Unicode
Laptop screenထက်က မှတ်တမ်းအတိုလေးပြီးသွားသည့်အခါ ထယ်ဟျောင်း မှန်၏မှား၏ လွန်ဆွဲစရာတွေဖြစ်လာသည်။ သူ့ကြောင့်မဟုတ်ခဲ့တာအတွက် အားနာစိတ်လျော့သွားခဲ့ပေမဲ့ ထယ်ယောင်းကို ဘယ်သူသတ်တာဖြစ်မလဲ။
ကားတံခါးကိုလျှောလိုက်တဲ့အချိန်ကို ကောင်လေးကို Zoomဆွဲယူကာ တစ်စုံတစ်ခါကိုပြသည်။
"သူ့လည်ပင်းကတက်တူးကို မြင်ဖူးတာမျိုးရှိလားဥက္ကဌ"
"မြင်ဖူးတော့ရော ဘာလုပ်မှာလဲ"
ဒေါက်တာ့စကားက တစ်ဝက်တော့မှန်ပါသည်။
"ဒီလူကိုရင်းနှီးတယ်ဆိုရင် ကင်မ်ထယ်ယောင်းဘာလို့အသတ်ခံရတာလဲဆိုတာကို သိနိုင်လောက်မလားလို့ ကျတော်တွေးမိလို့ပါ"
ဒေါက်တာက သူ့အတွေးကိုလက်ခံသွားသည့်အတွက် ဥက္ကဌကိုလမ်းကြည့်သည်။
"မသိဘူး တစ်ခါမှမမြင်ဖူးဘူး"
သေချာနေပါပြီ။ ဒါက ကြေစားတွေပဲ။ တရားခွင်နဲ့ညှိမရမှတော့ တရားပြင်ကနေညှိကြည့်ရမှာပေါ့။
ဥက္ကဌကိုအခန်းထဲပို့ပြီးတဲ့နောက် ဒေါက်တာက သူ့ကိုမေးခွန်းတစ်ချို့မေးလာသည်။ အစ်ကိုဟီးဆောင်းနဲ့ ခပ်ဆင်ဆင်တူတဲ့မေးခွန်းတွေပါပဲ။
"မင်းဘာလို့ထယ်ဟျောင်းကို ကူညီပေးနေတာလဲ"
"ကျတော် ချစ်ရတဲ့အမျိုးသားကြောင့်ပါ"
"သေချာရဲ့လား"
"ဒေါက်တာ ဘာလို့သံသယဖြစ်နေတာလဲကျတော်စဉ်းစားလို့မရဘူး"
ဒေါက်တာကသူ့စကားကိုလက်ခံဟန် ခေါင်းတစ်ချက်ချင်းငြိမ့်ကာ
"ငါလက်ခံတယ် ငါမင်းကိုသံသယဝင်နေပြီ လူတစ်ယောက်ကိုချစ်နေရာက တခြားလူတစ်ယောက်ကိုပြောင်းချစ်နိုင်သလားလို့ ငါ့ကိုမေးလာရင် ငါကတော့မဖြစ်နိုင်ဘူးလို့ဖြေမယ် ဒါပေမဲ့ မင်းဆိုရင်တော့ဖြစ်နိုင်တယ် "
"ဘာစကားလဲဒေါက်တာ..."
"ငါလဲမသိတော့ဘူး မင်းလဲကိုယ့်ဘာသာတွေးကြည့်ပေါ့"
>>>
ဒီညတော့ဘာမှမတွေးချင်။ ဆိူဂျူသောက်မယ်။ မူးမယ်။ အိပ်မယ်။ တားဂတ်အသေးလေးတွေကပျော်စရာကောင်းသည်။ တားဂတ်အကြီးကြီးတွေကတော့ ထင်သလောက်ပျော်စရာမကောင်းပေ။ ဂန်အီသန်...ဂန်အီသန်။ ဘယ်လိုလုပ်မှ ငါ့ဘဝကတည့်လာမှာလဲ။ ကားတံခါးဖွင့်ပြီး ထိုင်လိုက်တယ်ဆိုရုံရှိသေး နောက်ကားတံခါးပါပွင့်ပြီး လှစ်ခနဲဝင်လာတဲ့ လူတစ်ယောက်။
"မင်းငါနဲ့လက်ထပ်ရမယ်"
တွေ့တွေ့ချင်းလူတစ်ယောက်ကပြောတဲ့စကားတဲ့။ လက်ထပ်ပါမဟုတ်ပဲ လက်ထပ်ရမယ်တဲ့။ မဟုတ်ဘူး ဂန်အီသန်။ ဒါ လူလွဲတာပဲဖြစ်မယ်။
"ခင်ဗျားလူလွဲနေပြီထင်တယ် ကျတော်ခင်ဗျားကိုမသိဘူး"
"ဟား... ငါလဲမင်းကိုမနေ့ကမှသိတာ"
မနေ့ကမှသိတဲ့လူကဘာလို့လက်ထပ်ခွင့်တောင်းနေ။
"ဘာလဲ ငြင်းမလို့လား"
"ခင်ဗျားဘယ်သူလဲ"
"မနက်ဖြန်မင်းယောက်ျားဖြစ်လာမဲ့သူ မှတ်ထား ငါ့နာမည် ကင်မ် ဟီး ဆောင်း"
"ဘာ!"
