၂၈+၂၉
Background color
Font
Font size
Line height
အပိုင်း ၂၈
ထိုအမျိုးသားက သူ၏ခြေဗလာကိုဆွဲမြဲစွာကိုင်ထားသည်။ ထူးဆန်းသော ခံစားချက်က ကုယွမ့်ပိုင်၏မျက်နှာကို ချက်ချင်းဆိုသလိုမဲမှောင်သွားစေ၏။ သူက သူ၏ခြေထောက်ကို ဆွဲထုတ်လိုသည်။ သို့သော် သူက ရွှယ်ယွမ်၏အားကို မယှဉ်နိုင်ခြေ။
ရွှယ်ယွမ်က ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်နေခြင်းဖြစ်ရပေမည်။
ကုယွမ့်ပိုင်က အခြားခြေထောက်တစ်ဖက်ကို မြှောက်လိုက်သည်။ ထိုခြေထောက်က ဖိနပ်ဝတ်ထားသေး၏။ ထိုခြေထောက်ဖြင့်ပင် သူက ရွှယ်ယွမ်ကို ခပ်ကြမ်းကြမ်းကန်သည်။ သို့သော် ရွှယ်ယွမ်က အသင့်ပြင်ဆင်ထားပြီးသားဖြစ်၏။ ထို့ကြောင့် ကန်ချက်က မအောင်မြင်သွားခဲ့ချေ။ သူ၏မျက်ခွံက အသာပင့်တက် သွားပြီးနောက် ကုယွမ့်ပိုင်ကို သဘောတကျပြုံးပြသည်။
“ကျန်းကိုလွှတ်”
ကုယွမ့်ပိုင်၏ လည်ချောင်းမှအေးစက်သောလေထုက ဆင်းကျသွားသည်။ သည်နည်းအားဖြင့် သူက ခပ်ကြမ်းကြမ်းချောင်းဆိုးလိုက်ရပြန်သည်။ ရွှယ်ယွမ်၏လက်ထဲတွင်ကိုင်ထားသော ခြေထောက်ကပင် ရမ်းခါသွားလေရာ သူ၏ဆိုးနေသော ချောင်းက မည်မျှပြင်းထန်ကြောင်းသိသာသည်။
ဧကရာဇ်က ချောင်းဆိုးနေသည်။ သို့သော် ရွှယ်ယွမ့်ကမူ ဖိနပ်ဝတ်ထားသည့် အခြားခြေထောက်တစ်ဖက်ကိုသာ အသာအယာချွတ်ပြီး ခြေစွပ်ကို ဆက်ချွတ်နေ လိုက်၏။ သည်နည်းအားဖြင့် နောက်ထပ်သွယ်လျနူးညံ့သည့် ခြေမျက်စိကို လက်ထဲတွင် ကိုင်ထားလိုက်သည်။
ထျန်းဟူရှန်း ယခုလေးတင်မှ ထွက်သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အနားတွင် မည်သူမျှမရှိတော့ချေ။ ရွှယ်ယွမ်က ငယ်ရွယ်သောဧကရာဇ်ကို ကြည့်လိုက်သည်။ ဧကရာဇ်က ချောင်းဆက်တိုက်ဆိုးနေသောကြောင့် မျက်လုံးများက နီရဲလာသည်။ ရွှယ်ယွမ်က ခြေထောက်ကိုသာကိုင်ရင်း သည်အတိုင်းကြည့်နေလိုက်၏။ ထိုသို့ခြေထောက်နှစ်ဖက်လုံးကို ကိုင်ထားသောကြောင့် ဧကရာဇ်က မလှုပ်နိုင်တော့ချေ။ သူကိုယ်တိုင်ကလည်း သူ၏စိတ်အတွင်းမှ ထူးဆန်းသော စိတ်ကျေနပ်သည့် ခံစားချက်တစ်ရပ်က မြင့်တက်လာကြောင်းခံစားရသည်။
သည်နေရာတွင် အခြားမည်သူမျှမရှိချေ။ ထို့ကြောင့် ငယ်ရွယ်သောဧကရာဇ်ကလည်း ရွှယ်ယွမ်၏အင်အားကို ယှဉ်နိုင်ခြင်းမရှိချေ။ ရွှယ်ယွမ်က ရယ်နေသည်။ သူက ဧကရာဇ်ကို အနိုင်ကျင့်နိုင်နေသလိုပင် ခံစားနေရသေး၏။
ချောင်းက တဖြည်းဖြည်းချင်းရပ်တန့်သွားသည်။ ကုယွမ့်ပိုင်၏ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်နေ၏။ သူ၏မျက်လုံးများက တဖြည်းဖြည်းချင်းတည်ငြိမ်လာသည်။ သူ၏အသက်ရှူသံကို တည်ငြိမ်အောင်ထိန်းပြီးနောက် သူ ပထမဦးဆုံးပြောလာသော စကားက …. “ရွှယ်ယွမ် အရမ်းတော်တယ်”
ရွှယ်ယွမ်ကို အပြစ်ပေးခဲ့သောနေ့ကလည်း တူညီသောစကားကိုပြောခဲ့သည်။ ရွှယ်ယွမ်က ဆက်ပြောနေသေးသည်။ သူက ရည်ရွယ်ချက်ရှိရှိဖြင့် ဧကရာဇ်၏ခြေထောက် ကိုပင် အသာပုတ်နေသေးပြီး တဖြည်းဖြည်းချင်းပြောသည်။
“ဒီအရာရှိက ဧကရာဇ်အအေးမိမှာကို စိုးရိမ်လို့ပါ”
“ဒီအရာရှိက သစ္စာရှိပါတယ်”
“သစ္စာရှိတယ်”
ကုယွမ့်ပိုင်က ခေါင်းငြိမ့်သည်။ သူ၏နှုတ်ခမ်းတွင် အေးစက်သောအပြုံးက ရှိနေသည်။ ထို့နောက်တစ်ခဏတွင် သူက ကျယ်လောင်စွာအော်သည်။
