေတာပါလိမ့်...မထူးပါဘူးစိတ်ဂယောက်ဂယက်တွေပျောက်အောင် အဟဲဟဲ သုံးမြူလောက်ချလိုက်ပါမယ်လေ.."

~~~~~~~~~~

"ဆိုတော့က...သူကြီးကိုသက်လူကိုတွေ့ခဲ့တယ်ဆိုပါတော့"

ကျွန်းတောသာဆယ့်နှစ်ရွာအုပ်စုကြီး၏ အနောက်မြောက်ဘက်တွင်ရှိသော ကျွန်းတောကြီးတွင် စခန်းတစ်ခုနေရာယူထား၏။
ကျွန်း‌တောအတွင်း တဲများ၊သစ်တုံးများ၊‌အိမ်ငယ်များ၊ကျွန်းပင်များပေါ်၌လင့်စင်များ၊သစ်ဖြင့်တည်ဆောက်ထားသောမျှော်စင်များ၊မြင်းများ၊လက်နက်များနှင့်အတူ ဓားပြအဖွဲ့ဟန်တူသော ယောင်္ကျားနှင့်မိန်းမတို့ပါနေထိုင်နေ၏။
တဲအသစ်များ ဆောက်လုပ်သည့်သူကဆောက်၊လက်နက်များ သွန်းလုပ်သည့်သူကသွန်း၊ရိက္ခာများသိုလှောင်သည့်သူကသိုလှောင်၊ဓားသွေးသူကသွေး၊သေနတ်များဖြင့် လေ့ကျင့်ရေးဆင်းသည့်အုပ်စုကဆင်း၊ချက်ပြုတ်သည့် အုပ်စုကချက်ပြုတ်နှင့် ကိုယ်စီအလုပ်ရှုပ်နေကြသည်။
ကြည့်ရသည်မှာ ထိုဓားပြအဖွဲ့ ကျွန်းတောအတွင်းစခန်းအခြေချမည်ထင်၏။

ထိုစခန်းအတွင်းမှ သစ်သားအဆောက်အအုံတစ်ခုအတွင်းတွင် ခေါင်းဆောင်ဖြစ်သည့်အမျိုးသားတစ်ဦးနေထိုင်၏။
အရပ်မှာကား ၆ ပေနှင့် ၂ လက်မဝန်းကျင်ရှိ‌သည်။အသက်ကား ၂၉နှစ်၊အိမ်ထောင်မရှိ သားသမီးမရှိ၊တစ်ကိုယ်တည်း လူပျိုကြီးဓားပြဗိုလ်သာဖြစ်၏။
ဂုတ်အထိထောက်နေသော ဆံပင်များအားစုစည်းချည်နှောင်ထားပြီး ရှပ်အင်္ကျီလက်ရှည် နက်ပြာရောင်အား လက်တစ်ဝက်အထိခေါက်တင်ထား၏။အညိုရင့်ရောင် ဘောင်းဘီအရှည်အား သားရေခါးပတ်ဖြင့်တွဲဖက်ဝတ်ဆင်ထားပုံသည် ထိုအမျိုးသားနှင့်အထူးလိုက်ဖက်လှသည်။အနက်ရောင် လည်သာဖိနပ်အရှည်ကိုစီးထားပြန်တော့ အထူးခံ့ညားလှပြန်သည်။ယောင်္ကျားတစ်ယောက်မှာ ရှိသင့်သည့် ကျစ်လျစ်‌တောင့်တင်းပြေပြစ်သော ခန္ဓာကိုယ်အချိုးစားအားပိုင်ဆိုင်ထားကာ ရုပ်ရည်သွင်ပြင်မှာလည်း ဆိုးတဲ့အထဲမပါပေ။ခါးကြားထဲတွင်လည်း Ruger Redhawk 44 အမျိုးစားခြောက်လုံးပြူးသေနတ်တစ်လတ်ကို အမြဲတစေထိုးထားတတ်၏။ထိုသို့အထာကျကျနှင့်အဆင်းအရပြည့်စုံလှသော်လည်း လူကောင်းတစ်ယောက်ဖြစ်ရန်လိုအပ်သေးသည်။
လောကတွင်အပေါ်ယံပကာသနအဆင်းရှိယုံနှင့်မပြီး၊စိတ်ထားများကိုနူးညံ့အောင်အလှဆင်နိုင်သောအချင်းလည်းရှိရန်လိုသေး၏။သို့ဖြစ်‌၍အဆင်းရှိပြီး အချင်းလိုအပ်သေးသည့်ထိုဓားပြဗိုလ်၏အမည်မှာ "နာဂ"....

