Unicode
ဥက္ကဌအိပ်ပျော်သွားတာအတော်လေးကြာတော့မှ ဂျောင်ကု အခန်းထဲကထွက်လာခဲ့သည်။ ဧည့်ခန်းထဲမှာ အီသန်ဆိုတဲ့ကောင်လေးရှိမနေတော့။ ဒေါက်တာတစ်ယောက်တည်းသာ ဖုန်းသုံးရင်းစောင့်နေခဲ့သည်။
"ပြန်သွားပြီလား ဒေါက်တာ"
"အင်း ခုနလေးတင်ပဲ ထယ်ဟျောင်းရော ဘယ်လိုနေသေးလဲ"
"အိပ်ပျော်သွားပြီ ဒေါက်တာကပြန်သွားပြီမဟုတ်ဘူးလား ဘယ်လိုလုပ်"
ဒေါက်တာက သက်ပြင်းရှည်ကြီးချကာ စားပွဲပေါ်တင်ထားတဲ့ ကော်ဖီခွက်ကိုအကုန်မော့လိုက်သည်။ ပြီးမှ
"ပြန်တော့မလို့ပဲ အပြင်မှာရစ်သီရစ်သီလုပ်နေတာနဲ့ အခြေအနေသိရအောင် အိမ်ထဲခေါ်လာလိုက်တာ ထင်တဲ့အတိုင်းပဲ အကြံတစ်ခုခုပါလာတယ်"
"သူကဘာပြောလို့လဲ"
"သူ့ကိုယ်သူတော့ ထယ်ဟျောင်းမိဘတွေကဖိအားပေးလို့ ဒီလိုလုပ်လိုက်ရတာဘာညာပေါ့ ဂျောင်ကုရော ဘယ်လိုထင်လဲ"
သူ့အထင်အမြင်ပြောရလောက်အောင် နှစ်ဦးနှစ်ဖက်အပေါ့ သူသိတဲ့အတိုင်းအတာကနည်းလွန်းတယ်။ ပြဿနာတွေအားလုံးကို ဥက္ကဌကိုမေးပြီးအတည်ပြုချင်သေးတယ်။ နောက် ဂန်အီသန်အကြောင်းကိုလဲစုံစမ်းချင်သေးတယ်။
"ကျတော်ဘာမှမပြောတတ်သေးဘူး ကျတော်အပြင်ခဏသွားလိုက်အုံးမယ် ဒေါက်တာ ဥက္ကဌကိုခဏကြည့်ပေးထားပါအုံး"
"ရပါတယ် သွားလေ"
.
.
.
"အစ်ကို အလုပ်မှာမလား ကျတော်လာခဲ့မလို့"
"အရေးကြီးလို့လား ကိုယ်လာခဲ့မယ်လေ"
"ကျတော်လာခဲ့မယ် ခဏနေရောက်မယ်"
ဒီအချိန်မှာအတွေးမိဆုံးက အစ်ကိုဟီးဆောင်းပဲ။ ဘာလုပ်သင့်တယ် ဘာလုပ်ရမယ်ဆိုတာ အစ်ကိုဟီးဆောင်းကတော့ အကြံကောင်းကောင်းပေးနိုင်လိမ့်မယ်။ သူလမ်းတွေပျောက်နေတဲ့အချိန်တိုင်း အနားမှာရှိပေးပြီး အားကိုးရတဲ့တစ်ဦးတည်းသောလူလေ။
သူရောက်သွားတော့ ကုမ္ပဏီအောက်ထပ်အထိဆင်းလာပြီး သူ့ကိုလာကြိုတဲ့အစ်ကိုဟီးဆောင်း။
"ဘာလို့အောက်အထိဆင်းလာတာလဲ ကျတော်လာခဲ့ပါမယ်ဆို"
"အရေးတကြီးပြောစရာရှိတယ်ထင်လို့ အလုပ်မှာဆိုတော့ အေးဆေးမပြောရပဲနေမယ် လာ ဒီနားကဆိုင်တစ်ခုကိုသွားရအောင်"
အရိပ်ပြအကောင်မြင်လွန်းပါသည်။ ဒေါ်လေးထက်ပင် သူ့စိတ်ကိုနားလည်လွန်းနေသည်က တကယ့်ကိုခက်လှသည်။ ဆိုင်ရောက်သည်နှင့် ဒိန်ချဉ်တစ်ခွက်နဲ့ စတော်ဘယ်ရီကိတ်တစ်ခုကသူအရှေ့ရောက်လာသည်။
" ဒိန်ချဉ်ကစိတ်ဖီးစီးမှူလျော့ကျစေတယ် ဘာမှမစားရသေးဘူးထင်လို့ ကိတ်ပါမှာလိုက်တာ အရင်စားလိုက် စားရင်းပြောလဲရတယ်"
"အစ်ကိုကဗျာ..."
