Winတစ်ယောက်...မနက်ကတည်းကမှိုင်နေတာမို့Fongလဲအတော်စိတ်ပူနေပြီ...အကိုWatအကူအညီတောင်းတာကြောင့်..Winနဲ့အတူတိုက်ခန်းမှာလာနေတာ၁လပြည့်ပြီ..အကိုWatသည်..တစ်ပတ်နေလို့တစ်ခါတောင်ပေါ်မလာ...
ရောက်လာတိုင်းလည်းကိစ္စတစ်ခုခုအကြောင်းပြကာပြန်ထွက်သွားတတ်သည်...ဒါတွေကြောင့်Winစိတ်မသက်မသာဖြစ်နေသည်ကိုသိသည်...သို့ပေမဲ့သူ့သူငယ်ချင်းလေးကိုဘယ်လိုနှစ်သိမ့်ရမလဲမသိ...အကြောင်းကိစ္စတစ်ချို့ကြောင့်...Winကိုတိုက်ရိုက်လာမတွေ့ပေမဲ့..ကျွန်တော်နဲ့တော့နေ့တိုင်းစကားပြောဖြစ်သည်...ပြောလိုက်တိုင်းလဲWinနဲ့ပတ်သတ်သမျှအကြောင်းအရာများ...ဒါတွေကိုသူ့ကိုမပြောဖို့ပြောပေမဲ့...ကျွန်တော့်သူငယ်ချင်းလေးအခုလိုမှိုင်နေတာကိုသူမကြည့်ရက်တာကြောင့်...
"Win.. နေကောင်းလား..ခေါင်းမူးနေလား..ဟမ် "
Winထံမှအပြုံးပျော့ပျော့နဲ့
"Fong. .Watကငါ့ဆီမလာတာငါသူ့စီကထွက်သွားလို့စိတ်ဆိုးနေတာလားဟင်...ငါမရည်ရွယ်ပါဘူးဟာ..အဟင့်"
ပြောရင်းငိုချလိုက်တာကြောင့်သူလဲပြာပြာသလဲနဲ့..
Win..တကယ်တော့...အကိုWatကငါ့ဆီနေ့တိုင်းဖုန်းဆက်ပြီးမင်းအဆင်ပြေလားလို့မေးပါတယ်...
Fongစိတ်ထဲကသာပြောလိုက်ခြင်း..ပါးစပ်ကထွက်သွားတာကတော့..
"မဟုတ်ပါဘူးသူငယ်ချင်းရယ်..အကိုWatအလုပ်နည်းနည်းရှုပ်နေတာကြောင့်ဖြစ်ပါလိမ့်မယ်...မမPanအတွက်တရားမျှတမှုကိုရှာပေးဖို့လေ.."
ထိုအခါမှမျက်နှာလေးလန်းလာကာ..
"ဟုတ်သားဘဲ..Fong..ငါတို့အကိုWatအိမ်သွားရအောင်...အကိုWatအစာပုံမှန်စားမယ်မထင်ဘူး..လာ.."
Fongသည်လည်းအခုတလောအိမ်ထဲနေရလို့အတော်ပင်ပျင်းနေပြီမို့..သူ့သူငယ်ချင်လေးစိတ်ချမ်းသာအောင်လို့....ဆိုကာသွားရန်ဆုံးဖြတ်လိုက်သည်..
နှစ်ယောက်စလုံးပြင်ဆင်စရာရှိတာပြင်ဆင်ပြီးအိမ်အောက်ထပ်ကိုဆင်းလာခဲ့သည်...
##########################
Watတစ်ယောက်..အမှုကိစ္စတွေကြောင့်အလုပ်တွေရှုပ်နေသည်..သက်သေတွေလဲအတော်စုံနေပြီ...အဖေဖြစ်သူသည်လည်းသူလုပ်ခဲ့တဲ့ကိစ္စတွေကိုတာဝန်ယူပြီး...ဝန်ခံမယ်လို့ပြောထားပြီးတာမို့...အားလုံးနီးပါးအဆုံးသတ်ဖို့ဖြစ်နေပြီ...