“အစောင့်တွေလာစမ်း”
ထိုသို့ဖြင့် ခန်းမထဲသို့ အစောင့်ဆယ်ယောက်ကျော်က ရုတ်ချည်းဝင်ရောက် လာသည်။ အစောင့်ခေါင်းဆောင်က ဦးဆောင်လာ၏။ သူက ကုယွမ့်ပိုင်၏အနားသို့ ခပ်မြန်မြန်လျှောက်လာပြီးနောက် အေးနက်သောလေသံဖြင့် လျှောက်တင်သည်။
“ဒီအစေခံက ရောက်လာပါပြီ”
ကုယွမ့်ပိုင်က ရွှယ်ယွမ်၏လက်ထဲမှ သူ၏ခြေထောက်ကို ပြန်ရုတ်ချင်သည်။ သို့သော် ရွှယ်ယွမ်ကမူ မလွှတ်ပေးသေးချေ။ ကုယွမ့်ပိုင်က ဒေါသထွက်လာ၏။ သို့သော် ရယ်စရာကောင်းသည်ဟုလည်း ခံစားရသည်။
“ကျန်းကိုလွှတ်စမ်း”
ရွှယ်ယွမ်က ပြုံးလိုက်ပြီး သူ၏ဖမ်းကိုင်ထားမှုကို အသာလွှတ်ပေးသည်။
ဧကရာဇ်က ရေကန်အစွန်းသို့ ခြေဗလာဖြင့်လျှောက်သွားပြီး အနောက်သို့ တစ်ဖန်ပြန်လှည့်ကာ ရွှယ်ယွမ်ကို အပြုံးနှင့်အတူကြည့်သည်။
“သူ့ကို ရေထဲပစ်ထည့်လိုက်”
အစောင့်များက တုံ့ဆိုင်းမနေချေ။ သူတို့က ချက်ချင်းဆိုသလိုလှုပ်ရှားကြသည်။ ထို့နောက်တစ်ခဏတွင် ရွှယ်ယွမ်က ရေထဲသို့ပစ်ချခံရ၏။ အစောင့်လေးယောက်က ရေကန်ထဲသို့ခုန်ဆင်းသွားပြီး ရွှယ်ယွမ်ကို မထွက်ပြေးနိုင်အောင်ဖိချထားသည်။
ရွှယ်ယွမ်ကလည်းမရုန်းချေ။ ကုယွမ့်ပိုင်က ထိုသို့လုပ်မည်ဟုမျှော်လင့်ပြီးသလိုမျိုး ကုယွမ့်ပိုင်ကိုလည်း တိုက်ရိုက်စိုက်ကြည့်နေသည်။
ကုယွမ့်ပိုင်လုပ်နိုင်သော ကိစ္စပေါင်းများစွာရှိလေသည်။
အနာဂါတ်၏ဘုရင်ခံက အသက်မရှူနိုင်သည်အထိ ရေထဲသို့တွန်းချပြီး အဖိခံထားရသည်။ ထို့နောက် အကြိမ်အနည်းငယ်ပြန်လည်ဆွဲတင်သည်။ ခန်းမထဲတွင် ကြားနေရသမျှအသံက ရေ၏ခပ်ကြမ်းကြမ်းလှုပ်ခတ်သံသာဖြစ်သည်။ ရွှယ်ယွမ်၏ ဆံပင်များက ဖရိုဖရဲဖြစ်ကုန်သည်။ သူ၏အသက်ရှူသံကလည်း အလွန်လေးလံနေသည်။ ကုယွမ့်ပိုင်ကလည်း အခြေအနေကိုသတိထားမိပြီး သူ၏လူများကို ရပ်ခိုင်းလိုက်ရသည်။
ကုယွမ့်ပိုင်က ရေကန်နားသို့လျှောက်သွားပြီး ထိုနေရာတွင်ထိုင်ချသည်။ ထို့နောက် တဖြည်းဖြည်းချင်းပြော၏။
“ရွှယ်ယွမ် မင်း သက်တောင့်သက်သာရှိသလား”
“ကျွန်တော်မျိုး သက်တောင့်သက်သာရှိနေပါတယ်”
ရွှယ်ယွမ်က အမောတကောအသက်ရှူနေသည်။ သူ၏မျက်လုံးက သွေးထွက် မတတ် နီရဲနေသည်။ သူ၏နှုတ်ခမ်းထောင့်စွန်းကလည်း ကော့တက်နေသေး၏။
“ဒါက ဧကရာဇ်ကိုယ်တိုင် စိမ်ထားတဲ့ချိုးရေပါ၊ ဒါပေါ့ ဒီအရာရှိက သက်တောင့်သက်သာရှိတယ်လို့ ခံစားရတာပေါ့”
ကုယွမ့်ပိုင်၏မျက်နှာက ပျက်သွားသည်။ ရွှယ်ယွမ်က ရည်ရွယ်ချက်ရှိရှိဖြင့် သူ့ကို ထေ့ငေါ့နေသည်ဟုပင် တွေးလိုက်မိသည်။
ဒါပေါ့ ရွှယ်ယွမ်က သူ့ကို တမင်သက်သက်လှောင်လိုက်တာပေါ့၊ သူက ခြေထောက်ကိုထိလိုက်ရုံနဲ့ ဒီလောက်အထိ ဒေါသထွက်သွားတယ်။
အမျိုးသားတွေအားလုံးက ဒီလိုပဲလား။
ရွှယ်ယွမ်က အမျိုးသားတွေကို သဘောကျတာလား။
ငယ်ရွယ်သောဧကရာဇ်က အထိခံရတာကို သဘောမကျဘူး၊ ဒါပေမယ့် ရွှယ်ယွမ်က ဒေါသမထိန်းနိုင်ပြန်ဘူး။
အစောင့်များ၏မျက်နှာများက ဒေါသများခက်ထန်နေသည်။ သူတို့က ရွှယ်ယွမ်ကို ဖိထားသောအားက ပိုပြင်းလာသည်။ ရွှယ်ယွမ်က စကားတစ်ခွန်းမျှ မဆိုချေ။ သို့သော် အနားရှိအစောင့်လေးယောက်ကို မကြာခဏဆိုသလိုကြည့်နေသည်။ သူတို့၏မျက်ဝန်းထဲတွင်လည်း မဲမှောင်ပြီး ကြောက်မက်ဖွယ်ကောင်းသောအကြည့်မျိုးက ရှိနေသည်။
