Unicode
~ဆောင်းရာသီ~ (အတိတ်)
တစ်ကမ္ဘာလုံးရှိအလုပ် သူ့အလုပ်ချည်းသာ ဖြစ်၍ အလုပ်နဲ့အလုပ်သာဖြစ်နေသော လုပ်ငန်းရှင်တစ်ဦးအား တစ်နေရာတွင် ဇာတ်လမ်းဖန်ဖို့ခက်လှပေသည်။ သို့ဖြစ်လေရာ အဲ့ဒီ့လူရှိရာအလုပ်ခွင်ကသာ ကျတော့်ရဲ့ လူပျို့လှည့်ရာအရပ်လေးဖြစ်ခဲ့တော့၏။ ရုံးသွားရုံးပြန် ကားဝင်ကားထွက် တစ်ခါတစ်လေ အတွင်းရေးမှူးဖြစ်သူနဲ့ စကားတပြောပြော၊ တစ်ခါတစ်လေ ခြေလှမ်းကျဲကြီးများဖြင့် ခပ်သွက်သွက်၊ တစ်ခါတစ်လေတော့ တည်ငြိမ်နေသလို ပင်ပန်းနေသလိုပင်။ သတိထားမိပါစေတော့ဆိုသော ဆန္ဒသည် တစ်ခါတစ်လေတော့ပြည့်ပါ၏။ သို့သော်
လုပ်ငန်းခွင်းအတွင်းမို့ ကျတော့်အားတရေးတယူပြု အဖက်မလုပ်ခြင်းသည် အတိုင်းအတာတစ်ခုအထိသာဖြစ်လေသည်။
"ဘာလိုချင်လို့ ဒီလိုလုပ်နေတာလဲ"
ကားစတီယာရင်ပေါ်လက်တစ်ဖက်တင်ထားကာ ဘယ်ဘက်လက်က ပြတင်းဘောင်ပေါ် တင်ရုံကလေးမှီထားသည်။ ကြိုတွေးပြီးသားမေးခွန်းအတွက် အဖြေရှိနေသော်လည်း မယောင်မလည်ကလေးလုပ်ချလိုက်သည်။
"ဗျာ ဘာကိုပြောတာလဲဆိုတာ.."
"မင်းကိုပေးလိုက်တဲ့တစ်စက္ကန့်တိုင်းက ငါ့အတွက်အရေးကြီးတယ် မင်းလို ကလေးတွေက မသိလောက်ပေမဲ့ပေါ့"
"ကျတော်က ရွယ်တူတွေထက်ပိုနုနေတာတော့သိပါတယ် ဒါပေမဲ့ ကျတော်ဘွဲ့ရပြီးပါပြီ ကလေးတော့မဟုတ်တော့ဘူး"
"အာ... ဟုတ်သားပဲ ကလေးတွေကသိပ်ဖြူစင်တာ မင်းလိုငပွေတစ်ယောက်ကို ကလေးလို့သုံးလို့မရဘူးပဲ ဆောရီး စကားပြောမှားသွားတယ်"
ရင်ထဲအောင့်ခနဲ။ ကျတော်နဲ့ဆိုရင် အဲ့ဒီလူက လူကြီးလူကောင်းဆိုတဲ့ဂုဏ်ပုဒ်တွေကို ဂရုမစိုက်နိုင်တော့သည်အထိ အမုန်းစွဲကြီးလွန်းသည်။
တိတ်ဆိတ်သွားတဲ့ကျတော့်ကိုကြည့်ပြီး အောင်နိုင်သူအပြုံးမျိုး အဲ့ဒီလူပြုံးတတ်သည်။
"ဘာကိုလိုချင်တာလဲ ဘာဖြစ်ချင်လို့ငါ့ကိုလိုက်နှောက်ယှက်နေရတာလဲ ပြော"
"ကျတော်တစ်ခါမှတောင် မနှောက်ယှက်ရသေးပါဘူး"