"ဟုတ်ပါတယ် အာစတိ၊သူကြီးကိုသက်လူကို ကြည့်ရတာတော့ ကျန်းကျန်းမာမာနဲ့အလတ်ကြီးပါပဲ၊အာစတိသိမ်းမယ်ဆိုရင် အခုတောင်သိမ်းလို့ရပါတယ်ဗျ ကျန်းမာတုန်းလေးသိမ်းထားရင် အမောလည်းခံနိုင်တယ်၊ပြီးတော့ အကြမ်းလည်းခံနိုင်မှာပေါ့ဗျ"

စုံစမ်းရေးလက်ရုန်း တပည့်ဖြစ်သူထန်းသီး၏ စကားကြောင့် နံရံဘက်လှည့်‌၍ခါးထောက်မေးနေသော ဗိုလ်နာဂမှာချက်ချင်း သူ့ဘက်လှည့်ရတော့၏။

"မင်းဘာတွေပြောနေတာတုန်းကွ၊ကျန်းကျန်းမာမာရှိတယ်ဆိုရင်တော်ရောပေါ့ နောက်ကဟာတွေထည့်ပြောစရာလား"

"ဟို..ကျွန်တော်လည်းအပြည့်အစုံဝေဖန်ပြတာပါ အာစတိရဲ့"

"တကယ့်ကောင်၊ကဲထားတော့ ဆက်ပြော"

"ဟုတ်ကဲ့ အာစတိ၊ဒီနေ့ကတော့ ကျွန်တော်တို့ဓားပြအဖွဲ့က ဘယ်လိုဖြစ်ကြောင်းဘာညာကို သူကြီးကသူ့ရွာသားတွေကိုခေါ်ပြီးပြောပါတယ်၊ကြည့်ရတာ အာစတိကိုလည်းသူကြီးသိသေးမယ့် ပုံမပေါ်သလို မြင်ဖူးမယ့်ပုံလည်းမပေါ်သေးဘူးဗျ၊ဒီအတိုင်း အဖွဲ့ကိုသိထားရုံပါပဲ သူ့ရွာသားတွေကိုတော့ကြိုတင်ကာကွယ်ဖို့သတိပေးထားပါတယ်၊ကျွန်တော်တို့သိပ်မလှုပ်သေးလို့ထင်ပါတယ်ဗျ သူကြီးဘက်ကလည်း တင်းတင်းကျပ်ကျပ်မှာတာမျိုးမလုပ်သေးပါဘူး ဟုတ်ကဲ့အာစတိဒီနေ့ကတော့ ဒီလောက်ပဲစုံစမ်းလို့ရပါတယ်"

"ဟုတ်ပြီ မင်းတော်တယ်ထန်းသီး၊ဒီနေ့အတွက် မင်းနားလို့ရပြီ မြောက်ဘက်အဆောင်က မင်းတဲမှာသွားနားချည်တော့၊မင်းအတွက်ညစာပို့ခိုင်းလိုက်မယ်"

"ဟဲဟဲ ဟုတ်ကဲ့အာစတိ၊သွားလိုက်ပါဦးမယ်ဗျ"

ခါးကိုကိုင်းကာ အလေးပြုပြီးထွက်သွားသော ထန်းသီး၏ကျောပြင်အားကြည့်ပြီးသော် တစ်ချိန်လုံးဗိုလ်နာဂဘေးတွင် ရပ်နေကာ တောင့်တောင့်ကြီးငိုက်နေသော သကောင့်သားအားသာသာယာယာ ဦးခေါင်းထိပ်သို့သေနတ်ဒင်နှင့်တစ်ချက်ထုကာ နှိုးရတော့သည်။

*ဒုတ်*

"အောင်မယ်လေး သေပါပြီဗျ အာစတိရ၊အားလားလား နာလိုက်တာ"

"အေး မင်းကိုဒီထပ်ပိုလုပ်ချင်တာ‌၊အခုန ငါနဲ့ထန်းသီး ဘာတွေပြောခဲ့လဲ ပြန်ပြောစမ်း"