ပျက်ယွင်းသောမျက်နှာထားနှင့် ကုယွမ့်ပိုင်က ပြောလိုက်သည်။
“သူ့ကို လွှတ်ပေးလိုက်တော့”
အစောင့်လေးယောက်က ရွှယ်ယွမ်ကို တွန့်ဆုတ်စွာလွှတ်ပေးလိုက်သည်။ ရွှယ်ယွမ် ရေထဲမှ ထရပ်၏။ ထိုရေများက သူ၏ချက်အောက်နားအထိရောက်နေသည်။ သူက လက်ကောက်ဝတ်ကို အသာပွတ်သပ်ရင်း ညီးညူသံပြုသည်။ သည်နည်းအားဖြင့် သူ၏အစွယ်ကိုပြ၏။
“အရှင်မင်းကြီး”
သူ၏သာယာသောလေသံဖြင့်ပြော၏။
“ဒီအရာရှိက နွေဦးရာသီတောက်လျှောက် အရှင်မင်းကြီးရေချိုးဖို့အတွက် တရားဝင် ခစားပေးသင့်ပါသလား”
“ထွက်သွား”
ကုယွမ့်ပိုင်ကအော်သည်။
“အပြင်ကိုထွက်ပြီး ဒူးထောက်လို့ ကျန်းရဲ့နွေဦးရေကန်ကို တောင်းပန်နေလိုက်”
သူက ရေကန်ထဲတွင်အစိမ်ခံရသည်။ အသက်ရှူပင်မမှန်သေးခင် တောင်းပန်ရအုံး ပေမည်။
ရွှယ်ယွမ်က ရေကန်ထဲမှထွက်ပြီး အစောင့်များနှင့်အတူ အပြင်သို့ထွက်သွား လိုက်ရသည်။ ဧကရာဇ်က နွေဦးတွင် ရေစိမ်သောခန်းမဖြစ်သည့်အလျောက် ရေကန်တစ်ကန်ထက်ပိုပြီးရှိလေသည်။ သူက ဂိတ်ဝမှထွက်တော့မည့်အချိန်တွင် ဘေးဘက်သို့ လှည့်လိုက်သည့်အခိုက် သူ၏မျက်ဝန်းထောင့်စွန်းမှတစ်ဆင့် အတွင်းသို့ ငဲ့ကြည့်လိုက်မိသည်။ ထိုအခါ ငယ်ရွယ်သောဧကရာဇ်က အခြားတစ်နေရာသို့ ထသွားကြောင်း တွေ့လိုက်ရသည်။
ငယ်ရွယ်သောဧကရာဇ် လျှောက်သွားသောလမ်းကြောင်းတစ်လျှောက် ရေများ ကျန်ရစ်ခဲ့သည်။ သူက ခြေဗလာနှင့်ဖြစ်သည်။ သူ၏ကျောက်စိမ်းဖြူရောင်ခြေထောက်က ကြမ်းပြင်ရှိကျောက်စိမ်းဖြူထက်ပင်‌ ဖျော့တော့နေသေးသည်။ ရွှယ်ယွမ်၏ကိုယ်က ရေများတစက်စက်ကျနေ၏။ သူက တွေးလိုက်၏။
ငယ်ရွယ်တဲ့ဧကရာဇ်က ဒီလောက်အားနည်းပြီးဖျားနာလွယ်တာ ဒီလိုပါးလျတဲ့အဝတ်နဲ့ ခြေဗလာလျှောက်သွားနေရင် ဖျားသွားမှာမကြောက်ဘူးလား။
ရွှယ်ယွမ်က ပြုံးလိုက်မိသည်။
ဘယ်လိုဖြစ်ပြီး လူတစ်ယောက်က ဒီလောက်အားနည်းရတာလဲ။
ကုယွမ့်ပိုင်က ခန်းမထဲမှ ထွက်လာသောအခါ သန့်ရှင်းသပ်ရပ်သော အတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီးလေပြီ။
အမျိုးမျိုးသော ကျန်သောအထည်များကို သယ်ဆောင်ထားသည့် နန်းတွင်းအစေခံများက သူ့ကို တစ်လွှာပြီးတစ်လွှာဝတ်ပေးကြသည်။ နန်းတွင်းအစေခံ တစ်ယောက်က သူ၏ကိုယ်မှရေများကို သုတ်ပေးရင်းပြောသည်။
“အရှင်မင်းကြီး ဒီကျင်းရှီအသစ်က အမတ်မင်းတွေကိုနှုတ်ဆက်ပြီးပါပြီ၊ လမ်းက တော်တော်လေးကို စည်ကားခဲ့ပါတယ်”
“ဒီနေ့က ကျင်းရှီအသစ်ကြောင့် ကောင်းမွန်တဲ့နေ့တစ်ရက်ပဲ”
ကုယွမ့်ပိုင်က အသာပြုံးသည်။
“နန်းတွင်းစာမေးပွဲကို အောင်အောင်မြင်မြင်ဖြေဆိုပြီးတဲ့နောက်မှာ ပျော်နေတာက ပုံမှန်ပါပဲ”
ခုံရှုံးကလည်း စာမေးပွဲပြီးနောက် ကျင်းရှီအသစ်ကို သူတို့ရည်မှန်းထားသော အိပ်မက်ကို ပြီးမြောက်အောင်မြင်နိုင်ခဲ့သော အခြေအနေမျိုးကြောင့် ပိုက်ဆံအများကြီး ဆုလာဘ်ချီးမြှင့်ရင်းဖြင့် ရင်းနှီးထားလေသည်။ တော်ဝင်ခုံရုံးက နာမည်ကြီးလေလေ တိုင်းပြည်အနှံ့မှ စာသင်သားပေါင်းများစွာက တော်ဝင်စာမေးပွဲအောင်မြင်အောင် ဖြေဆိုလိုခြင်းရှိလေလေဖြစ်သည်။
