သူ့အား ငြိမ်းငြိမ်းချမ်းချမ်းအနားယူနေပြီး ဒုက္ခမများရန် ဖျောင်းဖျလိုက်သည်။
မကြာခဏဆိုသလို လေအေးမိပြီးသွားသောအခါ ကုယွမ့်ပိုင်အနေဖြင့် ထိုအဖျားနှင့်ပတ်သက်ပြီး အတွေ့အကြုံရှိနေလေပြီ။ ထို့ကြောင့် သူ၏အခြေအနေက လေးနက်ပုံရသည်။ သည်အတိုင်းဆိုရသော် ယခင်တစ်ခေါက်က သူ့အား သတ်လုနီးပါးဖြစ်သွားသော အအေးဒါဏ်လောက် မပြင်းထန်သေးချေ။ အတွေ့အကြုံအရ သူက ရက်အနည်းငယ် အားမွေးလိုက်ရုံဖြင့် ပြန်လည်ကောင်းမွန်ပေလိမ့်မည်။
ကုယွမ့်ပိုင်က တည်ငြိမ်နေသည်။ နန်းတွင်းထဲရှိမီးဖိုကိုလည်း မွှေးထားသည်။ ထို့အပြင် သူ့လက်ထဲတွင်လည်း အပူပေးသောအဝတ်ကို ကိုင်ထားသလို အပေါ်မှလည်း ခပ်ထူထူဝတ်ရုံဖြင့် အုပ်ထားသေးသည်။ သူက ထိုစားပွဲနားတွင် တည်ငြိမ်စွာ ထိုင်ပြီးနောက် မှတ်တမ်းများကို ဖတ်ရှုနေလိုက်သည်။
“ကျင်းရှီအသစ်က ဒီပစ္စည်းတွေကို ကျင့်သားရအောင်သုံးနိုင်ဖို့ သေချာစေရမယ်”
ဧကရာဇ်အသစ်က ချောင်းအသာဟန့်သည်။ သူ၏အသံက အနည်းငယ်ဩရှ နေသေးသည်။
“သူတို့ကို အောက်ခြေကနေစပြီးလုပ်ခိုင်း၊ အဲ့ဒီပြည်နယ်တွေက အစိုးရကိုလည်း ဒီဇယားကွက်တွေကို နမူနာပုံစံအတိုင်း မှတ်တမ်းတင်နိုင်ဖို့ ကျင့်သားရပါစေ၊ သူတို့က ဒီနည်းလမ်းတွေကိုသုံးပြီး မှတ်တမ်းတင်လာမှပဲ အမိန့်ပေးတဲ့စာရင်းအတွင်းမှာဝင်နိုင်ပြီး လုပ်ရိုးလုပ်ထုံးက ပြီးမြောက်နိုင်မယ်”
ကျန်းရှီခန်းမမှ ပြည်နယ်ဝန်ထမ်းရေးရာဌာနမှအမတ်နှင့် တရားဝင်အကြီးအကဲက ထိုစကားကိုကြားသောအခါ တုန်ယင်သွားသည်။
“အရှင်မင်းကြီး အရှင်မင်းကြီးရဲ့တော်ဝင်ခန္ဓာကိုယ်က အရေးကြီးဆုံးပါ၊ ဒီအမတ်တွေက ကောင်းကောင်းလုပ်ထားပါ့မယ်၊ ဒါကြောင့် အရှင်မင်းကြီး မစိုးရိမ်ပါနဲ့”
ကုယွမ့်ပိုင်၏အသားအရေက ပုံမှန်မဟုတ်လောက်အောင်နီရဲနေသည်။ သူက ခေါင်းကိုအသာမော့ပြီး နဖူးကိုအသာပွတ်သည်။ သူက နွေးထွေးသောလေပူများကို မှုတ်ထုတ်သည်။
“အရမ်းကောင်းတယ်”
အရာရှိနှစ်ယောက်နှင့်အစောင့်ခေါင်းဆောင်က စိတ်အေးသွားသလို သက်ပြင်းချ သည်။
အရာရှိနှစ်ယောက်ထွက်သွားပြီးနောက် ကုယွမ့်ပိုင်က တော်ဝင်အိပ်ယာပေါ်သို့ ပြန်သွားသည်။ ထို့နောက် ခေါင်းလှည့်လိုက်ပြီး ကျောပေးထားသော အစောင့်ခေါင်းဆောင်ကိုကြည့်သည်။ သူက တအံ့တဩပြော၏။
“ကျန်းကတော့ အေးနေတယ်၊ မင်းကတော့ ပူနေမှာပဲ”
အစောင့်ခေါင်းဆောင်က အလွန်ဖြောင့်မတ်သည်။ သူက ဘာပြောရမှန်း မသိတော့ချေ။
အနှစ်ချုပ်ဆိုရသော် ရွှယ်ယွမ်က ခပ်မတ်မတ်ရပ်နေလျက် မျက်နှာတွင် ချွေးများရွှဲနေပြီး တည်ငြိမ်စွာသာပြန်မေးလိုက်သည်။
“အရှင်မင်းကြီးက အေးနေတုန်းပါပဲလား”
ကုယွမ့်ပိုင် “ဘယ်လိုပဲဖြစ်ဖြစ် ကျန်းကတော့ မင်းထက်ပိုအေးတယ်လို့ ခံစားရတယ်”
ရွှယ်ယွမ်ကရယ်သည်။
“ဒီအရာရှိကတော့ပူတယ်၊ အရှင်မင်းကြီးဆီကို ဒီအပူတွေလွှဲပေးနိုင်မယ့် နည်းလမ်းရှိရင် ကောင်းမှာပါပဲ”