သူမချိတင်ကဲဆိုတော့ အစ်ကိုကပြုံးသာကြည့်နေခဲ့လေသည်။ ဒီလူကို အခုလိုပိုင်ဆိုင်ထားရတာက အခြားသူတွေအတွက် တရားပါ့မလား။ ပြန်ချစ်မှာလဲမဟုတ်ပဲနဲ့ သူ့ကိုပဲကြည့်ပေးနေတဲ့အစ်ကို့ကို ဒီလိုပိုင်ဆိုင်ထားရတာက တရားပါ့မလား။ ပြန်မချစ်နိုင်တာက အစ်ကိုဖြစ်နေလို့ သိပ်ကိုအားနာရပါတယ်။
အကြောင်းတော်တော်များများကို အစ်ကို့ကိုဖွင့်ပြောပြီးနောက် အကြံတောင်းလေတော့
"ဂျောင်ကု ကင်မ်ထယ်ယောင်းဆုံးသွားတဲ့ကိစ္စကို မင်းစိတ်ထဲသိပ်မရှိသလိုပဲနော် ထယ်ဟျောင်းမတရားခံရတဲ့ကိစ္စကိုပဲ မင်းစိတ်ရောက်နေသလားလို့"
"ဗျာ... ဂန်အီသန်ဆိုတဲ့တစ်ယောက်ကြောင့် ကင်မ်ထယ်ယောင်းကမသေသင့်ပဲ သေသွားရတာလေ အဲ့တာကြောင့် ကျတော်သူ့ကိုမကျေမနပ်မဖြစ်သင့်ဘူးလား"
အစ်ကိုကတော့ သူ့စကားကိုမရေရာစောအကြည့်များဖြင့်သာ။ သူ့စိတ်ကဒီလိုပဲမဟုတ်ဘူးလား။ မောင်သေတာ ဂန်အီသန်ပယောဂကြောင့်ဟုတ်မဟုတ် အတည်ပြုပြီး လက်တုံ့ပြန်သင့်ရင်ပြန်ဖို့ပဲ။
"အခုက မင်းတို့အမြင်ပဲရှိသေးတာ ဂန်အီသန်ပါလို့စွပ်စွဲလို့မရသေးဘူး "
"အဲ့တာကြောင့် အစ်ကိုကစုံးစမ်းပေးပါအုံး နော် "
"တကယ်လို့ ဂန်အီသန်ဆိုတာသေချာသွားရင် မင်းဘာလုပ်မလဲ"
"လက်စားချေရမှာပေါ့"
"ကင်ထယ်ယောင်းအတွက်လား ဒါမှမဟုတ်လား တခြားတစ်ယောက်အတွက်လား"
အစ်ကို့မျက်ဝန်းတွေက သူ့ဆီကအဖြေတစ်ခုကိုရှာနေဟန်ရှိသည်။ ဒါကိုသူနက်နက်နဲနဲမတွေးချင်ပါ။ သူချစ်တဲ့မောင့်အတွက် လက်စားချေချင်တာပေါ့။ ဥက္ကဌက သူနဲ့ဘာဆိုင်လို့။
"သေချာပေါက်... ကင်မ်ထယ်ယောင်းအတွက်"
"ဟုတ်ပါ့မလား ကိုယ်ထင်တာတော့ မင်းကထယ်ယောင်းသေသွားတဲ့အပေါ် သိပ်ပြီးအာရုံးစိုက်တဲ့ပုံမပေါ်ဘူး"
"အစ်ကို ဘာတွေပြောနေတာလဲဗျာ မဟုတ်တာတွေ ကျတော်ပြန်လိုက်အုံးမယ် ဂန်အီသန်အကြောင်းစုံစမ်းပေးထားအုံး တောင်းဆိုပါတယ် နော်..."
လက်နှစ်ဖက်ဖြင့် တောင်းဆိုဟန်လေးပြုတော့ ချစ်စဖွယ်ယုန်သွားလေးတွေက အစီအရီ။ မငြင်းရက်ခဲ့ပေ။
ရာသီတွေပြောင်းနိုင်တယ်။
အချစ်တွေလဲပြောင်းနိုင်တယ်။
ဦးတည်ရာကတော့ သည်တစ်ခါလဲကိုယ့်ဆီမဟုတ်ပြန်ဘူး။
>>>>>♥
See you next part...
