Unicode
Laptopထက်က ဂန်အီသန်ရဲ့ ပုံရိပ်နဲ့ အကြောင်းအရာများစွာ။ ဂျောင်ကု စူးစမ်းနေတုန်း အစ်ကိုဟီးဆောင်းက Laptopကိုယူသွားသည်။ ဘာလို့လဲဆိုတဲ့အကြည့်နဲ့ ကြည့်လိုက်တော့ ရှေ့က မုန့်တွေကိုမေးဆတ်ပြကာ
"ပင်ပန်းနေမှာပေါ့ မုန့်စားရင်းနားထောင် ကိုယ်ပြောပြမယ် အကုန်"
"အလိုက်သိလွန်းတယ်အစ်ကို ဒါမျိုးတွေမကြိုက်ဘူးနော်"
အငေါ်တူးသည့်စကားကို အစ်ကိုဟီးဆောင်းက ပြုံးရုံသာပြုံးရင်း မုန့်ပန်းကန်တွေကို ဂျောင်ကုရှေ့ ထိုးပေးနေသည်။
"ဒါတွေအားလုံးက သူ့ရဲ့အလုပ်အကိုင် လိပ်စာနဲ့ သူတက်ခဲ့တဲ့ကျောင်းကိစ္စတွေ မင်းစိတ်ဝင်စားမှာမဟုတ်ဘူး"
"ကျတော်စိတ်ဝင်စားပါတယ်..."
အပိုတွေပါ။ သူသိပါတယ်ဆိုတဲ့အဓိပ္ပါယ်ကြီးနဲ့ အစ်ကိုဟီးဆောင်းကို ခပ်မဲ့မဲ့ကလေးပြုံးပြန်ပါသည်။ သိပ်ခက်တဲ့လူ။ အရိပ်အကဲခတ်လဲ မြန်နေရောပဲ။
"ဂန်အီသန်ဆိုတဲ့ကောင်လေးက ကင်မ်ထယ်ဟျောင်းနဲ့မတွဲခဲ့အထိ ဘာအရှုပ်အရှင်းမှမရှိခဲ့ဖူးဘူး သူ့ကိုလဲတကယ်ချစ်တဲ့ပုံပါပဲ
ကိုယ့်အထင်တော့ ကင်မ်ထယ်ဟျောင်းအကြောင်းတွေသိပြီးတော့မှ သူပြောင်းလဲသွားတာလို့ ထင်တယ် ဘာလို့ဆို မင်းစဉ်းစားကြည့်လေ ကင်မ်ထယ်ဟျောင်းက သူ့ကိုတကယ်စိတ်နှစ်ပြီးချစ်ခဲ့လို့ ဒီရောဂါရလာတာလို့ မင်းပြောဖူးတယ်မလား"
"အင်း... ဆိုပါတော့ အဲ့တော့ဆက်ပြောပါအုံး အစ်ကိုကဘယ်လိုထင်လို့လဲ"
"ဖြစ်နိုင်တာက ကင်မ်ထယ်ဟျောင်းက သူ့အကြောင်း အူမချေးခါးမကျန်အကုန်ထုတ်ပြောလိုက်လို့ ဂန်အီသန်က စိတ်ပြောင်းသွားခဲ့တာဖြစ်လိမ့်မယ်"
"ဘယ်လိုမျိုးလဲ"
"မင်းစဉ်းစားကြည့်ကွာ တစ်ထပ်တည်းတူတဲ့လူနှစ်ယောက်မှာ အပြစ်အနာအဆာတွေလဲရှိတဲ့မထင်ရှားတဲ့လူနဲ့ လူသိရှင်ကြားအပြစ်အနာအဆာကင်းတဲ့လူ နှလုံးသားသာမပါဘူးဆိုရင် သေချာပေါက် ကင်မ်ထယ်ဟျောင်းကအပယ်ခံပဲ ကံဆိုးတာက ဂန်အီသန်က နှလုံးသားမပါပဲရွေးသွားတယ်လေ ဆိုတော့... ကိုယ်ပြောတာနားလည်လား"
"အင်း... ဒါဆို သူဘာလို့ပြန်လာတယ်လို့အစ်ကိုထင်လဲ"
အစ်ကိုဟီးဆောင်းက သောက်လက်စလီမွန်ဖျော်ရည်ကို စားပွဲပေါ်တင်လိုက်ကာ လက်ပိုက်လျက်အနေအထားပြောင်းလိုက်သည်။
