Part 5

Background color
Font
Font size
Line height

Unicode

နွေဦး~~ (လက်ရှိ)

အတွေးများစေတဲ့အပြုံးတစ်ပွင့်ကြောင့် အကြိမ်ကြိမ်ပြုံး အကြိမ်ကြိမ်ရှုံးရင်း ကျတော့်မှာ အတွေးတွေလဲများနေရလေသည်။ ကျတော့်အတွက်ရယ်လို့ စွန့်ကြဲခဲတဲ့အပြုံးလေးတစ်ပွင့်အတွက် သည်လောက်ထိ အတွေးများနေရခြင်းမှာလဲ အဲ့ဒီလူ့အပေါ် သည်လောက်ထိ သဘောကျရခြင်းကြောင့်ပင်...။

"ဂျောင်ကုရေ hot chocoလေးတစ်ခွက်မှာပြီးယူလာခဲ့ပေးပါအုံး"

"ဟုတ်ကဲ့"

တယ်လီဖုန်းဆီမှ အတွင်းရေးမှူးချွဲ၏အမှာအား လက်ခံပြီးနောက် ရုံးတွင်းကဖေးဆိုင်မှ hot chocoဝယ်ရန်ထွက်ခဲ့လိုက်သည်။ မြေညီထပ်တွင်ရှိနေသော ကဖေးဆိုင်လေးသည် နေရာသိပ်မယူပဲ သေသပ်သည်။ ဆိုင်ဝန်ထမ်းကောင်လေးနှစ်ဦးရှိနေသည်ဖြစ်ရာ ရုံးရှိမမတစ်ချို့ ဆိုင်လေးဘေးတွင် ရစ်သီရစ်သီလုပ်နေကြသည်။

"hot chocoတစ်ခွက်ပေးပါ"

"ဟုတ်ကဲ့ ဝမ်၇၀၀၀ကျပါတယ်ခင်ဗျာ"

"ဒီမှာ..."

ကုမ္ပဏီကဒ်ထုတ်ပေးလိုက်သည့်အခါ ဝန်ထမ်းကောင်လေးက ဖော်ရွေစွာပြုံးပြသည်။ ဝန်ထမ်းကောင်လေးက အလုပ်သဘောအရပြုံးပြတာဆိုရင် အဲ့ဒီ့လူကရော ဘယ်လိုသဘောနဲ့သူ့ကိုပြုံးပြခဲ့တာလဲ။ အရင်ကမမြင်ချင်လောက်အောင်မုန်းတီးနေတဲ့ငါ့ကို ဘယ်လိုစိတ်နဲ့ပြုံးပြခဲ့တာလဲ။

"ဒီမှာပါဗျ ခဏလောက်စောင့်ပေးပါနော်"

"ဟုတ်ကဲ့"

ဝန်ထမ်းကောင်လေးထံက ကဒ်ကိုယူပြီး နီးစပ်ရာစားပွဲတွင် ခဏထိုင်ရင်းစောင့်နေလိုက်သည်။

"Ting!"

အကိုဟီးဆောင်းဆီမှ မက်ဆေ့ချ်ဝင်လာသည်။

_ အလုပ်လုပ်ရတာအဆင်ပြေရဲ့လား

+ ဒီလိုပါပဲ

စာပြန်ပြီးနောက် စက္ကန့်ပိုင်းအတွင်းပင် စာပြန်ရောက်လာသည်။

- finghting

+ ဟုတ်ကဲ့

_ နောက်မှတွေ့မယ်

+ ဟုတ်ကဲ့ပါ... °_°

"ဟဲ့ နင့်ဥက္ကဌကင်မ်ကိုတွေ့ပြီးပြီလား "

"ဟင့်အင်း"

"နင်သိလား ငါလေ ဒီနေ့ဥက္ကဌကင်မ်ကိုမြင်ပြီးတော့ ဝါး အရင်နေ့တွေနဲ့မတူပါဘူးဆို "

