အပိုင်း - ၃၁၆
Background color
Font
Font size
Line height
Unicode
အပိုင်း ၃၁၆ - မင်းမှာ ငါနဲ့ စာရင်းရှင်းဖို့ ရှိနေတယ်​
ယဲ့စီကျွေး၏ ချောမောသော မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာပြီး
" သခင်မလေးမု၊ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ မင်းမှာ ငါနဲ့ စာရင်းရှင်းဖို့ ရှိနေတယ်​လို့ ငါဘာလို့ခံစား​နေရတာလဲ။"
မုရှောင်းရှောင် ၏နူးညံ့သိမ်မွေ့သော မျက်နှာလေးသည် အပြစ်ကင်းစင်သော အပြုံးတစ်ခုနှင့် ရှိနေကာ
“အိုး မဟုတ်ပါဘူး၊ ငါတို့ နောက်ဆုံးဆုံတွေ့တာ တော်တော်ကြာပြီလို့ပဲ ထင်ခဲ့တာ"
ယဲ့စီကျွေး ခေါင်းညိတ်လိုက်သည်။
“လေးနှစ်ရှိပြီ။”
မုရှောင်းရှောင် နှင့် ယဲ့စီကျွေး တို့သည် ယင်းရှောင်ကျဲ နှင့် ဟန်ချီချင်တို့ကဲ့သို့ရင်းနှီးသောသူငယ်ချင်းများမဟုတ်ပေ။ ထို့ကြောင့် သူမ လေးနှစ်တာကာလအတွင်း တရုတ်နိုင်ငံသို့ ခဏခဏပြန်လာသည့်တိုင် ထိုအချိန်က လက်တွေ့ကျကျ မတွေ့ခဲ့ဖူးပေ။
ယင်းရှောင်ကျဲ သည် မုရှောင်းရှောင် ၏နောက်သို့ လိုက်ကာ ယဲ့စီကျွေး နှင့် သူမဘာလုပ်မည်ကို သိချင်စိတ်ပြင်းပြပြီး သူမဘေးတွင် ထိုင်လိုက်သည်။
သူတို့နှစ်ယောက်က ဘယ်တုန်းကမှ မရင်းနှီးခဲ့ကြ ဘူးလေ။
မုရှောင်းရှောင် က သစ်သီးဖျော်ရည်ကို ချလိုက်ပြီး သူမက ပြုံးပြီး
“လေးနှစ်ဆိုတာ တော်တော်ကြာပြီကို ။ ငါတို့ မတွေ့တာလဲ ကြာပြီ၊ အားလုံးစုဝေးကြတာလဲ ရှားတော့ ငါတို့က ဘာလို့  မသောက်ကြရမှာလဲ"
ဒီကောင်က အရက်သောက်ရတာ ကြိုက်တယ် မဟုတ်ဘူးလား။
ဒီတော့ ငါသူ့ကို ဒီနေ့ စိတ်ကြိုက်သောက်ခွင့်ပေးမယ်။
သူ ယင်းရှောင်ကျဲ နဲ့ ထပ်သောက်ဖို့ သတ္တိရှိသေးလားဆိုတာ စောင့်ကြည့်ရမှာ‌ပေါ့ ။
ယဲ့စီကျွေး မျက်ခုံးပင့်လိုက်ရင်း မျက်လုံးဖြင့် မေးခွန်းတစ်ခုမေးလိုသကဲ့သို့ သူမနောက်တွင်ရှိသော ယင်းရှောင်ကျဲ ကို စွေ့ကြည့်လိုက်သည်။ ငါ ဒီသခင်မကြီးကို ရန်စမိခဲ့တာလား။
ထို့အခါမှ  မုရှောင်းရှောင် ဘာလုပ်ချင်နေမှန်း  ယင်းရှောင်ကျဲ သဘောပေါက်သွားသည်။ သူ့ကို အရက်သောက်ဖို့ ခေါ်လာတဲ့ ယဲ့စီကျွေး ကို မုရှောင်းရှောင် က  လက်စားချေလို‌ နေတာပင်။
ထို့ကြောင့် သူက ပြန်ပြုံးပြပြီး 'မင်းဘာသာ မင်းကြည့်ရှင်းလိုက်' လို့ သဘောရတဲ့ အကြည့်တစ်ချက်ယဲ့စီကျွေး ကို ပေးလိုက်သည်။
ယဲ့စီကျွေး သည် မျက်ခုံးပင့်လိုက်သည်။
အဲဒါက ဘာအဓိပ်ပာယျလဲ။
မုရှောင်းရှောင် လှည့်ကြည့်လိုက်တော့ ဟန်ချီချင် က သူမကို အရက်တစ်ပုလင်းပေးလာသည် ။ အရက်ပမာဏပါ၀င်မှု နှုန်း မြင့်မားသော ဝီစကီပင်ဖြစ်ခဲ့သည်။
ယဲ့စီကျွေး သူ့မျက်လုံးများကို မှိတ်ထားသည်။
မုရှောင်းရှောင် က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး သူ့ကို ဖန်ခွက်အပြည့် လောင်းထည့်ပေးကာ
“လာ၊ သောက်ကြရအောင်။ ငါ့အရက်မသောက်နိုင်လို့ သစ်သီးဖျော်ရည်။သောက်မယ်။ အောက်ခြေအထိ ‌အကုန် အမှောက် အဆင်ပြေလား"
