အပိုင်း ၂၆
တစ်သုတ်တည်းနာမည်ဆိုးနဲ့ ကျော်ကြားသွားသောအခြေအနေမျိုးကလည်း လက်တစ်ကမ်းအကွာတွင်ဖြစ်သည်။ အောင်မြင်သောဖြေဆိုသူတိုင်းကို ရွှေရောင်စာရင်းဖြင့် ဖော်ပြပေးမည်ဖြစ်သောကြောင့် ထိုစာရင်းတွင်ပါဝင်နိုင်ရန်အလို့ငှာ နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန်လေ့လာခဲ့ကြရသည်။ ထို့နောက် တစ်ဘဝလုံးစာ အနောက်မှကပ်ပါလာမည့် ရလဒ်အဆင့်သတ်မှတ်ချက်စာရင်းကို ရရှိကြမည်ဖြစ်သည်။
နန်းတွင်းအတွင်းတွင် ဟန်လင်းစာသင်သားများမှ ဦးဆောင်သော စာမေးပွဲ ကြီးကြပ်စစ်ဆေးသူရှစ်ယောက်နှင့် မဟာဟန်၏ဗဟိုအစိုးရ၏အမတ်များက ဖြေဆိုသူတိုင်း၏ အဖြေစာရွက်တိုင်းကို ကြည့်ရှုစစ်ဆေးနေကြသည်။ စာမေးပွဲစစ်ဆေးသူ ရှစ်ယောက်ထဲမှ တစ်ယောက်ချင်းစီတိုင်းက စားပွဲတစ်လုံးစီရထားကြပြီး အဖြေစာရွက်များအားလုံးလည်း တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်းပေးကြပြီး အဆင့်ဆင့်စစ်ဆေးရခြင်းဖြစ်သည်။ အနီးအနားတွင်လည်း အင်ပါယာအစောင့်များက စောင့်ကြပ်ရန်ရောက်နေကြ၏။ သူတို့က မကြာခဏအပြေးအလွှားသွားလာနေရသည်။ သည်နည်းအားဖြင့် အောင်မြင်သူကျောင်းသားများ၏အဆင့်ကို အမြန်ဆုံးထုတ်ပေးနိုင်ရန် မျှော်လင့်နေကြသည်။
ရက်အနည်းငယ်ခန့်ကြာပြီးနောက် တရားစာမေးပွဲကျင်းပသော ဌာနက အကောင်းဆုံးရမှတ်များနှင့် စာရွက်ဆယ်ရွက်ကို ဧကရာဇ်ထံတင်ပြလာသည်။ သည်နည်းအားဖြင့် သူက အမတ်များနှင့်ပေါင်းကာ ကျွမ်းယွမ်ပန်းရန်နှင့် ထန်ဟွားတို့ကို ရွေးချယ်နိုင်မည်ဖြစ်သည်။
စာမေးပွဲတွင် ကျောင်းသားတစ်ယောက်က အဆင့် ၂၀ နေရာအောက် ရောက်နေသော အခြေအနေမျိုးကြောင့် သူ့ကိုဖယ်ထုတ်လိုက်သောအခါ ကျန်သော ထိပ်ဆုံးဆယ်ယောက်က ထိပ်ဆုံးကိုးယောက်အဖြစ် ပြောင်းလဲသွားသည်။ အခြားသောသူများကမူ အသီးသီးဖယ်ရှားခံရ၏။ ထိုသို့ဖြင့် အပြောင်းအလဲအနည်းငယ် ဖြစ်သွားသည်။
စာမေးပွဲကို တာဝန်ယူကျင်းပသည့်ဌာနက အဆင့်သတ်မှတ်ချက်ကို ကြေညာပြီးနောက် လူအုပ်ကလည်း စာရွက်များကိုတရားဝင် ပြန်လည်သုံးသပ် နိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် အောင်မြင်သွားသော ကျောင်းသားတစ်ဖွဲ့က အပြင်ဘက်တွင်ရပ်ရင်း နန်းတွင်းမှ တရားဝင်ကြေညာမည့်ဆုံးဖြတ်ချက်ရလဒ်ကို စောင့်ဆိုင်းနေကြလေသည်။ ထိုအချိန်အတောအတွင်း ဘေးခန်းမဆောင်မှ ကုယွမ့်ပိုင်နှင့်အမတ်များအားလုံးကလည်း သူ၏အရှေ့ရှိ ထိုစာရွက်ဆယ်ရွက်ထဲမှ အဆင့်သတ်မှတ်ချက်စာရင်းကို ဆွေးနွေးနေကြလေသည်။
အင်ပါယာစာမေးပွဲက ဗြူရိုခရေစီကို အဝတ်ပါးပါးတစ်လွှာဖြင့် အုပ်ထားသလိုမျိုးဖြစ်သည်။ ထိပ်ဆုံးဆယ်ယောက်ကလည်း သူတို့၏ဗဟုသုတ မည်မျှအထိ ဖြန့်ကျက်နိုင်ကြောင်း ရွေးချယ်ရခြင်းနှင့်တူသည်။ ထို့ကြောင့် အဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်ရန်အလို့ငှာ အကြောင်းအရာပေါင်းများစွာကို ထည့်သွင်းစဉ်းစားရန် လိုအပ်လာသည်။
စာရွက်ဆယ်ရွက်လုံးတွင်ရှိသည့်ချိတ်စည်းကို ဖယ်ရှားထားပြီးသားဖြစ်သည်။ ကုယွမ့်ပိုင်က အမတ်များအား ထိုစာရွက်များကို ယူဖတ်စေရင်း ပြုံးလျက် ပြောလိုက်သည်။
"မင်းတို့တွေ ဒီကျင်းရွှီ အဖွဲ့အသစ်ကို ဘယ်လိုထင်ကြလဲ"