>>>
တုပ်ချည်ခံထားရသော ခြေလက်တစ်စုံက အကွာအဝေးတစ်ခုခြားမှုကြောင့် လေထဲတွင်ရှိနေသည်။ ဒီ့ထပ်များ ခပ်တင်းတင်းလေးထပ်ဆွဲပါလျှင် ပြတ်ထွက်တော့မည့်အလား။ အတည်ပြုဖို့ လည်ပင်းကိုတစ်ချက်ကြည့်တော့ သံလိုက်အိမ်မြှောင်ပုံစံ တက်တူးက အမြင်ကတ်စရာကောင်းစွာ။ ပါးပေါ်အညိုအမည်းကြီးကြီးတစ်ခုကလွဲ ပုဲမပျက်သည့်ဟန်တွေ့ရတော့ Liamတို့က စကားအတော်နားထောင်နေတာပဲ။
"ဘယ်လိုလဲ သေသေသပ်သပ်လေးဟုတ်တယ်မလား"
"ဘဏ်ကတ်စစ်လို့ရပြီ"
"ဟုတ်ပြီ... ဂျွန်ဂျောင်ကုတို့ချစ်ဖို့ကောင်းချက်ကွာ"
တဟားဟားအော်ရယ်ပြီး ဘဏ်အကောင့်စစ်နေတဲ့ လူလိမ်ကောင်ကို သောက်မြင်ကတ်ကတ်ဖြင့် တစ်ချက်ပိတ်ကန်လိုက်သော်လည်း ပြုံးစိစိဖြင့်သာ။
"ဘယ်သူခိုင်းတာလဲစစ်ပေးအုံး"
"အခုတော့သွေးတောင်အပေမခံချင်တော့ဘူးပေါ့လေ ဟုတ်လား"
"နဂိုထဲက ကိုယ်ကသန့်သန့်လေးလေကွာ"
တဟားဟားအော်ရယ်ရင်း ရယ်ရယ်ပြောပြောပင် ပင်ပေါင်တုတ်ဖြင့် လူသတ်ကောင်ကိုလှမ်းပစ်လိုက်သည့် Liam။ ဝမ်းဗိုက်ကိုထိမှန်သွားတဲ့ပင်ပေါင်တုတ်ပ ကြမ်းပြင်ပေါ်ပြန်ကျချိန် လူသတ်ကောင်ရဲ့မရှုမလှညည်းညူသံကြီး ပေါ်ထွက်လာသည်။
"ဆူတယ်လေ Liamရာ...ဟွန်..."
ခပ်ချွဲချွဲကလေး နှုတ်ခမ်းဆူပြလိုက်တော့ ပစ်ပစ်နှစ်နှစ်အဆဲခံလိုက်ရသည်။
လူသတ်ကောင်နားသုံးမိနစ်လောက်သွားရပ်ပြီးနောက် Liamကသူ့အနားပြန်ရောက်လာသည်။
"ယူဂျယ်အာ... ခိုင်းတာ"
"ယူ ဂျယ်အာ.."
