Part 3

Background color
Font
Font size
Line height

အဖြူရှပ်လက်ရှည်ခံ အနက်ရောင်suitအပြည့် နက်ခ်တိုင်ခပ်မိုက်မိုက်ဖြင့် မှန်ထဲကကိုယ့်ပုံရိပ်က ခုနလေးက ကိုယ့်ပုံရိပ်နဲ့ လားလားမျှမဆိုင်။ ပုံမှန်ဆို နဖူးအပြည့်ဝဲကျကာ ခွေခွေလေးဖြစ်နေမဲ့ဆံပင်တွေကို အခုတော့ဖြင့် sprayအစွမ်းဖြင့် ထိန်းလျက် လူကြီးလူကောင်းပုံဖမ်းထားရလေသည်။ ဝတ်နေကျနားကပ်မျိုးစုံက နားမှာရှိမနေပြန်တော့လဲ ဟာတာတာ။ ဘာဆိုဘာမှနေသားကျမနေသော်လည်း အဲ့ဒီ့လူရှေ့  ကြည့်ကောင်းနေချင်သည့်အခါ မူမပျက် ြပုံးလျက်နေပါသည်။

ဆယ့်တစ်ထပ်သို့တစ်ရွေ့ရွေ့တက်နေတဲ့ ဓာတ်လှေကားအကျဉ်းလေးထဲ ကျတော့်အလှည့်မှတိုက်ဆိုင်စွာ လူတွေက ပြည့်သိပ်လျက်။ ြပင်ဆင်လာခဲ့သမျှ သဲထဲရေသွန်ဖြစ်တော့မလားဆိုသည့်စိတ်နဲ့ ပထမဆုံးရုံးတက်ရက်လေးကို တိတ်တဆိတ် စိတ်ပျက်သွားမိသည်။ 

"အလုပ်သင်လေး ရောက်ပြီလား"

အတွင်းရေးမှူးချွဲဟျောင်းဂျွန်းက ဦးစွာနှုတ်ဆက်လာလျှင် ကျတော်လဲ အစွမ်းကုန်ပြုံးပြလျက်ပြန်နှုတ်ဆက်ပြီး နောက်ကကပ်လိုက်ရသည်။

"ဟုတ်ကဲ့  အတွင်းရေးမှူးချွဲ"

အတွင်းရေးမှူးချွဲ၏ မျက်မှန်အောက်ကမျက်ဝန်းနက်တွေသည် သူ့အားကလေးတစ်ယောက်ဟုမြင်နေသည်ကို တွေ့ရလေသည်။

"အတွင်းရေးမှူးချွဲ ကျတော် ဘယ်ကစလုပ်ရမလဲဟင်"

"ဒီနေ့တော့ ကျတော်နဲ့အလုပ်ကိုလိုက်ပြီးလေ့လာပေါ့ နေ့စဉ်လုပ်ရမဲ့အလုပ်တွေ အလုပ်ကအခြေခံစည်းမျဉ်းတွေကို ကျတော်တဖြည်းဖြည်းချင်း ရှင်းပြပေးသွားမယ် မသိတာ နားမလည်တာရှိရင်လဲ မေးလို့ရတယ် ဒီက ဂျွန်ဂျောင် ကု.. ဟုတ်တယ်နော်"

ဟုတ်ကဲ့လို့ထောက်ပေးလိုက်တော့ ပါးချိုင့်အသေးလေးခပ်ရေးရေးထွန်းသည်အထိ လှစ်ခနဲပြုံးကာ စကားဆက်သည်။

" ဒီနေ့တစ်နေ့လုံး အလုပ်ပါးတာမို့ ကျတော်ကိုယ်တိုင်အေးဆေးရှင်းပြနိုင်တာ ပုံမှန်ဆို ‌ဂျောင်ကုကိုယ်တိုင် ကျတော့်ကိုကူရင်းလေ့လာရမှာ"

"ဒီလိုလုပ်ငန်းကြီးမှာ အလုပ်ပါးတဲ့အချိန်ရှိသေးတာလား"

"သေချာတာပေါ့ ဘယ်ရှိမလဲ  ဒီနေ့ ထီထိုးရမယ် ဟဟား"

