အကိုဖြစ်သူနဲ့ဖုန်းပြောပြီးကတည်းကစိတ်တွေလေးလံစွာနဲ့အိမ်ကိုပြန်လာခဲ့လိုက်သည်...
"ဖေဖေ.."
အိမ်ရောက်တော့..အဖေဖြစ်သူကိုမြင်လိုက်တော့ခေါ်လိုက်ပေမဲ့တစ်ဆက်တည်းမီးဖိုထဲမှထွက်လာသောWinကြောင့်ကိုယ်ရှိန်သက်ကာ..
"သားWatပြန်လာပြီလား..."
အဖေဖြစ်သူသည်သူ့မျက်နှာကိုသေချာကြည့်ပြီးမှ..
"သားငယ်..ဖေဖေတို့အတွက်ညစာပြင်ထားလိုက်တော့နော်..Wat..အဖေနဲ့စကားပြောရအောင်.."
ပြောပြီးစာဖတ်ခန်စထဲဝင်သွားတာကြောင့်..Watလည်းWinကိုပြုံးပြကာ..စာဖတ်ခန်းထဲသို့လိုက်ဝင်သွားခဲ့သည်..အခြေအနေကိုနားမလည်ခဲ့သည်က..Win
"အဖေ.."
"သားWat.သားအကိုဖုန်းဆက်တယ်မလား.."
အဖေဆီလည်းဆက်ခဲ့တာလား..
"ဟူတ်.."
နှစ်ယောက်စလုံးကြားထဲမှာတော့တိတ်ဆိတ်မှုသာ..
တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်ကWatရဲ့ဖုန်းသံ..
"Hello Men..ပြော.."
"Wat...အကိုMatineရဲ့တည်နေရာသိရပြီ..Bossတပည့်တွေလည်းအဲ့ကိုသွားနေပြီ..မင်းလာဦးမလား.."
သိပ်တိကျလွန်းသောသူငယ်ချင်းတွေကြောင့်..သူတကယ်ပင်အားရှိရသည်..ညနေကမှ.အကိုဖြစ်သူဖုန်းဆက်တာကိုပြောတုန်းရှ်သေး..အခုပျတည်နေရာသိလို့သူတို့လက်သပ်မွေးထားတဲ့တပည့်တွေတောင်လွှတ်လိုက်ပြီဆိုဘဲ..
"နေဦး..Men..ငါလာခဲ့သည်..Bossလူတွေကိုလက်မလွန်ဖို့ပြောထားကြားလား..ရဲလက်အပ်ရမှာမလို့.."
"Ok သူငယ်ချင်း..ငါဝင်ခေါ်လိုက်ရမလား.."
"နေနေ..ငါ့ကိုနေရာသာပို့လိုက်ငါအခုထွက်လာခဲ့မယ်.."
Okလို့တစ်ခွန်းပြောပြီးတိကနဲကျသွားသောဖုန်းလိုင်း..ဒီတစ်ခါတော့Menတစ်ယောက်သူအရင်ဦးအောင်ချပြလိုက်သည်...
ဘာတက်နိုင်သေးလဲဒင်း..ဟင်..အရင်ကသူအရင်ချပြီးချေမိုးပြနေတာ..ခုတော့ဘာတက်နိုင်သေးလဲ..
"သားWat. မင်းအကိုဘယ်မှာလဲသိရပြီတဲ့လား.."
"ဟုတ်..ကျွန်တော်အခုဘဲသွားမလို့ပါ.."
အင်္ကျီကောက်ဆွဲထရပ်လိုက်သောအဖေဖြစ်သူကြောင့်..
"အဖေလည်းလိုက်မလို့လား..မလိုက်ပါနဲ့...အပြင်မှာရာသီဥတုမကောင်းဘူး..သားတစ်ယောက်တည်းသွားလိုက်မယ်.."
အဖေဖြစ်သူမှစိတ်မချဟန်..အချိန်အတန်ကြာစဥ်းစားပြီးမှ.
"ကောင်းပြီ..သားWat..ဘယ်သူတွေဘာတွေဘဲပြောပြောသားကအဖေ့သားမလို့....ဘာတွေဖြစ်ဖြစ်ဘာကိစ္စတွေဘဲဖစ်ဖြစ်အဖေ့ဆီကကြားရမှ..သားယုံရမယ်နော်..အိမ်ကိုဘဲပြန်လာခဲ့သား.ဟုတ်ပြီလား.."
အဖေဖြစ်သူလည်းစိတ်ပူတာကတစ်ကြောင်းကြောင့်...သူပြောချင်တာဘာဆိုတာကိုထုတ်မပြောဘဲ..သားဆီကသိတဲ့အကြောင်းအရာနဲ့သူသိတာနဲ့ဘာတွေကွဲလွဲနေလဲဆိုတာသိချင်လို့လိုက်ချင်ပေမဲ့..သားWatရဲ့မလိုက်ရန်စိတ်ပူတားမြစ်မှုကြောင့်လိုက်မသွားရန်ဆုံးဖြတ်လိုက်သည်..
