Part 8

Background color
Font
Font size
Line height

Unicode

"ချိန်ထားတာမရှိဘူးဆိုရင် ကျတော်နဲ့ညစာအတူသွားစားကြာမလား "

တွေဝေခြင်းမရှိ။ ကျတော်အလွယ်တကူပင်ခေါင်းညိမ့်ခဲ့သည်။ ကျတော့်ဘက်က မောင့်အပေါ်ထားတဲ့ ပိုင်ဆိုင်လိုစိတ်တွေက ထင်ထားတာထက်ပိုများနေတော့လဲ တစ်နာရီပဲဖြစ်ဖြစ် တစ်မိနစ်ပဲရရ မောင့်အနားတော့ရှိချင်သေးတာ။

ဘယ်သူကထင်မတဲ့လဲ။ ဥက္ကဌတစ်ယောက်ထမင်းဝယ်ကျွေးတဲ့ဆိုင်က တက္ကသိုလ်ဝန်းဘေးက လူအနည်းငယ်ရှင်းတဲ့ အရက်ဆိုင်လေးဖြစ်နေမယ်လို့။ မောင်က ဒါမျိုးတွေကိုလဲသဘောကျတတ်သေးတာတဲ့လား။

"ဒေါ်လေး အမူးပြေဟင်းရည်နှစ်ပွဲ သုံးထပ်သားတစ်ပွဲနဲ့ ဆိူဂျူတစ်ပုလင်း ကိုလာတစ်ပုလင်းချပေးပါ"

ထပ်ပြုံးပြန်ပါပြီ။ မြင်ရခဲတယ်ထင်ခဲ့တဲ့အပြုံးတွေက ဘယ်ကြောင့်များ ခဏခဏမြင်နရတာလဲ။

"ဥက္ကဌဒီမှာလာစားနေကြလား"

"ဟမ် ဪ တစ်ခါတစ်လေမှပါ"

ပေါ့ပါးတဲ့အပြုံး။ ကြည်ကြည်လင်လင်မျက်ဝန်းတွေ။ မောင်အရင်လိုမဟုတ်တော့တာအဲ့တာတွေပဲ။ အဝေးကနေကြည့်ရင်တောင် မောင့်ဆီကနေ အသက်ထက်ပိုတဲ့တည်ငြိမ်မှုတွေရင့်ကျက်မှုတွေကိုမြင်နေရတတ်တယ်။ ဘယ်တုန်းကမှ မောင်က ပေါ့ပေါ့ပါးပါးရယ်ခဲ့တာမဟုတ်ဘူး။ တစ်နေကုန်တစ်နေကန်း မောင့်နောက်ကနေ အရိပ်လိုလိုက်တွယ်နေခဲ့တာလနဲ့ချီပြီပဲ။ မောင့်ရဲ့အမူအကျင့် မောင်ဘာကြိုက်တယ်ဆိုတာတောင် ဘယ္သူမွေမးစရာမလိုပဲ သူသိခဲ့တယ်။ ကျတော့်ရှေ့ကခင်ဗျားက ဘယ္သူလဲ...။

"သောက်ကြည့် ဒီဆိုင်ကအမူးပြေဟင်းရည်ကနာမည်ကြီးပဲ"

မောင် မဟုတ်သော ဥက္ကဌကင်မ်ညွှန်းတဲ့အတိုင်း ဟင်းရည်က အတော်လေးအရသာရှိသည်။

"ဘယ္လိုလဲ အရသာရှိတယ်မလား"

"ဟုတ်ကဲ့"

"သုံးထပ်သားလဲကောင်းတယ် "

"ကျတော်ကင်ပေးမယ်လေ ပေးပါ"

"ဖြစ်ရဲ့လား"

"ကျတော်ကောင်းကောင်းကင်တတ်ပါတယ် ဥက္ကကင်မ်အေးဆေးသာစားပါ"

"ဒီလိုဆိုတော့လဲ တာဝန်ကျေလိုက်ပါအုံး"

နေရာမှာပြန်ထိုင်ပြီး ကိုလာကိုတစ်ကျိူက်မော့သည်။ ပြီးမှအမူးပြေဟင်းရည်ကိုတစ်ဇွန်းခပ်သောက်ရင်း အကြိုက်တွေ့နေလေသည်။ ဘာလဲ ဆိုဂျူမှာပြီးမသောက်ဘူးလား။

"ဥက္ကဌကင်မ် ဆိုဂျူမသောက်ဘူးလား"

"အာ..ဆိုဂျူလား အင်း ဒီနေ့မသောက်တာ ပုံမှန်အားဖြင့် ကျတော်ဆိုဂျူမသောက်တတ်ဘူး"

"ဘာလို့လဲ"

"မကြိုက်တာလေ ဝိုင်တော့သောက်ဖြစ်ပါတယ် ဂျောင်ကုရော ဘာကြိုက်တတ်လဲ"

"အကြိုက်ဆုံးရယ်လို့တော့မရှိပါဘူး ကျတော်ကတော့ အကုန်သောက်တယ်"

