ချိုမြိန်သောမှားယွင်းခြင်း

Background color
Font
Font size
Line height


Winတို့ဆေးရုံသွားရန်ပြင်ဆင်နေတုန်း.
ဖုန်းမြည်လာသံကြောင့်​ဖုန်းဆီသို့နှစ်ယောက်လုံးအကြည့်ရောက်သွားခဲ့သည်..

"ဖေဖေကိုင်လိုက်မယ်သား.."

အဖေဖြစ်သူသည်ဖုန်းကိုင်ပြီးခနမျှတိတ်ဆိတ်သွားသည်ကိုWinရိပ်မိသည်..သို့သော်ပြန်ထိန်းကာ

"​အဖေ..ဘာလို့လဲ.."

"သား.."

Winခေါင်းငြိမ့်ပြလိုက်တော့..အဖေ့မျက်ဝန်းမှမျက်ရည်စတစ်ချို့ထွက်လာခဲ့သည်..

"အဖေဘာလို့လဲ..ဘယ်သူမို့လို့လဲ.."

Winလည်းစိတ်ပူတာကတစ်ကြောင့်အခုလိုအဖေဖြစ်ပျက်သွားတာကိုစိုးရိမ်တာကတစိကြောင်း..နဲ့အဖေဖြစ်သူကိုဧည့်ခန်းထဲတွင်ထိုင်ခိုင်းကာ..မီးဖိုထဲတွရေသွားခပ်လိုက်သည်..

"အဖေ...ရော့ရေသောက်လိုက်ဦးနော်.."

ရေတစ်ခွက်လောက်မော့ပြီးမှအခြေအနေပြန်သုံးသပ်ကာ..

"Da Daဆုံးသွားပြီတဲ့သား.."

"ဗျာ.."

Winအံ့သြရသည်..လွန်ခဲ့သောလေးလ..သူပြန်ပေးဆွဲခံရတဲ့နေ့ကကို..ရဲတွေလက်ထဲကိုမဲ့ပြုံးတစ်ခုနဲ့ပါသွားတာလေ..ဘယ်လိုကနေ..

"ဟုတ်တယ်သား..ဒီနေ့မနက်ဘဲဆုံးတာ..ရဲတစ်ချို့ကတော့ Suicide လို့မှတ်ချက်ချကြတယ်.."

အဖေဖြစ်သူလည်းဝမ်းနည်းမိမှာဘဲလေ...ဘယ်လောက်ဘဲဆိုးတဲ့မိန်းမဖြစ်ဖြစ်..သူအရင်ကချစ်ခဲ့တဲ့အချစ်ဦးဘဲမလား..

"အဖေသွားချင်လား..သားလိုက်ပို့ပေးမယ်လေဆေးရုံကိုတော့အဖေမလိုက်နဲ့တော့သားဘာသားသွားလိုက်မယ်လေ.."

ပြောတော့..အပြုံးဖျော့ဖျော့လေးတစ်ခုနဲ့..

"ရပါတယ်သားရယ်..ဒီနေ့သားငယ်ဆီသွားမယ်လို့ပြောပြီးသားဘဲ...နောက်နေ့မှဘဲအဖေတို့တူတူသွားကြတာပေါ့.."

"ဟုတ်..ဒါနဲ့လေအကိုMatine​ကိုကောဘယ်လိုလုပ်ကြမလဲ.."

အဖေဖြစ်သူမျက်နှာပျက်သွားသည်ကိုသိသည်..သို့သော်သူ့အမေရင်းတစ်ယောက်ဆုံးတာကိုတော့သူ့ကိုအသိ​မပေးလို့အရ..အသိပေးရအောင်လဲဘယ်ရောက်နေမှန်းမသိ..ရဲတွေကလည်းအခုချိန်အစအနရှာမရ..ဝရမ်းပြေးဘဝနဲ့အမေဖြစ်သူရဲ့နောက်ဆုံးခရီးကိုဘယ်လိုများ..သူဘာရယ်မဟုတ်.Matineကိုသနားမိသည်...ဘယ်လောက်ဘဲဆိုးခဲ့ဆိုးခဲ့အမေဖြစ်သူရဲ့အလိုလိုက်မှုကြောင့်ဘဲမလား...

