အပြင်လောက က ယင်လိန်နှင့် မကောင်းဆိုးဝါးsystemတွေ့ဆုံခြင်း

Background color
Font
Font size
Line height

အပြင်လောက ၌

ယင်လိန်နဲ့ ထျန်ကျားရွေ့ဆိုတဲ့ကောင်လေးနှစ်ယောက်က ငယ်သူငယ်ချင်းတွေပေ။
သူတို့နှစ်ယောက်လုံးက မိဘမဲ့တွေ။အသက်ပြည့်တာနဲ့ဂေဟာက ထွက်ကာ သူတို့အလုပ်ကိုယ်စီလုပ်ကိုင်ကြသည်။ယင်လိန်သည်စားသောက်ဆိုင်က စားဖိုမှူပေ။ကျားရွေ့ကတော့ စာပွဲထိုးပေ။သူတို့နှစ်ယောက်က တစ်အိမ်ထဲအတူနေပြီး အလုပ်ကြိုးစားကြတဲ့လူငယ်လေးတွေ။ထျန်ကျားရွေ့ဆိုတဲ့ကောင်လေးက Blဝတ္ထုတွေဖတ်ရတာကြိုက်နှစ်သက်ပြီး ယင်လိန်ကတော့ ကျားရွေ့ အကြိုက်ကိုလုပ်ပေးရတာကိုသဘောကျတယ်။ယင်လိန်ဆိုတဲ့ကောင်လေးက ထျန်ကျားရွေ့ကို ကြိုက်နေမှန်း ကျားရွေ့မသိပေ။ယင်လိန်သည် ထျန်ကျားရွေ့ကိုအနုနည်းဖြင့် ချုပ်ချယ်သည်။ထျန်ကျားရွေ့ကတော့ သူကိုချစ်လို့စိတ်ပူတယ်ဘဲထင်ခဲ့သည်။ယင်လိန်သည် ကျားရွေ့နားကပ်တဲ့သူတွေကို မကြိုက်သော်လည် ထုတ်မပြောပေ။ယင်လိန်စိတ်ထဲမှာရှိသည်က ကျားရွေ့သည် သူနှင့်တစ်သတ်လုံးနေလိမ့်မည်လို့ဘဲထင်ထားခဲ့သည်။ဘယ်သူကထင်မှာလဲ ယင်လိန်ဘဝထဲကနေ ကျားရွေ့ကိုခေါ်ထုတ်နိုင်တဲ့သူရှိတာကို။တစ်ရက် ယင်လိန် အလုပ်အစောပြီးလို့အိမ်ကိုပြန်လာတော့တွေ့လိုက်ရသည်က..ကုတင်ပေါ်မှာအိပ်နေတဲ့ ကျားရွေ့။အချိန်ကိုကြည့်လိုက်တော့လည် အစောကြီးရှိသေသည်။ကျားရွေ့သည် ဒီချိန်နဲ့မအိပ်တတ်သည့်အတွက် ကျားရွေ့တစ်ခုခုဖြစ်တယ်ထင်ပြီးအနားသွားကာ နဖူးကိုစမ်းတော့လဲအဖျားမရှိ။ခေါ်ကြည့်တော့လဲခေါ်လို့မရ။စိုးရိန်လာတာကြောင့် ဆရာဝန်ခေါ်ပြတော့‌လဲ ကိုမာသဘောမျိုးဖြစ်သွားတာတဲ့ ဘာကြောင့်ဖြစ်လဲတော့သူတို့လဲမသိဘူးတဲ့။ယင်လိန်အလုပ်ပိုင်ရှင်ကို အလုပ်နားမယ်ပြောပြီး ကျားရွေ့ကိုအိမ်မှာဘဲပြုစုနေသည်။တစ်နေ့ ကျားရွေ့ Laptopကိုယူကြည့်တော့ ဝတ္ထုတစ်ပုဒ်ကိုယင်လိန်တွေ့လိုက်ရသည်။ထိုဝတ္ထုက 'ငါယောင်္ကျားက ငါကိုငြင်းဆန်နေသည်'ဝတ္ထု ထိုဝတ္ထုကို ယင်လိန်သိသည် သူကိုယ်တိုင် ကျားရွေ့ဖတ်ဖို့ အကြုံပြုထားခြင်း။ယင်လိန်ပြန်ဖတ်ကြည့်လိုက်တော့ ဇာတ်ကြောင်းတွေသည် သူဖတ်ဖူးတဲ့ဇာတ်ကြောင်းတွေနဲ့မတူတာကိုသိလိုက်ရသည်။ထိုစဉ်သူ့ဖုန်းထံ မက်ဆေ့တစ်ခုဝင်ရောက်လာခြင်း....

"ထျန်ကျားရွေ့ကို ပြန်ခေါ်ချင်လား.."