ကျန်းရှီခန်းမမှ အဆင့်မြင့်ဆုံးအရာရှိများနှင့် စစ်ဘက်ရေးရာရုံးတော်မှ အဆင့်မြင့်ဆုံးအရာရှိများကလည်း ဧကရာဇ်ကို သဘာဝအလျောက်ပင် ထောက်ခံအားပေးလေသည်။ စစ်ဘက်ရေးရာရုံးတော်ဌာနမှ သံတမန်ကျောင်းက သူ၏အဖြူရောင်မုတ်ဆိတ်ကြီးကိုပွတ်ရင်း တအံ့တဩပြောသည်။
"ကျွန်တော်တို့ရဲ့ မဟာဟန်မှာ ပါရမီရှင်တွေအများကြီးပါပဲ၊ ဒီစာရွက်ဆယ်ရွက်က တောက်ပမှုအပြည့်ပါပဲ၊ သူတို့ကိုရေးသားထားတဲ့သူတွေက အားလုံးနီးပါး ထူးချွန်ကြပါတယ်၊ မဟာဟန်အတွက် ကံကောင်းမှုပါပဲ"
ကျန်းရှီခန်းမထဲမှအရာရှိတိုင်းက ပြုံးကြသည်။ သူတို့ကလည်း အလားတူ ပြောကြ၏။ ကုယွမ့်ပိုင်က တစ်ခဏခန့်တွေးတောကြည့်ပြီး စာရွက်သုံးရွက်ကို ကောက်ယူလျက် ထိပ်ဆုံးတွင်ထားသည်။ သူက ချူဝေ့၏စကားပြေကို ထိုးပြပြီးနောက် တအံ့တဩပြောသည်။
"ဒီတစ်ယောက်က အရင်တစ်ခေါက်စာမေးပွဲမှာ ပြောင်မြောက်တဲ့ရေးဟန်နဲ့ ပထမနေရာကို ရခဲ့တဲ့လူပဲ"
ဘာသာရေးရာဌာနမှအမတ်ကြီးက အပြေးအလွှားပြောသည်။
"အရှင်မင်းကြီး ချူဝေ့က လွန်ခဲ့တဲ့ခုနှစ်နှစ်က စီရင်စုစာမေးပွဲမှာလည်း ပထမနေရာရခဲ့တာပါ"
"အို့"
ကုယွမ့်ပိုင်ကပြောသည်။
"တိုင်ဆိုင်တာပဲ"
အခြားသူများက ရယ်ကြသည်။ ကုယွမ့်ပိုင်ကပြုံးပြီး ခုံးရီလင်း၏စာရွက်ကို ပြသည်။
"ဒီတစ်ယောက်ကိုရော ဘယ်လိုထင်လဲ"
သံတမန်က တစ်ခဏခန့်တွေးပြီး နောက်ဆုံးတွင်လျှောက်တင်သည်။
"ဒီကျောင်းသားက နက်နဲတဲ့နှလုံးသားကို ပိုင်ဆိုင်ထားတယ်၊ သူက နှိမ့်နှိမ့်ချချနှံ့နှံ့စပ်စပ် တွေးတောတာမျိုးဖြစ်တော့ မြင်တွေ့ခဲတဲ့လူမျိုးပါပဲ၊ သူက ဆုံးဖြတ်ချက်ကြီးမားတာမျိုးလည်း မဟုတ်သလို ထက်မြက်လွန်းတာလည်းမဟုတ်ဘဲ တော်တော်လေးကို ကောင်းမွန်ပြီး လက်တွေ့ကျတဲ့ပါရမီရှင်မျိုးပါ"
ကုယွမ့်ပိုင်က ခေါင်းငြိမ့်သည်။
"ထိပ်ဆုံးသုံးယောက်ကို ဒီသုံးယောက်ထဲက ရွေးမယ်၊ ဒါပေမယ့် ကျန်းက သူတို့ကို ဘယ်လိုစီစဉ်ရမလဲဆိုတာကို ခေါင်းကိုက်နေတာ၊ ကျန်းရဲ့နှလုံးသားထဲမှာတော့ သုံးယောက်လုံးက ညီတူညီမျှပါပဲ"
ဘဏ္ဍာရေးဘက်မှအမတ်မင်းက လျှောက်တင်သည်။
"အရှင်မင်းကြီး ဘာလို့ ဒီသုံးယောက်ကို မတွေ့ကြည့်တာလဲ"
ကုယွမ့်ပိုင်က ကျေနပ်သွားသည်။
"တအားကောင်းတယ်"
သူက ခုံးရီလင်းကို သဘောကျသည်။ ဒီမင်းဆက်တွင် ရှန်းတုံးစီရင်စုမှ ထောက်ခံပေးသောအရာရှိများကို သီးသန့်အဖွဲ့မခွဲရသေးချေ။ ထိုမှပါရမီရှိသောလူက ဆင်းရဲသောမိသားစုတွင် မွေးဖွားလာသဖြင့် အောက်ခြေကကိစ္စတိုင်းကို နှံ့နှံ့စပ်စပ်သိထားပြီး ဆောင်းပါးထဲတွင် သူ၏စကေးကို အပြည့်အဝပြသထားသည်။ ထို့ကြောင့် သူ့ကို ကျန်းယွမ်အတွက်စဉ်းစားနိုင်သည်။
အနာဂါတ်တွင် လုပ်နိုင်စွမ်းအားရှိသည့်အမတ်မင်းဖြစ်သည့် ချူဝေ့က ပါရမီကြီးသည်။ သို့သော် ထိုအချိန်တွင် သူက ကိုင်တွယ်ကာ အတွေ့အကြုံယူရအုံးမည့် အစိုးရအရာရှိများ အပြည့်ရင်ဆိုင်ရအုံးမည်ဖြစ်သည်။ သူ၏ရေးဟန်က ပို၍လက်တွေ့ကျပြီး ကျော်ကြားမှု၊ ကြွယ်ဝမှုကို ဦးတည်နေသော်လည်း အချို့သောအကြံများကမူ မဖြစ်နိုင်သေးချေ။ သို့ရာတွင် သူ၏အဖေက အဆင့်နိမ့်အရာရှိသာဖြစ်နေသေးပြီး မူဝါဒရေးရာအဖွဲ့မှ အခြားသောအရာရှိများ၏ လာဘ်ထိုးမှုကိုလည်း မခံရသေးချေ။ ထို့ကြောင့် သူ့ကို ပန်းယွမ်အဖြစ်ရွေးရန် သင့်တော်သည်။