"ဘာကိုမတူတာလဲဟဲ့ ရှင်းရှင်းပြောစမ်းပါ"

တစ်ဖက်ဝိုင်းမှဝန်ထမ်းမိန်းကလေးနှစ်ဦးသည် ဥက္ကဌကင်မ်အကြောင်းအား ဖောက်သည်ချနေသည်ဖြစ်ရာ ကျတော်လဲ မသိမသာနားစွင့်မိသည်။

"အဟိ ဒီနေ့ ငါသူ့ကိုမြင်တော့ ငါ့နှလုံးသားလေး... ငါ့နှလုံးသားလေးနွေးထွေးသွားတာပဲ သူဘာလုပ်သွားတယ်ထင်လဲ အယ်ရာ... ဥက္ကဌကင်မ်ကလေ ငါ့ကိုပြုံးပြသွားတာဟဲ့ "

"ဘာရယ် တကယ်ကြီး"

"အေးဆို ငါတစ်ယောက်တည်းမဟုတ်ဘူး တွေ့သမျှဝန်ထမ်းတိုင်းနီးပါးကိုပြုံးပြနေတာ"

တစ်မနက်ခင်းလုံးဖိစီးနေခဲ့သောအတွေးလွန်ခြင်းတို့သည် ရပ်တန့်သွားခဲ့တော့သည်။ ကျတော့်တစ်ဦးတည်းကိုသာ ထူးထူးခြားခြားပြူံးပြခဲ့တာမှမဟုတ်တာပဲ။ အားလုံးကိုပြုံးပြခဲ့သည်တဲ့လေ။

"hot chocoရပါပြီဗျ"

>>>

တံခါးကိုအသာတွန်းဖွင့်ကာ အလုပ်ရှုပ်နေသူများအား အာရုံမပျံ့အောင် ဂရုစိုက်ရသည်။

"ကျတော် hot chocoလာပို့တာပါ"

"ပေး ကျတော့်ကို"

အတွင်းရေးမှူးချွဲက လက်ပြောင်းယူပြီး အဲ့ဒီလူရဲ့စားပွဲဘေးသွားချပေးသည်အထိ ကျတော့်မှာ နေရာတွင်သာ လက်နှစ်ဖက်ကိုယှက်လျက် မတ်တပ်ရပ်နေပေးရသည်။

"အတွင်းရေးမှူးချွဲ ဂျွန်ဂျောင်ကုကို ဒီမှာခဏထားခဲ့ပြီး ဘဏ္ဍာရေးဌာနက အရင်လချုပ်စာရင်းကို ယူလာခဲ့ပေးပါ ကျတော်ပြန်စစ်စရာလေးရှိလို့"

" ဟုတ်ကဲ့ပါ ဥက္ကဌ"

အတွင်းရေးမှူးချွဲက ခဏအပ်ခဲ့မည်ဖြစ်ကြောင်း မျက်ရိပ်မျက်ခြေပြကာ ထွက်သွားသည်။ ကျတော်မှာတော့ ဘာလုပ်ရမယ်မသိ ယောင်ချာချာဖြင့်နေရာတွင်သာ အတောင့်သားရပ်နေမိသည်။

"နေရခက်နေတယ်ထင်တယ် သက်တောင့်သက်သာနေပါ ကျတော်ကိုက်မစားပါဘူး"

"ဟုတ်ကဲ့"

ဟုတ်ကဲ့ဟုသာပြောလိုက်ရသော်လည်း ဘယ်လိုလုပ်နေရမခက်ပဲနေလိမ့်မလဲ။ suitအပြည့်ဝတ်ပြီး မလုပ်တတ်မကိုင်တတ်ဘဲ ယောင်ချာချာကြီး အထက်လူကြီးရှေ့ရောက်နေရတဲ့ဟာ။ လက်ဖဝါးနှစ်ဖက်က ချွေးစေးပြန်လာသလိုတောင်ခံစားရသည်။

