Part 20
Background color
Font
Font size
Line height
Unicode
"ခင်ဗျားသတိရလာပြီလား"
ကုတင်ပေါ်မှာလှဲရက်သားကနေ ထဖို့ကြိုးစားနေတဲ့လူကို ကူပေးပြီး သက်တောင့်သက်သာရှိအောင် ကျော်ဘက်ကိုခေါင်းအုံးခုထားပေးလိုက်သည်။ ပါးတီးအဖွေးသားဖြစ်နေတဲ့ ခြေထောက်တွေကိုနားမလည်သလိုကြည့်နေတာကြောင့်
"မနေ့ညက ဟိုအပေါ်ကဓာတ်ပုံကျကွဲပြီး ခြေထောက်ကိုစိုက်ကုန်တာ နည်းနည်းများလို့ ဥက္ကဌသွားရလွယ်အောင် အတွင်းရေးမှူးချွဲက ဝှီးလ်ချဲထားပေးသွားတယ်"
အချိန်ပြည့်အထီးကျန်နေတတ်တဲ့မျက်ဝန်းတွေကို သူတစ်ဖြည်းဖြည်းခံစားတတ်လာခဲ့ပြီ။ သူ့အရှေ့ကထိုလူကို သူနားလည်စပြုလာပြီ။
"ကျေးဇူးပဲ ဂျောင်ကု... "
"ကျတော် အလုပ်ထွက်တော့မယ်"
"ဟမ်! ဘာဖြစ်လို့လဲ ကိုယ်တစ်ခုခုများအမှားလုပ်မိလို့လား"
ဥက္ကဌရဲ့မျက်ဝန်းတွေက လူတစ်ယောက်အလွယ်တကူလှည့်စားလို့ရအောင်ကို တကယ်အကြည်လေး။ မောင်သာဆိုရင် ဘယ်တော့မှခံစားချက်တွေကို ထုတ်ပြမှာမဟုတ်ဘူး။ ဘုရား။ အခုတလော မောင်နဲ့ဥက္ကဌကို ခဏခဏကိုယှဉ်ပြီးတွေးမိနေတာပဲ။ အဲ့လိုမဖြစ်သင့်တာကို။
"အဲ့လိုမဟုတ်ပါဘူး အမှန်တိုင်းပြောရရင် ကျတော် အလုပ်ဝင်တယ်ဆိုတာက လူတစ်ယောက်ကြောင့်လေ
အခု သူကလဲမရှိတော့ဘူးဆိုတော့ ကျတော်အလုပ်လုပ်စရာ အကြောင်းမရှိတော့ဘူး"
သူ့စကားအဆုံးငြိမ်ကျသွားတဲ့ ဥက္ကဌ။ ဘာတွေများတွေးနေလိမ့်မလဲ။ ကောင်းတဲ့အတွေးတွေပဲရှိရင်ကောင်းမယ်။ နေပါအုံး ကောင်းတာပဲတွေးတွေး ဆိုးတာပဲတွေးတွေး ငါနဲ့ဘာဆိုင်လို့လဲ။ ဪ အခုမှနေပြန်ကောင်းကာစဆိုတော့ ကောင်းတာပဲတွေးသင့်တာပေါ့။
"အားလုံးကိုသိသွားပြီလား အဲ့တာကြောင့်ထွက်သွားမယ်လို့ ပြောတာလား"
"ဆိုပါတော့"
"အင်းပါ အဲ့လိုဆိုတော့လဲ သဘောပါ "
ဘာလဲဟ reactionကမမိုက်လိုက်တာ။
"အဟမ်း ခင်ဗျားခြေထောက်ကမကောင်းသေးဘူးဆိုတော့ ကျတော်ကူညီ"
