အပိုင်း- ၃၁၇

Background color
Font
Font size
Line height

Unicode

အပိုင်း -၃၁၇ ဟန်ချီချင် မသိခဲ့။

မုရှောင်းရှောင် လက်ထဲတွင် အရက်ပုလင်းကိုင်ကာ ပြုံးရင်း စိတ်အားထက်သန်နေသည်။ အရက်ကို ရောစပ်ပြီး သောက်သင့်တယ်။ ဒါမှ မူးတာ ပိုလွယ်လိမ့်မယ်။

မုရှောင်းရှောင်သည် ယဲ့စီကျွေး အတွက် ဖန်ခွက်ကို အပြည့်  အမြန်လောင်းထည့်‌ပေးကာ

"လာ၊ လာ။ ဆက်သောက်ကြရအောင်။ ဒီတစ်ခါ ငါ လည်း သောက်လိုက်ဦးမယ်။ ငါမလိမ်ဘူး။"

သေချာတာက။ မုရှောင်းရှောင်သောက်ရမယ့်အရာက သစ်သီးဖျော်ရည်ဖြစ်ပြီး အရက်မပါဘူး။

ယဲ့စီကျွေး က ဖန်ခွက်ကို သူ့လက်ချောင်းလေးတွေကြားထဲမှာ ကိုင်ထားပြီး  လှည့်ပတ်ကြည့်ရင်း

“ဒီလို သောက်ရတာ ပျင်းဖို့ကောင်းလိုက်တာ။ ဘာကြောင့် ပိုစိတ်ဝင်စားစရာကောင်းတာ မကစားကြရမှာလဲ။ သောက်ရင်း  စိတ်လှုပ်ရှားစရာကောင်းတဲ့ ဂိမ်းတွေ ကစားကြမယ်။ ဘယ်လိုလဲ?"

စိတ်လှုပ်ရှားစရာကောင်းတဲ့ ဂိမ်းတွေကို ကြားတာနဲ့ တခြားတစ်ယောက်နဲ့ စကားပြောနေတဲ့ ဟန်ချီချင် က ချက်ချင်းပဲ စိတ်ဝင်တစားဖြစ်လာပြီး

“Ok! ငါဂိမ်းတွေကိုကြိုက်တယ်!"

မြူးမြူးကြွကြွ ဂီတမရှိဘဲ  သောက်နေရရုံနဲ့ ဘာပျော်စရာရှိလဲ။
စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားစရာဂိမ်းရှိတယ်ဆိုတာ တခြားသူတွေကြားတဲ့အခါ ပြေးထွက်လာကြသည်။

ဒီအရာများကိုကြည့်လျှင် မုရှောင်းရှောင် သည် ထိုအကြံအစည်ကို ငြင်းဆန်ရန် ခက်နေပေလိမ့်မည်။

“ကောင်းပြီ ဒါဆို ကစားကြရအောင်။ ငါတို့ဘာကစားရမလဲ။  Truth or Dare  ပဲလား၊ ထပ်ပြီးတော့  "

ရယ်မောရင်း ဟန်ချီချင် က စိတ်လှုပ်ရှားစွာနဲ့

“ Truth or Dare က မဆိုးဘူးလို့ ထင်ပါတယ်။ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ အဲ့ဒါ ဘာလို့မကစားရမှာလဲ"

“မကစားဘူး!”

မုရှောင်းရှောင် ချက်ချင်း ကန့်ကွက်လိုက်သည်။
အရင်က ကစားဖူးတဲ့ အချိန်က  ပါးစပ်ထဲမှာ ကျန်ခဲ့တဲ့ အရသာဆိုးတွေ  မပျောက်သေး။  သူမကသာ အမြဲတမ်း အရွေးခံရသောသူတစ်ယောက်ဖြစ်ခဲ့ရသည်။

ဟန်ချီချင် က သူမကို လက်ညိုးထိုးပြရင်း ရယ်မောကာ

“ရှောင်းရှောင်၊ နင်  ငါတို့ဆီက လျှို့ဝှက်ချက်တစ်ချို့ကို ဖုံးကွယ်ချင်‌နေတာလား။ အဲ့ဒါကြောင့် နင် မကစားရဲတာလား"

"ဘယ်ဟုတ်မလဲ!"

