မိတ်ဆက်ခြင်းနှင့်အမှာစာ

Background color
Font
Font size
Line height

[Unicode]

စာဖတ်ပရိတ်သက်အားလုံး မင်္ဂလာပါရှင်။
ကျွန်မကတော့ "ရောင်နီလာရာ" မိသားစုရဲ့စာရေးသူ သျှားဖြစ်ပါတယ်။
ပထမ‌ဆုံး ရောင်နီလာရာနဲ့သျှားကို သိပြီးတဲ့စာဖတ်သူတို့ရော မသိရသေးတဲ့စာဖတ်သူတို့ရောကို "နာဂသက်လူ"နဲ့အရင်မိတ်ဆက်ချင်ပါတယ်။
ဒီဇာတ်လမ်းရဲ့ ရင်းမြစ်ခံရာက Yaung Ni LaYa Audio Library မှာဖြစ်ပါတယ်။ဒါကြောင့် ပထမဦးဆုံး ဗိုလ်နာဂနဲ့သူကြီးကိုသက်လူဇာတ်ကောင်ကို အသက်သွင်းပေးခဲ့တဲ့ Actor Ko Khit Min Maung နဲ့ Ko Shane ကိုကျေးဇူးအထူးတင်ရှိပါတယ်။
ပိုပြီးပြောင်မြောက်အောင် နောက်ဆုံးအဆင့်အသက်သွင်းဖန်တီးပေးခဲ့တဲ့ ကျွန်မရဲ့အစ်မဖြစ်သူ YNLY's 1st Founder Vaeri Wen နဲ့ "နာဂသက်လူ"ရဲ့ No.1 Supporter FanFan ဖြစ်သူ ကျွန်မရဲ့ဒုတိယအစ်မ YNLY's 2nd Founder Nicolette Nway ကိုကျေးဇူးအထူးထပ်မံတင်ရှိပါတယ်။
Wattpad လောကကိုပထမဆုံးခြေလှမ်း လှမ်းဖို့အ‌တွက် အားပေးခဲ့တဲ့ FanFan တို့ကိုလည်းကျေးဇူးတင်ပါတယ်။ဒါကြောင့် ကျွန်မရဲ့ပထမဆုံးခြေလှမ်းဖြစ်တဲ့ ဓားပြဗိုလ်နာဂနဲ့သူ့ရဲ့ ချစ်သည်းသက်လေး ကိုသက်လူတို့ကို YNLY မှာတင်ကတည်းကအားပေး၊သိကျွမ်းခဲ့ကြတဲ့ FanFan တွေရော အခုမှစပြီးဖက်မဲ့ FanFan တွေရောကို ဇာတ်လမ်းအဆုံးအထိအတူတူသွားကြဖို့ဖိတ်ခေါ်ပါတယ်။နာဂသက်လူရဲ့ ရင်းမြစ်ခံရာ Video လေးကိုလည်း တစ်ပါတည်းပြသသွားပါ့မယ်။
ပထမဆုံး Wattpad မှာစပြီးရေးသားတာဖြစ်လို့ အမှားတစ်စုံတစ်ရာတွေ့ရှိပါကလည်း မချွင်းမချန်၊အားမနာပဲ သေသေချာချာဝေဖန်ထောက်ပြပေးကြဖို့မေတ္တာရပ်ခံပါတယ်။စာရေးသက်တမ်း နုသေးသူဖြစ်တာကြောင့် စာလုံးပေါင်းသတ်ပုံမှားယွင်းခဲ့ရင်လည်း ဝေဖန်ပေးပါနော်။နောက်ဆုံး အခုတင်မဲ့ နာဂသက်လူရဲ့ဇာတ်လမ်းလေးအတွက် Fiction Cover Photo ကိုတာဝန်ယူ Edit ပေးတဲ့ ကျွန်မရဲ့အစ်မဖြစ်သူ Vaeri Wen နဲ့ Cover လေးမှာပါတဲ့ Art လေးကိုချစ်စနိုးရေးဆွဲပေးတဲ့ Artist Leon ကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

