Unicode
"ခြံထဲဆင်းရအောင် လာ..."
နောက်ဆီမှ ဝှီးလ်ချဲလက်ကိုင်တွန်းလျက် ပါလာသောကောင်လေးက လတ်တလောတော့ သူ့ကိုယ်ပိုင် သူနာပြုကလေးပင်။ မြေမထိရေမထိမွေးလာမှန်းသိသာအောင် သူနာပြုပေါက်စကလေးသည် သူ့နောက်ကွယ်တွင် အလွဲလွဲအချော်ချော်ဖြင့်။ ဒါကိုလဲ ထယ်ဟျောင်းမှာမသိချင်ယောင်ဆောင်ပေးထားရသည်။ တော်ကြာ ငြိုငြင်နေမှာစိုးရတယ်လေ။ ဂျီမင်းဝယ်လာပေးတဲ့စားစရာတွေ အေးကုန်လို့ စေတနာတွေပို ပြန်နွေးပေးမယ်ဆိုလို့ သူမျှော်လင်မိပါတယ်။ နှစ်နာရီသုံးနာရီလောက်ကြာရော။ နောက်တော့သူ့ရှေ့ရောက်လာတာ ပူပူနွေးနွေးဟင်းလျာတွေ။ အဲ့မတိုင်ခင်က မီးဖိုခန်းထဲကညှော်နံ့တွေထွက်လာသေးတာကိုတော့ သူမသိချင်ယောင်ဆောင်ပေးလိုက်ပါတယ်။ ဆိုင်ကပြန်ဝယ်လာတဲ့ဟင်းတွေကို အဆင်ပြေလားမေးတော့ ကိုယ့်မှာမဆိုးပါဘူးလို့ ပြန်ဖြေပေးရသေးတယ်။
"ခင်ဗျားခြံကလဲ ဘာမှလဲမရှိဘူး"
ငြူဆူဆူလေးပြောတဲ့စကားကြောင့် ထယ်ဟျောင်းအသံထွက်ပြီးရယ်မိတော့မလို့။ ဟုတ်တော့လဲ ဟုတ်ပါသည်။ မြက်ပင်ကျိုးတို့ကျဲတဲနဲ့ အပင်ကြီးမျိုး နှစ်ပင်လောက်သာရှိသည့် သူ့ခြံဝန်းက မျက်စိပသာဒဖြစ်စရာမရှိ။
"ဒီအိမ်ကအဖြစ်ပဲဝယ်ခဲ့တာ အိမ်မှာမနေချင်လို့"
"ဪ ကျတော်လဲဒေါ်လေးကို တစ်ယောက်တည်းနေဖို့ပြောဖူးတယ် ငြင်းမနိုင်လို့မရခဲ့ဘူး"
"ဟုတ်လို့လား ဒေါ်လေးနဲ့ပဲနေချင်တာမဟုတ်ဘူးလား"
"ကျတော့်အကြောင်းသိသလိုလုပ်မနေပါနဲ့ ရယ်စရာမကောင်းဘူး"
"ဟော... ဟားဟား ကိုယ်က ဘယ်မှာသိချင်ယောင်ဆောင်နေလို့လဲ"
"ဥက္ကဌက ပေါ်တင်ကြီးလိမ်နေတယ် "
"ဟောဗျာ..."
ကောင်လေးကိုစလို့ကောင်းနေတုန်း ခြံရှေ့မှ လူခေါ်ဘဲလ်သံထွက်ပေါ်လာသည်။ ကောင်လေးက သွားကြည့်လိုက်အုံးမယ်ဟုဆိုကာ သုတ်သုတ်ကလေးထွက်သွားပြီးမှ ခဏအကြာမျက်နှာထားတည်တည်ဖြင့် ပြန်ရောက်လာသည်။
"ဘယ်သူလဲ ကောင်လေး"
"ဂန်အီသန် ဥက္ကဌကိုတွေ့ချင်တယ်လို့ပြောနေတယ် "
ထယ်ဟျောင်း စိတ်ပျက်စွာ သက်ပြင်းချလိုက်မိသည်။ ဂန်အီသန်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာက လတ်တလောတော့ခေါင်းထဲပေါ်မလာ။ သူဘာဖြစ်ချင်နေတာလဲဆိုတာကိုပဲ ပေါ်တင်မေးလိုက်ရမလား။
"ဝင်လာခဲ့လို့ပြောလိုက်ပါ"