သို့သော်Watသည်အယုံလွယ်သူတစ်ယောက်ဖြစ်နေသည်ကိုသိသည့်နှယ်..ဘာတွေဘဲဖြစ်ဖြစ်အိမ်ကိုပြန်လာရန်သာအကြိမ်ကြိမ်မှာကြားနေသည်
"Wat.."
အဖေ့ခန်းထဲကထွက်လာတော့သူ့လက်ကိုလာဆွဲသောသူ့ကလေး...သူ့လက်ကလေးပေါ်မှအုပ်မိုးကိုင်ကာ
"Win..အဖေ့ကိုစောက့်ရှောက်နော်ကိုယ်ပြန်လာခဲ့မှာမို့လို့...အိမ်မှာဘဲနေခဲ့..အကိုType Dutyဆင်းရင်လာလိမ့်မယ်နော်..ကိုယ်သွားတော့မယ်."
ပြောပြီး..Winရဲ့နဖူးပြင်ထက်..အနမ်းတစ်ချက်ခြွေကာ..ထွက်လာခဲ့သည်
##########################
ဘန်ကောက်မြို့အထွက်ရှိဂိုဒေါင်ပျက်များနှင့်လူနေအိမ်ခြေတစ်ချို်ရှိသောနေရာတွင်ရဲကားများစွာဖြင့်လှုပ်လှုပ်ရှားရှား..အကြောင်းမှာ..ဝရမ်းပြေးတစ်ဖြစ်..Matineအား.လာရောက်ဖမ်းဆီးခြင်း...
လူသတ်မှု,ပြန်ပေးဆွဲမှုဖြင့်ဖမ်းဆီးခံရတာကြောင့်လူအများအုံ့အုံ့ကြပ်ကြပ်...
"အကိုMatine"
ရဲနှစ်ယောက်တစ်ဖက်ဆီမှဆွဲပြီးလက်၌လက်ထိပ်ခက်ထားခြင်စခံရသောသူအား...အနောက်မှ..မျက်နှာကျသေးသေးနဲ့ဆံပင်တစ်ချို့လှန်တင်ထားသောကောင်လေးမှခေါ်လိုက်ခြင်း..
ဒါပေမဲ့တစ်ဖက်လူကတော့သူ့ကို..နှာခေါင်းတစ်ချက်ရှုံ့ပြကာထွက်သွားလေသည်...
"Men "
Watရောက်လာတော့ရဲကားများအားလုံးထွက်သွားလေပြီ..Watသိလိုက်သည်ကသူခြေတစ်လှမ်းနောက်ကျသွားပြီ..
"ဘယ်လိုဖြစ်လို့.."
သူသိချင်စိတ်ဖြင့်မေးလိုက်တော့..
"ငါတို့ရောက်တော့ရဲတွေရောက်နှင့်နေပြီ..ဘေးလူတွေမေးကြည့်တော့...လူသတ်ကောင်ကိုလာဖမ်းတာဆိုဘဲ...ဒီရောက်တော့.အကိုMatineကိုသူတို့ခေါ်သွားကြပြီ.."
"ရဲတွေဆိုတာသေချာရဲ့လား.."
Menတစ်ချက်ကြောင်သွားသည်..ဘေးလူတွေကတော့ရဲလို့ပြောကြတာဘဲ....အခုဘာလို့Watကအခုလိုမေစတာလဲနားမလည်..
"သေချာတယ်..Wat "
အသံထွက်လာရာကိုကြည့်လိုက်တော့..
"Boss.."
"ဟုတ်တယ်Wat. ငါ့လူတွေမရောက်ခင်ကတည်းကရောက်နေကြတာ..ကြည့်ရတာ..တစ်ယောက်ယောက်ကကြိုတင်သတင်းပေးလိုက်တာလားဘဲ...သတင်းပေးဘယ်သူဆိုတာ..ရဲတွေေတာင်မသိဘူး....ဒါကငါ့အသိဒုရဲအုပ်Top.."
Bossမှသူ့ဘေးကပါလာသော..အရပ်မြင့်မြင့်နှင့်ခန္ဓာကိုယ်ဖွံ့ဖွံ့နှင့်လူကိုသူနဲ့မိတ်ဆက်ပေးသည်..
"တွေ့ရတာဝမ်းသာပါတယ်..ဒါနဲ့တရားခံနဲ့ဘယ်လိုပတ်သတ်လဲဗျ.."
"ကျွန်တော့်အကိုပါ.."
ခနမျှစဥ်းစားပြီးမှ..
