ဇာတ်ကောင် ယင်လိန်နဲ့တွေ့ဆုံခြင်း

Background color
Font
Font size
Line height

ဇာတ်လမ်းထဲကယင်လိန်ရဲ့နာမည်ဆို
[ယင်လိန်] အပြင်ဘက်ကယင်လိန်ဆို ရိုးရိုးဘဲရေးမယ်နော်။

"ယိချန်....မင်းဘယ်နေရာမှာလဲ.....ငါမင်းကိုလိုက်ရှာနေခဲ့တာကြာပြီး မင်းဘယ်မှာများပုန်းနေလဲ..."

"သူမင်းအနားမှာဘဲရှိတယ်...."

[ယင်လိန်] ယိချန်အကြောင်းပြောနေတုန်းအနောက်အပါးကအသံကြောင့်ကြည့်လိုက်တော့.....

"ဟင်....မင်း မင်းဘယ်သူလဲ ငါနဲ့ဘာလို့ ရုပ်တူနေရတာလဲ...."

"ငါနာမည်က ယင်လိန်......"

"ဘာ!..မင်းနာမည်က ယင်လိန် ဟုတ်လား..."

"ဟုတ်တယ် ဒါမဲ့ ငါကဒီကမ္ဘာကမဟုတ်ဘူး. ငါကအချိန်ခရီးသွား..."

"အချိန်ခရီးသွား....ငါမင်းစကားကိုယုံမယ်ထင်နေလား.."

ယင်လိန်တစ်ယောက်သူရှေ့က ဇာတ်ကောင်ကို ခေါင်းပုတ်ရိုက်ချင်လာသောလည် စိတ်ကိုလျော့ကာ [ယင်လိန်]အတိတ်အကြောင်းကိုအစကနေအဆုံးပြန်ပြောပြလိုက်တော့ သူကိုတအံ့တဩကြည့်လာတဲ့ကောင်လေး..

"ဒါဆို ခင်ဗျာက တကယ်အချိန်ခရီးသွားလား..."

"သေချာတာပေါ့..."

"ဒါဆိုဘာလို့ဒီကိုရောက်နေတာလဲ.."

"ငါချစ်ရတဲ့သူကိုလာခေါ်တာ...."

"ခင်ဗျာမှာချစ်ရတဲ့သူရှိတာလား..."

"ရှိတယ် သူဒီကိုရောက်နေလို့ ငါသူကိုလာခေါ်တာ ကံဆိုးတာက မင်းချစ်ရတဲ့သူရဲ့ကိုယ်ထဲကို ငါချစ်ရတဲ့သူကရောက်နေတာ..."

"ယိချန်ကို သိတာလား..."

"သိတယ်...."

"ပြောပြပေးပါ သူဘယ်မှာလဲဆိုတာ....."

"ပြောပြတာကပြော‌ပြပေးလို့ရတယ် ဒါမဲ့ အပေးအယူတော့ရှိတယ်...."

"အပေအယူ လက်ခံတယ် ယိချန်သာဘယ်မှာလဲပြော..."

"ဟေ သိပ်မလောပါနဲ့ ငါပြောတဲ့အပေအယူကိုမင်း‌နားထောင်ပါအုံး...."

"ငါမင်းခန္ဓာကိုယ်ထဲမှာနေမယ် ဘယ်လို့လဲ လက်ခံလား..."

ယင်လိန် ထိုကောင်လေးကိုကြည့်နေမိသည်။ခနတွေးနေပြီးနောက်တစ်စုံတစ်ရာကိုဆုံးဖြတ်ချက်ချလိုက်ဟန်...

"ကျွန်တော် လက်ခံတာမလို့ ယိချန်ကဘယ်မှာလဲပြောပြပေးပါ...."

"ကျော်ယိချန်ဆိုတာမင်းရဲ့အနီးဆုံးမှာရှိနေတာ မင်းအကိုရန်အန်းရဲ့အမျိုးသား ထျန်ကျားရွေ့က မင်းရဲ့ယိချန် ငါရဲ့ရွေ့ရွေ့.."

"ဘယ်လို့ နာမလည်တော့ဘူး ဘာလို့ ယိချန်က ကျားရွေ့ဖြစ်ရမှာလဲ..."

"ကျော်ယိချန်ကို ထျန်လင်မယားနှစ်ယောက်မွေးစားပြီး နိုင်ငံခြားကိုခေါ်သွားတာ အဲမှာကျော်ယိချန်ရဲ့နာမည်ကို ထျန်ကျားရွေ့လို့ပြောင်းလိုက်တာ..."

"ဒါဆို ဘာလို့သူက ကျွန်တော်ကိုမမှတ်မိတာလဲ..."

"ဘာလို့ဆို သူaccidendတစ်ခုနဲ့ကြံုလိုက်ရလို့...အဲaccidendမှာ သူအတိတ်မေ့သွားတာမင်းကိုလဲသူမမှတ်မိသလို့ သူငယ်ဘဝကိုလဲ သူမမှတ်မိဘူး..."

