Part 1
Background color
Font
Font size
Line height
Unicode
အနီးဆုံးကိုလဲသွားခဲ့ဖူးပြီ။ ဆက်သွယ်ဖို့်လဲကြိုးစားခဲ့ပြီးပြီ။ အဆုံးလေ မသင့်တော်တြဲ့မာယာတစ်ချို့ထုတ်သုံးဖို့တောင်ပြင်ခဲ့ပေမဲ့ အဲ့ဒီ့လူကလေ …။ရက်ချီပါတယ်။ လအချို့လဲကြာခဲ့တယ်။ ဂျောင်ကု လက်ချောင်းလေးတွေ လေပေါ်‌ြမှောက်လို့ ချိုးကာရေတွက်ကြည့်လိုက်တယ်။ အနီးဆုံးလဲသွားခဲ့ဖူးပြီ။ ဆက်သွယ်ဖို့လဲကြိုးစားခဲ့ပြီးပြီ။ မသုံးသင့်တဲ့ မာယာတစ်ချို့တောင်
လေး…ငါး…ခြောက်…အင်း…။ ပင့်သက်တစ်ချက်ရှိုက်သွင်းလို့ ဒီလတွေအတွင်း ဘယ်လောက်တောင် သရုပ်ပျက်ခဲ့ရသလဲ။ ခြောက်လဆိုတဲ့ကာလရှည်ကြီးမှာ ဒီလူသားအားအရှင်လတ်လတ်ချစ်ခွင့်ပန်ဖို့အတွက် ရှိသမျှဘဲတွေစော်တွေ အကုန်ပစ်ပြီးလိုက်ခဲ့တာတောင် အင်းလေ… တိုးတော့လဲတိုးတက်ပါရဲ့။ ရွံစရာကောင်ဆိုတဲ့နာမည်လေးရယ်…၊ စိတ်ပျက်ဖို့ကောင်းလိုက်တာလို့ ညည်းညူတတ်တဲ့ ဝေါဟာရလေးတွေအကြိမ်ရေများလာတာပေါ့။
လိမ်နေတာမဟုတ်ဘူး။ ဟန်ဆောင်နေတာလဲမဟုတ်ဘူး။ တကယ်ကို ခါးခါးသီးသီးကိုမုန်းနေခဲ့တာ။အဲ့ဒီ့လူကျတော့်ကို အားမနာတမ်းခေါ်တဲ့နာမ်စားလေးတစ်ခုရှိသေးတယ်။ ငပွေကောင်တဲ့။ ကျတော်တွေးကြည့်ဖူးတယ်။ အဲ့ဒီ့လူဘာလို့ ကျတော့်ကိုသေလောက်အောင်မုန်းနေရသလဲဆိုတာကိုလေ။ စတွေ့ပါပြီဆိုကတည်းက အရှိန်အဝါတစ်ခုနဲ့ ရင်ထဲကိုနေရာလာယူသွားတဲ့ အဲ့ဒီ့လူအပေါ် ကျတော်ဘက်က မသိစိတ်နဲ့တောင် နစ်နာအောင်မလုပ်ခဲ့တာ။ ကျတော်တရားဝင်မနှောက်ယှက်မိခင်အထိပေါ့လေ။
တကယ်ဆိုရင် ပထမဆုံးအကြိမ်တွေ့ကတည်း အဲ့ဒီ့လူဘက်ကကျတော့်ကို သိနေပြီးသား။ မုန်းနေခဲ့ပြီးသားပဲ။ ဒါကိုမရိပ်မိတဲ့ ကျတော်ကသာ အ‌ြခေအနေတွေပိုဆိုးအောင် ဖန်တီးသလိုဖြစ်နေခဲ့တာမလား။
နဖူးပေါ်တင်ထားတဲ့လက်ကိုပြန်ချပြီး အိပ်ရာပေါ် ငုတ်တုတ်ထထိုင်မိတယ်။ အခုက လှဲပြီးအသည်းကွဲနေရမဲ့အချိန်မှမဟုတ်တာပဲ။
အချစ်ကိုရှာချင်လို့ ရည်းစားတွေထည်လဲမကတွဲတယ်။ ‌
တွေ့တဲ့အချစ်က ကိုယ့်ကိုမုန်းတယ်။
မချစ်ရင်တော့နေပါ။ အမုန်းခံနဲ့ တစ်သက်ဆွေးမနေချင်ပါဘူး။