"သူလည်းဒီသတင်းကိုကြားပြီးလောက်ရောပေါ့...ကဲပါလာအဖေတို့သွားရအောင်သားWatမျှော်နေလိမ့်မယ်.."

Jirawat(Sarawat's Father)တစ်ယောက်စိတ်နဲ့လူနဲ့မကပ်တာကြောင့်..Type ဖုန်းဆက်တဲ့ကိစ္စကို..ပြောဖို့မေ့နေသည်မှာဆေးရုံရောက်သည်အထိ..

"P'Type.."

ဆေးရုံကောင်တာရှေ့တွင်ရပ်နေပြီးFileတွဲတစ်ခုကိုကြည့်နေသောTypeကိုလှမ်းခေါ်လိုက်ခြင်း..

"အော်..Winတောင်ပြန်လာပြီဘဲ..Watသတိရလာတော့ပျော်နေမှာပေါ့.."

Winမျက်လုံးပြူးကာ

"ဗျာ..Watသတိရလာပြီဟုတ်လား.."

Typeလဲအံ့သြရပြန်သည်..သူဦးလေးကိုဖုန်းသေချာဆက်ပြောထားတာကိုမသိဘူး​ဆိုတော့..ဦးလေးကိုပြန်ကြည့်လိုက်တော့စိတ်နဲ့လူနဲ့မကပ်..

"အင်း.အန်ကယ်ကိုဖုန်းဆက်ထားတယ်လေ."

"အော်..ဒါဆိုကျွန်တော်သွားလိုက်ဦးမယ်နော်..အဖေ့..သားတို့သွားရအောင်Watသတိရလာပြီတဲ့.."

Winပြောပြီးလက်တို့လိုက်မှသတိပြန်ဝင်လာဟန်.

"အော်..အင်း..အဖေသား​ကိုပြောဖို့မေ့နေမိတယ်..တောင်းပန်ပါတယ်"

Winမှခေါင်းငြိမ့်ပြပြီး..အဖေဖြစ်သူရဲ့လက်မောင်းကိုတွဲတစ်ဖက်ကWatစားဖို့အတွက်ာူလာသောချိုင့်ကိုဆွဲကာ..Watအခန်းဆီတက်သွားတာမြင်လိုက်တော့Typeခေါင်းခါကာရီမိသည်...စိတ်ထဲမှလဲ..ဒီကောင်လေးအရမ်းချစ်တတ်ရန်ကောဟုတွေးပြီး..သူငေး​ကြည့်နေမိတော့..မျက်လုံးတစ်ချို့နဲ့ယောကျာ်းပီသသောမျက်နှာပြင်တစ်ခုကိုမျက်လုံးထဲမင်ယောင်လာမိသည်...

"သူလည်းငါ့ကိုWinလိုချစ်ရင်ကောင်းမှာဘဲ.."

"ဗျာ..Dr.ဘယ်သူ့ကိုစကားပြောနေတာလဲ.."

နောက်မှအသံကြောင့်လန့်ကာလက်ထဲမှFileတွဲပြုတ်ကျသွားသည်ကိုကောက်ပေးရင်း.

"ကျွန်တော့်ကိုပြောတာတော့မဟုတ်ဘူးထင်တယ်...ကျွန်တော်ကခုမှရောက်တာလေ..ဒါဆိုတစ်ယောက်တည်းပြောနေတာလားDr."

တစ်ဆက်တည်းလက်ကိုသူ့နှဖူးပေါ်တင်ကျန်လက်တစ်ဖက်ကိုယ်ကိုယ့်နှဖူးတင်ကာ..

"Dr.မဖျားပါဘူး..ဘာလို့လဲ..ခေါင်းမူးနေလို့လာယ.ကျွန်တော်တစ်ခုခုဝယ်ပေးရမလားဆေးသောက်ဖို့တစ်ခုခုစားမလားမဖြစ်သေးပါဘူး..ကျွန်တော်..တစ်ခုခုသွားဝယ်လိုက်ဦးမယ်..Dr.စားဖို့.."

တစ်ယောက်တည်းပြာယာခက်နေတာကိုကြည့်ကာTypeရင်ထဲကြည်နူးရိပ်လေး​ဖြစ်ပျော်သွားကာပြုံးလိုက်သည်..

"အကို..နေကောင်းပါတယ်ညီရယ်..ဘာမှမဖြစ်ပါဘူး...."

