Part 21
Background color
Font
Font size
Line height
Unicode
"ကိုကို..."
"ဘာလာလုပ်တာလဲ ဂန်အီသန် ထွက်သွားလို့မင်းကိုပြောနေတယ်လေ မင်းသတ်တဲ့လူက ငါဟုတ်မဟုတ်လာကြည့်တာလား ဟမ်!"
ဥက္ကဌဆီကထွက်ပေါ်လာတဲ့ အော်သံအဆုံး အီသန်ဆိုတဲ့ကောင်လေးက စတင်ပြီးရှိုက်ကြီးတငင်ငိုလေသည်။
"မဟုတ်ဘူး ကိုကိုအထင်လွဲနေတာ ကျတော်ရှင်းပြပါရစေ ကိုကိုအထင်လွဲနေတာပါ"
"ထွက်သွားလို့ပြောနေတယ် ဂန်အီသန်ရာ မင်းငါ့ရှေ့ကထွက်သွားစမ်းပါ သွားစမ်းကွာ!!"
နီးစပ်ရာသည် ခေါင်းအုံးသာရှိနေလို့တော်သေးသည်။ အီသန်ဆိုသူကောင်လေးက နေရာမှာတင်မလှုပ်မယှက်ရပ်ကာ ဒရမ်မာခင်းပြနေသည်။ သူ့ဇာတ်နဲ့သူ့အရပ်ကတော့ ဟုတ်နေတာပဲ။
ခေါင်းကိုဖိကိုင်ကာ နာကျင်မှုကိုအံတုနေရဟန် ဥက္ကဌမျက်နှာက တဖြည်းဖြည်းပျက်ယွင်းလာသည်။ ဒေါက်တာကို သတိပေးလိုက်တော့ အီသန်ဆိုတဲ့ကောင်လေးကိုချော့ခေါ်က အခန်းအပြင်ထုတ်သွားသည်။
"ခင်ဗျား အဆင်ပြေရဲ့လား"
"ထွက်သွား ထွက်သွားကြ"
"ကျတော်လေ ဂျွန်ဂျောင်ကု "
ငြိမ်ကျသွားတဲ့ဥက္ကဌရဲ့အပြုအမူကြောင့် ဘာရယ်မသိ သူ့ရင်ထဲသိမ့်ခနဲ။
"ရေသောက်ချင်တယ် ရေပေးပါ"
စားပွဲအသေးပေါ်က ရေကရားထဲမှရေကို ဖန်ခွက်ထဲပြောင်းထည့်ပြီး လက်ထဲအသေအချာထည့်ပေးလိုက်တော့လဲ ခပ်ဖြေးဖြေးပဲမော့သောက်နေပြန်သည်။ ဒီလိုသာ မကောင်းတာတွေဆက်တိုက်ဖြစ်နေရင် ခင်ဗျားဘယ်လိုများခုခံအားရှိတော့မလဲလေ။
"သက်သာလား ဘယ်လိုနေသေးလဲ"
"အိပ်ချင်တယ်..."
"ဒါဆို ကျတော်ထွက်သွားပေးမယ် "
"မဟုတ်ဘူး"
သူ့ကိုဆွဲထားတဲ့လက်တွေ။ သူငြင်းလို့ရရဲ့လား။
"ခဏလောက်ပဲဖြစ်ဖြစ် ငါအိပ်ပျော်သွားတဲ့အထိပဲ နေပေးပါလား"
သူမငြင်းနိုင်ခဲ့ပါ။ မျှော်လင့်တကြီးကြည့်နေတဲ့ ဥက္ကဌရဲ့အကြည့်တွေကို သူမငြင်းချင်ခဲ့ဘူး။ ဆုပ်ကိုင်ထားတဲ့လက်တွေကို လွှတ်ပေးပါလို့မတောင်းဆိုခဲ့မိသလို ရုန်းလည်းမထွက်ချင်ခဲ့ဘူး။ ဒါတွေအားလုံးက စိတ်ဒဏ်ရာရနေတဲ့သူတစ်ယောက်ကို သနားနေလို့ပဲလေ။ သူကိုယ်တိုင်လဲ ဒဏ်ရာတွေရှိခဲ့ဖူးတဲ့သူမလို့ ကိုယ်ချင်းစာနေရုံပဲ။ ခင်ဗျား အမြန်ဆုံးနေပြန်ကောင်းလာမှဖြစ်မယ်။
"ထိုင်ပါအုံး "
မျက်လုံးရှေ့က ကပြားကောင်လေးအား အမြင်သိပ်မကြည်လှသော်လည်း ဂျီမင်းမျက်နှာပျက်နေလို့မဖြစ်ပေ။ သိချင်တာတွေရှိနေသော်လည်း ဇွတ်လုပ်လိုက်လို့မဖြစ်။ ဘယ်လိုပဲတွေးတွေး သူကအပြင်လူလေ။
"ထယ်ဟျောင်းရဲ့ဆရာဝန် ပက်ခ်ဂျီမင်းပါ ဒီက"
"ဂန်အီသန်ပါ..."
