Part 2

Background color
Font
Font size
Line height

Unicode

မျက်ဝန်းညိုတွေက အထိတ်တလန့်ဖြစ်သွားတာတောင် မလှုပ်မရှားတည်တံ့နေဆဲ။

"ငပွေကောင်!"

ရင့်ရင့်သီးသီးခေါ်လျက် အဲ့ဒီံလူက သူ့ရင်ခွင်ထဲကကျတော့်ကို တွန်းလွှတ်ပစ်လိုက်သည်။ လဲကျမသွားသော်လည်း ဟန်ချက်ပျက်သွားတဲ့ ကျတော့်ကိုယ်ကို အကိုဟီးဆောင်းက နောက်မှဖမ်းထိန်းထားပေးသည်။ အံ့အားသင့်နေတဲ့ကျတော့်မှာ ပြောစရာစကားတောင်ရှာမရ။ အကိုဟီးဆောင်းက အဲ့ဒီ့လူကိုတစ်လှည့် ကျတော့်ကိုတစ်လှည့်ကြည့်ရင်း ဘဝင်မကျဖြစ်နေသည်။ အဲ့ဒီလူကတော့ ဘာကိုမှဂရုမစိုက်။ ကျတော့်ကိုသာ ဇာတ်လမ်းထွင်နေတဲ့လူတစ်ယောက်လို အကြည့်တွေနဲ့စကားပြောခဲ့ပြီး ကျတော့်တို့ကိုကျော်ကာ လမ်းဘေးမှေးရပ်ပေးထားတဲ့ ကားအနက်လေးထဲ ဝင်သွားသည်။

"အဆင်ပြေရဲ့လား ဂျောင်ကု"

"ရတယ်အကို ကျတော်ဘာမှမဖြစ်ဘူး"

"အာ... သွားပြီပဲ"

လမ်းပေါ်မှပစ်စလတ်ခတ်ကိုပြုတ်ကျနေတဲ့ banana milkshakeလေး။ နှမြောဖြစ်ကာကြည့်နေမိတော့ အကိုဟီးဆောင်းက ကျတော့်ဆံပင်တွေကိုအသည်းယားစွာဖိသည်။

"လာ အသစ်သွားဝယ်ပေးမယ်"

ကျတော် ကျေနပ်စွာပြုံးပြမိပါ၏။ အကိုဟီးဆောင်းက ကျတော့်အတွက်တော့ တကယ့်ကိုလူကောင်းပင်။ အကိုကကျတော့်ရဲ့မိသားစုလေးပါပဲ။



"မင်းတော်တော်လူမှုရေးခေါင်းပါးတာပဲ "

"မင်းမသိတာတွေအများကြီးပါ"

"ငါမသိတာတွေထားလိုက်အုံး အခုဟာက မင်းကိုကူညီပေးတာလေ မင်းအဲ့လောက်ထိကျတော့"

"ဟား အခုချိန်ထိမွှန်နေတုန်းပဲလား အဲ့ဒီ့ကောင်က ဘာတွေများကောင်းနေလို့လဲ"

ကားအကျဉ်းလေးထဲ အငြင်းပွားမှုအသေးစားလေးသည် နောက်ဆုံးဖြစ်သည်။

^^^°

ငယ်ငယ်ကတည်းခေါင်းမာတတ်သော ကျတော်သည် အဲ့ဒီလူနဲ့ပတ်သတ်လာလျှင် ဇွဲကလွန်စွာကောင်းပြန်၏။ အဖြစ်မှန်ကိုမသိရမချင်း ကျတော်နေသာမည်မဟုတ်။ သေသည်အထိအစွဲဖြစ်သွားနိုင်သည်ပင်။ ထိုအခါ အိမ်ရှိလူတို့နှင့် ပြဿနာဖြစ်ရလေတော့သည်။

"သူများအလုပ်မှာဝင်လုပ်မဲ့အစား ကိုယ်အလုပ်ကိုဝင်ဦးစီးစမ်းပါလား"

"မလုပ်ဘူး"

