၂၂ ...၂၃

Background color
Font
Font size
Line height


အပိုင်း ၂၂

မင်းသားဟယ်၏စံအိမ်တွင် တံခါးက ပိတ်ထားသည်။ ကုယွမ့်ပိုင်ကို ရထားလုံးထဲမှ ဆင်းသက်စေပြီးနောက် လူတစ်ယောက်အား တစ်ချက်သွားကြည့်ခိုင်းကာ တံခါးခေါက်ခိုင်းသည်။

ထိုဂိတ်ပေါက်ကြီး၏အရှေ့တွင် ကျောက်တုံးခြင်္သေ့ရုပ်ထုကြီးနှစ်ခုရှိနေသည်။ စံအိမ်ကို ကုယွမ့်ပိုင်ကိုယ်တိုင် ချီးမြှင့်ထားခဲ့ခြင်းဖြစ်ပြီး ထိုမျှကြီးမားလွန်းနေသော ကြောင့်တန်ကြေးက တစ်သန်းပင်ရှိနိုင်လေသည်။ ထို့အပြင် အမျိုးမျိုးသော ကလန်များ၊ ခေါင်းဆောင်များ၏ကူညီမှုဖြင့် အားဖြည့်ထားပြီး ခမ်းနားစွာတည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ ကုယွမ့်ပိုင်က သူ၏ကလန်မှလူများကို ဘယ်သောအခါမှ ပစ်ပစ်ခါခါ စွန့်ပစ်လိမ့်မည်မဟုတ်ချေ။ မည်သို့ပင်ဆိုစေ သူ၏ဆွေမျိုးတော်များ အရှက်ရသည့်အခါ သူသည်လည်း မျက်နှာပျက်နိုင်သောကြောင့်ဖြစ်သည်။

ယခုလိုတိတ်ဆိတ်ငြိမ်သက်ကာ အစဉ်တကျရှိနေသော လမ်းထဲတွင် အင်အားကြီးလူများသာပြည့်နေသည်။ မင်းသားဟယ်၏အဆင့်အတန်းက အထင်ရှားဆုံး ဖြစ်သည်။

အစောင့်များထဲမှတစ်ယောက်က တံခါးကိုသွားခေါက်လိုက်သည်။ တစ်ခဏခန့် ကြာပြီးနောက် တံခါးစောင့်၏အသံကိုကြားလိုက်ရ၏။

"မင်းသားက ကျန်းမာရေးမကောင်းလို့ ဧည့်သည်ကို လက်ခံတွေ့ဆုံနိုင်တဲ့ အခြေအနေမျိုးမရှိပါဘူး၊ ကျေးဇူးပြုပြီး နောက်တစ်ကြိမ်မှပြန်လာခဲ့ပါ"

ကုယွမ့်ပိုင်က တဖြည်းဖြည်းချင်းပြောသည်။

"အားသုံးပြီး ဖွင့်လိုက်"

အနောက်မှအစောင့်များက အပြေးအလွှားထွက်လာကြသည်။ ကုယွမ့်ပိုင်က တစ်ချက်မော့ကြည့်လိုက်ပြီး ဘုတ်ပြားကြီးမှစာကိုဖတ်သည်။ ထိုစာကမူ မင်းသားဟယ်၏စံအိမ်ဟု ရေးထိုးထား၏။ ထိုစကားလုံးသုံးလုံးကို ပန်းပွင့်များလိုလှပပြီး နူးညံ့သောပုံစံမျိုးဖြင့် ရေးသားထားခြင်းဖြစ်သည်။ ထို့ကြောင့် ကြွရွလွန်းလှလေရာ ထိုဆိုင်းဘုတ်ပြားကြီးထဲမှ ခုန်ထွက်လာတော့မတတ်ထင်ရသည်။ တစ်ဖက်မှ တံခါးစောင့်က အလန့်တကြားအော်သည်။ ကုယွမ့်ပိုင်က ထိုအချိန်မှသာ အသိပြန်ဝင်လာ၏။ ဂိတ်တံခါးက တွန်းဖွင့်ခံလိုက်ရပြီး တံခါးစောင့်က ထွက်ပြေးသွားသည်။

ကုယွမ့်ပိုင်က လက်ကိုမြှောက်လိုက်ပြီး အတွင်းသို့ အတင်းမဝင်အောင် တားလိုက်သည်။

သူက မင်းသားဟယ်အတွက် ဂုဏ်သိက္ခာအချို့တော့ဖြင့် ချန်ထားသင့်သေး လေသည်။ ထို့ကြောင့် သူ၏လူများနှင့်သာ ဂိတ်ဝတွင် ရပ်စောင့်နေလိုက်သည်။ ထျန်းဟူရှန်းက သူ့အတွက် ကုလားထိုင်ထုတ်လာပေးသည်။ သိပ်မကြာခင် လူတစ်အုပ်က အလျင်စလိုရောက်လာကြသည်။ အလွန်အမင်းမောပန်းနေပုံရသော ကြင်ယာတော်မင်းသမီးဟယ်က ဦးဆောင်လာခြင်းဖြစ်၏။ ကုယွမ့်ပိုင်ကိုမြင်သောအခါ အံ့အားသင့်သောကြောင့် အလျင်စလိုဒူးထောက်ကြကာ ဂါရဝပြုကြသည်။

မတ်တပ်ရပ်နေသေးသော တစ်ဦးတည်းသောသူက ကြင်ယာတော်မင်းသမီးဟယ် ဖြစ်သည်။ သူမကလည်း ဧကရာဇ်ကို ဂါရဝပြုပြီးနောက် သတိထားကာပြောသည်။

"အရှင်မင်းကြီး စိတ်အေးအေးထားပါ၊ မင်းသားက အခုနောက်ပိုင်း ကျန်းမာရေးမကောင်းလွန်းလို့ ဒီအစေခံက ကိုယ်စားတာဝန်ယူထားပြီး ဧည့်သည် လက်မခံရတာပါ"

