Unicode
မလှမ်းမကမ်းဆိုင်အတွင်းက မျက်နှာချင်းဆိုင်မှလူကို သူတစ်ခါမြင်ဖူးသည်။ ဂျောင်ကုကိုပထမဆုံးစတွေ့ခဲ့တဲ့နေ့ကပဲ။ အတူသွားအတူလာအထိ ဒီလူနဲ့ဂျောင်ကုရဲ့ပတ်သတ်မှုက ဘယ်အတိုင်းအတာများလဲ။ သူကိုယ်တိုင်ကရော ဘာလို့ဒီအထိရောက်လာသလဲ။ ဘာလို့များ ဂျောင်ကုဘေးကလူကို အလိုမကျဖြစ်နေရတာလဲ။ ထပ်ပြီးတော့လား။ နောက်တစ်ကြိမ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာတဲ့လဲ။ ဒီတစ်ခါဆိုရင်တော့ ရူးရုံမက သေများသေသွားမလား။ လေထုကတဖြည်းဖြည်းနဲ့မွန်းကျပ်ဖို့ဖြစ်လာသည်။ စီခနဲအသံကြောင့်ခေါင်းကိုငုံ့ချလိုက်ရသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားကာ စကားသံတစ်ချို့ထွက်လာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး လေဟာနယ်ထဲလွင့်နေသလို။
" ခင်ဗျားကိုချစ်မှမချစ်ခဲ့တာ နောက်လဲချစ်မှာမဟုတ်ဘူး"
"အရိပ်လိုလူကိုတွယ်ကပ်နေပြီးဘာလုပ်ရမှာလဲ"
"အရှုံးသမား"
အတိတ်ပါ။ အားလုံးကအတိတ်ပဲ။ အခုမဟုတ်ဘူး။
"ဂျွန်ဆောင်း အိမ်ပြန်မယ်"
"ဟုတ်ကဲ့"
ချစ်လွန်းရင်ရှူံးရတာပါပဲ။ နှစ်တွေကြာအောင် ချစ်ခဲ့ကြလဲ။ မဟုတ်သေးဘူး။ တစ်ဖက်သတ်လို့ပြောရမှာပေါ့။ နှစ်ဦးသဘောတူစိတ်တိုင်းကျလက်ခံခဲ့တဲ့ ဆက်ဆံရေးလို့ဆိုပေမဲ့ တစ်ဖက်တည်းကချစ်ရတဲ့ဆက်ဆံရေး။ ကင်မ်ထယ်ဟျောင်းဆိုတဲ့ အရှုံးသမားတစ်ယောက်ရဲ့ အချစ်ရေး။ နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြတိုင်း တကယ်သဘောကျနေတာလို့ခံစားခဲ့ရတယ်။ နှစ်ယောက်တည်းရှိချိန်တိုင်း တီတီတာတာတွေအပိုမပြောခဲ့လဲ အရှိအရှိတိုင်းသူ့ကိုဆက်ဆံပေးတာပဲလို့ တွေးခဲ့တယ်။ နှစ်ဦးသဘောတူအနမ်းတွေမှာတောင် သူပျော်ဝင်နေတာပဲလို့ ခံစားရအောင် သိပ်ကိုသရုပ်ဆောင်ကောင်းခဲ့တယ်။ အင်းလေ...။ သိပ်တော်လွန်းလို့လဲ ဒီကောင်ကအရူးဖြစ်ခဲ့ရတာပေါ့။ သဘာဝကျကျလေးကို ကစားပေးခဲ့တာများ နှစ်လိုဖွယ်တောင်ကောင်းပါသေးတယ်လေ။
"ထိုင်ပါအုံး"
အိမ်ကိုပြန်ရောက်တာနဲ့ အဖေကဧည့်ခန်းမှာစကားပြောဖို့ခေါ်သည်။ မျက်ဝန်းတွေကစကားမပြောတတ်အောင် လေ့ကျင်ထားတဲ့အဖေ့ရဲ့အကြည့်တွေကို သူဘယ်တုန်းကမှမဖတ်တတ်ခဲ့ဘူး။ သေချာတာတစ်ခုကတော့ ချိန်ထားတာပျက်ကွက်တဲ့အတွက် ပြောစရာရှိနေလို့ခေါ်လိုက်တယ်ဆိုတာပဲ။