ကျတော့်ရဲ့ယတိပြတ်ငြင်းချက်ကြောင့် ဒေါ်လေးက မျက်နှာကိုမဲ့သည်။

"ဘာလို့အခုမှထပြီးအလုပ်လုပ်ချင်နေတာလဲ အရင်ကခိုင်းတော့မလုပ်ချင်ပဲနဲ့ သူများအလုပ်မှာသွားလုပ်တော့ မင်းမျက်နှာငယ်ရမှာပေါ့ ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ သက်တောင့်သက်သာလဲရှိ နောက်လဲကိုယ်ပဲဦးစီးရမှာပဲလေ ကြိုလေ့လာတဲ့အနေနဲ့"

"တော်ဗျာ နားတွေပူလာပြီ မလုပ်ချင်ဘူး စိတ်လဲမဝင်စားဘူး"

ကျတော့်ဘက်ကခြေခါလက်ခါငြင်းနေတော့ ဒေါ်လေးမှာလဲမပြောသာတော့။ ထုံးစံအတိုင်း ကျတော့်စိတ်တိုင်းကျသာ လွှတ်ထားပေးပေလိမ့်မည်။

အိမ်ထောင်ကွဲကတစ်ဦးတည်းသောသားမို့ ဒေါ်လေးက ကျတော့်ဆို သိပ်ကိုအလိုလိုက်သည်။ သနားဂရုဏာဖြင့် မဆူရက်မငေါက်ရက်။ အဖေ့ဘက်ကတော်စပ်သော အဖေ့ညီမဖြစ်သည့် ဒေါ်လေးက အဖေနဲ့အမေကွာရှင်းသည့်နေ့မှစလို့ ကျတော့်ကိုကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သည်။ တစ်ခါတစ်ရံ အဖေနဲ့အမေလာတွေ့လျှင်တောင်မှ အရိပ်တကြည့်ကြည့်ဖြင့်ရှိတတ်သည်။ မွေးမိခင်ထက်ပင် ကျတော့်အပေါ်၌ကောင်းလွန်းပါသေးသည်။ ဒါတွေကိုသိနေသော်ငြား ကျတော်သည် ဆိုးမြဲအတိုင်းပင်ဆိုးခဲ့မိပါသည်။ ဆိုးချင်နေပါသေး၏။

"ဂျွန်ဂျောင်ကု..."

ဝန်ထမ်းအမျိုးသမီးထံမှ ကျတော့်နာမည်ကိုကြားရသည်နှင့် အမြန်ထရပ်ပြလိုက်သည်။

"ဟုတ်ကဲ့"

"ဝင်တွေ့လို့ရပါပြီနော်"

ခေါင်းတစ်ချက်ငြိမ့်ပြလို့ ထိုအမျိုးသမီးညွှန်ပြသော အခန်းလေးထဲသို့ဝင်လိုက်သည်။ ပထမဆုံးအတွေ့အကြုံမို့ အနည်းငယ်တော့စိတ်လှုပ်ရှားမိသေးသည်။

"တက္ကသိုလ်ကောင်းကောင်းကဆင်းလာတာပဲ ဘာလို့အလုပ်တန်းမလျှောက်တာလဲ"

"အာ... အဲ့တာက အမ် အလုပ်လုပ်လို့အဆင်မပြေတဲ့ အခြေအနေတစ်ချို့ကြောင့်ပါ"

စစ်ဆေးသူကမျက်လွှာကိုချကာ ပရိုဖိုင်ကိုထပ်စစ်ရင်း

"အတွေ့အကြုံကလုံးဝမရှိဘူးပဲ"

"ကျတော်က သင်ရလွယ်ပါတယ်"

"ကျတော့်ဘက်က အတွေ့အကြုံရှိတဲ့လူလိုချင်တာဆိုတော့ ဘာမှထပ်သင်ပေးနိုင်မှာမဟုတ်ဘူး"

"ဒါဆိုလဲ ကျတော့်ဘာသာသင်ယူပြီး လူပိုမဖြစ်အောင်ကြိုးစားပါ့မယ်"

"ဂျွန်ဂျောင်ကုဘက်က ကိုယ့်ကိုယ်ကိုယုံကြည်ရှိတယ်ပေါ့"

"ဟုတ်ကဲ့ အပြည့်ရှိပါတယ်"

စစ်ဆေးသူက စားပွဲပေါ်လက်နှစ်ဖက်ကိုထောက်ထားရာမှနောက်ဆုတ်လိုက်ပြီး လက်ကိုပိုက်သည်။

"ဒီအလုပ်ကို ဘာလို့လာလျှောက်ရတာလဲ"