ယင်လိန် ထိုမက်ဆေ့ကြောင့် မျက်မှောက်ကြုတ်ကာ ကြည့်နေမိတုန်းနောက်ထပ်ရောက်လာတဲ့ မက်ဆေ့

"ထျန်ကျားရွေ့ကို ပြန်ခေါ်ချင်ရင် မကောင်းဆိုးဝါးSystemနဲ့ချိတ်ချက်ပါ မကောင်းဆိုးဝါးsystemနဲ့ချိတ်ချက်မှုကိုလက်ခံရင် အစိမ်းလေးကို နှိပ်ပေးပါ..."

ယင်လိန်သူဖုန်းထဲက အစိမ်းနဲ့အနီ‌ကိုကြည့်ရင်အ‌ေတွးများ‌ေနတုန်းအစိမ်းကိုနှိပ်လိုက်သည်။နောက်ပြီးသူတွေးလိုက်သည်က

"ရူးကြောင်ကြောင်နိုင်တာဘဲ...."

ပြောပြီးယင်လိန် ကျားရွေ့ နားသွားမယ်အလုပ်။ကျား‌ေရွ့နား‌ေတာင်မ‌ရောက်လိုက်
ယင်လိန်မေ့လည်ကျသွားတော့သည်။
______________________________________

ယင်လိန်ရောက်နေတဲ့နေရာကိုကြည့်လိုက်သည် ဟင်လင်ပြင်ဖြစ်တဲ့အပြင် မကောင်းတဲ့အငွေ့အသတ်တွေလဲရနေသည်။ရုတ်တရက်သူရှေ့ကိုရောက်လာတဲ့ဘဝံပုလွေတစ်ကောင်
ကြောင့်ယင်လိန်ထိုဝံပု‌ေလွကိုကြည့်နေမိသည်။

"မကောင်းဆိုးဝါးsystemကနေကြိုဆိုပါတယ်Host..."

ယင်လိန်လန့်သွားသည် သူရှေ့က ဝံပုလွေသည်စကားပြောတတ်သည်လား...

"အရမ်းကြီးမလန့်ပါနဲ့ host..."

"မင်းငါစိတ်ကိုသိတာလား..."

"Hostစိတ်ထဲမှာတွေးသမျှကိုသိနိုင်ပါတယ်..."

"ငါကဘယ်ရောက်နေတာလဲရွေ့ရွေ့ ရွေ့ရွေ့
တစ်ယောက်ထဲ သူအဆင်ပြေပါမလား

.."

"စိတ်မပူပါနဲ့Host အရာအားလုံးအဆင်ပြေနေပါတယ်....."

"ငါကိုရှင်းပြပေးလို့ရမလား..."

"ရပါတယ် အရင်ဆုံး Hostချစ်ရတဲ့ထျန်ကျားရွေ့ ဘာလို့ ကိုမာ ဖြစ်သွားလဲအရင်ပြောပြပါမယ် ထျန်ကျားရွေ့က စာရေးသူကိုယ်စာလှယ်Systemနဲ့ချိတ်မိပြီး 'ငါယောင်္ကျားက ငါကို ငြင်းဆန်နေတယ်'ဆိုတဲ့ဝတ္ထုထဲရောက်သွားတာပါ ဒါကြောင့်အပြင်လောကမှာ ကိုမာဝင်သလိုဖြစ်သွားတာပါ သူအခုMissionတွေလုပ်ဆောင်နေပါတယ်..."

"ရွေရွေ့ကို ဘယ်လိုပြန်ခေါ်ရမလဲ..."

"ကျွန်တော်တို့နဲ့အတူ Mission တွေလုပ်ဆောင်ရပါမယ် Mission တွေနိုင်ရင် Host ရဲ့ရွေ့ရွေ့ကိုပြန်ခေါ်နိုင်ပါတယ်...တကယ်လို့ရှုံးနိမ့်ခဲ့မယ်ဆိုရင် Hostအပြင်မှာရောဒီဇာတ်လမ်းမှာပါ ပျောက်ကွယ်သွားရပါလိမ့်မယ်..."

"ရွေ့ရွေ့ သူအခုအဆင်ပြေလား..."

"သူ့အဆင်ပြေပါတယ် တစ်ခုဘဲစိုးရိန်ရတာက ထျန်ကျားရွေ့ ဇာတ်လိုက်ကိုချစ်မိသွာူမှာဘဲ တကယ်လို့ထျန်ကျားရွေ့သာ Mission နိုင်သွားရင် သူဒီမှာလဲဇာတ်လိုက်နဲ့နေဖို့ဆန္ဒရှိရင်နေနိုင်သွားပါလိမ့်မယ်...."

"အဲလို့ဖြစ်လို့မရဘူးလေ.."

"Host ကျွန်တော်တို့Systemနဲ့ပူးပေါင်းမလား... တကယ်လို့Hostသာ နိုင်ရင် Hostအပိုင်ကို ပြန်ခေါ်လို့ရပြီး သူHostကိုချစ်လာအောင် လည်လုပ်လို့ရပါပြီး..."