"ဟို..အာ‌ဒဲ မောင်ဓာတ်ခဲမှတ်မိတာကတော့ သူကြီးကအာစတိကိုသိမ်းမယ်တဲ့"

"မင်းအမေကလွှားလို့ သူကြီးကငါ့ကိုသိမ်းမှာလား"

"အဲ..အဲ မဟုတ်ဘူးအာစတိ၊အာစတိက သူကြီးကိုသိမ်းမယ်တဲ့"

"မင်းပြောတာတွေ တစ်ခုမှမဟုတ်ဘူး၊ငါသူကြီးကိုမသိမ်းသေးဘူး သူကြီးငါ့ကိုသိအောင်အရင်လုပ်ရမယ်၊ငါ့ကိုမြင်ဖူးပြီးတော့ ဒီလူကသူ့ရဲ့အနာဂါတ်အိမ်ထောင်ဦးစီးပါလား၊ဒီလိုချောတာပါလားဆိုတာသိမှ သိမ်းမယ်"

"ဟင် အာစတိကလည်း လိပ်ကြီး"

"မင်းပါးစပ်ပိတ်ထားစမ်း၊အဲ့ဒီတော့ မနက်ဖန်မနက်သူကြီးကိုသွားချောင်းမယ် အရိပ်မြင်ရင်အကောင်သိအောင်တော့ငါတို့ပြလို့မဖြစ်ဘူး၊ခပ်ပါးပါးလေးပဲ လုပ်ကြတာပေါ့ ဒါကြောင့်မင်းကငါနဲ့အတူလိုက်ရမယ်"

"အာဒဲ ဟုတ်ကဲ့အာစတိ၊ဒါဆို မောင်ဓာတ်ခဲအထုတ်ပြင်ထားတော့မယ်"

"ဟုတ်ပြီ မနက်ဖန်မနက်ပဲ ကျွန်းကန်သာကိုသွားမယ်၊‌ဒီည စခန်းကကောင်တွေကို မှာစရာရှိတာသွားမှာချည်ဓာတ်ခဲ ငါပြင်စရာရှိတာပြင်ဦးမယ်၊ဘယ်လိုပုံစံနဲ့ ငါတို့သူကြီးဆီသွားမယ်ဆိုတဲ့ အကြောင်းအရာအတိကျကိုတော့ မင်းကိုငါညည့်နက်မှလာပြောပြပေးမယ်၊မင်းသွားလို့ရပြီ"

"ဟုတ်ကဲ့ အာစတိ၊အမိန့်အတိုင်းပါ"

ဗိုလ်နာဂ ဓာတ်ခဲကိုညွှန်ကြားပြီးနောက် မိမိခုတင်နံဘေးသို့လျှောက်လာခဲ့သည်။
အိစက်နေသော ကောက်ရိုးမွေ့ယာထက်၌ ထိုင်လိုက်ပြီး ခုတင်ဘေး အံဆွဲဗီရိုပုလေးအတွင်းမှ ကျွန်းသေတ္တာငယ်လေးတစ်လုံးကို ထုတ်ယူလိုက်သည်။
ကျွန်းသေတ္တာလေးကို ဖွင့်လိုက်သည့်အခါအတွင်းထဲတွင် လက်ကိုင်ပဝါလေးတစ်ထည်နေရာယူထား၏။ဝါကျင့်ကျင့်အရောင်နှင့်ခပ်နွမ်းနွမ်းဖြစ်နေသော လက်ကိုင်ပဝါလေးအား ဗိုလ်နာဂတယုတယကိုင်ထားမိသည်။
လက်ကိုင်ပဝါပေါ်မှ စာသားလေးကိုမြင်သော် နှုတ်ခမ်းလွှာများကွေးညွှတ်သွားအောင်ပြုံးမိ၏။

"သက်လူ...ကျုပ်ရဲ့အသက်..နောက်ဆုံးတော့ကျုပ်တို့ဆုံရမဲ့ အချိန်ရောက်လာပြီပဲ၊အဘ ကျုပ်သူနဲ့ဆုံရတော့မယ်ထင်တယ်.."