"မင်း နေ့တိုင်း ငါ့လုပ်ငန်းခွင်နေရာကိုလာပြီး ရစ်သီရစ်သီလုပ်နေတယ်ဆိုတာ ဟိုမှာတွေ့လား CCTV ပိုင်နက်ကျူးလွန်မှု လုပ်ငန်းခွင်နှောက်ယှက်မှု stalker ဘယ်လိုလဲ ဘယ်ခေါင်းစဉ်ကပိုကောင်းတယ်ထင်လဲ"
အဲ့ဒီ့လူထံမှမကောင်းသောအငွေ့အသက်များကို ခံစားလိုက်ရပြီး ရုတ်ချည်းပင် ကျတော့်လက်တွေ ချွေးစေးပြန်လာသည်။ မဲ့ပြုံးတစ်ခုက လှောင်ပြောင်နေသည့်ဒဏ်ကို မခံနိုင်သည့်အခါ ကျတော့်ရဲ့မူရင်းစိတ်အခံလေးလွင့်ကျလာလေတော့သည်။
"လုပ်လိုက်လေ ခင်ဗျားမှလုပ်နိုင်တယ်ဆိုလဲလုပ်ပေါ့ ကျတော့်ဘက်က ခင်ဗျားကိုလွန်ထားတာဘာမှမရှိဘူး ကျတော်ခင်ဗျားကိုချစ်တယ် ခင်ဗျားကိုချစ်တဲ့နေ့ကစပြီး ကျတော့်စိတ်ကိုကျတော်မပိုင်တော့တာ သောက်ရမ်းစိတ်ပျက်ဖို့ကောင်းတယ်ဆိုတာ ခင်ဗျားနားလည်လား ဒီခြေထောက်တွေက ခင်ဗျားနားကိုလာချင်နေတာ ဒီမျက်လုံးတွေက ခင်ဗျားကိုပဲတွေ့ချင်နေတာ ဆိုတော့... ကျတော်ကဘာလုပ်ပေးရမလဲ ကျတော် ခင်ဗျားနဲ့တွေ့ချင်ရုံပဲလေ ခင်ဗျားဆီလာနေတာမှမဟုတ်တာ ခင်ဗျားအသားကိုလဲမထိဘူး ခင်ဗျားကိုလဲနှောက်ယှက်နေတာမှမဟုတ်တာ ဒီလောက်လေးတောင် ကျတော့်ဘက်က လုပ်ပိုင်ခွင့်မရှိဘူးလား လူသားတစ်ယောက်အနေနဲ့လေ ခင်ဗျားကိုတစ်ဖက်သတ်ချစ်နေတဲ့လူတစ်ယောက်အနေနဲ့လေ"
ကျတော့်ရင်တွင်းဖြစ်တွေသည် အဲ့ဒီလူအတွက် စိတ်ပျက်စရာတွေသာ ဖြစ်စေကုန်ပြန်သည်။ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတဲ့မျက်ဝန်းတွေ အဲ့မျက်ဝန်းတွေကလေ 'မနူးမနပ်ကလေးကများ မလောက်လေးမလောက်စားကလေးကများ' ဟု ခပ်ကျယ်ကျယ်ကိုလှောင်ရယ်နေခဲ့သည်။ မောင်သည် ကျတော်မချစ်ထိုက်သူပင်။
"ပြောလို့ဝပြီဆိုရင် သေချာနားထောင် နောက်တစ်ခါ ဒီနေရာမှာမင်းကိုဆက်တွေ့နေရအုံးမယ်ဆိုရင် ငါ့အဆိုးမဟုတ်တော့ဘူး Okay သွားလို့ရပြီ"
ပြတင်းပေါက်ဆီညွှန်သော မောင့်မျက်ဝန်းတွေအား ကျတော်နားမလည်နိုင်စွာကြည့်မိသည်။ အကြိမ်ကြိမ်တိတ်တဆိတ်မေးခဲ့ဖူးသောမေးခွန်းအား ထပ်မေးမိပြန်၏။ မောင် ဘာကြောင့် ကျတော့်ကို သည်လောက်မုန်းနေတာလဲ။