ယင်လိန် သူ့ရှေ့က‌ဝံပုလွေရဲ့စကားကြောင့် သူတွေဝေနေမိသည်။ ကျားရွေ့ကိုသူလက်မလွတ်ခြင်း။ရွေ့ရွေ့ကအစကတည်းက သူ့အပိုင်ပေ။

"ကောင်းပြီး ငါလက်ခံတယ်..."

"ဒါဆို Host ကျွန်တော်နောက်က လိုက်ဆိုပေးပါ... မကောင်းဆိုးဝါးSystemရဲ့"

"မကောင်းဆိုးဝါးsystemရဲ့.."

"ကောင်းခြင်းဆိုးခြင်း အရာအားလုံးကိုနောင်တမရှိခံယူနိုင်ပါသည်..."

"ကောင်းခြင်းဆိုးခြင်း အရာအားလုံးကိုနောင်တမရှိခံယူနိုင်ပါသည်..."

ယင်လိန်စကားအဆုံး ရုတ်တရက် သူအမှောင်ဖုံးသွားခဲ့သည်။
______________________________________
ယင်လိန် မျက်လုံးဖွင့်လိုက်တော့အခန်းတစ်ခန်းထဲရောက်နေခြင်း ထိုစဉ်ယင်လိန်
မြင်လိုက်ရတဲ့လူကြောင့် သူအံ့ဩသွားသည်။သူရှေ့က သူသည် သူနဲ့တစ်ပုံစံထဲတူနေသည်။

"Host ပထမMission က ဗီလိန် ယင်လိန်နဲ့ ခန္ဓာကိုယ်ချင်ပူးပေါင်းပါ.."

"ဘယ်လို့..ငါနာမလည်ဘူး..."

"ဒီလို့ပါ ဗီလိန်ယင်လိန်က ကျော်ယိချန်ဆိုတဲ့ကောင်လေးကို ချစ်နေတာပါ ကျော်ယိချန်က ထျန်ကျားရွေ့ဆိုတဲ့နာမည်ပြောင်းလိူက်တာပါ....နောက်ပြီး သူတို့အတိတ်ကဒီလိုပါ..."

ယင်လိန်မကောင်းဆိုးဝါးSystemရဲ့ ပြောပြမှုကြောင့် ဗီလိန်ယင်လိန်ကို စိတ်မကောင်းဖြစ်တဲ့အကြည့်နဲ့ကြည့်လိုက်သည်။

"ဒါဆိုသူက ထျန်ကျားရွေ့အမည်ပြောင်း ကျော်ယိချန်ကို စွဲလန်းနေတာပေါ့..."

"ဟုတ်ပါတယ်Host...."

"ငါကိုသူမြင်ရလား...."

"မမြင်ရပါဘူး....."

"ငါတို့ သူနဲ့စကားပြောရအောင်....."
______________________________________

Hello ချမ်းကဒီနေ့လည်တင်ပေးလိုက်ပါတယ်။ဖတ်ကောင်းမကောင်းလဲပြောကြပါအုံးရှင့်။ချမ်းမယ်ရေးတာရေးရတယ်ကောင်းမကောင်းကမသိဘူးရယ်။ယင်လိန်ကနှစ်ယောက်ပါရှင့်။ဇာတ်လမ်းထဲကဗီလိန်ယင်လိန်ရယ် အပြင်လောက ကယင်လိန်ရယ်။

ဇာတ်လမ်းထဲက‌ယင်လိန်က ကျော်ယိချမ်းကို ချစ်တာပါ။အပြင်လောကက ယင်လိန်က ထျန်ကျားရွေ့ကိုချစ်တာပါ။ရန်အန်နဲ့ကျားရွေ့က အသက်ကွာပါတယ်နော်။ကျားရွေ့က ရန်အန်ထက်ငယ်ပါတယ်။ယင်လိန်ရယ်ကျားရွေ့က အသက်တူတူပါဘဲ။အသက်ကွာတယ်လဲပြောသေးတယ် ဘာလို့ ရန်အန်ကို ကျားရွေ့ကဘာလို့ မောင်လို့ခေါ်လဲဆိုတော့ ချမ်းက
'မောင်'Typeကမလို့ပါရှင့်။စာဖတ်သူတို့ဖတ်ရင်ရှုပ်ကုန်မှာလဲဆိုးတယ်ရယ်....voteနဲ့cmပေးကြတဲ့သူတိုင်းကို ချမ်းကကျေးဇူးတင်ပါတယ်ရှင့်။လိုအပ်တာတွေရှိရင်လဲချမ်းကိုပြောနိုင်ပါတယ်...။

ချမ်း
Date -16.2.2025(တနင်္ဂနွေနေ့)
စာလုံးပေါင်းမစစ်ထား။

အောက်ကပုံက မကောင်းဆိုးဝါးsystemရဲ့ဝံပုလွေပုံစံပါ

မူရင်းကိုcrdပေးပါတယ်

အောက်က ချမ်းနိပါရှင့်

မူရင်းကိုcrdပေးပါတယ်


You are reading the story above: TeenFic.Net