"စုံစမ်းမိသလောက်တော့ သူ့မှာငွေကြေးအရှုပ်တစ်ခုရှိနေတယ် အဲ့တာကလဲ ကိုရီးယားပြန်လာပြီး ကင်မ်ထယ်ယောင်းကိုသတ်တဲ့အမှုနဲ့ ကျိန်းသေစပ်ဆက်နေလိမ့်မယ်"
"ဒါနဲ့ ကင်မ်ထယ်ဟျောင်းကိုသတ်ဖို့ သူဘာလို့လုပ်တာဖြစ်မလဲ"
သူ့မေးခွန်းကို အစ်ကိုဟီးဆောင်းကငြင်းသည်။
"အစ်ကိုတော့ အဲ့လိုမထင်ဘူး ဂန်အီသန်က ကင်မ်ထယ်ဟျောင်းကိုသတ်စရာအကြောင်းမရှိဘူးလေ ဖြစ်နိုင်တာက အကျပ်ကိုင်ပြီး ကင်မ်ထယ်ယောင်းကို အပိုင်ချုပ်ဖို့ပဲ "
"ဒါဆို သူက ကင်မ်ထယ်ယောင်းကို ရည်ရွယ်ချက်ရှိရှိသွားရှာခဲ့တာလား လူလွဲခဲ့တာမဟုတ်ဘူးပေါ့"
"လိုရမယ်ရ ကိုယ်ရှာထားတဲ့ CCTVမှတ်တမ်းတစ်ခုရှိတယ်"
Laptop screenထက် ကားအနက်လေးတစ်စီးငြိမ်သက်နေသည်။ မကြာခင်မှာပဲ ကားထဲမှ လူသုံးယောက်ထွက်လာသည်။ ထောင်ထောင်မောင်းမောင်းနိုင်ငံခြားသားနှစ်ယောက်ကို သူမသိပေမဲ့ ခဲဖြူရောင်ဆိုးထားသော လူကိုတော့ သူသိသည်။ ဂန်အီသန်...။ ဂန်အီသန်အပါအဝင်လူသုံးယောက် စကားပြောရင်းထွက်သွားပြီးမကြာခင် မောင်းထွက်တော့မည့် ကားအနက်လေးရှေ့ လူနှစ်ယောက်ပိတ်ရပ်လာသည်။ ဦးထုပ်ကိုခပ်ငိုက်ငိုက်စောင်းထားကြပြီး တစ်ယောက်က maskတပ်ထားသည်။ ကားမှန်တံခါးကိုအပြင်မှချခိုင်းနေစဉ် လမ်းမီးရောင်ဖြင့် ဘယ်ဘက်ခြမ်းက လည်ပင်းသားဖြူဖြူထက်မှ သံလိုက်အိမ်မြှောင်ပုံစံတက်တူးကို မြင်နေရသည်။
ကားအခန်းတံခါးချပြီးနောက် ထိုသူရဲ့လက်ဖဝါးထဲ လက်ခနဲဖြစ်သွားကာ မောင့်ရင်ဘက်ကိုမညှာတာထိုးစိုက်နေတဲ့ ဓားချက်တွေ။
ဂျောင်ကု မျက်တောင်မခပ်တမ်းကြည့်နေရင်းမှ အမြင်တွေဝေဝါးလာခဲ့သည်။ တင်းတင်းကြိတ်ထားသော သွားတွေကြွတ်ကျမတတ်။ မောင်က ဥက္ကဌကြောင့် သေခဲ့တာမဟုတ်ပဲ တခြားပယောဂကြောင့်ပေါ့။ ဒါကလဲ ရက်ရက်စက်စက်။
"ဒီမှတ်တမ်းရှိရက်သားနဲ့ ဘာလို့... ဘာလို့ ဘာမှမလုပ်ရတာလဲ"
တဆတ်ဆတ်တုန်းနေတဲ့သူ့လက်တွေကို အစ်ကိုဟီးဆောင်းကဆုပ်ကိုင်ပေးခဲ့သော်လည်း သူမငြိမ်းချမ်းနိုင်ခဲ့ပေ။ ထပ်မံလောင်စာဖြည့်သည်ကား
"ကင်မ်ထယ်ယောင်းရဲ့အဖေက ဝှက်ဖဲကိုထုတ်သုံးရမှာမလို့လေ..."
>>>>>♥
hey... လာပါပြီနော်
See you next part...
