part 9

Background color
Font
Font size
Line height

Unicode

အတွင်းရေးမှူးချွဲကိုယ်စား ဥက္ကဌနဲ့အတူတက်ရောက်ပေးရသည့် လုပ်ငန်းရှင်များ၏ ဂုဏ်ချင်းပြိုင်ပွဲ။ အမျိုးသမီးတစ်ယောက် အမိမြေကိုပြန်လာလို့ ဂုဏ်ပြုတဲ့ပွဲထက် ဒီလိုခေါ်လိုက်တာကပိုမှန်မယ်ထင်ပါသည်။ ဒေါ်လေးခေါ်စဉ်တုန်းက  ဒီလိုအပေါ်ယံပွဲတွေကို အကြိမ်ကြိမ်ငြင်းခဲ့ဖူးသည်။ လူများတာ ပျော်ပါးတာ ကျတော်အကြိုက်ဆိုပေမဲ့ လူကုန်ထံတွေရဲ့ ဂုဏ်ပွဲတွေတော့မပါ။ သိပ်ပျင်းဖို့ကောင်းတာပဲလေ။

"မင်ဂလာပါ ဥက္ကဌကင်မ်"

"မင်ဂလာပါဗျ"

ပွဲကိုရောက်လာပြီးနောက် ဥက္ကဌကင်မ်ကိုနှုတ်ဆက်ကြတဲ့ သူတွေထဲ သည်တစ်ခါနှူတ်ဆက်သူကတော့ ကျက်သရေအတုံးဆုံးဖြစ်လိမ့်မည်ထင်သည်။

"ဪ... ဒါဘယ်သူများလဲ"

ကျတော့်ထံဝေ့ဝဲလာတဲ့ အကြည့်တွေကို ဥက္ကဌကင်မ်ကတော့ ရိုးရှင်းစွာပင်ပြန်ဖြေပေးနေသည်။

"ကျတော့်ရဲ့ လက်ထောက်အတွင်းရေးမှူးသစ် ဂျွန်ဂျောင်ကုလို့ခေါ်ပါတယ်"

"အဟင်း... ဥက္ကဌကင်မ်က တကယ်ရိုးရှင်းတာပဲ ဒီလူငယ်လေးက ဥက္ကဌကင်မ်ရဲ့လက်ထောက်တင်ဘယ်ဟုတ်မလဲ ကျတော့်ရဲ့ တူလို့ပြောလဲရတာပဲ ဟုတ်တယ်မလား ဂျောင်ကု"

သောက်ကျိုးနည်းကို ဂျွန်ဆယ်ဂယောင်းအမျိုးတွေက ကျက်သရေတုံးလှသည်။ နားမလည်ဟန် ကျတော့်ကိုကြည့်နေသည့် ဥက္ကဌကင်မ်ကို ရှေ့ထားလို့ ကျတော်ကသဘောကောင်းပေးမယ်လို့ တွေးထားတယ်ထင်ပါရဲ့။ နှမြောစရာ။

" ဟင့်အင်း ကျတော်ကတော့မတော်ချင်ပါဘူး အားယိုး... ဝိုင်ကလဲ အရသာဆိုးလိုက်တာ အရောင်လေးကမဆိုသလောက်လှရက်သားနဲ့ ရင်းမြစ်ကကိုမကောင်းတာများလား"

ကွက်ကနဲပျက်သွားတဲ့မျက်နှာကို မဲ့ပြုံးတစ်ခုနဲ့ပြုပြင်လို့ ဥက္ကဌကင်မ်ကိုနှူတ်ဆက်ကာ ထွက်သွားသည်။
ဥက္ကဌကင်မ်ကိုကြည့်လိုက်တော့ ခပ်ပါးပါးအပြုံးတစ်ခုနဲ့။

"အားနာလိုက်တာ ဟို... ကျတော့်အမျိုးပါ မတော်ချင်တဲ့အမျိုးပေါ့"

"ရပါတယ် ကိစ္စမရှိဘူး ကိုယ်အခု မင်းကိုပိုပြီးရင်းနှီးသွားပြီထင်တယ်"

