Intro

Background color
Font
Font size
Line height

Unicode version

"play boyဆိုတာ အပေါစားဘဝင်မြင့်နေတဲ့ယောကျ်ားတွေအတွက်ပဲ"

အနိမ့်အမြင့်အတက်အကျညီတဲ့အသံဩဩက ကျတော်ထိုင်ရာစားပွဲဆီညွှန်းနေသလို ဝေ့ခနဲ။ စိတ်ဆောင်ရာကြည့်မိလေတော့ လူငယ်ပိုင်းအမျိုးသားသုံးဦးထိုင်နေတဲ့ဝိုင်းကထွက်လာတာပင်။
ကျတော့်ကိုကျောပေးထားတဲ့အမျိုးသားတစ်ဦးက အနည်းငယ်နေရာရွေ့လိုက်လေတော့မှ ရှပ်လက်ရှည်ဆင်စွယ်ရောင်နဲ့လိုက်ဖက်လှစွာ သော အမျိုးသားတစ်ဦးသည် ကျတော့်အားခပ်စူးစူးကြည့်နေခဲ့လေသည်။
အလို... ကျတော် သူ့အပေါ်ဘာအမှားများလုပ်ခဲ့မိလို့လဲ။

"အချစ်ရဲ့အတိမ်အနက်ကို ဇကောလောက်တောင်ဇောက်မနက်တဲ့အသိလေးနဲ့ မျောက်အုန်းသီးရသလိုပျော်ပါးနေကြတာ ရုပ်ကလေးဗန်းပြလို့ပေါ်ပင်လုပ်နေတဲ့ကောင်တွေကို မင်းတို့တပ်ပေးတဲ့ဂုဏ်ပုဒ်ကြီးကကြီးလွန်းမနေဘူးလား"

ကျတော့်မျက်လုံးတွေကိုစေ့စေ့ကြည့်ကာ ပြောခဲ့ပြီးမှ တစ်ဖက်သို့လှည့်သွားတာပင်။ စကားလုံးတိုင်းသည်ကျတော့်ကို ရည်ရွယ်ခဲ့သော်လည်း ထိုအချိန်က ဆက်ဆက်ထိမခံတတ်သောဂျွန်ဂျောင်ကုသည် မရှိခဲ့သလို စိတ်တိုရမှန်းမသိအောင်ပင် ကျတော်သိမ်ငယ်နေမိခဲ့သည်။ မျက်ရည်များကျရလောက်တဲ့အထိတော့ ကျတော်ဝမ်းမနည်းခဲ့။ ထိုမျှနီးနီးသာ။

ထိုနေ့က ကျတော်မောင့်ကိုစတွေ့ခဲ့သည့် ပထမဆုံးနေ့ပင်ဖြစ်သည်။
မောင်သည် ကျတော့်အတွက်ထူးခြားသည်။ ကျတော်သည်လည်း မောင့်အတွက်ထူးခြားခဲ့ပေလိမ့်မည်။ သို့သော်မတူညီသောပုံစံဖြစ်နေရုံသာ။ ဒုတိယအကြိမ် မိုးရေထဲကမောင့်ကိုတွေ့သည်မှစ၍ မောင်သည် ကျတော့်၏စိတ်နှလုံးထဲ နင့်နင့်နဲနဲကိုနေရာယူပစ်လိုက်ပြီဖြစ်ကြောင်း ကျတော်သိခဲ့သည်။ ထိုနေ့ကစနေနေ့ဖြစ်သည်။ တစ်နေကုန်မိုးဆွေတတ်သည်ကို ပေါ့လျော့ခဲ့တဲ့ ကျတော်က သူငယ်ချင်းအိမ်ဝယ်ထီးကိုမေ့လျော့ခဲ့မိသည်။ ထိုအတွက်အကျိုးဆက်ကတော့ အပြန်ကော်ဖီဆိုင်ကိုဝင်ပြီး အထွက်မှာမိုးတွေသည်းသည်းမည်းမည်းရွာချတာပဲ။ အဲ့ဒီ့အချိန် ရုပ်ရှင်တွေထဲကလို မောင်နဲ့အမှတ်မထင်ဆုံသည်။ မောင်လဲအိမ်ပြန်မလို့ထင်ပါရဲ့။ ထိုအခါမှ ကော်ဖီဆိုင်ထဲမှာ မောင့်ကိုမတွေ့မိခဲ့တဲ့ ကိုယ့်မျက်လုံးကိုအံ့ဩရသည်။

လျှပ်စီးတဝင်းဝင်းနဲ့မိုးရေထဲမသွားရဲလောက်တဲ့အထိ ကျတော်ကမိုးရေမကြောက်ပေမဲ့ မောင်နဲ့တွေ့တော့ ကြောက်ချင်လာသည်။

"ဒီမှာခင်ဗျ ကျတော်ဟိုမှတ်တိုင်လေးအနားထိပဲ ထီးနဲ့လမ်းကြုံလိုက်လို့ရမလားဟင် ကျတော့်မှာထီးမပါလို့"