"စားဝတ်နေရေးအတွက်တော့မဟုတ်ဘူးဗျ ကျတော် အလုပ်လိုချင်လို့ရယ် ပြီးတော့ အလုပ်ရမှဖြစ်မဲ့အကြောင်းလေးလဲရှိလို့ပါ"

စစ်ဆေးသူက မျက်မှန်ကိုပင့်တင်ကာ ခေါင်းတစ်ဆတ်ဆတ်ငြိမ့်သည်။ ထို့နောက်ချောင်းတစ်ချက်ဟန့်ကာ

" အတွင်းရေးမှူးချွဲဟျောင်းဂျွန်းပါ နောက်ကို ဒီကဂျွန်ဂျောင်ကုက ကျတော်နဲ့အတူအလုပ်တွဲလုပ်ရပါမယ် အဆင်ပြေရဲ့လားဗျ"

ကမ်းပေးလာတဲ့လက်တစ်ဖက်ကိုဆွဲကိုင်ရင်း ကျတော်လှိုက်လှဲစွာပြုံးပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် ကျတော်ကြိုးကြိုးစားစားလုပ်ပါ့မယ်"

ကိုယ့်ကိုယ်ကိုနှစ်သိမ့်နိုင်ဖို ခြေတစ်လှမ်းစရတာလဲ
မလွယ်ပါလားကွယ်။

^^^^^^^^^^^^*
Feedbackလေးများပေးရင်ကျတော်ပျော်မိမှာပဲ။


Zawgyi

မ်က္ဝန္းညိဳေတြက အထိတ္တလန္႔ျဖစ္သြားတာေတာင္ မလႈပ္မ႐ွားတည္တံ ့ေနဆဲ။

"ငေပြေကာင္!"

ရင့္ရင့္သီးသီးေခၚလ်က္ အဲ့ဒီံလူက သူ႔ရင္ခြင္ထဲကက်ေတာ့္ကို တြန္းလႊတ္ပစ္လိုက္သည္။ လဲက်မသြားေသာ္လည္း ဟန္ခ်က္ပ်က္သြားတဲ့ က်ေတာ့္ကိုယ္ကို အကိုဟီးေဆာင္းက ေနာက္မွဖမ္းထိန္းထားေပးသည္။ အံ့အားသင့္ေနတဲ့က်ေတာ့္မွာ ေျပာစရာစကားေတာင္႐ွာမရ။ အကိုဟီးေဆာင္းက အဲ့ဒီ့လူကိုတစ္လွည့္ က်ေတာ့္ကိုတစ္လွည့္ၾကည့္ရင္း ဘဝင္မက်ျဖစ္ေနသည္။ အဲ့ဒီလူကေတာ့ ဘာကိုမွဂ႐ုမစိုက္။ က်ေတာ့္ကိုသာ ဇာတ္လမ္းထြင္ေနတဲ့လူတစ္ေယာက္လို အၾကည့္ေတြနဲ႔စကားေျပာခဲ့ၿပီး က်ေတာ့္တို႔ကိုေက်ာ္ကာ လမ္းေဘးေမွးရပ္ေပးထားတဲ့ ကားအနက္ေလးထဲ ဝင္သြားသည္။

"အဆင္ေျပရဲ႕လား ေဂ်ာင္ကု"

"ရတယ္အကို က်ေတာ္ဘာမွမျဖစ္ဘူး"

"အာ... သြားၿပီပဲ"

လမ္းေပၚမွပစ္စလတ္ခတ္ကိုျပဳတ္က်ေနတဲ့ banana milkshakeေလး။ ႏွေျမာျဖစ္ကာၾကည့္ေနမိေတာ့ အကိုဟီးေဆာင္းက က်ေတာ့္ဆံပင္ေတြကိုအသည္းယားစြာဖိသည္။

"လာ အသစ္သြားဝယ္ေပးမယ္"

က်ေတာ္ ေက်နပ္စြာျပဳံးျပမိပါ၏။ အကိုဟီးေဆာင္းက က်ေတာ့္အတြက္ေတာ့ တကယ့္ကိုလူေကာင္းပင္။ အကိုကက်ေတာ့္ရဲ႕မိသားစုေလးပါပဲ။



"မင္းေတာ္ေတာ္လူမႈေရးေခါင္းပါးတာပဲ "

