အပိုင်း ၂၄
သူက အပြင်သို့ထွက်လိုက်သည့်တစ်ခဏတွင် လေ့လာစမ်းသပ်နိုင်စွမ်းအား ကြီးသည့် တိုးတက်ရန်အလားအလာရှိသည့် ပါရမီရှင်တစ်ယောက်နှင့်ပင်တူသည်။ ပို၍ဆိုးသည်မှာ ထိုပါရမီရှင်က ကိုယ့်ကိုယ်ကိုရှာဖွေတွေ့ရှိထားကာစ ဖြစ်စဉ် အတောအတွင်းတွင်သာရှိနေသေးသည်။ သူက အချို့သော သီအိုရီကျကျ လုပ်ဆောင်မှု များနှင့် ရှာဖွေတွေ့ရှိမှုများကိုမူ ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။
ရွှီနင်က ကို့ရို့ကားယားပုံစံမျိုးဖြင့် ထိုင်လိုက်သည်။ သူကလည်း ထိတ်လန့်နေ၏။ သူ၏အနားတွင်လည်း တော်ဝင်သမားတော်နှင့်ငယ်ရွယ်သော အထောက်တော် တစ်ယောက်က သူ၏ဒဏ်ရာများကို ကုစားနိုင်ရန်အတွက် ဆေးလိမ်းပေးနေကြသည်။ ထိုသို့ခမ်းနားသော ဆက်ဆံခံရမှုက ရွှီနင်ကို မသက်မသာဖြစ်လာစေသည်။
ရထားလုံးက အပြင်ဘက်မှကြည့်ချိန်ကတည်းက ကြီးနေပြီးသားဖြစ်သည်။ သို့သော် သူက အတွင်းသို့ဝင်လိုက်သောအခါ ထင်ရသည်ထက် ပို၍ကြီးသွားသေး၏။ သူ၏ဘေးနားတွင် လူနှစ်ယောက်ထိုင်နေသည့်တိုင်အောင် ကြပ်မနေခဲ့ချေ။ ကြမ်းပြင်တွင်လည်း နူးညံ့လွန်းပြီး လှပသည့်အရောင်နှင့်အခင်းကို ခင်းထားသည်။ ရွှီနင်အနေဖြင့် ထိုမျှကောင်းမွန်သန့်စင်လွန်းသည့်အရာမျိုးကို ထိပင်မထိဖူးချေ။ သို့သော် ထိုမျှဈေးကြီးသောပစ္စည်းက သူ၏ခြေထောက်ကြောင့် တွန့်ကြေသွားလေသည်။
ရွှီနင်က ခေါင်းကိုငုံ့ထားပြီး ကုယွမ့်ပိုင်ကိုမကြည့်ရဲချေ။ သူက ဂနာမငြိမ် ဖြစ်နေသလို စူးရှစွာဖြင့် မျှော်လင့်စောင့်စားနေသေးသည်။ တစ်ဖက်မှ အရွယ်ရောက်ပြီးသော အမျိုးသားက သူ၏လက်ဖြင့်လေးကို ကိုင်ကြည့်နေသောအခါ စတင်ကာစိုးရိမ်လာရ၏။ တစ်ဖက်သူက ထိုကဲ့သို့သောအရာများအပေါ် အထင်သေးမည်လား မသိချေ။
ကိုင်တွယ်ပွတ်သပ်ပြီးနောက် ကုယွမ့်ပိုင်က တိုက်ခိုက်ခဲ့သူများက ဖျက်ဆီးခဲ့သော လေးကို ဘေးဘက်တွင်ထားလိုက်ပြီး ထျန်းဟူရှန်းက ကမ်းပေးလာသော လက်ကိုင်ပုဝါဖြင့် လက်ကိုသုတ်လိုက်သည်။ ထို့နောက် တော်ဝင်သမားတော်ကို မေးသည်။
“သူ ဘယ်လိုနေသေးလဲ”
“ဒီကောင်ငယ်လေးက ကျန်းမာပါတယ်”
တော်ဝင်သမားတော်က ဂရုထားကာ စစ်ဆေးပြီးနောက် ပြောပြသည်။
“သူက ဒီတစ်ကြိမ်က အပြင်ပန်း ပြင်းထန်တဲ့ဒဏ်ရာတွေကိုရခဲ့ပေမယ့် ကိုယ်တွင်းအင်္ဂါတွေကို မပျက်စီးသွားပါဘူး၊ တစ်ခုတည်းသောပြဿနာကတော့ သူ့ရဲ့စားသောက်ပုံက မမှန်တဲ့ပုံပဲ၊ သူက ဗိုက်အောင့်တာတို့ နှလုံးအောင့်တာတို့ ဖြစ်ခဲ့ဖူးလောက်တယ်”
ရွှီနင်၏မျက်လုံးက အံ့အားတကြီးပြူးကျယ်သွားသည်။ သူက အဝတ်စကို ဆုပ်ထား၏။ သူ့အင်္ကျီသူ ပြန်ငုံ့ကြည့်လိုက်သည်။ ထိုသမားတော်က ကျွမ်းကျင်လွန်း သည်။ သူ၏သွေးကြောကို တစ်ခဏခန့်စမ်းရုံမျှဖြင့် ထိုမျှအကြောင်းအရာများကို ရိုးရှင်းစွာ ရှာဖွေတွေ့ရှိသွားလေသည်။
ကုယွမ့်ပိုင်က ခေါင်းအသာငြိမ့်လိုက်ပြီးနောက် ရွှီနင်ကို ပြုံးလျက်ကြည့်ပြီး နွေးထွေးစွာမေးသည်။
“မင်း ဒီလေးကို ဘယ်လိုလုပ်ထားတာလဲ”