ကုယွမ့်ပိုင်ကလည်း ထိုသို့အောင်မြင်သောနေ့ရက်ကို မြင်ရခြင်းအား ပျော်ရွှင်လေ သည်။
“အခုကစပြီး နှစ်နှစ်နေရင်ကျင်းပမယ့် စစ်ဘက်ဆိုင်ရာ စာမေးပွဲအတောအတွင်း ပိုပြီးစည်ကားလိမ့်မယ်”
မဟာဟန်မင်းဆက်၏စစ်ဘက်ဆိုင်ရာစာမေးပွဲက ငါးနှစ်တစ်ကြိမ်ကျင်းပသည်။ အောင်မြင်ခဲ့သော စစ်ဘက်ပိုင်းဆိုင်ရာ ပါရမီပါသောသူများကလည်း ကျင်းရှီနည်းတူ ဆက်ဆံခံရလေသည်။ ကျောင်းသားတိုင်းက တိုက်ခိုက်ရေးစွမ်းရည်နှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်စစ်ဆေးမှုများကို ကျော်ဖြတ်ရရုံသာမကသေးလေဘဲ စစ်ဘက်ဆိုင်ရာ စာအုပ်ပေါင်းများစွာ၊ မြေမျက်နှာသွင်ပြင်များနှင့် ရင်းနှီးကျွမ်းဝင်ရန်လိုအပ်သည်။ ထို့အပြင် သဲစားပွဲပေါ်တွင်စီမံမည့် စစ်ဗျူဟာများနှင့်ပတ်သက်သော စခန်းချခြင်း၊ အန္တရာယ်များသောလမ်းတွင် ရိက္ခာများကိုပို့ဆောင်ခြင်း၊ တိုက်ခိုက်ရန်အလို့ငှာ ရုတ်ချည်းတိုက်ခိုက်လာသည့် အနေအထားမျိုးမှ စောင့်ကြပ်ကာကွယ်ခြင်း စသည့် အမျိုးမျိုးသောအကြောင်းအရာများကို အောင်မြင်နိုင်ရမည်ဖြစ်သည်။
တိုင်းပြည်၏ရတနာက အကန့်အသတ်ရှိနေလေရာ တော်ဝင်ခုံရုံးကလည်း ဂရုစိုက်ရန်လိုအပ်သည်။ သို့ရာတွင် ထိုသို့သော စစ်သည်တော်များကို အကောင်းဆုံးသောရိက္ခာနှင့် ပိုက်ဆံကို ထောက်ပံ့ပေးရမည်ဖြစ်သည်။ ခြေလျင်တပ်က နေ့တိုင်းလိုလို ဆန်ကြမ်းနှင့်ကိတ်ပြားများကိုစားပြီး ဗိုက်ဖြည့်နေရခြင်း၊ လေးလံသော သံချပ်ကာဝတ်ခြင်းနှင့် တပ်နှင့်မြင်းတပ်တို့က မကြာခဏမှသာ အသားစား နေရမည်ဆိုလျှင်
အဆင်မပြေနိုင်ချေ။ ထိုအခြေအနေက မလုံလောက်ချေ။ သူတို့က မဟာဟန်၏စစ်တပ်များကို အင်အားကြီးမားပြီး အရပ်ရှည်ကာသန်မာလိုလျှင် အသားနှင့်သစ်သီးများစွာကို အားဖြည့်စာအဖြစ်ကျွေးရန် လိုအပ်လေသည်။
သည်ဆောင်းတွင်းတွင် ကုယွမ့်ပိုင်က နယ်စပ်မှ ရေကြည်ရာမြက်နုရာသွားလာ သူများအား လဲလှယ်ရန် ဈေးကွက်တစ်ခုဖွင့်လှစ်ရန် အကြံအစည်ရှိခဲ့သည်။ သည်နည်းအားဖြင့် အစားအစာနှင့်ဆီပြတ်လပ်မှုကို ဖြေရှင်းရန်မျှော်လင့်ခဲ့သည်။ သည်နည်းအားဖြင့် ကလန်ငယ်လေးများမှ မွေးထားသောသိုးများ၊ မြင်းများနှင့်တရားဝင် ဖွင့်လဲလှယ်ရင်းဖြင့် ကုန်ကျစရိတ်အနည်းငယ်နှင့် ကောင်းမွန်သောသက်ရှိရိက္ခာများကို ဝယ်ခဲ့သည်။ ထို့နောက် သူက အချို့ကို မဟာဟန်၏ကြွယ်ဝသောနယ်မြေများတွင် တန်ကြေးမြှင့်ကာ ရောင်းချလိုလေသည်။ အချို့သောပမာဏများကို ဘေးဖယ်ထားပြီး ကျန်သော ပမာဏကို စစ်တပ်အတွက်အသုံးပြုနိုင်ရန်ထောက်ပံ့ပေးခြင်းအားဖြင့် စစ်သားများကိုလည်း အသားများစားနိုင်ရန် ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။
သို့ရာတွင် အေးစက်သောလေပြင်းနှင့်ရာသီက ဆောင်းတွင်းကို ပုံမှန်ထက် ကြာရှည်သွားစေခဲ့သည်။ ထို့ကြောင့် သူက နောက်ထပ်အခွင့်အရေးကိုသာ စောင့်ရတော့ ပေမည်။
အပိုင်း ၂၉