မုရှောင်းရှောင် မဟုတ်ကြောင်း ငြင်းဆန်ခဲ့သည်။

တခြားသူတွေနဲ့ ကစားရရင် ကောင်းပေမယ့် ဟန်ချီချင် နဲ့ ကစားတဲ့အခါ လုရိချန် ရဲ့ လျှို့ဝှက်ချက်ကို သူမသိနေတာကြောင့်  သူ့ရဲ့လျှို့ဝှက်ချက်ကို ဟန်ချီချင်အား  မပြောနိုင်ပေ။
ဟန်ချီချင် ကို သဘောကျချစ်ခင်ပေမယ့်ပေါ့။

ဟန်ချီချင် စက။း ကိုကြားပြီးနောက်၊ ယင်းရှောင်ကျဲ သည် မုရှောင်းရှောင်ကို မျက်လုံးများကို မှိတ်ထားရာက စိုက်ကြည့်လိုက်တော့  သူမ၏အမူအရာမှာ တစ်စုံတစ်ရာကို ဖုံးကွယ်ထားသလို ဖြစ်နေပုံရသည်။

ဟန်ချီချင်ကို  မုရှောင်းရှောင် မျက်စောင်းထိုးပြီး

"တကယ် ဘာမှမဟုတ်ပါဘူးဆို ?"

မုရှောင်းရှောင် သည် အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။

"ငါတို့ ဂိမ်းဆော့မှာ မဟုတ်ဘူးလား။ ဘာကြောင့်  စာမေးပွဲစစ်သလို  ဖြစ်လာရတာလဲ။ ငါက ရာဇ၀တ်သားမဟုတ်ဘူး နော် ! ငါတို့ ကစားဦးမှာလား။ မဟုတ်ရင် ငါတစ်ခြားသွားလိုက်‌ တော့မယ်။”

ဟန်ချီချင် က  မုရှောင်းရှောင် တကယ်မကစားတော့မှာကို ကြောက်သွားပြီး သူမလက်ကို ဝှေ့ယမ်းကာ

"ဟုတ်ပါတယ် ကစားကြရအောင်။ ယဲ့စီကျွေး ငါတို့ဘာ ကစားရမှာလဲ"

မုရှောင်းရှောင် ကို အာရုံစူးစိုက်စွာ စူးစူးရဲရဲကြည့်ရင်း ယဲ့စီကျွေး က

"အစီအစဉ်ပြောင်းသွားပြီး ဒါဆို The King Game ကစားကြရအောင်၊ အဲဒါ ဘယ်လိုလဲ"


"အဲဒါကောင်းတယ်!"

ဟန်ချီချင် က လက်ခုပ်တီးပြီး ပျော်မြူးနေသည်။

King Game သည် ဘုရင်များနှင့် ကျွန်များပါသော ဂိမ်းဖြစ်ပြီး မုရှောင်းရှောင် သည် ယခင်က ၎င်းကို တစ်ကြိမ် ကစားဖူးသည်။

ဂိမ်းသည် Truth သို့မဟုတ် Dare နှင့် အနည်းငယ် ဆင်တူသည်။ ဘုရင်အဖြစ် ရွေးချယ်ခံရသော ကစားသမားများသည် အမှန်အတိုင်းပြောခြင်းဖြစ်စေ သို့မဟုတ် သူများအားခိုင်းခြင်းဖြစ်စေ ကျွန်များကို အမိန့်ပေးနိုင်သည်။

ယဲ့စီကျွေး က ပြုံးပြီး

“ဒီတစ်ခါတော့ စည်းမျဉ်းတွေ နည်းနည်းပြောင်းမယ်။ အမိန့်မနာခံသူက  အရက်သောက်ရမှာဖြစ်ပြီး တစ်ခွက်တည်းမဟုတ်ဘူး။ ပထမတစ်ကြမ်ိပဲ ဖန်ခွက်တစ်ခွက် နောက်တစ်ကြိမ်ကစပြီး  ဖန်ခွက်နှစ်ခွက်၊ ဖန်ခွက်လေးခွက်အထိ၊ တစ်ကြိမ်ကို  နှစ်ဆအထိ တိုးလာမယ် ဘယ်လိုလဲ”

တခြားသူတွေက ချက်ခြင်း လန့်သွားကြသည်  ။တစ်ကြိမ် နှစ်ဆတိုးရင်  အရက်အများကြီးသောက်ကြရမှာ မဟုတ်ဘူးလား?