နောက်ဆုံးအနေနှင့် ထန်းဟွားနေရာကိုမူ နာမည်ကြီးချန်းယွီယန်ကို ပေးလိုက်၍ရသည်။ သို့သော် သူ့ကိုလည်း အများက ပါရမီရှိစာသင်သားအဖြစ် သတ်မှတ်ထားလေရာ သင့်တော်လေသည်။
တစ်ခဏခန့်တွေးတောပြီးနောက် တံခါးဝမှမိန်းမစိုးက လျှောက်တင်လေသည်။
"ချူဝေ့၊ ချန်းယွီယန်နဲ့ခုံးရီလင်းတို့က ဧကရာဇ်ကို လာရောက်ခစားပါတယ်"
သုံးယောက်လုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်ကြသည်။ ထို့နောက် မျက်နှာထားပြောင်းလဲခြင်းမရှိဘဲ ဒုတိယအဆင့်ခန်းမဆောင်ထဲသို့ အခြားသော ကျောင်းသားတိုင်း၏ မနာလိုကြီးသောမျက်ဝန်းအောက်တွင် ဝင်ရောက်သွားသည်။ သူတို့သုံးယောက်က ငယ်ရွယ်သည်။ ကျန်းမာသည်။ ပိန်ပါးသော လူချောလေးများဖြစ်၏။ ကုယွမ့်ပိုင်၏နှုတ်ခမ်းတွင် အပြုံးတစ်စရှိနေသည်။ သို့သော် ခုံးရီလင်း ဝင်လာကြောင်းမြင်သောအခါ ရုတ်ချည်းပျောက်ကွယ်သွား၏။
ခုံးရီလင်း၏ပုံစံက ရှင်းလင်းနေသည်။ သို့သော် မျက်လုံးကမူ အလွန်အမင်း လေးနက်၏။ အချို့သော လူများအတွက်မူ သူတို့၏မျက်ဝန်းတစ်ခုတည်းကပင် မျက်နှာတစ်ခုလုံးကို ဝင်းပသွားစေနိုင်သည်။ ခုံးရီလင်းက ထိုသို့သော လူမျိုးဖြစ်သည်။ သို့ရာတွင် ထိုမျက်ဝန်းတစ်စုံက မဟာဟန်မင်းဆက်၏လူမျိုးများနှင့် မတူညီခဲ့ချေ။
ကုယွမ့်ပိုင်၏ပြန့်ကျဲနေသောမှတ်ဉာဏ်အတွင်း အတွေးတစ်ခုက လင်းလက်လာသည်။ သူက ရုန်ချည်းဆိုသလို ခုံးရီလင်းက မည်သူဖြစ်ကြောင်း မှတ်မိလိုက်သည်။
အင်အားကြီးအမတ်ဆိုသောဝတ္ထုက ဟွမ်ချောင်က အင်အားဆက်တိုက် ကြီးလာသည့် သမိုင်းအချက်အလက်များကို အခြေခံထားခြင်းဖြစ်သည်။ ဟွမ်ချောင်သည် သူ၏အကျည်းတန်သောရုပ်ရည်ကြောင့် ထန်းရှီကျုံးဧကရာဇ်၏ပယ်ချခြင်းကိုခံရသည့် ကျင်းရှီဖြစ်သည်။ ထိုမတော်တဆမှုက ဟွမ်ချောင်ကို အောက်သို့ထိုးကျသွားစေခဲ့ပြီး ရှီကျုံးမှ ချန်အန်းသို့ ထွက်ပြေးစေခဲ့သေးသည်။
အင်အားကြီးသောအမတ်တွင် ခုံးရီလင်းက ကဏ္ဍတစ်ခုမှပါဝင်သည်။ သို့ရာတွင် သူက အကျည်းတန်နေခြင်းမဟုတ်ချေ။ သူက ဖယ်ချခံရသည့်အကြောင်းပြချက်ကမူ သူ့တွင် အနောက်ပိုင်း ရှားသွေးပါဝင်နေသောကြောင့်ဖြစ်သည်။
ကုယွမ့်ပိုင်က ဝိဉာဉ်ကူးပြောင်းလာခဲ့ခြင်းမရှိလျှင် အင်အားကြီးအမတ်လုဖုန်းက အစိုးရရေးရာကိစ္စများကို တာဝန်ယူနေသူဖြစ်နေအုံးပေမည်။ လုဖုန်းဟာ ခေါင်းမာပြီးလွှမ်းမိုးနိုင်စွမ်းအား ပြင်းထန်သူဖြစ်သည့်အလျှောက် အနောက်ပိုင်း ရှားသွေးပါသောလူများကို အရာရှိအဖြစ်ခန့်အပ်လိမ့်မည် မဟုတ်ချေ။
ထိုသို့ဖယ်ချခံရပြီးနောက် ခုံးရီလင်းက ဘာမှမရဘဲ ထွက်သွားခဲ့ခြင်းအားဖြင့် သူ၏မဟာဟန်ပြည်သားဆိုတဲ့နောက်ခံကို ချထားရစ်ခဲ့ကာ အနောက်ပိုင်း ရှားသို့သွားပြီး ပြည်တွင်း၏အင်အားကို တိုးတက်အောင်လုပ်ဆောင်ပေးခဲ့သည်။ သေးငယ်သော ရှားနိုင်ငံလေးတစ်ခုထဲက မဟာဟန်အားမြို့ငါးမြို့၊ ခြောက်မြို့ခန့်အထိ ဆက်ရှုံးသွားအောင် လုပ်ပေးနိုင်ခဲ့သည်။ ကုယွမ့်ပိုင်ကလည်း ရှင်းရှင်းလင်းလင်းမှတ်မိသည်မှာ မှန်ကန်နေမည်ဆိုလျှင် ရွှယ်ယွမ်က စစ်သည်တော်များကို ဦးဆောင်ပြီး သူ့ကို တိုက်ပွဲနယ်မြေတွင် တိုက်ခိုက်ခဲ့သောအခါ အရှိန်အဝါကြီးမြတ်သည့် ပြင်းထန်သည့်တိုက်ပွဲကြီးဖြစ်ခဲ့သေးသည်။
