Unicode
မငိုပါနဲ့ ဂျောင်ကုရယ်။ မင်းနာကျင်နေမယ်မှန်းသိပေမဲ့ မငိုပါနဲ့။ မင်းပျော်ဖို့ကိုယ်အများကြီးရင်းနိုင်တယ်။ မင်းငိုဖို့အတွက်တော့ ကိုယ်မရင်းချင်ဘူးလေ။
"လူမဆန်တဲ့လူ မိဘတစ်ယောက်လုပ်နေပြီး ကိုယ့်သားသမီးကို ဒီလောက်အထိ... စီးပွားရေးဆန်ဆန်အသုံးချနေပြီး သေသွားတဲ့လူကိုဘယ်လိုများမျက်နှာပြမလို့လဲ"
ဒေါသထွက်လေ မျက်ရည်ကကျလာလေ။ မျက်ရည်ကျလာလေ ပိုစိတ်ရှုပ်ပြီး ပိုပြီးဒေါသထွက်လေ။ ဂျွန်ဆယ်ဂယောင်းကိုပဲဆိုးလှပြီမှတ်နေတာ။ ဒီလူ့ကိုတော့ ဘယ်မှီပါ့မလဲ။
ပါးပြင်ပေါ်ကျနေတဲ့ မျက်ရည်တွေကို စိတ်လိုလက်ရခပ်မြန်မြန်ဆွဲသုတ်လိုက်ပြီး အစ်ကိုဟီးဆောင်းကိုမော့ကြည့်လိုက်တော့ ပြိုတော့မလိုမျက်နှာလေးနဲ့ကြည့်နေတာကိုတွေ့ရပြန်တော့လဲ စိတ်မကောင်း။ အစ်ကိုဟီးဆောင်းကို အလူပ်ရှုပ်စေမိပြီ။
"အစ်ကို စိတ်ရှုပ်နေမှာပဲ ကျတော်"
သူ့စကားမဆုံးခင် ထိုင်ခုံမှထလာကာ သူ့ကိုပွေ့ဖက်လိုက်တော့ သူ့မှာဘယ်လိုတုံ့ပြန်ရမှန်းမသိ။
"မဟုတ်ဘူး ကိုယ်စိတ်ရှုပ်တာမဟုတ်ဘူး မင်းငိုနေတာမမြင်ချင်လို့ မငိုပါနဲ့ ကိုယ်ဘာလုပ်ပေးရမလဲ မင်းမငိုအောင်ကိုယ်ဘာလုပ်ပေးရမလဲပဲပြော ငိုတော့မငိုပါနဲ့"
မငိုပါနဲ့ပြောကာမှ လူကဝမ်းနည်းလာသည်။ ဒီလူအချစ်တွေက သူနဲ့နည်းနည်းလေးတောင်းမတန်ပါဘူး။ အခွင့်အရေးပဲယူတတ်တဲ့ဒီကောင်က ခင်ဗျားနဲ့မတန်ပါဘူးအစ်ကိုရာ။
"ကျတော်မငိုတော့ဘူး ဘာမှလဲမလုပ်ပေးနဲ့ ကျတော်မငိုတော့ဘူး"
"ဟင်!"