"ဗျာ"

သားလို့ခေါ်သံနဲ့အတူ ကျတော့်လက်ကိုလာဆွဲတဲ့သူ။
ဒေါ်လေးလဲဒီပွဲကိုရောက်နေသည်တဲ့လား။ ဥက္ကဌကင်မ်ကိုမြင်တာတောင် ဒေါ်လေးကနှုတ်မဆက်။ မျက်နှာထားတင်းတင်းကို ဥက္ကဌမြင်သာအောင်ပြသည်။

"ဒေါ်လေးနှုတ်ဆက်လိုက်လေ"

"ငါကဘာလို့နှုတ်ဆက်ရမှာလဲ မကောင်းတဲ့ကောင်ကို"

"ဪ နှူတ်ဆက်လိုက်ပါဆို"

"မနှုတ်ဆက်နိုင်ပါဘူး"

သွားကြားထဲကလေသံဖြင့် တီးတိုးတီးတိုးဖြစ်နေစဉ် ဥက္ကဌကစပြီးနှုတ်ဆက်လာသည်။

"မင်ဂလာပါဗျ VITON brandရဲ့ဥက္ကဌ ကင်ထယ်ယောင်းလို့ခေါ်ပါတယ်"

"အင်း "

"ဒေါ်လေး"

ဒေါ်လေးရဲ့အပြုအမူကသိပ်ကိုသိသာအောင်လုပ်နေတော့ ဥက္ကဌကိုအားနာရလေသည်။ ဥက္ကဌကတော့ ဘာမှမဖြစ်သလို ပြုံးသာနေသည်။

"ဒီကဒေါ်လေးက အရင်ကကိစ္စတွေနဲ့ကျတော့်ကိုစိတ်ဆိုးနေမယ်ထင်တယ်"

"အားတော့နာပေမဲ့ ကျမဒီကိုလာတာက တူလေးကိုစကားပြောချင်လို့ပါ ဥက္ကဌကင်မ်နည်းနည်းလောက် အလိုက်သိပေးမလား"

"ဗျာ... ဟုတ်ကဲ့"

"လာ ကုကီး"

အနည်းငယ်လူရှင်းသောနေရာထိ ဒေါ်လေးကဆွဲခေါ်လာတော့ ကျတော့်မှာဆူပုပ်ပုပ်ဖြင့်။

"အရင်လိုမဟုတ်တော့ပါဘူးဆို ဒေါ်လေးကဘာဖြစ်နေတာလဲ"

"ကုကီး မင်းကသာချစ်နေလို့သည်းခံနိုင်ပေမဲ့ ငါကတော့သည်းမခံနိုင်ဘူးလေ "

"အရင်လိုမဟုတ်တော့ဘူးလို့"

"အေးပါ သိပြီ မင်းအဖေရဲ့အမျိုးတွေရောက်နေတယ် မင်းဆီလာသေးလား"

"လာတာပေါ့ ကျတော်ကန့်လန့်တိုက်လိုက်လို့ ပြန်ထွက်သွားတယ်"

ကျတော့်ရဲ့ကလေးဆန်မှုကို ဒေါ်လေးကဟက်ဟက်ပက်ပက်ရယ်ရင်း ပါးကိုမချင့်မရဲဖိသည်။ ဘယ်လောက်အသက်ကြီးကြီး ကျတော်က ဒေါ်လေးမျက်လုံးထဲမှာတော့ ကလေးသာသာပါပဲ။

:အကို ကျတော့်ကိုလာခေါ်ပေးပါအုံး

အကိုဟီးဆောင်းဆီ လိပ်စာနဲ့တကွလာကြိုပေးဖို့ပြောပြီး ဥက္ကဌရှိရာဆီပြန်သွားရသည်။ လာကြိုပေးဖို့လဲကားဆရာကိုခေါ်ပြီးပြီဆိုတော့ ဒီအချိန်ကစပြီး အလုပ်ဆင်းလို့ရပြီလေ။

"ဥက္ကဌကင်မ် ကျတော်..."