မျှော်လင့်ထားသောတုံ့ပြန်မှုမျိုးမဟုတ်၍ ဂျောင်ကုအနည်းငယ်တော့ အံ့အားသင့်သွားရသည်။ ပထမအကြိမ်တုန်းကတော့ ခါးခါးသီးသီးငြင်းလွှတ်နေခဲ့ဲပြီး အခုကျတော့ မခံနိုင်တော့ဘူးလား။ မဟုတ်ရင် ဥက္ကဌကဘာလုပ်ဖို့တွေ့မယ်လို့ပြောတာလဲ။
ဂန်အီသန်ဆိုသူက ဥက္ကဌအရှေ့မှာတော့ သနားစဖွယ်မျက်နှာကလေးဖြင့် ရပ်နေရှာသည်။ အပေါ်ယံဆိုတာသိသာသည့်အထိ သရုပ်ဆောင်ညံ့လိုက်ပုံများ။ ဘာပဲဖြစ်ဖြစ်လေ အခုချိန်မှာတော့ သူကအပြင်လူပဲ။
"ဒါဆို အေးအေးဆေးဆေးစကားပြောကြပါအုံး "
"ဘယ်သွားမလို့လဲ ကောင်လေး"
ဥက္ကဌက ခုနကတည်းက ဘာလို့သူ့ကိုကောင်လေးလို့ခေါ်နေတာလဲ။
"ကျတော်ချိန်းထားတာလေးရှိလို့ ခဏအပြင်သွားလိုက်အုံးမယ် ဂန်အီသန်လဲရောက်နေတယ်ဆိုတော့ ကျတော်စိတ်ချလို့ရတယ်မလား ကျတော်တို့ဥက္ကဌကို ဘာမှတော့မလုပ်ဘူးမလား ဂန်အီသန်ခင်ဗျ"
မျက်လုံးတွေမှေးသွားသည်အထိ လုပ်ပြုံးလေးပြုံးရင်းမေးလိုက်တော့ ဂန်အီသန်ဆိုသူက ကြောင်တောင်တောင်ကလေးကြည့်နေရှာသည်။ ဘာအကွက်လေးလဲ။ ကြောင်သူတော်ရုပ်လေးနဲ့။
"အာ... ကျတော် ကိုကို့ကိုဘာမှမလုပ်ပါဘူး ဒီကဂျွန်ဂျောင်ကုလာတဲ့အထိ ကိုယ်ဖိရင်ဖိကောင်းကောင်းစောင်ရှောက်ပေးထားပါ့မယ် ကောင်းကောင်းသွားပါ"
"အိုက်ရိုး... ကိုယ်ဖိရင်ဖိတော့မလုပ်ပါနဲ့ ဥက္ကဌကအခုထိ နေကောင်းသေးတာမဟုတ်ဘူး ပြီးတော့ ကျတော်တို့ဥက္ကဌကသိပ်ပြီးအသန့်ကြိုက်တာ ညှိစော်နံမဲ့ကိစ္စတွေသိပ်မလုပ်ပါနဲ့ အဟင်း"
"ကိုကိုအသန့်ကြိုက်တာ ကျတော်ကပိုသိတာပေါ့ ဘာလို့ဆို လေးနှစ်လောက်တွဲလာခဲ့တဲ့ဆက်ဆံရေးမလို့လေ "
"ဪ... အဲ့လိုကိုး ဒါဆို ကျတော်သွားလိုက်ပါအုံး ဪ ဥက္ကဌ လေးနှစ်တာချစ်သူကြီးနဲ့ပျော်ပါးလိုက်ပါအုံး ခဏနေဒေါက်တာရောက်လာလိမ့်မယ် ကျတော်လဲသိပ်မကြာပါဘူး မြန်မြန်ပြန်လာခဲ့မယ်"
ထယ်ဟျောင်းအနားကပ်ကာ တိုးတိုးကလေးမှာပြီးနောက် အီသန့်ကိုမချဉ်မငံမျက်နှာပေးကလေးဖြင့် ကြည့်သွားသည့်ကောင်လေးက အသည်းယားစဖွယ်။ စွာတေးလန်ကလေးကို တွေ့ရတာ ဒါနဲ့ဆိုနှစ်ကြိမ်မြောက်။
>>>>>♥
ငပွေလီလေးကို ဒီညအပြီးဖတ်ချင်တယ်ဆိုတဲ့သူတွေ commentလေးချခဲ့ပေးနော်...။
see you next part.
Zawgyi
"ျခံထဲဆင္းရေအာင္ လာ..."