ဒါဆိုရင်တော့ နာဂသက်လူ ထံသွားလိုက်ရအောင်။
ဒီဇာတ်လမ်းလေးကိုတော့ ပထမဆုံးဖြစ်တာကြောင့်ပေါ့ပေါ့ပါးပါးပဲသွားဖို့ဆုံးဖြတ်ထားပါတယ်။ဘဝအမောတွေရှိလို့ ပင်ပန်းနေရတဲ့အခါ နာဂသက်လူရဲ့ဇာတ်လမ်းလေးကို ဖတ်လိုက်တဲ့အတွက် ရယ်မောပျော်ရွှင်ရမယ်လို့မျှော်လင့်ပါတယ်။ Drama အနေနဲ့ကတော့ အလစ်တဲလေးပဲ ထည့်မှာပါ😁အရမ်းကြီးတော့ မလုပ်ပါဘူး။ဓားပြဗိုလ်ဇာတ်လမ်းဆိုတဲ့အတိုင်း ဓားပြတိုက်တဲ့ဇာတ်ဝင်ခန်းတွေပါပေမဲ့ အကြမ်းဖက်၊နှိပ်စက်တဲ့ ဇာတ်ဝင်ခန်းတွေတော့ထည့်ပြီးရေးသားသွားမှာမဟုတ်ပါဘူး။စာရေးသက်တမ်းနုသေးတဲ့အပြင် ကိုယ်တိုင်လည်း မရေးချင်တာကြောင့် 18+(၁၈ ယောက်စုဖတ်ရမဲ့)ဇာတ်ဝင်ခန်းတွေလည်း ပါမှာမဟုတ်ပါဘူးရှင်။
နောက်ထပ်ကတော့ တင်ဆက်ထားလို့သာချစ်စရာကောင်းတယ်ထင်ရပေမယ့် တကယ့်တကယ်ဆိုရင် ဓားပြဆိုတာလည်း ဒုစရိုက်ကောင်တွေပဲလေနော်။ဒါကြောင့် နာဂရဲ့ဒုစရိုက်အလုပ်ကိုဇာတ်လမ်းပြီးတဲ့အထိ ဆွဲခေါ်သွားမှာမဟုတ်ပဲ တစ်နေရာရာမှာဖြတ်ခဲ့ဦးမှာပါ။ဗိုလ်နာဂ၊သူကြီးကိုသက်လူနဲ့မောင်ဓာတ်ခဲအပြင် အခြားဇာတ်ကောင်တွေရဲ့ပုံပန်းသွင်ပြင်၊ရုပ်ရည်အနေထားတို့ကိုတော့ ဇာတ်လမ်းထဲမှာပဲဖော်ပြလိုက်ပါတော့မယ်။
ဒါဆိုရင်တော့ ဗိုလ်နာဂနဲ့သူ့ချစ်သက်ညှာ သူကြီးကိုသက်လူတို့ရဲ့ ကမ္ဘာဆီကိုကာလတစ်ခုအထိသွားလိုက်ရအောင်။

စာဖတ်ပရိတ်သက်များထံသို့ မေတ္တာများဖြင့် သျှား ʕ⁠っ⁠•⁠ᴥ⁠•⁠ʔ⁠っ

YNLY Audio Library Link
https://t.me/yaunglaya_official

"နာဂသက်လူ" First Video
https://t.me/yaunglaya_official/655

"နာဂသက်လူ" Second Video

https://t.me/yaunglaya_official/730

[Zawgyi]



စာဖတ်ရိတ်က်များထံသို့ မေတ္တာများငြ့် သျှား ʕ⁠っ⁠•⁠ᴥ⁠•⁠ʔ⁠っ


"နာဂက်လူ" First Video

"နာဂက်လူ" Second Video


You are reading the story above: TeenFic.Net