မင်းသားဟယ်က တော်ဝင်သမားတော်များကိုပင် သွေးကြောစမ်းခွင့်မပြုထားချေ။ သူတို့ကလည်း မင်းသားဟယ်က နှလုံးရောဂါခံစားနေရသည်ဟု သတ်မှတ်ကြလေသည်။ ကုယွမ့်ပိုင်က တစ်စိတ်တစ်ပိုင်းလောက်ကိုသာ ယုံသည်။ ယခုအခါ ကြင်ယာတော် မင်းသမီးက ထိုသို့ပြောလာသောအခါမှသာ သက်ပြင်းချမိလေသည်။ သူက မျက်နှာအမူအရာပြောင်းလဲခြင်းမရှိဘဲ ပြောလိုက်သည်။

"ကျန်းက မင်းသားဟယ်ကို ကုဖို့ တော်ဝင်သမားတော်တွေ လွှတ်ခဲ့တယ်၊ ဒါပေမယ့် သူက သွေးကြောစမ်းခွင့်တောင် ငြင်းတယ်လို့ကြားတယ်၊ အခု မင်းသားဟယ်က ရက်အနည်းငယ်ကြာအောင် ဖျားနာနေခဲ့ပြီ၊ ကျန်းက အရမ်းကို စိုးရိမ်မိလေတယ်၊ သူက အခုဘယ်မှာများလဲ၊ ကျန်း သွားတွေ့ချင်တယ်"

ကြင်ယာတော်မင်းသမီးဟယ်က တစ်စုံတစ်ရာပြောလိုသော်လည်း ရပ်တန့်လိုက် သည်။ ထို့နောက် နောက်လှည့်လိုက်ပြီး ဧကရာဇ်ကိုဦးဆောင်ကာ စံအိမ်တော်အတွင်းသို့ ခေါ်သွားပေး၏။ သူမက လမ်းကိုဦးဆောင်ခေါ်ပြသည့် အိမ်တော်ထိန်း၏အနောက်မှ ခြေလှမ်းအနည်းငယ်ခြားပြီး လိုက်သွားသည်။ သူမက ပြော၏။

"အရှင်မင်းကြီး မင်းသားက အအေးမိတာပါ၊ တစ်ယောက်ယောက်က အနီးကပ်သွားခဲ့ရင် ကူးသွားနိုင်လို့ပါ"

ကုယွမ့်ပိုင်က ပြုံးသည်။

"ဒါလည်းဖြစ်နိုင်တာပဲ"

ထျန်းဟူရှန်းက ယဉ်ကျေးစွာဖြင့် ကြင်ယာတော်မင်းသမီးဟယ်၏အနောက်မှ လိုက်သွားသည်။ ထိုသို့ဖြင့် စံအိမ်၏အတွင်းဘက်သို့ဝင်လာသောအခါ တုန်ယင်နေသော အစေခံများကိုမြင်ရလေသည်။ ကုယွမ့်ပိုင်က အိမ်တော်ထိန်း၏တောင့်တင်းနေသော မျက်နှာအမူအရာကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"လမ်းကိုဦးဆောင်ပါ"

မင်းသားဟယ်၏မုန်တိုင်းအလယ်တွင် အိမ်သို့ပြန်သွားပြီးပြီးချင်း အိမ်တော်စု တစ်ခုလုံးက တုန်ခါသွားခဲ့သည်။

ထိုနေ့တွင် မိုးက ပြင်းထန်လွန်းသဖြင့် လူတိုင်း၏မျက်နှာကိုပင် နာကျင်စေလောက်သည်။ မင်းသားဟယ်က ထိုသို့အရှက်ရဖွယ်ပုံစံမျိုးဖြင့်ပေါ်လာပြီး ဆံပင်များက ရှုပ်ထွေးနေသည်။ ကြောက်စရာကောင်းသောကိစ္စက သူ၏အဝတ်အနားစ များက သွေးများစိုနေခြင်းဖြစ်သည်။

ကြင်ယာတော်မင်းသမီးဟယ်က ကြောက်လန့်လွန်းသဖြင့် သတိမေ့သွားလေ သည်။ ထို့နောက် သူမ သိရသည်မှာ မင်းသားဟယ်က ဒဏ်ရာရထားခြင်းမရှိချေ။ ထိုအခါမှသာ သူမက စိတ်အေးသွား၏။

သူက ပြန်လာပြီးနောက် မင်းသားဟယ်က စိတ်အခြေအနေမကောင်းဘဲ ဒေါသကြီးနေခဲ့၏။ အိမ်တော်စုမှ အစေခံများကလည်း မတော်တဆ သူ့ကို ဒေါသထွက်အောင် လုပ်ခဲ့မိလေသည်။ သူ၏စိတ်အခြေအနေက ပို၍ပင် ဆိုးရွားသွားပြီး ယခင်ကထက်ပင် ဖတ်ရန်ခက်ခဲသွားခဲ့၏။ သူ၏မျက်နှာက အမြဲတစေ သုန်မှုန်နေ တတ်သည်။ သူက ငရဲဘုရင်ကဲ့သို့ပင် ထင်ရလေသည်။

ကြင်ယာ်တော်မင်းသမီးကလည်း သူ့ကို မနှစ်သိမ့်နိုင်သလို သူ၏အနားသို့ပင် မချဉ်းကပ်ရဲခဲ့ချေ။

မင်းသားဟယ်က ပြန်လာပြီး ရက်အနည်းငယ်ကြာပြီးနောက် သူက ပုံမှန်အတိုင်း ပြန်လည်ပြုမူပြန်သည်။ ထိုအခါတွင် ရုတ်တရက် အလွန်နီးကပ်လွန်းစွာ ပြုမူစကားပြောနေသော အမျိုးသားအစေခံငယ်နှစ်ယောက်နှင့် တွေ့ပြီးနောက်တွင် သူက ဒေါသထွက်သွားခဲ့ပြန်၏။

မင်းသား၏စံအိမ်က ဆယ်ရက်ခန့်ကြာအောင် ထိုသို့စိတ်ဓါတ်ကျဖွယ်လေထု များဖြင့် ဖုံးလွှမ်းနေခဲ့ခြင်းဖြစ်သည်။

အဓိကအိပ်ဆောင်၏တံခါးရှေ့ရောက်သောအခါ ကြိုတင်ကာ အပြေးအလွှား သတင်းပို့သော အစေခံက တံခါးကြားအသာဟ၍ တုန်ယင်သောလေသံဖြင့် ပြောလိုက်သည်။

"သခင် ဧက ဧကရာဇ်က ရောက်လာတော့မှာပါ"

"ဧကရာဇ်က ကြွလာတော့မှာပါ"