"ကျတော်နဲ့အတူ ညစာသွားစားရအောင်"

"ဗျာ ဟို ကျတော်ချိန်းထားတာလေးရှိသေးလို့ ပြီးတော့ အတွင်းရေးမှူးချွဲကပြောတယ် ဥက္ကဌနဲ့အတူညစာစားဖို့ ဥက္ကဌရဲ့သတို့သမီးလောင်းကပြောထားတယ်တဲ့ ဥက္ကဌကိုလိုက်ပို့ပေးဖို့ ဂျွန်ဆောင်းကိုလဲဖုန်းဆက်ပြီးသွားပြီ"

အစောကလိုတက်ကြွမနေတော့တဲ့ ဥက္ကဌကင်မ်ရဲ့ပုံရိပ်က လူစားထိုးဝင်ရောက်လာသလိုပင်။

"အာ... အဲ့လိုကိုး စိတ်ကြိုက်ကိုလုပ်နေကြတာပဲ"

"ဗျာ"

အဆုံးသတ်တစ်ကိုယ်တည်းရေရွတ်သံက ကွဲကွဲပြားပြားမရှိ။
အလိုမကျတော့သည့် ဥက္ကဌမျက်နှာက လိုတာမရသည့်ကလေးတစ်ယောက်လို သုန်မှုန်နေတော့လေသည်။ နှစ်ယောက်ကြားတိတ်ဆိတ်သွားပြီး ခဏအကြာ ဂျွန်ဆောင်းရောက်လာသည်။ ကားနောက်ခန်းတံခါးကိုဖွင့်ပေးတော့ ဝင်သွားပြီး လှည့်တောင်မကြည့်တော့ပေ။

"ဂျွန်ဆောင်း အတွင်းရေးမှူးချွဲလိပ်စာပို့ပေးပြီးပြီမလား"

"ဟုတ်ကဲ့ အကို"

"ဒါဆို ဂရုစိုက်သွားအုံး စိတ်ချမယ်နော်"

"ဟုတ်ကဲ့အကို"

"သွားတော့"

စိတ်တိုင်းမကျသောအကြည့်တစ်စုံအား လျစ်လျူရှူလျက် ဂျွန်ဆောင်းအားကားထွက်ရန်သတိပေးကလေတော့သည်။ ဥက္ကဌတစ်ယောက်ရဲ့ ကလေးဆန်မှုသည် အနည်းငယ်တော့ ချစ်စရာကောင်းနေပြန်သည်။ မောင်ကတော့ ဘယ်သောအခါမှ သည်လိုပြုမူမှာမဟုတ်။

ကားနောက်ကြည့်မှန်ထဲကမြင်နေရတဲ့ ကောင်လေးနှစ်ယောက်အား ပို့လွှတ်ထားတဲ့ ခပ်စိမ်းစိမ်းအကြည့်တွေ။ ထိုသူကြည့်နေတုန်းမှာပဲ ကောင်လေးနှစ်ယောက်ကတော့ ကားထဲဝင်ကာ မကြာခင်ပဲနေရာမှထွက်ခွာလေတော့သည်။

"ဂျွန်ဆောင်း နောက်ပြန်လှည့်"

"ဗျာ..."

"ဗျာမနေနဲ့ မြန်မြန်လုပ်"

"ဟို ချိန်ထားတာကရော"

"ငါချိန်းထားတာမဟုတ်ဘူး စကားမများစမ်းနဲ့ မြန်မြန်မောင်း အဲ့ကားနောက်လိုက် မျက်ခြေမပျက်စေနဲ့"

