ကျေးဇူးပြုပြီး ငါကိုလွှတ်ပေးပါ

Background color
Font
Font size
Line height

ရန်အန်တစ်ယောက်ကျားရွေ့ပျောက်ပါပြီးဆိုကတည်းကမစားနိုင်မအိပ်နိုင်ဖြစ်နေတော့သည်။သို့သော်ရန်အန်ရဲ့ချောမောမှုကပျောက်ဆုံးသွားခြင်းမရှိပေ။

"ရန်အန်မောင်လေ မင်းအစားလေးကိုတော့သေချာဝင်အောင်စားပါ အာဟာရပြည့်မှာ ကျားရွေ့ကိုရှာနိုင်မှာလေ..."

"ဟုတ်တယ်ရန်အန် မင်းအခုလိုနေနေရင် ကျားရွေ့ကို ငါတို့လိုက်ရှာလဲ အားတစ်ဝက်လျော့တာနဲ့အတူတူဘဲ..."

ဝမ်ရှောင်းရဲ့အပြောကိုထောက်ခံဟန် ဖေစီကျင်မှပြောလိုက်ခြင်း

"ကျားရွေ့ အခုချိန်ဘယ်လို့တွေဖြစ်နေပြီး ဘယ်လောက်တောင်ကြောက်နေမလဲ ဒါကိုကျွန်တော်ကအစားစားဝင်ပါအုံးမလား...."

"ဒါတော့လဲ ဒါပေါ့ မင်းစိတ်ပူတာကိုမမတို့လဲသိနေတာ မင်းသူကိုလိုက်ရှာနေတာကိုလဲသိနေတာဘဲ...အနည်းဆုံးမင်းအစားလေးတော့စားသင့်ပါတယ်.."

"ကျွန်တော်ဒီမယ် ကြက်စွပ်ပြုတ်ပြုတ်လာတယ် အကိုအားရှိအောင်..."

ယင်လိန်မှ စွပ်ပြုတ်ပန်းကန်ယူပြီးအခန်းထဲဝင်လာခြင်း...

"ယင်လိန် အကိုမစားချင်ဘူး...."

"အကိုကလည် အကိုကျန်းမာရေးကောင်းမှ ကျားရွေ့ကို ရှာနိုင်မှာလေ အကိုသာလှဲသွားရင် ကျားရွေ့ကိုမရှာနိုင်တော့ဘဲဖြစ်လိမ့်မယ် အဲတော့ အကိုအစာစားရမယ်...."

"ယင်လိန်ပြောတာမှန်တယ်မင်းမစားရင် မမတို့ကျားရွေ့ကိုရှာဖို့မကူညီဘဲနေရလိမ့်မယ်..."

ဝမ်းရှောင်ရဲ့စကားအဆုံး ရန်အန်သက်ပြင်အသာချကာ စွပ်ပြုတ်ကိုသောက်တော့သည်။ရန်အန်သောက်တာလဲမြင်ရော ကျန်တဲ့သူတွေမှာအပူလုံးကြီးကျသွားသလို့ပေ။

"ဒါသောက်ပြီးရင် တစ်ရေတမောအိပ်အုံး မမတို့ ကျားရွေ့ကိုရှာတာကိုတာဝန်ယူထားမယ် မင်းအားပြည့်မှ မင်းပါဝင်ကူပေါ့..."

"ဟင်အင့် ကျွန်တော်မနားဘူး ကျွန်တော့ကျားရွေ့ကိုရှာမယ်...."

ရန်အန်ရဲ့စကားကြောင့် ဝမ်းရှောင်မျက်မှောက်ကြုတ်ကာ

"ရန်အန်! မင်းကိုငါပြောနေတယ်လေ မင်းအားမရှိသေးဘူး မင်းကို အနားယူခိုင်းနေတာ ဒါကိုမင်းက ဘာလို့ စကားနားမထောင်ရတာလဲ ကျားရွေ့ကိုငါတို့မရှာတာလဲမဟုတ်ဘူး တစ်ယောက်ကပျောက်နေတစ်ယောက်ကလဲလှဲရင် တစ်ပူပေါ်နှစ်ပူဆင့်မဆိုလို့ငါပြောနေတာ..."

"ဝမ်...."

ဒေါသတကြီးပြောနေတဲ့ဝမ်းရှောင်ကိုအနောက်ကနေပခုံးကိုင်ကာ ခေါ်လာတဲ့ ဖေစီကျင်

"ဝမ်...ဒေါသကိုလျော့ မမ ရန်အန်ကိုပြောလိုက်ပါမယ်..ယင်လိန်..."

"ဗျ.."

"မင်းမားငယ်ကိုခေါ်သွား အဖျားကရှိနေသေးတယ် ဆေးတိုက်ထားလိုက်..."

"ဟုတ်ကဲ့မား..."

"ဒါမဲ့မမ ရန်အန်က...."