အတွင်းမှ တိုးလျလွန်းသောလေသံကိုကြားရသည်။ ထို့နောက် တံခါးက ရုတ်ချည်း ဝုန်းကနဲပွင့်သွား၏။ ထိုသို့ဖြင့် ကြော့ရှင်းကြည့်ကောင်းသော ပညာသင်တစ်ယောက်က ထွက်လာသည်။

ထိုပညာသင်သားဟာ မင်းသားဟယ်၏လက်အောက်ငယ်သားဖြစ်သည်။

သူ၏မျိုးရိုးနာမည်က ဝမ်ဖြစ်ပြီး သည်စံအိမ်မှ ဧည့်သည်တော်လည်းဖြစ်သည်။ သူက ပြောသည်။

"ငါက ဧကရာဇ်ကို တလေးတစားကြိုဆိုဖို့ ပြင်ဆင်လိုက်မယ်"

ဒူးထောက်နေသောလူများကို ဖြေလျော့သွားပြီးနောက် ထျန်းဟူရှန်းက အရှေ့သို့တက်လိုက်ကာ တံခါးကိုဖွင့်လိုက်သည်။ ထိုသို့ဖွင့်လိုက်သည်နှင့်အမျှ ပြင်းထန်သောဆေးရနံ့က ပျံ့ထွက်လာသည်။ ကုယွမ့်ပိုင်က ထိုရနံ့များနှင့် ရင်းနှီးထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူက ရနံ့ရသောအခါ ဒါက အအေးမိခြင်းကို ကုသသည့်ဆေးများဖြစ်ကြောင်းကို သိလိုက်သည်။

ကုယွမ့်ပိုင်က တံခါးထံသို့ လှမ်းအော်သည်။

"မင်းသားဟယ် ရှိသလား"

မှောင်မဲနေသောအခန်းတွင် မည်သည့်အလင်းမျှမရှိချေ။ သိပ်သည်းလွန်း သော်လည်း ဖျော့တော့သည့်အလင်းကသာ ကြမ်းခင်းပြင်မှ ပြောင်ရှင်းသောနေရာကို ထင်ဟပ်ပြသနေသည်။ ကုယွမ့်ပိုင်က တစ်ဖန်ပြန်အော်လိုက်သည်။ တစ်ခဏခန့် ကြာပြီးနောက် ဩရှသောအသံကို ကြားလိုက်ရသည်။

"အရှင်မင်းကြီး ကျေးဇူးပြုပြီး နီးကပ်လို့မလာပါနဲ့"

အသံကိုနားထောင်ရုံနှင့်ပင် မင်းသားဟယ်က အလွန်ဖျားနာနေကြောင်း ခံစားမိနိုင်လေသည်။

ကုယွမ့်ပိုင်က သူ့ကိုသွန်သင်သည်။

"မင်းက ဖျားနေတာ ဆယ်ရက်တောင်ကျော်ပြီ၊ မနက်ခင်းခုံရုံးကိုတောင် တက်မလာခဲ့ဘူး၊ ကျန်းက မင်းကို ကုသဖို့ တော်ဝင်သမားတော်တွေကို စေလွှတ်ခဲ့တယ်၊ ဒါတောင် မင်းက သူတို့ကို ဝင်ခွင့်မပြုခဲ့ဘူး"

အပိုင်း ၂၃

မင်းသားဟယ်က တစ်ခဏခန့် တိတ်ဆိတ်သွားသည်။

"အရှင်မင်းကြီးက ဒီအရာရှိကို ဂရုစိုက်တာလား"

သို့သော် ထိုသို့ပြောပြီးပြီးချင်း မင်းသားဟယ်က ဆက်ပြောသည်။

"ထားလိုက်ပါတော့ ဒီအရာရှိကလည်း မသိချင်ပါဘူး"

ကုယွမ့်ပိုင် "..."

မင်းသားဟယ်က ဘာဖြစ်နေတာလဲ။

ကုယွမ့်ပိုင်က သူ၏ရှည်လျားသောမျက်ခုံးများကို ပင့်လိုက်သည်။ သူက အတွင်းသို့ဝင်ရန် ခြေထောက်ကို မလိုက်ပြီးသည့်အချိန်တွင် အတွင်းမှ သူ၏ခြေလှမ်းသံကို ကြားလိုက်သည့် မင်းသားဟယ်က တစ်ဖန်ထပ်ပြောလာသည်။

"ဒီအရာရှိက အအေးမိနေခဲ့တာပါ အရှင်မင်းကြီး အရှင်မင်းကြီးက ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်၊ ဒီမင်းသားနဲ့ ခပ်ဝေးဝေးနေပါ၊ ဝင်မလာခဲ့ပါနဲ့"

"ကျန်း သိပြီးပြီ"

ကုယွမ့်ပိုင်က လှမ်းဝင်လိုက်သည်။ သူက သည်အခြေအနေကို အခွင့်ကောင်းယူပြီး ထပ်ဖြည့်ပြော၏။

"ကျန်းက ကျန်းနဲ့အတူ တော်ဝင်သမားတော်တွေကို ခေါ်လာခဲ့တယ်၊ မင်းသားဟယ် မင်းက မဟာဟန်ရဲ့အမတ်တစ်ပါးနော်၊ မင်းသားလည်းဟုတ်တယ်၊ ဆယ်ရက်ကျော်တောင် အအေးမိပြီး အိပ်ယာထဲလဲနေရတာ မင်းရဲ့အခြေအနေက ကောင်းတောင်မလာခဲ့သေးဘူး၊ သမားတော်တွေကို ဝင်ပြီးစမ်းသပ်ခိုင်းလိုက်ပါ မင်းသားဟယ် ဒီလိုဆိုရင် ကျန်းက စိုးရိမ်စရာလိုတော့မှာ မဟုတ်ဘူး"

သူက ထိုသို့ပြောပြီးပြီးချင်း သူ၏အနောက်မှသမားတော်က အိပ်ခန်းထဲသို့ ဝင်သွားသည်။ ကုယွမ့်ပိုင်က တဖြည်းဖြည်းချင်းလျှောက်ပြီး အခန်း၏အဆုံးနားသို့ သွားသည်။ ထျန်းဟူရှန်းက တုံ့ဆိုင်းသွားပြီး ပြောသင့်မပြောသင့်စဉ်းစားနေသည်။ သူကလည်း ဧကရာဇ်အား မဝင်ရန်ဖျောင်းဖျချင်သည်။ သို့သော် မတားရဲပြန်ချေ။ သေချာစွာပင် အခန်းအတွင်းတွင် မည်သည့်အလင်းမျှရှိမနေခဲ့ချေ။