-----------

ပထမဆုံးအပိုင်းလေးဖြစ်တာကြောင့် လိုအပ်ချက်များစွာနဲ့ ရေးသားလိုက်ရပါတယ်။
တစ်ခုခုများမှားယွင်းခဲ့ရင် သေချာပေါက်ထောက်ပြပေးကြပါနော် (⁠ ⁠◜⁠‿⁠◝⁠ ⁠)⁠♡

မေတ္တာများစွာဖြင့် သျှား ♡

___________

Zawgyi

Started - 25.1.2025 8:00 PM

၂၀၁၀ ခုႏွစ္ႏွောင္းပိုင္း၊ကြၽန္းကန္သာ ေက်း႐ြာ

‌ေက်းငွက္တြန္က်ဴး ႏြေေလ႐ူးခ်ိန္၊ကြၽန္း‌ေတာသာေက်း႐ြာအုပ္စု၏ အဓိက႐ြာႀကီးျဖစ္သည့္ ကြၽန္းကန္သာ႐ြာတြင္ လူမ်ားျပာယာခက္စြာေတာင္အရပ္သို႔ ဦးတည္‌သြားလာေနၾကသည္။
အေၾကာင္းမွာကား ႐ြာ၏အဓိကမ႑ိုင္ျဖစ္သူ သူႀကီးကိုသက္လူ အေခၚေတာ္ပါးျခင္းေၾကာင့္ျဖစ္သည္။႐ြာသူ၊႐ြာသား စုံလင္စြာမေရာက္ေသးခင္ လမ္းတစ္ဝက္ႏွင့္တင္ သူႀကီးအိမ္မွအသံခ်ဲ့စက္သို႔အသံတစ္သံက အရင္ေရာက္ႏွင့္ေနေလၿပီ။

"အဟမ္းအဟမ္း အဟြတ္ဟြတ္၊ပိ...ပီဘြတ္....."

"ဟာ ေဟ့ေကာင္တာလီဖိုး ေခ်ာင္းဟန႔္တာေတာ္ယုံဟန႔္ေလ အခုကအီးပါထြက္ကုန္ၿပီကြ"

ဒါပါပဲ၊သူႀကီးအိမ္သို႔ေရာက္ႏွင့္ေနေသာအသံမွာ ထိုအသံပင္ျဖစ္၏။
သူႀကီး၏အရင္းႏွီးဆုံးသူငယ္ခ်င္း၊ငယ္ေပါင္းေဖာ္သူငယ္ခ်င္းျဖစ္သူေမာင္တာလီဖိုး၏ေပါက္ကရေလးဆယ္ဝင္ေျပာျခင္းအစီစဥ္သည္သာ။
သူႀကီးဆိုသည္မွာလည္း တာလီဖိုးမိုက္ကိုင္မည္ဆိုပါက အင္းအင္းလုပ္၍ အမွန္တကယ္မိုက္ကိုင္ၿပီးေျပာလွ်င္တစ္ခုမဟုတ္တစ္ခု ဝင္ေငါက္၏။
ထိုသို႔ဝင္ေငါက္ခ်ိန္တိုင္း မိုက္ႀကီးကပါးစပ္နားမွာ၊မိုက္ထဲသို႔အသံမ်ား ဝင္သည္လား၊မဝင္သည္လား သူႀကီးသတိမထားမိ။

"ဟ မင္းအသံႀကီးမွလူၾကားကုန္ၿပီ သက္လူရ"

"ေဟ ဟုတ္လား၊ဒါဆို မင္းဖယ္..ဖယ္..ဖယ္"

"ဘာေတြဒီေလာက္လာေလာေနတာလဲ၊မင္းပဲ ေျပာခိုင္းမယ္ဆို"

"မင္းပုံမင္းလည္းျပန္ၾကည့္စမ္း၊လူကျဖင့္စကားမစရေသးဘူး အီးကအရင္ထြက္ေနၿပီ"