ဟန်ချီချင် သည် စုန့်ရှီကျွင်း ကို ချက်ခြင်း ကြည့်လိုက်သည် ။ အချိန်အတော်ကြာတဲ့နောက်  သူမတို့နှစ်ဦးသားကြား တိတ်တိတ်ဆိတ်ဆိတ် နားလည်မှု တစ်ခု တည်ဆောက်လိုက်ကြသည်။ ဒီအချိန်ဟာ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ နဲ့ တခြားသူတွေကို ဆန့်ကျင်ဖို့ ပူးပေါင်းလုပ်ဆောင်ရမယ့် အချိန်ပင်။

လူတိုင်း ဆူညံစွာ အော်ဟစ်နေချိန်တွင် မုရှောင်းရှောင် သည် ဆန္ဒပြရန် အခွင့်အရေးပင် မရှိခဲ့ပေ။ ဂိမ်းကစားဖို့ကလွဲလို့ သူမမှာ ရွေးချယ်စရာမရှိတော့။

The King Game အတွက် အထူးပြုလုပ်ထားသော ကတ်များရောက်ရှိလာသောအခါ၊ ဂိမ်းစတင်ခဲ့သည်။

မုရှောင်းရှောင် သည် The King Game နောက်ဆုံး ကစားခဲ့တုန်းက သူမ၏ ကံကြမ္မာဆိုးကို ပြန်တွေးကာ အနည်းငယ် တုန်လှုပ်‌ နေမိသည်။ ကျွန်အဖြစ်ရွေးချယ်ခံရသည့် ပထမဆုံးသူက သူမတော့ မဖြစ်နိုင်လောက်ဘူးမလား ။

Translated By Esther Yam
ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်

Zawgyi

အပိုင္း -၃၁၇ ဟန္ခ်ီခ်င္ မသိခဲ့။

မုေရွာင္းေရွာင္ လက္ထဲတြင္ အရက္ပုလင္းကိုင္ကာ ၿပဳံးရင္း စိတ္အားထက္သန္ေနသည္။ အရက္ကို ေရာစပ္ၿပီး ေသာက္သင့္တယ္။ ဒါမွ မူးတာ ပိုလြယ္လိမ့္မယ္။

မုေရွာင္းေရွာင္သည္ ယဲ့စီေကြၽး အတြက္ ဖန္ခြက္ကို အျပည့္  အျမန္ေလာင္းထည့္‌ေပးကာ

"လာ၊ လာ။ ဆက္ေသာက္ၾကရေအာင္။ ဒီတစ္ခါ ငါ လည္း ေသာက္လိုက္ဦးမယ္။ ငါမလိမ္ဘူး။"

ေသခ်ာတာက။ မုေရွာင္းေရွာင္ေသာက္ရမယ့္အရာက သစ္သီးေဖ်ာ္ရည္ျဖစ္ၿပီး အရက္မပါဘူး။

ယဲ့စီေကြၽး က ဖန္ခြက္ကို သူ႔လက္ေခ်ာင္းေလးေတြၾကားထဲမွာ ကိုင္ထားၿပီး  လွည့္ပတ္ၾကည့္ရင္း

“ဒီလို ေသာက္ရတာ ပ်င္းဖို႔ေကာင္းလိုက္တာ။ ဘာေၾကာင့္ ပိုစိတ္ဝင္စားစရာေကာင္းတာ မကစားၾကရမွာလဲ။ ေသာက္ရင္း  စိတ္လႈပ္ရွားစရာေကာင္းတဲ့ ဂိမ္းေတြ ကစားၾကမယ္။ ဘယ္လိုလဲ?"

စိတ္လႈပ္ရွားစရာေကာင္းတဲ့ ဂိမ္းေတြကို ၾကားတာနဲ႔ တျခားတစ္ေယာက္နဲ႔ စကားေျပာေနတဲ့ ဟန္ခ်ီခ်င္ က ခ်က္ခ်င္းပဲ စိတ္ဝင္တစားျဖစ္လာၿပီး

“Ok! ငါဂိမ္းေတြကိုႀကိဳက္တယ္!"

ျမဴးျမဴးႂကြႂကြ ဂီတမရွိဘဲ  ေသာက္ေနရ႐ုံနဲ႔ ဘာေပ်ာ္စရာရွိလဲ။
စိတ္လႈပ္ရွားစရာေကာင္းတဲ့ ကစားစရာဂိမ္းရွိတယ္ဆိုတာ တျခားသူေတြၾကားတဲ့အခါ ေျပးထြက္လာၾကသည္။

ဒီအရာမ်ားကိုၾကည့္လွ်င္ မုေရွာင္းေရွာင္ သည္ ထိုအႀကံအစည္ကို ျငင္းဆန္ရန္ ခက္ေနေပလိမ့္မည္။

“ေကာင္းၿပီ ဒါဆို ကစားၾကရေအာင္။ ငါတို႔ဘာကစားရမလဲ။  Truth or Dare  ပဲလား၊ ထပ္ၿပီးေတာ့  "

ရယ္ေမာရင္း ဟန္ခ်ီခ်င္ က စိတ္လႈပ္ရွားစြာနဲ႔

“ Truth or Dare က မဆိုးဘူးလို႔ ထင္ပါတယ္။ တကယ့္ကို စိတ္ဝင္စားဖို႔ေကာင္းတယ္။ အဲ့ဒါ ဘာလို႔မကစားရမွာလဲ"

“မကစားဘူး!”