မောင့်စကားများသည်ခြိမ်းခြောက်ရုံသာဟု တွေးခဲ့သမျှသည် နောက်တစ်နေ့ မောင့်အားခိုးကြည့်ပြီးအပြန်၌ ရေစုန်မျောရ၏။
ဒေါ်လေးသည် ဂရုဏာဖြစ်ဟန်ဖြင့် ဘာကြောင့်များနေ့တိုင်းသွားနှောက်ယှက်နေရတာလဲ ကလေးရယ်ဟုသာဆိုသော်လည်း မောင် တိုင်ကြားလိုက်သည်မှာ ဒေါ်လေးတစ်ဦးတည်းသာမဟုတ်။ ကွာရှင်းပြီးကြသော အမေနဲ့အဖေနားထဲသို့ပင် အရောက်ပို့ခဲ့သည်ဖြစ်ရာ ဒဏ်ရာဟောင်းကိုပြန်ဆွခံခဲ့ရသောထိုနေ့များသည် ကျတော့်အတွက် တစ်သက်မမေ့ဖွယ်ရာဖြစ်ခဲ့တော့၏။
မောင်သည် ကျတော်ထင်ထားသည်ထက် ပို၍ရက်စက်တက်သည်ပဲ။ မောင်ကိုယ်တိုင်ထောင်ထဲမပို့ရပဲ ကျတော်ကိုယ်တိုင် ဆန္ဒအလျောက် ထောင်ထဲတွင်ပိတ်မိသွားစေရန် မောင်ရည်ရွယ်ခဲ့လေသလား။
မောင့်အမြင်တွင် ကျတော်သည် ရွံစရာ တိရစ္ဆာန်တစ်ကောင်များဖြစ်နေခဲ့လေသလား။
ကျတော်ပိုင်ဆိုင်သမျှ ချစ်တတ်ခြင်းတွေအကုန် မောင့်ဆီပုံပေးနေသည်ကို ငပွေတစ်ကောင်ဖြစ်ခဲ့သည်မို့ မောင်ကတော့ ...။
မောင်ပေးသောဒဏ်ရာပြင်း၍ စိတ်ထောင်းကိုယ်ကြေ အခန်းတွင်းပိန်လိန်နေခဲ့ပြီးနောက် မောင့်မျက်နှာလေးအား လျှပ်တစ်ပြတ်ငေးနိုင်ရန် မောင်ရှိရာအရပ်ဆီ ခြေရှုပ်မိပြန်သည်။ အနီးဆုံးကော်ဖီဆိုင်လေးမှာ ကော်ဖီတစ်ခွက်မှာရင်း မောင့်မျက်နှာလေးမြင်ရရန် တစ်နေကုန်ရင်းရသည်ကတန်ပါသည်။ နေ့လယ်သုံးနာရီလောက်တွင် ကော်ဖီဆိုင်အတွင်းသို့ မိုးဝင်ခိုသော မောင့်ကို ဦးထုပ်ခပ်ငိုက်ငိုက်အောက်က အဝငေးလိုက်ရသည်။ ငါးမိနစ်လောက်ကြာတော့ မောင်ကဖုန်းပြောရင်း အလိုမကျဖြစ်နေဟန်ရှိသည်။ အပြင်ဘက်ကိုလှမ်းကြည့်ရင်းကျစ်သပ်နေသည်ကိုလဲတွေ့ရသည်။ ထို့နောက်ဖုန်းချကာ ခြေလှမ်းကျဲကြီးတွေဖြင့် အပြင်ထွက်ဖို့ဟန်ပြင်နေတော့ မောင် မိုးရေထဲပြေးတော့မည်ဆိုတာကို ကျတော်သိလိုက်သည်နှင့် ပါလာသော ထီးတစ်လတ်အား အလျင်အမြန်လိုက်ပေးမိတော့သည်။
"ဟေ့လူ ဒီမှာ!"