>>>>>♥
Zawgyi
Laptop screenထက္က မွတ္တမ္းအတိုေလးၿပီးသြားသည့္အခါ ထယ္ေဟ်ာင္း မွန္၏မွား၏ လြန္ဆြဲစရာေတြျဖစ္လာသည္။ သူ႔ေၾကာင့္မဟုတ္ခဲ့တာအတြက္ အားနာစိတ္ေလ်ာ့သြားခဲ့ေပမဲ့ ထယ္ေယာင္းကို ဘယ္သူသတ္တာျဖစ္မလဲ။
ကားတံခါးကိုေလ်ွာလိုက္တဲ့အခ်ိန္ကို ေကာင္ေလးကို Zoomဆြဲယူကာ တစ္စုံတစ္ခါကိုျပသည္။
"သူ႔လည္ပင္းကတက္တူးကို ျမင္ဖူးတာမ်ိဳး႐ွိလားဥကၠဌ"
"ျမင္ဖူးေတာ့ေရာ ဘာလုပ္မွာလဲ"
ေဒါက္တာ့စကားက တစ္ဝက္ေတာ့မွန္ပါသည္။
"ဒီလူကိုရင္းႏွီးတယ္ဆိုရင္ ကင္မ္ထယ္ေယာင္းဘာလို႔အသတ္ခံရတာလဲဆိုတာကို သိႏိုင္ေလာက္မလားလို႔ က်ေတာ္ေတြးမိလို႔ပါ"
ေဒါက္တာက သူ႔အေတြးကိုလက္ခံသြားသည့္အတြက္ ဥကၠဌကိုလမ္းၾကည့္သည္။
"မသိဘူး တစ္ခါမွမျမင္ဖူးဘူး"
ေသခ်ာေနပါၿပီ။ ဒါက ေၾကစားေတြပဲ။ တရားခြင္နဲ႔ညႇိမရမွေတာ့ တရားျပင္ကေနညွိၾကည့္ရမွာေပါ့။
ဥကၠဌကိုအခန္းထဲပို႔ၿပီးတဲ့ေနာက္ ေဒါက္တာက သူ႔ကိုေမးခြန္းတစ္ခ်ိဳ႕ေမးလာသည္။ အစ္ကိုဟီးေဆာင္းနဲ႔ ခပ္ဆင္ဆင္တူတဲ့ေမးခြန္းေတြပါပဲ။
"မင္းဘာလို႔ထယ္ေဟ်ာင္းကို ကူညီေပးေနတာလဲ"
"က်ေတာ္ ခ်စ္ရတဲ့အမ်ိဳးသားေၾကာင့္ပါ"
"ေသခ်ာရဲ႕လား"
"ေဒါက္တာ ဘာလို႔သံသယျဖစ္ေနတာလဲက်ေတာ္စဥ္းစားလို႔မရဘူး"
ေဒါက္တာကသူ႔စကားကိုလက္ခံဟန္ ေခါင္းတစ္ခ်က္ခ်င္းၿငိမ့္ကာ
"ငါလက္ခံတယ္ ငါမင္းကိုသံသယဝင္ေနၿပီ လူတစ္ေယာက္ကိုခ်စ္ေနရာက တျခားလူတစ္ေယာက္ကိုေျပာင္းခ်စ္ႏိုင္သလားလို႔ ငါ့ကိုေမးလာရင္ ငါကေတာ့မျဖစ္ႏိုင္ဘူးလို႔ေျဖမယ္ ဒါေပမဲ့့ မင္းဆိုရင္ေတာ့ျဖစ္ႏိုင္တယ္ "
"ဘာစကားလဲေဒါက္တာ..."
"ငါလဲမသိေတာ့ဘူး မင္းလဲကိုယ့္ဘာသာေတြးၾကည့္ေပါ့"
>>>
ဒီညေတာ့ဘာမွမေတြးခ်င္။ ဆိူဂ်ဴေသာက္မယ္။ မူးမယ္။ အိပ္မယ္။ တားဂတ္အေသးေလးေတြကေပ်ာ္စရာေကာင္းသည္။ တားဂတ္အႀကီးႀကီးေတြကေတာ့ ထင္သေလာက္ေပ်ာ္စရာမေကာင္းေပ။ ဂန္အီသန္...ဂန္အီသန္။ ဘယ္လိုလုပ္မွ ငါ့ဘဝကတည့္လာမွာလဲ။ ကားတံခါးဖြင့္ၿပီး ထိုင္လိုက္တယ္ဆို႐ုံ႐ွိေသး ေနာက္ကားတံခါးပါပြင့္ၿပီး လွစ္ခနဲဝင္လာတဲ့ လူတစ္ေယာက္။
"မင္းငါနဲ႔လက္ထပ္ရမယ္"
ေတြ႔ေတြ႔ခ်င္းလူတစ္ေယာက္ကေျပာတဲ့စကားတဲ့။ လက္ထပ္ပါမဟုတ္ပဲ လက္ထပ္ရမယ္တဲ့။ မဟုတ္ဘူး ဂန္အီသန္။ ဒါ လူလြဲတာပဲျဖစ္မယ္။
"ခင္ဗ်ားလူလြဲေနၿပီထင္တယ္ က်ေတာ္ခင္ဗ်ားကိုမသိဘူး"
"ဟား... ငါလဲမင္းကိုမေန႔ကမွသိတာ"
မေန႔ကမွသိတဲ့လူကဘာလို႔လက္ထပ္ခြင့္ေတာင္းေန။
"ဘာလဲ ျငင္းမလို႔လား"
"ခင္ဗ်ားဘယ္သူလဲ"
"မနက္ျဖန္မင္းေယာက္်ားျဖစ္လာမဲ့သူ မွတ္ထား ငါ့နာမည္ ကင္မ္ ဟီး ေဆာင္း"
"ဘာ!"