'အောက်ခြေအထိ' ဆိုသည်မှာ ဖန်ခွက်ကို တစ်ခါထဲ မော့ကာအကုန်ကုန်အောင် သောက်သင့်သည်ဟု ဆိုလိုသည်။
သခင်မလေး မု ၏တိုက်တွန်းမှုကြောင့် ယဲ့စီကျွေး သည် အရက်ကို ကောက်ယူပြီး  တစ်ချိုက်ထဲ အပြီးသတ်ခဲ့သည်။
သို့သော် သူ အရက်ပြင်းပြင်းကို တစ်ချိုက်ထဲ သောက်လိုက်တာတောင် ယဲ့စီကျွေး ၏ မျက်ခုံးများပင် မတွန့်သွားပေ။
သူသောက်သည့်အရာသည်  အရက် မဟုတ်ဘဲ ရေ ဖြစ်နေသလိုပင်။
မုရှောင်းရှောင် စိတ်ထဲမှာ အံ့သြသွားမိသည်။
ဤလူ၏ အရက်သောက်နိုင်စွမ်းသည် မူမမှန်လွန်း။
သို့သော် သူမသည် ယဲ့စီကျွေး အရက်ကို ဆက်သောက်နေသောကြောင့် စိတ်မပျက်ခဲ့ပေ။
ယဲ့စီကျွေး သည် သခင်မလေး မု ပေးသော ဝန်ဆောင်မှုကို အပြုံးများဖြင့် လက်ခံခဲ့ပြီး ဖန်ခွက်တိုင်းကို နောက်ဆုံးတစ်စက် မကျန်သည်အထိ ရဲဝံ့စွာ သောက်ခဲ့သည်။
တကယ်တော့ သခင်မလေးမု ကိုယ်တိုင်ကိုယ်ကျ ထည့်ပေးတဲ့ အရက်ကို သောက်ဖို့ဆိုတာ အလွန်ရှားပါးတဲ့ အခွင့်အရေးတစ်ခုပင်။
ဖန်ခွက်အတော်ကြာပြီးနောက်၊ ယဲ့စီကျွေး သည် သောက်ပြီးကြောင်းညွှန်ပြရန် ဖန်ခွက်အောက်ခြေကို အပေါ်သို့ မှောက်တင်လိုက်သည်။
"မုရှောင်းရှောင် မင်းက မင်းရဲ့ သစ်သီးဖျော်ရည်ကို  အခုထိ မသောက်ရ သေးဘူးလို့ ငါ ထင်တယ်?"
ယဲ့စီကျွေး ဝီစကီတစ်ပုလင်းလုံး သောက်ပြီးလုနီးပါးရှိသော်လည်း အသီးဖျော်ရည်တစ်ခွက်ကိုတောင် သူမ မထိမိရသေး။
မုရှောင်းရှောင် က ရှက်ကိုးရှက်ကန်းနဲ့
“ငါ ညစာစားတာ မကြာသေးဘူးဆိုတော့ မသောက်နိုင်ဘူး။ နင် စိတ်မဆိုးဘူး မှတ်လား"
“စိတ်မဆိုးပါဘူး။”
ယဲ့စီကျွေး က ပြုံးပြီး ယင်းရှောင်ကျဲ ကို မျက်စောင်းထိုးလိုက်ကာ
"တစ်ယောက်တည်း သောက်ရတာ ပျင်းတယ်။ ရှောင်ကျဲ၊ ငါနဲ့ အတူသောက်။"
ယဲ့စီကျွေး ရုတ်တရက် အတွေးတစ်ခုဝင်လာသည်။ ယင်းရှောင်ကျဲကို မူးအောင်လုပ်လိုက်ရင် ညဘက်  ဒီနှစ်ယောက်ကြားက ဘာဖြစ်သွားနိုင်မလဲ။တွေးကြည့်ရုံနဲ့တင် တော်တော်ပျော်ဖို့ကောင်းတယ်။
ယင်းရှောင်ကျဲ က သူ့လို အရက်တွေကို ကောင်းကောင်း ထိန်းထားနိုင်ပေမယ့် သူ့ကို မူးအောင် လုပ်ဖို့ နည်းလမ်းတော့ ရှိသင့်သည်။
ယဲ့စီကျွေး ရဲ့ အပြုံးကို မြင်လိုက်ရတော့ ယင်းရှောင်ကျဲ က သူဘာတွေ ကြံစည်နေမှန်း ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။
သို့သော်လည်း သူမသည် ယဲ့စီကျွေးကို  ဆက်လက် သောက်နိုင်စေရန် ဟန်ချီချင်နဲ့ အတု နောက်ထပ်အရက်သောက်ရန် ရှာနေသောကြောင့် မုရှောင်းရှောင် သည် ထိုအကြည့်တွေကို သတိမထားမိလိုက်ပေ။
ဒီတစ်ခါ ဝီစကီ  မဟုတ်တော့ဘူး ဗော့ဒ်ကာ။
Translated By Esther Yam
ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်
Zawgyi
“လေးနှစ်ရှိပြီ။”
အဲဒါက ဘာအဓိပ်ပာယျလဲ။
“စိတ်မဆိုးပါဘူး။”
You are reading the story above: TeenFic.Net