နောက်အပိုင်းလေးထပ်လိုချင်ရင်တော့ Commentမှာအာဘွားလာပေးကြပါ😅😅။
Zawgyi
Laptopထက္က ဂန္အီသန္ရဲ႕ ပုံရိပ္နဲ႔ အေၾကာင္းအရာမ်ားစြာ။ ေဂ်ာင္ကု စူးစမ္းေနတုန္း အစ္ကိုဟီးေဆာင္းက Laptopကိုယူသြားသည္။ ဘာလို႔လဲဆိုတဲ့အၾကည့္နဲ႔ ၾကည့္လိုက္ေတာ့ ေ႐ွ႕က မုန္႔ေတြကိုေမးဆတ္ျပကာ
"ပင္ပန္းေနမွာေပါ့ မုန္႔စားရင္းနားေထာင္ ကိုယ္ေျပာျပမယ္ အကုန္"
"အလိုက္သိလြန္းတယ္အစ္ကို ဒါမ်ိဳးေတြမႀကိဳက္ဘူးေနာ္"
အေငၚတူးသည့္စကားကို အစ္ကိုဟီးေဆာင္းက ျပဳံး႐ုံသာျပဳံးရင္း မုန္႔ပန္းကန္ေတြကို ေဂ်ာင္ကုေ႐ွ႕ ထုိးေပးေနသည္။
"ဒါေတြအားလုံးက သူ႔ရဲ႕အလုပ္အကိုင္ လိပ္စာနဲ႔ သူတက္ခဲ့တဲ့ေက်ာင္းကိစၥေတြ မင္းစိတ္ဝင္စားမွာမဟုတ္ဘူး"
"က်ေတာ္စိတ္ဝင္စားပါတယ္..."
အပိုေတြပါ။ သူသိပါတယ္ဆိုတဲ့အဓိပၸါယ္ႀကီးနဲ႔ အစ္ကိုဟီးေဆာင္းကို ခပ္မဲ့မဲ့ကေလးျပဳံးျပန္ပါသည္။ သိပ္ခက္တဲ့လူ။ အရိပ္အကဲခတ္လဲ ျမန္ေနေရာပဲ။
"ဂန္အီသန္ဆိုတဲ့ေကာင္ေလးက ကင္မ္ထယ္ေဟ်ာင္းနဲ႔မတြဲခဲ့အထိ ဘာအ႐ႈပ္အ႐ွင္းမွမ႐ွိခဲ့ဖူးဘူး သူ႔ကိုလဲတကယ္ခ်စ္တဲ့ပုံပါပဲ
ကိုယ့္အထင္ေတာ့ ကင္မ္ထယ္ေဟ်ာင္းအေၾကာင္းေတြသိၿပီးေတာ့မွ သူေျပာင္းလဲသြားတာလို႔ ထင္တယ္ ဘာလို႔ဆို မင္းစဥ္းစားၾကည့္ေလ ကင္မ္ထယ္ေဟ်ာင္းက သူ႔ကိုတကယ္စိတ္ႏွစ္ၿပီးခ်စ္ခဲ့လို႔ ဒီေရာဂါရလာတာလို႔ မင္းေျပာဖူးတယ္မလား"
"အင္း... ဆိုပါေတာ့ အဲ့ေတာ့ဆက္ေျပာပါအုံး အစ္ကိုကဘယ္လိုထင္လို႔လဲ"
"ျဖစ္ႏိုင္တာက ကင္မ္ထယ္ေဟ်ာင္းက သူ႔အေၾကာင္း အူမေခ်းခါးမက်န္အကုန္ထုတ္ေျပာလိုက္လို႔ ဂန္အီသန္က စိတ္ေျပာင္းသြားခဲ့တာျဖစ္လိမ့္မယ္"
"ဘယ္လိုမ်ိဳးလဲ"
"မင္းစဥ္းစားၾကည့္ကြာ တစ္ထပ္တည္းတူတဲ့လူႏွစ္ေယာက္မွာ အျပစ္အနာအဆာေတြလဲ႐ွိတဲ့မထင္႐ွားတဲ့လူနဲ႔ လူသိ႐ွင္ၾကားအျပစ္အနာအဆာကင္းတဲ့လူ ႏွလုံးသားသာမပါဘူးဆိုရင္ ေသခ်ာေပါက္ ကင္မ္ထယ္ေဟ်ာင္းကအပယ္ခံပဲ ကံဆိုးတာက ဂန္အီသန္က ႏွလုံးသားမပါပဲေရြးသြားတယ္ေလ ဆိုေတာ့... ကိုယ္ေျပာတာနားလည္လား"
"အင္း... ဒါဆို သူဘာလို႔ျပန္လာတယ္လို႔အစ္ကိုထင္လဲ"
အစ္ကိုဟီးေဆာင္းက ေသာက္လက္စလီမြန္ေဖ်ာ္ရည္ကို စားပြဲေပၚတင္လိုက္ကာ လက္ပိုက္လ်က္အေနအထားေျပာင္းလိုက္သည္။