စစ်ဘက်ဆိုင်ရာလက်နက် ၃၆ မျိုးရှိသော်လည်း လေးက ပထမတန်းစားဖြစ်ပြီး သိုင်းပညာစွမ်းရည် ၁၈မျိုးနှင့်ယှဉ်လျှင်ပင် လေးက ပထမတန်းစားဖြစ်နေသေးသည်။ ထိုအတွက်ကြောင့်လည်း ဟွားယွဲ့က ကျွေ့ဝေ့ပေ့ကျန်းလုအတွင်းရှိ တောင်ပိုင်း စုန့်မင်းဆက်အတောအတွင်းတွင် ထိုသို့ပြောခဲ့ဖူးခြင်းဖြစ်သည်။ မဟာဟန်က မင်းအများကြီး မရှိထားချေ။ နယ်စပ်မှ လှည့်လည်သွားလာသူများက မြင်းစီးကျွမ်းကျင်ကြ၏။ သူတို့ကို ရင်ဆိုင်ရန်အလို့ငှာ ခြေလျင်တပ်အတွက် လေးများ၊ မြှားများက ရှိကိုရှိထားသင့်သည့်အရာများဖြစ်သွားသည်။
မဟာဟန်မင်းဆက်ကို တည်ထောင်သူဧကရာဇ်ကလည်း စစ်ဘက်ရေးရာကိစ္စ များကို သေချာအာရုံစိုက်ခဲ့ပြီး လေးများထုတ်လုပ်မှုကို တင်းကြပ်ထားခဲ့သည်။ အထူးသဖြင့် တိုးတက်ရန်အလားအလာရှိသည့် လေးများ၏ပုံစံများဖြစ်သည်။ ထိုအရာများကို စစ်ဘက်ဆိုင်ရာနှင့်မူဝါဒဆိုင်ရာအဆင့်တွင် သတ်မှတ်ထားခဲ့၏။ သာမန်လူများက ထိုကဲ့သို့စစ်ဘက်ဆိုင်ရာလက်နက်များကို ပိုင်ဆိုင်ခြင်းအား တင်းကြပ်စွာတားမြစ်ထားသည်။ သာမန်လူတစ်ယောက်ကသာ ထိုမျှအလားအလာကောင်းပြီး အင်အားကြီးသော လေးမျိုးကိုပိုင်ဆိုင်ရန် မဖြစ်သလို ဖန်တီးရန်လည်း မဖြစ်နိုင်ခဲ့ချေ။
သို့ရာတွင် ရွှီနင်က လုပ်ထားသော လေးကကျိုးသွားသော်လည်း အပေါ်တွင် ပစ်ခတ်ခြင်းအပေါက် တစ်ပေါက်ထက်ပိုရှိနေကြောင်းမြင်နိုင်သည်။ အခြားစကားဖြင့် ဆိုရသော် ထိုပညာသင်သား၏လက်လုပ်လေးက စစ်တပ်မှအသုံးပြုသော လက်နက်များကို ယှဉ်နိုင်လေသည်။
ဒါက အင်အားကြီးတယ်၊ အရမ်းအင်အားကြီးတယ်။
ကုယွမ့်ပိုင်၏မျက်လုံးက စိတ်ဝင်တစားတောက်ပသွားသည်။ ရွှီနင်က သူ မည်သည့်နေရာမှ ဉာဏ်အလင်းပွင့်ခဲ့ပြီး မည်သို့လုပ်ခဲ့ကြောင်းပြောပြနေသည်။ သူက ပြော၍ဆုံးသွားသောအခါ လက်သီးကို စိတ်လှုပ်ရှားစွာဆုပ်ထားလိုက်ပြီး ကုယွမ့်ပိုင်ကို မော့ကြည့်ကာပြောသည်။
“သခင်လေး ဒီပစ္စည်းတွေအားလုံးက အသုံးဝင်ပါတယ်၊ လက်ရာအဆင့်အတန်း ကလည်း ကြောက်စရာကောင်းတဲ့ အရည်အသွေးရှိပြီးသားပါ၊ စိုက်ပျိုးနယ်မြေတွေ အတွက်ပဲဖြစ်ဖြစ်၊ စစ်ဘက်ရေးရာအသုံးပြုဖို့အတွက်ပဲဖြစ်ဖြစ် ဒီလက်ရာကောင်း ထုတ်ပေးနိုင်တဲ့လူတွေက လိုအပ်တာပါပဲ၊ ဒါက အရှက်ရစရာကောင်းတဲ့ အလုပ်လည်းမဟုတ်သလို မသင့်တော်တဲ့အလုပ်လည်း မဟုတ်ပါဘူး”
ရွှီနင်က ထိုသို့မော့ကြည့်လိုက်သည့်တစ်ခဏတွင် ကုယွမ့်ပိုင်မျက်ဝန်းအတွင်းရှိ လေးစားမှုများကို မြင်လိုက်ရသည်။ ရွှီနင်က ပြောသည့်စကားများဆုံးသွားသည့်အခါ သူ၏အမူအရာက စိုးရိမ်စိတ်ကြီးသွားပြန်သည်။
ရထားလုံး … သက်တော်စောင့် … သမားတော် … အစေခံတွေ …
ဒီသခင်လေးက အရမ်းထူးချွန်တယ်၊ နတ်ဘုရားတစ်ပါးလိုကြည့်ကောင်းလွန်းတဲ့ ရုပ်ရည်ကို ကြည့်ရုံနဲ့တင် … သူ့ရဲ့လှုပ်ရှားမှုတိုင်းက အဆင့်အတန်းမြင့်လွန်းတဲ့ပြယုဒ်ကို ပြသနေတာပဲ။
ဒီလိုအမျိုးကောင်းသားက သူ့ကို အမှန်တကယ်လေးစားနေတာတဲ့လား။