မုေရွာင္းေရွာင္ ခ်က္ခ်င္း ကန႔္ကြက္လိုက္သည္။
အရင္က ကစားဖူးတဲ့ အခ်ိန္က  ပါးစပ္ထဲမွာ က်န္ခဲ့တဲ့ အရသာဆိုးေတြ  မေပ်ာက္ေသး။  သူမကသာ အၿမဲတမ္း အေ႐ြးခံရေသာသူတစ္ေယာက္ျဖစ္ခဲ့ရသည္။

ဟန္ခ်ီခ်င္ က သူမကို လက္ညိဳးထိုးျပရင္း ရယ္ေမာကာ

“ေရွာင္းေရွာင္၊ နင္  ငါတို႔ဆီက လွ်ိဳ႕ဝွက္ခ်က္တစ္ခ်ိဳ႕ကို ဖုံးကြယ္ခ်င္‌ေနတာလား။ အဲ့ဒါေၾကာင့္ နင္ မကစားရဲတာလား"

"ဘယ္ဟုတ္မလဲ!"

မုေရွာင္းေရွာင္ မဟုတ္ေၾကာင္း ျငင္းဆန္ခဲ့သည္။

တျခားသူေတြနဲ႔ ကစားရရင္ ေကာင္းေပမယ့္ ဟန္ခ်ီခ်င္ နဲ႔ ကစားတဲ့အခါ လုရိခ်န္ ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို သူမသိေနတာေၾကာင့္  သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို ဟန္ခ်ီခ်င္အား  မေျပာႏိုင္ေပ။
ဟန္ခ်ီခ်င္ ကို သေဘာက်ခ်စ္ခင္ေပမယ့္ေပါ့။

ဟန္ခ်ီခ်င္ စက။း ကိုၾကားၿပီးေနာက္၊ ယင္းေရွာင္က်ဲ သည္ မုေရွာင္းေရွာင္ကို မ်က္လုံးမ်ားကို မွိတ္ထားရာက စိုက္ၾကည့္လိုက္ေတာ့  သူမ၏အမူအရာမွာ တစ္စုံတစ္ရာကို ဖုံးကြယ္ထားသလို ျဖစ္ေနပုံရသည္။

ဟန္ခ်ီခ်င္ကို  မုေရွာင္းေရွာင္ မ်က္ေစာင္းထိုးၿပီး

"တကယ္ ဘာမွမဟုတ္ပါဘူးဆို ?"

မုေရွာင္းေရွာင္ သည္ အေၾကာင္းအရာကို အျမန္ေျပာင္းလိုက္သည္။

"ငါတို႔ ဂိမ္းေဆာ့မွာ မဟုတ္ဘူးလား။ ဘာေၾကာင့္  စာေမးပြဲစစ္သလို  ျဖစ္လာရတာလဲ။ ငါက ရာဇ၀တ္သားမဟုတ္ဘူး ေနာ္ ! ငါတို႔ ကစားဦးမွာလား။ မဟုတ္ရင္ ငါတစ္ျခားသြားလိုက္‌ ေတာ့မယ္။”

ဟန္ခ်ီခ်င္ က  မုေရွာင္းေရွာင္ တကယ္မကစားေတာ့မွာကို ေၾကာက္သြားၿပီး သူမလက္ကို ေဝွ႔ယမ္းကာ

"ဟုတ္ပါတယ္ ကစားၾကရေအာင္။ ယဲ့စီေကြၽး ငါတို႔ဘာ ကစားရမွာလဲ"

မုေရွာင္းေရွာင္ ကို အာ႐ုံစူးစိုက္စြာ စူးစူးရဲရဲၾကည့္ရင္း ယဲ့စီေကြၽး က

"အစီအစဥ္ေျပာင္းသြားၿပီး ဒါဆို The King Game ကစားၾကရေအာင္၊ အဲဒါ ဘယ္လိုလဲ"


"အဲဒါေကာင္းတယ္!"