ယခင်တစ်ခေါက်တွင် ရွှယ်ယွမ်က ကုယွမ့်ပိုင်ကိုရန်စခဲ့ပြီးနောက် ကုယွမ့်ပိုင်က သူ့ကို တစ်ကြိမ်အပြစ်ပေးခဲ့သည်။ ဆိုလိုသည်မှာ ထိုကိစ္စက ကြေသွားလေပြီး အပြစ်လုပ်ခဲ့သော ထိုအချက်ကို ထည့်သွင်းစဉ်းစားရန် မလိုအပ်တော့သောကြောင့် ကဏ္ဍအသစ်တစ်ခုသို့ ရောက်ရှိသွားပြီဟု ယူဆမိသည်။ သူတို့နှစ်ယောက်က စိတ်နေသဘောထားတူညီသည်။ တစ်ယောက်ကိုတစ်ယောက်လည်း ကောင်းကောင်းသိကြ၏။ ထိုအတွက်ကြောင့် ရေကန်အတွင်းမှကိစ္စက ဘယ်သောအခါကမှ မဖြစ်ပျက်ခဲ့သလိုမျိုး ယူဆလိုက်ကြသည်။ ထိုစကားများကိုကြားသောအခါ ကုယွမ့်ပိုင်က မျက်ခုံးပင့်သည်။ သူက ရွှယ်ယွမ်ကို သူ၏ခြေထောက်ကို အနွေးဓါတ်ပေးခိုင်းခဲ့သည့်မြင်ကွင်းကိုပင် သတိရသွား၏။
ရွှယ်ယွမ်က နာခံချင်ဟန်ဆောင်နေသဖြင့် သူက ထိုသို့အမိန့်ကို ပေးခဲ့ခြင်းဖြစ်သည်။ စာအုပ်ထဲရှိမူရင်းဇာတ်ကြောင်းထဲမှ အနာဂါတ်ဘုရင်ခံအကြောင်း တွေးမိသောရွှယ်ယွမ်က ခွေးတစ်ကောင်လိုအကျင့်ဆိုးသည် ကုယွမ့်ပိုင်က သူ့ကို အစေခံတစ်ယောက်၏တာဝန်များကို လုပ်ခိုင်းသောအခါ သူ၏မျက်နှာတွင် ပြုံးနေသေးသည့်တိုင်အောင် ခွေးရူးက ခွေးရူးဖြစ်သည်။ သူ၏နှလုံးသားထဲတွင် ကလဲ့စားချေလိုစိတ် အလွန်ပြင်းထန်နေနိုင်၏။
သို့သော် ထိုကိစ္စက အရေးမကြီးချေ။ သူက လှုပ်ရှားရဲလျှင် ကုယွမ့်ပိုင်က သူ့ကိုရိုက်ရဲသည်။ သူ့ကို တိုက်ရိုက်ကြောက်သွားစေနိုင်သည်။ ခွေးရူးကပင် နာကျင်မှုကို ခံစားရနိုင်၏။
“မလိုအပ်တော့ဘူး”
ကုယွမ့်ပိုင်ကပြောသည်။
“ပြန်တော့ ကျန်း အနားယူချင်ပြီ”
ငယ်ရွယ်သောမိန်းမစိုးက ဧကရာဇ်အိပ်ပျော်စေနိုင်ရန်အလို့ငှာ အမွှေးနံ့သာတိုင်ကို စတင်ကာမီးထွန်းညှိသည်။ ထူထဲသောမီးခိုးငွေ့များက အမွှေးနံ့သာခွက်အတွင်းမှ ထွက်လာသည်။ နန်းဆောင်တစ်ခုလုံးကို ခါးသီးသောဆေးရနံ့က လွှမ်းခြုံသွား၏။ အနီးကပ်ခစားသော အမျိုးသမီးအစေခံအချို့နှင့် မိန်းမစိုးများက အတွင်းခန်းမထဲမှ ထွက်ခွာသွားကြသည်။ ကုယွမ့်ပိုင်က အိပ်ဆောင်ဝင်ရန် စောင့်ဆိုင်းနေသည့်အချိန်တွင် မိန်းမစိုးငယ်လေးက သန့်စင်သော သိုးအဝသားကျောက်စိမ်းတုံးလေးကို ယူလာပေးပြီး သူ၏ခေါင်းအုံးဘေးနားတွင် ထားပေးသည်။
[ဖြူဖွေးသောထိပ်တန်းအဆင့်ကျောက်စိမ်း]
သိုးအဝသားကျောက်စိမ်းက ချောမွေ့နေပြီး ပိုးသားကဲ့သို့ပင် ထင်ရသေးသည်။ နှစ်ခြိုက်စွာ အိပ်ပျော်အောင်ကူညီပေးနိုင်၏။ ဧကရာဇ်ကလည်း အိပ်ဆောင်ဝင်ချိန်တိုင်းလိုလို အရည်အသွေးကောင်းမွန်လွန်းသော ကျောက်စိမ်းများနှင့် ဆော့ကစားရခြင်းအား သဘောကျသည်။ သူ၏အိပ်ယာဝန်းကျင်တွင်လည်း ထိပ်တန်းအဆင့်အရည်အသွေးရှိသော ကျောက်စိမ်းတုံးပေါင်းများစွာရှိတတ်၏။
ကုယွမ့်ပိုင်က တစ်ချက်ကြည့်ပြီး သူ လွှင့်ပစ်ခဲ့ဖူးသည့် အရည်အသွေးကောင်းသည့် ကျောက်စိမ်းတုံးတစ်တုံးကို သတိရသွားသည်။
“အရှင်မင်းကြီးက ဒီကျောက်စိမ်တုံးကို သဘောမကျပါဘူးလား”
မိန်းမစိုးငယ်လေးက သူ၏အမူအရာကို ကြည့်လျက်ပြောသည်။
“ဒါက အကောင်းဆုံးအရည်အသွေးရှိတဲ့ ဟယ်ထျန်းကျောက်စိမ်းသားပါ၊ ရေလိုကြည်လင်ပြီး အညစ်အကြေးတစ်စွန်းတစ်စတောင်မရှိပါဘူး၊ ဒီအစေခံက ဟယ်ထျန်း ယူပေးသင့်ပါသလား”
“ဒီတစ်ခုပဲ”
ကုယွမ့်ပိုင်က ကျောက်စိမ်းတုံးလေးကို လှမ်းကိုင်လိုက်ပြီး ဆော့ကစား နေလိုက်သည်။
“လိုက်ကာကိုချလိုက်ပါတော့ ကျန်းအနားယူချင်ပြီ”
ဧကရာဇ်က ဖျားနာကြောင်းသတင်းရချိန်တွင် မင်းသားဟယ်က တော်ဝင်ကြင်ယာတော်နှင့်အတူ ညစာစားနေချိန်ဖြစ်သည်။ သတင်းဝင်ရောက်သောအခါ မင်းသာဟယ်၏ဟင်းကို လှမ်းယူလျက်သားလက်က ရမ်းခါသွားသည်။ တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူက မေးသည်။