အလန့်တကြားနောက်ဆုတ်သွားတဲ့ အစ်ကိုဟီးဆောင်းက သူ့ကိုအထိတ်တလန့်ကြည့်နေခဲ့သည်။
"မဟုတ်တာတွေမလုပ်နဲ့ ဂျွန်ဂျောင်ကု! လူသတ်မယ်ဆိုရင်တောင် ငါပဲသတ်မယ် ငါပဲထောင်ထဲဝင်မယ် မင်းကတော့မလုပ်ရဘူး မင်းဘာတွေတွေးနေတာလဲ ငါသိတယ်နော်"
သူ့အတွေးတွေကို ဒီလောက်ထိသိနေဖို့တော့မကောင်း။ ဟုတ်တယ်။ အစ်ကို့ကိုမပြောပဲ ကိုယ့်ဘာသာလုပ်ရှားတော့မှာ။ အားလုံးကိုတန်ရာတန်ရာပြန်ပေးရမယ်လေ။
"မဟုတ်တာ အစ်ကိုအတွေးလွန်နေပြီ ကျတော် တကယ် ဘာမှမလုပ်ဘူး "
မျက်လုံးတွေမှေးကျဉ်းသွားသည်အထိ ပြုံးပြကာ အစ်ကိုဟီးဆောင်းယုံအောင်ပြောခဲ့သည်။ ဒါတောင် လုံးဝမယုံသည့်မျက်နှာပေးနဲ့မို့ အတန်ကြာနားဝင်အောင်ပြောပြီးမှ ပုံမှန်ဖြစ်သွားသည့်အနေအထားတွင် သူပြန်လာခဲ့သည်။ ခဏလေးဆိုပြီး တော်တော်ကြာသွားတာပဲ။
မဆက်သွယ်ဖြစ်တာကြာပြီဖြစ်လို့ Contactတောင်ပျောက်နေပြီ။ Lတစ်လုံးရိုက်ရုံနဲ့ ထွက်ပေါ်လာသည့် နာမည်ကို နှိပ်လိုက်တော့ တတူတူဝင်သွားတဲ့ဖုန်းက အတော်နဲ့ကိုင်သူမရှိ။ ဒီခွေးဘယ်မှာသေနေပြန်ပြီလဲမသိဘူး။ အချိန်ပြည့်ဖုန်းနဲ့လူနဲ့မကပ်ဘူး။ ခပ်နာနာလေးကျိန်ဆဲပြီး နောက်တစ်ခေါက်ခေါ်မှ ကိုင်သည်။
"What's up bro..."
"လည်ပင်းမှာသံလိုက်အိမ်မြှောင်ပုံစံတက်တူးရှိတယ် အရပ်ခြောက်ပေလောက် အသားဖြူဖြူ ကိုရီးယားလူမျိုးပဲ မင်းပတ်ဝန်းကျင်မှာတစ်ချက်ရှာပေး"
"Oh God! ငါ့ကို လူပျောက်ရှာတဲ့အေဂျင်စီများထင်နေတာလား"
"သောက်ပိုတွေမပြောစမ်းနဲ့လူလိမ်ကောင် လူအကုန်သုံးနော် မြန်မြန်လေး"
"Liamပါဟ..."
"မင်းနာမည်သောက်ဆန်းကြီး ဘယ်သူကခေါ်ချင်မှာလဲ လူလိမ်ကောင်က လူလိမ်ကောင်ပဲ လုပ်မနေနဲ့"
"အေးပါ... မြန်မြန်လေးကဘယ်နှရက်လဲ"
"ဖြစ်နိုင်ရင်အခုတောင်သိချင်တာ"
"ဟ အဲ့လောက်ကြီးကျ Ok... သဘောပေါက်ပြီ "
"အေး ငါဇယားတွေမရှင်းချင်ဘူးနော် လက်မလွန်စေနဲ့ "
"မင်းလွန်မလို့မလား"
"သိရင်ပြီးရော"
ဂျောင်ကုပြန်ရောက်သွားတော့ ဒေါက်တာနဲ့ဥက္ကဌက နေ့လယ်စာစားနေကြပြီဖြစ်သည်။ သူ့ကိုမြင်တော့ ဒေါက်တာက တစ်ခါတည်းနေ့လယ်စာဝင်စားဖို့ပြောသည်။ ဥက္ကဌကတော့ ဘာဖြစ်သည်မသိ။ သူ့ကိုလှည့်တောင်မကြည့်ပေ။ ဥက္ကဌအတွက် မောင့်အတွက် တရားမျှတမှုကို ကျတော်ကိုယ်တိုင်ရှာပေးမှာမို့ ခဏလောက်စောင့်ပေးရင် ရပါပြီ။
"ဂျောင်ကု တစ်ခါတည်းဝင်စားလေ မင်းအတွက်ပါဝယ်လာခဲ့တယ်"
"ဟုတ်ကဲ့ ဒေါက်တာ"