>>>>>♥





Zawgyi

အတြင္းေရးမႉးခြၽဲကိုယ္စား ဥကၠဌနဲ႔အတူတက္​ေရာက္ေပးရသည့္ လုပ္ငန္း႐ွင္မ်ား၏ ဂုဏ္ခ်င္းျပဳိင္ပြဲ။ အမ်ိဳးသမီးတစ္ေယာက္ အမိေျမကိုျပန္လာလို႔ ဂုဏ္ျပဳတဲ့ပြဲထက္ ဒီလိုေခၚလိုက္တာကပိုမွန္မယ္ထင္ပါသည္။ ေဒၚေလးေခၚစဥ္တုန္းက  ဒီလိုအေပၚယံပြဲေတြကို အႀကိမ္ႀကိမ္ျငင္းခဲ့ဖူးသည္။ လူမ်ားတာ ေပ်ာ္ပါးတာ က်ေတာ္အႀကိဳက္ဆိုေပမဲ့ လူကုန္ထံေတြရဲ႕ ဂုဏ္ပြဲေတြေတာ့မပါ။ သိပ္ပ်င္းဖို႔ေကာင္းတာပဲေလ။

"မင္ဂလာပါ ဥကၠဌကင္မ္"

"မင္ဂလာပါဗ်"

ပြဲကိုေရာက္လာၿပီးေနာက္ ဥကၠဌကင္မ္ကိုႏႈတ္ဆက္ၾကတဲ့ သူေတြထဲ သည္တစ္ခါႏႉတ္ဆက္သူကေတာ့ က်က္သေရအတုံးဆုံးျဖစ္လိမ့္မည္ထင္သည္။

"ဪ... ဒါဘယ္သူမ်ားလဲ"

က်ေတာ့္ထံေဝ့ဝဲလာတဲ့ အၾကည့္ေတြကို ဥကၠဌကင္မ္ကေတာ့ ႐ိုး႐ွင္းစြာပင္ျပန္ေျဖေပးေနသည္။

"က်ေတာ့္ရဲ႕ လက္ေထာက္အတြင္းေရးမႉးသစ္ ဂြၽန္ေဂ်ာင္ကုလို႔ေခၚပါတယ္"

"အဟင္း... ဥကၠဌကင္မ္က တကယ္႐ိုး႐ွင္းတာပဲ ဒီလူငယ္ေလးက ဥကၠဌကင္မ္ရဲ႕လက္ေထာက္တင္ဘယ္ဟုတ္မလဲ က်ေတာ့္ရဲ႕ တူလို႔ေျပာလဲရတာပဲ ဟုတ္တယ္မလား ေဂ်ာင္ကု"

ေသာက္က်ိဳးနည္းကို ဂြၽန္ဆယ္ဂေယာင္းအမ်ိဳးေတြက က်က္သေရတုံးလွသည္။ နားမလည္ဟန္ က်ေတာ့္ကိုၾကည့္ေနသည့္ ဥကၠဌကင္မ္ကို ေ႐ွ႕ထားလို႔ က်ေတာ္ကသေဘာေကာင္းေပးမယ္လို႔ ေတြးထားတယ္ထင္ပါရဲ႕။ ႏွေျမာစရာ။

" ဟင့္အင္း က်ေတာ္ကေတာ့မေတာ္ခ်င္ပါဘူး အားယိုး... ဝိုင္ကလဲ အရသာဆိုးလိုက္တာ အေရာင္ေလးကမဆိုသေလာက္လွရက္သားနဲ႔ ရင္းျမစ္ကကိုမေကာင္းတာမ်ားလား"

ကြက္ကနဲပ်က္သြားတဲ့မ်က္ႏွာကို မဲ့ျပဳံးတစ္ခုနဲ႔ျပဳျပင္လို႔ ဥကၠဌကင္မ္ကိုႏႉတ္ဆက္ကာ ထြက္သြားသည္။
ဥကၠဌကင္မ္ကိုၾကည့္လိုက္ေတာ့ ခပ္ပါးပါးအျပဳံးတစ္ခုနဲ႔။

"အားနာလိုက္တာ ဟို... က်ေတာ့္အမ်ိဳးပါ မေတာ္ခ်င္တဲ့အမ်ိဳးေပါ့"

"ရပါတယ္ ကိစၥမ႐ွိဘူး ကိုယ္အခု မင္းကိုပိုၿပီးရင္းႏွီးသြားၿပီထင္တယ္"

"ဗ်ာ"