"တရားခံကပြန်ပေးဆွဲတဲ့အမှုအပြင်လူသတ်မှုကိုပါကျူးလွန်ခဲ့တာ.."
Watကြောင်အသွားသည်..သူသိထားတာပြန်ပေးဆွဲတဲ့အမှုတစ်ခုတည်းလူသတ်မှုဆိုတာက..
"Mrs.Da Daကိုသိလား..သူနဲ့ညီကညီအကိုဆိုတော့ညီအမေလို့ပြောရမလား."
"မိထွေးပါ.."
Watမျက်နှာပျက်သွားသည်ကိုကြည့်ကာသူစကားမှားသွားသည်ဆိုတာရဲအုပ်သိလိုက်ပြီ..
"Mrs.Da Da သေတဲ့အမှုကသွေးရိုးသားရိုးလို့ညီထင်လား..လူသတ်မှုပါ..Mrs.Da Da စား့်အစားအစားထဲမှာ.Mrs.Da Daနဲ့မတည့်တဲ့မြေပဲပါနေတယ်..ထောင်ထမင်းချက်နဲ့ပူပေါင်းပြီးလူသတ်ခဲ့တာ..ထမင်းချက်ကဝန်ခံခဲ့တာ..နောက်ပြီးလွန်ခဲ့တဲ့ငါးနှစ်က..မိန်းကလေးPanသေဆုံးတဲ့အမှုမှာ..တရားခံဖြစ်နေခဲ့သေးတယ်.."
"ဟုတ်တယ်Wat..Panအမှုကိုငါ့အကိုကအရင်ကတည်းလိုက်နေခဲ့တာ..အထက်ပနယ်ပြောင်းပြီးဒီအမှုဆက်မလိုက်ဖို့ဖိအားပေးတာကြောင့်ငြိမ်နေခဲ့တာ..မင်းရှေ့နေကတစ်ဆင့်စည်းရုံးခိုင်းတာက..အကို့လက်ထောက်.."
"Men..Bossငါအိမ်ပြန်လိုက်ဦးမယ်..ကိုTopကိုကျေးဇူးတင်ပါတယ်..ကျွန်တော်နောက်နေ့အကို့ဆီလာခဲ့ပါဦးမယ်.."
"ဟေ့ကောင်Watငါလည်းလိုက်မယ်..ငါ့လူကြီးလေးကမင်းဆီမှာ..Boss.ငါတို့သွားတော့မယ်.."
ပြောပြီးကော့တော့တော့နဲ့ပြေးလိုက်သွားသောMenကိုကြည့်ကာBoss.ရီမိသည်..Boss ရယ်နေတာကိုမှင်သက်စွာကြည့်နေသောသူတစ်ယောက်ရှိနေခဲ့သည်..
"P'Top..ကျွန်တော်လည်းပြန်တော့မယ်.."
Boss လည်းအိမ်ပြန်ရမှာမလို့..နှုတ်ဆက်လိုက်ပြီးမှသတိရသည်..သူဒီလူကြီးကိုမချော့ရသေး...သူ့ကိုဒီGangstarအလုပ်မလုပ်ရန်တားသောထိုလူကြီးကလေး..
"P'Top..ကျွန်တော်ကမလွတ်စေချင်လို့ပါဗျာ..နောက်ပြီး..အဲ့ရောက်တာနဲ့ဖုန်းဆက်မလို့ပါဘဲ.."
Top.သူ့ရှေ့ကလူဆိုးပေါက်ကိုဆူအောင့်အောင့်ကြည့်ကာ
"ကိုယ်ကမင်းကိုဒီလိုလူဆိုးအလုပ်တွေမလုပ်ဖို့ပြောတာမင်းထိခိုက်မှာစိုးလို့နောက်ပြီး..အခုကိစ္စကကိုယ်တို့စောလို့မဟုတ်ရင်..ဝတ္တရားနှောင့်ယှက်မှုနဲ့မင်းတို့ကိုအချုပ်ထဲပို့လို့ရတယ်သိရဲ့လား.."
အသံလေးနည်းနည်းမာတော့မျက်စောင်းကဒိုင်းခနဲ..
"ဘယ်လိုပြောလိုက်တယ်..'မင်း'ဟုတ်လား...အခုဟာကသူငယ်ချင်းကိစ္စမို့ကူညီလိုက်တာကိုခင်များက.."
သူမှားမှန်းသိတော့တောင်းတောင်ူပန်ပန်ဖြင့်..
"ကိုယ်မှားပါတယ်Babeရယ်...ကိုယ်ကBabeကိုစိတ်ပူလို့ပြောမိတာပါ..ခွင့်လွှတ်နော်.."
ထိုအခါနှုတ်ခမ်းတစ်လက်မလောက်ဆူကာ..