"နောက်ကျနေလို့ မင်းဆီဖုန်းဆက်သေးတယ် ဖုန်းကမအားဘူးလေ မင်းကိုနေ့လယ်စာစားဖို့စောင့်နေတာ အူတွေတောင်ခွေနေပြီ ထယ်ဟျောင်းက မင်းလာမှအတူစားရအောင်ဆိုလို့ ငါတော့မစောင့်နိုင်လို့ အခုပဲစားမလို့"
လတ်စသတ်တော့ သူ့ကိုမခေါ်နိုင်မပြောနိုင်ဖြစ်နေတာက ဒါကြောင့်ပေါ့လေ။ ဥက္ကဌလဲ ကလေးဆန်တာပဲ။ တစ်အူတည်းမှမဟုတ်တာ ကြိုစားနှင့်လဲ ဘယ်သူကဘာပြောမှာမလို့လဲ။
"ခင်ဗျား ဘာလို့ပဲခေါက်ဆွဲတွေစားနေတာလဲ အနာနဲ့တည့်တာလဲမဟုတ်ပဲနဲ့ ပေး ကျတော့်ကို တခြားဟာစား"
လူကြီးလုပ်နေတဲ့ကောင်လေးကို မကြည်သော်လဲ ပဲခေါက်ဆွဲပန်းကန်ကိုဖယ်ပြီး တခြားဟင်းတွေသည နှိုက်စားနေတော့လဲ သူစားချင်မဲ့ဟင်းတွေကို လက်လှမ်းမှီအောင် ရှေ့တိုးချပေးနေသည်။
"အဟမ်း... အဟင်း"
ဂျီမင်းရဲ့လုပ်ချောင်းကြီးကို မသိဟန်ဆောင်ပြီး ကောင်လေးရှေ့တိုးပေးတဲ့ ကြက်ချိုလေးကိုသာ တစ်တုံးကောက်စားလိုက်သည်။ ချိုလိုက်တာလေ။
>>>>>♥
See you
Zawgyi
မငိုပါနဲ႔ ေဂ်ာင္ကုရယ္။ မင္းနာက်င္ေနမယ္မွန္းသိေပမဲ့ မငိုပါနဲ႔။ မင္းေပ်ာ္ဖို႔ကိုယ္အမ်ားႀကီးရင္းႏိုင္တယ္။ မင္းငိုဖို႔အတြက္ေတာ့ ကိုယ္မရင္းခ်င္ဘူးေလ။
"လူမဆန္တဲ့လူ မိဘတစ္ေယာက္လုပ္ေနၿပီး ကိုယ့္သားသမီးကို ဒီေလာက္အထိ... စီးပြားေရးဆန္ဆန္အသုံးခ်ေနၿပီး ေသသြားတဲ့လူကိုဘယ္လိုမ်ားမ်က္ႏွာျပမလို႔လဲ"
ေဒါသထြက္ေလ မ်က္ရည္ကက်လာေလ။ မ်က္ရည္က်လာေလ ပိုစိ္တ္႐ႈပ္ၿပီး ပိုၿပီးေဒါသထြက္ေလ။ ဂြၽန္ဆယ္ဂေယာင္းကိုပဲဆိုးလွၿပီမွတ္ေနတာ။ ဒီလူ႔ကိုေတာ့ ဘယ္မွီပါ့မလဲ။
ပါးျပင္ေပၚက်ေနတဲ့ မ်က္ရည္ေတြကို စိတ္လိုလက္ရခပ္ျမန္ျမန္ဆြဲသုတ္လိုက္ၿပီး အစ္ကိုဟီးေဆာင္းကိုေမာ့ၾကည့္လိုက္ေတာ့ ၿပိဳေတာ့မလိုမ်က္ႏွာေလးနဲ႔ၾကည့္ေနတာကိုေတြ႔ရျပန္ေတာ့လဲ စိတ္မေကာင္း။ အစ္ကိုဟီးေဆာင္းကို အလူပ္႐ႈပ္ေစမိၿပီ။
"အစ္ကို စိတ္႐ႈပ္ေနမွာပဲ က်ေတာ္"
သူ႔စကားမဆုံးခင္ ထိုင္ခုံမွထလာကာ သူ႔ကိုေပြ႔ဖက္လိုက္ေတာ့ သူ႔မွာဘယ္လိုတုံ႔ျပန္ရမွန္းမသိ။
"မဟုတ္ဘူး ကိုယ္စိတ္႐ႈပ္တာမဟုတ္ဘူး မင္းငိုေနတာမျမင္ခ်င္လို႔ မငိုပါနဲ႔ ကိုယ္ဘာလုပ္ေပးရမလဲ မင္းမငိုေအာင္ကိုယ္ဘာလုပ္ေပးရမလဲပဲေျပာ ငိုေတာ့မငိုပါနဲ႔"
မငိုပါနဲ႔ေျပာကာမွ လူကဝမ္းနည္းလာသည္။ ဒီလူအခ်စ္ေတြက သူနဲ႔နည္းနည္းေလးေတာင္းမတန္ပါဘူး။ အခြင့္အေရးပဲယူတတ္တဲ့့ဒီေကာင္က ခင္ဗ်ားနဲ႔မတန္ပါဘူးအစ္ကိုရာ။
"က်ေတာ္မငိုေတာ့ဘူး ဘာမွလဲမလုပ္ေပးနဲ႔ က်ေတာ္မငိုေတာ့ဘူး"
"ဟင္!"