"ဟိတ္ေကာင္ ဘာျဖစ္လဲကြာ၊ငါလည္းေျပာခ်င္တာေပါ့ မင္းကသူႀကီး ငါကအတြင္းေရးမႉးေလ၊တစ္ခါတေလငယ္သားေတြကို ပစားေပးရတယ္ကြ"

"ဟာ အခုေတာ့ေနဦးကြာ"

ယခုေျပာေနသည့္ ထိုစကားမ်ားကိုလည္းတိုးတိုးတိတ္တိတ္ေျပာေနသည္မဟုတ္ပါ။
မိုက္ႀကီးကို ပါးစပ္နားေတ့ထားၿပီး မိုက္နားကိုႏွစ္ေယာက္ကပ္ေျပာေနျခင္းပင္။

"ကဲကဲ ေတာ္ၾကပါေတာ့ဟယ္ ငါရွက္လို႔ပါသက္လူနဲ႕ငတာရယ္၊မိုက္ႀကီးနဲ႕ရန္ျဖစ္ေနတာ တစ္႐ြာလုံးသိကုန္ၿပီဟဲ့"

ထိုသူကေတာ့ သူႀကီးကိုသက္လူ၏ တစ္ဦးတည္းေသာ အဘြားျဖစ္သူ‌ေဒၚစိန္သည္သာ၊အဘြားကသူႀကီးအတြက္အေမတစ္ေယာက္ဆိုလည္းဟုတ္သည္၊တစ္ဦးတည္းေသာက်န္ရစ္သည့္ မိသားစုဝင္ဟုဆိုရင္လည္းမွန္၏၊သူႀကီး၏အခ်စ္ဆုံးလူပုဂၢိုလ္ဟုဆိုလွ်င္လည္း မမွားပါ။

"ဖြားေလးကလည္းဗ်ာ"

"ဖြားေလးကလည္းဗ်ာမေနနဲ႕ ဟိုမယ္ဝိုင္းေရွ႕မွာ႐ြာသားေတြၿပဳံေနတာပဲ၊ငတာ သြား တံခါးဖြင့္ခ်ည္သြား"

"ဟုတ္ ဖြားစိန္"

ဖြားေလး၏ေစခိုင္းခ်က္အတိုင္း တာ‌လီဖိုးတစ္ေယာက္ သူႀကီးကိုသက္လူ၏ၿခံဝိုင္းတံခါးအား ဖြင့္လိုက္သည္ႏွင့္ ႐ြာသားမ်ားဝင္လာၾကေတာ့သည္။
သူႀကီးအိမ္ေရွ႕တြင္ ခင္းက်င္းထားသည့္ဖ်ာမ်ားအနက္ မိမိစိတ္ႀကိဳက္ေနရာဝင္ယူကာ ေဆာင့္ေဆာင့္ကေလးႏွင့္ေၾကာင့္ေၾကာင့္ကေလးထိုင္ေနၾက၏။သူႀကီး၊တာလီဖိုးႏွင့္ဖြားစိန္လည္း ႐ြာသားမ်ားအေရွ႕မွသူႀကီးတန္းလ်ားေပၚ၌ ဝင္ထိုင္ကာစကားစရန္ ႀကိဳးစားေတာ့သည္။မိုက္ကိုေတာ့မသုံးေတာ့ေပ၊မိုက္ကိုထပ္ၿပီးသုံးပါက သူႀကီးကိုသက္လူ၏ေနာင္ဘဝအတြက္ေခ်းထားသည့္ အရွက္မ်ားပါကုန္လိမ့္မည္။

"ဒီေန႕ က်ဳပ္ေခၚလိုက္ရတဲ့အေၾကာင္းအရင္းကေတာ့ ႐ြာသူ႐ြာသားတို႔နဲ႕တိုင္ပင္စရာရွိလို႔ပဲျဖစ္ပါတယ္၊ဘာလဲဆိုရင္‌ေတာ့ က်ဳပ္တို႔ဆယ့္ႏွစ္႐ြာအုပ္စု၊ကြၽန္းေတာသာနယ္တစ္ဝိုက္မွာ ႐ြာသားေတြရဲ႕အိုးအိမ္ပစၥည္းကိုၿခိမ္းေျခာက္ေနတဲ့ ဓားျပတစ္ဖြဲ႕ႀကီးစိုးေနတဲ့ကိစၥပါ။အဲ့ဒီ ဓားျပအဖြဲ႕ရဲ႕နာမည္ကေတာ့ ခဏေလးပါ က်ဳပ္ကိုစာ႐ြက္ထဲတစ္ခ်က္ဖက္ခြင့္ျပဳပါ"