"တော်ပြီ..ခင်များဒီည ညစာငတ်ဘဲ.."
ပြောပြီးစောင့်အောင့်ကာထွက်သွားသောလူဆိုးပေါက်ကိုကြည့်ကာ..
'မင်းလေး.ဆိုးပါ..မင်းလုပ်သမျှကိုလိုက်ရှင်းပေးဖို့ကိုယ်တစ်ယောက်လုံးရှိတယ်..ဒါပေမဲ့တစ်ခုဘဲ.မင်းထိခိုက်လို့တော့မဖြစ်ဘူးBabe. မင်းကိုယ်ပေါ်မှာအနာတစ်ခုမပြောနဲ့ခြင်ကိုက်ဖုတောင့ကိုယ်မမြင်ချင်ဘူး..'
Top..စခန်းကိုပြန်လာတော့..သူ့ရဲ့အဖွဲ့ထဲမှတပ်သားသစ်တစ်ယောက်မှာသူ့ကိုတွေ့တော့..
"ဆရာ..တရားခံကအားလုံးဝန်ခံပြီးပြီ..သူလုပ်တဲ့သက်သေတွေအထိပါပြတယ်.."
ဒီအမှုကဒီလောက်လွယ်နေလိမ့်မယ်လို့Topမထင်ခဲ့မိတာအမှန်..အခုဟာကသက်သေတွေအကုန်ကြည့်ပြီးသည်ထိ...လစ်ဟာနေသည်မှာတစ်ခုမှမရှိကွက်စိတ်လွန်း၍သံသယတောင်ဝင်ဖွယ်ရာရှိသည်..ဒါပေမဲ့.သူစုံစမ်းတာတွေထက်ပိုသာနေသောသက်သေတွေကြောင့်သူလက်ခံလိုက်သည်..
#########################
Watနဲ့Menအိမ်ကိုရောက်တော့အိမ်မှာ..အမျိုးသမီးတစ်ဦးနဲ့..ဟိုတစ်လောကWinနေခဲ့တဲ့မိဘမဲ့ဂေဟာကမာသာရယ်..ထိုင်နေတာတွေ့ရတော့..သူတို့လည်းအလိုက်သင့်ဝင်ထိုင်လိုက်သည်...မာသာဘေးနားမှာအမျိုးသမီးသည်သူ့ကိုမြင်တော့မျက်ရည်ဥများတွဲလွဲခိုလာသည်ကိုWatသတိထားမိသည်. သူစိတ်ထင်၍ဘဲလားတော့မသိ..
"Mr.Jirawat..ကျွန်မတို့ဒီကိုလာတာလွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက်ကMrတို့ခေါ်သွားတဲ့ကလေးနဲ့ပတ်သတ်ပြီးပြောမလို့ပါ.."
Winကိုရှာကြည့်တော့မတွေ့..တာကြောင့်..အကိုTypeကိုမျက်စပစ်ပြတော့...အိမ်နောက်ဖေးမှာလို့အချက်ပြသည်..များမကြာမှီဗန်းတစ်ချို့ကိုင်ပြီးထွက်လာသည်..
ပြီးနောက်သူ့ဘေးတွင်ဝင်ထိုင်ပြီးတော့
မာသာကြီးမှ..
"ကျွန်မတို့ရဲ့အမှားအတွက်တကယ်တောင်းပန်ပါတယ်..အဲ့နေ့ကသူဌေးကြီးတို့က..အမျိုးသမီးတစ်ယောက်လာအပ်သွားသောကလေးလို့ပြောတော့.ကျွန်မတို့ကအဲ့ကလေယကိုပေးလိုက်တာပါ...တကယ်တော့သူဌေးကြီးတို့ရဲ့သားအရင်းကသူမဟုတ်ပါဘူး..တကယ်က..ကလေးချင်းမှားပေးမိတာကျွန်မတို့ကိုခွင့်လွှတ်ပေးပါ.."
သူအခုချိန်ထိဘာမှနားမလည်သေးအဖေ့ကိုကြည့်မိတော့လန့်သွားသည်ကိုတော့သူရိပ်စားမိသည်
"ဒါဆိုကျွန်တော့သားက.."
မာသာမှအားနာဟန်ဖြင့်..
"ဟုတ်ပါတယ်..ဟောဒီ့ကWinလေးပါဘဲ..Winလေးကသာ..သူဌေးကြီးရဲ့သားအရင်းပါ.."
ဘယ်လိုဒါဒါဆို..Winက..Winကိုကြည့်မိတော့သူလည်းလန့်နေသလို...
"မာသာကြီးဒါဆိုမမPanက.."