မင်းသားဟယ်က အိပ်ယာတွင်လှဲနေသည်။ သူ၏ခေါင်းအစခြေအဆုံး စောင်ထူထူဖြင့် အုပ်ထား၏။ သူ၏စောင်အောက်မှထွက်နေသော လက်တစ်ဖက်ဖြင့်သာ တော်ဝင်သမားတော်ကို သွေးကြောစမ်းခိုင်းလေသည်။

တော်ဝင်သမားတော်သုံးယောက်က သူ၏သွေးကြောကို တစ်ယောက်ပြီး တစ်ယောက် စမ်းကြည့်သည်။ ထို့နောက် ကုယွမ့်ပိုင်၏အနားသို့လာကာ လျှောက်တင် သည်။

"အရှင်မင်းကြီး မင်းသားဟယ်က လေအေးမိပြီး အအေးမိသွားတဲ့အတွက်ကြောင့် ဖျားနာရောဂါကို ခံစားနေရတာပါ"

ကုယွမ့်ပိုင်က မျက်လုံးကို မှေးကျဉ်းလိုက်သည်။

သူ၏ခန္ဓာကိုယ်အတွင်းမှ အပြင်အထိ မှားယွင်းသောခံစားချက်မျိုးကို ခံစားနေရသည်။ ဧကရာဇ်က စကားမဆိုချေ။ တော်ဝင်သမားတော်များကလည်း မော့ပင်မကြည့်ရဲကြချေ။ စောင်အတွင်းမှ မင်းသားဟယ်က တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားမိပုံရသည်။ သူက စောင်ကို အနည်းငယ်လှုပ်လိုက်၏။ ကုယွမ့်ပိုင်က အနားသို့လျှောက်လာပြီး စောင်ကိုဖိကိုင်လိုက်ကာ ခပ်မြန်မြန် မတင်လိုက်သည်။ ထိုသို့ဖြင့် အတွင်းရှိလူကို မြင်လိုက်သည်။

မင်းသားဟယ်၏မျက်လုံးအောက်မှ အရေပြားက မဲမှောင်ကာပြာနှမ်းနေပြီး နှုတ်ခမ်းများကလည်း ကွဲအက်နေသည်။ သွေးစများကိုပင်မြင်နိုင်နေသေး၏။ စောင်ကို သတိလက်လွတ်မတင်လိုက်သောကြောင့် သူကလည်း သတိလက်လွတ်ဖြစ်သွားပုံ ရသည်။ သူ၏မျက်လုံးက အံ့အားသင့်မှုအပြည့်ဖြင့် ကုယွမ့်ပိုင်ကိုကြည့်သည်။ ကုယွမ့်ပိုင်က ဖိကိုင်ထားမှုကို လျော့ချလိုက်သည်။ စောင်က မင်းသားဟယ်ပေါ်သို့ ခပ်ကြမ်းကြမ်း ပြန်ပြုတ်ကျသွား၏။ သူက မျက်နှာအမူအရာမပြောင်းချေ။ သို့သော် မင်းသားဟယ်၏မျက်နှာကိုမြင်လိုက်ရချိန်တွင် မျက်မှောင်ကြုတ်လိုက်သည်။

"မင်းက ဘာလို့ နှာခေါင်းကနေ ပါးစပ်အထိ တောက်လျှောက်အုပ်ထားတာလဲ မင်းသားဟယ်၊ ဒီလိုက မင်းရဲ့အခြေအနေကို အကူအညီမဖြစ်နိုင်ဘူး"

"..."

မင်းသားဟယ်က မျက်လုံးကိုအကြည့်လွှဲသည်။ သူက တည်ငြိမ်စွာပြော၏။

"ဒီအရာရှိက အရှင်မင်းကြီးရဲ့ကျန်းမာရေးကို ထိခိုက်သွားမှာကို စိုးရိမ်လို့ပါ"

ကုယွမ့်ပိုင်က တစ်ခဏခန့်တိတ်ဆိတ်သွားသည်။ သူက ထျန်းဟူရှန်းအား ကုတင်ဘေးနားသို့ ကုလားထိုင်ကိုရွှေ့စေသည်။ ထို့နောက် ပြန်ထိုင်ချလိုက်ကာ သက်ပြင်းချလိုက်သည်။

"မင်းသားဟယ် မင်းအနေနဲ့ မင်းရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့လိုအပ်တယ်"

မင်းသားဟယ်၏လက်က သွေးကြောကိုစမ်းပြီး‌နောက် ဘေးနားတွင် ချထားလျက်သားဖြစ်သည်။ ကုယွမ့်ပိုင်က နှစ်ကြိမ်ခန့်အသာပုတ်လိုက်၏။ မင်းသားဟယ်က တုန်ယင်သွားပြီး လက်သီးဆုပ်လိုက်သည်။ ထျန်းဟူရှန်းကလည်း ကုယွမ့်ပိုင်အား လေသံတိုးတိုးဖြင့် ခေါင်းမာစွာဖျောင်းဖျလိုက်သည်။

"အရှင်မင်းကြီး မင်းသားဟယ်က များများအနားယူသင့်ပါတယ်၊ အရှင်မင်းကြီး မြန်မြန်ထွက်လာပြီး မဖျားနာအောင် ဂရုစိုက်ပေးတော်မူပါ"

ဘေးနားရှိအစောင့်ခေါင်းဆောင်ကလည်း အလားတူအကြံပေးသည်။ ကုယွမ့်ပိုင် က နောက်ဆုံးတွင် ထရပ်လိုက်ရသည်။ သည်နည်းအားဖြင့် မင်းသားဟယ်ကို လုံလုံခြုံခြုံ ပြန်အုပ်ပေးလိုက်၏။

သူက ထိုသို့အုပ်ပေးရန် ငုံ့ကိုင်းလိုက်ချိန်တွင် သူ၏ဝတ်ရုံမှ အပြာရောင်ပိုးသားစက မင်းသားဟယ်၏မျက်လုံးရှေ့သို့ အုပ်ကျသွားသည်။ ထိုအခါ အဖိုးတန်လွန်းသော နန်းတွင်း၏အမွှေးနံ့သာရနံ့ကို ရလိုက်လေသည်။ မင်းသားဟယ်၏အကြည့်က နက်နဲသွားသည်။