"မင္းမသိတာေတြအမ်ားႀကီးပါ"

"ငါမသိတာေတြထားလိုက္အုံး အခုဟာက မင္းကိုကူညီေပးတာေလ မင္းအဲ့ေလာက္ထိက်ေတာ့"

"ဟား အခုခ်ိန္ထိမႊန္ေနတုန္းပဲလား အဲ့့ဒီ့ေကာင္က ဘာေတြမ်ားေကာင္းေနလို႔လဲ"

ကားအက်ဥ္းေလးထဲ အျငင္းပြားမႈအေသးစားေလးသည္ ေနာက္ဆုံးျဖစ္သည္။

^^^°

ငယ္ငယ္ကတည္းေခါင္းမာတတ္ေသာ က်ေတာ္သည္ အဲ့ဒီလူနဲ႔ပတ္သတ္လာလ်ွင္ ဇြဲကလြန္စြာေကာင္းျပန္၏။ အျဖစ္မွန္ကိုမသိရမခ်င္း က်ေတာ္ေနသာမည္မဟုတ္။ ေသသည္အထိအစြဲျဖစ္သြားႏိုင္သည္ပင္။ ထိုအခါ အိမ္႐ွိလူတို႔ႏွင့္ ျပႆနာျဖစ္ရေလေတာ့သည္။

"သူမ်ားအလုပ္မွာဝင္လုပ္မဲ့အစား ကိုယ္အလုပ္ကိုဝင္ဦးစီးစမ္းပါလား"

"မလုပ္ဘူး"

က်ေတာ့္ရဲ႕ယတိျပတ္ျငင္းခ်က္ေၾကာင့္ ေဒၚေလးက မ်က္ႏွာကိုမဲ့သည္။

"ဘာလို႔အခုမွထၿပီးအလုပ္လုပ္ခ်င္ေနတာလဲ အရင္ကခိုင္းေတာ့မလုပ္ခ်င္ပဲနဲ႔ သူမ်ားအလုပ္မွာသြားလုပ္ေတာ့ မင္းမ်က္ႏွာငယ္ရမွာေပါ့ ကိုယ့္အလုပ္နဲ႔ကိုယ္ဆိုေတာ့ သက္ေတာင့္သက္သာလဲ႐ွိ ေနာက္လဲကိုယ္ပဲဦးစီးရမွာပဲေလ ႀကိဳေလ့လာတဲ့အေနနဲ႔"

"ေတာ္ဗ်ာ နားေတြပူလာၿပီ မလုပ္ခ်င္ဘူး စိတ္လဲမဝင္စားဘူး"

က်ေတာ့္ဘက္ကေျခခါလက္ခါျငင္းေနေတာ့ ေဒၚေလးမွာလဲမေျပာသာေတာ့။ ထုံးစံအတိုင္း က်ေတာ့္စိတ္တိုင္းက်သာ လႊတ္ထားေပးေပလိမ့္မည္။

အိမ္ေထာင္ကြဲကတစ္ဦးတည္းေသာသားမို႔ ေဒၚေလးက က်ေတာ့္ဆို သိပ္ကိုအလိုလိုက္သည္။ သနားဂ႐ုဏာျဖင့္ မဆူရက္မေငါက္ရက္။ အေဖ့ဘက္ကေတာ္စပ္ေသာ အေဖ့ညီမျဖစ္သည့္ ေဒၚေလးက အေဖနဲ႔အေမကြာ႐ွင္းသည့္ေန႔မွစလို႔ က်ေတာ့္ကိုေကြၽးေမြးျပဳစုေစာင့္ေ႐ွာက္ခဲ့သည္။ တစ္ခါတစ္ရံ အေဖနဲ႔အေမလာေတြ႔လ်ွင္ေတာင္မွ အရိပ္တၾကည့္ၾကည့္ျဖင့္႐ွိတတ္သည္။ ေမြးမိခင္ထက္ပင္ က်ေတာ့္အေပၚ၌ေကာင္းလြန္းပါေသးသည္။ ဒါေတြကိုသိေနေသာ္ျငား က်ေတာ္သည္ ဆိုးျမဲအတိုင္းပင္ဆိုးခဲ့မိပါသည္။ ဆိုးခ်င္ေနပါေသး၏။

"ဂြၽန္ေဂ်ာင္ကု..."