"မဟုတ်တာပဲ အလုပ်ထွက်သွားတဲ့လူကို ဘယ်လိုလုပ်ပြီးကူညီခိုင်းရမလဲ ရပါတယ် ကိစ္စမရှိဘူး ကိုယ့်ဘာသာဂရုစိုက်နိုင်ပါတယ်"
"ဘယ်လို"
ဘာလဲ။ သူကကူညီပေးပါမယ်ပြောတာတောင် ငြင်းနေတာလား။
"Ting Tong~~~"
စိတ်ရှိတိုင်းဆုံးဖြတ်လို့မရဘူး ဂျောင်ကု။ သူကလူနာ။
"ဘယ်သူလဲသွားကြည့်လိုက်အုံးမယ် ပြီးမှခင်ဗျားနဲ့ဆက်ပြောမယ်"
တံခါးအရှေ့မှာမျက်နှာထားတည်တည်နဲ့ပြန်ရောက်လာတဲ့ ဒေါက်တာဆိုသူ။
"အယ် ဒေါက်တာပြန်သွားပြီမဟုတ်ဘူးလား"
သူ့အထင်ဒေါက်တာတစ်ယောက်တည်းထင်သော်လည်း ဒေါက်တာအနောက်မှာရှိနေတဲ့ ဖြူစွတ်စွတ်ရုပ်ရည်နဲ့လူတစ်ယောက်။ သူနဲ့တောင် ခပ်ဆင်ဆင်ရယ်။
"နောက်ကဘယ်သူလဲ ဒေါက်တာ"
ကြိုတွေးပြီးသားကိစ္စတွေဆိုပေမဲ့ ထယ်ဟျောင်း သတ္တိနည်းပါသည်။ သူ့ကိုမုန်းနေပြီလားဆိုတာလဲ သိချင်ပေမဲ့ မမေးနိုင်ခဲ့ဘူး။ ဆွဲထားချင်ပေမဲ့လဲ တစ်ဖက်လူကပင်ပန်းခဲ့ရင်...။ မင်းကိုမရူးသွပ်လိုက်ချင်ဘူး။ နောက်ဆုံး လက်လွှတ်လိုက်ရရင် ကိုယ်ပဲရူးရမှာ။ အခုကတည်းက ဒီအတိုင်းအတာနဲ့ရပ်လိုက်တာပဲ အကောင်းဆုံးရွေးချယ်မှုဖြစ်မယ်ထင်တယ်။
"ကင်မ်ထယ်ဟျောင်း ခင်ဗျားဧည့်သည်လာတယ်"
ဒီအိမ်ကိုအတွင်းရေးမှူးချွဲနဲ့ ဒေါက်တာကလွဲပြီး ဘယ်သူမှမသိတာကို။ အခုတော့ ကောင်လေးရောပေါ့။ ဘယ်သူများလဲ ဧည့်သည်က။ မဟုတ်မှ အဖေသိသွားတာလား။ ကောင်လေးအနောက်ကွယ်နေတဲ့လူ အရှေ့ကိုထွက်လာချိန်မှာတော့ ထယ်ဟျောင်း နှလုံးသားဆစ်ခနဲဖြစ်သွားရသည်။ အဖေဆိုရင်တောင် သူဒီလောက်မကြိုဆိုမိမှာမဟုတ်ဘူး။
"ကိုကို..."
"မင်းထွက်သွား မင်းကိုဒီကမကြိုဆိုဘူး ထွက်သွားစမ်း အီသန် ငါ့မျက်စိရှေ့က!!"
"ကိုကို..."
>>>>>♥
ဒီလောက်နဲ့ပဲဖျက်ချလိုက်ပါမယ်။ နောက်အပိုင်းမှာတွေ့ကြမယ်။ အားလုံးပဲ ဂရုစိုက်ကြပါဗျ။
zawgyi
"ခင္ဗ်ားသတိရလာၿပီလား"
"ကျေးဇူးပဲ ဂျောင်ကု... "
"ဆိုပါတော့"
"ဘယ်လို"
"Ting Tong~~~"
"ကိုကို..."
"ကိုကို..."
>>>>>♥
You are reading the story above: TeenFic.Net