အလန္႔တၾကားေနာက္ဆုတ္သြားတဲ့ အစ္ကိုဟီးေဆာင္းက သူ႔ကိုအထိတ္တလန္႔ၾကည့္ေနခဲ့သည္။
"မဟုတ္တာေတြမလုပ္နဲ႔ ဂြၽန္ေဂ်ာင္ကု! လူသတ္မယ္ဆိုရင္ေတာင္ ငါပဲသတ္မယ္ ငါပဲေထာင္ထဲဝင္မယ္ မင္းကေတာ့မလုပ္ရဘူး မင္းဘာေတြေတြးေနတာလဲ ငါသိတယ္ေနာ္"
သူ႔အေတြးေတြကို ဒီေလာက္ထိသိေနဖို႔ေတာ့မေကာင္း။ ဟုတ္တယ္။ အစ္ကို႔ကိုမေျပာပဲ ကိုယ့္ဘာသာလုပ္႐ွားေတာ့မွာ။ အားလုံးကိုတန္ရာတန္ရာျပန္ေပးရမယ္ေလ။
"မဟုတ္တာ အစ္ကိုအေတြးလြန္ေနၿပီ က်ေတာ္ တကယ္ ဘာမွမလုပ္ဘူး "
မ်က္လုံးေတြေမွးက်ဥ္းသြားသည္အထိ ျပဳံးျပကာ အစ္ကိုဟီးေဆာင္းယုံေအာင္ေျပာခဲ့သည္။ ဒါေတာင္ လုံးဝမယုံသည့္မ်က္ႏွာေပးနဲ႔မို႔ အတန္ၾကာနားဝင္ေအာင္ေျပာၿပီးမွ ပုံမွန္ျဖစ္သြားသည့္အေနအထားတြင္ သူျပန္လာခဲ့သည္။ ခဏေလးဆိုၿပီး ေတာ္ေတာ္ၾကာသြားတာပဲ။
မဆက္သြယ္ျဖစ္တာၾကာၿပီျဖစ္လို႔ Contactေတာင္ေပ်ာက္ေနၿပီ။ Lတစ္လုံး႐ိုက္႐ုံနဲ႔ ထြက္ေပၚလာသည့္ နာမည္ကို ႏွိပ္လိုက္ေတာ့ တတူတူဝင္သြားတဲ့ဖုန္းက အေတာ္နဲ႔ကိုင္သူမ႐ွိ။ ဒီေခြးဘယ္မွာေသေနျပန္ၿပီလဲမသိဘူး။ အခ်ိန္ျပည့္ဖုန္းနဲ႔လူနဲ႔မကပ္ဘူး။ ခပ္နာနာေလးက်ိန္ဆဲၿပီး ေနာက္တစ္ေခါက္ေခၚမွ ကိုင္သည္။
"What's up bro..."
"လည္ပင္းမွာသံလိုက္အိမ္ေျမႇာင္ပုံစံတက္တူး႐ွိတယ္ အရပ္ေျခာက္ေပေလာက္ အသားျဖဴျဖဴ ကိုရီးယားလူမ်ိဳးပဲ မင္းပတ္ဝန္းက်င္မွာတစ္ခ်က္႐ွာေပး"
"Oh God! ငါ့ကို လူေပ်ာက္႐ွာတဲ့ေအဂ်င္စီမ်ားထင္ေနတာလား"
"ေသာက္ပိုေတြမေျပာစမ္းနဲ႔လူလိမ္ေကာင္ လူအကုန္သုံးေနာ္ ျမန္ျမန္ေလး"
"Liamပါဟ..."