သူ့ရဲ့သစ်သားနဲ့ပတ်သက်တဲ့ လက်မှုပညာကိုလေ့လာခဲ့လို့ သူ့ရဲ့ညံ့ဖျင်းတဲ့ပါရမီကို အသိအမှတ်ပြုတာတဲ့လား။
“မင်း ပြောတာမှန်တယ်”
ကုယွမ့်ပိုင်က သဘောတူကြောင်း ခေါင်းအသာငြိမ့်ရင်းပြောသည်။
အတိတ်မှာ ကွမ်းကျုံးလိုပညာသင်သားတွေ၊ လယ်သမားတွေ၊ လက်မှုပညာရှင်တွေ၊ ကုန်သည်တွေရဲ့ချိတ်ဆက်မှုကို ထုတ်ပြောခဲ့တဲ့လူတောင်မှ ကုန်သည်မျိုးရိုးကနေ မွေးဖွားလာခဲ့တာ၊ သူကိုယ်တိုင်ကလည်း ကုန်သည်တစ်ယောက်၊ သူက ချီပြည်နယ်ကိုကြွယ်ဝအောင် စီးပွားရေးဆိုင်ရာနည်းလမ်းတွေကို အသုံးပြုခဲ့တယ်၊ သူ့ရဲ့ကိုယ်ပိုင်စကားအရ “ပညာသင်သားတွေ၊ လယ်သမားတွေ၊ လက်မှုပညာရှင်တွေနဲ့ ကုန်သည်တွေက သာတာလည်းမရှိသလို နိမ့်ကျတာလည်းမရှိဘူး၊ အဲ့ဒီအစား သူတို့က အပြိုင်အတန်းစားတွေပဲ၊ အားလုံးက တိုင်းပြည်ရဲ့ထောက်တိုင်တွေဖြစ်ပြီး ကိုယ်စီတာဝန်အသီးသီးကို ဖြည့်ဆည်းလို့ တိုင်းပြည်ကို ကြွယ်ဝအောင်လုပ်နေခဲ့ကြတာ၊ သူတို့ရဲ့ထုတ်လုပ်မှုအပိုင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရှန်းမင်းဆက်နဲ့ ခွဲထုတ်လို့ မရနိုင်သလိုမျိုးပါပဲ၊ ဒါပေမယ့် ရှန်းမင်းဆက်အဆုံးသတ်သွားပြီး ကျိုးမင်းဆက် ပေါ်ထွက်လာတော့ ဒီနယ်ပယ်အသိုင်းအဝိုင်းတွေအပေါ် အထင်သေးလာခဲ့ပြီး စိုက်ပျိုးရေးနယ်ပယ်က အရင်းအမြစ်တွေကို ဖြုန်းတီးရာရောက်တယ်လို့တွေးခဲ့လို့ ပြည်နယ်ကို ဒီလိုထိုးကျသွားစေခဲ့တယ်၊ ဒါကြောင့်ပဲ လက်မှုပညာရှင်တွေနဲ့ ကုန်သည်တွေရဲ့ နာမည်လောက်ပဲ ကျန်ရစ်ခဲ့တာပေါ့”
ရွှီနင်က ပါးစပ်ကိုအဟောင်းသားဖွင့်သားရင်း ကုယွမ့်ပိုင်ကို တိုက်ရိုက်စိုက်ကြည့်မနေမိသည်။ သူ၏နှုတ်ခမ်းက ပွင့်နေသည်။ ထို့နောက် ပြန်ပိတ်သွား၏။ ထို့နောက် အကြိမ်အနည်းငယ်ဖြစ်နေခဲ့သော်လည်း ဘာပြောရမှန်း မသိချေ။
ကုယွမ့်ပိုင်က ထျန်းဟူရှန်းအား ပျက်စီးသွားသည့်လေးကို ရွှီနင်ကို ပြန်ပေးစေလိုက်သည်။ ရွှီနင်က လေးကို ကူကယ်ရာမဲ့စွာပြန်ယူလိုက်ရင်း ပြူတင်းပေါက်အပြင်ဘက်သို့ တစ်ချက်ကြည့်ကာ သတိအပြည့်ကပ်လျက် မေးလိုက်သည်။
“အရှင် အရှင်က ငါ့ကို ဘယ်ကိုခေါ်သွားမှာလဲ”
ထျန်းဟူရှန်းက ရထားလုံးမှ လိုက်ကာကိုလိပ်တင်လိုက်သည်။ ရွှီနင်က အပြင်ဘက်သို့ ကြည့်လိုက်ပြီးနောက် တစ်ခဏတွင် မျက်လုံးက ပြူးကျယ်သွား၏။
သူ၏အရှေ့တွင် မြင့်မားလွန်းလှပြီးခမ်းနားလွန်းလှသည့် တော်ဝင်နန်းတွင်း၏ ဂိတ်တံခါးပေါက်ကြီးကရှိနေသည်။ လှပလွန်းလှသောတိုင်များက နေရောင်အောက်တွင် ခမ်းနားလွန်းလှစွာ တောက်ပနေခဲ့၏။
ကုယွမ့်ပိုင်က သူ၏မျက်နှာထားကိုစိတ်ထဲမထားဘဲ အပြုံးနှင့်သာမေးလိုက်သည်။
“ဒီလေးအပြင် မင်း ဘာများ လုပ်နိုင်သေးလဲ”
“ဒီ ဒီ ဒီ စာသင်သားက … ဒီ ငယ်ရွယ်တဲ့သူက …”
ရွှီနင်က ကြောင်အနေပြီး သူ့ကိုယ်သူ မည်သို့သုံးနှုန်းသင့်ကြောင်း မသိတော့ချေ။
“ဒီစာသင်သားက ဒီလိုကိစ္စတွေကို စိတ်မဝင်စားပါဘူး၊ ဒီအတိုင်း လယ်ယာစိုက်ပျိုးရေးကိရိယာအချို့ကို မြှင့်တင်ချင်ရုံပါပဲ”