အဆင့်မြင့်ပြီး နက်နဲလွန်းတယ်၊ လျှို့ဝှက်ဆန်းကြယ်လွန်းသေးတယ်။

ဒါက ရွှံ့လိုပဲ၊ ဘယ်တော့မှ ပြောင်အောင် ခါချလို့မရနိုင်ဘူး။

မင်းသားဟယ်က ခေါင်းကိုစောင်းလိုက်သည်။ သူက စိတ်ဓါတ်ကျနေပြီး မျက်လုံးကိုတောင် မှိတ်ကာအနားယူသည်။

ဧကရာဇ်က ကိုယ်ကိုပြန်မတ်လိုက်ပြီးနောက် ထိုသို့သောအနေအထားမျိုးကို မြင်လိုက်ရလေရာ တိတ်တဆိတ်သာ ထွက်သွားလိုက်လေသည်။

တစ်ခဏခန့်ကြာပြီးနောက် တံခါးအပြင်ဘက်မှအသံများက ငြိမ်သွား၏။ တံခါးက ပြန်ပိတ်သွားသည်။ ထိုသို့ဖြင့် တစ်ခန်းလုံးက တိတ်ဆိတ်သွားသည်။ ရုတ်တရက် အိပ်ခန်းဘေးရှိ အခန်းက တဖြည်းဖြည်းချင်းပွင့်သွားပြီး ပညာသင်သားဝမ်က လျှောက်ဝင်လာသည်။ သူက လက်နှစ်ဖက်လုံးကိုချလျက် ဂါရဝပြုကာပြောသည်။

"သခင် အရှင်မင်းကြီးက စံအိမ်က ထွက်သွားခဲ့ပါပြီ"

မင်းသားဟယ်ကဖြေသည်။

"သူ လုံလုံခြုံခြုံသွားနိုင်ပါစေ"

"အရှင်မင်းကြီးက မင်းသားကို အရမ်းကိုဂရုစိုက်တာပါ"

ပညာသင်သားဝမ်က နူးညံ့စွာပြောသည်။

"ဘာလို့ ကိုယ့်ကိုယ်ကို ဒုက္ခပေးနေရတာပါလဲ မင်းသား ဘာလို့ ညလယ်ခေါင်မှာ အေးစက်နေတဲ့မိုးရေထဲ ပြေးလွှားခဲ့ရတာပါလဲ"

မင်းသားဟယ်က နှာခေါင်းရှုံ့သည်။ သူက သဘောလည်းကျသွား၏။ ထို့နောက် ခေါင်းကိုခါပြန်သည်။ သူက ထထိုင်လိုက်သည်။

"မင်းက ဘာသိလို့လဲ"

ကုယွမ့်ပိုင်က သူ့ကိုဂရုစိုက်တယ်။

နန်းတွင်းကိုပြန်သည့် ရထားလုံးပေါ်တွင်ရှိနေသည့် ကုယွမ့်ပိုင်က မျက်လုံးကို မှိတ်ထားပြီး အနောက်သို့မှီကာ အနားယူနေသည်။ တော်ဝင်သမားတော်က သူ၏သွေးကြောကိုစမ်းပြီး အသားရောင်ကို စစ်ဆေးကြည့်သည်။ ထိုအခါမှသာ သူ၏မျက်နှာမှ တင်းနေသောအကြောများက လျော့သွားသည်။

"အရှင်မင်းကြီးရဲ့ကျန်းမာရေးက ကောင်းပါတယ်"

"အင်း"

ကုယွမ့်ပိုင်က ပြန်ဖြေသည်။ သူက သာမန်ကာလျှံကာလေသံမျိုးဖြင့် မေးသည်။

"မင်းသားဟယ် ဖျားနေတာ ဘယ်လောက်ကြာသွားပြီလဲ"

သမားတော်က ခေါင်းခါသည်။ သူကလည်းရှက်သွား၏။ ကုယွမ့်ပိုင်ကလည်း သူ့ကို အရှက်မရစေချင်တော့ချေ။ ထို့ကြောင့် ခေါင်းကိုသာ လက်ဖြင့်ထောက်လိုက်ပြီး ကိစ္စများကို တိတ်တဆိတ်တွေးနေလိုက်သည်။

အတိတ်တွင်ဧကရာဇ်က ရှုပ်ထွေးသောလမ်းပေါ်တွင် မြင်းများအား ဒလကြမ်း မောင်းနှင်ခွင့်မပြုကြောင်း၊ ထိုသို့စီးနင်းပါက ထိခိုက်ဒဏ်ရာရမှုများရှိနိုင်ကြောင်းမြင်၏။ ရထားလုံးများ၏အရှိန်ကိုလည်း အကန့်အသတ်ပြုသင့်ကြောင်း အမိန့်ထုတ်ခဲ့၏။ ထို့ကြောင့် ရထားလုံးမောင်းနှင်သူတိုင်းက အလွန်အမင်း နှေးကွေးလွန်းဟန်ဖြင့် မောင်းနှင်ကြ၏။ မြင်း၏ခွာက တစ်လှမ်းချင်းစီသာရွေ့သည်။ လမ်းပေါ်ရှိ ခလုတ်ကသင်းများကလည်း

အထပ်ထပ်ရှိနေသောစောင်များ၊ ဂွမ်းသားများ၏စုပ်ယူမှုကို ခံရလေရာ ရထားလုံးက သည်အတိုင်းမြေပြင်တွင် ချခင်းထားသလို ခိုင်မာနေလေ့ ရှိလေသည်။

တစ်ခဏခန့်ကြာပြီးနောက် ကုယွမ့်ပိုင်က မျက်လုံးကို ရုတ်တရက်ပြန်ဖွင့်လိုက် သည်။ သူက လိုက်ကာကိုမပြီး ပြူတင်းပေါက်အပြင်သို့ကြည့်လိုက်လေရာ ထိုနေရာတွင် လက်သီးထိုးကန်ကြောက်နေသည့် လူတစ်အုပ်ကို တွေ့လိုက်ရသည်။ သူတို့က တောင်ကြားအတွင်းတွင်ရှိနေကြသည်။