"အကိုလေး..ဧည့်သည်.."
အတွင်းရေမှူးကောင်လေးပြောစကားမဆုံးမှီဒေါက်ဖိနပ်သံဆူဆူညံစွာဝင်လာသည်က...မိထွေးဖြစ်သူ..
"Mrs.Da Da.."
"အဟင်း...မှတ်မိသေးသားဘဲ...မင်းကလည်လှပြီထင်နေတာလား..မင်းဘာတွေလုပ်နေလဲဆိုတာငါကမသိလောက်အောင်ငါ့ကိုတုံးတယ်ထင်နေလား...ဟမ်..အဟင်းဟင်း.."
"ဒီကိုဘာကိစ္စကြောင့်လာတယ်မသိပေမဲ့အခုကျွန်တော်မအားသေးတာမို့..ခွင့်ပြုပါဦး.."
Watတစ်ယောက်..Fileတွဲတစ်ခုကိုင်ကာထွက်လာခဲ့သည်...အခန်းထဲ၌ကျန်ခဲ့သောမိန်းကလေး၏မျက်နှာမှာတော့မဲ့ပြုံးတစ်ခုကိုလှလှပပပန်ဆင်လျက်..
Watတစ်ယောက်အစည်းအဝေးလုပ်နေတုန်းအဆက်မပျက်မြည်နေသောဖုန်းသံကြောင့်....စိတ်ရှုပ်ကာ..ခေါ်ဆိုသောသူကိုနေရာကြည့်လိုက်၍စုတ်တစ်ချက်သပ်မိသည်...
ဖုန်းကိုမကိုင်ဘဲနဲ့မောက်ထားလိုက်သည်..၃ခေါက်လောက်ဆက်တိုက်ဝင်ပြီးမှ...ဝင်လာသောmessageသံကြောင့်ဝင်ကြည့်မိတော့..
Winကိုလက်ပြန်ကြိုးတုတ်ကာ..မျက်လုံးစီးတစ်ချို့အုပ်ထားသောပုံကြောင့်ထူပူကာစောနကခေါ်ဆိုထားသောဖုန်းကို..ပြန်ခေါ်တော့..နှစ်ချက်မြည်ပြီးကိုင်လာသောဖုန်း
"အဟင်း...မင်းဖုန်းပြန်ခေါ်မယ်ဆိုတာတို့သိတာပေါ့...အံ့သြစရာပါဘဲနော်အရေးမပါဘူးလို့ပြောထားတဲ့သူကိုသက်တော်စောင့်တွေဘာတွေနဲ့ထားထားပါ့လား.."
Watတစ်ယောက်အစည်းအဝေးခန်းထဲမှာထွက်သွားတာကြောင့်အတွင်းရေးမှူးကောင်လေးမှ..လူကြီးများကိုတောင်းပန်ကာအစည်းအဝေးရုပ်သိမ်းကြောင်းပြောကာ..Wat နောက်မှလိုက်လာခဲ့သည်...
"ခင်များတို့သူ့ရဲ့ဆံပင်တစ်မျှင်ကိုထိရဲထိ့ကြည့်ခင်များတို့သားအမိကိုမီးလောင်တိုက်သွင်းပစ်မယ်.."
ဟိုဘက်ကလောင်ရယ်သံတစ်ချို့နဲ့အတူ..
"အား..ရိုး.ရိုး..ကြောက်စရာကောင်းလိုက်တာ..စိတ်ချပါ..မထိနဲ့ဆိုမထိပါဘူး..ဒါပေမဲ့အခုမင်းလုပ်နေတဲ့Projectကိုငါတို့လက်ထဲလွှဲပေးရင်တော့တစ်မျိုးပေါ့..အဲ့လိုမှမဟုတ်ရင်..လူတစ်ယောက်ရဲ့အသက်ဆိုတာဘဏ်မှာအပ်ထားလို့မရဘူးနော်..ဟင်းဟင်း.."