သူႀကီးထိုသို႔ေျပာၿပီးသည္ႏွင့္ တာလီဖိုးမွစာ႐ြက္တစ္ခုကမ္းေပးလာသည္။

"အဲ့သည္ ဓားျပအဖြဲ႕ရဲ႕နာမည္ကေတာ့ နာဂ..သက္လူ..လူ ဟင္ ေနာက္ကငါ့နာမည္ႀကီးလားလို႔"

သူႀကီး၏ထိုစကားအဆုံး ႐ြာသားမ်ားထံမွ "ဟင္..ဟာ"ဟူေသာ အသံေပါင္းစုံထြက္လာ၏။ထိုအခါမွ တာလီဖိုးက

"ဟ..ဟာ ‌ငါမွားတာသက္လူေရ ငါမွားတာ၊အဲ့စာ႐ြက္မွာ သူတို႔အဖြဲ႕နာမည္ေရးေနတုန္း ဖြားစိန္ကမင္းနာမည္ေခၚလိုက္ေတာ့နာဂေနာက္မွာ မင္းနာမည္ေရးမိသြားတာေဟး..အမွန္က နာဂရာဇာသူရိန္မင္းထင္တဲ့"

"ငတာ မင္းဟာေလလုပ္လိုက္ရင္၊အဟမ္း ဟုတ္ကဲ့ က်ဳပ္ရဲ႕အတြင္းေရးမႉးကိုတာေျပာတဲ့အတိုင္း ေသာင္းၾကမ္းအုပ္စိုးေနတဲ့ဓားျပအဖြဲ႕ရဲ႕‌နာမည္ကေတာ့ နာဂရာဇာသူရိန္မင္းထင္ပါတဲ့"

ထိုအခ်ိန္႐ြာသူ႐ြာသားမ်ားထံမွ

"အဖြဲ႕နာမည္ႀကီးကလဲ တစ္မ်ိဳးႀကီးဗ်ာ"

"ဟုတ္ပါ့ေတာ္၊ရွည္ေတာ္မူလိုက္တာ"

"အဖြဲ႕နာမည္ရွည္သလို ေခါင္းေဆာင္ကလည္း ရွည္တယ္တဲ့ေတာ့္"

"ဟာ မလွယဥ္ ဘာေတြရွည္တာတုန္းဗ်"

"အိုေအ အရပ္ေျပာတာဟဲ့"

"တျခားဟာလည္း ရွည္ခ်င္ရွည္မွာေပါ့ေနာ"

"ဟဲ့ အပ်ိဳေလးေတြ ညည္းတို႔ကဘာရွည္ေစခ်င္ေသးတာတုန္း"

"အယ္ အရီးစန္းကလည္း ဆံပင္တို႔ဘာတို႔ေျပာတာပါေတာ္"

"ညည္းတို႔ အပ်ိဳအဖြဲ႕က႐ြကို႐ြတယ္၊အပ်ိဳေလးနဲ႕မလိုက္ဘူး ငါတို႔လူပ်ိဳေလးေတြဆိုၿငိမ္ေနတာ တစ္ခုခုဆိုညည္းတို႔ခ်ည္းပဲ"

"ဟဲ့ ငသာစံဘာစကားေျပာတာတုန္း၊နင္တို႔ ကာလသားအဖြဲ႕က မၿငိမ္ရမဲ့ေနရာဆိုရင္အျမႇီးကိုကုပ္လို႔..‌ေဟာ ၿငိမ္ရမဲ့ေနရာဆိုရင္ေလ အျမႇီးတႏွံ႕ႏွံ႕နဲ႕ေရွ႕ကေန ရမ္းခါေနတာပဲမဟုတ္လား"

"ဘာ မိဝိုင္းတင္ ဒါဆိုညည္းကငါတို႔ကာလသားအုပ္စုကို ေခြးနဲ႕ႏွိုင္းလိုက္တာလား"