ပုံမှန်နေ့တွေလိုဟန်ဆောင်ခြင်းမရှိပဲ ကျတော်အမှန်စင်စစ်မျှော်လင့်ခဲ့သည်။

"ဒါဆိုလဲ ဆိုင်မှာမိုးတိတ်တဲ့အထိစောင့်လိုက်ပါ အားတော့နာပါတယ် သွားခွင့်ပြုပါအုံး"

မောင်သည်အားနာတယ်ပြောနေသော်လည်း အားနာတတ်ပုံမရပါ။

"ဟိုလေ ကျတော်ကားငှါးရမှာမလို့ပါ တတ်နိုင်ရင်ကူညီပါလား"

မောင်ကအလိုက်မသိတတ်ရန်ကောဟူသည့်အဓိပ္ပါယ်နှင့် ကြည့်လာသည့်အခါ ကျတော်သိမ်ငယ်စွာပင် မျက်နှာလွှဲလိုက်မိသည်။

"ဒါဆိုလဲ ထီးကိုယူထားလိုက် ပြန်မပေးနဲ့တော့"

"ဗျာ"

ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် မောင်သည်ကျတော်နဲ့အတူသွားချင်ပုံမရပေ။ ကျတော့်ထံထီးပေးကာ မိုးရွာထဲထွက်ပြေးချင်ပုံရသည်။ သည်လိုဆိုမှတော့ ကျတော်ဆက်ပြီးခေါင်းမမာလို့တော့ပေ။ မောင့်ထံ မလိုတော့ကြောင်းပြော၍ မိုးရွာထဲဟန်ဆောင်ပန်ဆောင်ကလေး ပြေးခဲ့တော့၏။ မောင့်ကွယ်ရာတွင်တော့ မိုးရွာထဲ ခပ်ဆွေးဆွေးကလေးလျှောက်ချင်လျှောက်ခဲ့မိပါလိမ့်မည်။

Zawgyi version

"play boyဆိုတာ အေပါစားဘဝင္ျမင့္ေနတဲ့ေယာက်္ားေတြအတြက္ပဲ"

အနိမ့္အျမင့္အတက္အက်ညီတဲ့အသံဩဩက က်ေတာ္ထိုင္ရာစားပြဲဆီၫႊန္းေနသလို ေဝ့ခနဲ။ စိတ္ေဆာင္ရာၾကည့္မိေလေတာ့ လူငယ္ပိုင္းအမ်ိဳးသားသုံးဦးထိုင္ေနတဲ့ဝိုင္းကထြက္လာတာပင္။
က်ေတာ့္ကိုေက်ာေပးထားတဲ့အမ်ိဳးသားတစ္ဦးက အနည္းငယ္ေနရာေရြ႔လိုက္ေလေတာ့မွ ႐ွပ္လက္႐ွည္ဆင္စြယ္ေရာင္နဲ႔လိုက္ဖက္လွစြာ ေသာ အမ်ိဳးသားတစ္ဦးသည္ က်ေတာ့္အားခပ္စူးစူးၾကည့္ေနခဲ့ေလသည္။
အလို... က်ေတာ္ သူ႔အေပၚဘာအမွားမ်ားလုပ္ခဲ့မိလို႔လဲ။

"အခ်စ္ရဲ႕အတိမ္အနက္ကို ဇေကာေလာက္ေတာင္ေဇာက္မနက္တဲ့အသိေလးနဲ႔ ေမ်ာက္အုန္းသီးရသလိုေပ်ာ္ပါးေနၾကတာ ႐ုပ္ကေလးဗန္းျပလို႔ေပၚပင္လုပ္ေနတဲ့ေကာင္ေတြကို မင္းတို႔တပ္ေပးတဲ့ဂုဏ္ပုဒ္ႀကီးကႀကီးလြန္းမေနဘူးလား"

က်ေတာ့္မ်က္လုံးေတြကိုေစ့ေစ့ၾကည့္ကာ ေျပာခဲ့ၿပီးမွ တစ္ဖက္သို႔လွည့္သြားတာပင္။ စကားလုံးတိုင္းသည္က်ေတာ့္ကို ရည္ရြယ္ခဲ့ေသာ္လည္း ထိုအခ်ိန္က ဆက္ဆက္ထိမခံတတ္ေသာဂြၽန္ေဂ်ာင္ကုသည္ မ႐ွိခဲ့သလို စိတ္တိုရမွန္းမသိေအာင္ပင္ က်ေတာ္သိမ္ငယ္ေနမိခဲ့သည္။ မ်က္ရည္မ်ားက်ရေလာက္တဲ့အထိေတာ့ က်ေတာ္ဝမ္းမနည္းခဲ့။ ထိုမွ်နီးနီးသာ။