"ညနေကချိန်းတဲ့နေရာကိုဘာလို့မသွားရတာလဲ"
"ကိစ္စလေးပေါ်လာလို့"
"တစ်ဖက်မိန်းကလေးထက်ကို ပိုအရေးကြီးတဲ့လူလား"
သူဘာမှပြန်မပြောမိပါ။ သည်တစ်ခါကကိုယ်မှားတာမလား။
အဖေက သူ့မျက်ဝန်းတွေကိုကြည့်နေရာမှ အဝေးတစ်နေရာဆီပို့လိုက်သည်။
"မင်းအတွက်အရေးပါတဲ့လူကို ငါတစ်ခါလောက်တွေ့ကြည့်ရမလား ဘယ်လိုလူမျိူးလဲသိချင်လို့"
ဒီလိုစကားမျိုးကို သူသိပ်မုန်းပါသည်။ ဒါက သူ့ကိုအထင်သေးနေတာပဲမလား။ အဖေကဘယ်တုန်းကမှသူ့ကိုအထင်ကြီးခဲ့တာမျိုးမရှိ။ ချီးကျူးခဲ့တာမျိုးလဲမရှိ။ အဖေက သူ့ကိုဆို သိပ်ကိုအထင်သေးလွန်းသည်။
အဖေပြောတဲ့တွေ့ကြည့်ရမလားဆိုတဲ့စကားသည် တွေ့ကိုတွေ့ကြည်မည်ဖြစ်ပြီး အနှောက်အယှက်လို့ထင်လျှင် ဝင်စွတ်ဖက်လိမ့်မည်။ သေချာပေါက် ဖျက်ဆီးပစ်လိမ့်မည်။
"ကျတော်အမှားပါ နောက်တစ်ခါမဖြစ်စေရပါဘူး"
"ဘာကိုမှလက်လွတ်စပယ်မလုပ်နဲ့ ကင်မ်ထယ်ဟျောင်း မင်းကသိပ်ကိုပျော့ညံ့လွန်းတယ်"
အပ်ကြောင်းထပ်နေပြီဖြစ်တဲ့သည်စကား။ အဖေက ဘာလို့သူ့ကိုဆို သိပ်အထင်သေးနေတာလဲ။ ထယ်ယောင်းနဲ့မတူအောင် ဆက်ဆံခံရတဲ့အကြောင်းပြချက်ကဘာလဲ။ ထယ်ယောင်း မင်းကသေအောင်တော်နေလို့လား။
¡¡¡
"မေမေ ကျတော်လဲထယ်ယောင်းနဲ့အတူကျောင်းတက်ချင်တယ်"
ထယ်ဟျောင်း အိမ်မှာစာမသင်ချင်ပါ။ သူငယ်ချင်းသစ်တွေနဧ့အတူ ပျော်ပျော်ပါးပါးအပြင်မှာစာသင်ချင်သည်။ ထယ်ယောင်းကပြန်လာတိုင်း သူငယ်ချင်းအသစ်တွေရကြောင်းကြွားသည်။ ထယ်ဟျောင်းလဲသူ့လို သူငယ်ချင်းတွေရချင်သည်။
"သားကလိမ္မာပါတယ် အိမ်မှာမေမေနဲ့အတူစာလူပ်မယ်လေနော် မေမေနဲ့အတူဆော့ကြမယ်လေ ဦးလေးကြီးဂျိုလဲရှိတာပဲကို"
"သားကသူငယ်ချင်းအသစ်တွေလိုချင်တာ"
"ဦးလေးကြီးဂျိုကသားသူငယ်ချင်းပဲလေ"
ပြူံးပြနေသောဦးလေးကြီးဂျိုက အသက်သိပ်မကြီးသေးပေမဲ့ ထယ်ဟျောင်းနဲ့ဆိုရင်တော့ အများကြီးကွာတယ်မလား။
"သားနဲ့တူတဲ့သူငယ်ချင်းတွေလိုချင်တာပါဆို ထယ်ယောင်းနဲ့အတူတူကျောင်းလိုက်မယ်နော် နော် မေမေ နော်လို့..."