ကုယွမ့်ပိုင်က တဖြည်းဖြည်းချင်းပြုံးလိုက်သည်။
တစ်ခဏခန့်ကြာပြီးနောက် သူက စားပွဲနောက်မှထရပ်လိုက်ကာ ထိုသုံးယောက်ထံ လျှောက်သွားသည်။
ဧကရာဇ်၏ခန္ဓာကိုယ်မှ နန်းတွင်း၏အဖိုးတန်အမွှေးရနံ့ရှိသည်။ ထို့အပြင် အနံ့က နူးညံ့သည်ဟုထင်ရပြီး ကြော့ရှင်းသောအရှိန်အဝါမျိုးကို ထုတ်လွှတ်နေသေးပြန်သည်။ ထို့အပြင် ကြာရှည်ခံသည်။ အဆင့်အတန်းမြင့်၏။ ထိုအရာက ထူးခြားသောခံစားချက်တစ်ရပ်ကို ပေးစွမ်းသည်။ သို့သော် အထက်တန်းမြင့်သည်ဆိုသော စကားလုံးက လူတိုင်းထံ သယ်ဆောင်လာပေးသော အရာကမူ ပို၍ထင်ရှားလေသည်။
သူတို့သုံးယောက်လုံးက မတ်တပ်ရပ်နေကြသည်။ သူတို့သုံးယောက်လုံးက ဧကရာဇ်ထက်အရပ်မြင့်၏။ ထို့ကြောင့် လေးစားစွာဖြင့် ခေါင်းကိုအသားကုန်ငုံ့ထားပြီး ဧကရာဇ်ကို တိုက်ရိုက်မကြည့်မိအောင် ရှောင်သည့်တိုင်အောင် သူက လမ်းလျှောက်သွားသည့်အချိန်တိုင်းလိုလို သူ၏ကျောပြင်၏အပေါ်တွင်ဖြာကျနေသော အပြာရောင်ပိုးသားဝတ်ရုံကို မြင်နိုင်သေးလေသည်။
ခုံးရီလင်း၏မျက်လုံးကလည်း ရှီရှားမူရင်းဇစ်မြစ်ဖြစ်နေလေသည်။ သူ၏အမူအရာက မပြသည့်တိုင်အောင် သူက စိုးရိမ်နေသေးသည်။ ဧကရာဇ်က ချဉ်းကပ်လာကြောင်းမြင်သောအခါ သူက ခေါင်းကိုငုံ့သထက်ငုံ့လိုက်သည်။ သူ၏အရှိန်အဝါက အလွန်အမင်းနိမ့်ကျသွားသည်။
သို့သော် ဧကရာဇ်ကမူ သူ၏အရှေ့တွင်ရပ်သည်။
"ခုံးရီလင်း"
ဧကရာဇ်က ကျောက်စိမ်းပန်းကန်ပြားပေါ် ပုလဲလုံးလေးများ ကျသွားသလိုအသံမျိုးဖြင့် ပြောသည်။
"ကျန်းက မင်းရဲ့မူဝါဒဆောင်းပါးကို စစ်ဆေးပြီးပြီ၊ ရေးဟန်က အရမ်းကောင်း တယ်၊ ပျော်ပျော်ရွှင်ရွှင်ဖတ်ခဲ့ရပါတယ်"
ခုံးရီလင်းက နှိမ့်ချစွာဖြင့် ပို၍ပင်ကုန်းလိုက်သေးသည်။
"ဒီကျောင်းသားက အရှင်မင်းကြီး အသိအမှတ်ပြုတာကို ခံရဖို့မထိုက်တန်ပါဘူး"
ဧကရာဇ်က မိန့်သည်။
"မော့ပါ ကျန်း မင်းကိုကြည့်ပါရစေ"
ခုံးရီလင်းက ဘာသာရေးရာရုံးတော်ဌာနမှ အမတ်များက သင်ကြားပေးထားသော တော်ဝင်ယဉ်ကျေးမှုအတိုင်း လုပ်ဆောင်သည်။ သူက မျက်လွှာကိုချထားရင်းက ခေါင်းကို တဖြည်းဖြည်းချင်းမော့လိုက်သည်။ ထိုအခါ ဧကရာဇ်၏ရင်ဘတ်နားတွင်ရှိနေသည့် နဂါးဝတ်ရုံကိုမြင်လိုက်ရလေသည်။ သို့သော် ကုယွမ့်ပိုင်ကမူ သူ၏ရုပ်သွင်ကို အနီးကပ်ထင်ထင်ရှားရှားမြင်လိုက်ရသည်။ သူ၏မျက်လုံးများက ရှီရှားဇာတိဖြစ်ကြောင်း ပြသနေသည်။
သူက မျက်လွှာချထားသောကြောင့် သူ၏မျက်တောင်ရှည်များက သိပ်သည်းလွန်းဟန်ပေါ်နေသည်။ ထိုအရာများကိုကြည့်ရုံဖြင့်ပင် အရုပ်တစ်ရုပ်၏ မျက်တောင်များဟုပင် ထင်ရသေးသည်။
ကုယွမ့်ပိုင်က ထိုမျက်လုံးအရောင်ကို ရှင်းရှင်းလင်းလင်းမြင်ချင်သည်။ သို့သော် ခုံးရီလင်းကမူ အလွန်အမင်းထိတ်လန့်နေပုံရသည်။ သူက ကျင့်ဝတ်များကို တင်းတင်းကြပ်ကြပ်လိုက်နာ၏။ မျက်လွှာပင် အနည်းငယ်ဝေ့မလာခဲ့ချေ။ ရှင်းလင်းစွာဖြင့်ပင် ထိုမျက်လုံးများက သူ့ကို အများကြီးဒုက္ခရောက်စေခဲ့သည်မှာ ရှင်းလင်းနေသည်။
ဧကရာဇ်က ဆက်လက်တိတ်ဆိတ်နေသည်။ ခုံးရီလင်း၏နှလုံးသားက လေးလံလာ၏။ သူက ဝတ်ရုံကိုမပြီး ဒူးတစ်ဖက်ထောက်ချလိုက်သည်။
"ဒီကျောင်းသားက အပြစ်ရှိပါတယ်၊ အပြစ်ပေးဖို့တောင်းဆိုပါတယ်"
ကုယွမ့်ပိုင်က သက်ပြင်းရှည်ကြီးကိုချပြီး ငုံ့ကိုင်းကာ ထူမပေးလိုက်သည်။