"ဒါဆို ယိချန်က ကျွန်တော်ကိုမေ့နေတာပေါ့..."

"ဟုတါတယ်...ဒါနဲ့မင်းကအခုဘယ်မှာလဲ.."

"အကိုအိမ်မှာ ဟင်းချက်ပေးရမှာ ဒါကြောင့်ဒီမှလာနေတာ..."

"အော်....မင်းနဲ့ငါကပန်းတိုင်ချင်းတူကြတယ်
မင်းကကျော်ယိချန်ကိုလိုချင်တာ ငါက ကျော်ယိချန်ကိုယ်ထဲက ထျန်ကျားရွေ့ကိုပြန်ခေါ်ချင်တာ မင်းစဉ်းစားကြည့် မင်းအပိုင်လို့သတ်မှတ်ထားတဲ့သူက အခြားသူအပိုင်းအဖြစ်ကြည့်နေနေရတာကို မင်းသဘောကျလား..."

ယင်လိန် ထိုကောင်လေးရဲ့စိတ်ကိုဆွပေးလိုက်သည်။

"ငါနဲ့ပူပေါင်းလိုက် မင်းအကိုကို ဖယ်ချပြီး မင်းရဲ့ယိချန်ကိုယူ ငါက ငါအပိုင်ရွေ့ရွေ့ကိုပြန်ခေါ်မယ်...."

[ယင်လိန်]သူရဲ့စိတ်တွေသည်အဆိုးအကောင်းတွဲနေသည်။ တစ်ဖက်ကသူချစ်ရသူ တစ်ဖက်က သူကိုစောင့်ရှောက်ပေးခဲ့တဲ့အကို..

"ကျွန်တော် လက်ခံတယ် ယိချန်ကို ကျွန်တော်ပိုင်ရအောင်လုပ်ပေး..."

"ဒါဆို မင်းငါနောက်ကလိုက်ဆို...ဆိုးခြင်းကောင်းခြင်းကိုနောင်တမရှိစွာခန္ဓာကိုယ်ချင်းပူးပေါင်းမှုကိုလက်ခံပါတယ်..."

"ဆိုးခြင်းကောင်းခြင်းကိုနောင်တမရှိစွာခန္ဓာကိုယ်ချင်းပူးပေါင်းမှုကိုလက်ခံပါတယ်..."

စကားအဆုံး ယင်လိန်ရဲ့ဝိဉာဉ်သည် [ယင်လိန်]ကိုယ်ထဲဝင်သွားတော့သည်။ထိုစဉ်

"Host..."

"ပြော..."

"ဇာတ်လိုက်မပေါ်ဖို့ကလိုသေ‌ပင်မဲ့ ကျွန်တော်တို့ ဇာတ်လိုက်ကို ဇာတ်လိုက်မနဲ့‌တွေ့ပေးလိုက်ရင် Hostအပိုင်းအတွက်စိတ်ပူစရာမလိုတော့‌ဘူးလေ..."

"မင်းပြောတာမှန်တယ် ဇာတ်လိုက်မက ဘယ်မှာလဲ..."

"ဇာတ်လိုက်မ စာသောက်ဆိုင်တစ်ခုမှာအလုပ်လုပ်နေပါတယ်..."

"ယင်လိန်...မင်းငါကိုကူညီရမယ်..."

"ငါကဘာကူညီပေးရမှာလဲ..."

"‌ထျန်ကျားရွေ့နဲ့ ရန်အန်ကို ဒီ****စားသောက်ဆိုင်ကိုခေါ်သွားပေ..."

"ဘာလို့လဲ...."

"ငါတို့အတွက်အကျိုးရှိလို့ပေါ့..."

"ကောင်းပြီး ငါ ကျားရွေ့ကို ပြောကြည့်မယ်..."
______________________________________

ယင်လိန်သူ့ရဲ့အစီအစဉ်စမှုတွေပြန်‌တွေးရင်း
ကျေနပ်နေတော့သည့်အခုလောက်ဆို ရန်အန်တစ်ယောက် ခေါင်မီးတောက်နေလောက်ပြီး

"ရွေ့ရွေ့ ထမင်းစားမယ်..."

"မစားနိုင်ဘူး..."

"ရွေ့ရွေ့က ကွာမဆိုးနဲ့ မင်းက ကျန်မားရေးကောင်းတာမဟုတ်ဘူး..."

ယင်လိန်မှ ကျားရွေ့အားထမင်းခွန်နေခြင်း

"ယင်လိန် မင်း ကုန်ကျစ်ယွမ် ကိုသတ်‌လိုက်တာလား..."