Zawgyi
ဥကၠဌအိပ္ေပ်ာ္သြားတာအေတာ္ေလးၾကာေတာ့မွ ေဂ်ာင္ကု အခန္းထဲကထြက္လာခဲ့သည္။ ဧည့္ခန္းထဲမွာ အီသန္ဆိုတဲ႔ေကာင္ေလး႐ွိမေနေတာ့။ ေဒါက္တာတစ္ေယာက္တည္းသာ ဖုန္းသုံးရင္းေစာင့္ေနခဲ့သည္။
"ျပန္သြားၿပီလား ေဒါက္တာ"
"အင္း ခုနေလးတင္ပဲ ထယ္ေဟ်ာင္းေရာ ဘယ္လိုေနေသးလဲ"
"အိပ္ေပ်ာ္သြားၿပီ ေဒါက္တာကျပန္သြားၿပီမဟုတ္ဘူးလား ဘယ္လိုလုပ္"
ေဒါက္တာက သက္ျပင္း႐ွည္ႀကီးခ်ကာ စားပြဲေပၚတင္ထားတဲ့ ေကာ္ဖီခြက္ကိုအကုန္ေမာ့လိုက္သည္။ ၿပီးမွ
"ျပန္ေတာ့မလို႔ပဲ အျပင္မွာရစ္သီရစ္သီလုပ္ေနတာနဲ႔ အေျခအေနသိရေအာင္ အိမ္ထဲေခၚလာလိုက္တာ ထင္တဲ့အတိုင္းပဲ အၾကံတစ္ခုခုပါလာတယ္"
"သူကဘာေျပာလို႔လဲ"
"သူ႔ကိုယ္သူေတာ့ ထယ္ေဟ်ာင္းမိဘေတြကဖိအားေပးလို႔ ဒီလိုလုပ္လိုက္ရတာဘာညာေပါ့ ေဂ်ာင္ကုေရာ ဘယ္လိုထင္လဲ"
သူ႔အထင္အျမင္ေျပာရေလာက္ေအာင္ ႏွစ္ဦးႏွစ္ဖက္အေပါ့ သူသိတဲ့အတိုင္းအတာကနည္းလြန္းတယ္။ ျပႆနာေတြအားလုံးကို ဥကၠဌကိုေမးၿပီးအတည္ျပဳခ်င္ေသးတယ္။ ေနာက္ ဂန္အီသန္အေၾကာင္းကိုလဲစုံစမ္းခ်င္ေသးတယ္။
"က်ေတာ္ဘာမွမေျပာတတ္ေသးဘူး က်ေတာ္အျပင္ခဏသြားလိုက္အုံးမယ္ ေဒါက္တာ ဥကၠဌကိုခဏၾကည့္ေပးထားပါအုံး"
"ရပါတယ္ သြားေလ"
.
.
.
"အစ္ကို အလုပ္မွာမလား က်ေတာ္လာခဲ့မလို႔"
"အေရးႀကီးလို႔လား ကိုယ္လာခဲ့မယ္ေလ"
"က်ေတာ္လာခဲ့မယ္ ခဏေနေရာက္မယ္"
ဒီအခ်ိန္မွာအေတြးမိဆုံးက အစ္ကိုဟီးေဆာင္းပဲ။ ဘာလုပ္သင့္တယ္ ဘာလုပ္ရမယ္ဆိုတာ အစ္ကိုဟီးေဆာင္းကေတာ့ အၾကံေကာင္းေကာင္းေပးႏိုင္လိမ့္မယ္။ သူလမ္းေတြေပ်ာက္ေနတဲ့အခ်ိန္တိုင္း အနားမွာ႐ွိေပးၿပီး အားကိုးရတဲ့တစ္ဦးတည္းေသာလူေလ။
သူေရာက္သြားေတာ့ ကုမၸဏီေအာက္ထပ္အထိဆင္းလာၿပီး သူ႔ကိုလာႀကိဳတဲ့အစ္ကိုဟီးေဆာင္း။
"ဘာလို႔ေအာက္အထိဆင္းလာတာလဲ က်ေတာ္လာခဲ့ပါမယ္ဆို"
"အေရးတႀကီးေျပာစရာ႐ွိတယ္ထင္လို႔ အလုပ္မွာဆိုေတာ့ ေအးေဆးမေျပာရပဲေနမယ္ လာ ဒီနားကဆိုင္တစ္ခုကိုသြားရေအာင္"
အရိပ္ျပအေကာင္ျမင္လြန္းပါသည္။ ေဒၚေလးထက္ပင္ သူ႔စိတ္ကိုနားလည္လြန္းေနသည္က တကယ့္ကိုခက္လွသည္။ ဆိုင္ေရာက္သည္ႏွင့္ ဒိန္ခ်ဥ္တစ္ခြက္နဲ႔ စေတာ္ဘယ္ရီကိတ္တစ္ခုကသူအေ႐ွ႕ေရာက္လာသည္။
" ဒိန္ခ်ဥ္ကစိတ္ဖီးစီးမႉေလ်ာ့က်ေစတယ္ ဘာမွမစားရေသးဘူးထင္လို႔ ကိတ္ပါမွာလိုက္တာ အရင္စားလိုက္ စားရင္းေျပာလဲရတယ္"
"အစ္ကိုကဗ်ာ..."