"ဘာအမှားများလဲ"
မင်သက်နေသော ခုံးရီလင်းက သူ၏အကူအညီဖြင့်ထရပ်လိုက်သည်။ သူက စိတ်ရှုပ်ထွေးနေ၏။ ကုယွမ့်ပိုင်က ပေါ့ပါးစွာပြုံးသည်။
"ရီလင်းက ထူးချွန်တဲ့ပါရမီရှိတယ်၊ ကျန်းကလည်း မင်းရဲ့ဝန်ဆောင်မှုကို ခံယူဖို့မျှော်လင့်နေတာပါ၊ ကျန်းက ဘာလို့များ မင်းကို အပြစ်ပေးရမှာလဲ"
ချူဝေ့နှင့်ချန်းယွီယန်တို့ကမူ ဧကရာဇ်နှင့်အရာရှိကြားမှ အဆင်ပြေနေသော လေထုအခြေအနေကို စိုက်ကြည့်နေသည်။ တစ်ယောက်၏မျက်နှာအမူအရာက ပြောင်းလဲသော်လည်း အခြားတစ်ယောက်ကမူ နွေဦးလေပြေကဲ့သို့ပြုံးနေသည်။ နှစ်ယောက်လုံးက ယခုအခါမှသာ တော်ဝင်စာမေးပွဲဖြေဆိုချိန်က ဧကရာဇ်ဟာ ခုံးရီလင်း၏အပါးတွင် အချိန်အကြာကြီး ရပ်သွားခဲ့ကြောင်း မှတ်မိသွားကြသည်။
ဒီခုံးရီလင်းက ဘယ်လောက်ပါရမီကြီးလို့ သူက ဒီလောက်အထိထူးခြားနေတာလဲ။
ကုယွမ့်ပိုင်က ထိပ်ဆုံးသုံးယောက်ကို စကားအနည်းငယ်ပြောပြီးနောက် ပြန်ထွက်သွားခိုင်းလိုက်သည်။ သူတို့ထွက်သွားပြီးနောက် ကုယွမ့်ပိုင်က ဘာသာရေးရာဌာနမှ အမတ်များကိုမေးသည်။
"ချူဝေ့က ကျန်းယွမ်၊ ခုံးရီလင်းက ပန်းယန်၊ ချန်းယွီယန်ကတော့ ရန်ဟွားပဲ"
အရာရှိများအားလုံးက တည်ငြိမ်စွာဖြင့်လက်ခံကြသည်။
အဓိကခန်းမထဲမှ ချန်းယွီယန်က အမျိုးကောင်းသားတစ်ယောက်ကဲ့သို့ပြုံးသည်။ သူက အလျင်လက်ဦးမှုယူပြီး ခုံးရီလင်းကို သွားရောက်နှုတ်ဆက်ကာပြောသည်။
အပိုင်း ၂၈
"ညီနောင် ရီလင်း အရှင်မင်းကြီးက မင်းကို တအားကောင်းကောင်းဆက်ဆံတာပဲ၊ မင်းရဲ့အဆင့်က မနိမ့်ဘူးလို့ ငါယုံတယ်"
ခုံးရီလင်းကလည်း နှိမ့်ချစွာပြန်ဖြေသည်။
"ငါက တကယ်တော့ ပါရမီမရှိပါဘူး၊ ငါက ဒီလိုအရှင်မင်းကြီးရဲ့ ချီးကျူးတာမျိုးကိုခံရဖို့လည်း မထိုက်တန်ပါဘူး"
ချန်းယွီယန်၏နှလုံးသားက အေးစက်နေသည်။ ခုံးရီလင်းဟာ သူ၏ပါးစပ်ဖြင့် ကိုယ်တိုင်ပါရမီမရှိကြောင်းကြုံးဝါးရဲကောင်း ကြုံးဝါးရဲပေလိမ့်မည်။ သို့သော် သူ၏မျက်လုံးများကမူ တည်ငြိမ်နေပြီး ပြောင်းလဲမှုမရှိချေ။ သိသာစွာပင် သူကလည်း သူ၏စွမ်းရည်အပေါ် ယုံကြည်မှုရှိနေလေသည်။
ဧကရာဇ်က ယခင်တစ်ခေါက် ရွှယ်စံအိမ်တွင် ချန်းယွီယန်ကို လျစ်လျူရှုပြီးချိန်ကတည်းက ချန်းယွီယန်က မသက်မသာဖြစ်နေလေသည်။ ယခုအခါ ဧကရာဇ်ကို တစ်ဖန်ပြန်မြင်တွေ့ရသည်။ သို့သော် ဧကရာဇ်ကမူ ခုံးရီလင်းကိုသာ တစ်ချိန်လုံးကြည့်နေခဲ့သည်။
ဧကရာဇ်က လှပလွန်းသော ရှုခင်းတစ်ခုအလား လှပလွန်းနေသေးသည်။ ထို့ကြောင့် မည်သည့်နေရာကိုကြည့်ကြည့် ထိုနေရာတိုင်းကလည်း ကောင်းကင်သားတော်အပိုင်အဖြစ် သတ်မှတ်ခံရရန်ထိုက်တန်သည်။ သို့သော် ထိုကဲ့သို့ မြင့်မြတ်သောဧကရာဇ်တစ်ပါး၏အရှေ့တွင် ချန်းယွီယန်က မည်မျှပင် ပြင်းပြင်းထန်ထန်ကြိုးစားနေစေကာမူ ထိုဧကရာဇ်၏သဘောမကျခံရသည့် အနေအထားမျိုးကို ကြောက်လန့်သေးသည်။
ယခုအခါ ... ဒီခုံးရီလင်းလို့ခေါ်တဲ့လူရဲ့ မူဝါဒဆောင်းပါးက ဘယ်လိုများ ရေးသားထားလို့ ဧကရာဇ်က သူ့ကို အများကြီးတန်ဖိုးထားနေတာလဲ။
ချူဝေ့ကပင် ခေါင်းကိုလှည့်ပြီး ထိုနှစ်ယောက်ကို တစ်ချက်ကြည့်သည်။ သူက ခပ်မတ်မတ်သာရပ်ပြီး တိတ်ဆိတ်နေသည်။