သူ့ကိုသေချာစိုက်ကြည့်နေတာကြောင့်..နေရခက်စွာ..

"ဟို..ညီပြန်ချင်ပြန်တော့လေ..အကိုလည်းအလုပ်ပြန်လူပ်ရဦးမှာမလို့.."

ပြောပြီးသည်ထိ..သူမျက်ဝန်းတွေက..ကိုယ့်မျက်လုံးကိုစိုက်ကြည့်ပြီးတစ်ခုခုကိုရှာဖွေနေသလို..အချိန်တစ်ခုကြာအောင်ကြည့်ပြီးမှ..

"Dr...မဟုတ်ဘူး..အကိုType..ကျွန်တော်အကို့ကိုချစ်တယ်.."

ဘေးနားကNurseတစ်ချိူ့ကကွက်ကြည့်ကွက်ကြည့်လုပ်နေတာကြောင့်Typeနေရခက်စွာ..ရှေ့တည့်တည့်နေပြီးရည်းစားစကားပြောနေသောသကောင့်သားလေးအမွှေစိန်ကိုဆွဲကာဆေးရုံရှေ့ပန်းခြံသို့ဆွဲခေါ်လာလိုက်သည်..

ပန်းခြံသို့ရောက်ပြီး...လက်လွှတ်ပေးလိုက်ပြီးခနကြာတဲ့အထိဘာစကားတစ်ခွန်းမှမပြောဘဲ..လက်နှစ်ဖက်ကိုစုတ်ခြေနေသည်...ဒီကလေး..ပြောလဲပြောသေးတယ်ရှက်နေတာလား..

အတန်ကြာမှရှိုက်သံတစ်ချို့ထွက်လာသော​ကြောင့်ငိုနေသည်ဆိုတာသိသည်မို့..

"ညီ.."

သူခေါ်လိုက်တော့..မျက်ရည်များသည်ဟိုတစ်စက်ဒီတစ်စက်ကျနေသည်..မျက်နှာတစ်ခုလုံးလဲနီရဲနေသည်..

အခုအခြေအနေကိုပပန်သုံးသပ်ရမည်ဆိုရင်..ကျွန်တော်ကဘဲသူ့ကိုအနိုင်ကျင့်ခြိမ်းခြောက်နေသလိုလို..သူဘဲရည်းစားစကားပြောသူဘဲရှက်ပြီးသူဘဲငိုနေတော့..ကျွန်တော်ကိုချစ်တယ်လို်ပြောတာGentlemanတစ်ယောက်မဟုတ်ဘဲသူငယ်နာမစင်တဲ့ကလေးတစ်ဦးဖြစ်နေမှန်းသိလိုက်ရသည်..

"Dr..ကျွန်တော့်ကိုစိတ်ဆိုးသွားပြီလားဟင်..ကျွန်တော့်အဟင့်..ကျွန်တော်က..Dr.ကိုတကယ်ချစ်တာပါ..အဟင့်..ကျွန်တော်မှားမှန်းသိပါတယ်..ဒါကြောင့်
.အဟင့်..ကျွန်တော့်ကိုမမုန်းပါနဲ့..Dr."

"ခွီ!!"

Typeရယ်လိုက်တာကြောင့်မျက်လုံးဝိုင်းဝိုင်းလေးနဲ့လှည့်ကြည့်ကာအံသြနေဟန်..နောက်ပြီးနှုတ်ခမ်းကိုဆူကာနေသည်မို့..Typeမျက်နှာပိုးသက်ကာ

"အဟမ်း..ကိုယ်ကညီ့ကိုမုန်းမယ်ပြောလို့လားဟမ်...​ညီ့ကဆေးရုံထဲမှာပြောလိုက်တော့လူတွေနဲ့မို့အကိုက..​ပန်းခြံကိုဆွဲခေါ်လာတာပါ..ညီ့ကိုအကိုစိတ်မဆိုးပါဘူး.."

အခုမှသူ့အဖြစ်ကိုသဘောပေါက်ဟန်..ဆံပင်တစ်ချို့ကိုဆွဲဖွကာသွားဖြီးကြီးနဲ့..

"အော်..အဲ့လိုလားမသိပါဘူးကျွန်တော်ကအကိုစိတ်ဆိုးသွားပြီထင်နေတာ..အဟီး.."