"ကောင်းတယ်ကောင်းတယ် "

အရောင်လှလာပြီဖြစ်တဲ့အသားတစ်ချို့ကို ပန်းကန်တဲ့ပြောင်းထည့်ပေးရင်း သူတို့စကားဝိုင်းကခဏတော့တိတ်ဆိတ်သွားသည်။

"ဟိုလေ ဥက္ကဌကင်မ်စိတ်မဆိုးရင် ကျတော်တစ်ခုလောက်မေးချင်တယ် "

"မေးလေ"

"မနက်ကမိန်းကလေးနဲ့ ဥက္ကဌက ဘယ်လိုဆက်ဆံရေးမျိူးလဲ ကျတော်သိလို့ရမလား"

ဥက္ကဌရဲ့အကြည့်တွေကျတော့်ဆီရောက်လာချိန်မှာတော့ ကျတော်အသားကင်တွေဆီပဲအကြည့်လွှဲထားမိသည်။

"စေ့စပ်ထားကြတာ
လက်ထပ်ဖို့ကတော့ အခုထိလိုပါသေးတယ် ဒီကြားထဲ ကိုယ်သဘောကျတဲ့လူတွေ့လာရင် နှစ်ဦးသဘောတူဖြတ်သိမ်းတာမျိုးလဲ လုပ်လို့ရတဲ့ဆက်ဆံရေးပေါ့... ကျတော်နဲ့အတူလာစားတော့လေ အသားတွေအေးကုန်တော့မယ်... လာ "

ရင်ထဲသိမ့်ခနဲဖြစ်သွားရလေသည်။ ကျတော်ဟာ လောဘတွေရှိနေသေးတဲ့ လူသားတစ်ယောက်ဖြစ်ကြောင်း ခင်ဗျားမသိလေသလား။ သိနေလို့များ နှစ်သိမ့်နေသလား။ တစ်ခဏတော့ ကျတော့်ရှေ့ကအဲ့ဒီ်လူအား မောင်ဖြစ်စေချင်ခဲ့ပါသည်။

>>>>>♥

ပြန်လာပါပြီ မျှော်နေရဲ့လားလေ...။






"ခ်ိန္ထားတာမရွိဘူးဆိုရင္ က်ေတာ္နဲ႕ညစာအတူသြားစားၾကာမလား "

ေတြေဝျခင္းမရွိ။ က်ေတာ္အလြယ္တကူပင္ေခါင္းညိမ့္ခဲ့သည္။ က်ေတာ့္ဘက္က ေမာင့္အေပၚထားတဲ့ ပိုင္ဆိုင္လိုစိတ္ေတြက ထင္ထားတာထက္ပိုမ်ားေနေတာ့လဲ တစ္နာရီပဲျဖစ္ျဖစ္ တစ္မိနစ္ပဲရရ ေမာင့္အနားေတာ့ရွိခ်င္ေသးတာ။

ဘယ္သူကထင္မတဲ့လဲ။ ဥကၠဌတစ္ေယာက္ထမင္းဝယ္ေကြၽးတဲ့ဆိုင္က တကၠသိုလ္ဝန္းေဘးက လူအနည္းငယ္ရွင္းတဲ့ အရက္ဆိုင္ေလးျဖစ္ေနမယ္လို႔။ ေမာင္က ဒါမ်ိဳးေတြကိုလဲသေဘာက်တတ္ေသးတာတဲ့လား။

"ေဒၚေလး အမူးေျပဟင္းရည္ႏွစ္ပြဲ သုံးထပ္သားတစ္ပြဲနဲ႕ ဆိူဂ်ဴတစ္ပုလင္း ကိုလာတစ္ပုလင္းခ်ေပးပါ"

ထပ္ၿပဳံးျပန္ပါၿပီ။ ျမင္ရခဲတယ္ထင္ခဲ့တဲ့အၿပဳံးေတြက ဘယ္ေၾကာင့္မ်ား ခဏခဏျမင္နရတာလဲ။

"ဥကၠဌဒီမွာလာစားေနၾကလား"

"ဟမ္ ဪ တစ္ခါတစ္ေလမွပါ"

ေပါ့ပါးတဲ့အၿပဳံး။ ၾကည္ၾကည္လင္လင္မ်က္ဝန္းေတြ။ ေမာင္အရင္လိုမဟုတ္ေတာ့တာအဲ့တာေတြပဲ။ အေဝးကေနၾကည့္ရင္ေတာင္ ေမာင့္ဆီကေန အသက္ထက္ပိုတဲ့တည္ၿငိမ္မႈေတြရင့္က်က္မႈေတြကိုျမင္ေနရတတ္တယ္။ ဘယ္တုန္းကမွ ေမာင္က ေပါ့ေပါ့ပါးပါးရယ္ခဲ့တာမဟုတ္ဘူး။ တစ္ေနကုန္တစ္ေနကန္း ေမာင့္ေနာက္ကေန အရိပ္လိုလိုက္တြယ္ေနခဲ့တာလနဲ႕ခ်ီၿပီပဲ။ ေမာင့္ရဲ႕အမူအက်င့္ ေမာင္ဘာႀကိဳက္တယ္ဆိုတာေတာင္ ဘယ္သူ့မွေမးစရာမလိုပဲ သူသိခဲ့တယ္။ က်ေတာ့္ေရွ႕ကခင္ဗ်ားက ဘယ္သဴလဲ...။