"ကြောင်တောင်တောင်နိုင်တဲ့လှည့်ကွက်တွေပဲ"

"အရူးလိုကစားကွက်တွေ"

"မင်းက မင်းကိုယ်မင်း ပညာသင်သားတစ်ယောက်လို့ ထင်နေလား"

ထိုသို့ဖြင့် ကုယွမ့်ပိုင်၏နားအတွင်းသို့ ပြတ်တောက်ပြတ်တောက်ဖြစ်နေသည့် စာသားများက ဝင်ရောက်လာသည်။ ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီးနောက် ကုယွမ့်ပိုင်၏အကြည့်က သစ်သားပစ္စည်းများထံ ရောက်သွား၏။ အနီးကပ်ကြည့်ပြီး နောက် ထိုအရာက လက်လုပ်လေးများဖြစ်ကြောင်း တွေ့လိုက်ရသည်။

ကုယွမ့်ပိုင်က ချက်ချင်းဆိုသလိုပြောသည်။

"မြင်းကိုရပ်ခိုင်းပါအုံး၊ ယန်ရွှီ အဲ့ဒီကလူကို ခေါ်လာလှည့်ပါ"

ရွှီနင်ကမူ သေတော့မည်ဟုခံစားနေရသည်။ သူ၏ခေါင်းနှင့်လက်ကို တင်းတင်းကြပ်ကြပ်အုပ်ထားပြီး ဘောလုံးကဲ့သို့ကွေးနေကာ ထောင့်တစ်နေရာတွင် အရှက်ရဖွယ်အရိုက်ခံနေရသည်။ သူလုပ်သောလေးက ထိုလူများကြောင့် နင်းခြေခြင်းကို ခံထားရသည်။ သူကလည်း သူ၏လက်ရာက သူတို့၏စိတ်အခြေအနေကို ပြောင်းလဲနိုင်မည်ဟု တွေးခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာပင် သူ အနှစ်သက်ဆုံး အရာကပင် သူ့ကို မကယ်နိုင်ခဲ့ချေ။

ပညာသင်သားတွေ၊ လယ်သမားတွေ၊ အနုပညာရှင်တွေ၊ ကုန်သည်တွေ

ရွှီနင်က ပါရမီရှင်ပညာသင်သားတစ်ယောက်ဆိုသည့် ဂုဏ်သတင်းမျိုးကို ပိုင်ဆိုင်ခဲ့သည်။ သူကလည်း ယခုလိုအရှက်ရဖွယ်အနေအထားမျိုးတွင် မရှိနေသင့်ချေ။

သူက ထူးဆန်းသော ပစ္စည်းမျိုးကိုသဘောကျသည်။ သူက သစ်သားဖြင့်လုပ်သော ပစ္စည်းများကို သဘောကျ၏။ ထိုသို့ဖြင့် သစ်သားဖြင့်လုပ်သောပစ္စည်းမျိုးများကို ဖြုတ်ကာ လေ့လာရခြင်းအား သဘောကျပြန်သည်။ သူက ထိုသို့လေ့လာလေလေ သဘောကျလေလေ ဖြစ်တတ်လေသည်။

သို့ရာတွင် အချို့လူများကမူ သူကဲ့သို့ပညာရှင်မျိုးက ယခုလိုကိစ္စမျိုးကို လုပ်နေခြင်းက သိက္ခာကျစေသည်ဟု ခံစားရသည်။ ထို့ကြောင့် သူ့ကို လမ်းမှားလျှောက်နေသည်ဟု ထင်နေကြ၏။ သူ့ကို အထင်သေးသောလူများက သူ့ကိုလှောင်ပြောင်ရုံသာ မကသေးလေဘဲသူက တိုင်းပြည်အဆင့်စာမေးပွဲကို အောင်ခဲ့ဖူးသည်ဆိုသော အခြေအနေကြောင့် မနာလိုကြီးကြသည်။ ထို့ကြောင့် သူ့ကိုဖျက်ဆီးချင်ကြသည်။

သူက ပျော်မွေ့သောအရာများက သူ့ကိုဆွဲချသည်။ ထိုသို့ဖြင့် သူက အနုပညာကို အဓိကထား လုပ်ကိုင်သည့်လက်မှုပစ္စည်းများနှင့် အချစ်အမုန်းဆက်ဆံရေးမျိုး ရှိနေသည်ဆိုသော ဖိအားမျိုးကိုပင်ခံစားရ၏။ ထိုအရာများကိုပင် သူ အလွန်မုန်းတီး မိသေးသည်။

ဟုတ်တယ်၊ သူ့ရဲ့နှလုံးသားက ရပ်တန့်သွားတော့မှာ။

သူ၏မျက်နှာတွင် မျက်ရည်များက ပြည့်နှက်နေသည်။ ရွှီနင်က အသက်ရှူပင် အောင့်ထားလိုက်ရလေသည်။

သူက လုံးဝစိတ်ဓါတ်ကျနေချိန်တွင် ရုတ်တရက် သူ၏အနောက်မှ အော်သံအချို့ကို ကြားလိုက်ရသည်။

ရွှီနင်က ခေါင်းမော့ကာကြည့်လိုက်သောအခါ ထောင်ထောင်မောင်းမောင်း သန်သန်မာမာနှင့် လူထွားကြီးအချို့က ချဉ်းကပ်လာကြောင်းမြင်လိုက်ရသည်။

ထိုထဲမှတစ်ယောက်က လေးနက်သောလေသံဖြင့်ပြောသည်။

"ဒီကိုလာ"

ရွှီနင်က ခြေထောက်ကိုကျုံ့လိုက်သည်။ ချိုင့်ဝှမ်းအရှေ့တွင်ရှိနေသော ခမ်းနားလွန်းသောရထားလုံးကိုလည်း ကြောက်လန့်သောအမူအရာမျိုးဖြင့်ကြည့်သည်။

"မင်း မင်း မင်းတို့က ဘယ်သူတွေလဲ"

အစောင့်ခေါင်းဆောင်က ဧကရာဇ်၏အပါးသို့ အလျင်အမြန်ပြန်သွားကာ သတင်းပို့သည်။

"အဲ့ဒီလူ ရောက်လာပါပြီ"