"ကိုယ်..ညီ့ကိုစိတ်မဆိုးပါဘူး..မုန်းလဲ..မုန်းလဲမမုန်းပါဘူး.."

"ဒါ..ဒါဆို.."

​သူ့ဘာသာသဘောတွေပေါက်ပြီး..လူရဲ့ပုခုံးကိုလာဆုတ်ကိုင်တာကြောင့်

"ဟိုး..နေဦး..ကိုယ့်စကားမဆ​ုံးသေးဘူး..ကိုယ်ကမင်းကိုမုန်းဘူးလို့ဘဲပြောတာလေ.."

တူတူဘဲဟာ..ကိုး

"ဘယ်လိုဘဲဖစ်ဖြစ်မမုန်းဘူးဆိုချစ်တယ်..အဟား..အကိုTypeကကျွန်တော့်ကိုချစ်တယ်တဲ့ယေး.."

ပြောပြီးသည်နဲ့ဆွဲဖက်လိုက်တာကြောင့်လူတစ်ယောက်လုံးသူ့ရင်ခွင်ထဲမြုတ်ရပြန်သည်

လူလည်လေးလည်ချင်တဲ့နေရာကျလည်တယ်..ဟွန့်..

စိတ်ထဲမှာနည်းနည်းလေးခပ်နာနာလေးတွေးလိုက်ပေမဲ့လက်တွေမှညထပ်တူကျသွားသောနှုတ်ခမ်းတစ်စုံကြောင့်ရင်ခုန်ရပြန်သည်..

ကျေးဇူးပါMenအကို့ကိုအခုလိုမျိုးချစ်ပေးတဲ့အတွက်..

ကျေးဇူးပါ.အကိုType. ကျွန်တော်အကို့ကိုသေတဲ့အထိချစ်သွားကာကွယ်သွားမှာပါ..

ဆေးရုံအပြင်ဘက်ပန်းခြံမှာကြည်နူးနေသောစုံတွဲတစ်တွဲရှိသကဲ့သို့ဆေးရုံအတွင်းမှာလဲ..မျက်ရည်ရွှဲလဲဖြစ်နေသောလူတစ်ယောက်ရှိနေသည်..ထ်ုလူမှာWatပင်ဖြစ်သည်..

Winလည်းအတော်ပင်စိတ်ညစ်ရသည်...သူဆေးရုံသို့ရောက်တော့အကိုTypeက..သူသတိရပြီလို့ပြောလို်ပျော်ကာ..အခန်းထဲဝင်လိုက်တော့...Menနဲ့ခေါင်းချင်းဆိုင်ကာကုပ်ကုပ်လုပ်နေတာကြောင့်..​သူချောင်းဟန့်လိုက်တော့..သွားဖြီးကားရီပြနေသည်...ဒါလားလေးလကြာ​ပစ်ထားပြီးမှပြန်လာတဲ့လူရဲ့ရုပ်..

ကိုယ်ထင်ထားတာကတော့ချစ်သူနှစ်ယောက်ကြည်ကြည်နူးနူးဖက်ပြီူငိုမယ်ဘယ်လောက်လွမ်းကြောင်းပြောမယ်ဆိုပြီးတွေးထားတာ..အခုတော့သူကသူ့သူငယ်ချင်းနဲ့ဒိုးZကစားတာမပျက်

ဒါကြောင့်နှစ်ကောင်လုံးကိုပိတ်အော်လိုက်တာကြောင့်အကိုMenခေါင်းကုပ်အမြှီးကုပ်ကာထွက်သွားတော့..သူ့ကိုမျက်စောင်းထိုးကာကြည့်နေသည်...

"Winကလည်း..ကိုယ်တို့ဆော့နေတာကိုး.."

အမလေးလေး..ဒီမှာတော့သူအမြန်သတိရပါစေဆိုပြီးနေ့တိုင်းနီးပါးသူ့ဘေးနားကစကားတွေပြောပေးနေတဲ့ချစ်သူကျသတိမရဘဲ..တစ်ပတ်နေမှတစ်ခါလာတဲ့သူငယ်ချင်းကိုမောင်းထုတ်လို့တဲ့လာဆူပုတ်ပြနေတဲ့..မေတ္တာကိုတုန်းတယ်..အဖေကတော့သူတို့အကြောင်းကိုသိ၍သူ့ကိုလက်တို့ကာထွက်သွားပြီ..ထွက်သွားသောအဖေကိုတစ်ခုမနှုတ်ဆက်ဘဲ..ဆော့တာကိုမပျက်ရှိနေသောဒီမေတ္တာတုံးကိုနားရွက်ကနေဆွဲတော့အသံဆာဆာနဲ့အော်ငိုပါလေရော..