“နန်းတွင်းမှာ ဧကရာဇ်ကို ခစားတဲ့လူတွေ ဘယ်ရောက်ကုန်လဲ”
နာခံမှုအပြည့်နှင့်အစေခံတွေအားလုံးက တစ်ခွန်းမျှဆက်မပြောရဲကြချေ။ မင်းသားဟယ်က ရုတ်တရက်ဒေါသထွက်သွားပြီး ချက်ချင်းထရပ်လိုက်သည်။ သူ၏နားထင်ကြောက ဖောင်းတက်နေ၏။ အပြာရောင်သွေးကြောများက ပေါက်ထွက်လာတော့မည်ဟု ထင်ရသည်။ သူက သူ့ကို သတင်းလာပို့သောလူကို စိုက်ကြည့်သည်။
“နန်းတွင်းကလူတွေအားလုံး သေကုန်ပြီလား”
“သူတို့က သေနေလို့လား”
သူကအော်သည်။
“ဘယ်လိုကြောင့်များ အရှင်မင်းကြီးကို အအေးမိအောင် လုပ်ရဲရတာလဲ”
သူက စားပွဲကိုတွန်းလိုက်သည်။ အပေါ်ရှိဝိုင်ခွက်များအားလုံးက လဲကျသွားပြီး ဟင်းပွဲများနှင့်အတူ မြေပေါ်သို့ကျသွားသည်။ ထိုသို့ဖြင့် ကြောက်မက်ဖွယ်ကောင်းသော ကွဲအက်သံက ထွက်ပေါ်လာသည်။
မင်းသားဟယ်၏မျက်လုံးများက မဲမှောင်နေသည်။ သူ၏ဒေါသက ထိန်းချုပ်မှု လွတ်ကင်းလုနီးပါးဖြစ်သွား၏။ သူ၏အမူအရာက ကြောက်စရာကောင်းနေသည်။
ဘေးနားမှ တော်ဝင်မင်းသမီးကလည်း အော်ငိုသည်။ ကွဲသွားသောအပိုင်းအစများကို ရှောင်ရန်အလို့ငှာ သူမက ခပ်မြန်မြန်မတ်တပ်ထရပ်၏။ မြေပြင်တွင် အညစ်အကြေးများလည်းရှိနေသည်။ သူမက ပါးစပ်ကိုအုပ်ထားပြီး မျက်ရည်များနှင့်အတူ မင်းသားဟယ်ကိုကြည့်သည်။ သူမက ခြောက်ခြားနေ၏။
မင်းသားဟယ်က လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ၏ကြွက်သားမှ သွေးကြောများက ထောင်တက်နေပြီး ကွဲအက်သံပင်ထွက်လာစေ၏။ သူက အနီးအနားရှိလူတိုင်းကို စိုက်ကြည့်ကာအော်သည်။
ထိုလူများအားလုံးက အလန့်တကြား ဒူးထောက်လိုက်ကြရသည်။
“အရှင် အရှင် အရှင်”
မင်းသားဟယ်က အသက်ပြင်းပြင်းရှူသွင်းပြီးနောက် တည်ငြိမ်သွားသည်။
“ရထားလုံးပြင်”
မင်းသားဟယ်က နန်းတွင်းသို့ရောက်လာသောအခါ ဧကရာဇ်၏အိပ်ဆောင် အပြင်ဘက်တွင် စိုးရိမ်တကြီးဖြစ်နေကြသော အရာရှိများက စောင့်နေကြပြီဖြစ်သည်။ သည်နှစ်တွင်ပင် ဧကရာဇ်က ယခင်တစ်ခေါက်က အအေးမိချိန်က အတွင်းနန်းဆောင်မှလူများကို ကြောက်လန့်စေခဲ့ရုံသာမကလေဘဲ ခုံရုံးတစ်ခုလုံး ကိုလည်း မုန်တိုင်းထန်စေခဲ့၏။ ယခုအခါ ဧကရာဇ်က သူတို့၏ကျောရိုးဖြစ်သည်။ အရာရှိတိုင်းကလည်း ထိုအကြောင်းအရာကိုဆက်ပြီး မတွေးရဲချေ။
ယခုအခါ မင်းသားဟယ်ကရောက်လာသည်။ အရာရှိတိုင်းက သူ့ကို ဝိုင်းလိုက်ကြပြီး အလျင်စလိုမေးကြသည်။
“မင်းသားဟယ် အရှင်မင်းကြီးက ထပ်ဖျားပြန်ပြီလား၊ မင်းသိပြီးပြီလား”
“မင်း ဘယ်လောက်အထိသိထားလဲ၊ ဒီဖျားတာက ပြင်းထန်လား၊ အန္တရာယ်များနိုင်လား၊ အရှင်မင်းကြီး ဘယ်လိုများခံစားနေရလဲ၊ တော်ဝင်သမားတော် တွေက ဘာတွေများပြောကြလဲ”
မင်းသားဟယ်က တည်ငြိမ်နေပြီးတိတ်ဆိတ်နေသည်။ အရာရှိများကလည်း သူ၏ထိုအမူအရာကိုမြင်သော် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး မေးခွန်းများ ဆက်မမေးကြတော့ချေ။ တစ်ခဏခန့်ကြာပြီးနောက် နန်းဆောင်အတွင်းမှ မိန်းမစိုးက ထွက်လာပြီး ပြုံးလျက်ပြောသည်။