မိုးသံတွေဖုံးအောင် လှမ်းအော်လိုက်ပြီး မောင်လှမ်းကြည့်တော့ ဦးထုပ်ကိုအမြန်ပင် အောက်ကိုဆွဲချရင်း ခေါင်းပါအသာငုံ့လိုက်ရသည်။ ကျတော်မှန်းသိလို့ ထီးမယူသွားမှာလဲစိုးရသည်လေ။
"ထီးယူသွားလေ"
"အာ.. ဟုတ် ကျေးဇူးတင်ပါတယ်ဗျာ"
ကျတော့်ကိုလဲအာရုံထားမိဟန်မတူ။ မျက်စိအောက်က ရှူးအနက်တစ်စုံ အဝေးကိုပြေးသွားမှ သက်ပြင်းလေးချကာ အဝေးကိုလှမ်းကြည့်မိသည်။ ကျတော်သာ ကျတော်မဟုတ်ရင် မောင်က မမုန်းလောက်ဘူးပေါ့။
>>>>>
feedbackတွေအများကြီးရလို့ပီတိတွေလဲဖြစ်။
Followerနဲ့ readerလေးတွေများလို့လဲသဘောတွေလဲကျ။
Zawgyi
~ေဆာင္းရာသီ~ (အတိတ္)
တစ္ကမၻာလုံး႐ွိအလုပ္ သူ႔အလုပ္ခ်ည္းသာ ျဖစ္၍ အလုပ္နဲ႔အလုပ္သာျဖစ္ေနေသာ လုပ္ငန္း႐ွင္တစ္ဦးအား တစ္ေနရာတြင္ ဇာတ္လမ္းဖန္ဖို႔ခက္လွေပသည္။ သို႔ျဖစ္ေလရာ အဲ့ဒီ့လူ႐ွိရာအလုပ္ခြင္ကသာ က်ေတာ့္ရဲ႕ လူပ်ိဳ႕လွည့္ရာအရပ္ေလးျဖစ္ခဲ့ေတာ့၏။ ႐ုံးသြား႐ုံးျပန္ ကားဝင္ကားထြက္ တစ္ခါတစ္ေလ အတြင္းေရးမႉးျဖစ္သူနဲ႔ စကားတေျပာေျပာ၊ တစ္ခါတစ္ေလ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ခပ္သြက္သြက္၊ တစ္ခါတစ္ေလေတာ့ တည္ၿငိမ္ေနသလို ပင္ပန္းေနသလိုပင္။ သတိထားမိပါေစေတာ့ဆိုေသာ ဆနၵသည္ တစ္ခါတစ္ေလေတာ့ျပည့္ပါ၏။ သို႔ေသာ္
လုပ္ငန္းခြင္းအတြင္းမို႔ က်ေတာ့္အားတေရးတယူျပဳ အဖက္မလုပ္ျခင္းသည္ အတိုင္းအတာတစ္ခုအထိသာျဖစ္ေလသည္။
"ဘာလိုခ်င္လို႔ ဒီလိုလုပ္ေနတာလဲ"
ကားစတီယာရင္ေပၚလက္တစ္ဖက္တင္ထားကာ ဘယ္ဘက္လက္က ျပတင္းေဘာင္ေပၚ တင္႐ုံကေလးမွီထားသည္။ ႀကိဳေတြးၿပီးသားေမးခြန္းအတြက္ အေျဖ႐ွိေနေသာ္လည္း မေယာင္မလည္ကေလးလုပ္ခ်လိုက္သည္။
"ဗ်ာ ဘာကိုေျပာတာလဲဆိုတာ.."