ကျားရွေ့သိချင်သည်။သူသိတဲ့ယင်လိန်သည် ဤသို့ဆိုးသွမ်းတဲ့သူမဟုတ်ပေ။

"ဟုတါတယ် အလိုမရှိလို့သတ်လိုက်တာ"

ကျားရွေ့ကြားလိုက်ရဲ့စကားကြောင့် ယင်လိန်ကို တအံ့တဩကြည့်မိသည်။ယင်လိန်ကတော့အပြစ်လုပ်ထားတဲ့သူမဟုတ်ဟန်ပကတိအတိုင်းနေလေးသည်။

"အရမ်းစိတ်မပူပါနဲ့ သူတို့ကဒီတိုင်းဇာတ်လမ်းထဲက ဇာတ်ကောင်းတွေ.."

"ဇာတ်ကောင်လဲလူဘဲ မင်းမှာစာနာစိတ်မရှိဘူးလား..မင်းလူရောဟုတ်ရဲ့လား..."

"ထျန်ကျားရွေ့ ဘာမဟုတ်တဲ့ ဇာတ်ကောင်းတွေကိုမစွဲလန်းနေနဲ့ အမြင်မှန်ရအောင်ကြိုးစားပြီး ‌မောင်နဲ့ မူလကမ္ဘာကိုပြန်ကြမယ်..."

"မင်းတစ်ယောက်ထဲပြန် ငါမလိုက်ဘူး..."

"ဘာပြောတယ်..."

"ငါမလိုက်..."

"ဖြောင့်..."

ကျားရွေ့စကားတောင်မဆုံးသေးဘူးအရိုက်ခံလိုက်ရသည်။ယင်လိန်ရဲ့ဒေါသတကြီးကြည့်မှုမှာကျားရွေ့ လန့်သွာတော့သည်။

"မင်းငါနဲ့ ပြန်လိုက်ကိုလိုက်ရမယ်..."

ယင်လိန်ပြောပြီး မျက်လုံးတွေမှိတ်ကြသွားတော့သည်။ခနနေတော့ပြန်ဖွင့်လာတော့သည်။

"ဟင် ယိချန် ယိချန်ပါးကဘာဖြစ်တာလဲ ဟိုကောင်ယင်လိန်လုပ်တာလား..."

ကျားရွေ့မျက်မှောင်ကြုံတ်မိသည်။ဘာလဲယင်လိန်ကရူးနေတာလားဘာစကားတွေပြောနေတာလား။ထိုစဉ်သူထံကိုချမ်းနိရဲ့သတိပေးစကားကိုကြားလိုက်သည်။

"ယင်လိန်က ခန္ဓာကိုယ်တစ်ခုကို ဇာတ်လမ်းထဲကဗီလိန်ယင်လိန်နဲ့မျှသုံးထားတာပါ..."

ဒါဆိုသူရှေ့ကသူက မမဝမ်းချင်းမွေးစားထားတဲ့ယင်လိန်လား..

"လာယိချန် ငါဆေးထည့်ပေးမယ်"

"ငါမှမင်းဆီလာလို့မရတာ..."

ကျားရွေ့ဒီရောက်ကတည်းက သူ့ရဲ့ခြေထောက်တွေကိုသံကြိုးနဲ့အချည်ခံထားရသည်။

"အာ....ဒီယင်လိန်ကတော့ မင်းယင်လိန်ကိုစိတ်မဆိုးပါနဲ့ သူကမင်းထွက်ပြေးမှာကိုစိတါပူလို့ချည်ထားတာပါ ဒီသံကြိုးတွေကလဲမင်းနဲ့လိုက်တယ်လို့ငါထင်တယ် ဆေးသေတ္တာကိုငါသွားယူလိုက်အုံးမယ်...."

ပြောပြီးထွက်သွားတဲ့ ယင်လိန်ကိုကြည့်ကာ ကျား‌ေရွ့ရင်မောမိသည်။ယင်လိန်သည်အမှားတွေကျူးလွန်နေသည်။ဒီပွဲမှာတစ်ယောက်ယောက်ကတော့နိုင်ကိုနိုင်ရမည်ပေ။

______________________________________
ချမ်း ဒီနေ့အသစ်နှစ်ပုဒ်တင်ထားပါတယိအားပေးကြပါအုံးရှင့်။ဘာshipလဲလို့မမေးပါနဲ့ ချမ်းကိုရောသမမွှေshipဆိုတော့ ကျော်ကြီးbဆိုအကုန်shipပါ။အပြင်ကယင်လိန်က
ဇာတ်လမ်းထဲက ယင်လိန်နဲ့ ခန္ဓာကိုယ်ကိုမျှသုံးတာပါနော်။ကဲကဲ အခုကစပြီး လွင်ကျော်လား ယင်ကျော်လား ဒါဒါလေးတို့

ချမ်း
Date -16.2.2025(တနင်္ဂနွေနေ့)
စာလုံးပေါင်းမစစ်ထား
ယုတ်မာလဲချောတဲ့ ကိုကိုယင်လိန်


You are reading the story above: TeenFic.Net