သုံးယောက်လုံးက အတွေးကိုယ်စီနှင့်ဖြစ်သည်။ ထိုအချိန်တွင် ခန်းမထဲမှ သံစဉ်အချို့ ထွက်လာလေပြီး ချွမ်လုပရိတ်သတ်များကို စတင်ကာကြေညာပေးသည်။
ဖြေဆိုသူများအားလုံး၏အမူအရာက တည်တင်းနေကြသည်။ အချို့သော မိန်းမစိုးများကလက်ထဲတွင် အဝတ်အထည်များကိုသယ်ဆောင်လျက် စာသင်သားသစ်များကို အဝတ်အစားလဲခြင်း ပြီးဆုံးသွားသည့်အခါ သူတို့က မော့ကြည့်လိုက်သည့်အခိုက်တွင် ဧကရာဇ်က နဂါးပလ္လင်ပေါ်တွင်ထိုင်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
ချွမ်လုပရိတ်သတ်များ တွေ့ဆုံခွင့်ရသောနေရာက ရွှမ်ကျန်းခန်းမတွင် မဟုတ်ချေ။ ထို့အစား ကျယ်ပြောသောဧကရာဇ်၏လက်ခံတွေ့ဆုံသည့်ခန်းမဖြစ်နေသည်။ အရေးကြီးသော အဖြစ်အပျက်များဖြစ်သည့် စာမေးပွဲဖြေဆိုခြင်းက ပွဲတော်များနှင့် စစ်သည်တော်များကို ပို့ဆောင်ခြင်းအခမ်းအနားပွဲတို့ကိုသာ တွေ့ဆုံခြင်းခန်းမထဲတွင် ကျင်းပလေ့ရှိသည်။ သည်တစ်ကြိမ်တွင်လည်း အရာရှိရာကျော်က တန်းစီလျက် ရပ်နေကြပြီး ကျင်းရှီအသစ်က အလယ်တွင်ရပ်ရသည်။ လေထုက တိတ်ဆိတ်နေသည်။ လူအများစုက အသက်ရှူပင်အောင့်ထားကြ၏။
ထိုသို့လေးလံနေသောလေထုထဲတွင် မျက်စိအဖမ်းစားဆုံးအရာက ဧကရာဇ် ထိုင်နေသောနေရာဖြစ်သည်။
မိန်းမစိုးက သူ့ကိုကူညီကာ တော်ဝင်အရာရှိဝတ်စုံဝတ်ဆင်ပေးသည့် အနေအထားကို အခွင့်ကောင်းယူပြီး ခုံးရီလင်းက ခေါင်းမော့ကာ ဧကရာဇ်ကို ကြည့်လိုက်သည်။ ထိုတစ်ခဏတွင် သူက မင်သက်သွား၏။ ထို့နောက် အသက်မြန်မြန်ရှူပြီး အသိပြန်ဝင်သွားသည်။
ဧကရာဇ်၏နဂါးဝတ်ရုံက ထူထဲသည်။ သေချာပေါက်လေးလံနေလောက်သည်။ သို့သော် မျက်နှာကမူ ဝတ်စုံအရောင်ကြောင့် တောက်ပနေပြန်သည်။
လောကမှာ အာဏာရှိတဲ့သူတွေ၊ အဆင့်အတန်းမြင့်တဲ့သူတွေရဲ့ရုပ်ရည်က ဒီလိုပဲလား။
ခုံးရီလင်းက ထိုတစ်ခဏတွင် ထိုလူဟာ ဒီလောကမှ အဆင့်အတန်းအမြင့်ဆုံး အထက်တန်းစား အမျိုးကောင်းသားဖြစ်ကြောင်း သိလိုက်သည်။
တစ်ချက်ကြည့်ရုံဖြင့် ထိုလက်လှမ်းမမီနိုင်သော တစ်စုံတစ်ယောက်ဖြစ်ကြောင်း သိနိုင်လေသည်။
စာသင်သားအသစ်များထဲတွင် ခေါင်းမာသောလူအနည်းစုလောက်ကသာ ဧကရာဇ်ကို ခိုးကြည့်ရဲသည်။ နန်းတွင်းအခမ်းအနားကို တာဝန်ယူစောင့်ကြပ်နေသူများ အားလုံးက နာမည်များကိုခေါ်ပြီးနောက် ထိုကျောင်းသားများအားလုံးက ခေါင်းအသင့်ငုံ့လျက် ကြေညာချက်ကို စောင့်ဆိုင်းကြသည်။
"ပထမနေရာက ပညာသင်သားချူဝေ့"
ချူဝေ့၏မျက်ဝန်းက တောက်ပသွားသည်။ သူက မတ်တပ်ထရပ်လိုက်ပြီး ခြေလှမ်းအနည်းငယ် ရှေ့သို့လှမ်းတက်သည်။ ထို့နောက် ဦးတည်ရာဘက်တစ်ခုအတိုင်း လိုက်ပြီးနောက် ဘယ်ဘက်ခြမ်းရှိမြေပြင်တွင် ဒူးထောက်ချလိုက်သည်။ သူ၏တည်ငြိမ်ကာ ချုပ်ထိန်းထားသောမျက်နှာက ကော့တက်နေသော နှုတ်ခမ်းထောင့်စွန်းများကို မထိန်းထားနိုင်ချေ။ သူက ဖျော့တော့စွာပြုံးနေ၏။ ထို့နောက် ယခင်က ... ဘေးအရန်အခန်းထဲမှ ဧကရာဇ်က ခုံးရီလင်းကိုပင် အထူးတလည် မျက်နှာသာပေးနေခဲ့တယ်၊ သူတောင်မှ ဒီငယ်ရွယ်တဲ့ဧကရာဇ်က ခုံးရီလင်းကို ကျွမ်းယွမ်ဘွဲ့ချီးမြှင့်တော့မယ်လို့ တွေးမိခဲ့တာ။