"ကျတော့်ကို ဟိုစင်ပေါ်က ဖိုင်အပြာလေးရှာပြီးယူခဲ့ပေးပါ"

"ဖိုင်အပြာ"

တစ်ကိုယ်တည်းကြားရုံးမျှတီးတိုးရေရွတ်ကာ အဲ့ဒီ့လူမေးဆတ်ပြသော စင်တွင် ဖိုင်အပြာအား ခပ်သွက်သွက်ပင် ရှာပြီး စားပွဲပေါ်တင်ပေးလိုက်သည်။ 'အွန်း'ဟူသော တုန့်ပြန်ချက်အား ရလိုက်ပြီး အဲ့ဒီ့လူကသူ့အလုပ်သူ ဆက်လုပ်နေသည်။ လူစားထိုးလိုက်သလားထင်ရအောင် ထိုသူ့မျက်ဝန်းတွင် အရင်ကလိုအရိပ်အယောင်တွေဘာကိုမှမတွေ့ရတော့။ ဟန်ဆောင်ပဲကောင်းနေသလားပင် မသိတော့ပါ။

ခဏကြာတော့ အဲ့ဒီ့လူက ဘေးတွင်ရပ်နေခဲ့သော ကျတော့်အားတစ်ချက်မော့ကြည့်ကာ လပ်တော့ပ်အား အသာပိတ်ပြီး ဆုံလည်ခုံအား ကျတော်နှင့်မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်သည်။ ထို့နောက် ခုံမှထကာ ကျတော့်မျက်ဝန်းတွေဆီစိုက်ကြည့်ရင်း တစ်စုံတစ်ခုကိုရှာဖွေနေသည်။ ထိူ့နောက်တွင်တော့ သဘာဝကျကျပင်ခေါင်းကိုငုံ့ကာ အသံငြိမ်ငြိမ်ကို တစ်ဆင့်ချင်းလွှင့်သည်။

"တောင်းပန်ပါတယ်ဂျွန်ဂျောင်ကု...
ကိုယ်မင်းအပေါ်အထင်လွဲပြီး အမှားတွေအများကြီးလုပ်ခဲ့မိတယ်  ပြီးခဲ့တာတွေကပြန်ပြင်လို့မရတော့မှန်း ကိုယ်နားလည်ပါတယ်"

သက်ပြင်းမောတစ်ချက်ရှိုက်လို့ခေါင်းငုံံ့နေရာမှ ကျတော့်ထံမော့ကြည့်လာတဲ့ ထိုသူ့မျက်ဝန်းတွေက စိတ်မကောင်းခြင်းတို့အပြည့်။

"ဒါပေမဲ့... ကိုယ့်ကြိုးစားကြည့်ချင်သေးတယ် မင်းကျေနပ်အောင် ကိုယ်တစ်ခုခုပြန်လုပ်ပေးပါရစေ "

ကျတော်ကျေနပ်အောင်အထူးတလည်ကြိုးစားစရာမလိုပါဘူး။ ကျတော် မောင့်အပေါ် မကျေနပ်တာမျိုး ဘယ်တုန်းကမှမရှိခဲ့ဖူးဘူး။ နာကျင်ခဲ့တယ်ဆိုရင်တောင်မှ ကျတော်ခေါင်းမာလို့ဖြစ်ခဲ့တဲ့အရာတွေပါ။ ကျတော်လိုချင်တာကတစ်ခုတည်း...