ကုယွမ့်ပိုင်က စစ်သားများကိုတန်ဖိုးထားသည်။ သူတို့ကိုပျိုးထောင်ရန် ပိုက်ဆံသုံး လိုသည်။ သို့သော် မဟာဟန်မှစစ်သားများကလည်း ထိုအချက်ကိုသိ၏။ ထို့ကြောင့် ဆောင်းတွင်းမရောက်သေးသည့်တိုင်အောင် ဧကရာဇ်က ဆောင်းဦးအလယ်ပိုင်း ကတည်းက သူတို့ကို နွေးထွေးသောအဝတ်အထည်များကို ချီးမြှင့်ခဲ့သည်။ သူတို့ကလည်း ဘယ်သောအခါကမှ တန်ကြေးပေးဆပ်ရန် မလိုအပ်ခဲ့ချေ။ ထို့အပြင် အခြေခံအားဖြင့် လစဉ်အခြေခံအသုံးစရိတ်အတွက် ပိုက်ဆံချီးမြှင့်ထားပြီးသားဖြစ်သည်။
စစ်သည်တော်များကလည်း လိုအပ်သည့်ပမာဏကို သွားရောက်တောင်းဆို နိုင်သည်။ တစ်ယောက်ချင်းစီတိုင်းကလည်း ကိုယ့်လက်နှင့်ကိုယ် ပိုက်ဆံကိုင်ခွင့် ရထား၏။ စစ်ဘက်ပိုင်းဆိုင်ရာ စောင့်ကြပ်ခြင်း၊ ရုံးတော်ကလည်း ပိုက်ဆံများကို လုယက်ခြင်း၊ မသမာနည်းဖြင့် လုယူသွားခြင်း သို့မဟုတ် စစ်သားများကို လှည့်ကွက်များ ကြံစည်ခြင်းတို့မဖြစ်အောင် တားမြစ်ထားသည်။ ထို့ကြောင့် လခပေးသည့်အချိန်တိုင်း လိုလို အဆင့်မြင့်ဗိုလ်ချုပ်တိုင်းက ကိုယ်တိုင်ကိုယ်ကျစောင့်ကြပ်ပေးနေလေ့ရှိသည်။ မိုးရွာရွာ နေပူပူ နှင်းကျကျ သူတို့က စောင့်ကြပ်ကြည့်ရှုနေမည်ဖြစ်သည်။
စောင့်ကြပ်ရေးရုံးတော်မှလူတိုင်းကလည်း စစ်တပ်ထဲတွင်ရှိနေသည့်အလျောက် စည်းကမ်းတကျလုပ်ဆောင်နိုင်လေသည်။ ကုယွမ့်ပိုင်၏ဦးနှောက်ဆေးသော နည်းလမ်းကို သူတို့က ကြာရှည်စွာ လက်ခံလာခဲ့ပြီးကြလေရာ ဧကရာဇ်၏သူတို့အပေါ် အသိအမှတ်ပြုမှုအား စစ်သည်တော်တိုင်းအား အချိန်တိုင်းလိုလို မမောမပန်းနိုင် ပြောပြလျက် ကုယွမ့်ပိုင်၏ ထိုစစ်သည်တော်များကို ကောင်းမွန်စွာ ဆက်ဆံလိုစိတ်ကို ပြောပြလေ့ရှိသည်။
ကုယွမ့်ပိုင်က စစ်တပ်ထဲသို့ ကိုယ်တိုင်ကိုယ်ကျရောက်မလာဖူးသည့်တိုင်အောင် ဧကရာဇ်၏သဘောထားကြီးမှုက စစ်သားတိုင်းပြောဆိုနေကြ အကြောင်းအရာဖြစ်၏။ သူတို့ကလည်း ဧကရာဇ်အတွက် တိုက်ခိုက်နေကြခြင်းဖြစ်ပြီး သူတို့၏ဗိုလ်ချုပ်အတွက် မဟုတ်တော့ချေ။ ဗိုလ်ချုပ်များနှင့်ခေါင်းဆောင်များ၏ထင်မြင်ချက်က မည်သို့ဖြစ်နေစေ ကာမူ ကြီးကြပ်ရေးရုံးပေါ်မှ အလုပ်သမားတိုင်းကလည်း ဂုဏ်ယူချင်စိတ်အပြည့်ဖြင့် တိုက်ခိုက်လိုစိတ် အပြည့်ရှိနေတတ်လေသည်။
ဧကရာဇ်၏အထူးတလည်ဆက်ဆံကာ အခွင့်အရေးပေးမှုကြောင့် သူတို့ကလည်း အမြဲတစေ အားအင်ပြည့်နှက်နေလေ့ရှိသည်။ နန်းတွင်းမှ တော်ဝင်စစ်တပ်ကလည်း အမြဲတစေ သတိကပ်နေလေ့ရှိပြီး ရေသာမခိုရဲချေ။ သိပ်မကြာခင်က လီဝမ်၏လှည့်စားမှုကိုခံခဲ့ရသော စစ်သည်တော်များကိုပင် အကျဉ်းချထားခဲ့၏။ နန်းတွင်းမှအစောင့်များကလည်း ကုယွမ့်ပိုင်ထက်ပင် ဒေါသထွက်ခဲ့ကြ၏။
ရွှယ်ယွမ်အနေဖြင့် နန်းတွင်းသို့ ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်းမဟုတ်ချေ။ သို့သော် ပထမဦးဆုံးအကြိမ် နန်းတွင်းအစောင့်များနှင့် နီးကပ်စွာရှိဖူးခြင်းဖြစ်သည်။ သူတို့က ခန်းမထဲမှ ထွက်လိုက်သည့်တစ်ခဏတွင် အစောင့်တိုင်းက သူ့ကို မဲမှောင်စွာကြည့်လာကြ၏။ သူတို့က ရွှယ်ယွမ်ကို နေရာတွင်ပင် သတ်ချင်နေပုံရသည်။
သခင်ကိုကာကွယ်ပေးတဲ့ခွေးထက်တောင် ပြဇာတ်ဆန်နေသေးတယ်။
အစောင့်ခေါင်းဆောင်ကျန်းရွှီက အေးစက်စွာပြောသည်။
“သခင်လေးရွှယ် မင်းက နန်းတွင်းကိုဝင်လာခဲ့ပြီး ဧကရာဇ်ရဲ့အစောင့် တစ်စိတ်တစ်ပိုင်းဖြစ်လာပြီဆိုကတည်းက … အရှင်မင်းကြီးက မင်းရဲ့ပထမဦးစားပေးပဲ ဖြစ်ရမယ်၊ အရှင်မင်းကြီးရဲ့အတွေးက ငါတို့ရဲ့ပန်းတိုင်ပဲ၊ အရှင်မင်းကြီးရဲ့အမိန့်က ငါတို့ရဲ့တည်ရှိမှုရဲ့အဓိပ္ပါယ်ဖြစ်တယ်”