နှစ်ဦးကြားလေထုကတိတ်ဆိတ်နေဆဲ။ အီသန်ဆိုတဲ့ကောင်လေးက ဂျောင်ကုနဲ့ခပ်ဆင်ဆင်ဆိုတာ မျက်နှာပေါက်ချင်းဖြစ်မည်။ ကပြားတစ်ယောက်မို့ ကိုရီးယားသားဂျောင်ကုလို အသားရည်ကဝင်းမွတ်မွတ်မဟုတ်ပဲ ဖြူစွတ်သည့်ဘက်ကိုသွားသည်။ ဂျောင်ကုလို ဆံပင်ကိုနည်းနည်းတောင်အရှည်မခံပဲ တိုကပ်ကပ်ဖြောင့်စင်းစင်းကို ခဲဖြူရောင်သွင်းထားတော့လဲ ဂျောင်ကုနဲ့ဆင်သည်ဟု မထင်ရတော့ပေ။
"ကိုကို ဒီလိုဖြစ်နေတာ ဘယ်လောက်ကြာသွားပြီလဲ အစ်ကို"
ဘာကြီး... ကိုကို... ။ အသုံးအနှုန်းတောင်သေချာမသိအောင် ဒီကောင် ဘယ်သူနဲ့မွေးလာတာလဲ။
"နှစ်နှစ်လောက်ရှိပြီ မင်းနဲ့ပြတ်ပြီးကတည်းပဲ"
တည့်တိုးစကားကြောင့် မျက်နှာပျက်သွားတဲ့ကောင်လေးက တိတ်တိတ်ကလေးသက်ပြင်းချသည်။
"ကျတော်ဖိအားပေးခံရတယ်ဆိုရင် အစ်ကိုယုံမလား"
"ထယ်ဟျောင်းထက်ပိုကြီးတဲ့ဖိအားလား ပြောကြည့်ရင်တော့ စဉ်းစားပေးကြည့်မယ်လေ"
အီသန်ဆိုတဲ့ကောင်လေးက လျော့ရဲရဲအပြုံးများဖြင့် ဂျီမင်းကိုကြည့်ကာ
"အစ်ကိုယုံမယ်မထင်ဘူး ကိုကိုရဲ့အဖေက ကျတော့်ကိုဖိအားပေးခဲ့တာ ကိုကိုနဲ့လမ်းခွဲလိုက်ဖို့"
"ဖိအားပေးခံရတာမင်းတစ်ယောက်တည်းလို့ထင်နေတာလား ကဲ အဲ့တာတွေထားပါအုံး ဖိအားပေးတယ်ဆိုတော့ မင်းဘာရလိုက်လဲ ငါ့ကိုပြောပါအုံး အားလုံးမှာအကျိုးအကြောင်း အပေးအယူဆိုတာရှိမှာပဲလေ ငါပြောတာဟုတ်တယ်မလား"
အီသန်ကခေါင်းခါသည်။ ပြောချင်တာက သူဘာမှမရလိုက်ပါဘူးဆိုတဲ့သဘော။
"ကျတော် ကိုကို့အတွက်ပဲလမ်းခွဲပေးခဲ့တာပါ"
"စကားလုံးတွေနဲ့စိတ်ဒဏ်ရာပေးခဲ့တာကရော ထယ်ဟျောင်းအတွက်ပဲလား "
ဂျီမင်းအနေနဲ့ ထယ်ဟျောင်းအကြောင်းကိုများများစားစားမသိဘူးလို့ တွက်ထားခဲ့တာ မှားနေကြောင်း အီသန်ရိပ်မိသွားသည်။
ပက်ခ်ဂျီမင်းက မလွယ်ကြောပဲ။
"ကျတော် အဲ့လိုမှမလုပ်ခဲ့ရင် ကိုကို့ကို သူတို့ထိခိုက်အောင်လုပ်လိမ့်မယ်"
"ဒါဆို အခုအခြေအနေက ထယ်ဟျောင်းအတွက်ပိုကောင်းတယ်လို့ မင်းထင်တယ်ပေါ့"
"မကောင်းဘူးလား ကျတော်နဲ့အတူနေရင် သူ့မိဘတွေကသူ့ကိုစွန့်ပစ်လိုက်ကြရင် အဲ့လိုက သူ့ကိုပိုပြီးစိတ်ထိခိုက်စေလိမ့်မယ် ခင်ဗျား သူ့စိတ်ကိုနားလည်ချင်ယောင်မဆောင်ပါနဲ့"
"ဒါဆိုရင် ဘာလို့မင်းကပြန်လာတာလဲ ထယ်ဟျောင်းမိဘတွေက မင်းပြန်လာတာသိရင် ပိုပြီးစိတ်ဆိုးကြမယ်ထင်တယ်နော်"
ဂန်အီသန်... ။ မင်းဘာကိုထပ်ပြီးလိုချင်နေတာလဲ မသိပေမဲ့ ဆရာဝန်တစ်ယောက်ရဲံ တာဝန်အရတော့ ငါ့လူနာကို အခြေအနေပိုမဆိုးသွားအောင် ကာကွယ်ပေးရမှာပဲ။ အပြင်လူက ဝင်စွတ်ဖက်နေလို့ မင်းစိတ်မဆိုးသွားဖို့မျှော်လင့်တယ်။
>>>>>♥
see you next part ။ ကောင်းသောညလေးဖြစ်ကြပါစေဗျာ။
Zawgyi
"ကိုကို..."
"ထွက်သွား ထွက်သွားကြ"
"အိပ်ချင်တယ်..."
"မဟုတ်ဘူး"
"ထိုင်ပါအုံး "
"ဂန်အီသန်ပါ..."
>>>>>♥
You are reading the story above: TeenFic.Net