"ကျတော့်ကို သိပ်မုန်းတာပဲလား"

ကျတော်မေးခွန်းသည် အဆက်အစပ်မရှိနေ၍လားမသိ။ မောင်က ခေတ္တကြောင်,အ သွားခဲ့ပြီးမှ ခပ်နွေးနွေးကလေးပြုံးပြန်သည်။

"မမုန်းပါဘူး လုံးဝမမုန်းဘူး"

မျိုသိပ်ထားရသောဝမ်းနည်းဝမ်းသာခံစားချက်တွေကြောင့် မျက်ရည်စတို့ပျိူ့ချင်လာသည်။ ခေါင်းကိုငုံ့ချလိုက်ပြီး အားပါးတရပြုံးမိသည်။ ကျိန်စာတွေလွတ်မြောက်သွားသလိုခံစားချက်ကတိုးဝင်လာတော့ ဒီကမ္ဘာမှရှင်သန်နိုင်တော့မည်ဆိုသော အကြောင်းပြချက်လေးကိုခံစားလာရသည်။
သွားခွင့်ပြုပါအုံးလို့ခပ်ကျယ်ကျယ်ကလေးခေါင်းငုံ့အော်ပြောပြီး ထိုအခန်းထဲမှပြေးထွက်ခဲ့သည်က ခေါင်မိုးထပ်ဆီ။

အားပါးတရရယ်မည်လား။
ခပ်တိုးတိုးရှိုက်မည်လား။ ကြိုက်သလိုသာပြုမူပါတော့...။
ဆောင်းအကုန်နွေအကူး နွေဦးလေးမို့ အချစ်ရူးလေးစိတ်ကြိုက်ပါကွယ်။

>>>>>♥





Zawgyi

ေႏြဦး~~ (လက္႐ွိ)

အေတြးမ်ားေစတဲ့အျပဳံးတစ္ပြင့္ေၾကာင့္ အႀကိမ္ႀကိမ္ျပဳံး အႀကိမ္ႀကိမ္႐ႈံးရင္း က်ေတာ့္မွာ အေတြးေတြလဲမ်ားေနရေလသည္။ က်ေတာ့္အတြက္ရယ္လို႔ စြန္႔ၾကဲခဲတဲ့အျပဳံးေလးတစ္ပြင့္အတြက္ သည္ေလာက္ထိ အေတြးမ်ားေနရျခင္းမွာလဲ အဲ့ဒီလူ႔အေပၚ သည္ေလာက္ထိ သေဘာက်ရျခင္းေၾကာင့္ပင္...။

"ေဂ်ာင္ကုေရ hot chocoေလးတစ္ခြက္မွာၿပီးယူလာခဲ့ေပးပါအုံး"

"ဟုတ္ကဲ့"

တယ္လီဖုန္းဆီမွ အတြင္းေရးမႉးခြၽဲ၏အမွာအား လက္ခံၿပီးေနာက္ ႐ုံးတြင္းကေဖးဆိုင္မွ hot chocoဝယ္ရန္ထြက္ခဲ့လိုက္သည္။ ေျမညီထပ္တြင္႐ွိေနေသာ ကေဖးဆိုင္ေလးသည္ ေနရာသိပ္မယူပဲ ေသသပ္သည္။ ဆိုင္ဝန္ထမ္းေကာင္ေလးႏွစ္ဦး႐ွိေနသည္ျဖစ္ရာ ႐ုံး႐ွိမမတစ္ခ်ိဳ႕ ဆိုင္ေလးေဘးတြင္ ရစ္သီရစ္သီလုပ္ေနၾကသည္။

"hot chocoတစ္ခြက္ေပးပါ"

"ဟုတ္ကဲ့ ဝမ္၇၀၀၀က်ပါတယ္ခင္ဗ်ာ"

"ဒီမွာ..."