"ဟုတ္တယ္ေအ ဘာျဖစ္လဲ ဘာျဖစ္လဲ"

"ညည္းေနာ္ ညည္း"

တစ္ေယာက္တစ္ေပါက္ ဓားျပအဖြဲ႕အားေဝဖန္ေနရာမွ ကာလသားမ်ားႏွင့္ကာလသမီးမ်ား၏ အေျခတင္အေျခေနသို႔ေရာက္သြားျခင္းေၾကာင့္ တာလီဖိုးမွာလည္းေခါင္းေတြကုပ္၊ဖြားေလးမွာလည္း ရႉေဆးထုတ္ကာရႉေနသည္။သူႀကီးကိုသက္လူသည္ေတာ့ ထိုအခ်ိန္သူႀကီးပီပီ ဝင္ေျဖရွင္းရေတာ့ေလသည္။

"ကဲကဲ ေတာ္ၾကပါေတာ့ဗ်ာ၊က်ဳပ္သူႀကီးတစ္ေယာက္လုံး ေရွ႕မွာရွိေနတာကို နည္းနည္းပါးပါးေလးစားမႈေတာ့ထားေပးၾကပါ"

သူႀကီးကိုသက္လူ၏စကားအဆုံး ကာလသမီးမ်ားထံမွစကားသံထြက္လာေတာ့သည္။

"အိုက္ေကာင္ေတြအရင္စတာ သူႀကီး"

ထိုအခ်ိန္ ကာလသားမ်ားကလည္း

"ေအာင္မယ္ သူႀကီးေရွ႕မွာေတာင္ ကလိမ္ကက်စ္နဲ႕၊အိုက္ေကာင္မေတြ အရင္စတာသူႀကီးျမင္တယ္မလားဗ်"

ထိုအခ်ိန္ တာလီဖိုးမွ

"ကဲကဲ ဟိုဘက္ကမိဝိုင္းတင္တို႔အုပ္စုေရာ ဒီဘက္က ငသာစံတို႔အုပ္စုေရာခဏၿငိမ္းခ်မ္းေရးယူၿပီး က်ဳပ္တို႔သူႀကီးေျပာတဲ့စကားကိုနားေထာင္ရေအာင္"

ထိုမွ တဆင့္သူႀကီးစကားျပန္ဆက္ရေတာ့သည္။

"ဆိုေတာ့ အခုဏစကားကိုျပန္ဆက္ရရင္ ဓားျပအုပ္စုရဲ႕နာမည္ကေတာ့ နာဂရာဇာသူရိန္မင္းထင္ေပါ့၊အခု အဲ့ဒီဓားျပအုပ္စုက က်ဳပ္တို႔ကြၽန္းေတာသာအုပ္စုမွာရွိတဲ့ ဆယ့္ႏွစ္႐ြာလုံးကိုလိုက္လံသိမ္းဆည္းခ်င္ေနတယ္လို႔သိရတယ္ ေတာင္ဘက္ ေဂြးပင္ကုန္း႐ြာနဲ႕အေရွ႕ေတာင္ဘက္သဖန္းပင္ကုန္း႐ြာေတြကေတာ့ ကံမေကာင္းစြာနဲ႕ ဓားျပအဖြဲ႕ရဲ႕သိမ္းယူျခင္းကိုခံလိုက္ရတယ္။လူေတြကိုအသက္အႏၱာရယ္ၿခိမ္းေျခာက္တာမ်ိဳး မရွိေသးေပမယ့္ ဥစၥာပစၥည္းကေတာ့ေျပာင္ေအာင္ကိုမ,တက္တာျဖစ္လို႔ က်ဳပ္တို႔႐ြာဘက္ကိုလည္း မၾကာမီေရာက္လာမယ္လို႔ခန႔္မွန္းမိတယ္၊ဒါေၾကာင့္ ကြၽန္းေတာသာဆယ့္ႏွစ္႐ြာအုပ္စုကို အုပ္ခ်ဳပ္ေနတဲ့သူႀကီး က်ဳပ္ ကိုသက္လူအေနနဲ႕႐ြာသူ႐ြာသားေတြကို မွာခ်င္တာကေတာ့..."