"သားကလိမ္မာပါတယ်ကွယ် သားကကျောင်းသွားရင်မေမေတစ်ယောက်တည်း အိမ်မှာပျင်းနေမှာပေါ့ သားကမေမေ့ကိုမသနားဘူးလား"
"မေမေကလဲ..."
"ကင်မ်ထယ်ဟျောင်း အခုအိမ်ထဲပြန်ဝင် သွား"
ထယ်ယောင်းကျောင်းသွားချိန်တိုင်း ဖြစ်နေကြ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပင်။ တစ်လနီးပါးငိုယိုပူဆာပြီးနောက်မှာတော့ သူအဖြစ်မှန်ကိုလက်ခံလိုက်ရသည်။ ထယ်ယောင်းတစ်ယောက်သာလျှင် ကျောင်းသွားခွင့်ရှိသူဖြစ်ပြီး ထယ်ယောင်းတစ်ယောက်သာလျှင် သူငယ်ချင်းအသစ်များ ပိုင်ဆိုင်ခွင့်ရှိသူဆိုတာပင်။
>>>>>♥
Zawgyi
မလွမ္းမကမ္းဆိုင္အတြင္းက မ်က္ႏွာခ်င္းဆိုင္မွလူကို သူတစ္ခါျမင္ဖူးသည္။ ေဂ်ာင္ကုကိုပထမဆုံးစေတြ႔ခဲ့တဲ့ေန႔ကပဲ။ အတူသြားအတူလာအထိ ဒီလူနဲ႔ေဂ်ာင္ကုရဲ႕ပတ္သတ္မႈက ဘယ္အတိုင္းအတာမ်ားလဲ။ သူကိုယ္တိုင္ကေရာ ဘာလို႔ဒီအထိေရာက္လာသလဲ။ ဘာလို႔မ်ား ေဂ်ာင္ကုေဘးကလူကို အလိုမက်ျဖစ္ေနရတာလဲ။ ထပ္ၿပီးေတာ့လား။ ေနာက္တစ္ႀကိမ္ဆိုတာ ဘယ္လိုျဖစ္ႏိုင္မွာတဲ့လဲ။ ဒီတစ္ခါဆိုရင္ေတာ့ ႐ူး႐ုံမက ေသမ်ားေသသြားမလား။ ေလထုကတျဖည္းျဖည္းနဲ႔မြန္းက်ပ္ဖို႔ျဖစ္လာသည္။ စီခနဲအသံေၾကာင့္ေခါင္းကိုငုံ႔ခ်လိုက္ရသည္။ ပတ္ဝန္းက်င္တစ္ခုလုံးတိတ္ဆိတ္သြားကာ စကားသံတစ္ခ်ိဳ႕ထြက္လာသည္။ သူ႔ခနၶာကိုယ္တစ္ခုလုံး ေလဟာနယ္ထဲလြင့္ေနသလို။
" ခင္ဗ်ားကိုခ်စ္မွမခ်စ္ခဲ့တာ ေနာက္လဲခ်စ္မွာမဟုတ္ဘူး"
"အရိပ္လိုလူကိုတြယ္ကပ္ေနၿပီးဘာလုပ္ရမွာလဲ"
"အ႐ႈံးသမား"
အတိတ္ပါ။ အားလုံးကအတိတ္ပဲ။ အခုမဟုတ္ဘူး။
"ဂြၽန္ေဆာင္း အိမ္ျပန္မယ္"
"ဟုတ္ကဲ့"