>>>
တုပ္ခ်ည္ခံထားရေသာ ေျခလက္တစ္စုံက အကြာအေဝးတစ္ခုျခားမႈေၾကာင့္ ေလထဲတြင္႐ွိေနသည္။ ဒီ့ထပ္မ်ား ခပ္တင္းတင္းေလးထပ္ဆြဲပါလ်ွင္ ျပတ္ထြက္ေတာ့မည့္အလား။ အတည္ျပဳဖို႔ လည္ပင္းကိုတစ္ခ်က္ၾကည့္ေတာ့ သံလိုက္အိမ္ေျမႇာင္ပုံစံ တက္တူးက အျမင္ကတ္စရာေကာင္းစြာ။ ပါးေပၚအညိဳအမည္းႀကီးႀကီးတစ္ခုကလြဲ ပုဲမပ်က္သည့္ဟန္ေတြ႔ရေတာ့ Liamတို႔က စကားအေတာ္နားေထာင္ေနတာပဲ။
"ဘယ္လိုလဲ ေသေသသပ္သပ္ေလးဟုတ္တယ္မလား"
"ဘဏ္ကတ္စစ္လို႔ရၿပီ"
"ဟုတ္ၿပီ... ဂြၽန္ေဂ်ာင္ကုတို႔ခ်စ္ဖို႔ေကာင္းခ်က္ကြာ"
တဟားဟားေအာ္ရယ္ၿပီး ဘဏ္အေကာင့္စစ္ေနတဲ့ လူလိမ္ေကာင္ကို ေသာက္ျမင္ကတ္ကတ္ျဖင့္ တစ္ခ်က္ပိတ္ကန္လိုက္ေသာ္လည္း ျပဳံးစိစိျဖင့္သာ။
"ဘယ္သူခိုင္းတာလဲစစ္ေပးအုံး"
"အခုေတာ့ေသြးေတာင္အေပမခံခ်င္ေတာ့ဘူးေပါ့ေလ ဟုတ္လား"
"နဂိုထဲက ကိုယ္ကသန္႔သန္႔ေလးေလကြာ"
တဟားဟားေအာ္ရယ္ရင္း ရယ္ရယ္ေျပာေျပာပင္ ပင္ေပါင္တုတ္ျဖင့္ လူသတ္ေကာင္ကိုလွမ္းပစ္လိုက္သည့္ Liam။ ဝမ္းဗိုက္ကိုထိမွန္သြားတဲ့ပင္ေပါင္တုတ္ပ ၾကမ္းျပင္ေပၚျပန္က်ခ်ိန္ လူသတ္ေကာင္ရဲ႕မ႐ႈမလွညည္းညဴသံႀကီး ေပၚထြက္လာသည္။
"ဆူတယ္ေလ Liamရာ...ဟြန္..."
ခပ္ခြၽဲခြၽဲကေလး ႏႈတ္ခမ္းဆူျပလိုက္ေတာ့ ပစ္ပစ္ႏွစ္ႏွစ္အဆဲခံလိုက္ရသည္။
လူသတ္ေကာင္နားသုံးမိနစ္ေလာက္သြားရပ္ၿပီးေနာက္ Liamကသူ႔အနားျပန္ေရာက္လာသည္။
"ယူဂ်ယ္အာ... ခိုင္းတာ"
"ယူ ဂ်ယ္အာ.."
>>>>>♥
You are reading the story above: TeenFic.Net