"ကောင်းပြီ..နောက်တစ်နာရီအတွင်းမင်းတို့ဆီကိုငါရောက်မယ်..."
"နေဦး.."
တစ်ဖက်ကတားလိုက်တဲ့အသံကြောင့်သူဆက်နားထောင်တော့.."
"ရဲတွေဘာတွေခေါ်လာဖို့စိတ်မကူးနဲ့နော်...အဲ့လိုဆိုရင်တော့မင်းလာမယ့်တစ်နာရီအတွင်းကမင်းကောင်လေးအရိုးကောက်ဖို့ဖြစ်သွားမယိ.."
တောက်!!!
Watလည်း...လိုအပ်သောစာရွက်စာတမ်းများကိုပြင်ဆင်ကာ..အခန်းထဲကထွက်လာတော့အတွင်းရေးမှူးကောင်လေးနဲ့တွေ့တာကြောင့်အကြောင်းစုံကိုပြောပြီး..မြို့ပြင်မှာရှိတဲ့..Matineတို့ပိုင်တဲ့ဂိုထောင်ဆီသို့ထွက်လာခဲ့သည်..
ဂိုထောင်သို့ရောက်တော့အစောင့်နှစ်ယောက်နဲ့အတူ.Matineရပ်နေတာကိုတွေ့တာကြောင့်သူတို့ရှေ့သို့သွားကာ.
"Winဘယ်မှာလဲ.."
Matineမှ..မဲ့ပြုံးတစ်ခါဖြင့်..
"အောက်လိုက်တာကွာ...ဘာမဟုတ်တဲ့ကောင်လေးအတွက်နဲ့..ဟေ့ကောင်တွေ..မင်းတို့စောက်ခြောက်ကောင်ကိုမမြင်ဖူးရင်ကြည့်ထား.."
MatineမှWatရဲ့ဒေါသကိုစွတာအားမရ၍သူ့ဘေးကနှစ်ကောင်ကိုပညအဖော်ခေါ်နေသည်...သို့သော်Watငြိမ်နေလိုက်သည်..ဒါကိုပင်အားမရစွာနဲ့Matineမှ..
"ဟေ့ကောင်တွေဒီစောက်ခြောက်ကောင်ကလေ..ဟိုအထဲကစောက်ဆင့်မရှိတဲ့ကောင်လေးအတွက်..အခုလိုHeroလာလုပ်တာကွ.."
Watဒီတစ်ခါတော့တင်းပြီလေ..Winသိက္ခါကိုချဖို့လုပ်နေတဲ့ဒီသကောင့်သားကိုWat ဒီတိုင်းထားရင်ရိုင်းရာကျသွားမာပေါ့..
"မင်းတို့လို..သူများအတင်းဝင်တုပ်ပြီး...ကိုယ်နဲ့တန်ရာတန်ရာမယားငယ်ရဲ့သားလိုမနေဘဲနဲ့ဘယ်နဲ့သခင်ရဲ့လက်ကိုပြန်ကိုက်ရတယ်လို့..ကိုယ့်အဆင့်ကိုယ်သိပါ...အဆင့်အတန်းဆိုတာကိုဘာနဲ့တန်းဖိုးဖြတ်လဲတော့မသိဘူး...သူများယောကျာ်းကိုကြာကူနဲ့မင်းအမေလိုလူမျိုးလိုတော့အောက်တန်းစားမဟုတ်ဘူးဆိုတာမှတ်ထားပါ..ကိုယ့်အကြောင်းကိုယ်သိရင်မင်းစောက်ပါးစပ်ကိုပိတ်ဖို့အရင်စွမ်းဆောင်လိုက်ဦး..."