“ဧကရာဇ်က အခုအနားယူနေပါပြီ၊ အလျင်လိုတာများရှိနေလား၊ အဲ့ဒီလိုဆိုရင်တော့ ဒီအစေခံက အရှင်မင်းကြီးကို နှိုးပေးပါ့မယ်၊ အဲ့ဒီလိုမှမဟုတ်ရင်တော့ ကျေးဇူးပြုပြီးပြန်ကြပါ အရာရှိတို့”
ဆင့်ခေါ်ခံရခြင်းမရှိဘဲ နန်းတွင်းသို့ဝင်ရန်မဖြစ်နိုင်ချေ။ ယခုက မဟာဟန်မင်းဆက်ဖြစ်သည်။ မဟာဟန်မင်းဆက်အတွက် ထိုထုံးတမ်းက သက်ရောက်မှု အပြည့်ရှိ၏။ သို့ရာတွင် ယခုလိုအရေးပါသောခုံရုံးမှ အရာရှိများက အရေးကြီးသော ကိစ္စများကြောင့် ကိုယ်ပိုင်စိတ်ဆန္ဒဖြင့် ဧကရာဇ်ထံ ဝင်ရောက်တွေ့ဆုံခွင့်ရှိစေသော ခါးဆောင်တံဆိပ်ပြာတစ်ခုစီ ပိုင်ဆိုင်ထားကြသည်။ သည်နည်းအားဖြင့် အရေးပေါ် အခြေအနေများကို မလွတ်သွားစေရန်ဖြစ်သည်။ ထိုအရာရှိများအတွက်ကလည်း အရေအတွက်ကနည်းပါးသည်။ သူတို့ကလည်း သဘာဝအလျောက်ပင် ထိုကျောက်စိမ်းပြားများကိုသယ်ကာ နန်းတွင်းသို့ဝင်လာခဲ့ကြခြင်းဖြစ်ပြီး အားလုံးက ဧကရာဇ်၏ကျန်းမာရေးကိုစိုးရိမ်နေကြ၏။ သို့ရာတွင် ထိုကိစ္စက အမှန်တကယ် အရေးကြီးသည်ဟုလည်း ဆို၍မရပြန်ချေ။
အရာရှိများက ပြန်မေးသည်။
“အရှင်မင်းကြီးရဲ့အခြေအနေက ဘယ်လိုပါလဲ၊ တော်ဝင်သမားတော်တွေက ဘယ်လိုများပြောကြလဲ”
ဓါးများကိုကြက်ခြေခတ်ခတ်လျက် တံခါးကိုပိတ်ထားသောအစောင့်များက နန်းဆောင်အရှေ့မှ လူများကို စူးရှစွာစိုက်ကြည့်နေသည်။ မိန်းမစိုးက ကြင်နာစွာပြောပြ၏။
“အရာရှိတို့ စိတ်အေးအေးထားကြပါ၊ တော်ဝင်သမားတော်ကလည်း အရှင်မင်းကြီးရဲ့သွေးကြောကို စမ်းပြီးပါပြီ၊ ဒီအတိုင်း အရှင်မင်းကြီးရဲ့ခန္ဓာကိုယ်မှာ ဘာပြဿနာမှမရှိဘူးလို့ ပြောပါတယ်”
ထိုစကားကိုကြားမှသာ အရာရှိများက စိတ်အေးသွားကြပြီး သက်ပြင်းချကြသည်။ သည်နည်းအားဖြင့် နန်းတွင်းအစေခံတစ်ယောက်စီနှင့်အတူ ထွက်ခွာသွားကြသည်။
အရာရှိများက ထွက်ခွာသွားသောအခါ မင်းသားဟယ်က နန်းဆောင်ထဲသို့ ဝင်သည်။ မိန်းမစိုးက မင်းသားကိုတား၏။ သူက တွန့်ဆုတ်စွာပြုံးကာပြောသည်။
“အရှင့်သား ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို ခက်ခဲတဲ့အနေအထားရောက်အောင် မလုပ်ပါနဲ့၊ အရှင်မင်းကြီးက အနားယူနေပါတယ်၊ အရှင့်သားကသာ အရှင်မင်းကြီးကို တွေ့ဆုံချင်ရင် ဘာလို့များ အရှင်မင်းကြီး နိုးထလာတဲ့အထိ မစောင့်တာပါလဲ”
မင်းသားဟယ်က မိန်းမစိုးက ဘေးနားသို့ဖယ်သည်။
“ဒီမင်းသားက အရှင်မင်းကြီး အခြေအနေကို မျက်လုံးနဲ့ကိုယ်တိုင်မြင်ချင်တယ်”
သို့ရာတွင် ခြေတစ်လှမ်းခန့်လှမ်းပြီးနောက် အစောင့်ခေါင်းဆောင်က လက်အောက်ငယ်သားများကိုဦးဆောင်ကာ မင်းသားဟယ်ကိုတားသည်။ အစောင့်ခေါင်းဆောင်က မမောက်မာလွန်း၊ မနှိမ့်ချလွန်းသောလေသံမျိုးဖြင့်ပြောသည်။
“အရှင့်သား အရှင့်သားကို ဧကရာဇ်က ဆင့်ခေါ်တာမျိုးမရှိဘဲ ဒီတံခါးကို ဖြတ်ခွင့်မရှိပါဘူး”
မင်းသားဟယ်က ပြုံးသည်။ သို့သော် လေသံက အေးစက်၏။ သူက မေးသည်။
“တကယ်လို့ ဒီမင်းသားက အတင်းဝင်ခဲ့ရင် ဘာဖြစ်မှာလဲ”
ကုယွမ့်ပိုင်က သုံးနှစ်လုံးလုံး မြို့တော်ထဲတွင် သူ့ကိုပိတ်လှောင်ထားခဲ့သည်။ ထို့အပြင် နှစ်ယောက်ကြားတွင်သေးငယ်သော ကတောက်ကဆဖြစ်ရပ်ပေါင်းများစွာ ရှိခဲ့၏။ သို့သော် ကြီးမားသောအဖြစ်အပျက်ကြီးများကတော့ မဖြစ်ပျက်ခဲ့ပေ။ ထိုသို့ဆိုလျှင် သည်တစ်လောကလုံးတွင် ကုယွမ့်ပိုင်၏သဘာဝကို မင်းသားဟယ်ထက် ပိုသိသူမရှိနိုင်ဟု ဆိုနိုင်သေးသည်။