ရွှယ်ယွမ်၏တစ်ကိုယ်လုံးက ရေများစိုရွှဲနေသည်။ အစောင့်ယူနီဖောင်းက သူ၏သန်မာအားပြည့်သောခန္ဓာကိုယ်နှင့် ကွက်တိတော်၏။ သူ၏ကြွက်သားများမှ အင်အားများက ထိုအစောင့်များထက် မနိမ့်ကျချေ။ သူက တိုက်ခိုက်ရန် အသင့်ပြင်ထားသည့်ဝံပုလွေရိုင်းတစ်ကောင်လိုမျိုး တိုက်ခိုက်ရန် အခွင့်အရေးစောင့်နေပုံ ပေါ်သည်။
“အရာရှိကျန်း ပြောတဲ့အတိုင်းပါပဲ”
ရွှယ်ယွမ်က ညင်သာစွာပြုံးလျက်ဖြေသည်။
“ဒီအရာရှိက အရှင်မင်းကြီးရဲ့ခန္ဓာကိုယ်ကို စိုးရိမ်မိတာပါ”
ကျန်းရွှီကလည်း ခန်းမသို့မဝင်ခင်က အဖြစ်အပျက်များကို မသိချေ။ သို့သော် သိသာစွာဖြင့် ရွှယ်ယွမ်၏မှတ်ချက်ကိုလည်း မယုံချေ။ ထို့ကြောင့် အေးစက်စွာ နှာခေါင်းရှုံ့လျက် မဲမှောင်သောလေသံဖြင့်ပြောသည်။
“မင်း သိတာကောင်းတယ်”
ကျန်းရွှီ၏အနားမှအစောင့်တိုင်းက ရွှယ်ယွမ်ကိုစိုက်ကြည့်နေကြသည်။ သို့သော် မည်သူမျှစကားမပြောကြချေ။ ရွှယ်ယွမ်က နေရာတစ်ခုရှာကာ ဒူးထောက်လိုက်သည်။ သည်နည်းအားဖြင့် ရှုပ်ထွေးသော ဆံပင်များကိုဖြောင့်အောင်လုပ်၏။ သူ ဝတ်ထားသော ဝတ်စုံများက နေရောင်အောက်တွင်ခြောက်လာသည်။ နောက်ဆုံးတွင် အဆောက်အဦအတွင်းမှ အသံအချို့ထွက်လာသည်။
ရွှယ်ယွမ်က တစ်ချက်မော့ကြည့်လိုက်သောအခါ ငယ်ရွယ်သောဧကရာဇ်၏ အသားအရောင်က အနည်းငယ်သွေးရောင်လွှမ်းလာကြောင်း တွေ့လိုက်ရသည်။ သူက ယခင်က ဖြူဖျော့နေသော အနေအထားမျိုးနှင့်ယှဉ်သော် အများကြီး ကျန်းမာရေး ကောင်းလာပုံပေါ်သည်။ ရွှယ်ယွမ်က ခေါင်းကိုအသာငုံ့လိုက်၏။ ဧကရာဇ် ဝတ်ဆင်ထားခဲ့သော တောက်ပသည့် အဝါရောင်နဂါးဖိနပ်တစ်စုံအစား နဂါးဖိနပ် ပေါ်တွင် ဖြူဖွေးသောလခြမ်းကွေးလေးကို ထွင်းထုထားသည့်ဖိနပ်တစ်စုံဖြင့် လဲထားကြောင်း တွေ့လိုက်ရသည်။ သူ ထိခဲ့သည့်တစ်စုံကမူ ဘယ်သောအခါမှ မြင်ရတော့လိမ့်မည် မဟုတ်ချေ။
ဧကရာဇ်က အသုံးဝင်သောအရာတိုင်းက ထိပ်တန်းအဆင့် အရည်အသွေး ရှိလေသည်။ သူ၏ဆံပင်တွင် ရေတစ်စက်ရှိနေလျှင်ပင် ထိုရေစက်ကပင် အဝတ်ကို မစိုနိုင်ချေ။ ထို့အစား ပုတီးစေ့လေးများကဲ့သို့ ချောမွေ့ကာ စင်းကျသွားသည်။
ကုယွမ့်ပိုင်က အနားရှိလူငယ်မိန်းမစိုးနှင့် စကားပြောနေရင်းလျှောက်လာသည်။ သူက ထျန်းဟူရှန်းကို အနားယူခိုင်းထား၏။ ယခုအခါ ထျန်းဟူရှန်း၏ လက်ထောက်ငယ်သားက သူ့ကိုခစားနေသူဖြစ်သည်။
“ကျန်းက ညနေစောင်းမှာအိပ်ယာဝင်တဲ့အခါ တရားရေးရာဝန်ကြီးဌာနက အမတ်နဲ့ပြည်သူ့ရေးရာဌာနက အမတ်တွေကိုဆင့်ခေါ်လိုက်ပါ၊ သူတို့ကိုလည်း တစ်နာရီကြာပြီးနောက် ကျန်းကို ရွှမ်ကျန်းခန်းမဆောင်မှာ လာရောက်တွေ့ဆုံဖို့ ပြောလိုက်ပါ”
“ဟုတ်ကဲ့”
ငယ်သောမိန်းမစိုးက ဂရုတစိုက်ဖြေသည်။ ထို့နောက်ရေးသားနေခြင်းကို ရပ်တန့်လိုက်ကာ လျှောက်တင်သည်။
“အရှင်မင်းကြီး အရှင်မင်းကြီးက ဘာမှမသုံးဆောင်ရသေးပါဘူး”
“ကျန်း ဗိုက်မဆာဘူး”
ကုယွမ့်ပိုင်က မျက်မှောင်ကြုတ်သည်။ သူ၏အစာအိမ်အကြောင်းတွေးပြီး သက်ပြင်းချပြန်ကာ လက်ခံလိုက်သည်။