သူက ထိတ်လန့်နေသည်။ မည်သို့ပင်ဆိုစေ လူတိုင်း နန်းတွင်းသို့ ဝင်နိုင်လိမ့်မည်မဟုတ်ချေ။
မြင်းများ၏တစ်လှမ်းချင်းစီလှမ်းသံတိုင်းက ရွှီနင်၏ဝိဉာဉ်ကိုကိုယ်အတွင်းမှ ကန်ထုတ်နေသည်။ ရထားလုံးက ရပ်သွားသည့်အချိန်တွင် ထိုစာသင်သားမျက်နှာက ဖြူစုတ်နေလေသည်။ စိတ်ဓါတ်ကျနေသောသူ့ကို မည်သူမဆို သတိပြုမိလောက် လေသည်။
တော်ဝင်သမားတော်နှင့်နန်းတွင်းအခြွေအရံများက ရွှီနင်ကို ရထားလုံး အပြင်ဘက်သို့ ခေါ်ထုတ်သွားသည်။ ထို့နောက် အပြင်ဘက်ရှိအစောင့်များက ဖြောင့်မတ်စွာ ရပ်နေကြ၏။ အစောင့်ခေါင်းဆောင်က လက်ကိုဆန့်ထုတ်လိုက်ပြီး ရထားလုံး၏လိုက်ကာကို အသာမတင်လိုက်ကာ လက်ကို တစ်ဖန်ဆန့်ထုတ် လျက်ပြောသည်။
“အရှင်မင်းကြီး သတိထားပါ”
ရွှီနင် “…”
သူက အသက်ရှူအောင့်လိုက်သည်။ သူ၏ခေါင်းက ပွက်ပွက်ဆူသွား၏။ သူ၏တစ်ကိုယ်လုံးကပင် မူးဝေသွားသေးသည်။ သူက ထို့နောက်တစ်ခဏတွင် မေ့သွားတော့မည်ဟုထင်ရ၏။
ကုယွမ့်ပိုင်က ရထားလုံးအပြင်ဘက်သို့ လက်ကိုဆန့်ထုတ်လိုက်ပြီး အစောင့်ခေါင်းဆောင်၏လက်အပေါ် အသာတင်သည်။ အစောင့်ခေါင်းဆောင်က ခေါင်းကိုငုံ့ချလိုက်ပြီး ကုယွမ့်ပိုင်ကို ရထားလုံးအပြင်ဘက်သို့ ဂရုထားကာ ကူညီထုတ်ပေးလိုက်၏။ ဧကရာဇ်၏ကျန်းမာရေး မကောင်းချိန်ကတည်းက သူ၏အစေခံများက အလွန်အကြူးစိုးရိမ်နေတတ်ပြီး တစ်ယောက်ယောက်နှင့် အသာအယာတိုက်မိလိုက်ရုံနှင့်ပင်
မတော်တဆကြီးတစ်ခုဖြစ်သွားမည့်အရေးကို စိုးရိမ်မိနေကြလေသည်။
အပိုင်း ၂၅
အစောင့်ခေါင်းဆောင်က ဧကရာဇ်၏လက်ကို ရိုးရှင်းစွာကိုင်ထားရုံကိုပင် အလွန်အမင်း သတိကြီးလွန်းနေလေသည်။ ဧကရာဇ်၏အသားအရေက နူးညံ့ပြီး အိစက်နေ၏။ အစောင့်၏လက်ဖဝါးက အသားမာများပြည့်နေလေပြီး ထိတွေ့ရ ကြမ်းတမ်းနေသည်။ သူက ဧကရာဇ်၏လက်ကို ထိုသို့ကိုင်ကာ အောက်သို့ချပေးရချိန်တိုင်း သူကိုယ်တိုင်က ကျောက်တုံးကြီးဖြစ်သွားသလို ခံစားရသည်။
မြေပြင်ကိုခြေချပြီးမှ ရွှီနင်က သတိလက်လွတ် အကြည့်ကိုရုတ်လိုက်မိသည်။ ထိုအခါမှသာ သူ နင်းထားသော ကျောက်တုံးများက လက်ရာမြောက်စွာ ထွင်းထုခြယ်သထားကြောင်း တွေ့လိုက်ရသည်။ နောက်ဆုံးတွင် အသိအနည်းငယ် ပြန်ဝင်လာပြီး ဒူးထောက်ချလိုက်သည်။
သူ၏ရှေ့တွင် နဂါးဖိနပ်တစ်စုံက ပေါ်လာသည်။ ဧကရာဇ်က မေး၏။
“ကျန်းရဲ့အနောက်က လိုက်ခဲ့ပါ”
ရွှမ်ကျန်းခန်းမ၏ခမ်းနားလွန်းသော နန်းဆောင်ကြီးဟာ ဧကရာဇ်က အမတ်များကို ဆင့်ခေါ်ပြီး မူဝါဒရေးရာကိစ္စများကို ဆွေးနွေးလေ့ရှိသည့်နေရာလည်း ဖြစ်သည်။ ကုယွမ့်ပိုင်က ရွှီနင်ကို ထိုင်စေ၏။ ရွှီနင်က တုန်ယင်စွာဖြင့် ကုလားထိုင်အစွန်းနားတွင် သတိအပြည့်ကပ်ကာ ထိုင်ချသည်။ သူ၏ခြေထောက်က ကြမ်းပြင်ပေါ်တွင်ရှိသော်လည်း သူကမူ တိမ်ပေါ်တက်နင်းနေရသလို ခံစားနေရလေသည်။