သူက စံအိမ်အတွင်းတွင် တံခါးပိတ်လျက် နေခဲ့သောအချိန်တွင် ကုယွမ့်ပိုင်က တော်ဝင်သမားတော်လွှတ်ပြီး သူ့အား သွေးကြောခိုင်းခဲ့ပြီးကုသခိုင်း၏။ သူကလည်း ထိုအချိန်ကတည်းက ကောင်းကောင်းသိခဲ့သည်။ သူကသာ တော်ဝင်သမားတော်ကို ငြင်းဆန်ခဲ့လျှင် ကုယွမ့်ပိုင်က ပို၍သံသယဝင်သွားပြီး သူ၏စံအိမ်တံခါးအထိ ရောက်ရှိလာနိုင်ကြောင်း နားလည်ခဲ့သည်။
သို့သော် ကုယွမ့်ပိုင်က သူ့ကို သံသယဝင်အောင် လုပ်ခဲ့မိကြောင်း သိနေသည့်တိုင်အောင် သူက တော်ဝင်သမားတော်၏ လာရောက်တွေ့ဆုံမှုကို ငြင်းပယ်ခဲ့သည်။ သူက ဝင်ပူးခံရခြင်းဖြစ်စေ၊ တစ်စုံတစ်ယောက်ကိုလာရန် မျှော်လင့်မိခြင်းကြောင့်ဖြစ်စေ … မင်းသားဟယ်အနေဖြင့် မတွေးချင်ခဲ့ချေ။
စံအိမ်အပြင်ဘက်သို့ တော်ဝင်သမားတော်က လမ်းလျှောက်သွားပြီးပြီးချင်း မင်းသားဟယ်က ကုယွမ့်ပိုင်၏သံသယကိုရှောင်ရှားရန် ညအလယ်တွင် ရေအေးဖြင့် ကိုယ့်ကိုယ်ကိုလောင်းချိုးခဲ့သည်။ တော်ဝင်သမားတော်က ထွက်ခွာသွားပြီးပြီးချင်း ကုယွမ့်ပိုင်က သံသယဝင်လွန်းပြီး သူ၏စံအိမ်တံခါးဝသို့ အရောက်ရောက်လာခဲ့သည်။
သူကသာ တော်ဝင်အိပ်ဆောင်အတွင်းသို့ ဖောက်ဝင်သွားခဲ့ပြီး ကုယွမ့်ပိုင်၏စည်းမျဉ်းများကို ဆန့်ကျင်လျက်ကျူးကျော်ခဲ့မိသော် မင်းသားဟယ်အနေနှင့် ကုယွမ့်ပိုင်က မည်သို့အပြစ်ပေးနိုင်ကြောင်း သူ့ထက်ပိုသိမည့်လူ မရှိဟုယူဆသည်။
သို့သော် သူ၏နှလုံးသားအတွင်း မီးတောက်က တောက်လောင်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာတစ်ကောင်က သူ့ကိုအော်နေ၏။ ဧကရာဇ်က သူ့ကို အပြစ်ပေးမည်ဆိုလျှင်ပင် အနည်းဆုံး တစ်ချက်တော့ဖြင့်မကြည့်ရလျှင် တစ်နေ့တာလုံး စိတ်အေးနိုင်မည်မဟုတ်ကြောင်း နားလည်နေသည်။
အစောင့်များကလည်း မင်းသားကို နာကျင်အောင်မလုပ်ရဲချေ။ အစောင့်ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်ပြီး တည်ငြိမ်စွာပြော၏။
“မင်းသားဟယ် ဒါက ဧကရာဇ်ရဲ့အမိန့်ပါ”
မင်းသားဟယ်က အေးစက်စွာပြောသည်။
“မင်းတို့တွေ အပြစ်ပေးခံရမယ်ဆိုရင်တောင်မှ ဒီပန်ကုန်းက အထဲကို ရောက်အောင်ဝင်မှာပဲ”
နှစ်ဖက်လုံးက ထိပ်တိုက်ရင်ဆိုင်နေကြပြီး မည်သည့်ဘက်ကမှ နောက်မဆုတ်ချင်ကြပေ။ လေထုကတင်းကြပ်နေသည်။ မင်းသားဟယ်က အစောင့်များကို စူးရှစွာကြည့်သည်။ သူ၏အကြည့်က ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်သည်။
“ဗိုလ်ချုပ်ရွှယ်ရဲ့အိမ်တော်ကသားလား”
ရွှယ်ယွမ်က အမှောင်အတွင်းပုန်းနေသည်။ သူ၏မျက်နှာအပြင်ပန်းကို ခပ်ဖျော့ဖျော့သာမြင်နိုင်၏။ သူက တဖြည်းဖြည်းချင်း ရည်ရွယ်ချက်ရှိရှိဖြင့်ပြောသည်။
အပိုင်း ၃၁
“ဒီအစေခံက မင်းသားကိုဂါရဝပြုပါတယ်”
သူက ရွှယ်မိသားစုမှလူကို မှတ်မိလိုက်ပြီးပြီးချင်း မင်းသားဟယ်က မိုးရွာသောနေ့ကပြန်သွားခဲ့သော အခြေအနေအပါအဝင် သမင်သွေး၏အရသာကိုပင် ခံစားလိုက်ရသည်။ သူ၏အမူအရာကဒေါသ၊ မနှစ်မြို့မှုနှင့် စိတ်ရှုပ်ထွေးမှုများအဖြစ် ပြောင်းလဲသွားပြီး တဖြည်းဖြည်းချင်း စိတ်ငြိမ်သက်သွားသည်။
“မင်းသားအနေနဲ့ ဒီနေရာက နန်းတွင်းဆိုတာကို သတိထားသင့်ပါတယ်”