"ဟုတ်တယ်သားWin. Panက..ဟေ့ဒီကအမျိုးသမီးရဲ့သမီးပါ...သားနဲ့Panလေးဆုံးတဲ့နေ့ကတွေ့ဖူးမယ်ထင်တယ်...အဲ့နေ့သူ့ကိုယ်သူယူကြုံးမရဖြစ်ပြီးသားလေးကိုလာမတွေ့ခဲ့တာပါ..အဲ့နေ့ကသူသိခဲ့တဲ့အမှန်တရားတစ်ခုအတွက်သူဒီကိုလာခဲ့တာပါတဲ့. "
အားလုံးရဲ့မျက်လုံးကထိုအမျိုးသမီးကိုရောက်လာတော့..
မာသာကြီးကဘဲ.
".သူအဖြစ်ကလဲသနားစရာပါကွယ်..သူ့လိုက်ရှာနေခဲ့ရတဲ့သမီးလေးကိုပြန်တွေ့တွေ့ခြင်းနေ့မှာဘဲ..အခုလိုအဖြစ်ဆိုးနဲ့တွေ့လိုက်ရတော့လန့်ပြီးစကားမပြောနိုင်ရှာတော့ဘူး..ဒါလေးကမာသာကြီးဆီသူရောက်လာပြီးသူ့သမီးလေးရဲ့နောက်ဆုံးစာဆိုပြီးလာပေးတာဘဲ..အဲ့တာနဲ့မာသာကြီးတို့လဲ..သူဌေးကြီးတို့ကိုလိုက်ရှာပါသေးတယ်..ဒါပေမဲ့သူဌေးကြီးကောWinကောက..အရင်နေရာတွေမှာမနေကြတော့ဘူး..အခုမှာဟော့ဒီကဒေါက်တာလေးဆီမှာသူ့အတွက်နဲ့ဆေးခန်းလာပြမှ..သူဌေးကြီးတို့နဲ့ပတ်သတ်ပြီး..သိခဲ့ရတာ.."
Winမှ..မာသာကြီးထံမှ..စာလေးကိုလှမ်းယူလိုက်ပြီးဖတ်လိုက်တော့..
မမPanရဲ့သေတမ်းစာ..
ဒါဆိုမမPanကသူသေမှာကိုကြိုသိနေတာလား..
သို့.
Winလေးဒီစာကိုဖတ်နေတဲ့အချိန်မမရှိနိုင်ဦးမလား..ပထမဆုံးမမတောင်းပန်ပါတယ်Winလေးရယ်..Winလေးကိုမိဘအရင်းတွေဆီမမထည့်မပေးချင်လို့ဖွက်ထားခဲ့မိပါတယ်...ဒီစာကိုဖတ်နေတုန်းမမကိုမမုန်းဖို့မမ မတောင်းဆိုပါဘူး...Winလေးရဲ့မိဘအရင်းတွေကိုမမပြန်ရှာပေးခဲ့ပါသေးတယ်..ဒါပေမဲ့.မမကံမကောင်းခဲ့ဘူးWinလေး...မမ..မသိသင့်တဲ့ကိစ္စတစ်ခုကိုသိခဲ့ရတယ်..တကယ်တော့.Winလေးဟာ.မမခွင့်မလွှတ်နိုင်တဲ့အဲ့မိသားစုရဲ့သားဖြစ်တဲ့Winလေးကိုမမသူတို့လက်ထဲြပန်ထည့်ပေးဖို့မမမလာပ်ခဲ့ဘူး..မမ မှားခဲ့ပါတယ်Winလေးရယ်..အဲ့အတွက်လဲမမတောင်းပန်ပါတယ်.မမသိပ်အတ္တကြီးမိခဲ့တယ်..မမကိုခွင့်လွှတ်ပါWinလေးရယ်..
မင်းကိုချစ်တဲ့
မမPan
စာဆုံးတော့.Winလည်းမျက်ရည်များစွာဖြင့်...အဖေကိုတစ်ဖန်သူ့ကိုတစ်ဖန်ကြည့်နေသည်..သူလည်းအံ့သြရပါသည်.Winကသာအဖေ့သားအရင်းဆိုသူကကော...အကိုMatineပြောတဲ့ညီအကိုဆိုတာ..ဒါဆို..Winက.
"ဒါဆို..Winနဲ့ကျွန်တော်က.."
သူစကားစလိုက်တော့အဖေမှနားလည်ဟန်..