ေနာက္ဆီမွ ဝွီးလ္ခ်ဲလက္ကိုင္တြန္းလ်က္ ပါလာေသာေကာင္ေလးက လတ္တေလာေတာ့ သူ႔ကိုယ္ပိုင္ သူနာျပဳကေလးပင္။ ေျမမထိေရမထိေမြးလာမွန္းသိသာေအာင္ သူနာျပဳေပါက္စကေလးသည္ သူ႔ေနာက္ကြယ္တြင္ အလြဲလြဲအေခ်ာ္ေခ်ာ္ျဖင့္။ ဒါကိုလဲ ထယ္ေဟ်ာင္းမွာမသိခ်င္ေယာင္ေဆာင္ေပးထားရသည္။ ေတာ္ၾကာ ၿငိဳျငင္ေနမွာစိုးရတယ္ေလ။ ဂ်ီမင္းဝယ္လာေပးတဲ့စားစရာေတြ ေအးကုန္လို႔ ေစတနာေတြပို ျပန္ေႏြးေပးမယ္ဆိုလို႔ သူေမ်ွာ္လင္မိပါတယ္။ ႏွစ္နာရီသုံးနာရီေလာက္ၾကာေရာ။ ေနာက္ေတာ့သူ႔ေ႐ွ႕ေရာက္လာတာ ပူပူေႏြးေႏြးဟင္းလ်ာေတြ။ အဲ့မတိုင္ခင္က မီးဖိုခန္းထဲကေညႇာ္န႔ံေတြထြက္လာေသးတာကိုေတာ့ သူမသိခ်င္ေယာင္ေဆာင္ေပးလိုက္ပါတယ္။ ဆိုင္ကျပန္ဝယ္လာတဲ့ဟင္းေတြကို အဆင္ေျပလားေမးေတာ့ ကိုယ့္မွာမဆိုးပါဘူးလို႔ ျပန္ေျဖေပးရေသးတယ္။
"ခင္ဗ်ားျခံကလဲ ဘာမွလဲမ႐ွိဘူး"
ျငဴဆူဆူေလးေျပာတဲ့စကားေၾကာင့္ ထယ္ေဟ်ာင္းအသံထြက္ၿပီးရယ္မိေတာ့မလို႔။ ဟုတ္ေတာ့လဲ ဟုတ္ပါသည္။ ျမက္ပင္က်ိဳးတို႔က်ဲတဲနဲ႔ အပင္ႀကီးမ်ိဳး ႏွစ္ပင္ေလာက္သာ႐ွိသည့္ သူ႔ျခံဝန္းက မ်က္စိပသာဒျဖစ္စရာမ႐ွိ။
"ဒီအိမ္ကအျဖစ္ပဲဝယ္ခဲ့တာ အိမ္မွာမေနခ်င္လို႔"
"ဪ က်ေတာ္လဲေဒၚေလးကို တစ္ေယာက္တည္းေနဖို႔ေျပာဖူးတယ္ ျငင္းမႏိုင္လို႔မရခဲ့ဘူး"
"ဟုတ္လို႔လား ေဒၚေလးနဲ႔ပဲေနခ်င္တာမဟုတ္ဘူးလား"
"က်ေတာ့္အေၾကာင္းသိသလိုလုပ္မေနပါနဲ႔ ရယ္စရာမေကာင္းဘူး"
"ေဟာ... ဟားဟား ကိုယ္က ဘယ္မွာသိခ်င္ေယာင္ေဆာင္ေနလို႔လဲ"
"ဥကၠဌက ေပၚတင္ႀကီးလိမ္ေနတယ္ "
"ေဟာဗ်ာ..."
ေကာင္ေလးကိုစလို႔ေကာင္းေနတုန္း ျခံေ႐ွ႕မွ လူေခၚဘဲလ္သံထြက္ေပၚလာသည္။ ေကာင္ေလးက သြားၾကည့္လိုက္အုံးမယ္ဟုဆိုကာ သုတ္သုတ္ကေလးထြက္သြားၿပီးမွ ခဏအၾကာမ်က္ႏွာထားတည္တည္ျဖင့္ ျပန္ေရာက္လာသည္။
"ဘယ္သူလဲ ေကာင္ေလး"
"ဂန္အီသန္ ဥကၠဌကိုေတြ႔ခ်င္တယ္လို႔ေျပာေနတယ္ "
ထယ္ေဟ်ာင္း စိတ္ပ်က္စြာ သက္ျပင္းခ်လိုက္မိသည္။ ဂန္အီသန္ကို ဘယ္လိုကိုင္တြယ္ရမလဲဆိုတာက လတ္တေလာေတာ့ေခါင္းထဲေပၚမလာ။ သူဘာျဖစ္ခ်င္ေနတာလဲဆိုတာကိုပဲ ေပၚတင္ေမးလိုက္ရမလား။
"ဝင္လာခဲ့လို႔ေျပာလိုက္ပါ"