Watရဲ့အပြောကြီးရူးရူးရှားရှဖြစ်သွားသည်မှာMatineတစ်ယောက်စိတ်တိုသွားတာကြောင့်ထိုးဖို့လုပ်တော့..
"ဟိတ်!! "
ဂိုဒေါင်ထဲမှထွက်လာသည်မှာ.Mrs.Da Da
"Matineတော်စမ်း..နင်ကဘာတွေတော်နေလိူ့...လဲ.."
သူ့သားကိုဆူကာ..Watကိုမျက်စောင်းထိုးကြည့်ပြီး..
"လိုက်ခဲ့..ငါပြောတဲ့ဟာတွေပါလား.."
"Winဘယ်မှာလဲသာပြောခင်များပြောတဲ့ဟာတွေအကုန်ပါတယ်.."
"စောက်ပိုတွေလုပ်မနေနဲ့..လိုက်ခဲ့.."
Watလည်း...သူတို့နယ်ထဲရောက်နေတော့ငြိမ်နေလိုက်သည်..
ဂိုဒေါင်ထဲရောက်တော့Winရဲ့မျက်လုံးကိုစီးထားသော်လည်းအစည်းကိုဖြုတ်ကာကျွန်တော့ကိုမြင်စေလိုက်သည်...winတစ်ယောက်Watကိုမြင်တော့မျက်ကည်များဝဲတက်လာကာ..တောင်းပန်သောအကြည့်ဖြင့်ကြည့်နေသည်..
Winကိုမြင်မှစိတ်ချသွားဟန်ဖြင့်..ပါလာသောစာအိတ်ကိုလက်ထဲထည့်လိုက်ပြီး..
"ခင်များလက်မှတ်ထိုးရုံဘဲ..ပိုပိုသာသာနဲ့ချက်လက်မှတ်တစ်ချို့ပါထည့်ပေးထားတာမို့...ကျွန်တော်Winကိုပြန်ခေါ်သွားတော့မယ်.."
ပြောပြီးသည်နဲ့Winလက်ကိုဆွဲကာ..ထွက်လာတော့ရှေ့မှလာပိတ်သောခပ်ထွားထွားလူနှစ်ယောက်ကြောင့်Winကိုနောက်သို့ပို့ကာ..ထိုလူနှစ်ယောက်နဲ့သူတစ်ပြန်ကိုယ်တစ်ပြန်ချရပြန်သည်...Watသည်..ကိုယ်ခံပညာမှာ.'အ'အဆင့်သာရှိသော်လည်း.သူသာပြိုလဲသွားရင်Winအတွက်အန္တရာယ်ဆိုတာရှိလာနိုင်သည်အတတ်နိုင်ဆုံးကာကွယ်နေရသည်...သို့သော်ကိုယ်ခံပညာမတတ်သောသူနဲ့တတ်သောသူယဥ်ကြည့်လျှင်သေချာပေါက်သူအထိနာမည်ဆိုတာသိသည်...အချိန်ကိုတက်နိုင်သလောက်ဆွဲထားမိသည်...အနည်းဆုံးသောWinထွက်ပြေးဖို့အချိန်ရတာပေါ့..
တစ်ဆတစ်ဆများပြားလာသောသူတွေကြားWatခံနိုင်ရည်ကုန်ဆုံးသွားတာကြောင့်ယိုင်ထိုးနေသည်..နောက်ကတစ်ယောက်မှ..ဒခေါက်ကွေးကိုကန်လိုက်တာကြောင့်ဒူးထောက်ကာလဲကျသွားသည်...ထို့နောက်.လူနှစ်ယောက်၏နောက်မှဆင့်ပေါ်လာသော..ထိုမိန်းမကို..မသတီသလိုကြည့်ကာ..မျက်လုံးအစုံမှိတ်ထားသည်..ထို့နောက်
ဒိုင်း!!!
ဟူသောအသံ၏နောက်တွင်..သူသည်လည်းအမှောင်ကမ္ဘာသို့တစ်ဖန်အလည်အပတ်ရောက်သွားခဲ့ပြန်သည်..