"နေဦးသား.Wat..ဖေဖေပြောမယ်...သားငယ်လေးနဲ့သားကဘာမှမတော်ဘူး..Winလေးကဖေ့ဖေ့သားမှန်ပေမဲ့...ဖေဖေသိခဲ့တဲ့အမှန်တရားတစ်ခုရှိသေးတယ်သား..အဲ့ဒါက..သားအမေရင်းဘဲ..ဖေဖေဟာသားကိုမိဘမဲ့ဂေဟာကနေမှားခေါ်လာခဲ့မိတယ်...အဲ့ကိစ္စကိုသိတဲ့သူကသားMatineတစ်ယောက်တည်းရှိတယ်သား..ဒီနေ့သားMatineအဖေ့ဆီဖုန်းဆက်ပြီးပြောခဲ့တာက..DaDa ရဲ့သားအရင်းအကြောင်းဘဲ..MatineကDaDaသားမဟုတ်ခဲ့ဘူး..Sararwatဆိုတဲ့သားကသာDaDaသားအရင်းဖြစ်ခဲ့တဲ့ဖေဖေတို့ခေါ်လာတဲ့သားဟာဖေဖေတို့ဆီလည်းရောက်ရောအပြင်းဖျားပြီးသားအတိတ်ကကိစ္စတွေမေ့ခဲ့တယ်..ဖေဖေမရိပ်မိခဲ့တာကDaDa မြေပဲနဲ့မတည့်သလိုသားလည်းမြေပဲနဲ့မတည့်ခဲ့တာဘဲ..အဲ့ကိစ္စကိုသိနေတာက.Matineနဲ့သမီးPan.ဒါကြောင့်MatineကသမီးPanကိုနှုတ်ပိတ်ခဲ့တာ..အဲ့ဒါကိုတစ်ချို့ကMatineကသူ့ကိုငြင်းလို့သတ်တယ်ထင်နေတာ...သားနဲ့သမီးPanနဲ့နောက်ဆုံးစကားပြောတဲ့နေ့ကသမီးPanကသားကိုအရေးကြီးပြောစရာရှိတယ်ဆိုပေမဲ့.သားနားမထောင်ခဲ့မိဘူးမလား.."
Wat..အဖေပြောမှပြန်စဥ်းစားမိတယ်.အဲ့နေ့က..Wat. အဖွားနေမကောင်းဘူးဆိုတဲ့သတင်းကြားပြီးပြန်မဲ့အချိန်Panနဲ့တွေ့ပြီးPanကစကားပြောဖို့လုပ်ခဲ့တာအဲ့တာကိုသူလျစ်လျူရှူခဲ့တယ်...
"ကျွန်မတို့လည်း..ကျွန်မတို့အမှားအတွက်တောင်းပန်ပါတယ်...အခုလိုWinလေးကို..ပျော်ပျော်ရွှင်ရွှင်တွေ့ရလို့လဲကျွန်မတို့ဝမ်းသာပါတယ်..ကျွန်မတို့ကိုခွင့်ပြုပါဦး..."
မာသာတို့ပြန်သည်နဲ့Watမျက်နှာပျက်ဖြင့်အိမ်အပေါ်ထပ်သို့တက်လာခဲ့သည်တံခပါလော့ချလိုက်သည်အခုချိန်သူဘယ်သူနဲ့မှစကားမပြောချင်..တစ်ယောက်တည်းနေမည်ဟုတွေးပြီး...အခန်းထဲအောင်းနေမိသည်.
##########################
မာသာတို့ပြန်တာကိုWatနဲ့ကျွန်တော်လိူက်ပို့သည်အထိWatမျက်နှာမကောင်းသည်မှာ..တစ်ပတ်ပင်ပြည့်ပြီ...
သူတွေးတုန်းရှိသေးဆင်းလာပြီးသူ့ရှေ့ထိရောက်လာခဲ့သည်
"Morning. Win."
"Watမနက်စာစားမလားကျွန်တော်ပြင်ပေးမယ်.."
အပြုံးဖြင့်..
"အင်း..အဖေကော.."
"ဒီမှာပါ.ကွယ်လာပါပြီ.."
ကျွန်တော်တို့သုံးယောက်မနက်စာတူတူစားကြသည်..တစ်ယောက်မှစကားတစ်ခွန်းမဟ..ပြီးခါနီးတွင်အဖေမှ..
"သားWat..သားတို့မင်္ဂလာပွဲကိုဘယ်လိုလုပ်ဖို့စဥ်းစားထားလဲ..ဖေဖေဘာကူပေးရဦးမလဲ.."
Watမှအရွှန်းဖောက်ကာ..
"မလိုတော့ဘူးဖေဖေရဲ့သားအကုန်စီစဥ်းပြီးပြီ.."
အခုချိန်ထိစကားဝိုင်းကိုနားမလည်တာကWin..ဘာတွေပြောနေကြတာလဲကိုမသိတာ..
"ကျွန်တော်စားလို့ဝပြီ...Watကိုယ့်ကိုညနေလာကြိုကိုယ်ကားမယူသွားဘူးMenလာခေါ်မှာ..အဖေကျွန်တော်သွပြီနော်.."
ပြောပြီးထထွက်သွားတော့..Winဘာမှတောင်မပြောလိုက်ရအဖေ့ကိုလှမ်းကြည့်မိတော့..