"မင္းကိုေပးလိုက္တဲ့တစ္စကၠန္႔တိုင္းက ငါ့အတြက္အေရးႀကီးတယ္ မင္းလို ကေလးေတြက မသိေလာက္ေပမဲ့ေပါ့"
"က်ေတာ္က ရြယ္တူေတြထက္ပိုႏုေနတာေတာ့သိပါတယ္ ဒါေပမဲ့ က်ေတာ္ဘြဲ႔ရၿပီးပါၿပီ ကေလးေတာ့မဟုတ္ေတာ့ဘူး"
"အာ... ဟုတ္သားပဲ ကေလးေတြကသိပ္ျဖဴစင္တာ မင္းလိုငေပြတစ္ေယာက္ကို ကေလးလို့သုံးလို႔မရဘူးပဲ ေဆာရီး စကားေျပာမွားသြားတယ္"
ရင္ထဲေအာင့္ခနဲ။ က်ေတာ္နဲ႔ဆိုရင္ အဲ့ဒီလူက လူႀကီးလူေကာင္းဆိုတဲ့ဂုဏ္ပုဒ္ေတြကို ဂ႐ုမစိုက္ႏိုင္ေတာ့သည္အထိ အမုန္းစြဲႀကီးလြန္းသည္။
တိတ္ဆိတ္သြားတဲ့က်ေတာ့္ကိုၾကည့္ၿပီး ေအာင္ႏိုင္သူအျပဳံးမ်ိဳး အဲ့ဒီလူျပဳံးတတ္သည္။
"ဘာကိုလိုခ်င္တာလဲ ဘာျဖစ္ခ်င္လို႔ငါ့ကိုလိုက္ေႏွာက္ယွက္ေနရတာလဲ ေျပာ"
"က်ေတာ္တစ္ခါမွေတာင္ မေႏွာက္ယွက္ရေသးပါဘူး"
"မင္း ေန႔တိုင္း ငါ့လုပ္ငန္းခြင္ေနရာကိုလာၿပီး ရစ္သီရစ္သီလုပ္ေနတယ္ဆိုတာ ဟိုမွာေတြ႔လား CCTV ပိုင္နက္က်ဴးလြန္မႈ လုပ္ငန္းခြင္ေႏွာက္ယွက္မႈ stalker ဘယ္လိုလဲ ဘယ္ေခါင္းစဥ္ကပိုေကာင္းတယ္ထင္လဲ"
အဲ့ဒီ့လူထံမွမေကာင္းေသာအေငြ႔အသက္မ်ားကို ခံစားလိုက္ရၿပီး ႐ုတ္ခ်ည္းပင္ က်ေတာ့္လက္ေတြ ေခြၽးေစးျပန္လာသည္။ မဲ့ျပဳံးတစ္ခုက ေလွာင္ေျပာင္ေနသည့္ဒဏ္ကို မခံႏိုင္သည့္အခါ က်ေတာ့္ရဲ႕မူရင္းစိတ္အခံေလးလြင့္က်လာေလေတာ့သည္။
"လုပ္လိုက္ေလ ခင္ဗ်ားမွလုပ္ႏိုင္တယ္ဆိုလဲလုပ္ေပါ့ က်ေတာ့္ဘက္က ခင္ဗ်ားကိုလြန္ထားတာဘာမွမ႐ွိဘူး က်ေတာ္ခင္ဗ်ားကိုခ်စ္တယ္ ခင္ဗ်ားကိုခ်စ္တဲ့ေန႔ကစၿပီး က်ေတာ့္စိတ္ကိုက်ေတာ္မပိုင္ေတာ့တာ ေသာက္ရမ္းစိတ္ပ်က္ဖို႔ေကာင္းတယ္ဆိုတာ ခင္ဗ်ားနားလည္လား ဒီေျခေထာက္ေတြက ခင္ဗ်ားနားကိုလာခ်င္ေနတာ ဒီမ်က္လုံးေတြက ခင္ဗ်ားကိုပဲေတြ႔ခ်င္ေနတာ ဆိုေတာ့... က်ေတာ္ကဘာလုပ္ေပးရမလဲ က်ေတာ္ ခင္ဗ်ားနဲ႔ေတြ႔ခ်င္႐ုံပဲေလ ခင္ဗ်ားဆီလာေနတာမွမဟုတ္တာ ခင္ဗ်ားအသားကိုလဲမထိဘူး ခင္ဗ်ားကိုလဲေႏွာက္ယွက္ေနတာမွမဟုတ္တာ ဒီေလာက္ေလးေတာင္ က်ေတာ့္ဘက္က လုပ္ပိုင္ခြင့္မ႐ွိဘူးလား လူသားတစ္ေယာက္အေနနဲ႔ေလ ခင္ဗ်ားကိုတစ္ဖက္သတ္ခ်စ္ေနတဲ့လူတစ္ေယာက္အေနနဲ႔ေလ"