#########################
Watတစ်ယောက်ဆေးရုံရောက်နေသည်မှာ.လေးလပင်ပြည့်ပြီ...ဆရာဝန်ပြောတာတော့..အသက်အန္တရာယ်မစိုးရိမ်ရတော့ပါဘူး..သို့ပေမဲ့သူတို့ကိုယ်တိုင်လည်း..ဘာကြောင့်သတိပြန်မလည်လာတာလဲဆိုတာအဖြေရှာမရ..ခေါင်းကိုထိခိုက်မိ၍လားဟုတွေးကာဓာတ်မှန်ရိုက်ကြည့်သောလဲပကတိအကောင်းတိုင်းရှိနေသည်...ဒါကြောင့်အာရုံကြောဆရာဝန်၏ပြောစကားအရလူနာသည်...စိတ်အခြေအနေအရသတိမရချင်သေး၍အခုလိုဖြစ်နေခြင်းကြာသွားရင်Comaဝင်မှာကိုပင်စိုးရိမ်ရသည်ဟုပြောသည်...
Winလည်းနေ့တိုင်းနီးပါWatအတွက်ဆုတောင်းပေးသည်..သူ့အနားမှာနေပေးသည်..အတတ်နိုင်ဆုံးWatကိုသတိရအောင်လို့ဘေးနားတွင်ထိုင်ကာစကားတွေပြောပေးသည်..ကြာတော့..Watရဲ့အဖေနဲ့သူငယ်ချင်းများပင်..Winကိုစိတ်ပူလာကြသည်..အစားလည်းပုံမှန်မစားသောကြောင့်ကြာရင်သူပါလဲမည်ကိုစိုးရိမ်နေကြသည်..
ဒါကြောင့်အကိုTypeကိုအကူအညီတောင်းကာ...Winကိုဖြောင့်ဖျရန်ကြိုးစားကြသည်..
ဒေါက်ဒေါက်!!
"Win. ညီလေး..တစ်ခုခုစားမလား.အကိဆန်ပြုတ်ယူလာတယ်..သောက်လိုက်နော်..လာ.."
"အကိုType..Watကကျွန်တော့ကိုစိတ်ဆိုးနေလို့များထမလာတာလားဟင်..ကျွန်တော်အိမ်ကထွက်ပြီး...အန်ကယ်ဆီသွားလို့..ကျွန်တော့်ကိုစိတ်ဆိုးပြီးထမလာတာလားမသိဘူး..အဟင့်."
Type လဲWinကိုသနားသလိုကြည့်ကာ..
"မဟုတ်တာ..Winရယ်..Watကဒီ့လောက်ချစ်တာစိတ်ဆိုးပါ့မလား..ဘာမှမတွေးနဲ့နော်..အကယ်၍Watနိုးလို့Winကပခုလိုပုံကြီးနဲ့ဆိုဘယ်လိုလို့စိတ်ကောင်းပါ့မလဲဟုတ်တယ်မလား..ဒါကြောင့်စားလိုက်ပါနော်.."
ထိုအခါမှတွေတွေကြီးစဥ်းစားပြီးမှ..
"ဟုတ်..ကျွန်တော်စားမယ်.."
ပြောပြီးTypeပါလာသော..ဆန်ပြုတ်များကိုတစ်ဇွန်းပြီးတစ်ဇွန်းခပ်ကာစားနေလေရဲ့..ပြီးတော့..အိမ်သို့ပြန်ကာရေချိုးမည်ဟုပြောကာပြန်သွားတော့..Typeလဲခွင့်ပြုလိုက်သည်..
"Dr. မပြန်သေးဘူးလား..Winကော.."
Winပြန်ပြီးမကြာမှီ..Menဆိုတဲ့ကောင်လေးဝင်လာတော့သူနေရာကထပေးရပြန်သည်..