အပိုင္း ၂၂
မင္းသားဟယ္၏စံအိမ္တြင္ တံခါးက ပိတ္ထားသည္။ ကုယြမ့္ပိုင္ကို ရထားလုံးထဲမွ ဆင္းသက္ေစၿပီးေနာက္ လူတစ္ေယာက္အား တစ္ခ်က္သြားၾကည့္ခိုင္းကာ တံခါးေခါက္ခိုင္းသည္။

ထိုဂိတ္ေပါက္ႀကီး၏အေရွ႕တြင္ ေက်ာက္တုံးျခေသၤ့႐ုပ္ထုႀကီးႏွစ္ခုရွိေနသည္။ စံအိမ္ကို ကုယြမ့္ပိုင္ကိုယ္တိုင္ ခ်ီးျမႇင့္ထားခဲ့ျခင္းျဖစ္ၿပီး ထိုမွ်ႀကီးမားလြန္းေနေသာ ေၾကာင့္တန္ေၾကးက တစ္သန္းပင္ရွိနိုင္ေလသည္။ ထို႔အျပင္ အမ်ိဳးမ်ိဳးေသာ ကလန္မ်ား၊ ေခါင္းေဆာင္မ်ား၏ကူညီမႈျဖင့္ အားျဖည့္ထားၿပီး ခမ္းနားစြာတည္ေဆာက္ထားခဲ့ျခင္း ျဖစ္သည္။ ကုယြမ့္ပိုင္က သူ၏ကလန္မွလူမ်ားကို ဘယ္ေသာအခါမွ ပစ္ပစ္ခါခါ စြန႔္ပစ္လိမ့္မည္မဟုတ္ေခ်။ မည္သို႔ပင္ဆိုေစ သူ၏ေဆြမ်ိဳးေတာ္မ်ား အရွက္ရသည့္အခါ သူသည္လည္း မ်က္ႏွာပ်က္နိုင္ေသာေၾကာင့္ျဖစ္သည္။

ယခုလိုတိတ္ဆိတ္ၿငိမ္သက္ကာ အစဥ္တက်ရွိေနေသာ လမ္းထဲတြင္ အင္အားႀကီးလူမ်ားသာျပည့္ေနသည္။ မင္းသားဟယ္၏အဆင့္အတန္းက အထင္ရွားဆုံး ျဖစ္သည္။

အေစာင့္မ်ားထဲမွတစ္ေယာက္က တံခါးကိုသြားေခါက္လိုက္သည္။ တစ္ခဏခန႔္ ၾကာၿပီးေနာက္ တံခါးေစာင့္၏အသံကိုၾကားလိုက္ရ၏။

"မင္းသားက က်န္းမာေရးမေကာင္းလို႔ ဧည့္သည္ကို လက္ခံေတြ႕ဆုံနိုင္တဲ့ အေျခအေနမ်ိဳးမရွိပါဘူး၊ ေက်းဇူးျပဳၿပီး ေနာက္တစ္ႀကိမ္မွျပန္လာခဲ့ပါ"

ကုယြမ့္ပိုင္က တျဖည္းျဖည္းခ်င္းေျပာသည္။

"အားသုံးၿပီး ဖြင့္လိုက္"

အေနာက္မွအေစာင့္မ်ားက အေျပးအလႊားထြက္လာၾကသည္။ ကုယြမ့္ပိုင္က တစ္ခ်က္ေမာ့ၾကည့္လိုက္ၿပီး ဘုတ္ျပားႀကီးမွစာကိုဖတ္သည္။ ထိုစာကမူ မင္းသားဟယ္၏စံအိမ္ဟု ေရးထိုးထား၏။ ထိုစကားလုံးသုံးလုံးကို ပန္းပြင့္မ်ားလိုလွပၿပီး ႏူးညံ့ေသာပုံစံမ်ိဳးျဖင့္ ေရးသားထားျခင္းျဖစ္သည္။ ထို႔ေၾကာင့္ ႂကြ႐ြလြန္းလွေလရာ ထိုဆိုင္းဘုတ္ျပားႀကီးထဲမွ ခုန္ထြက္လာေတာ့မတတ္ထင္ရသည္။ တစ္ဖက္မွ တံခါးေစာင့္က အလန႔္တၾကားေအာ္သည္။ ကုယြမ့္ပိုင္က ထိုအခ်ိန္မွသာ အသိျပန္ဝင္လာ၏။ ဂိတ္တံခါးက တြန္းဖြင့္ခံလိုက္ရၿပီး တံခါးေစာင့္က ထြက္ေျပးသြားသည္။

ကုယြမ့္ပိုင္က လက္ကိုျမႇောက္လိုက္ၿပီး အတြင္းသို႔ အတင္းမဝင္ေအာင္ တားလိုက္သည္။

သူက မင္းသားဟယ္အတြက္ ဂုဏ္သိကၡာအခ်ိဳ႕ေတာ့ျဖင့္ ခ်န္ထားသင့္ေသး ေလသည္။ ထို႔ေၾကာင့္ သူ၏လူမ်ားႏွင့္သာ ဂိတ္ဝတြင္ ရပ္ေစာင့္ေနလိုက္သည္။ ထ်န္းဟူရွန္းက သူ႕အတြက္ ကုလားထိုင္ထုတ္လာေပးသည္။ သိပ္မၾကာခင္ လူတစ္အုပ္က အလ်င္စလိုေရာက္လာၾကသည္။ အလြန္အမင္းေမာပန္းေနပုံရေသာ ၾကင္ယာေတာ္မင္းသမီးဟယ္က ဦးေဆာင္လာျခင္းျဖစ္၏။ ကုယြမ့္ပိုင္ကိုျမင္ေသာအခါ အံ့အားသင့္ေသာေၾကာင့္ အလ်င္စလိုဒူးေထာက္ၾကကာ ဂါရဝျပဳၾကသည္။

မတ္တပ္ရပ္ေနေသးေသာ တစ္ဦးတည္းေသာသူက ၾကင္ယာေတာ္မင္းသမီးဟယ္ ျဖစ္သည္။ သူမကလည္း ဧကရာဇ္ကို ဂါရဝျပဳၿပီးေနာက္ သတိထားကာေျပာသည္။