"ေသာက္ၾကည့္ ဒီဆိုင္ကအမူးေျပဟင္းရည္ကနာမည္ႀကီးပဲ"

ေမာင္ မဟုတ္ေသာ ဥကၠဌကင္မ္ၫႊန္းတဲ့အတိုင္း ဟင္းရည္က အေတာ္ေလးအရသာရွိသည္။

"ဘယ္လိုလဲ အရသာရွိတယ္မလား"

"ဟုတ္ကဲ့"

"သုံးထပ္သားလဲေကာင္းတယ္ "

"က်ေတာ္ကင္ေပးမယ္ေလ ေပးပါ"

"ျဖစ္ရဲ႕လား"

"က်ေတာ္ေကာင္းေကာင္းကင္တတ္ပါတယ္ ဥကၠကင္မ္ေအးေဆးသာစားပါ"

"ဒီလိုဆိုေတာ့လဲ တာဝန္ေက်လိဳက္ပါအုံး"

ေနရာမွာျပန္ထိုင္ၿပီး ကိုလာကိုတစ္က်ိဴက္ေမာ့သည္။ ၿပီးမွအမူးေျပဟင္းရည္ကိုတစ္ဇြန္းခပ္ေသာက္ရင္း အႀကိဳက္ေတြ႔ေနေလသည္။ ဘာလဲ ဆိုဂ်ဴမွာၿပီးမေသာက္ဘူးလား။

"ဥကၠဌကင္မ္ ဆိုဂ်ဴမေသာက္ဘူးလား"

"အာ..ဆိုဂ်ဴလား အင္း ဒီေန႔မေသာက္တာ ပုံမွန္အားျဖင့္ က်ေတာ္ဆိုဂ်ဴမေသာက္တတ္ဘူး"

"ဘာလို႔လဲ"

"မႀကိဳက္တာေလ ဝိုင္ေတာ့ေသာက္ျဖစ္ပါတယ္ ေဂ်ာင္ကုေရာ ဘာႀကိဳက္တတ္လဲ"

"အႀကိဳက္ဆုံးရယ္လို႔ေတာ့မ႐ွိပါဘူး က်ေတာ္ကေတာ့ အကုန္ေသာက္တယ္"

"ေကာင္းတယ္ေကာင္းတယ္ "

အေရာင္လွလာၿပီျဖစ္တဲ့အသားတစ္ခ်ိဳ႕ကို ပန္းကန္တဲ့ေျပာင္းထည့္ေပးရင္း သူတို႔စကားဝိုင္းကခဏေတာ့တိတ္ဆိတ္သြားသည္။

"ဟိုေလ ဥကၠဌကင္မ္စိတ္မဆိုးရင္ က်ေတာ္တစ္ခုေလာက္ေမးခ်င္တယ္ "

"ေမးေလ"

"မနက္ကမိန္းကေလးနဲ႔ ဥကၠဌက ဘယ္လိုဆက္ဆံေရးမ်ိဴးလဲ က်ေတာ္သိလို႔ရမလား"

ဥကၠဌရဲ႕အၾကည့္ေတြက်ေတာ့္ဆီေရာက္လာခ်ိန္မွာေတာ့ က်ေတာ္အသားကင္ေတြဆီပဲအၾကည့္လႊဲထားမိသည္။

"ေစ့စပ္ထားၾကတာ
လက္ထပ္ဖို႔ကေတာ့ အခုထိလိုပါေသးတယ္ ဒီၾကားထဲ ကိုယ္သေဘာက်တဲ့လူေတြ႔လာရင္ ႏွစ္ဦးသေဘာတူျဖတ္သိမ္းတာမ်ိဳးလဲ လုပ္လို႔ရတဲ့ဆက္ဆံေရးေပါ့... က်ေတာ္နဲ႔အတူလာစားေတာ့ေလ အသားေတြေအးကုန္ေတာ့မယ္... လာ "

ရင္ထဲသိမ့္ခနဲျဖစ္သြားရေလသည္။ က်ေတာ္ဟာ ေလာဘေတြ႐ွိေနေသးတဲ့ လူသားတစ္ေယာက္ျဖစ္ေၾကာင္း ခင္ဗ်ားမသိေလသလား။ သိေနလို႔မ်ား ႏွစ္သိမ့္ေနသလား။ တစ္ခဏေတာ့ က်ေတာ့္ေ႐ွ႕ကအဲ့ဒီ္လူအား ေမာင္ျဖစ္ေစခ်င္ခဲ့ပါသည္။

>>>>>♥

ျပန္လာပါၿပီ ေမ်ွာ္ေနရဲ႕လားေလ...။


You are reading the story above: TeenFic.Net