ခ်စ္လြန္းရင္႐ွံူးရတာပါပဲ။ ႏွစ္ေတြၾကာေအာင္ ခ်စ္ခဲ့ၾကလဲ။ မဟုတ္ေသးဘူး။ တစ္ဖက္သတ္လို႔ေျပာရမွာေပါ့။ ႏွစ္ဦးသေဘာတူစိတ္တိုင္းက်လက္ခံခဲ့တဲ့ ဆက္ဆံေရးလို႔ဆိုေပမဲ့ တစ္ဖက္တည္းကခ်စ္ရတဲ့ဆက္ဆံေရး။ ကင္မ္ထယ္ေဟ်ာင္းဆိုတဲ့ အ႐ႈံးသမားတစ္ေယာက္ရဲ႕ အခ်စ္ေရး။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျပဳံးျပတိုင္း တကယ္သေဘာက်ေနတာလို႔ခံစားခဲ့ရတယ္။ ႏွစ္ေယာက္တည္း႐ွိခ်ိန္တိုင္း တီတီတာတာေတြအပိုမေျပာခဲ့လဲ အ႐ွိအ႐ွိတိုင္းသူ႔ကိုဆက္ဆံေပးတာပဲလို႔ ေတြးခဲ့တယ္။ ႏွစ္ဦးသေဘာတူအနမ္းေတြမွာေတာင္ သူေပ်ာ္ဝင္ေနတာပဲလို႔ ခံစားရေအာင္ သိပ္ကိုသ႐ုပ္ေဆာင္ေကာင္းခဲ့တယ္။ အင္းေလ...။ သိပ္ေတာ္လြန္းလို႔လဲ ဒီေကာင္ကအ႐ူးျဖစ္ခဲ့ရတာေပါ့။ သဘာဝက်က်ေလးကို ကစားေပးခဲ့တာမ်ား ႏွစ္လိုဖြယ္ေတာင္ေကာင္းပါေသးတယ္ေလ။
"ထိုင္ပါအုံး"
အိမ္ကိုျပန္ေရာက္တာနဲ႔ အေဖကဧည့္ခန္းမွာစကားေျပာဖို႔ေခၚသည္။ မ်က္ဝန္းေတြကစကားမေျပာတတ္ေအာင္ ေလ့က်င္ထားတဲ့အေဖ့ရဲ႕အၾကည့္ေတြကို သူဘယ္တုန္းကမွမဖတ္တတ္ခဲ့ဘူး။ ေသခ်ာတာတစ္ခုကေတာ့ ခ်ိန္ထားတာပ်က္ကြက္တဲ့အတြက္ ေျပာစရာ႐ွိေနလို႔ေခၚလိုက္တယ္ဆိုတာပဲ။
"ညေနကခ်ိန္းတဲ့ေနရာကိုဘာလို႔မသြားရတာလဲ"
"ကိစၥေလးေပၚလာလို႔"
"တစ္ဖက္မိန္းကေလးထက္ကို ပိုအေရးႀကီးတဲ့လူလား"
သူဘာမွျပန္မေျပာမိပါ။ သည္တစ္ခါကကိုယ္မွားတာမလား။
အေဖက သူ႔မ်က္ဝန္းေတြကိုၾကည့္ေနရာမွ အေဝးတစ္ေနရာဆီပို႔လိုက္သည္။
"မင္းအတြက္အေရးပါတဲ့လူကုိ ငါတစ္ခါေလာက္ေတြ႔ၾကည့္ရမလား ဘယ္လိုလူမ်ိဴးလဲသိခ်င္လို႔"
ဒီလိုစကားမ်ိဳးကို သူသိပ္မုန္းပါသည္။ ဒါက သူ႔ကိုအထင္ေသးေနတာပဲမလား။ အေဖကဘယ္တုန္းကမွသူ႔ကိုအထင္ႀကီးခဲ့တာမ်ိဳးမ႐ွိ။ ခ်ီးက်ဴးခဲ့တာမ်ိဳးလဲမ႐ွိ။ အေဖက သူ႔ကိုဆို သိပ္ကိုအထင္ေသးလြန္းသည္။
အေဖေျပာတဲ့ေတြ႔ၾကည့္ရမလားဆိုတဲ့စကားသည္ ေတြ႔ကိုေတြ႔ၾကည္မည္ျဖစ္ၿပီး အေႏွာက္အယွက္လို႔ထင္လ်ွင္ ဝင္စြတ္ဖက္လိမ့္မည္။ ေသခ်ာေပါက္ ဖ်က္ဆီးပစ္လိမ့္မည္။