ထိုအချိန်Winတွေးလိုက်မိသည်..သူရဲ့ချစ်သူသည်Gentlemanဆန်ဆန်နဲ့အချေကောင်ဟုထင်ထားတာအခုတော့သူငယ်နာမစင်တဲ့ကလေးစုတ်ဖြစ်နေတာကိုး..

"ငိုမနေနဲ့..ကျွန်တော်ဘယ်လောက်ပင်ပန်းထဲထင်လဲဟမ်..ခင်များသတိမရလာတော့ကျွန်တော်ဘယ်လောက်စိတ်ပူနေလဲသိလား..ခင်များဗျာ..အင့်.."

Watဆွဲဖက်လိုက်ခြင်း..Winလည်ူအပုံလိုက်Watရင်ခွင်ထဲရောက်သွားသည့..
ဒီလူမေ့နေတုန်းအတွင်းအားကျင့်စဥ်များကျင့်ထားလား..ကြီးလိုက်တဲ့အား..

ရောက်ကတည်းကပွစိပွစိလုပ်နေသောအကောင်ပေါက်ကိုရင်ခွင်ထဲထည့်လိုက်တော့ငြိမ်ငြိမ်လေးနေလေရဲ့..ချစ်ဖို့ကောင်းသားသူ့ခေါင်းကိုပွတ်ပေးတော့..အတင်းတိုးဝင်လာသည်..ဆံနွယ်တစ်ချို့ကနှာခေါင်းဝမှာကျီဆယ်လျက်

"ကိုယ်လည်းလွမ်းတာပေါ့..ဒါပေမဲ့ကိ်နိုးတဲ့အချိန်Winမှမရှိတာ..သူတို့ကတော့ပြောပါတယ်နေ့တိူင်းအိမ်မပြန်ဘဲမစားမသောက်ဘဲနဲ့ကိုယ့်နားမှာဘဲတစ်ချိန်လုံးနေနေတယ်တဲ့...ဘာလို့အဲ့လိုလုပ်ရတာလဲကလေးရယ်ကျန်းမားရေးထိခိုက်မှာပေါ့.."

စိုးရိမ်စိတ်နဲ့ပြောလိုက်တော့..

"ကျွန်တော်ကခင်များမရှိဘဲမှမနေနိုင်တာ..ခင်များကကျွန်တော့်ကိုအကြာကြီးပစ်ထားတာကိုး..ဒီအတွက်ကြောင့်ခင်မျာူကိုအပြစ်ပေးရမယ်.."

Watအရွှန်းဖောက်ကာ..ပြုံးလိုက​်ပြီး.

"ကဲပြောပါဦးဘယ်လိုအပြစ်ပေး..အွတ်.."

Win..Watရဲ့နှုတ်ခမ်းကိုမနမ်းတတ်နမ်းတတ်နဲ့နမ်းနေသည်..အစကဦး​ဆောင်သူမှာWinပင်သို်သော်အဆုံးသတ်ချယ်လှယ်ပြီးဦးဆောင်နေသူမှာWatဖြစ်ပြီး..လိုက်ပါစီးမြောနေသည်မှာ..Winပင်...

သူတို့နှစ်ဦးမသိလိုက်သည်မှာ..ဟစိစိဖြစ်နေသောဆေးရုံခန်းတံခါးမှလူတစ်ယောက်ချောင်းကာကြည့်နေပြီး..တံခါးကိုမသိမသာဆွဲပိတ်လိုက်ခြင်း..

#########################.

4လခန့်ကြာသော်..

Watဆေးရုံးကဆင်းပြီးအချိန်တစ်ခုထိနားကာ..Companyသို့သွားကာသူမ​ရှိခဲ့စဥ်ကလုပ်ခဲ့သောအလုပ်တစ်ချို့နဲ့နဗန်းလုံးနေသည်မှာ..သုံးလ​ပင်ရှိပြီမို့ပြီးလုနီးပါးဖြစ်နေပြီ..