တစ်ခါလေးတောင် လုပ်ငန်းခွင်အတွေ့အကြုံမရှိခဲ့တဲ့ကျတော်က ကျားစိတ်ကြောင့် ၂၄နာရီအလုပ်လုပ်ရတော့မည်ဖြစ်ကြောင်းတွေးမိလိုက်သောအခါ ရယ်ချင်စိတ်တောင်မရှိတော့ပေ။

"ဒီစားပွဲမှာ ဂျောင်ကုနဲ့ကျတော်အတူသုံးရမယ် အဆင်ပြေတယ်မလား"

"ဟုတ်ကဲ့ အဆင်ပြေပါတယ်"

"အရမ်းကြီးstressမများပါနဲ့ ဒီတလောတော့ ကျတော်နဲ့အတူ လုပ်ရမှာမို့ အရမ်းကြီးခက်ခဲတာမျိုးမခိုင်းပါဘူး"

"ဟုတ်ကဲ့ "

လက်ကနာရီကိုကြည့်တော့ ၉နာရီ၁၇မိနစ်။ အဲ့ဒီ့လူက ဘယ်အချိန်အလုပ်လာမှာပါလိမ့်။

"ဒါနဲ့လေအတွင်းရေးမှူးချွဲ  ဥက္ကဌကဘယ်အချိန်အလုပ်လာတာလဲ"

"၉နာရီအတိဆိုရောက်ပြီ"

"ဒါဆို အခုက..."

"ဆောင်းအကုန် နွေဦးဝင်ချိန်မို့လေ"

"ဗျာ..."

"အာ... ခဏခွင့်ယူထားတယ်လို့ပြောတာ"

"ဪ..."

>>>

နောက်တစ်နေ့မှာတော့ အတွင်းရေးမှူးပြောတဲ့အတိုင်း ၉နာရီတိရောက်ချလာတဲ့ အဲ့ဒီလူက အစိမ်းစင်းsuitနဲ့gentle manဆန်လိုက်ပုံများ ကျတော်အချိန်ဘယ်လောက်ကြာငေးမိနေသည်မသိ။ ကျတော့်မျက်ဝန်းတွေကိုစေ့စေ့ကြည့်လျက် ခေါင်းငဲ့စောင်းလျက်ပြုံးပြသွားမှပင် အာရုံပြန်ကပ်တော့၏။ ကျတော်ဘယ်လိုမျက်နှာမျိုးဖြစ်နေခဲ့မည်မသိ။ ရူးနှမ်းလိုက်လေခြင်း။ စက္ကန့်ပိုင်းမျှသော ထိုအခိုက်အတန့်အား ကျတော်တရိပ်ရိပ်မြင်ယောင်နေမိသည်။ နွေးနွေးထွေးထွေးရှိနေဆဲ။ ကျတော့်မျက်လုံးတွေကို စေ့စေ့ကြည့်လျက် အဲ့ဒီလူရဲ့နှုတ်ခမ်းပါးတွေက ကွေးညွတ်နေခဲ့တာပင်။ ဘုရား... အဲ့ဒီလူနှုတ်ခမ်းပါးတွေကွေးညွတ်နေခဲ့တယ်တဲ့လား။

"ဥက္ကဌကင်မ်... အဲ့ကလေး အရမ်းငယ်သေးတယ်မလား"

"ဒါပေါ့ အဲ့တာကြောင့် သေချာလေးဂရုစိုက်ပေးပါအုံး ကျတော့်အစား"

"ဟုတ်ကဲ့ ဒါနဲ့ ဆံပင်အရောင်ပါပြောင်းလိုက်ရတာလား"

ဥက္ကဌကင်မ်က သက်ပြင်းရှည်ကြီးချကာ စိတ်ပျက်ဟန်ပြသည်။

"ဟင်း... ကျတော်အနက်ရောင်တွေမကြိုက်ပါဘူးဆိုမှပဲ
ထားပါတော့ ကျတော့်ကို ဒီနေ့အချိန်ဇယားလေးပေးပါ"

"ဒီမှာပါ"