က်ေတာ့္ရင္တြင္းျဖစ္ေတြသည္ အဲ့ဒီလူအတြက္ စိတ္ပ်က္စရာေတြသာ ျဖစ္ေစကုန္ျပန္သည္။ မ်က္ေတာင္မခတ္တမ္း စိုက္ၾကည့္ေနတဲ့မ်က္ဝန္းေတြ အဲ့မ်က္ဝန္းေတြကေလ 'မႏူးမနပ္ကေလးကမ်ား မေလာက္ေလးမေလာက္စားကေလးကမ်ား' ဟု ခပ္က်ယ္က်ယ္ကိုေလွာင္ရယ္ေနခဲ့သည္။ ေမာင္သည္ က်ေတာ္မခ်စ္ထိုက္သူပင္။
"ေျပာလို႔ဝၿပီဆိုရင္ ေသခ်ာနားေထာင္ ေနာက္တစ္ခါ ဒီေနရာမွာမင္းကိုဆက္ေတြ႔ေနရအုံးမယ္ဆိုရင္ ငါ့အဆိုးမဟုတ္ေတာ့ဘူး Okay သြားလို႔ရၿပီ"
ျပတင္းေပါက္ဆီၫႊန္ေသာ ေမာင့္မ်က္ဝန္းေတြအား က်ေတာ္နားမလည္ႏိုင္စြာၾကည့္မိသည္။ အႀကိမ္ႀကိမ္တိတ္တဆိတ္ေမးခဲ့ဖူးေသာေမးခြန္းအား ထပ္ေမးမိျပန္၏။ ေမာင္ ဘာေၾကာင့္ က်ေတာ့္ကို သည္ေလာက္မုန္းေနတာလဲ။
ေမာင့္စကားမ်ားသည္ၿခိမ္းေျခာက္႐ုံသာဟု ေတြးခဲ့သမ်ွသည္ ေနာက္တစ္ေန႔ ေမာင့္အားခိုးၾကည့္ၿပီးအျပန္၌ ေရစုန္ေမ်ာရ၏။
ေဒၚေလးသည္ ဂ႐ုဏာျဖစ္ဟန္ျဖင့္ ဘာေၾကာင့္မ်ားေန႔တိုင္းသြားေႏွာက္ယွက္ေနရတာလဲ ကေလးရယ္ဟုသာဆိုေသာ္လည္း ေမာင္ တိုင္ၾကားလိုက္သည္မွာ ေဒၚေလးတစ္ဦးတည္းသာမဟုတ္။ ကြာ႐ွင္းၿပီးၾကေသာ အေမနဲ႔အေဖနားထဲသို႔ပင္ အေရာက္ပို႔ခဲ့သည္ျဖစ္ရာ ဒဏ္ရာေဟာင္းကိုျပန္ဆြခံခဲ့ရေသာထိုေန႔မ်ားသည္ က်ေတာ့္အတြက္ တစ္သက္မေမ့ဖြယ္ရာျဖစ္ခဲ့ေတာ့၏။
ေမာင္သည္ က်ေတာ္ထင္ထားသည္ထက္ ပို၍ရက္စက္တက္သည္ပဲ။ ေမာင္ကိုယ္တိုင္ေထာင္ထဲမပို႔ရပဲ က်ေတာ္ကိုယ္တိုင္ ဆနၵအေလ်ာက္ ေထာင္ထဲတြင္ပိိတ္မိသြားေစရန္ ေမာင္ရည္ရြယ္ခဲ့ေလသလား။
ေမာင့္အျမင္တြင္ က်ေတာ္သည္ ရြံစရာ တိရစၦာန္တစ္ေကာင္မ်ားျဖစ္ေနခဲ့ေလသလား။