ထိုေန႔က က်ေတာ္ေမာင့္ကိုစေတြ႔ခဲ့သည့္ ပထမဆုံးေန႔ပင္ျဖစ္သည္။
ေမာင္သည္ က်ေတာ့္အတြက္ထူးျခားသည္။ က်ေတာ္သည္လည္း ေမာင့္အတြက္ထူးျခားခဲ့ေပလိမ့္မည္။ သို႔ေသာ္မတူညီေသာပုံစံျဖစ္ေန႐ုံသာ။ ဒုတိယအႀကိမ္ မိုးေရထဲကေမာင့္ကိုေတြ႔သည္မွစ၍ ေမာင္သည္ က်ေတာ့္၏စိတ္ႏွလုံးထဲ နင့္နင့္နဲနဲကိုေနရာယူပစ္လိုက္ၿပီျဖစ္ေၾကာင္း က်ေတာ္သိခဲ့သည္။ ထိုေန႔ကစေနေန႔ျဖစ္သည္။ တစ္ေနကုန္မိုးေဆြတတ္သည္ကို ေပါ့ေလ်ာ့ခဲ့တဲ့ က်ေတာ္က သူငယ္ခ်င္းအိမ္ဝယ္ထီးကိုေမ့ေလ်ာ့ခဲ့မိသည္။ ထိုအတြက္အက်ိဳးဆက္ကေတာ့ အျပန္ေကာ္ဖီဆိုင္ကိုဝင္ၿပီး အထြက္မွာမိုးေတြသည္းသည္းမည္းမည္းရြာခ်တာပဲ။ အဲ့ဒီ့အခ်ိန္ ႐ုပ္႐ွင္ေတြထဲကလို ေမာင္နဲ႔အမွတ္မထင္ဆုံသည္။ ေမာင္လဲအိမ္ျပန္မလို႔ထင္ပါရဲ႕။ ထိုအခါမွ ေကာ္ဖီဆိုင္ထဲမွာ ေမာင့္ကိုမေတြ႔မိခဲ့တဲ့ ကုိယ့္မ်က္လုံးကိုအံ့ဩရသည္။
လ်ွပ္စီးတဝင္းဝင္းနဲ႔မိုးေရထဲမသြားရဲေလာက္တဲ့အထိ က်ေတာ္ကမိုးေရမေၾကာက္ေပမဲ့ ေမာင္နဲ႔ေတြ႔ေတာ့ ေၾကာက္ခ်င္လာသည္။

"ဒီမွာခင္ဗ် က်ေတာ္ဟိုမွတ္တိုင္ေလးအနားထိပဲ ထီးနဲ႔လမ္းၾကဳံလိုက္လို႔ရမလားဟင္ က်ေတာ့္မွာထီးမပါလို႔"

ပုံမွန္ေန႔ေတြလိုဟန္ေဆာင္ျခင္းမ႐ွိပဲ က်ေတာ္အမွန္စင္စစ္ေမ်ွာ္လင့္ခဲ့သည္။

"ဒါဆိုလဲ ဆိုင္မွာမိုးတိတ္တဲ့အထိေစာင့္လိုက္ပါ အားေတာ့နာပါတယ္ သြားခြင့္ျပဳပါအုံး"

ေမာင္သည္အားနာတယ္ေျပာေနေသာ္လည္း အားနာတတ္ပုံမရပါ။

"ဟိုေလ က်ေတာ္ကားငွါးရမွာမလို႔ပါ တတ္ႏိုင္ရင္ကူညီပါလား"

ေမာင္ကအလိုက္မသိတတ္ရန္ေကာဟူသည့္အဓိပၸါယ္ႏွင့္ ၾကည့္လာသည့္အခါ က်ေတာ္သိမ္ငယ္စြာပင္ မ်က္ႏွာလႊဲလိုက္မိသည္။

"ဒါဆိုလဲ ထီးကိုယူထားလိုက္ ျပန္မေပးနဲ႔ေတာ့"

"ဗ်ာ"

ဘယ္လိုအေျခအေနပဲျဖစ္ျဖစ္ ေမာင္သည္က်ေတာ္နဲ႔အတူသြားခ်င္ပုံမရေပ။ က်ေတာ့္ထံထီးေပးကာ မိုးရြာထဲထြက္ေျပးခ်င္ပုံရသည္။ သည္လိုဆိုမွေတာ့ က်ေတာ္ဆက္ၿပီးေခါင္းမမာလို႔ေတာ့ေပ။ ေမာင့္ထံ မလိုေတာ့ေၾကာင္းေျပာ၍ မိုးရြာထဲဟန္ေဆာင္ပန္ေဆာင္ကေလး ေျပးခဲ့ေတာ့၏။ ေမာင့္ကြယ္ရာတြင္ေတာ့ မိုးရြာထဲ ခပ္ေဆြးေဆြးကေလးေလ်ွာက္ခ်င္ေလ်ွာက္ခဲ့မိပါလိမ့္မည္။


You are reading the story above: TeenFic.Net