ပုခုံးတွန့်ပြသည်..
Watတစ်ယောက်Company ကတည်းအလုပ်တွေရှုပ်နေတာလေးငါးရင်လောက်ရုံးခန်းမကပ်လိုက်တာအခုလိုပုံနေပြီလေ..
အကုန်ပြီးတော့နာရီကြည့်လိုက်တော့လေးခွဲ..အချိန်ကျပြီမို့Menကိုဖုန်းဆက်လိုက်တော့အဆင်သင့်ဖြစ်ကြောင့်Bossရဲ့လူတွေကိုလွှတ်လိုက်ပြီတဲ့..
Win..Companyရောက်တော့..Watရဲ့အတွင်းရေးမှူးလေးနဲ့ဆုံသည်..
"အကိုလေး...ဆရာကအလုပ်ဆင်းသွားပြီလေ"
သူလန့်သွားသည်..ဘယ်လိုလို့ဖြစ်နိုင်မှာလဲသူ့ကိုလာကြိုဖို့ပြောထားတာကိုး..
"ကျေးဇူးဘဲနော်ညီလေး.."
သူWatကိုဖုန်းခေါ်ကြည့်တော့ဆက်ပိတ်ထားသည်တဲ့...
ဒါနဲ့Bossကိုဖုန်းဆက်မလို့လုပ်တုန်း..အပြေးတလွှားရောက်လာသောMen..
"Win. Wat. လေ.Wat. "
"Wat..ဘာဖြစ်လို့လဲMen.."
"Wat. ပြန်ပေးဆွဲခံရလို့အဲ့တာအကို့မင်းကိုလာခေါ်တာ.."
Win..တုန်လှုပ်သွားသည်..မှင်သေသေနဲ့Menဆွဲခေါ်ရာနောက်လိုက်သွားမိသည်
ကားေပါ်တွင်တစ်လျှောက်လုံးWinငြိမ်နေသည်...တစ်ခုခုကိုစဥ်းစားနေသည်ဆိုပိုမှန်လိမ့်မည်...
ကားရပ်လိုက်တာကြောင့်..Winကားပေါ့ကဆင်းလိုက်သည်...
Winနေရာကိုကြည့်လိုက်တော့အနည်းငယ်မှောင်နေသည်...ဘေးဘက်ကိုကြည့်မိတော့Menမရှိတော့ဒါကြောင့်သူလျှောက်လှမ်းအတိုင်းလျှောက်လာတော့...သူလျှောက်လိုက်တိုင်းလင်းလာသောလမ်း..သူကြောင်ရွံ့စိတ်တို့ပျောက်သွားပြီးကြည်နူးလာသည်..အကြောင်းမှာ..လမ်းဘေးတွင်ရှိသောသူနဲ့Watရဲ့အမှတ်တရတစ်ချို့ကိုwebtoonများဖြင့်ပုံဖော်ထားသည်..
လမ်းအဆုံးတွင်သူချစ်ရသောသူဂစ်တာတစ်လုံးဖြင့်..ရပ်နေသည်...သူ့လည်းမြင်ရောအပြုံးတစ်ခုဖြင့်လက်ခေိာင်းသွယ်သွယ်လေးများကိုလှုပ်ရှားလိုက်တော့ထွက်ပေါ်လာသောသာယာသံများထို့နောက်သီချင်းတစ်ပုဒ်ကိုပုံဖော်နေသည်...
သီချင်းဆုံးသာ်နဲ့သူ့ရှေ့တွင်ဒူးထောက်ကာ..ဖြင့်လက်စွပ်ကလေးနှစ်ကွင်းထည့်ထားသောကတ္ထီဘာဘူးအနီလေးကိုထုတ်ကာ..ပြတော့Winမျက်ရည်ဝဲရသည်..ထို့နောက်..
"ကိုယ့်ကိုလက်ထပ်ခွင့်ပေးပါWin. "
Winမျက်ရည်တွေကျနေသည်..
"ကဲကိုယ်တော်ချောရေ..ကျွန်တော်မျိုးတို့မျက်ရည်ချောင်းထဲပတ်လပ်မျှောမလားမှောက်ရပ်မျှေညရမလဟမ်..ငါ့ကောင်ကြီးမငိးအချစ်လည်းဒူးထောက်ထားရတာဒူးကျိုးတော့မယ်"
Menမှအရွှန်းဖောက်ကပြောတော့..Winရဲ့မျက်စောင်းလှလှလေးမှာဒိုင်းခနဲ.အငိုတော့မတိတ်သေး
ပြီးမှာနှာရည်တွေမျက်ရည်တွေရောနေတဲ့မျက်နှာကြီးကိုဝတ်ထားသောHoodieကြီးနဲ့သုပ်ချလိုက်တာအားရပါးရ
"ကျွန်တော်လက်ခံတာ်..Wat..အရမ်းချစ်တယ်.."