ဝန္ထမ္းအမ်ိဳးသမီးထံမွ က်ေတာ့္နာမည္ကိုၾကားရသည္ႏွင့္ အျမန္ထရပ္ျပလိုက္သည္။

"ဟုတ္ကဲ့"

"ဝင္ေတြ႔လို႔ရပါၿပီေနာ္"

ေခါင္းတစ္ခ်က္ၿငိမ့္ျပလို႔ ထိုအမ်ိဳးသမီးၫႊန္ျပေသာ အခန္းေလးထဲသို႔ဝင္လိုက္သည္။ ပထမဆုံးအေတြ႔အၾကဳံမို႔ အနည္းငယ္ေတာ့စိတ္လႈပ္႐ွားမိေသးသည္။

"တကၠသိုလ္ေကာင္းေကာင္းကဆင္းလာတာပဲ ဘာလို႔အလုပ္တန္းမေလ်ွာက္တာလဲ"

"အာ... အဲ့တာက အမ္ အလုပ္လုပ္လို႔အဆင္မေျပတဲ့ အေျခအေနတစ္ခ်ိဳ႕ေၾကာင့္ပါ"

စစ္ေဆးသူကမ်က္လႊာကိုခ်ကာ ပ႐ိုဖိုင္ကိုထပ္စစ္ရင္း

"အေတြ႔အၾကဳံကလုံးဝမ႐ွိဘူးပဲ"

"က်ေတာ္က သင္ရလြယ္ပါတယ္"

"က်ေတာ့္ဘက္က အေတြ႔အၾကဳံ႐ွိတဲ့လူလိုခ်င္တာဆိုေတာ့ ဘာမွထပ္သင္ေပးႏိုင္မွာမဟုတ္ဘူး"

"ဒါဆိုလဲ က်ေတာ့္ဘာသာသင္ယူၿပီး လူပိုမျဖစ္ေအာင္ႀကိဳးစားပါ့မယ္"

"ဂြၽန္ေဂ်ာင္ကုဘက္က ကိုယ့္ကုိယ္ကိုယုံၾကည္႐ွိတယ္ေပါ့"

"ဟုတ္ကဲ့ အျပည့္႐ွိပါတယ္"

စစ္ေဆးသူက စားပြဲေပၚလက္ႏွစ္ဖက္ကိုေထာက္ထားရာမွ​ေနာက္ဆုတ္လိုက္ၿပီး လက္ကိုပိုက္သည္။

"ဒီအလုပ္ကို ဘာလို႔လာေလ်ွာက္ရတာလဲ"

"စားဝတ္ေနေရးအတြက္ေတာ့မဟုတ္ဘူးဗ် က်ေတာ္ အလုပ္လိုခ်င္လို႔ရယ္ ၿပီးေတာ့ အလုပ္ရမွျဖစ္မဲ့အေၾကာင္းေလးလဲ႐ွိလို႔ပါ"

စစ္ေဆးသူက မ်က္မွန္ကိုပင့္တင္ကာ ေခါင္းတစ္ဆတ္ဆတ္ၿငိမ့္သည္။ ထို႔ေနာက္ေခ်ာင္းတစ္ခ်က္ဟန္႔ကာ

" အတြင္းေရးမွူးခြၽဲေဟ်ာင္းဂြၽန္းပါ ေနာက္ကို ဒီကဂြၽန္ေဂ်ာင္ကုက က်ေတာ္နဲ႔အတူအလုပ္တြဲလုပ္ရပါမယ္ အဆင္ေျပရဲ႕လားဗ်"

ကမ္းေပးလာတဲ့လက္တစ္ဖက္ကိုဆြဲကိုင္ရင္း က်ေတာ္လိႈက္လွဲစြာျပဳံးျပလိုက္သည္။

"ေက်းဇူးတင္ပါတယ္ က်ေတာ္ႀကိဳးႀကိဳးစားစားလုပ္ပါ့မယ္"

ကိုယ့္ကိုယ္ကိုႏွစ္သိမ့္ႏိုင္ဖို္ ေျခတစ္လွမ္းစရတာလဲ
မလြယ္ပါလားကြယ္။

^^^^^^^^^^^^*

Feedbackေလးမ်ားေပးရင္က်ေတာ္ေပ်ာ္မိမွာပဲ။


You are reading the story above: TeenFic.Net