ရွှယ်ယွမ်က ပြုံးပြီးယဉ်ကျေးစွာ ဖျောင်းဖျသည်။
“ဧကရာဇ်က မောပန်းနွမ်းနယ်မှုအပြည့်နဲ့ အိပ်ပျော်သွားကာစပါ၊ မင်းသား မင်းသားထပ်လှုပ်လိုက်ရင် အရှင်မင်းကြီး နိုးသွားမှာကိုစိုးရိမ်မိပါတယ်”
မင်းသားဟယ်က တစ်ခဏခန့်တိတ်ဆိတ်သွားပြီး တဖြည်းဖြည်းချင်းပြောသည်။
“အရှင်မင်းကြီးက ဖျားနာနေတာ၊ အစ်ကိုတော်တစ်ယောက်အနေနဲ့ ဒီမင်းသားက သူ့ရဲ့ကျန်းမာရေးကို အမြဲတမ်းစိုးရိမ်နေခဲ့ရတာ၊ မင်းကသာ ငါ့ကိုမနှောင့်ယှက်ရင် ငါကလည်း အများကြီးလှုပ်ရှားမှာမဟုတ်ဘူး၊ ဒီမင်းသားက တအားသစ္စာရှိပါတယ်၊ ဒီအတိုင်း ဧကရာဇ်ကို တစ်ချက်ပဲကြည့်ချင်တာပါ”
ရွှယ်ယွမ်၏မျက်နှာရှိအပြုံးက ပျောက်ကွယ်သွားသည်။
ငါ သောက်ကျိုးနည်း ဒီမှာလူအိပ်နေတယ်လို့ ပြောနေတာကို ဘာကိုလာကြည့်ချင်နေတာလဲ။
ခန်းမအပြင်ဘက်မှ ခြေလှမ်းသံများနှင့်အတူ ဧကရာဇ်ကို ခစားသောမိန်းမစိုးငယ်က ထွက်လာပြီး မေးခွန်းထုတ်သည်။
“ဧကရာဇ်က နိုးသွားပြီ။ အပြင်က ဆူညံသံတွေကို မေးမြန်းနေတယ်”
အစောင့်ခေါင်းဆောင်၏မျက်နှာက ပြောင်းလဲသွားသည်။ သူက အရှက်တရားနှင့်အတူ ခေါင်းကိုငုံ့သည်။
မင်းသားဟယ်ကလည်း တောင့်တင်းသွားသည်။ သူ့ကိုမြင်သောအခါ မိန်းမစိုးကလည်း အခြေအနေကိုသိလိုက်ပြီး ကူကယ်ရာမဲ့စွာပြောသည်။
“ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ မင်းသားဟယ်”
ခန်းမက မှောင်မဲနေသည်။ တံခါးနှင့်ပြူတင်းပေါက်ကို ဖြတ်လျက်ရောက် ရှိနေသော အလင်းသာရှိ၏။ သူက အတွင်းခန်းမ၏တံခါးအဝသို့ လျှောက်သွားပြီးသောအခါ မိန်းမစိုးငယ်က ခပ်တိုးတိုးပြောသည်။
“အရှင်မင်းကြီး ရောက်လာတာက မင်းသားဟယ်ပါ”
“မင်းသားဟယ် ဟုတ်သလား”
အတွင်းခန်းမမှ ဩရှသောအသံတိုးတိုးက ထွက်လာသည်။
“ဒီနေရာကို ဘာများလာလုပ်တာပါလဲ မင်းသားဟယ်”
မင်းသားဟယ်၏နှုတ်ခမ်းက တင်းတင်းစေ့ထားသည်။
“ဒီအမတ်ကလည်း အရှင်မင်းကြီး ဖျားနာနေတယ်လို့ကြားလို့ လာရောက်တွေ့ဆုံတာပါ”
“ဆိုတာ့ မင်းက ကျန်းကိုလာတွေ့ရုံလား”
ဧကရာဇ်၏အသံနှုန်းက ဖျော့တော့သည်။
“ကျန်းများ မသိရင် မင်းက ကျန်းရဲ့နန်းဆောင်အတွင်းကို ဖောက်ဝင်လာတော့မယ်လို့တောင် ထင်မိပါသေးတယ် မင်းသားဟယ်”
ထိုစကားလုံးများကိုကြားသော် မင်းသားဟယ်က အံ့ဩသွားပြီး ဒူးထောက်ချသည်။ သူ၏ကျောပြင်တောက်လျှောက် ချွေးများစီးကျသွား၏။
“အရှင်မင်းကြီး နောက်နေတာပါ”
ကုယွမ့်ပိုင်က နှာခေါင်းရှုံ့သည်။ သူ၏အသံက အေးစက်သည်။ ထို့နောက် တိတ်ဆိတ်သွား၏။ သူက တော်ဝင်အိပ်ယာပေါ်တွင် ထထိုင်လိုက်လျက် အတွင်းခန်းမသို့ အကူအညီနှင့်အတူလျှောက်လာသည်။ မင်းသားဟယ်၏မျက်လုံးအရှေ့တွင် နဂါးဖိနပ်တစ်စုံက ရောက်လာသည်။ သူ၏နဖူးမှ အေးစက်သောချွေးက နားထင်ကို ကျော်ဖြတ်သွား၏။
ကုယွမ့်ပိုင်က ပုံမှန်အားဖြင့် မင်းသားဟယ်အကြောင်း ဂရုစိုက်လေ့မရှိချေ။ မည်သို့ပင်ဆိုစေ သူတို့က တစ်မိသားစုဝင်များဖြစ်သည်။ စိတ်ဝင်စားမှုလည်းတူသည်။ လေးစားမှုလည်းပေးရ၏။ သူတို့၏ဆက်ဆံရေးက အချင်းချင်းဒုက္ခပေး၍မရသလို ဖျက်ဆီး၍လည်းမရချေ။ သည်အတိုင်း သင့်မြတ်အောင်နေရန်လိုအပ်၏။ သူက မင်းသားဟယ်ကို မြို့တော်တွင်ထားသည်။ သို့သော် သူက တစ်ဖက်သူအပေါ် မကောင်းသော အဖြစ်မျိုးကိုလည်းမဖြစ်စေချင်ပြန်ချေ။ ယခင်ဧကရာဇ်တွင် အမျိုးသားဆက်ခံသူ အနည်းငယ်သာရှိသည်။ သူက တိသားတော်ဖြစ်ပြီး အကြီးဆုံးသားလည်းဖြစ်သည်။ ကုယွမ့်ပိုင်က မင်းသားဟယ်ကို အများကြီးယုံကြည်သည်ဟု မဆိုနိုင်သော်လည်း အနည်းဆုံး မင်းသားဟယ်က အရူးမဟုတ်သည့်အတွက် ယုံကြည်နိုင်သည်ဟုဆိုနိုင်သည်။