"ကိုယ်ကဒီနေ့..Dutyလေ..နောက်ပြီးWinကအိမ်ပြန်ကြီးတစ်ကိုယ်ရေသန့်ရှင်းရေးသွားလုပ်တယ်..ညီရောက်ဘာတာနဲ့အတော်ဘဲ..အကိုလူနာလိုက်ကြည့်ရမှာမို့..Watကိုညီ့လက်ထဲထားခဲ့မယ်...လိုအပ်တာရှိရင်Bellကိုနှိပ်လိုက်နော်.."
"ကျွန်တော်သိပါတယ်Drရဲ့....စိတ်ချပါ..ကျွန်တော်တစ်ခုခုထူးတာနဲ့..လှမ်းခေါ်လိုက်မယ်နော်.."
Type ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်..ဒီကောင်လေးဟိုတလောကတော့သူဘဲမသိသလိုအခုကျတော့ရောဆရာကျနေပါ့လား..
"အော်..ဒါနဲ့..Dr. Duty ဝင်ဖို့ဘယ်လောက်လိုသေးလဲ.."
ဟမ်..
Type အံသြသွားခြင်း
"အော်..ကျွန်တော်ကDr.တစ်ခုခုစားပြီးမှသွားပါလားလို့..ကျွန်တော်စားဖို့..ထမင်းဗူးဝယ်လာတာအဲ့ဒါ..တစ်ဗူးပိုနေတာစားသွားပါလား.."
သူလည်းတစ်ချက်တွေဝေပြီးမှစားချင်စဖွယ်ထမင်းဘူးကြောင့်..
"ကောင်းပြီလေ.."
ပြောပြီးထမင်းကိုအားရပါးရထိုင်စားနေသောသူ့Drလေးကိုကြည့်ကာMenပြုံးမိသည်...သူတကယ်ချစ်မိပြီ...Dr.ရယ်
"Dr. ရေ.."
သူနင်နေတာကိုသိသည့်အလား...ရေဘူးကမ်းပေးသောကောင်လေးကိုကြည့်ကာသူ့ရင်ဘက်ထဲမှအကောင်ငယ်ခုန်ပေါက်နေသည်ကိုသူကိုယ်တိုင်ခံစားမိသည်..သူ့ခံစားချက်ကိုဖုံးကွယ်ထားမိသည်မှာအတော်ပင်ကြာပြီ...ထိုကောင်လေးသူ့ကိုစိတ်ဝင်စားနေသည်ကိုသူသိသည်..သို့သော်သူ့ထက်ငယ်သောကောင်လေးကိုသူဘယ်လိုယုံကြည်ရမည်လဲ..
"ညီ..အကို့ကိုWatတို့ခေါ်သလိုအကိုTypeလို့ဘဲခေါ်ပါလား...အကိုစိတ်ထဲတစ်မျိုးဖြစ်နေလို့ပါ.."
".ဗျာ..ဟုတ်..အကိုသာသဘောကျမယ်ဆိုကျွန်တော်ကခေါ်ချင်နေတာပါ..အဟီး.."
ပြောပြီးရီနေသောကောင်လေးကိုကြည့်ကာသူပါးချိုင့်တွေပေါ်တဲ့အထိရီမိသည်..
"အဟမ်း.."
Men...Typeရယ်နေသည်ကိုမမှိတ်မသုန်စိုက်ကြည့်နေမိသည်မှစာဘယ်လောက်ကြာသည်မသိ...ဘေးမှထွက်ပေါ်လာသောချောင်းဟန့်သံကြောင့်သတိပြန်ဝင်လာသည်..
"Wat..မင်းသတိရလာပြီလားငါ့ကိုကောမှတ်မိလား..ဒါဘယ်နှချောင်းလဲငါဘယ်သူလဲသိလား.."