>>>>>

ဒီအပိုင်းလေးတိုသွားတယ် °_°

Zawgyi

အျဖဴရွပ္လက္ရွည္ခံ အနက္ေရာင္suitအျပည့္ နက္ခ္တိုင္ခပ္မိုက္မိုက္ျဖင့္ မွန္ထဲကကိုယ့္ပုံရိပ္က ခုနေလးက ကိုယ့္ပုံရိပ္နဲ႕ လားလားမွ်မဆိုင္။ ပုံမွန္ဆို နဖူးအျပည့္ဝဲက်ကာ ေခြေခြေလးျဖစ္ေနမဲ့ဆံပင္ေတြကို အခုေတာ့ျဖင့္ sprayအစြမ္းျဖင့္ ထိန္းလ်က္ လူႀကီးလူေကာင္းပုံဖမ္းထားရေလသည္။ ဝတ္ေနက်နားကပ္မ်ိဳးစုံက နားမွာရွိမေနျပန္ေတာ့လဲ ဟာတာတာ။ ဘာဆိုဘာမွေနသားက်မေနေသာ္လည္း အဲ့ဒီ့လူေရွ႕  ၾကည့္ေကာင္းေနခ်င္သည့္အခါ မူမပ်က္ ၿပဳံးလ်က္ေနပါသည္။

ဆယ့္တစ္ထပ္သို႔တစ္ေ႐ြ႕ေ႐ြ႕တက္ေနတဲ့ ဓာတ္ေလွကားအက်ဥ္းေလးထဲ က်ေတာ့္အလွည့္မွတိုက္ဆိုင္စြာ လူေတြက ျပည့္သိပ္လ်က္။ ျပင္ဆင္လာခဲ့သမွ် သဲထဲေရသြန္ျဖစ္ေတာ့မလားဆိုသည့္စိတ္နဲ႕ ပထမဆုံး႐ုံးတက္ရက္ေလးကို တိတ္တဆိတ္ စိတ္ပ်က္သြားမိသည္။ 

"အလုပ္သင္ေလး ေရာက္ၿပီလား"

အတြင္းေရးမႉးခြၽဲေဟ်ာင္းဂြၽန္းက ဦးစြာႏႈတ္ဆက္လာလွ်င္ က်ေတာ္လဲ အစြမ္းကုန္ၿပဳံးျပလ်က္ျပန္ႏႈတ္ဆက္ၿပီး ေနာက္ကကပ္လိုက္ရသည္။

"ဟုတ္ကဲ့  အတြင္းေရးမႉးခြၽဲ"

အတြင္းေရးမႉးခြၽဲ၏ မ်က္မွန္ေအာက္ကမ်က္ဝန္းနက္ေတြသည္ သူ႕အားကေလးတစ္ေယာက္ဟုျမင္ေနသည္ကို ေတြ႕ရေလသည္။

"အတြင္းေရးမႉးခြၽဲ က်ေတာ္ ဘယ္ကစလုပ္ရမလဲဟင္"

"ဒီေန႕ေတာ့ က်ေတာ္နဲ႕အလုပ္ကိုလိုက္ၿပီးေလ့လာေပါ့ ေန႕စဥ္လုပ္ရမဲ့အလုပ္ေတြ အလုပ္ကအေျခခံစည္းမ်ဥ္းေတြကို က်ေတာ္တျဖည္းျဖည္းခ်င္း ရွင္းျပေပးသြားမယ္ မသိတာ နားမလည္တာရွိရင္လဲ ေမးလို႔ရတယ္ ဒီက ဂြၽန္ေဂ်ာင္ ကု.. ဟုတ္တယ္ေနာ္"

ဟုတ္ကဲ့လို႔ေထာက္ေပးလိုက္ေတာ့ ပါးခ်ိဳင့္အေသးေလးခပ္ေရးေရးထြန္းသည္အထိ လွစ္ခနဲၿပဳံးကာ စကားဆက္သည္။

" ဒီေန႕တစ္ေန႕လုံး အလုပ္ပါးတာမို႔ က်ေတာ္ကိုယ္တိုင္ေအးေဆးရွင္းျပနိုင္တာ ပုံမွန္ဆို ‌ေဂ်ာင္ကုကိုယ္တိုင္ က်ေတာ့္ကိုကူရင္းေလ့လာရမွာ"

"ဒီလိုလုပ္ငန္းႀကီးမွာ အလုပ္ပါးတဲ့အခ်ိန္ရွိေသးတာလား"

"ေသခ်ာတာေပါ့ ဘယ္ရွိမလဲ  ဒီေန႕ ထီထိုးရမယ္ ဟဟား"

တစ္ခါေလးေတာင္ လုပ္ငန္းခြင္အေတြ႕အႀကဳံမရွိခဲ့တဲ့က်ေတာ္က က်ားစိတ္ေၾကာင့္ ၂၄နာရီအလုပ္လုပ္ရေတာ့မည္ျဖစ္ေၾကာင္းေတြးမိလိုက္ေသာအခါ ရယ္ခ်င္စိတ္ေတာင္မရွိေတာ့ေပ။