ဝေးအောင်မနေနိုင်တဲ့သူမို့ ခပ်လှမ်းလှမ်းနေရာလေးကို ကျတော်ရှာကြည့်ပါအုံးမယ် အဲ့ဒီ့လူရယ်…။
ကုတင်ဘေးက အလင်းမဲ့နေတဲ့ဖုန်းကိုကောက်ကိုင်ကာ ကင်ဟီးဆောင်းဆိုသောလူဆီခေါ်လိုက်သည်။ တတူတူအသံသည် ငါးစက္ကန့်ပင်မကြာ ဂျောင်ကုဆိုသောရွှင်ရွှင်ပျပျအသံကို ကြားလိုက်ရသည်။
အဲ့ဒီ့လူကတကယ်အရူးပါဆို။ ကျတော်နဲ့ပတ်သတ်ရင် သေးသေးမွှားမွှားလေးကအစ အလေးထားတတ်လွန်းတဲ့အရူးလေ။
“ ကျတော်နဲ့ခဏလောက်တွေ့ရအောင်လေ အကိုအခုဘယ်မှာလဲ ကျတော်လာတွေ့မယ်…”
“ကိုယ်လာခဲ့မယ်လေ လိပ်စာလေးပဲပို့ထားပေး”
“ဟုတ်ကဲ့”
ကျတော်မငြင်းချင်ခဲ့ပါ။ ဒါဟာ သူမေတ္တာတွေလေ။  အဲ့ဒီ့လူဆီကတော့ ဒီတစ်သက်ရပါ့မလားမသိတဲ့ မေတ္တာတွေလေ။ အခုလိုအကိုဟီးဆောင်းနဲ့တွေ့ခြင်းက အဲ့ဒီ့လူအပေါ် ဖောက်ပြန်နေမိသလားရယ်လို့တော့ ကျတော်အတွေးမလွန်ချင်။ ဘာလို့ဆို ချစ်ခြင်းနိယာမအရတော့ အကိုဟီးဆောင်းအပေါ် ဘာခံစားချက်မှမရှိလို့ပဲ။ အဲ့ဒီ့လူက ကျတော်တစ်နေ့တာ လုပ်ဆောင်မှုတွေအပေါ် သိပ်ကိုလွှမ်းမိုးတတ်တာ။ တစ်ရက်တာရဲ့အစကစလို့ ညအတွေးတွေအပြည့်နဲ့ အိပ်ပျော်သွားတဲ့အချိန်အထိ အဲ့ဒီ့လူဟာ နာမ်စားတစ်လုံးနဲ့စိုးမိုးတယ်။ မောင်တဲ့လေ…။ ကျတော် နင့်နင့်နဲနဲခေါ်ချင်မိတဲ့နာမ်စားကို စိတ်ထဲမှာထပ်နေအောင် စွဲနေအောင်ကိုခေါ်တယ်။ အပြင်မှာတော့ ကျတော့်နာမ်စားလေးကို ငြိုငြင်မှာစိုးတဲ့စိတ်‌ြကောင့် ယောင်လို့တောင်မခေါ်မိအောင် အဲ့ဒီ့လူဆိုတာနဲ့စည်းတားရပါတယ်။ အဲ့ဒီ့လူဆိုတာလေ VITON brandရဲ့ လုပ်ငန်းရှင် လူကြီးလူကောင်းကြီး လူအများရဲ့ ဥက္ကဌကင်မ် ကင်မ်ထယ်ယောင်းပါတဲ့လေ…။
“မတွေ့ဖြစ်တာအတော်ကြာပြီနော် ဘယ်တွေရောက်နေတာလဲ”
Banna milkshake ဘူးလေးသူ့လက်ထဲထည့်ပေးပြီး အကိုကမေးလေတော့ ဂျောင်ကု အကို့မျက်နှာသွယ်သွယ်ကို ငေးကြည့်မိသည်။ ခပ်ပါးပါးပြုံးလျက် သူ့ကိုတစ်ပြန်ငေးကြည့်နေတဲ့ အကို့မျက်နှာက
စမ်းချောင်းလေးစီးဆင်းနေသလို သဘာဝဆန်ဆန်လေး။ နွေးထွေးပြီးလုံခြုံတယ်။ ပျိုတိုင်းကြိုက်ပေမဲ့ ပြန်မချစ်နိုင်တဲ့ ကျတော့်အနားပဲ မငြိုမငြင်ကပ်နေသူအား ဂျောင်ကုကိုယ်တိုင်လဲလိုလိုလားလားလက်ခံခဲ့တယ်။
“အိမ်မှာပဲလေ ပျင်းတာနဲ့ တစ်နေကုန်ခွေနေတာ”