Watနိုးလာတော့...အကြည်စိုက်နေသောနှစ်ယောက်.ချောင်းဟန့်လိုက်တော့ပြူးတူးပြာတာနဲ့သူ့အနားရောက်လာပြီးမေးခွန်းတွေမေးနေသောဤသကောင့်သားကိုသူဘယ်လိုကျိန်ဆဲရမလဲစဥ်းမိသည်..သို့သော်သူ့ကိုစိတ်ပူနေလို့ကျေးဇူးတင်စိတ်နဲ့မြိုသိပ်လိုက်ရပြန်သည်..
"Men. ငါမင်းကိုမှတ်မိပါတယ်..အကိုType.. Winကော..သူသက်သာလား..သူဘယ်မှာလဲဟင်..ဟိုသားအမိကော.."
Menမှနှာခေါင်းရှုံ့ကာ..
"လခွမ်း..နဲ့မှ.မင်းမယားလေးဘဲမေးနေတော့..ဒီမှာစိတ်ပူနေတာကို..သူကတော့ဟွန့်.."
ဘေးမှပြုံးမိသည်မှာTypeပင်ဒီကလေးတအားကလေးဆန်ပြီးချစ်ဖို့ကောင်းသလိုတအားလဲရိုင်းသည်..
"ကဲWat..မင်းသိချင်တာကို..ညီ့ကိုမေးလိုက်တော့ဟုတ်ပြီလား..အကိုDutyဝင်ရဦးမှာမို့.."
ညီ..ဘယ်လိုတောင်အဆင်ပြေသွားကြတာလဲ..သူတို့ကအစတုန်းကတော့ခွေးနှစ်ကောင်လိုကိုက်နေကြပြီး..
#########################
Winတစ်ယောက်စိတ်တွေကြည်နေသည်မို့Watအတွက်အစားအစာတစ်ချို့လုပ်ကာ...ဆေးရုံသွားရန်ပြင်တော့..
"အန်ကယ်.."
"အဖေ.."
Winကအန်ကယ်လို့ခေါ်သည်ကိုအဖေဟုထောက်ပြခြင်း...
"သား..ရယ်..အဖေလို့ခေါ်ပါမခေါ်ရဲရင်လဲDaddy..ဖြစ်ဖြစ်ပေါ့..မဟုတ်ဘူးလား..သားWatရဲ့ကောင်လေး ဆိူတော့အဖေ့ရဲ့အဖေ့ရဲ့သားဘဲပေါ့မဟုတ်ဘူးလား..".
Winဝမ်းသာမျက်ရည်ကျမိသည်..သူ့ဘဝမှာအဖေလို့ခေါ်မည့်သူပေါ်လာပြီပေါ့.
"ကျေးဇူးပါ..ဖေ..ဖေ."
"ကဲပါ..သားWatဆီသွားမလို့လား..အဖေလဲလိုက်ခဲ့မယ်...ဒီနေ့အဖေ့အလုပ်တွေကို.Tinနဲ့Bossကိုအပ်ထားလိုက်ပြီမို့ဖေဖေအားနေတယ်.."
"ဟုတ်ကဲ့..ကျွန်တော်သွားခါနီးလာခေါ်ပါ့မယ်.."
"အေးကွယ်..ဖေဖေစာဖတ်ခန်းထဲကစောင့်မယ်နော်.."
"ဟုတ်.."
အဖေဖြစ်သူထွက်သွားပြီးတော့..သူလည်းပြင်ဆင်စရာရှိတာပြင်ဆင်ရသည်...Watကိုစောင့်ခိုင်းလို့မဖြစ်သတိရလာရင်သူ့ကိုရှာနေမည်မှာအမှန်ပင်..
#########################
Hello everyone. Sorry for my lazy habit.
ကဲကဲ..Gue Gueတို့ရော..Winလိုယွခမကောင်းကောင်းမလိုချင်ဘူးလား..
နောက်တစ်ပိုင်းမှာSurpriseအကြီးကြီးတိုက်မှာမို့..
Waiting for me💋
Love you all🙆
You are reading the story above: TeenFic.Net