ေမ်ွာ္လင့္ထားေသာတုံ႔ျပန္မႈမ်ိဳးမဟုတ္၍ ေဂ်ာင္ကုအနည္းငယ္ေတာ့ အံ့အားသင့္သြားရသည္။ ပထမအႀကိမ္တုန္းကေတာ့ ခါးခါးသီးသီးျငင္းလႊတ္ေနခဲ့ဲၿပီး အခုက်ေတာ့ မခံႏိုင္ေတာ့ဘူးလား။ မဟုတ္ရင္ ဥကၠဌကဘာလုပ္ဖို႔ေတြ႔မယ္လို႔ေျပာတာလဲ။
ဂန္အီသန္ဆိုသူက ဥကၠဌအေ႐ွ႕မွာေတာ့ သနားစဖြယ္မ်က္ႏွာကေလးျဖင့္ ရပ္ေန႐ွာသည္။ အေပၚယံဆိုတာသိသာသည့္အထိ သ႐ုပ္ေဆာင္ည့ံလိုက္ပုံမ်ား။ ဘာပဲျဖစ္ျဖစ္ေလ အခုခ်ိန္မွာေတာ့ သူကအျပင္လူပဲ။
"ဒါဆို ေအးေအးေဆးေဆးစကားေျပာၾကပါအုံး "
"ဘယ္သြားမလို႔လဲ ေကာင္ေလး"
ဥကၠဌက ခုနကတည္းက ဘာလို႔သူ႔ကိုေကာင္ေလးလို႔ေခၚေနတာလဲ။
"က်ေတာ္ခ်ိန္းထားတာေလး႐ွိလို႔ ခဏအျပင္သြားလိုက္အုံးမယ္ ဂန္အီသန္လဲေရာက္ေနတယ္ဆိုေတာ့ က်ေတာ္စိတ္ခ်လို႔ရတယ္မလား က်ေတာ္တို႔ဥကၠဌကို ဘာမွေတာ့မလုပ္ဘူးမလား ဂန္အီသန္ခင္ဗ်"
မ်က္လုံးေတြေမွးသြားသည္အထိ လုပ္ျပဳံးေလးျပဳံးရင္းေမးလိုက္ေတာ့ ဂန္အီသန္ဆိုသူက ေၾကာင္ေတာင္ေတာင္ကေလးၾကည့္ေန႐ွာသည္။ ဘာအကြက္ေလးလဲ။ ေၾကာင္သူေတာ္႐ုပ္ေလးနဲ႔။
"အာ... က်ေတာ္ ကိုကို႔ကိုဘာမွမလုပ္ပါဘူး ဒီကဂြၽန္ေဂ်ာင္ကုလာတဲ့အထိ ကိုယ္ဖိရင္ဖိေကာင္းေကာင္းေစာင္ေ႐ွာက္ေပးထားပါ့မယ္ ေကာင္းေကာင္းသြားပါ"
"အိုက္႐ိုး... ကိုယ္ဖိရင္ဖိေတာ့မလုပ္ပါနဲ႔ ဥကၠဌကအခုထိ ေနေကာင္းေသးတာမဟုတ္ဘူး ၿပီးေတာ့ က်ေတာ္တို႔ဥကၠဌကသိပ္ၿပီးအသန္႔ႀကိဳက္တာ ညႇိေစာ္နံမဲ့ကိစၥေတြသိပ္မလုပ္ပါနဲ႔ အဟင္း"
"ကိုကိုအသန္႔ႀကိဳက္တာ က်ေတာ္ကပိုသိတာေပါ့ ဘာလို႔ဆို ေလးႏွစ္ေလာက္တြဲလာခဲ့တဲ့ဆက္ဆံေရးမလို႔ေလ "
"ဪ... အဲ့လိုကိုး ဒါဆို က်ေတာ္သြားလိုက္ပါအုံး ဪ ဥကၠဌ ေလးႏွစ္တာခ်စ္သူႀကီးနဲ႔ေပ်ာ္ပါးလိုက္ပါအုံး ခဏေနေဒါက္တာေရာက္လာလိမ့္မယ္ က်ေတာ္လဲသိပ္မၾကာပါဘူး ျမန္ျမန္ျပန္လာခဲ့မယ္"
ထယ္ေဟ်ာင္းအနားကပ္ကာ တိုးတိုးကေလးမွာၿပီးေနာက္ အီသန္႔ကိုမခ်ဥ္မငံမ်က္ႏွာေပးကေလးျဖင့္ ၾကည့္သြားသည့္ေကာင္ေလးက အသည္းယားစဖြယ္။ စြာေတးလန္ကေလးကို ေတြ႔ရတာ ဒါနဲ႔ဆိုႏွစ္ႀကိမ္ေျမာက္။
>>>>>♥
ငေပြလီေလးကို ဒီညအၿပီးဖတ္ခ်င္တယ္ဆိုတဲ့သူေတြ commentေလးခ်ခဲ့ေပးေနာ္...။
see you next part.
You are reading the story above: TeenFic.Net