က်ေတာ္ပိုင္ဆိုင္သမ်ွ ခ်စ္တတ္ျခင္းေတြအကုန္ ေမာင့္ဆီပုံေပးေနသည္ကို ငေပြတစ္ေကာင္ျဖစ္ခဲ့သည္မို႔ ေမာင္ကေတာ့ ...။
ေမာင္ေပးေသာဒဏ္ရာျပင္း၍ စိတ္ေထာင္းကိုယ္ေၾက အခန္းတြင္းပိန္လိန္ေနခဲ့ၿပီးေနာက္ ေမာင့္မ်က္ႏွာေလးအား လ်ွပ္တစ္ျပတ္ေငးႏိုင္ရန္ ေမာင္႐ွိရာအရပ္ဆီ ေျခ႐ႈပ္မိျပန္သည္။ အနီးဆုံးေကာ္ဖီဆိုင္ေလးမွာ ေကာ္ဖီတစ္ခြက္မွာရင္း ေမာင့္မ်က္ႏွာေလးျမင္ရရန္ တစ္ေနကုန္ရင္းရသည္ကတန္ပါသည္။ ေန႔လယ္သုံးနာရီေလာက္တြင္ ေကာ္ဖီဆိုင္အတြင္းသို႔ မိုးဝင္ခိုေသာ ေမာင့္ကို ဦးထုပ္ခပ္ငိုက္ငုိက္ေအာက္က အဝေငးလိုက္ရသည္။ ငါးမိနစ္ေလာက္ၾကာေတာ့ ေမာင္ကဖုန္းေျပာရင္း အလိုမက်ျဖစ္ေနဟန္႐ွိသည္။ အျပင္ဘက္ကိုလွမ္းၾကည့္ရင္းက်စ္သပ္ေနသည္ကိုလဲေတြ႔ရသည္။ ထို႔ေနာက္ဖုန္းခ်ကာ ေျခလွမ္းက်ဲျကီးေတြျဖင့္ အျပင္ထြက္ဖို႔ဟန္ျပင္ေနေတာ့ ေမာင္ မိုးေရထဲေျပးေတာ့မည္ဆိုတာကို က်ေတာ္သိလိုက္သည္ႏွင့္ ပါလာေသာ ထီးတစ္လတ္အား အလ်င္အျမန္လိုက္ေပးမိေတာ့သည္။
"ေဟ့လူ ဒီမွာ!"
မိုးသံေတြဖုံးေအာင္ လွမ္းေအာ္လိုက္ၿပီး ေမာင္လွမ္းၾကည့္ေတာ့ ဦးထုပ္ကိုအျမန္ပင္ ေအာက္ကိုဆြဲခ်ရင္း ေခါင္းပါအသာငု႔ံလိုက္ရသည္။ က်ေတာ္မွန္းသိလို႔ ထီးမယူသြားမွာလဲစိုးရသည္ေလ။
"ထီးယူသြားေလ"
"အာ.. ဟုတ္ ေက်းဇူးတင္ပါတယ္ဗ်ာ"
က်ေတာ့္ကိုလဲအာ႐ုံထားမိဟန္မတူ။ မ်က္စိေအာက္က ႐ွဴးအနက္တစ္စုံ အေဝးကိုေျပးသြားမွ သက္ျပင္းေလးခ်ကာ အေဝးကိုလွမ္းၾကည့္မိသည္။ က်ေတာ္သာ က်ေတာ္မဟုတ္ရင္ ေမာင္က မမုန္းေလာက္ဘူးေပါ့။
>>>>>
feedbackေတြအမ်ားႀကီးရလို႔ပီတိေတြလဲျဖစ္။
Followerနဲ႔ readerေလးေတြမ်ားလို႔လဲသေဘာေတြလဲက်။
က်ေတာ့္ကမၻာေလးအနည္းငယ္စိုေျပလာတာေတြ႔ရေတာ့ အဲ့လဲ့ စာေရးခ်င္စိတ္ေတြလဲျဖစ္ ႀကိဳးစားၿပီးupdateေတြေပးေနပါ့မယ္။ I luv you😘❣
You are reading the story above: TeenFic.Net