ဟန္ခ်ီခ်င္ က လက္ခုပ္တီးၿပီး ေပ်ာ္ျမဴးေနသည္။

King Game သည္ ဘုရင္မ်ားႏွင့္ ကြၽန္မ်ားပါေသာ ဂိမ္းျဖစ္ၿပီး မုေရွာင္းေရွာင္ သည္ ယခင္က ၎ကို တစ္ႀကိမ္ ကစားဖူးသည္။

ဂိမ္းသည္ Truth သို႔မဟုတ္ Dare ႏွင့္ အနည္းငယ္ ဆင္တူသည္။ ဘုရင္အျဖစ္ ေ႐ြးခ်ယ္ခံရေသာ ကစားသမားမ်ားသည္ အမွန္အတိုင္းေျပာျခင္းျဖစ္ေစ သို႔မဟုတ္ သူမ်ားအားခိုင္းျခင္းျဖစ္ေစ ကြၽန္မ်ားကို အမိန႔္ေပးႏိုင္သည္။

ယဲ့စီေကြၽး က ၿပဳံးၿပီး

“ဒီတစ္ခါေတာ့ စည္းမ်ဥ္းေတြ နည္းနည္းေျပာင္းမယ္။ အမိန႔္မနာခံသူက  အရက္ေသာက္ရမွာျဖစ္ၿပီး တစ္ခြက္တည္းမဟုတ္ဘူး။ ပထမတစ္ၾကမ္ိပဲ ဖန္ခြက္တစ္ခြက္ ေနာက္တစ္ႀကိမ္ကစၿပီး  ဖန္ခြက္ႏွစ္ခြက္၊ ဖန္ခြက္ေလးခြက္အထိ၊ တစ္ႀကိမ္ကို  ႏွစ္ဆအထိ တိုးလာမယ္ ဘယ္လိုလဲ”

တျခားသူေတြက ခ်က္ျခင္း လန႔္သြားၾကသည္  ။တစ္ႀကိမ္ ႏွစ္ဆတိုးရင္  အရက္အမ်ားႀကီးေသာက္ၾကရမွာ မဟုတ္ဘူးလား?

ဟန္ခ်ီခ်င္ သည္ စုန႔္ရွီကြၽင္း ကို ခ်က္ျခင္း ၾကည့္လိုက္သည္ ။ အခ်ိန္အေတာ္ၾကာတဲ့ေနာက္  သူမတို႔ႏွစ္ဦးသားၾကား တိတ္တိတ္ဆိတ္ဆိတ္ နားလည္မႈ တစ္ခု တည္ေဆာက္လိုက္ၾကသည္။ ဒီအခ်ိန္ဟာ သူတို႔ကိုယ္သူတို႔ ကာကြယ္ဖို႔ နဲ႔ တျခားသူေတြကို ဆန႔္က်င္ဖို႔ ပူးေပါင္းလုပ္ေဆာင္ရမယ့္ အခ်ိန္ပင္။

လူတိုင္း ဆူညံစြာ ေအာ္ဟစ္ေနခ်ိန္တြင္ မုေရွာင္းေရွာင္ သည္ ဆႏၵျပရန္ အခြင့္အေရးပင္ မရွိခဲ့ေပ။ ဂိမ္းကစားဖို႔ကလြဲလို႔ သူမမွာ ေ႐ြးခ်ယ္စရာမရွိေတာ့။

The King Game အတြက္ အထူးျပဳလုပ္ထားေသာ ကတ္မ်ားေရာက္ရွိလာေသာအခါ၊ ဂိမ္းစတင္ခဲ့သည္။

မုေရွာင္းေရွာင္ သည္ The King Game ေနာက္ဆုံး ကစားခဲ့တုန္းက သူမ၏ ကံၾကမၼာဆိုးကို ျပန္ေတြးကာ အနည္းငယ္ တုန္လႈပ္‌ ေနမိသည္။ ကြၽန္အျဖစ္ေ႐ြးခ်ယ္ခံရသည့္ ပထမဆုံးသူက သူမေတာ့ မျဖစ္ႏိုင္ေလာက္ဘူးမလား ။

Translated By Esther Yam
ဒီ Novel ေလးဖတ္ရတာ အဆင္ေျပတယ္ ႏွစ္သက္တယ္ ဆိုရင္ Like ေလးေတြနဲ႔ Comment ေလးခ်န္သြားခဲ့ေပးပါေနာ္


You are reading the story above: TeenFic.Net