ခုံးရီလင်း၏မျက်နှာက မပြောင်းလဲချေ။ သို့သော် သူ၏နှလုံးသားအတွင်း စိတ်ပျက်မှုက ကြီးစိုးလာသည်။ ခုံးရီလင်းကိုယ်တိုင်ကလည်း ရသည်ဟုခံစားရ၏။ သူ၏မျက်လုံးကြောင့် အများကြီးဒုက္ခခံရပြီးသည့်အချိန်တွင် နန်းတွင်းစာမေးပွဲကို အောင်မြင်စွာ အောင်သွားခဲ့သေးသည်။ သို့သော် ယခုအခါတွင်မူ သူက လောဘကြီးလွန်းခဲ့၏။ သူက နံပါတ် ၁ ဖြစ်ချင်ခဲ့သည်။ ထိုအရာက အရယ်ရဆုံးကိစ္စဖြစ်နိုင်သည်။
အခမ်းအနားကို တာဝန်ယူဆောင်ရွက်ပေးသည့်အရာရှိက နာမည်တစ်ခုပြီးတစ်ခု ဆက်ခေါ်သည်။
"ဒုတိယနေရာကတော့ ခုံးရီလင်း"
ခုံးရီလင်းက အသက်ပြင်းပြင်းရှူသည်။ သူက ချူဝေ့ညာဘက်ခြမ်းသို့ လျှောက်သွားပြီး ဒူးထောက်ချလိုက်သည်။
"တတိယနေရာက ချန်းယွီယန်"
ထိုသို့နာမည်ခေါ်ပေးခြင်းက နာရီဝက်ခန့်ကြာသည်။ နာမည်များအားလုံး ခေါ်ပြီးနောက် ကျင်းရှီအသစ်များက အရာရှိရာကျော်၏အနောက်တွင် သုံးကြိမ်ဒူးထောက်ကာ ကိုးကြိမ်တိုင်တိုင် မြေပြင်ကိုဦးတိုက်ဂါရဝပြုသည့် ဓလေ့ကို လုပ်ရသည်။ အမြင့်ဆုံးထိုင်ခုံတွင်ထိုင်နေသည့် ကုယွမ့်ပိုင်က အဖွဲ့လိုက်ဂါရဝပြုမှုကို စောင့်ကြည့်နေရင်း ယစ်မူးသောပုံစံမျိုးဖြင့် လေရှိုက်ထုတ်လိုက်သည်။
ဧကရာဇ်ဖြစ်ရတာက စွဲစေတဲ့အရာမျိုးပဲ။
သူကလည်း လူတိုင်းက သူ့ကိုကိုးကွယ်နေကြောင်း မြင်သောအခါ ပုံမှန်အားဖြင့် ထောင်လွှားမောက်မာသောအမတ်တိုင်းက သူ့ရှေ့တွင် တရိုတသေ ဒူးထောက်နေကြောင်းမြင်သောအခါ အလွန်စွဲလမ်းမိစေသည့်ခံစားချက်မျိုးကို ခံစားရလေသည်။
ကုယွမ့်ပိုင်က သူ့ကိုယ်သူ အသိဝင်နေအောင်ကြိုးစားရသည်။ သူက လမ်းလွှဲလိုက်သူ မဟုတ်နိုင်ချေ။
ချွမ်လုပရိတ်သတ်များအားလုံးက ထွက်ခွာသွားသောအခါ ကျင်းရှီအသစ်က အရာရှိအသစ်များကို သွားရောက်ဂါရဝပြုကာ ချီးကျူးရသည်။ ထို့နောက် လူအုပ်က ရှင်းသွား၏။ ကြီးမားသော နန်းဆောင်အတွင်းတွင် ကျန်ရစ်ခဲ့သောလူက ကုယွမ့်ပိုင်နှင့်နန်းတွင်းအစေခံများသာဖြစ်သည်။ ကုယွမ့်ပိုင်၏မျက်နှာက နောက်ဆုံးတွင် မောပန်းမှုကိုပင်ပြသလာသည်။ ထန်းဟူရှန်းက သူ့ကို ရေနွေးကြမ်းပေးလာသည်။
"အရှင်မင်းကြီး အချိန်က စောပါသေးတယ်၊ ဘာလို့ ရေပူစမ်းမှာ မစိမ်တာပါလဲ"
ကုယွမ့်ပိုင်က စိတ်ဝင်စားသွားသည်။ သူက ရေနွေးကြမ်းတစ်ငုံသောက်ပြီးနောက် ခေါင်းငြိမ့်သည်။
"ကောင်းတယ်"
ရေပူစမ်းရှိသောနေရာက ဧကရာဇ်အိပ်ဆောင်ရှိရာဘက်ခြမ်းတွင်ဖြစ်သည်။ ကုယွမ့်ပိုင်က ရောက်သွားသောအခါ ရေပူစမ်းကန်ကြီးက ဝေဝါးသောမြူထုများ ဆိုင်းနေကြောင်း တွေ့လိုက်ရသည်။
ကန်ထဲရှိရေများက ရေပူစမ်းကန်များမှ ဆက်တိုက်စီးထွက်လာခြင်းဖြစ်ပြီး သဘာဝ၏ရေသင်းရနံ့ကို သယ်ဆောင်ထားသည်။ ပတ်ဝန်းကျင်တွင်လည်း အမွှေးနံ့သာတိုင်များ၊ ဖယောင်းတိုင်များထွန်းညှိထားပြီး နေ့အလား လင်းရှင်းနေလေသည်။ ရေပူစမ်း၏ပြူတင်းပေါက်အပြင်ဘက်မှ တောက်ပမှုနှင့်ပင် အတွင်းမှအလင်းက ယှဉ်နိုင်သေး၏။ ထို့အပြင်ရေပူစမ်းခန်းမကြီးကလည်း ခမ်းနားသည့်တော်ဝင်ပုံစံမျိုးနှင့်ဖြစ်သည်။
ထျန်းဟူရှန်းက ဧကရာဇ်အတွက် နဂါးဝတ်စုံကို ဖယ်ရှားပေးနေချိန်တွင် ရုတ်တရက် နန်းတွင်းအစောင့်တော်တစ်ယောက်က သတင်းပို့လာသည်။
"အရှင်မင်းကြီး ဗိုလ်ချုပ်ရွှယ်ရဲ့သား ရွှယ်ယွမ်က အရှင်မင်းကြီးကို တွေ့ခွင့်တောင်းနေပါတယ်"
ကုယွမ့်ပိုင်၏ဖြူဖွေးသောမျက်နှာတွင် အပြုံးတစ်ခုကပေါ်လာသည်။
ဆိုတော့ သူက နန်းတွင်းကို ဝင်ချင်စိတ်ရှိသွားပြီပေါ့။