"အရွင္မင္းႀကီး စိတ္ေအးေအးထားပါ၊ မင္းသားက အခုေနာက္ပိုင္း က်န္းမာေရးမေကာင္းလြန္းလို႔ ဒီအေစခံက ကိုယ္စားတာဝန္ယူထားၿပီး ဧည့္သည္ လက္မခံရတာပါ"

မင္းသားဟယ္က ေတာ္ဝင္သမားေတာ္မ်ားကိုပင္ ေသြးေၾကာစမ္းခြင့္မျပဳထားေခ်။ သူတို႔ကလည္း မင္းသားဟယ္က ႏွလုံးေရာဂါခံစားေနရသည္ဟု သတ္မွတ္ၾကေလသည္။ ကုယြမ့္ပိုင္က တစ္စိတ္တစ္ပိုင္းေလာက္ကိုသာ ယုံသည္။ ယခုအခါ ၾကင္ယာေတာ္ မင္းသမီးက ထိုသို႔ေျပာလာေသာအခါမွသာ သက္ျပင္းခ်မိေလသည္။ သူက မ်က္ႏွာအမူအရာေျပာင္းလဲျခင္းမရွိဘဲ ေျပာလိုက္သည္။

"က်န္းက မင္းသားဟယ္ကို ကုဖို႔ ေတာ္ဝင္သမားေတာ္ေတြ လႊတ္ခဲ့တယ္၊ ဒါေပမယ့္ သူက ေသြးေၾကာစမ္းခြင့္ေတာင္ ျငင္းတယ္လို႔ၾကားတယ္၊ အခု မင္းသားဟယ္က ရက္အနည္းငယ္ၾကာေအာင္ ဖ်ားနာေနခဲ့ၿပီ၊ က်န္းက အရမ္းကို စိုးရိမ္မိေလတယ္၊ သူက အခုဘယ္မွာမ်ားလဲ၊ က်န္း သြားေတြ႕ခ်င္တယ္"

ၾကင္ယာေတာ္မင္းသမီးဟယ္က တစ္စုံတစ္ရာေျပာလိုေသာ္လည္း ရပ္တန႔္လိုက္ သည္။ ထို႔ေနာက္ ေနာက္လွည့္လိုက္ၿပီး ဧကရာဇ္ကိုဦးေဆာင္ကာ စံအိမ္ေတာ္အတြင္းသို႔ ေခၚသြားေပး၏။ သူမက လမ္းကိုဦးေဆာင္ေခၚျပသည့္ အိမ္ေတာ္ထိန္း၏အေနာက္မွ ေျခလွမ္းအနည္းငယ္ျခားၿပီး လိုက္သြားသည္။ သူမက ေျပာ၏။

"အရွင္မင္းႀကီး မင္းသားက အေအးမိတာပါ၊ တစ္ေယာက္ေယာက္က အနီးကပ္သြားခဲ့ရင္ ကူးသြားနိုင္လို႔ပါ"

ကုယြမ့္ပိုင္က ၿပဳံးသည္။

"ဒါလည္းျဖစ္နိုင္တာပဲ"

ထ်န္းဟူရွန္းက ယဥ္ေက်းစြာျဖင့္ ၾကင္ယာေတာ္မင္းသမီးဟယ္၏အေနာက္မွ လိုက္သြားသည္။ ထိုသို႔ျဖင့္ စံအိမ္၏အတြင္းဘက္သို႔ဝင္လာေသာအခါ တုန္ယင္ေနေသာ အေစခံမ်ားကိုျမင္ရေလသည္။ ကုယြမ့္ပိုင္က အိမ္ေတာ္ထိန္း၏ေတာင့္တင္းေနေသာ မ်က္ႏွာအမူအရာကိုၾကည့္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"လမ္းကိုဦးေဆာင္ပါ"

မင္းသားဟယ္၏မုန္တိုင္းအလယ္တြင္ အိမ္သို႔ျပန္သြားၿပီးၿပီးခ်င္း အိမ္ေတာ္စု တစ္ခုလုံးက တုန္ခါသြားခဲ့သည္။

ထိုေန႕တြင္ မိုးက ျပင္းထန္လြန္းသျဖင့္ လူတိုင္း၏မ်က္ႏွာကိုပင္ နာက်င္ေစေလာက္သည္။ မင္းသားဟယ္က ထိုသို႔အရွက္ရဖြယ္ပုံစံမ်ိဳးျဖင့္ေပၚလာၿပီး ဆံပင္မ်ားက ရႈပ္ေထြးေနသည္။ ေၾကာက္စရာေကာင္းေသာကိစၥက သူ၏အဝတ္အနားစ မ်ားက ေသြးမ်ားစိုေနျခင္းျဖစ္သည္။

ၾကင္ယာေတာ္မင္းသမီးဟယ္က ေၾကာက္လန႔္လြန္းသျဖင့္ သတိေမ့သြားေလ သည္။ ထို႔ေနာက္ သူမ သိရသည္မွာ မင္းသားဟယ္က ဒဏ္ရာရထားျခင္းမရွိေခ်။ ထိုအခါမွသာ သူမက စိတ္ေအးသြား၏။

သူက ျပန္လာၿပီးေနာက္ မင္းသားဟယ္က စိတ္အေျခအေနမေကာင္းဘဲ ေဒါသႀကီးေနခဲ့၏။ အိမ္ေတာ္စုမွ အေစခံမ်ားကလည္း မေတာ္တဆ သူ႕ကို ေဒါသထြက္ေအာင္ လုပ္ခဲ့မိေလသည္။ သူ၏စိတ္အေျခအေနက ပို၍ပင္ ဆိုး႐ြားသြားၿပီး ယခင္ကထက္ပင္ ဖတ္ရန္ခက္ခဲသြားခဲ့၏။ သူ၏မ်က္ႏွာက အၿမဲတေစ သုန္မႈန္ေန တတ္သည္။ သူက ငရဲဘုရင္ကဲ့သို႔ပင္ ထင္ရေလသည္။

ၾကင္ယာ္ေတာ္မင္းသမီးကလည္း သူ႕ကို မႏွစ္သိမ့္နိုင္သလို သူ၏အနားသို႔ပင္ မခ်ဥ္းကပ္ရဲခဲ့ေခ်။

မင္းသားဟယ္က ျပန္လာၿပီး ရက္အနည္းငယ္ၾကာၿပီးေနာက္ သူက ပုံမွန္အတိုင္း

You are reading the story above: TeenFic.Net

#bl #yaoi