ယခုအခါ မင်းသားဟယ်က အရူးမဟုတ်သော်လည်း သူက အိပ်ပျော်နေချိန်တွင် သူ၏အိပ်ဆောင်တော်အတွင်းသို့ ဖောက်ဝင်ရန် ကြိုးစားချင်နေလေသည်။
ဘာလဲ နောက်တစ်ခေါက်ဆိုရင် ရွှမ်ကျန်းခန်းမဆောင်ကို သူ့ရဲ့စစ်သားတွေ ခေါ်လာတော့မှာလား။
မိန်းမစိုးက သူ့အား လတ်လတ်ဆတ်ဆတ် ကျိုထားပြီးကာစဆေးအား ဆက်သလာသည်။ လေထဲတွင်ခါးသီးသောရနံ့က ပျံ့လာ၏။ ကုယွမ့်ပိုင်က ဆေးကိုသောက်ပြီးပြောသည်။
“ထပါ”
မင်းသားဟယ်၏လက်မောင်းနှင့်ခြေထောက်များက လှုပ်သည်။ သူက ထလိုက်သောအခါ ခြေထောက်က အနည်းငယ်တောင့်တင်းနေသည်။
ကုယွမ့်ပိုင်က သူ့အား ရေနွေးကြမ်းသောက်စေသည်။ ထို့နောက်ထိုင်ခိုင်း၏။ မင်းသားဟယ်က ပုံမှန်အတိုင်း ရေနွေးကြမ်းကို တစ်ကျိုက်တည်းမော့သောက်ချသည်။ ရေနွေးကြမ်း၏အရသာက အတိတ်ကအတိုင်း အနည်းငယ်မျှမချိုပေ။ ယခုအခါပို၍ပင်ခါးပြီး အနံ့ဆိုးနေသေး၏။
ကုယွမ့်ပိုင်က သူက ခပ်မြန်မြန်သောက်လိုက်ကြောင်းမြင်သောအခါ ပြုံးလိုက်သည်။
“ရေနွေးကြမ်းက အရသာရှိသလား”
မင်းသားဟယ်က အကြည့်ကိုအောက်သို့ပို့ထားသည်။ သူက တစ်ဖက်သူကို မော့မကြည့်ခဲ့ချေ။ သည်အတိုင်း သူ့ဘာသာဖြေသည်။
“မွှေးပါတယ်”
“မင်းသားဟယ် မောင်မင်းက သဘောကျရင် ကျန်းက မောင်မင်းနဲ့အတူ လက်ဖက်ခြောက်နှစ်ထုပ် လက်ဆောင်ထည့်ပေးလိုက်နိုင်ပါတယ်”
ကုယွမ့်ပိုင်က ပြုံးသည်။
“ဒီရေနွေးကြမ်းကို ကျိုဖို့သုံးတဲ့ရေက ဖေဖော်ဝါရီလက နွေဦးနှင်းကျခဲ့တဲ့အချိန်က ရေကိုသုံးထားတာပဲ၊ အစောပိုင်းနွေဦးကာလ မက်မွန်ပန်းတွေပေါ်ကျလာခဲ့တဲ့ နှင်းစက်တွေကို ပြန်ပြီးသုံးထားခဲ့တာ၊ အေးစက်တဲ့မက်မွန်ပန်းရနံ့ကိုလည်း သယ်ဆောင်ထားသေးလို့ မင်းသားဟယ် အရသာခံချင်လောက်မှာပါ”
မင်းသားဟယ်က ခွက်ကိုပြန်ယူသည်။ နောက်ထပ်တစ်ဖန် တစ်ငုံထပ်သောက်၏။ အခြေအနေက အလွန်ထူးဆန်းသည်။ ထိုရေနွေးကြမ်းက ယခုလေးတင်ခါးနေခဲ့ရာမှ ဧကရာဇ်၏အပြုံးကိုကြည့်ပြီး တစ်ဖန်ထပ်သောက်လိုက်သောအခါ မက်မွန်ပန်းရနံ့ကိုပင် ရလိုက်ပြီး ချိုမြိန်သည်ဟု ခံစားလိုက်ရသည်။
ကုယွမ့်ပိုင်က မုန်လာဥနှင့်တုတ်နည်းလမ်းကို သုံးတတ်သည်။ တုတ်ပင်ဖြစ်စေ၊ မုန်လာဥပင်ဖြစ်စေ ဧကရာဇ်ထံမှလာသည်။ ထို့ကြောင့် ထိုအရာက တုတ်ဖြစ်ကြောင်း မေ့သွားတတ်ပြီး မုန်လာဥကိုသာ မှတ်မိပေလိမ့်မည်။ ကုယွမ့်ပိုင်နှင့် တစ်ခဏခန့် စကားပြောနေပြီးနောက် သူက သူနှင့်အတူ လက်ဖက်ခြောက်နှစ်ထုပ်ကိုယူကာ ပြန်ထွက်သွားသည်။ မင်းသားဟယ်၏မျက်နှာကိုကြည့်ရုံဖြင့်ပင် သူက အလွန်ကျေနပ်နေကြောင်း မြင်နိုင်သည်။
မင်းသားဟယ်ပို့ဆောင်စေပြီးနောက် ဧကရာဇ်က အချိန်အတန်ကြာအောင် ခံစားချက်မဲ့စွာ ဆက်ထိုင်နေခဲ့သည်။ ထို့နောက် သူ၏မျက်ခုံးကိုပွတ်သည်။ သူက အားနည်းသောလေသံဖြင့်ခေါ်၏။
“ကျန်းရွှီ”
အစောင့်ခေါင်းဆောင်က ချက်ချင်းရောက်လာသည်။
“အရှင့်ရဲ့အစေခံက ဒီမှာပါ”