သားလို႔ေခၚသံနဲ႔အတူ က်ေတာ့္လက္ကိုလာဆြဲတဲ့့သူ။
ေဒၚေလးလဲဒီပြဲကိုေရာက္ေနသည္တဲ့လား။ ဥကၠဌကင္မ္ကိုျမင္တာေတာင္ ေဒၚေလးကႏႈတ္မဆက္။ မ်က္ႏွာထားတင္းတင္းကို ဥကၠဌျမင္သာေအာင္ျပသည္။

"ေဒၚေလးႏႈတ္ဆက္လိုက္ေလ"

"ငါကဘာလို႔ႏႈတ္ဆက္ရမွာလဲ မေကာင္းတဲ့ေကာင္ကို"

"ဪ ႏႉတ္ဆက္လိုက္ပါဆို"

"မႏႈတ္ဆက္ႏိုင္ပါဘူး"

သြားၾကားထဲကေလသံျဖင့္ တီးတိုးတီးတိုးျဖစ္ေနစဥ္ ဥကၠဌကစၿပီးႏႈတ္ဆက္လာသည္။

"မင္ဂလာပါဗ် VITON brandရဲ႕ဥကၠဌ ကင္ထယ္ေယာင္းလို႔ေခၚပါတယ္"

"အင္း "

"ေဒၚေလး"

ေဒၚေလးရဲ႕အျပဳအမူကသိပ္ကိုသိသာေအာင္လုပ္ေနေတာ့ ဥကၠဌကိုအားနာရေလသည္။ ဥကၠဌကေတာ့ ဘာမွမျဖစ္သလို ျပဳံးသာေနသည္။

"ဒီကေဒၚေလးက အရင္ကကိစၥေတြနဲ႔က်ေတာ့္ကိုစိတ္ဆိုးေနမယ္ထင္တယ္"

"အားေတာ့နာေပမဲ့ က်မဒီကိုလာတာက တူေလးကိုစကားေျပာခ်င္လို႔ပါ ဥကၠဌကင္မ္နည္းနည္းေလာက္ အလိုက္သိေပးမလား"

"ဗ်ာ... ဟုတ္ကဲ့"

"လာ ကုကီး"

အနည္းငယ္လူ႐ွင္းေသာေနရာထိ ေဒၚေလးကဆြဲေခၚလာေတာ့ က်ေတာ့္မွာဆူပုပ္ပုပ္ျဖင့္။

"အရင္လိုမဟုတ္ေတာ့ပါဘူးဆို ေဒၚေလးကဘာျဖစ္ေနတာလဲ"

"ကုကီး မင္းကသာခ်စ္ေနလို႔သည္းခံႏိုင္ေပမဲ့ ငါကေတာ့သည္းမခံႏိုင္ဘူးေလ "

"အရင္လိုမဟုတ္ေတာ့ဘူးလို႔"

"ေအးပါ သိၿပီ မင္းအေဖရဲ႕အမ်ိဳးေတြေရာက္ေနတယ္ မင္းဆီလာေသးလား"

"လာတာေပါ့ က်ေတာ္ကန္႔လန္႔တိုက္လိုက္လို႔ ျပန္ထြက္သြားတယ္"

က်ေတာ့္ရဲ႕ကေလးဆန္မႈကို ေဒၚေလးကဟက္ဟက္ပက္ပက္ရယ္ရင္း ပါးကိုမခ်င့္မရဲဖိသည္။ ဘယ္ေလာက္အသက္ႀကီးႀကီး က်ေတာ္က ေဒၚေလးမ်က္လုံးထဲမွာေတာ့ ကေလးသာသာပါပဲ။

:အကို က်ေတာ့္ကိုလာေခၚေပးပါအုံး

အကိုဟီးေဆာင္းဆီ လိပ္စာနဲ႔တကြလာႀကိဳေပးဖို႔ေျပာၿပီး ဥကၠဌ႐ွိရာဆီျပန္သြားရသည္။ လာႀကိဳေပးဖို႔လဲကားဆရာကိုေခၚၿပီးၿပီဆိုေတာ့ ဒီအခ်ိန္ကစၿပီး အလုပ္ဆင္းလို႔ရၿပီေလ။

"ဥကၠဌကင္မ္ က်ေတာ္..."