"ရန်အန်အနားမှာ မမနေပေးလိုက်မယ် ဝမ်ကအားနည်းနေတယ် ရန်အန်းကိုကြည့်ပြောမနေနဲ့ ဝမ်လဲ ဂရုစိုက်အုံး...ယင်လိန် မင်းမားငယ်ကိုခေါ်သွားချည်..."

"ဟုတ်...မားငယ်ကျွန်တော်လက်ကိုကိုင်..."

ဝမ်ရှောင်တို့ထွက်သွားတော့အခန်းထဲတွင် ဖေစီကျင်နဲ့ရန်အန်သာကျန်ခဲ့တော့သည်။

"ရန်အန် မင်းဝမ်စကားကိုနားထောင်ပြီးအနားယူလိုက် မင်းကျားရွေ့ကို စိတ်ပူတာကိုငါလက်ခံတယ် မင်းကျားရွေ့ကိုစိတ်ပူသလိုမျိုး ငါတို့လဲပူတာဘဲ အဲတာနဲ့ဘဲမင်းကျန်းမားရေးကိုဂရုမစိုက်ဘဲနေလို့မရဘူးလေး မင်းမကျန်မားရင် ဝမ်လဲစိတ်ကောင်းမှာမဟုတ်ဘူး...."

"ကျွန်တော် ရွေ့ကိုလွမ်းတယ် ရွေ့အခုချိန်ဆိုဘယ်လောက်တောင်ကြောက်နေမလဲ...."

မျက်ရည်များကျကာ ပြောနေတဲ့ရန်အန်ကိုကြည့်ရင် ဖေစီကျင်စိတ်မကောင်းပေ။

"အနားယူလိုက်အုံး..."

ဖေစီကျင်ပြောပြီးထွက်လာလိုက်သည်။
______________________________________

"မားငယ်...."

"အွင်း ပြောလေ ယင်လိန်..."

"ကျွန်တော်အပြင်ခနသွားချင်းလို့..."

"သားငယ်အခုတလောအပြင်အရမ်းထွက်နေတယ်နော် ဘာလဲချစ်သူရည်းစားတွေရနေပြီလား..."

"မရသေးပါဘူးမားငယ်ရာ...ဒီတိုင်သူငယ်ချင်းတွေနဲ့ဆုံကြတာပါ.သွားမယ်‌ေနာ်.."

"သွားမယ်ဆိုလဲဂရုတစိုက်သွား စောစောပြန်လာ သားအကိုကလဲ စိတ်ထောင်ကိုယ်ကြေ‌ဖြစ်နေတာ ဒီနေ့နဲ့ဆိုကျားရွေ့ပျောက်တာ တစ်လရှိပြီ လီချင်းချင်းကိုလဲရှာမတွေ့
ကျားရွေ့ကလဲရှာမတွေ့နဲ့ မားကတော့ ရန်အန်ကိုသနားတာဘဲ သူမှာမစားနိုင်မအိပ်နိုင်နဲ့..."

"......."

ယင်လိန်မားငယ်စကားကိုငြိမ်ပြီးနားထောင်နေလိုက်သည်။

"ကဲပါ သားလဲသွားစရာရှိတာသွား..."

"ဟုတ်ကဲ့....."

"ဝမ်..သားကဘယ်သွားတာလဲ.."

"သူငယ်ချင်းတွေနဲ့သွားတွေ့တာ ရန်အန်ရောအဆင်ပြေလား.."

"အနားယူခိုင်းထားတယ်...ဝမ်လဲအနားယူတော့.."

"မမဖေရဲ့ရင်ခွင်ထဲမှာအနားယူမယ်.."

"ကောင်းပါပြီးရှင့်.."

ဖေစီကျင်အမျိုးသမီးငယ်လေးကိုရင်ခွင်ထဲဖတ်ထားလိုက်တော့သည်။
______________________________________
ကျားရွေ့ဒီကိုရောက်နေတာအခုဆို တစ်လပင်ရှိပြီး။ကျားရွေ့ဒီအိမ်ကနေ့လွတ်မြောက်ဖို့ကြိုးစားရအောင်လဲ အခန်းထဲကနေသူမထွက်ရပေ။ပြတင်းပေါက်ကနေထွက်ရအောက်လဲ ပြတင်းပေါက်တွေကစအလုံပိတ်တွေ။ဒီကြားထဲ ဘယ်ကမှန်းမသိတဲ့ဝတ်စုံနက်နဲ့လူတွေကခြံထဲအပြည့်။အမဲလိုက်ခွေးမဲကြီးတွေကလဲ အမြဲခြံထဲမှာရှိနေသည်။

"ကျားရွေ့ မောင်လာတယ်..."

နောက်ပါးကကြားလိုက်ရတဲ့ ယင်လိန်အသံ။ကျားရွေ့တုန်လှုပ်သွားသည်။ယင်လိန်သည် မထင်ရင်မထင်သလို့ သူကိုနှိပ်စက်တတ်သည်။ဟိုတစ်နေ့ကလဲ အခန်းတံခါးဖွင်ြထားတာကိုခိုးထွက်မိတော့ သူခြေထောက်တွေကိုခါးပတ်နဲ့ရိုက်ထားသည်မှာအခုထိပေအကျန်သေးသည်။

"ကျားရွေ့ကကွာ မောင်ဘက်ကိုတစ်ချက်မလှည့်ဘူး..."