"စုံစမ္းမိသေလာက္ေတာ့ သူ႔မွာေငြေၾကးအ႐ႈပ္တစ္ခု႐ွိေနတယ္ အဲ့တာကလဲ ကိုရီးယားျပန္လာၿပီး ကင္မ္ထယ္ေယာင္းကိုသတ္တဲ့အမႈနဲ႔ က်ိန္းေသစပ္ဆက္ေနလိမ့္မယ္"
"ဒါနဲ႔ ကင္မ္ထယ္ေဟ်ာင္းကိုသတ္ဖို႔ သူဘာလို႔လုပ္တာျဖစ္မလဲ"
သူ႔ေမးခြန္းကို အစ္ကိုဟီးေဆာင္းကျငင္းသည္။
"အစ္ကိုေတာ့ အဲ့လိုမထင္ဘူး ဂန္အီသန္က ကင္မ္ထယ္ေဟ်ာင္းကိုသတ္စရာအေၾကာင္းမ႐ွိဘူးေလ ျဖစ္ႏိုင္တာက အက်ပ္ကိုင္ၿပီး ကင္မ္ထယ္ေယာင္းကို အပိုင္ခ်ဳပ္ဖို႔ပဲ "
"ဒါဆို သူက ကင္မ္ထယ္ေယာင္းကို ရည္ရြယ္ခ်က္႐ွိ႐ွိသြား႐ွာခဲ့တာလား လူလြဲခဲ့တာမဟုတ္ဘူးေပါ့"
"လိုရမယ္ရ ကိုယ္႐ွာထားတဲ့ CCTVမွတ္တမ္းတစ္ခု႐ွိတယ္"
Laptop screenထက္ ကားအနက္ေလးတစ္စီးၿငိမ္သက္ေနသည္။ မၾကာခင္မွာပဲ ကားထဲမွ လူသုံးေယာက္ထြက္လာသည္။ ေထာင္ေထာင္ေမာင္းေမာင္းႏိုင္ငံျခားသားႏွစ္ေယာက္ကို သူမသိေပမဲ့ ခဲျဖဴေရာင္ဆိုးထားေသာ လူကိုေတာ့ သူသိသည္။ ဂန္အီသန္...။ ဂန္အီသန္အပါအဝင္လူသုံးေယာက္ စကားေျပာရင္းထြက္သြားၿပီးမၾကာခင္ ေမာင္းထြက္ေတာ့မည့္ ကားအနက္ေလးေ႐ွ႕ လူႏွစ္ေယာက္ပိ္တ္ရပ္လာသည္။ ဦးထုပ္ကိုခပ္ငိုက္ငိုက္ေစာင္းထားၾကၿပီး တစ္ေယာက္က maskတပ္ထားသည္။ ကားမွန္တံခါးကိုအျပင္မွခ်ခိုင္းေနစဥ္ လမ္းမီးေရာင္ျဖင့္ ဘယ္ဘက္ျခမ္းက လည္ပင္းသားျဖဴျဖဴထက္မွ သံလိုက္အိမ္ေျမႇာင္ပုံစံတက္တူးကို ျမင္ေနရသည္။
ကားအခန္းတံခါးခ်ၿပီးေနာက္ ထိုသူရဲ႕လက္ဖဝါးထဲ လက္ခနဲျဖစ္သြားကာ ေမာင့္ရင္ဘက္ကိုမညႇာတာထိုးစိုက္ေနတဲ့ ဓားခ်က္ေတြ။
ေဂ်ာင္ကု မ်က္ေတာင္မခပ္တမ္းၾကည့္ေနရင္းမွ အျမင္ေတြေဝဝါးလာခဲ့သည္။ တင္းတင္းႀကိတ္ထားေသာ သြားေတြႂကြတ္က်မတတ္။ ေမာင္က ဥကၠဌေၾကာင့္ ေသခဲ့တာမဟုတ္ပဲ တျခားပေယာဂေၾကာင့္ေပါ့။ ဒါကလဲ ရက္ရက္စက္စက္။
"ဒီမွတ္တမ္း႐ွိရက္သားနဲ႔ ဘာလို႔... ဘာလို႔ ဘာမွမလုပ္ရတာလဲ"
တဆတ္ဆတ္တုန္းေနတဲ့သူ႔လက္ေတြကို အစ္ကိုဟီးေဆာင္းကဆုပ္ကိုင္ေပးခဲ့ေသာ္လည္း သူမၿငိမ္းခ်မ္းႏိုင္ခဲ့ေပ။ ထပ္မံေလာင္စာျဖည့္သည္ကား
"ကင္မ္ထယ္ေယာင္းရဲ႕အေဖက ဝွက္ဖဲကိုထုတ္သုံးရမွာမလို႔ေလ..."
>>>>>♥
hey... လာပါၿပီေနာ္
See you next part...
ေနာက္အပိုင္းေလးထပ္လိုခ်င္ရင္ေတာ့ Commentမွာအာဘြားလာေပးၾကပါ😅😅။
You are reading the story above: TeenFic.Net