ကုမၸဏီကဒ္ထုတ္ေပးလိုက္သည့္အခါ ဝန္ထမ္းေကာင္ေလးက ေဖာ္ေရြစြာျပဳံးျပသည္။ ဝန္ထမ္းေကာင္ေလးက အလုပ္သေဘာအရျပဳံးျပတာဆိုရင္ အဲ့ဒီ့လူကေရာ ဘယ္လိုသေဘာနဲ႔သူ႔ကိုျပဳံးျပခဲ့တာလဲ။ အရင္ကမျမင္ခ်င္ေလာက္ေအာင္မုန္းတီးေနတဲ့ငါ့ကုိ ဘယ္လိုစိတ္နဲ႔ျပဳံးျပခဲ့တာလဲ။

"ဒီမွာပါဗ် ခဏေလာက္ေစာင့္ေပးပါေနာ္"

"ဟုတ္ကဲ့"

ဝန္ထမ္းေကာင္ေလးထံက ကဒ္ကိုယူၿပီး နီးစပ္ရာစားပြဲတြင္ ခဏထိုင္ရင္းေစာင့္ေနလိုက္သည္။

"Ting!"

အကိုဟီးေဆာင္းဆီမွ မက္ေဆ့ခ်္ဝင္လာသည္။

_ အလုပ္လုပ္ရတာအဆင္ေျပရဲ႕လား

+ ဒီလိုပါပဲ

စာျပန္ၿပီးေနာက္ စကၠန္႔ပုိင္းအတြင္းပင္ စာျပန္ေရာက္လာသည္။

- finghting

+ ဟုတ္ကဲ့

_ ေနာက္မွေတြ႔မယ္

+ ဟုတ္ကဲ့ပါ... °_°

"ဟဲ့ နင့္ဥကၠဌကင္မ္ကိုေတြ႔ၿပီးၿပီလား "

"ဟင့္အင္း"

"နင္သိလား ငါေလ ဒီေန႔ဥကၠဌကင္မ္ကိုျမင္ၿပီးေတာ့ ဝါး အရင္ေန႔ေတြနဲ႔မတူပါဘူးဆို "

"ဘာကိုမတူတာလဲဲဟဲ့ ႐ွင္း႐ွင္းေျပာစမ္းပါ"

တစ္ဖက္ဝိုင္းမွဝန္ထမ္းမိန္းကေလးႏွစ္ဦးသည္ ဥကၠဌကင္မ္အေၾကာင္းအား ေဖာက္သည္ခ်ေနသည္ျဖစ္ရာ က်ေတာ္လဲ မသိမသာနားစြင့္မိသည္။

"အဟိ ဒီေန႔ ငါသူ႔ကိုျမင္ေတာ့ ငါ့ႏွလုံးသားေလး... ငါ့ႏွလုံးသားေလးေႏြးေထြးသြားတာပဲ သူဘာလုပ္သြားတယ္ထင္လဲ အယ္ရာ... ဥကၠဌကင္မ္ကေလ ငါ့ကိုျပဳံးျပသြားတာဟဲ့ "

"ဘာရယ္ တကယ္ႀကီး"

"ေအးဆို ငါတစ္ေယာက္တည္းမဟုတ္ဘူး ေတြ႔သမ်ွဝန္ထမ္းတိုင္းနီးပါးကိုျပဳံးျပေနတာ"

တစ္မနက္ခင္းလုံးဖိစီးေနခဲ့ေသာအေတြးလြန္ျခင္းတို႔သည္ ရပ္တန္႔သြားခဲ့ေတာ့သည္။ က်ေတာ့္တစ္ဦးတည္းကိုသာ ထူးထူးျခားျခားျပဴံးျပခဲ့တာမွမဟုတ္တာပဲ။ အားလုံးကိုျပဳံးျပခဲ့သည္တဲ့ေလ။

"hot chocoရပါၿပီဗ်"

>>>

တံခါးကိုအသာတြန္းဖြင့္ကာ အလုပ္႐ႈပ္ေနသူမ်ားအား အာ႐ုံမပ့်ံေအာင္ ဂ႐ုစိုက္ရသည္။

"က်ေတာ္ hot chocoလာပို႔တာပါ"

"ေပး က်ေတာ့္ကို"