ရုတ်တရက်သူခါးကိုဖတ်ကာ ပုခုံးပေါ်မေ့တင်လာပြီး သူလည်ပင်တစ်ဝှိုက် ကိုနမ်းရှိုက်လာတာကြောင့် အနည်းငယ်ရုန်းမိသွားသည်။

"ထျန်ကျားရွေ့!မင်းမရုန်းနဲ့ငြိမ်ခံနေ..."

ဒေါသတကြီးဆိုတဲ့လာယင်လိန်..

"ဟင့်အင့် ငါကိုအဲလို့မလုပ်နဲ့ ငါမကြိုက်ဘူး..."

"ထျန်ကျားရွေ့ မင်းကဘာမဟုတ်ဇာတ်ကောင်ကျတော့ အထိခံတယ် ငါထိတယ်မင်းက မကြိုက်ဘူးပေါ့...

"အ.."

ပြောလဲပြောကျားရွေ့ရဲ့ ဆံပင်ကိုကြမ်းတမ်းစွာကိုင်လာတော့သည်။

"မတူဘူး သူက ငါအမျိုးသားငါချစ်ရတဲ့သူ.."

"ဖြောင်း..."

"မလုပ်ချင်လို့အလျော့ပေးနေတာကို..."

ယင်လိန်ရဲ့ရိုက်ချက်ပြင်းတာကြောင့်

ကျားရွေ့လှဲကျသွားတော့သည်။ထို့နောက်ကျားရွေ့ရဲ့နထင်ကိုလက်ညှိုးနဲ့ဖိကာ

"ဒီဦးနှောက်သေးသေးလေးထဲကမှတ်ထားရမှာက ငါက မင်းအမျိုးသား မင်းချစ်ရမဲ့သူဆိုတာဘဲ..."

"မဟုတ်ဘူး မင်းက ငါမုန်းတဲ့သူ ငါရွံ့တဲ့သူ..."

ကျားရွေ့ရဲ့စကားကြောင့်နဖူကြောတွေထောင်ကာ ဒေါသတကြီးဖြစ်လာတော့သည်။

"မင်းကအနာခံပြီးမှသိမှာ..."

ပြောလဲပြော သူခါးပတ်ကိုဖြုတ်လိုက်တော့သည်။

"ဖြောင်း..."

ခြေသလုံးပေါ်ကျလာတဲ့ရိုက်ချက်ရဲ့နာကျင်မှုကရင်ထဲ‌ဆိမ့်သွားတော့သည်။

"ဖြောင်း...မင်းအမျိုးသားက ငါ..."

"ဖြောင်း..မင်းချစ်ပေးရမဲ့သူက ငါ..."

"ဖြောင်း အဆုံးစွန်ထိ မင်းချစ်ပေးရမဲ့ အနားမှာနေပေးရမဲ့သူကငါ...."

ပြောလဲပြော ကျားရွေ့ရိုက်တဲ့အရှိန်ကိုလဲအားထည့်လိုက်‌ေတာ့သည်။ရိုက်ချက်တွေကြောင့် ကျားရွေ့ရဲ့ခြေထောက်များတွေ သွေးများထင်လာတော့သည်။
ရုတ်တရက်ရိုက် ရိုက်ချက်တွေငြိမ်သွားတာကြောင့် ကျားရွေ့နာကျင်နေသည့်ကြားက ကြည့်လိုက်တော့ ယင်လိန်က သူလက်ထဲကခါးပတ်ကိုအဝေးကိုလွှတ်ကာ

"ယိချန် အဆင်ပြေလား ဟိုကောင်ယင်လိန်မင်းကိုရိုက်ပြန်ပြီးလား..."

ကျားရွေ့သိလိုက်ပြပြီး သူရှေ့ကလူက ဇာတ်ကောင်ယင်လိန် ကျော်ယိချန်ကိုစွဲလမ်း‌နေတဲ့ ယင်လိန်ပေ။ကျားရွေ့ယင်လိန်ကိုကြည့်ကာ

"ကျေးဇူးပြုပြီး ငါကိုလွှတ်ပေးပါ...."

ပြောပြီး ကျားရွေ့ မေ့သွားတော့သည်။
______________________________________
အခါးတွေမရေတတ်ဘူးရှင့်။အခါးရေးခြင်းတာကို။ဒီတစ်ခေါက်upကရှည်သွားတယ်ရယ်။၂၉ရက်ကျရင်upအသစ်တွေနဲ့ပြန်လာခဲ့ပါမယ်ရှင့်

ချမ်း
Date -19.2.2025(ဗုဒ္ဓဟူးနေ့)
စာလုံးပေါင်းမစစ်ထား။


You are reading the story above: TeenFic.Net