“အဟင်း”
မုသားတွေဆိုလဲ သိသိရက်နဲ့ပြုံးနားထောင်ပြီး သူ့ကိုကလေးတစ်ယောက်လို အလိုလိုက်ပေးတတ်သေးတာ။
“ပျင်းတာများ ကိုယ့်ကိုခေါ်လိုက်ရောပေါ့”
“အကိုကအချိန်ပြည့်အားနေတာမှမဟုတ်တာ ကျတော်ကအချိန်ပြည့်ပျင်းနေတာ ဘယ်လိုလုပ်မလဲ အဲ့တော့”
“ဒါပေမဲ့ မင်းအတွက်ဆိုရင်တော့…”
“ကျတော့်အတွက်ဆိုရင်ဘာဖြစ်လဲ”
ပြီတီတီမျက်နှာပေးနဲ့ အကိုနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် ကိုယ်ကိုစောင်းလိုက်တဲ့အခါ ထင်တဲ့အတိုင်း နားရွက်ရဲရဲလေးတွေကို ဖမ်းမိလိုက်သည်။ အကိုဟီးဆောင်းက ရိုမန့်မရ။ အနုအရွတွေနဲ့ သူ့ရဲ့ချစ်ခြင်းတွေကိုမဖော်ပြတတ်ပေ။ ချစ်စကားကြိုက်စကားတွေ‌ြပေါတော့မည်ဆိုလျှင် နားရွက်ရှည်ရှည်လေးတစ်စုံက ရဲရဲနီလာတတ်သည်။
‌ြပေါလက်စကိုဆက်မ‌ြပေါတော့ပဲ သူစနေမှန်းသိတာနဲ့ အရှက်‌ြပေရယ်သာနေတော့သည်။
အကိုပခုံးအကျော်ကနေ အဲ့ဒီ့လူဒီဘက်လျှောက်လာတာကို တွေ့ရသည်။ maskတစ်ခုအုပ်လျှက် ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းကာ ပုံမှန်လေးလျှောက်လာနေသည်။ ဘာတွေနဲ့ဖုံးကွယ်ထားမှ ကျတော့်နှလုံးသားဆီက ခင်ဗျားကိုတွေ့နိုင်မလဲ။ အထက်တန်းကျောင်းသားလေးတစ်ယောက် စက်ဘီးကိုမိုင်ကုန်နင်းချလာသည်။ လမ်းပေါ်မှ ကားတစ်စီးကရုတ်တရက်အဲ့ဒီ့လူနားကပ်မောင်းဖို့ပြင်နေသည်။ ထိုစဉ် နောက်ကဝင်လာတဲ့ အထက်တန်းကျောင်းသားလေးမှာ ဟန်ချက်ပျက်သွားရကာ အဲ့ဒီံလူဆီတည့်တည့်ဝင်လာလေသည်။ အများကြီးစဉ်းစားချိန်မရ။ မျက်နှာချင်းဆိုင်က အကို့ကိုတွန်းတိုက်လို့ အဲ့ဒီံလူကိုဆွဲလှည့်ပြီး လမ်းတစ်ဖက်ဆီ ကပ်ရှောင်လိုက်ရသည်။ အထက်တန်းကျောင်းသားလေးကတော့ တောင်းပန်‌ြကောင်း ခပ်ကျယ်ကျယ်အော်ပြီး အလောတကြီးမောင်းထွက်သွားသည်။ ကားဆရာကတော့ ပြန်တောင်မကြည့်။ အ‌ြခေအနေတွေကိုသုံးသပ်ပြီးမှ အဲ့ဒလူဘက်မျက်နှာလှည့်မိသည်။
ဘုရား… ငါ အဲ့ဒီံလူရင်ခွင်ထဲမှာဟ!။
Zawgyi
“ဟုတ်ကဲ့”
“အဟင်း”
‌ပြေါလက်စကိုဆက်မ‌ပြေါတော့ပဲ သူစနေမှန်းသိတာနဲ့ အရှက်‌ပြေရယ်သာနေတော့သည်။
You are reading the story above: TeenFic.Net