သူက ရွှယ်ယွမ်ကိုနန်းတွင်းဝင်ပြီး သူ့ကိုအဖော်ပြုခိုင်းရန် သဘောတူပြီးချိန် ကတည်းက ရွှယ်ယွမ်က နန်းတွင်းသို့ဝင်မလာခဲ့ချေ။ သူက အချိန်တစ်ခုကြာ စောင့်နေသေးသည်။ သို့သော် တစ်ပတ်ပြီးတစ်ပတ်ကုန်လာသည့်အခါ စိတ်မရှည် နိုင်တော့ချေ။
ရှင်းလင်းစွာဖြင့်ပင်
... သေချာပေါက်ကိုပဲ ငါက သူ့ကိုကောင်းကောင်းမသင်ပေးရင် သူက မနာခံတတ်တော့ဘူး၊ ငါက သူ့ကိုမရိုက်ရင် သူက နားထောင်မှာမဟုတ်ဘူး။
ကုယွမ့်ပိုင် "ထျန်းဟူရှန်း မင်း ခွေးတစ်ကောင်ကို ယဉ်ပါးအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိလား"
"ခွေးတစ်ကောင်လား"
ထျန်းဟူရှန်းက ကြောင်တောင်တောင်ဖြစ်သွား၏။ ထို့နောက် ရိုးသားစွာပြန်ဖြေ ၏။
"ခွေးကောင်းဖြစ်ဖြစ် ခွေးဆိုးဖြစ်ဖြစ် အရေးမကြီးပါဘူး၊ မနာခံတဲ့ခွေးဆိုရင် သေးငယ်တဲ့အကောင်ဆိုရင်တောင်မှ အရိုက်ခံရမှာကိုကြောက်တဲ့အတွက် နာခံရကောင်းမှန်းသိပါတယ်၊ မနာခံဘဲ ဆက်ရှိနေမယ်ဆိုရင်တော့ ရက်အနည်းငယ်လောက် အငတ်ထားလိုက်ပါ၊ သူက ဆာလောင်လာပြီး အသားစားချင်လာတဲ့အခါ ပိုပြီးမနာခံသွားနိုင်ဘူးလား"
ကုယွမ့်ပိုင်က မျက်ခုံးပင့်ကာပြုံးသည်။
"ထျန်းဟူရှန်း မင်း ပြောတာကောင်းတယ်"
အပြင်ဘက်ဝတ်စုံက တစ်လွှာပြီးတစ်လွှာကျွတ်သွားသည်။ ကုယွမ့်ပိုင်က ပျင်းရိစွာဖြင့် အမိန့်ပေး၏။
"သူ့ကို ဝင်လာခိုင်းလိုက်ပါ"
ထိုသို့ဖြင့် အပြင်ဘက်မှ ခြေလှမ်းသံများကထွက်လာသည်။ ရွှယ်ယွမ်၏ အရပ်မြင့်မားကာ ထောင်မောင်းသောခန္ဓာကြီးက သူ၏ယခုလေးတင်ရကာစ နန်းတွင်းအစောင့်ယူနီဖောင်းကို ဝတ်ထားသည်။ သူက မြူထဲကိုဖြတ်လျှောက်လာသည်။ ကြီးမားသောနန်းတော်အတွင်းရှိ ဘယ်ညာတံခါးပေါက်များစွာကို ကျော်ဖြတ်ခဲ့ပြီးနောက် အဆုံးတွင် ကုယွမ့်ပိုင်၏အရိပ်ကို တွေ့လိုက်သည်။
သူက လျှောက်ဝင်လာသောအခါ ရွှယ်ယွမ်ဟာလည်း ဧကရာဇ်ဟာ တောက်ပသည့်အဝါရောင်အတွင်းရှပ်လောက်ကိုသာ ဝတ်ဆင်ထားကြောင်း တွေ့လိုက်သည်။
သူက ပိန်ပြီးသားဖြစ်သည်။ ယခုအခါ ပို၍ပင်ပိန်သွားသေးသည်။ သူ၏အနက်ရောင်ဆံပင်က ကျောဘက်တွင်ဖြာကျနေသည်။ အနက်ရောင်ဆံပင်က မျက်စိဖမ်းစားလွန်းသည်။ ရွှယ်ယွမ်က အပူဓါတ်ထုတ်လွှတ်တတ်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး သူ၏ခန္ဓာကိုယ်ဝန်းကျင်တွင် နွေးထွေးသောအငွေ့များ ပျံ့လွင့်နေလေ့ရှိသည်။ သူက ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည့်အချိန်တွင်ပင် ထိုနေရာက သူ့ကို ချွေးပြန်စေပြီဖြစ်သည်။
မြူများဝိုင်းနေသော ရွှယ်ယွမ်က သိပ်မဝေးသောနေရာတွင်ရှိသည့် ဧကရာဇ်ကို ဂါရဝပြုလိုက်သည်။
"ကောင်းမွန်တဲ့နေ့ရက်ပါ အရှင်မင်းကြီး"
သူက ထိုသို့ပြော၍ဆုံးသွားသည့်အချိန်တွင် ငယ်ရွယ်သောဧကရာဇ်က ဘေးတစ်စောင်းလှည့်လာပြီး ခေါင်းအသာငြိမ့်ပြသည်။
"ခေါင်းမော့ပါ"
ငယ်ရွယ်သောဧကရာဇ်၏သရဖူကို ဖယ်ထားသည်။ သူ၏အနက်ရောင် ဆံပင်များက မျက်နှာပေါ်သို့ပင်ဖြာကျနေသေး၏။ သည်နည်းအားဖြင့် သူ၏အမြဲတစေ အေးစက်နေတတ်ပြီး တင်းမာနေသောမျက်နှာလေးကို အနည်းငယ်နူးညံ့ပုံ ပေါ်သွားစေသည်။
ရွှယ်ယွမ်ကလည်း ထိုမျှညင်သာသောအမူအရာနှင့်ဧကရာဇ်ကို မမြင်ဖူးသေးချေ။ သူ
You are reading the story above: TeenFic.Net