"က်ေတာ္နဲ႔အတူ ညစာသြားစားရေအာင္"

"ဗ်ာ ဟို က်ေတာ္ခ်ိန္းထားတာေလး႐ွိေသးလို႔ ၿပီးေတာ့ အတြင္းေရးမႉးခြၽဲကေျပာတယ္ ဥကၠဌနဲ႔အတူညစာစားဖို႔ ဥကၠဌရဲ႕သတို႔သမီးေလာင္းကေျပာထားတယ္တဲ့ ဥကၠဌကိုလိုက္ပို႔ေပးဖို႔ ဂြၽန္ေဆာင္းကိုလဲဖုန္းဆက္ၿပီးသြားၿပီ"

အေစာကလိုတက္ႂကြမေနေတာ့တဲ့ ဥကၠဌကင္မ္ရဲ႕ပုံရိပ္က လူစားထိုးဝင္ေရာက္လာသလိုပင္။

"အာ... အဲ့လိုကိုး စိတ္ႀကိဳက္ကိုလုပ္ေနၾကတာပဲ"

"ဗ်ာ"

အဆုံးသတ္တစ္ကိုယ္တည္းေရရြတ္သံက ကြဲကြဲျပားျပားမ႐ွိ။
အလိုမက်ေတာ့သည့္ ဥကၠဌမ်က္ႏွာက လိုတာမရသည့္ကေလးတစ္ေယာက္လို သုန္မႈန္ေနေတာ့ေလသည္။ ႏွစ္ေယာက္ၾကားတိတ္ဆိတ္သြားၿပီး ခဏအၾကာ ဂြၽန္ေဆာင္းေရာက္လာသည္။ ကားေနာက္ခန္းတံခါးကိုဖြင့္ေပးေတာ့ ဝင္သြားၿပီး လွည့္ေတာင္မၾကည့္ေတာ့ေပ။

"ဂြၽန္ေဆာင္း အတြင္းေရးမႉးခြၽဲလိပ္စာပို႔ေပးၿပီးၿပီမလား"

"ဟုတ္ကဲ့ အကို"

"ဒါဆို ဂ႐ုစိုက္သြားအုံး စိတ္ခ်မယ္ေနာ္"

"ဟုတ္ကဲ့အကို"

"သြားေတာ့"

စိတ္တိုင္းမက်ေသာအၾကည့္တစ္စုံအား လ်စ္လ်ဴ႐ွဴလ်က္ ဂြၽန္ေဆာင္းအားကားထြက္ရန္သတိေပးကေလေတာ့သည္။ ဥကၠဌတစ္ေယာက္ရဲ႕ ကေလးဆန္မႈသည္ အနည္းငယ္ေတာ့ ခ်စ္စရာေကာင္းေနျပန္သည္။ ေမာင္ကေတာ့ ဘယ္ေသာအခါမွ သည္လိုျပဳမူမွာမဟုတ္။

ကားေနာက္ၾကည့္မွန္ထဲကျမင္ေနရတဲ့ ေကာင္ေလးႏွစ္ေယာက္အား ပို႔လႊတ္ထားတဲ့ ခပ္စိမ္းစိမ္းအၾကည့္ေတြ။ ထိုသူၾကည့္ေနတုန္းမွာပဲ ေကာင္ေလးႏွစ္ေယာက္ကေတာ့ ကားထဲဝင္ကာ မၾကာခင္ပဲေနရာမွထြက္ခြာေလေတာ့သည္။

"ဂြၽန္ေဆာင္း ေနာက္ျပန္လွည့္"

"ဗ်ာ..."

"ဗ်ာမေနနဲ႔ ျမန္ျမန္လုပ္"

"ဟို ခ်ိန္ထားတာကေရာ"

"ငါခ်ိန္းထားတာမဟုတ္ဘူး စကားမမ်ားစမ္းနဲ႔ ျမန္ျမန္ေမာင္း အဲ့ကားေနာက္လိုက္ မ်က္ေျခမပ်က္ေစနဲ႔"

>>>>>♥




You are reading the story above: TeenFic.Net