“စားပွဲကိုပြင်ဆင်ခိုင်းလိုက်ပါ၊ ဒါပေမယ့် တော်ဝင်စားဖိုဆောင်ကိုလည်း အများကြီး မချက်ပြုတ်ဖို့ပြောလိုက်အုံး၊ အစာအိမ်ကို အာဟာရဖြစ်စေမယ့် ပေါ့ပေါ့ပါးပါးလေး ပြင်ဆင်ဖို့လောက်ပဲပြောလိုက်ပါ၊ အများကြီးအပင်ပန်းမခံစေနဲ့”
“ဟုတ်ကဲ့”
သူကလည်း အများကြီးပြင်ဆင်ရန် မလိုအပ်ဟုဆိုလိုက်သည့်တိုင်အောင် ယခုနောက်ပိုင်း ဧကရာဇ်က အစားလျော့သထက်လျော့လာသည်။ တော်ဝင်စားဖိုဆောင်မှ စားဖိုမှူးပေါင်းများစွာက စိုးရိမ်နေကြလေပြီ။ သူတို့က စိုးရိမ်လွန်းသဖြင့် သူတို့၏လက်ရာက မကောင်းသောကြောင့်ဟု ထင်နေကြလေရာ မပေါ့လျော့ရဲကြချေ။
ဧကရာဇ်က ပေါ့ပါးသောစားစရာများကို စားချင်သည်ဟုပြောလာသောကြောင့် စားပွဲကိုရောက်သွားချိန်တွင် ခရင်ပုံစံနှင့်ကျောက်စိမ်းဖြူတို့ဖူးတစ်တုံးကို မြင်လိုက်ရ သည်။ ထိုကျောက်စိမ်းဖြူတို့ဖူးက ခပ်နွေးနွေးနှင့်ပူနေသေးသည်။ ခြစ်ရာအနည်းငယ်ပင် မရှိချေ။ ကျောက်စိမ်းတုံးတစ်တုံးကိုပင် ချထားသကဲ့သို့ထင်ရ၏။ ထို့အပြင် ဆန်ခေါက်ဆွဲတစ်ပွဲနှင့် ဟင်းချိုတစ်ပွဲကိုလည်းမြင်ရသည်။ ထည့်ထားသော ဇွန်းကပင် အရည်ပျော်ကျမတတ် အရောင်အဝါတောက်ပနေလေသည်။
ကျောက်စိမ်းဖြူကဲ့သို့တို့ဖူးအပြင် တော်ဝင်စားဖိုဆောင်က သေးငယ်သော်လည်း သပ်ရပ်သည့်ဖက်ထုပ်လေးများကို ပြင်ဆင်ပေးထားသည်။ အတွင်းတွင်ပါဝင်သော လတ်ဆတ်သည့် အရိုးပြုတ်ရည်က တစ်ကိုက်ကိုက်လိုက်ရုံဖြင့် ပါးစပ်အတွင်း ပျော်ဝင်သွားစေမည်ဖြစ်ပြီး ပါးလျသော အရည်ခွံကလည်း ဖောက်ထွင်းမြင်ရမတတ် ကြည်လင်နေသေးသည်။ ဘေးဘက်တွင်လည်း ရှာလကာရည်ပန်းကန်လေးရှိနေ၏။ ဖက်ထုပ်၏အရွယ်အစားကလည်း ကလေးတစ်ယောက်စားရန် သင့်တော်သော ပမာဏမျိုးဖြစ်သည်။ ကုယွမ့်ပိုင်က စားလိုက်သော်လည်း ပမာဏအများကြီး မစားနိုင်ချေ။
အနားရှိနန်းတွင်းအစေခံများအားလုံးက ပျော်ရွှင်စွာပြုံးနေကြသည်။ ဗိုလ်ချုပ်ရွှယ်၏သားဖြစ်သူရွှယ်ယွမ်က ကုယွမ့်ပိုင်ကိုအဖော်ပြုပြီး ကျန်းရွှီ၏အနားတွင် ရပ်နေသည်။ ထိုအချိန်တွင် ခန်းမထဲတွင် သူတို့နှစ်ယောက်ထဲကသာရပ်လျက် ဧကရာဇ်က အစားအသောက်သုံးဆောင်နေခြင်းကို စောင့်ကြည့်နေရခြင်းဖြစ်သည်။
အစောင့်ခေါင်းဆောင်ကျန်းရွှီက သူ့ကို တိတ်တဆိတ်ကြည့်လာသည်။ သူ၏မျက်နှာပေါ်ရှိအပြုံးက ချုပ်တည်းထားရန်ခက်ခဲ၏။
စားသောက်ပြီးနောက် ကုယွမ့်ပိုင်၏အစေခံများက သူ၏လက်ကိုကူညီကာ သန့်ရှင်းပေးကြသည်။ ပလုတ်ကျင်းနိုင်ရန်လည်းကူညီပေးသည်။ ထို့နောက် သူက အတွင်းဆောင်သို့သွားကာ တရေးအိပ်သည်။
ခန်းမထဲရှိတံခါးနှင့်ပြူတင်းပေါက်တိုင်းကို ပိတ်ထားသည်။ သူက ပူလောင်လာသည်။ နွေဦးက သူ၏ခန္ဓာကိုယ်ကို အလွန်အမင်းပျင်းရိစေသေးသည်။ သိပ်မကြာခင် ကုယွမ့်ပိုင်က နှစ်ခြိုက်စွာအိပ်မောကျသွားသည်။ ကုယွမ့်ပိုင်က မသက်မသာဖြစ်သောအနေအထားမျိုးကြောင့် နိုးလာသည်။ သူက ထထိုင်နေရင်းမှ သူ၏အသံက ခြောက်ကပ်ပြီးလည်ချောင်းကလည်း ခြောက်ကပ်နေကြောင်းခံစားရသည်။ ခေါင်းကလည်းအနည်းငယ်မူးနေ၏။ ထို့ကြောင့် သူက
အဝေးသို့မလျှောက်သွားနိုင်ချေ။ တစ်စုံတစ်ရာက လေးလံနေသလိုခံစားနေရ၏။ သူ၏ခေါင်းထဲရေများပြည့်နေသလိုပင် ဖြစ်နေသေးသည်။ ခေါင်းကိုမရခြင်းကပင် လေးလံလွန်းနေသည်။