"မင္းနာမည္ေသာက္ဆန္းႀကီး ဘယ္သူကေခၚခ်င္မွာလဲ လူလိမ္ေကာင္က လူလိမ္ေကာင္ပဲ လုပ္မေနနဲ႔"
"ေအးပါ... ျမန္ျမန္ေလးကဘယ္ႏွရက္လဲ"
"ျဖစ္ႏိုင္ရင္အခုေတာင္သိခ်င္တာ"
"ဟ အဲ့ေလာက္ႀကီးက် Ok... သေဘာေပါက္ၿပီ "
"ေအး ငါဇယားေတြမ႐ွင္းခ်င္ဘူးေနာ္ လက္မလြန္ေစနဲ႔ "
"မင္းလြန္မလို႔မလား"
"သိရင္ၿပီးေရာ"
ေဂ်ာင္ကုျပန္ေရာက္သြားေတာ့ ေဒါက္တာနဲ႔ဥကၠဌက ေန႔လယ္စာစားေနၾကၿပီျဖစ္သည္။ သူ႔ကိုျမင္ေတာ့ ေဒါက္တာက တစ္ခါတည္းေန႔လယ္စာဝင္စားဖို႔ေျပာသည္။ ဥကၠဌကေတာ့ ဘာျဖစ္သည္မသိ။ သူ႔ကိုလွည့္ေတာင္မၾကည့္ေပ။ ဥကၠဌအတြက္ ေမာင့္အတြက္ တရားမ်ွတမႈကို က်ေတာ္ကိုယ္တိုင္႐ွာေပးမွာမို႔ ခဏေလာက္ေစာင့္ေပးရင္ ရပါၿပီ။
"ေဂ်ာင္ကု တစ္ခါတည္းဝင္စားေလ မင္းအတြက္ပါဝယ္လာခဲ့တယ္"
"ဟုတ္ကဲ့ ေဒါက္တာ"
"ေနာက္က်ေနလို႔ မင္းဆီဖုန္းဆက္ေသးတယ္ ဖုန္းကမအားဘူးေလ မင္းကိုေန့လယ္စာစားဖို႔ေစာင့္ေနတာ အူေတြေတာင္ေခြေနၿပီ ထယ္ေဟ်ာင္းက မင္းလာမွအတူစားရေအာင္ဆိုလို႔ ငါေတာ့မေစာင့္ႏိုင္လို႔ အခုပဲစားမလို႔"
လတ္စသတ္ေတာ့ သူ႔ကိုမေခၚႏိုင္မေျပာႏိုင္ျဖစ္ေနတာက ဒါေၾကာင့္ေပါ့ေလ။ ဥကၠဌလဲ ကေလးဆန္တာပဲ။ တစ္အူတည္းမွမဟုတ္တာ ႀကိဳစားႏွင့္လဲ ဘယ္သူကဘာေျပာမွာမလို႔လဲ။
"ခင္ဗ်ား ဘာလို႔ပဲေခါက္ဆြဲေတြစားေနတာလဲ အနာနဲ႔တည့္တာလဲမဟုတ္ပဲနဲ႔ ေပး က်ေတာ့္ကို တျခားဟာစား"
လူႀကီးလုပ္ေနတဲ့ေကာင္ေလးကို မၾကည္ေသာ္လဲ ပဲေခါက္ဆြဲပန္းကန္ကိုဖယ္ၿပီး တျခားဟင္းေတြသည ႏိႈက္စားေနေတာ့လဲ သူစားခ်င္မဲ့ဟင္းေတြကို လက္လွမ္းမွီေအာင္ ေ႐ွ႕တိုးခ်ေပးေနသည္။
"အဟမ္း... အဟင္း"
ဂ်ီမင္းရဲ႕လုပ္ေခ်ာင္းႀကီးကို မသိဟန္ေဆာင္ၿပီး ေကာင္ေလးေ႐ွ႕တိုးေပးတဲ့ ၾကက္ခ်ိဳေလးကိုသာ တစ္တုံးေကာက္စားလိုက္သည္။ ခ်ိဳလိုက္တာေလ။
>>>>>♥
See you
You are reading the story above: TeenFic.Net