ကုယွမ့်ပိုင်က ရွှီနင်အား အလွန်ညင်သာသောလေသံမျိုးဖြင့်သာ ပြောဆိုသည်။ ရွှီနင်၏ထိတ်လန့်နေသောစိတ်က တဖြည်းဖြည်းချင်းတည်ငြိမ်လာပြီး ဗလာဖြစ်မနေ တော့ချေ။ သူက သူ အနှစ်သက်ဆုံး လက်သမားအကြောင်းပြောရသောအခါ သူ၏မျက်ဝန်းက တောက်ပလာသည်။
ရွှီနင်၏အကြံများက သည်ခေတ်အတွက်မူ ခေါင်းမာလွန်းအားကြီးသည်ဟု ဆို၍ရသည်။ သို့ရာတွင် ပို၍ထူးခြားနေသည်မှာ သူ၏အတွေးအကြံများက မဟာဟန်၏အခြေအနေကို မြှင့်တင်ပေးနိုင်စွမ်းအားရှိနေသော အခြေအနေမျိုး ဖြစ်နေလေသည်။
ကုယွမ့်ပိုင်ကလည်း ထျန်းဟူရှန်းအား အတွင်းနန်းဆောင်မှ လက်သမားများ အကြောင်းအရာစုဆောင်းထားသည့် စာအုပ်ကို ယူလာခိုင်းလိုက်ပြီး ရွှီနင်ကိုပေးစေသည်။ ထို့နောက် သူက ရွှီနင်ကို မြို့တော်၏အစွန်ဖျားပိုင်းတွင်ရှိနေသည့် စက်မှုရေးရာဌာနသို့ ဝင်ရောက်ရန် စီစဉ်ပေးလိုက်သည်။
ကုယွမ့်ပိုင်က ထိုဌာနကို ကိုယ်တိုင်ကိုယ်ကျထူထောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စောင့်ကြည့်ရေးရုံးတော်၏စီမံခန့်ခွဲမှုအောက်တွင် တိုက်ရိုက်ရှိနေသည်။ စောင့်ကြည့်ရေးရုံးတော်က ရှာဖွေတွေ့ရှိထားသည့် ပါရမီရှင်များကိုသာ စုစည်းထားလေရာ ထိုနေရာတွင်ရှိသောသူများက လက်မှုပညာအပေါ် အမှန်တကယ် ချစ်မြတ်နိုးကြပြီး ကျွမ်းကျင်သည့်လက်မှုပညာရှင်များဖြစ်နေကြသည်။ ကုယွမ့်ပိုင် ကလည်း သူတို့ကသာ တိုင်းပြည်အတွက် အသုံးဝင်သည့်တစ်စုံတစ်ရာကို ဖန်တီးနိုင်သမျှ ထိုအရာက မည်သည့်အရာဖြစ်နေစေကာမူ ဆုလာဘ်ချီးမြှင့်ခံရမည်ဟု အမိန့်ထုတ် ထားပြီးသားဖြစ်သည်။
သို့ရာတွင် အဆုံးသတ်ရလဒ်ကမူ သဘောကျစရာမကောင်းချေ။ စက်မှုရေးရာဌာန၏သုတေသနလုပ်ရန် ကုန်ကျစရိတ်တိုင်းက အလွန်အမင်းမြင့်သည်။ စောင့်ကြည့်ရေးဌာနမှ အရာရှိများက ကုယွမ့်ပိုင်အား ထိုအကြောင်းအရာကို မကြာခဏ အထွန့်တက်တတ်ပြီး ထိုဌာနက မတည်ရှိသင့်ဟု ဆိုနေကြ၏။
ပြောရလျှင် ကုယွမ့်ပိုင်က ဆက်ရှိနေစေချင်သမျှ ထိုဌာနကို အထောက်အပံ့ အပြည့်အဝပေးထားနိုင်သည့် ရွှီနင်ရောက်လာခြင်းက မမျှော်လင့်ထားသည့် အလင်းရောင်ဖြစ်သည်။ ကုယွမ့်ပိုင်ကလည်း ထိုဌာနတွင် လိုအပ်နေသည်မှာ ဉာဏ်အလင်းပွင့်ရန် စိတ်ဆန္ဒတစ်ရပ်ဖြစ်ကြောင်းသိနေသည်။ ယခုအခါ ထိုစိတ်က ရောက်လာလေပြီ။
ရွှီနင်က အချက်အလက်များစုဆောင်းထားသည့် စာအုပ်ကိုယူလိုက်သည်။ ထို့နောက် မင်သက်နေသေး၏။ သူက စာအုပ်ကိုထိကြည့်နေပြီး ဧကရာဇ်၏ အားပေးသော စကားလုံးများကိုနားထောင်နေရင်း သူ၏မျက်လုံးက နီရဲလာသည်။
ထိုစာအုပ်တိုင်းက မဟာဟန်၏တားမြစ်စာအုပ်များဖြစ်ပြီး လက်မှုပညာရှင်များနှင့် ကုန်သည်များဟာလည်း မင်းဆက်မှ နောက်ဆုံးစာရင်းဝင် အဆင့်အတန်းအစားများ ဖြစ်နေခဲ့သည်။ လက်မှုပညာရှင်များနှင့်ပတ်သက်သော စာအုပ်များဟာ နာမည်ကြီး ပညာသင်သားတစ်ယောက်၏စာမူများထက်ပင် ရှားပါးနေသေး၏။ ရွှီနင်၏အသံက တုန်ယင်သွားသည်။
“အရှင်မင်းကြီး ဒီ ဒီလူငယ်က အရှင်မင်းကြီးကို စိတ်မပျက်စေရပါဘူး”
သူ၏အကြည့်က တဖြည်းဖြည်းချင်းခိုင်မာလာသည်။