အတြင္းေရးမႉးခြၽဲက လက္ေျပာင္းယူၿပီး အဲ့ဒီလူရဲ႕စားပြဲေဘးသြားခ်ေပးသည္အထိ က်ေတာ့္မွာ ေနရာတြင္သာ လက္ႏွစ္ဖက္ကိုယွက္လ်က္ မတ္တပ္ရပ္ေနေပးရသည္။

"အတြင္းေရးမွဴးခြၽဲ ဂြၽန္ေဂ်ာင္ကုကို ဒီမွာခဏထားခဲ့ၿပီး ဘ႑ာေရးဌာနက အရင္လခ်ဳပ္စာရင္းကို ယူလာခဲ့ေပးပါ က်ေတာ္ျပန္စစ္စရာေလး႐ွိလို႔"

" ဟုတ္ကဲ့့ပါ ဥကၠဌ"

အတြင္းေရးမႉးခြၽဲက ခဏအပ္ခဲ့မည္ျဖစ္ေၾကာင္း မ်က္ရိပ္မ်က္ေျချပကာ ထြက္သြားသည္။ က်ေတာ္မွာေတာ့ ဘာလုပ္ရမယ္မသိ ေယာင္ခ်ာခ်ာျဖင့္ေနရာတြင္သာ အေတာင့္သားရပ္ေနမိသည္။

"ေနရခက္ေနတယ္ထင္တယ္ သက္ေတာင့္သက္သာေနပါ က်ေတာ္ကိုက္မစားပါဘူး"

"ဟုတ္ကဲ့"

ဟုတ္ကဲ့ဟုသာေျပာလိုက္ရေသာ္လည္း ဘယ္လိုလုပ္ေနရမခက္ပဲေနလိမ့္မလဲ။ suitအျပည့္ဝတ္ၿပီး မလုပ္တတ္မကိုင္တတ္ဘဲ ေယာင္ခ်ာခ်ာႀကီး အထက္လူႀကီးေ႐ွ႕ေရာက္ေနရတဲ့ဟာ။ လက္ဖဝါးႏွစ္ဖက္က ေခြၽးေစးျပန္လာသလိုေတာင္ခံစားရသည္။

"က်ေတာ့္ကို ဟိုစင္ေပၚက ဖိုင္အျပာေလး႐ွာၿပီးယူခဲ့ေပးပါ"

"ဖိုင္အျပာ"

တစ္ကိုယ္တည္းၾကား႐ုံးမ်ွတီးတိုးေရရြတ္ကာ အဲ့ဒီ့လူေမးဆတ္ျပေသာ စင္တြင္ ဖိုင္အျပာအား ခပ္သြက္သြက္ပင္ ႐ွာၿပီး စားပြဲေပၚတင္ေပးလိုက္သည္။ 'အြန္း'ဟူေသာ တုန္႔ျပန္ခ်က္အား ရလိုက္ၿပီး အဲ့့ဒီ့လူကသူ႔အလုပ္သူ ဆက္လုပ္ေနသည္။ လူစားထိုးလိုက္သလားထင္ရေအာင္ ထိုသူ႔မ်က္ဝန္းတြင္ အရင္ကလိုအရိပ္အေယာင္ေတြဘာကိုမွမေတြ႔ရေတာ့။ ဟန္ေဆာင္ပဲေကာင္းေနသလားပင္ မသိေတာ့ပါ။

ခဏျကာေတာ႔ အဲ့ဒီ့လူက ေဘးတြင္ရပ္ေနခဲ့ေသာ က်ေတာ့္အားတစ္ခ်က္ေမာ့ၾကည့္ကာ လပ္ေတာ့ပ္အား အသာပိတ္ၿပီး ဆုံလည္ခုံအား က်ေတာ္ႏွင့္မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္လွည့္သည္။ ထို႔ေနာက္ ခုံမွထကာ က်ေတာ့္မ်က္ဝန္းေတြဆီစိုက္ၾကည့္ရင္း တစ္စုံတစ္ခုကို႐ွာေဖြေနသည္။ ထိူ႔ေနာက္တြင္ေတာ့ သဘာဝက်က်ပင္ေခါင္းကိုငုံ႔ကာ အသံၿငိမ္ၿငိမ္ကို တစ္ဆင့္ခ်င္းလႊင့္သည္။