Winကိုလဲကျောင်းဆက်တက်စေပြီး..လိုအပ်တာတွေပြင်ဆင်ပေးနေရသေးသည်မို့ဘာကိုမှမစဥ်းစားဘဲနေခဲ့သည်...

အဖေကတော့..Mr.Da Daရဲ့နာရေးပြီးကတည်းက..သူ့သူငယ်ချင်းတွေရှိတဲ့ရွာလေးဆီသွားလည်တာခုချိန်ထိပြန်မလာဖုန်းတော့ပြောမိသည်...အချုခိန်မှာသူတို့အားလုံးအဆင်ပြေနေပြီ..သို့သော်..အကိုMatineတစ်ယောက်ကတော့..အမေဖြစ်သူရဲ့မှားယွင်းလမ်းပြမှုကြောက့်ဝရမ်းပြေးဘဝနဲ့ကြင်လည်နေရှာသည်..

တီ..တီ..မြည်လာသောဖုန်းသံကြောင့်..Watအလုပ်လုပ်နေရင်းကြည့်လိုက်တော့...တစ်ခါမှမမြင်ဖူးသောဖုန်းတစ်ခု..

မကိုင်ဘဲထားမည်ဟုပြုသော်လည်း...ကိုင်လိုက်မိသည်..

"Hello..အမိန့်ရှိပါ.."

တစ်ဖက်မှလောင်ရယ်သံနဲ့အတူ

"အား..ယိုးအမိန့်ရှိပါတဲ့လား..ဟမ်..ဒါနဲ့အခုတလောအဆင်ပြေနေမှာပေါ့နော်ဟုတ်တယ်မလား.."

သူအံ့သြကာဖုန်းနံပါတ်တစ်ချက်ပြန်ကြည့်ပြီး.

"အကိုMatine..ဘယ်လိုလဲကောင်လေး..အဆင်ပြေရဲ့လား.မင်းညီလေးနဲ့ရော...ညီအကိုတွေအတူတူတစ်အိမ်ထဲမှာပျော်နေကြတယ်ပေါ့ဟုတ်လား.."

"အကိုဘယ်မှာလဲ...နေကောကောင်းရဲ့လား.."

သူဂရုဏာစိတ်နဲ့ပြောလိုက်ခြင်းတကယ်တော့ဒါတွေဟာအကို့အမှားတစ်ခုမှမပါ..အကိုသည်ရိုးသားသောလူတစ်ယောက်ဆိုတာသူယုံကြည်သည်..အခုလိုလူဆိုးလူယုတ်မာဖြစ်ရသည်မှာအမေဖြစ်သူကြောင့်ဖြစ်သည်..

"ဟား..ဟား..ငါ့ကိုစိတ်ပူတာလားမပူပါနဲ့အားလုံးအဆင်ပြေပါတယ်...အခုချိန်မှာစိတ်ပူရမှာကမင်းကိုယ်မင်းဘဲ...အမှန်တရားကိုဘယ်ချိန်ထိဖုန်းကွယ်ထားမလို့လဲSarawat..မင်ူအခုလိုလုပ်နေတော့ရော..အဲ့အမှန်တရားကမပေါ်တော့ဘူးလားဟမ်..အကိုတစ်ယောက်အနေနဲ့သတိပေးလိုက်မယ်နော်..မင်းကဒီကစားပွဲမှာအရန်လူသက်သက်ဘဲ..ကိုယ့်အခြေအနေကိုသိရင်စောစောကတည်းကဘေးဖယ်နေခဲ့သင့်တယ်..ဒါဘဲနော်.."

Watထိတ်လန့်တကြီးနဲ့..ဖုန်းscreen ပေါ့သို့လက်သွယ်သွယ်လေးများအမြန်ပြေးလွှားကာဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်သည်..

#########################

Hello everyone..

နောက်အပိုင်းဇာတ်သိမ်းပါမယ်နော်..

Surprise..လားကိုယ်တိုင်တောင်ဘယ်နားတိုက်လိုက်မှန်းမသိဘူးအဟဲ..

Bye bye all
Love you all

You are reading the story above: TeenFic.Net

#shoon