ဧကရာဇ်ကိုယ်တိုင်က ထိုသို့မိန့်ပြီးလေပြီ။ ဧကရာဇ်က လက်မှုပညာရှင်များကို အထင်မသေးရုံသာမကသေးလေဘဲ အသိအမှတ်လည်းပြုသည်။ အကြံပေါင်းများစွာလည်း ပေးသေး၏။ ဧကရာဇ်က လေးမြှားကို တိုးတက်အောင် လုပ်ခြင်းဆိုသည့်စကားကို ထပ်ခါတလဲလဲမိန့်သွားခဲ့သည်။ ထိုထဲတွင် “နွားများကိုချည်ကာ ထယ်ထိုးခြင်း” “နွားလှည်းကိုပေါင်းသုံးကာ ထွန်ယက်ခြင်း၊ မြေဩဇာကြဲခြင်းနှင့် လှည့်ပတ်ကာရပ်နိုင်သည့်စက်မျိုး၊ ရစ်ဘီး” စသည်ဖြင့်တို့ကို ပြောပြသွားလေရာ ရွှီနင်ကိုယ်တိုင်ကပင် အံ့အားသင့်ကာ အထင်ကြီးလေးစား လာရသည်။
သူ၏လက်များက ယားယံလာသည်။ သူက ထိုဌာနသို့အဆောတလျင်သွားပြီး ဧကရာဇ်မိန့်ထားသည့်အတိုင်း အခြားသော သည်နယ်ပယ်တွင် ကျွမ်းကျင်လွန်းသည့် သူများနှင့်ပူးပေါင်းလျက် ဧကရာဇ်၏အကြံများအတိုင်း အကောင်အထည်ပေါ်လာအောင် လုပ်ဆောင်ချင်နေလေပြီ။ သူက သူချစ်မြတ်နိုးရသောအလုပ်ကိုသာ လုပ်နိုင်လျှင် တိုင်းပြည်အတွက်သာ အကျိုးပြုနိုင်လျှင် ဧကရာဇ်၏ပြဿနာများကိုသာ
ကူညီဖြေရှင်းပေးနိုင်လျှင် အခြားအရာများကို လုပ်နိုင်သည်ထက် သာလွန်သွား ပေလိမ့်မည်။
ရွှီနင်ကလည်း သူ၏ကိုယ်အပြည့်ဖုံးလွှမ်းနေသော ဒဏ်ရာများမှ နာကျင်မှုကိုပင် မခံစားရတော့ချေ။
ကုယွမ့်ပိုင်က ထိုမျှပါရမီကြီးသော သုတေသနပြုနိုင်သည့်တစ်ယောက်ကို ခေါ်သွင်းနိုင်ခဲ့လေရာ ပီတိဖြာနေသည်။ သူက နန်းတွင်းစစ်ဆေးပွဲနေ့အထိ ပျော်ရွှင်နေသေး၏။
…
ဖြေဆိုသူများက ဧကရာဇ်၏တွေ့ဆုံခြင်းခန်းမအတွင်းသို့ မိုးသောက်ချိန်အတွင်း ဝင်ရောက်လာကြသည်။ ဘာသာရေးရာဌာနမှလူများက နန်းတွင်းစာမေးပွဲဖြေဆိုသည့် ဖြစ်စဉ်တောက်လျှောက် ကြီးကြပ်ကြမည်ဖြစ်ပြီး စာမေးပွဲမတိုင်ခင် လုပ်ဆောင်သင့်သည့် ထုံးတမ်းအစဉ်အလာအရ လုပ်ဆောင်သင့်သည့်အချိန်ကာလ ရောက်ရှိလာသောအခါ အပြင်ဘက်ကောင်းကင်က တောက်ပနေလေပြီ။
နန်းတွင်းစာမေးပွဲကို ဧကရာဇ်ကိုယ်တိုင်ကကြီးကြပ်နိုင်သည်။ သို့မဟုတ်လျှင် သူကိုယ်တိုင်က အစားထိုးအနေဖြင့် စေလွှတ်ထားသော အရာရှိများက ဦးဆောင်ကြီးကြပ်၍ရ၏။ ထို့ကြာင့် ကုယွမ့်ပိုင်က လူကိုယ်တိုင်ကြီးကြပ်မည်ဖြစ်လေရာ ပါဝင်ယှဉ်ပြိုင်သူများကလည်း သည်နေရာတွင် ငြိမ်သက်စွာထိုင်နေကြပြီး ခေါင်းကိုငုံ့လျက် စကားတစ်ခွန်းပင် မဆိုရဲကြချေ။
တွေ့ဆုံခြင်းခန်းမထဲတွင်ရှိသောလေထုက တိတ်ဆိတ်ငြိမ်သက်နေပြီး ပြင်းထန်သည့် အပူအားလှိုင်းများ ထွက်မတတ်တောင့်တင်းလွန်းနေ၏။ ဖြေဆိုသူများကလည်း တစ်ဖက်တစ်ချပ်စီတွင် တောင့်တင်းသန်မာလွန်းသည့်ခန္ဓာကိုယ်၊ မြင့်မားလွန်းလှသည့်အရပ်များနှင့် စောင့်ကြပ်ကာကွယ်နေသည့် အစောင့်နှစ်တန်းကို မြင်ကြရသည်။ ဧကရာဇ်ကမူ အမြင့်ဆုံးထိုင်ခုံတွင်ထိုင်နေသည်။ မည်သူကမျှ စည်းမျဉ်းကို မဖောက်ဖျက်ရဲကြချေ။