"ေအာက္က်ိက်ိ..အြတ္.."

"က်ဳပ္မွာခ်င္တာကေတာ့..."

"ပဲဟဲဟဲ..ဟဲ"

"ဒီ..အင္း..က်ဳပ္မွာခ်င္တာကေတာ့.."

"ဝမ္းဘဲ...."

သူႀကီးပင္ဆုံးေအာင္မေျပာရ၊ပတ္ဝန္းက်င္မွ အခ်ိန္ကိုက္ ၾကက္ေအာ္သံ၊ဆိတ္ေအာ္သံ၊ႏြားေအာ္သံတို႔ႏွင့္ ျပည့္ေန၏။

"ကဲ က်ဳပ္မွာခ်င္တာကေတာ့ မိမိပစၥည္းပစၥယာေတြအပါမခံခ်င္ဘူးဆိုရင္ေတာ့ အခုကတည္းကအိမ္တိုင္းအိမ္တိုင္း ေျမက်င္းတစ္တြင္းစီတူးၿပီးေတာ့ အဖိုးတန္ပစၥည္းေတြထည့္သာျမႇုပ္ထားေပေတာ့ဗ်ာ၊သမီးပ်ိဳေလးေတြကိုလည္း ညဘက္ခါအိမ္အျပင္မထြက္ခိုင္းပါနဲ႕။
အားလုံး ကိုယ္မႀကဳံရေသးေပမယ့္သတိဝီရိယနဲ႕ေနေပးပါ၊မ်ားမၾကာမီရက္ေတြမွာ ဝိုင္းေတြကိုဆူးခက္ၿခံစည္းရိုးေတြခက္ဖို႔ က်ဳပ္တာလီဖိုးနဲ႕ကာလသားအဖြဲ႕ကိုလႊတ္ၿပီး ၾကည့္ၾကပ္ခိုင္းလိုက္ပါ့မယ္။ဒါဆိုရင္ေတာ့ ဒီကေန႕ကႀကိဳတင္ကာကြယ္ဖို႔ ေခၚသတိေပးတဲ့ေန႕ျဖစ္လို႔ ဒီေလာက္ပါပဲ။ဘာေမးစရာမ်ား ရွိပါေသးသလဲ"

"ဟို..သူႀကီးရွင့္

"ေျပာပါ မေအးသိန္း"

"ဟိုေလ က်င္းတူးတာက အက်ယ္ေျခာက္ေပက်င္းေလာက္ဆိုျဖစ္လား အနက္ကေရာသုံး‌ေလးေတာင္ေလာက္ဆို အဆင္ေျပတယ္မလားသူႀကီး"

မေအးသိန္း၏စကားအဆုံးတစ္႐ြာလုံး ဝါးလုံးကြဲေအာင္ဝိုင္းရယ္ၾက၏။ထိုအခါမွ သူႀကီးလည္း မေအးသိန္း၏ေမးခြန္းအားေျဖေပးရေတာ့သည္။

"မေအးသိန္းရယ္ အက်ယ္ေျခာက္ေပ၊အနက္သုံးေလးေတာင္ဆိုမွျဖင့္မသာက်င္းႀကီးျဖစ္သြားမွာေပါ့ တူးခ်င္သလိုသာတူးဗ်ာ အဓိကခင္ဗ်ားတို႔ပစၥည္းဝင္ဆန႔္ဖို႔ပဲ၊ကဲကဲ အားလုံးျပန္လို႔ရၿပီ"

"ဟုတ္ကဲ့ သူႀကီး"

သည္လိုႏွင့္လူမ်ားတရွဲရွဲ ျပန္သြားၾကေတာ့သည္။
ယခုေတာ့ အိမ္ဝိုင္းထဲ၌သူႀကီး၊ဖြားေလးႏွင့္တာလီဖိုးတို႔သာရွိေတာ့၏။ညေနလည္းေစာင္းၿပီမို႔ တာလီဖိုးဆီမွအခ်ိန္ကိုက္အသံထြက္ေပၚလာေတာ့သည္။

"အားလားလား..ခါးေတြေညာင္းလိုက္တာကြာ၊အဟဲ

You are reading the story above: TeenFic.Net