"ဒီစားပြဲမွာ ေဂ်ာင္ကုနဲ႕က်ေတာ္အတူသုံးရမယ္ အဆင္ေျပတယ္မလား"

"ဟုတ္ကဲ့ အဆင္ေျပပါတယ္"

"အရမ္းႀကီးstressမမ်ားပါနဲ႕ ဒီတေလာေတာ့ က်ေတာ္နဲ႕အတူ လုပ္ရမွာမို႔ အရမ္းႀကီးခက္ခဲတာမ်ိဳးမခိုင္းပါဘူး"

"ဟုတ္ကဲ့ "

လက္ကနာရီကိုၾကည့္ေတာ့ ၉နာရီ၁၇မိနစ္။ အဲ့ဒီ့လူက ဘယ္အခ်ိန္အလုပ္လာမွာပါလိမ့္။

"ဒါနဲ႕ေလအတြင္းေရးမႉးခြၽဲ  ဥကၠဌကဘယ္အခ်ိန္အလုပ္လာတာလဲ"

"၉နာရီအတိဆိုေရာက္ၿပီ"

"ဒါဆို အခုက..."

"ေဆာင္းအကုန္ ေႏြဦးဝင္ခ်ိန္မို႔ေလ"

"ဗ်ာ..."

"အာ... ခဏခြင့္ယူထားတယ္လို႔ေျပာတာ"

"ဪ..."

>>>>>

ေနာက္တစ္ေန႔မွာေတာ့ အတြင္းေရးမႉးေျပာတဲ့အတိုင္း ၉နာရီတိေရာက္ခ်လာတဲ့ အဲ့ဒီလူက အစိမ္းစင္းsuitနဲ႔gentle manဆန္လိုက္ပုံမ်ား က်ေတာ္အခ်ိန္ဘယ္ေလာက္ၾကာေငးမိေနသည္မသိ။ က်ေတာ့္မ်က္ဝန္းေတြကိုေစ့ေစ့ၾကည့္လ်က္ ေခါင္းငဲ့ေစာင္းလ်က္ျပဳံးျပသြားမွပင္ အာ႐ုံျပန္ကပ္ေတာ့၏။ က်ေတာ္ဘယ္လိုမ်က္ႏွာမ်ိဳးျဖစ္ေနခဲ့မည္မသိ။ ႐ူးႏွမ္းလိုက္ေလျခင္း။ စကၠန္႔ပိုင္းမ်ွေသာ ထိုအခိုက္အတန္႔အား က်ေတာ္တရိပ္ရိပ္ျမင္ေယာင္ေနမိသည္။ ေႏြးေႏြးေထြးေထြး႐ွိေနဆဲ။ က်ေတာ့္မ်က္လုံးေတြကို ေစ့ေစ့ၾကည့္လ်က္ အဲ့ဒီလူရဲ႕ႏႈတ္ခမ္းပါးေတြက ေကြးၫြတ္ေနခဲ့တာပင္။ ဘုရား... အဲ့ဒီလူႏႈတ္ခမ္းပါးေတြေကြးၫြတ္ေနခဲ့တယ္တဲ့လား။

"ဥကၠဌကင္မ္... အဲ့ကေလး အရမ္းငယ္ေသးတယ္မလား"

"ဒါေပါ့ အဲ့တာေၾကာင့္ ေသခ်ာေလးဂ႐ုစိုက္ေပးပါအုံး က်ေတာ့္အစား"

"ဟုတ္ကဲ့ ဒါနဲ႔ ဆံပင္အေရာင္ပါေျပာင္းလိုက္ရတာလား"

ဥကၠဌကင္မ္က သက္ျပင္း႐ွည္ႀကီးခ်ကာ စိတ္ပ်က္ဟန္ျပသည္။

"ဟင္း... က်ေတာ္အနက္ေရာင္ေတြမႀကိဳက္ပါဘူးဆိုမွပဲ
ထားပါေတာ့ က်ေတာ့္ကို ဒီေန႔အခ်ိန္ဇယားေလးေပးပါ"

"ဒီမွာပါ"

>>>>>

ဒီအပိုင္းေလးတိုသြားတယ္ °_°


You are reading the story above: TeenFic.Net