"က်ေတာ္အမွားပါ ေနာက္တစ္ခါမျဖစ္ေစရပါဘူး"
"ဘာကိုမွလက္လြတ္စပယ္မလုပ္နဲ႔ ကင္မ္ထယ္ေဟ်ာင္း မင္းကသိပ္ကိုေပ်ာ့ည့ံလြန္းတယ္"
အပ္ေၾကာင္းထပ္ေနၿပီျဖစ္တဲ့သည္စကား။ အေဖက ဘာလို႔သူ႔ကိုဆို သိပ္အထင္ေသးေနတာလဲ။ ထယ္ေယာင္းနဲ႔မတူေအာင္ ဆက္ဆံခံရတဲ့အေၾကာင္းျပခ်က္ကဘာလဲ။ ထယ္ေယာင္း မင္းကေသေအာင္ေတာ္ေနလို႔လား။
¡¡¡
"ေမေမ က်ေတာ္လဲထယ္ေယာင္းနဲ႔အတူေက်ာင္းတက္ခ်င္တယ္"
ထယ္ေဟ်ာင္း အိမ္မွာစာမသင္ခ်င္ပါ။ သူငယ္ခ်င္းသစ္ေတြနဧ့အတူ ေပ်ာ္ေပ်ာ္ပါးပါးအျပင္မွာစာသင္ခ်င္သည္။ ထယ္ေယာင္းကျပန္လာတိုင္း သူငယ္ခ်င္းအသစ္ေတြရေၾကာင္းႂကြားသည္။ ထယ္ေဟ်ာင္းလဲသူ႔လို သူငယ္ခ်င္းေတြရခ်င္သည္။
"သားကလိမၼာပါတယ္ အိမ္မွာေမေမနဲ႔အတူစာလူပ္မယ္ေလေနာ္ ေမေမနဲ႔အတူေဆာ့ၾကမယ္ေလ ဦးေလးႀကီးဂ်ိဳလဲ႐ွိတာပဲကို"
"သားကသူငယ္ခ်င္းအသစ္ေတြလိုခ်င္တာ"
"ဦးေလးႀကီးဂ်ိဳကသားသူငယ္ခ်င္းပဲေလ"
ျပဴံးျပေနေသာဦးေလးႀကီးဂ်ိဳက အသက္သိပ္မႀကီးေသးေပမဲ့ ထယ္ေဟ်ာင္းနဲ႔ဆိုရင္ေတာ့ အမ်ားႀကီးကြာတယ္မလား။
"သားနဲ႔တူတဲ့သူငယ္ခ်င္းေတြလိုခ်င္တာပါဆို ထယ္ေယာင္းနဲ႔အတူတူေက်ာင္းလိုက္မယ္ေနာ္ ေနာ္ ေမေမ ေနာ္လို႔..."
"သားကလိမၼာပါတယ္ကြယ္ သားကေက်ာင္းသြားရင္ေမေမတစ္ေယာက္တည္း အိမ္မွာပ်င္းေနမွာေပါ့ သားကေမေမ့ကိုမသနားဘူးလား"
"ေမေမကလဲ..."
"ကင္မ္ထယ္ေဟ်ာင္း အခုအိမ္ထဲျပန္ဝင္ သြား"
ထယ္ေယာင္းေက်ာင္းသြားခ်ိန္တိုင္း ျဖစ္ေနၾက ျဖစ္႐ိုးျဖစ္စဥ္တစ္ခုပင္။ တစ္လနီးပါးငိုယိုပူဆာၿပီးေနာက္မွာေတာ့ သူအျဖစ္မွန္ကိုလက္ခံလိုက္ရသည္။ ထယ္ေယာင္းတစ္ေယာက္သာလ်ွင္ ေက်ာင္းသြားခြင့္႐ွိသူျဖစ္ၿပီး ထယ္ေယာင္းတစ္ေယာက္သာလ်ွင္ သူငယ္ခ်င္းအသစ္မ်ား ပိုင္ဆိုင္ခြင့္႐ွိသူဆိုတာပင္။
>>>>>♥
You are reading the story above: TeenFic.Net