သူမခ်ိတင္ကဲဆိုေတာ့ အစ္ကိုကျပဳံးသာၾကည့္ေနခဲ့ေလသည္။ ဒီလူကို အခုလိုပိုင္ဆိုင္ထားရတာက အျခားသူေတြအတြက္ တရားပါ့မလား။ ျပန္ခ်စ္မွာလဲမဟုတ္ပဲနဲ႔ သူ႔ကိုပဲၾကည့္ေပးေနတဲ့အစ္ကို႔ကို ဒီလိုပိုင္ဆိုင္ထားရတာက တရားပါ့မလား။ ျပန္မခ်စ္ႏိုင္တာက အစ္ကိုျဖစ္ေနလို႔ သိပ္ကိုအားနာရပါတယ္။
အေၾကာင္းေတာ္ေတာ္မ်ားမ်ားကို အစ္ကို႔ကိုဖြင့္ေျပာၿပီးေနာက္ အၾကံေတာင္းေလေတာ့
"ေဂ်ာင္ကု ကင္မ္ထယ္ေယာင္းဆုံးသြားတဲ့ကိစၥကို မင္းစိတ္ထဲသိပ္မ႐ွိသလိုပဲေနာ္ ထယ္ေဟ်ာင္းမတရားခံရတဲ့ကိစၥကိုပဲ မင္းစိတ္ေရာက္ေနသလားလို႔"
"ဗ်ာ... ဂန္အီသန္ဆိုတဲ့တစ္ေယာက္ေၾကာင့္ ကင္မ္ထယ္ေယာင္းကမေသသင့္ပဲ ေသသြားရတာေလ အဲ့တာေၾကာင့္ က်ေတာ္သူ႔ကိုမေက်မနပ္မျဖစ္သင့္ဘူးလား"
အစ္ကိုကေတာ့ သူ႔စကားကိုမေရရာေစာအၾကည့္မ်ားျဖင့္သာ။ သူ႔စိတ္ကဒီလိုပဲမဟုတ္ဘူးလား။ ေမာင္ေသတာ ဂန္အီသန္ပေယာဂေၾကာင့္ဟုတ္မဟုတ္ အတည္ျပဳၿပီး လက္တု႔ံျပန္သင့္ရင္ျပန္ဖို႔ပဲ။
"အခုက မင္းတို႔အျမင္ပဲ႐ွိေသးတာ ဂန္အီသန္ပါလို႔စြပ္စြဲလို႔မရေသးဘူး "
"အဲ့တာေၾကာင့္ အစ္ကိုကစုံးစမ္းေပးပါအုံး ေနာ္ "
"တကယ္လို႔ ဂန္အီသန္ဆိုတာေသခ်ာသြားရင္ မင္းဘာလုပ္မလဲ"
"လက္စားေခ်ရမွာေပါ့"
"ကင္ထယ္ေယာင္းအတြက္လား ဒါမွမဟုတ္လား တျခားတစ္ေယာက္အတြက္လား"
အစ္ကို႔မ်က္ဝန္းေတြက သူ႔ဆီကအေျဖတစ္ခုကို႐ွာေနဟန္႐ွိသည္။ ဒါကိုသူနက္နက္နဲနဲမေတြးခ်င္ပါ။ သူခ်စ္တဲ့ေမာင့္အတြက္ လက္စားေခ်ခ်င္တာေပါ့။ ဥကၠဌက သူနဲ႔ဘာဆိုင္လို႔။
"ေသခ်ာေပါက္... ကင္မ္ထယ္ေယာင္းအတြက္"
"ဟုတ္ပါ့မလား ကိုယ္ထင္တာေတာ့ မင္းကထယ္ေယာင္းေသသြားတဲ့အေပၚ သိပ္ၿပီးအာ႐ုံးစိုက္တဲ့ပုံမေပၚဘူး"
"အစ္ကို ဘာေတြေျပာေနတာလဲဗ်ာ မဟုတ္တာေတြ က်ေတာ္ျပန္လိုက္အုံးမယ္ ဂန္အီသန္အေၾကာင္းစုံစမ္းေပးထားအုံး ေတာင္းဆိုပါတယ္ ေနာ္..."
လက္ႏွစ္ဖက္ျဖင့္ ေတာင္းဆိုဟန္ေလးျပဳေတာ့ ခ်စ္စဖြယ္ယုန္သြားေလးေတြက အစီအရီ။ မျငင္းရက္ခဲ့ေပ။
ရာသီေတြေျပာင္းႏိုင္တယ္။
အခ်စ္ေတြလဲေျပာင္းႏိုင္တယ္။
ဦးတည္ရာကေတာ့ သည္တစ္ခါလဲကိုယ့္ဆီမဟုတ္ျပန္ဘူး။
>>>>>♥
You are reading the story above: TeenFic.Net