နန်းတွင်းစာမေးပွဲအတွက် ပြင်ဆင်ထားသောထိုင်ခုံများအားလုံးကို ယခင်တစ်ခေါက် ဖြေဆိုခဲ့သည့်စာမေးပွဲမှ ရလဒ်အတိုင်း ပြင်ဆင်ပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် ကုယွမ့်ပိုင်နှင့်အနီးဆုံးက ဟွေးယွမ်ချူဝေ့မှလွဲပြီး အခြားသူမဟုတ်ချေ။
ကုယွမ့်ပိုင်က ဟိုဟိုဒီဒီကြည့်သည်။ ပထမနှစ်တန်းတွင် ရင်းနှီးကျွမ်းဝင်သော မျက်နှာပေါင်းများစွာကိုမြင်ရ၏။ ချူဝေ့အပြင် ချန်းယွီယန်အပြင် ဘဏ္ဍာရေးရာဌာနမှ ထန်းမျန်လည်းရှိနေသေးသည်။ သူ၏အရွယ်ရောက်အခမ်းအနားပွဲကိုပင် မဆင်နွှဲရသေးချေ။ သို့သော် သူကမူ တော်ဝင်ယဉ်ကျေးမှုစာမေးပွဲတွင် ၇ နေရာကိုပင် ရထားသေးလေသည်။ ဘဏ္ဍာရေးရာအမတ်အိမ်တော်စုက သူ၏လုပ်ဆောင်မှုအတွက် ဂုဏ်ယူနေလောက်၏။
ကုယွမ့်ပိုင်ကလည်း တတိယနေရာရထားသော ခုံးရီလင်းကို အထူးတလည်ကြည့်မိသည်။ ခုံးရီလင်း၏ဘိုးဘွားပိုင်အိမ်ကလည်း ချင်းကျိုးဆိုသည့် ရှန်းတုံးတွင်ရှိသည်။ ထိုနေရာက ကွန်ဖူးရှပ်အိမ်မြေကဲ့သို့ဖြစ်ခဲ့သည်။ ထိုနေရာတွင် ပါရမီရှင်များ ပြည့်နှက်နေလေ့ရှိပြီး ပညာသင်သားကြားမှ ယှဉ်ပြိုင်မှုက ကြမ်းတမ်းလေ့ ရှိသည်။ ခုံးရီလင်းက ဖြေဆိုမှုအတွင်း ရှန်းတုံးမှရောက်လာခဲ့သည့် ထိပ်ဆုံးနေရာ တစ်ခုကို အမိရထားပြီး ယူနိုင်ခဲ့သူလည်းဖြစ်သည်။
ခုံးရီလင်းက အလွန်အမင်းအရပ်ရှည်သည်။ သူက သည်အတိုင်း ထိုင်နေရုံဖြင့်ပင် သေးငယ်သောစားပွဲခုံလေးကြောင့် သူ့အတွက် မသက်မသာဖြစ်စေသေးသည်။ လူက အလွန်အမင်းတိတ်ဆိတ်ပြီး ခေါင်းကိုငိုက်စိုက်ချကာ တိတ်တဆိတ်ထိုင်နေသည်။ ထို့ကြောင့် သူက မည်သို့မည်ပုံစံရှိကြောင်း သိရန်မဖြစ်နိုင်ချေ။ သူက အလွန်တည်ငြိမ်သော စိတ်နေသဘောထားရှိသည်မှာ ဆန်ကို အေးအေးဆေးဆေး စိုက်နေသည့် လယ်သမားအိုကြီးကဲ့သို့ထင်ရ၏။ သူ၏အရှိန်အဝါကလည်း အလွန်ဖျော့တော့ပြီး သာမန်ကျသည်။ သို့သော် ခိုင်မာ၏။
ထိုအကြည့်ကပင် ကုယွမ့်ပိုင်က ခုံးရီလင်းအပေါ် အမြင်ကောင်းရှိသွားသည်။
နန်းတွင်းစာမေးပွဲအစတွင် စမ်းသပ်စာရွက်များအားလုံးကို ကမ်းပေးထားပြီး ထိပ်ဆုံးတွင် မူဝါဒရေးရာအကြောင်းအရာတစ်ခုကိုသာရေးရန် ပြောထားသည်။ ဖြေဆိုသူတိုင်းက အနည်းဆုံး စကားလုံးနှစ်ထောင်ခန့်ချရေးရန် လိုအပ်လေသည်။ နန်းတွင်းစာမေးပွဲက တစ်ရက်ကြာမည်ဖြစ်ပြီး ညနေနေဝင်ချိန်တွင် အဆုံးသတ်သွား ပေလိမ့်မည်။
ရုတ်တရက် ခန်းမထဲတွင် စာရွက်များလှန်သံက ထွက်ပေါ်လာသည်။ ကုယွမ့်ပိုင်က တစ်ခဏခန့်ထိုင်ကာ အစိုးရရေးရာနှင့်ပတ်သက်သော ကိစ္စများကို ကိုင်တွယ်နေလိုက်သည်။
ရှေ့တန်းတွင်ထိုင်နေသော သူများကလည်း ဧကရာဇ်က မှတ်တမ်းများ စဖတ်နေကြောင်း တွေ့လိုက်ရသည်။ လူအများစုကမူ ကိုယ့်စာကိုအာရုံစိုက်နေကြ ချိန်တွင် အပေါ်မှအသံကိုလည်း နားထောင်နေကြသည်။
နံပါတ် ၁ အဆင့်ကျောင်းသားဖြစ်သည့် ချူဝေ့က အကင်းပါးသည်။ သူက ဧကရာဇ် မရှိနေသလိုမျိုး မော့ပင်မကြည့်ခဲ့ဘဲ သူ၏စာကိုသာအာရုံစိုက်ကာ ချရေးနေခဲ့၏။
သူကလည်း ဧကရာဇ်၏လက်ထံမှ ပထမနေရာအရယူလိုသည်။