"ေတာင္းပန္ပါတယ္ဂြၽန္ေဂ်ာင္ကု...
ကုိယ္မင္းအေပၚအထင္လြဲဲၿပီး အမွားေတြအမ်ားႀကီးလုပ္ခဲ့မိတယ္  ၿပီးခဲ့တာေတြကျပန္ျပင္လို႔မရေတာ့မွန္း ကိုယ္နားလည္ပါတယ္"

သက္ျပင္းေမာတစ္ခ်က္႐ႈိက္လို႔ေခါင္းငုံံ့ေနရာမွ က်ေတာ့္ထံေမာ့ၾကည့္လာတဲ့ ထိုသူ႔မ်က္ဝန္းေတြက စိတ္မေကာင္းျခင္းတို႔အျပည့္။

"ဒါေပမဲ့... ကိုယ့္ႀကိဳးစားၾကည့္ခ်င္ေသးတယ္ မင္းေက်နပ္ေအာင္ ကုိယ္တစ္ခုခုျပန္လုပ္ေပးပါရေစ "

က်ေတာ္ေက်နပ္ေအာင္အထူးတလည္ႀကိဳးစားစရာမလိုပါဘူး။ က်ေတာ္ ေမာင့္အေပၚ မေက်နပ္တာမ်ိဳး ဘယ္တုန္းကမွမ႐ွိခဲ့ဖူးဘူး။ နာက်င္ခဲ့တယ္ဆိုရင္ေတာင္မွ က်ေတာ္ေခါင္းမာလို႔ျဖစ္ခဲ့တဲ့အရာေတြပါ။ က်ေတာ္လိုခ်င္တာကတစ္ခုတည္း...

"က်ေတာ့္ကို သိပ္မုန္းတာပဲလား"

က်ေတာ္ေမးခြန္းသည္ အဆက္အစပ္မ႐ွိေန၍လားမသိ။ ေမာင္က ေခတၱေၾကာင္,အ သြားခဲ့ၿပီးမွ ခပ္ေႏြးေႏြးကေလးျပဳံးျပန္သည္။

"မမုန္းပါဘူး လုံးဝမမုန္းဘူး"

မ်ိဳသိပ္ထားရေသာဝမ္းနည္းဝမ္းသာခံစားခ်က္ေတြေၾကာင့္ မ်က္ရည္စတို႔ပ်ိဴ႕ခ်င္လာသည္။ ေခါင္းကုိငု႔ံခ်လိုက္ၿပီး အားပါးတရျပဳံးမိသည္။ က်ိန္စာေတြလြတ္ေျမာက္သြားသလိုခံစားခ်က္ကတိုးဝင္လာေတာ့ ဒီကမၻာမွ႐ွင္သန္ႏိုင္ေတာ့မည္ဆိုေသာ အေၾကာင္းျပခ်က္ေလးကိုခံစားလာရသည္။
သြားခြင့္ျပဳပါအုံးလို႔ခပ္က်ယ္က်ယ္ကေလးေခါင္းငုံ႔ေအာ္ေျပာၿပီး ထိုအခန္းထဲမွေျပးထြက္ခဲ့သည္က ေခါင္မိုးထပ္ဆီ။

အားပါးတရရယ္မည္လား။
ခပ္တိုးတိုး႐ိႈက္မည္လား။ ႀကိဳက္သလိုသာျပဳမူပါေတာ့...။
ေဆာင္းအကုန္ေႏြအကူး ေႏြဦးေလးမို႔ အခ်စ္႐ူးေလးစိတ္ႀကိဳက္ပါကြယ္။

>>>>>♥



You are reading the story above: TeenFic.Net