“ဒီကိုလာပါအုံး”
ကုယွမ့်ပိုင်က တံခါးဘောင်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း အသက်ပြင်းပြင်း ရှူသည်။
သူက တစ်နာရီပင် ပြည့်အောင်မအိပ်ခဲ့ရသေးချေ။ ထို့ကြောင့် အတွင်းဆောင်တွင် မည်သူမျှရှိမနေခဲ့ချေ။ ကုယွမ့်ပိုင်က မျက်လုံးကိုမှိတ်ထားပြီး အင်အားအချို့ကို စုစည်းလျက် ကုတင်ဘေးဘက်ရှ ိကျောက်စိမ်းတံဆိပ်ကို ကောက်ကိုင်လိုက်ကာ အောက်သို့ခပ်ကြမ်းကြမ်းပစ်ချလိုက်သည်။
တစ်ခဏခန့်ကြာပြီးနောက် အတွင်းအဆောင်သို့ လူတစ်ဖွဲ့အပြေးအလွှား ဝင်ရောက်သံကို ကြားရသည်။ ထို့နောက် ချက်ချင်းလင်းရှင်းသွား၏။ ကုယွမ့်ပိုင်က မျက်မှောင်ကြုတ်လိုက်သည်။
“အရှင်မင်းကြီး”
ကုယွမ့်ပိုင်မျက်နှာကိုမြင်သောအခါ အစောင့်ခေါင်းဆောင်က အံ့ဩသွားသည်။ သူက ချက်ချင်းဆိုသလိုထွက်သွားပြီးနောက် နန်းတွင်းသမားတော်ကိုသွားပင့်သည်။ ကုယွမ့်ပိုင်က ချောင်းအသာဆိုးသည်။ နန်းတွင်းအစေခံများအားလုံးက အပြေးအလွှား ရှုပ်ယှက်ခတ်နေကြသည်။ ရေထည့်ပေးသူကထည့်ပေး၊ သဘက်ပြေးယူသူကယူ၊ သဘက်ကိုရေစွတ်ပြီး အုပ်သူကအုပ်ဖြင့် အလွန်အလုပ်များနေကြသည်။ အချို့သော လူများကမူ ပို၍ကြည့်ကောင်းသောဝတ်စုံများကို လဲပေးရန်ပြင်ဆင်နေကြသည်။
ရွှယ်ယွမ်က အနီးအနားတွင်ရပ်လျက် ကုယွမ့်ပိုင်၏အခြေအနေကိုကြည့်သည်။
ဖျားမယ်လို့ထင်သားပဲ။
သူက တကယ်ကို … နူးညံ့လွန်းတယ်။
ကုယွမ့်ပိုင်က အကူအညီများနှင့်အတူ အိပ်ယာပေါ်မှထလိုက်နိုင်သည်။ ငယ်ရွယ်သောမိန်းမစိုးက ဧကရာဇ်၏ခြေထောက်ကို ခြေအိတ်စွပ်ပြီး ဖိနပ်ဝတ်ပေးတော့မည့်အချိန်တွင် ဘေးသို့တွန်းဖယ်ခံရ၏။
ရွှယ်ယွမ်က ဒူးထောက်လိုက်ပြီး ကုယွမ့်ပိုင်၏ခြေထောက်ကို ပို၍ချောမွေ့ပြီး သဘာဝကျသောပုံစံမျိုးဖြင့် လှမ်းကိုင်သည်။ သူက တစ်ချက်ဖျစ်ညှစ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သည်။ သစ္စာရှိသော တော်ဝင်အရာရှိတစ်ယောက်လိုမျိုး စိုးရိမ်တကြီး မေးသည်။
“ဘာလို့ အေးစက်နေတာလဲ”
သူ၏လက်ဖဝါးများကပူသည်။ နွေးထွေးသောခံစားချက်က အလွန်အမင်း သက်တောင့်သက်သာရှိနေသည်။ ခြေအိတ်နှင့်ဖိနပ်ဝတ်ထားခြင်းထက်ပင် ပို၍နွေးထွေး သည်။
ကုယွမ့်ပိုင်က မြေခွေးအမွှေးပါသည့် ဝတ်ရုံမျိုးကိုခြုံထားလျက် အိပ်ယာပေါ်တွင် ထိုင်နေသည်။ စောင်ကလည်းပတ်ထားသေး၏။ သူ၏ဖျားနာနေသောမျက်နှာက အလွှာအထပ်ထပ်အောက်သို့ရောက်နေပြီး ခံစားချက်မဲ့လျက်ရှိသည်။ သူက အသုံးဝင်သော သားရဲတစ်ကောင်ကိုကြည့်နေသလိုပုံစံမျိုးဖြင့် ရွှယ်ယွမ်ကို ကြည့်လိုက်သည်။ ထို့ကြောင့် အမိန့်ပေးလိုက်၏။
“ဒါဆိုလည်း မင်း နွေးထွေးအောင်လုပ်လိုက်လေ”
ရွှယ်ယွမ်က မျက်ခုံးပင့်သည်။ ဧကရာဇ်ကိုတစ်ချက်မော့ကြည့်၏။ ငယ်ရွယ်သော ဧကရာဇ်၏ကျောက်စိမ်းဖြူရောင်ခြေထောက်တစ်စုံကို သူ၏လက်မောင်းအတွင်းသို့ ထည့်သွင်းလိုက်သည်။ သည်နည်းအားဖြင့် အဝတ်အောက်တွင်အုပ်ကာ အနွေးဓါတ်ယူပေး၏။ သူ၏ကျယ်သောအင်္ကျီလက်တစ်ထပ်ပြီးတစ်ထပ်ဖြင့် ပြန်အုပ်လိုက်ပြန်ကာ ပြောသည်။
“အရှင်မင်းကြီးရဲ့အမိန့်အတိုင်းပါ”
အပိုင်း ၂၈
“ကျန်းကိုလွှတ်”
You are reading the story above: TeenFic.Net
#bl #yaoi