အေးအက်လိုလုပ်ပါဟူသောအကြည့်ဖြင့်Men..
လက်စွပ်နှစ်ကွင်းကိုတစ်ယောက်တစ်ကွင်းအပြန်အလှန်စွတ်ပြီးနောက်..
နှစ်ဦးလုံးရဲနှုတိခမ်းတစ်စုံသည်တစ်ထပ်တည်းကျသွားခဲ့သည်...လမင်းကြီးသည်လည်းရှက်သွေးဖျာကာတိမ်မဲလှိုက်ကာများကြားပုန်းခိုသွားခဲ့သည်
Menတို့လည်း..Bossကိုနှုတ်ဆက်ကာပြန်လာခဲ့သည်
"အမလေး..တစ်နှစ်စီမံကိန်းကအခုမှဘဲအောင်မြင်တော့တယ်ဟေ့.."
ဖြတ်!!
ဘေးနားမှTypeမှရိုက်လိုက်ခြင်း
အတော်ယွနေလဟုနှုတ်ခမ်းဆူကာပြောတော့အချစ်ပိုရပြန်သည်..
Bossလည်း
.သူ့ချစ်သူရဲအုပ်ကြီးဆီသွားရဦးမည်..ဟိုတစ်နေ့ကညစာအငတ်ထားမည်ပြောသောသူ့ကိုနှစ်ခါတောင်စားသွားသည်ကိုမကျေနပ်ကာကောက်နေသည်မှာယနေ့ထိ..အခုထိပေါ်မလာစားပြီးနားမလည်ဝါးပြီးထွေးထုတ်ကြီးမသဓာရေစာတွေစားပြီးခလုတ်တိုက်ပါစေတော်..
တစ်ဖက်တွင်လည်းကျို့ထိုးလိုက်ခလုတ်တိုက်လိုက်နှင့်ရောက်ယာက်ခက်နေသော..Topကို..စခန်းမှလူများပြုံးစိစိဖြင့်
တစ်နှစ်စီမံကိန်းဟုတ်တာပေါ့...ကျွန်တော်..ချင်းမိုင်အလုပ်ကိစ္စသွားပြီးပြန်လာရင်ချစ်ခွင့်ပန်ဖို့လုပ်ထားပေမဲ့အကြောင်းအမျိုးမျိုးကြောင့်အဆင်မပြေဖြစ်ခဲ့ရတာခုတော့..ကျွန်တော်နှစ်ယောက်ရဲ့အလွဲတွေအမှားအယွင်းတွေကနေဖြစ်ပေါ်လာသောအချစ်ကြောင့်ကျွန်တော်ဒီအနှီလူသားလေးရဲ့လက်ကိုဘယ်သောအခါမှမှားယွင်းပြီးယောင်ယမ်း၍ပင်မလွှတ်တော့ပါ...
ကျွန်တော်နဲ့Wat၏အမှားအယွင်းများဖြင့်စတင်ခဲ့သေညအချစ်တစ်ခုကို..ကျွန်တော်ဘယ်သောအခုမှ...လက်လွှတ်မည်ဟုတ်တော့ပါ..ဘာလို့လဲဆိုတော့..ကျွန်တော်ဒီအချစ်ကိုဘယ်နေရာမှရှာတွေ့နိုင်မည်ကိုမတွေးရဲသလို့Watကိုဆုံးရှုံးရသည်မှာသေမလောက်နာကျင်ရသည်ဆိုတာကိုကျွန်တော်ကိုယ်တိုင်ခံစားမိလို့ပါ..
အချစ်ဆိုတာချစ်နေဖို့ဘဲလိုတာပါ..ကိုယ့်ရဲ့ချစ်သူကိုယုံကြည်မှုရှိနေသ၍...ကိုယ်တို့ရဲ့ချစ်ခြင်းသည်.ပြိုကွဲမည်မဟုတ်ပါ
#ချိုမြိန်သောမှားယွင်းခြင်း
ပြီးပါပြီ
#######################
အခုလိုမျိုး..ချိုမြိန်သောမှားယွင်းခြင်းဇာတ်သိမ်းပိုင်းထိအားပေးသောReaderတစ်ယောက်ခြင်းဆီကိုကျေးဇူးတင်ပါတယ်..
နောက်ရေးမယ့်Ficများကိုလည်းအားပေးကြပါဦး
အခုလိုမျိုးဇာတ်သိမ်းကိုအချိန်အကြာကြီးဆွဲထားပြီးReaderတို့ကိုပစ်ထားမိသလိုဖြစ်တဲ့အတွက်တောင်းပန်ပါတယ်..
Love you all🙆
You are reading the story above: TeenFic.Net