ဖြေဆိုသူတိုင်းမှာ ထိုသို့အခြေအနေသို့ရောက်ရှိနေပြီး ကုယွမ့်ပိုင်က မှတ်တမ်းကို ချလိုက်ပြီး ဖြေဆိုသူများကြား တဖြည်းဖြည်းချင်းစလျှောက်သည်။ အချို့ကမူ သူ ဝတ်ထားသောနဂါးဝတ်ရုံကို လှမ်းမြင်လိုက်ရသည်နှင့် သူတို့၏လက်ကောက်ဝတ်များက တုန်ယင်သွားကြပြီး မှင်စက်များက အကြမ်းစာရွက်ပေါ်ကုန်သည်။ အခြားသူများ၏ ခြေထောက်ကမူ ဆက်တိုက်ရမ်းခါကုန်သည်။ သူတို့၏သွားများကပင် အချင်းချင်း တဆတ်ဆတ်ရိုက်နေလေရာ ကုယွမ့်ပိုင်ကပင်ကြားရ၏။
သူက မည်သည့်နေရာသို့ ပတ်လျှောက်သွားစေကာမူ ရှိသောလူတိုင်းက အလွန်အမင်းထိတ်လန့်လာကြ၏။ ဆိုးရွားသောလူများက နေရာတွင်ပင်ရှုံးသွားနိုင်ပြီး ကောင်းသောသူများကမူ တောင့်တင်းသွားကြလျက် ဆက်မရေးနိုင်ကြချေ။
ဧကရာဇ်၏တောက်ပသော အဝါရောင်နဂါးဝတ်ရုံဟာ ရှေ့ခြမ်းသို့ တဖြည်းဖြည်းချင်းရွှေ့သွားသည်။ ချန်းယွီယန်က သူ၏ကျောမှ အရိပ်ကိုမြင်လိုက်ရသည်။ သူ၏လက်ကတုန်သွားပြီး သူ့ကိုယ်သူ အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထိန်းလိုက်ရသည်။
သူ၏နှလုံးသားက ဆက်တိုက်ခုန်လှုပ်နေမှုနှင့်အတူ ချန်းယွီယွန်ကလည်း ဧကရာဇ်ဟာ သူ၏ဘေးတွင်ရှိနေကြောင်း ရပ်တန့်နေကြောင်းခံစားလိုက်ရသည်။ သို့ရာတွင် သူက လှည့်ကြည့်လိုက်သောအခါ ဧကရာဇ်က ခုံးရီလင်းရှိရာသို့ လျှောက်သွားခဲ့ပြီဖြစ်သည်။ ထို့နောက် ဘေးနားတွင်ရပ်နေ၏။
ကုယွမ့်ပိုင်က ခုံးရီလင်း၏အကြမ်းစာရွက်ကိုငုံ့ကြည့်သည်။ လက်ရေးက သေသပ်စွာရေးထားပြီး ပုံစံကျလွန်းသောမှတ်တမ်းလွှာတစ်ခုလိုမျိုး သန့်ရှင်းနေသည်။ အစပိုင်းတွင်မူ သူက သည်အတိုင်း အကြမ်းဖျင်းတစ်ချက်မျှသာကြည့်ချင်ခဲ့သည်။ သို့သော် တဖြည်းဖြည်းချင်း သူ၏အမူအရာက လေးနက်သွားသည်။
ခုံးရီလင်း၏နောက်ဆုံးစုတ်ချက်ကျသွားသောအခါ ကုယွမ့်ပိုင်က အသိပြန် ဝင်သွားသည်။ သူက ခုံးရီလင်းကိုလေးနက်စွာတစ်ချက်ကြည့်လိုက်၏။ တစ်ဖက်သူက ခေါင်းကိုငိုက်စိုက်ချပြီး ဆက်လက်ပြီးရေးနေခဲ့၏။ သူက တစ်ဆင့်ချင်းစီ ရှေ့ဆက်သွားလိုက်သည်။
ဧကရာဇ်၏လှုပ်ရှားမှုကို အနားရှိလူများကလည်း သတိထားမိကြသည်။ အများစုကမူ ခုံးရီလင်းကို လျှို့ဝှက်စွာကြည့်နေကြ၏။ အကြည့်ပေါင်းများစွာကို ရင်ဆိုင်ရသောအခါ ခုံးရီလင်းက မတည်မငြိမ်ဖြင့် စာဆက်ရေးနေလိုက်ရသည်။
ခုံးရီလင်းရှိရာဘက်သို့ ချူဝေ့ကလည်းကြည့်နေ၏။ ထို့ကြောင့် သူက အကြည့်ကို အသာလွှဲလိုက်သည်။ သူက မှင်အိုးထဲသို့ စုတ်တံကိုအသာနှစ်ကာ မှင်အနည်းငယ်ယူပြီး ဆက်ရေးလိုက်သည်။
အပိုင်း ၂၄
ကုယွမ့်ပိုင်က လက်လုပ်လေးကိုကိုင်ကြည့်လေရာ လက်နှစ်ဖက်လုံး အတူပေါင်းကိုင်သည့်တိုင်အောင် မထားရုံသာတတ်နိုင်လေသည်။ သူက သက်ပြင်းချလိုက်ပြန်၏။ သူက သူ၏နူးညံ့ကာပေါ့ပါးလွန်းသောလက်ရာကိုပင် ထိုသို့ကိုင်နေရသည့်အတွက် ကိုယ်ပိုင်ကံကောင်းမှုကိုပင် သက်ပြင်းမိသေးသည်။
“သူ ဘယ်လိုနေသေးလဲ”
You are reading the story above: TeenFic.Net