“ကျန်းရဲ့ခြေထောက်တွေ ခြေချောင်းတွေအားနည်းနေပြီ”
ကုယွမ့်ပိုင်က ပြောသည်။
“မြန်မြန်လေး ကျန်းကို အတွင်းခန်းမဆောင်ကို သယ်သွားပေးပါအုံး”
နေ့လည်ခင်းတစ်ရေးအိပ်ပြီး ဆေးသောက်ပြီးနောက် သူ၏ကိုယ်က အတော်လေး အားနည်းသွားသည်။ ကုယွမ့်ပိုင်က မတ်တပ်ရပ်ရန်ကြိုးစားခဲ့သည်။ သို့သော် သူ၏ခြေထောက်များက သင့်တော်သောအလုပ်မလုပ်ကြောင်း သိလိုက်ရသည်။
အစောင့်ခေါင်းဆောင်က ချက်ချင်းဆိုသလို မြေပြင်တွင် ဒူးထောက်ချလိုက်သည်။ သူ၏ကျယ်ပြန့်သောကျောကို ဧကရာဇ်ထံလှည့်ပေး၏။
“အရှင့်အစေခံက နာခံပါတယ်”
အစောင့်ခေါင်းဆောင်က အရပ်ရှည်သည်။ သူက တောင့်တင်းသန်မာပုံပေါ်၏။ ကုယွမ့်ပိုင်က အစောင့်ခေါင်းဆောင်၏မြင့်မားရှည်လျားကာ ကျယ်ပြန့်သည့်ကျောပြင်ကို ကြည့်လိုက်ပြီး ခံစားချက်ရှုပ်ထွေးသွားသည်။ သူ၏အရိုးများကသာ ထိုမျှမာပြီး ကျန်းမာရေးကောင်းမည်ဆိုလျှင် သူကိုယ်တိုင်ကလည်း နေ့တိုင်းလိုလို ကောင်းကောင်းလေ့ကျင့်ရေးလုပ်ပြီး လှပသောကြွက်သားများ အလွယ်တကူ ရနိုင်လောက်မည်။
ခေတ်သစ်လောကတွင် ကုယွမ့်ပိုင်၏ခန္ဓာကိုယ်က အရပ်ရှည်သည်။ ထို့အပြင် သွယ်လျ၏။ သူက အဝတ်အစားထားသည့်အခါ ပိန်ပါးသည်ဟုထင်ရသော်လည်း အပေါ်ဝတ်ကို ချွတ်လိုက်ချိန်တွင် တောင့်တင်းသန်မာသည့် ကြွက်သား အချို့တော့ဖြင့်ရှိသည်။ ထို့အပြင် သူက ယခင်ဘဝတွင် သန်မာသောနှလုံးသားနှင့် ကျန်းမာရေးကောင်းသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ကုယွမ့်ပိုင်က စိတ်လှုပ်ရှားစေသော ပြင်းထန်လွန်ကဲလွန်းသည့် အားကစားများကိုလည်း သဘောကျခဲ့သည်။ သို့ရာတွင် သည်လောကသို့ရောက်လာပြီးကတည်းက သူက အန္တရာယ်များသော မည်သည့်အလုပ်ကိုမျှ မလုပ်နိုင်ခဲ့ချေ။ ကျောက်စိမ်းသားပေါ် ခြေဗလာဖြင့်နင်းခြင်းကပင် သူ့ကို အအေးမိစေနိုင်နေသည်။
သို့ရာတွင် သူ၏ငယ်ရွယ်သော ဧကရာဇ်ဆိုသော နောက်ခံက အခြေအနေအများကြီး ပြောင်းလဲသွားစေ၏။ ကုယွမ့်ပိုင်ကလည်း မူလလူငယ်ဧကရာဇ်နှင့်ပတ်သက်သည့် ကိစ္စကိုပင် သိချင်သွားမိသည်။
သူက ဖျားနာမှုကြောင့် သေသွားတာလား၊ ဒါမှမဟုတ် သူ့ရဲ့ခန္ဓာကိုယ်နဲ့ လဲခံလိုက်ရတာလား။
ကုယွမ့်ပိုင်ကလည်း ဒုတိယကိစ္စသာဖြစ်စေလိုသည်။ သူကသာ သူ၏ယခင်ဘဝမှ ခန္ဓာကိုယ်ကို ရသွားခဲ့သော ငယ်ရွယ်သောဧကရာဇ်အနေနှင့် သေချာပေါက် ပျော်ရပေလိမ့်မည်။
ကုယွမ့်ပိုင်က လက်ကိုဆန့်ထုတ်လိုက်ပြီး အစောင့်ခေါင်းဆောင်၏ပုခုံးပေါ် လက်တင်ရုံသာရှိသေးသည်။ ရွှယ်ယွမ်က ရုတ်တရက်ပြောလာ၏။
“အရှင်မင်းကြီး အရှင်မင်းကြီးက ဒီအရာရှိကို ပို့ဆောင်ခိုင်းနိုင်မလား”
ကုယွမ့်ပိုင်က ကြောင်သွားသည်။ ရွှယ်ယွမ်က အနားသို့လျှောက်လာနှင့်ပြီးလေပြီ။ သူက အစောင့်ခေါင်းဆောင်၏နံဘေးတွင် မြေပြင်သို့ ဒူးတစ်ဖက်ထောက်ချလျက် သူ၏သန်မာသောကျောပြင်ကို ပြထားသည်။
သူ၏ကျောဟာလည်း အလားတူကျယ်ပြီး သန်မာသည်။ ကြည့်ရုံနှင့်ပင် သူက မည်မျှကျန်းမာရေးကောင်းပြီး အင်အားကြီးကြောင်း မြင်နိုင်၏။ ကုယွမ့်ပိုင်က အကြာကြီးတုံ့ဆိုင်းမနေဘဲ ရွှယ်ယွမ်၏ကိုယ်ပေါ် လက်အသာတင်လိုက်သည်။ ပထမဦးဆုံးအနေနှင့်
You are reading the story above: TeenFic.Net