အပိုင်း - ၃၁၅

Background color
Font
Font size
Line height


Unicode

အပိုင်း ၃၁၅ - သခင်လေးယင်း၏အမိန့်

လုရိချန် သည် အဘွားအိုအား လမ်းဖြတ်ကူးရန် ကူညီပေးနေသည်။ သူတို့ဘာတွေပြောနေကြတာလဲ ရှင်းရှင်းလင်းလင်းမသိရပေမယ့် သူ့မျက်နှာမှာ နူးညံ့တဲ့အပြုံးတစ်ခုရှိ‌ နေသည်။

ဒီအခိုက်အတန့်မှာ အဘိုးအိုတစ်ယောက် လမ်းလျှောက်လာပြီး လုရိချန် ဆီက အဘွားကြီးရဲ့လက်ကို လှမ်းယူလိုက်သည်။ သူ့ကို ကျေးဇူးတင်သည် ခေါင်းညိတ်ပြလိုက်ပုံရပြီး အဘွားအိုကို ရှေ့ကို ဖြည်းညင်းစွာ လှမ်းကာ လျှောက်လိုက်သည် ။

လုရိချန် က ခုံရှည်ရှည်မှာ ထိုင်နေတာကို မြင်တော့ မုရှောင်းရှောင်လဲ သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်။

အနည်းငယ် အံ့ဩသွားပြီး လုရိချန် က သူမကို စိုက်ကြည့်ကာ မုရှောင်းရှောင် က သူ့ကို ပြန်ပြုံးပြသည်။

"အဲဒီအဘွားကြီးကို သိလို့လား"

လုရိချန် က ခေါင်းခါပြီး

"ကိုယ် မသိပါဘူး"

လို့ တိုးတိုးလေး ပြောလာသည်။

အဘွားကြီးမှာ ခြေသလုံးနှင့် ခြေဖဝါးများ ကောင်းစွာ မကျန်းမာသောကြောင့် ဆေးရုံတွင် တည်းခိုသလို နေနေရသည်။ သူမသည် ခင်ပွန်းဖြစ်သူနှင့်အတူ ပြန်လည်ထူထောင်ရေးအတွက် လေ့ကျင့်ခန်းလုပ်ကာ ထမင်းစားရန် အောက်ထပ်သို့ ဆင်းလာခဲ့တာပင်။

လုရိချန် က မိခင်အတွက် စိုးရိမ်စိတ်ဖြင့် အောက်ထပ်သို့ လမ်းလျှောက်လာသောအခါ အဘိုးအိုတို့နှစ်ယောက်ကို တွေ့လိုက်ရသည်။ ထို့နောက် အဘိုးအိုကို တစ်ခုခုဝယ်နိုင်စေရန် အဘွားအိုအား ပေါ့ပေါ့ပါးပါး ကူညီပေးခဲ့တာဖြစ်သည်။

လုရိချန် က ပြုံးပြီးပြောတယ်

"အဘွားက တော်တော် စားကြူးတယ်။ ဒီမုန့်ကို သူမစားရ မချင်း ပူဆာနေတာမို့ အဖိုးက သူမအတွက် သွားဝယ်ပေးဖို့ကလွဲလို့ ရွေးစရာမရှိဘူး"

မုရှောင်းရှောင် သည် သူ့အကြည့်၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်၊ လူအို နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အလွန်ချစ်ခင်နေကြပြီး ကြည့်ရှုသူများ၏ မနာလိုသော အကြည့်များကို လက်ခံရရှိသည်ကို မြင်တွေ့ရသည်။

သူ့မျက်လုံးတွေက ဝမ်းနည်းပူဆွေးမှုတွေ ဖုံးကွယ်နေတာကို သူမ သတိထားမိသည်။ သူ့အမေနဲ့ ကုပင်းယွမ် အကြောင်း တွေး နေတာလဲ ဖြစ်နိုင်သည်။

အစပိုင်းတော့ အန်တီလုက အလုပ်ပိုလုပ်ရလို့ ဆေးရုံမှာ အကြာကြီးနေနေရတာလို့ တွေးမိတာပင်။ အခုမှ တကယ်တမ်း အန်တီလုရဲ့ အခြေအနေက ဒီလောက် မရိုးရှင်းဘူးဆိုတာ သူမ သိလိုက်ရတယ်။

မုရှောင်းရှောင် သည် ချီတုံချတုံ ဖြစ်နေသည်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လုရိချန် နဲ့ စကားပြောရမလား။သူက တခြားလူတွေကို ဝင်မစွက်ဖက် စေချင်တာလည်း ဖြစ်နိုင်သည်။

အဆုံးတွင် သူမသည် ထိုကိစ္စကို ဆက်ပြီး မစုံစမ်းခဲ့ပေ။

...

ညအချိန်။

Royal Jazz Bar တွင် ။

ယဲ့စီကျွေး တရုတ်ပြည်ကို ပြန်လာတာအတွက် စုန့်ရှီကျွင်း က အားလုံးကို အပြင်ထွက်လည်ကြဖို့ ဖိတ်ကြားခဲ့သည်။ ယဲ့စီကျွေး ပြန်လာတာကို ကြိုဆိုဖို့ ရည်ရွယ်ချက် ဆိုတာထက် ပျော်ဖို့ပါးဖို့ အကြောင်းပြချက်တစ်ခုဟု ဆိုနိုင်သည်။

ထုံးစံအတိုင်း မုရှောင်းရှောင် သည် ယင်းရှောင်ကျဲ နှင့် အတူတွဲလာသည်။

အစကတော့ မုရှောင်းရှောင် ဘားကိုလာဖို့ တွန့်ဆုတ်နေခဲ့တာပင် ။ စကားသံတောင် မကြားရတဲ့ တေးဂီတသံကို မနှစ်သက်တာကြောင့်ပင်။

သို့သော် အခု ဘားထဲသို့ သူမတို့ဝင်သွားသောအခါ
နားစည်ပေါက်အောင် ဖွင့်ထားသည့် ဟဲဗီးတေးဂီတသံ‌တွေထက် ငြိမ့်ညောင်းကာ စိတ်ကူးယဉ်ဆန်သော တေးဂီတသာ ဖွင့်ထားသည်။

မုရှောင်းရှောင် သူမရောက်နေတဲ့ ဘား မှားများမှားနေ သလားဟု တွေးမိသည်။

ဆိုဖာပေါ်တွင်ထိုင်နေသော ဟန်ချီချင် သည် သူမရောက်လာသည်ကို မြင်လိုက်ရသည်နှင့် စိတ်လှုပ်ရှားစွာ အနားကို ချဉ်းကပ်ကာ သူမ၏လက်ကို ပွေ့ဖက်လာသည်။

"ရှောင်းရှောင် နောက်ဆုံးတော့ နင် ဒီကိုရောက်လာပြီ!"

မုရှောင်းရှောင် သည် အသံစနစ်အား ကြည့်နေဆဲဖြစ်ပြီး ဘာဖြစ်နေတာလဲဟု တွေးတောရင်း အံ့ဩ‌နေမိသည်။

သူမစိတ်ထဲမှာ ဘာဖြစ်နေလဲ သိသလို ဟန်ချီချင်က ပြုံးရင်း နားရွက်နားမှာ

"ဂီတက ဘာလို့ ပြောင်းသွားတာလဲ နင် သိချင်နေတာလား။ တကယ်တော့ ဒါတွေအားလုံးဟာ သခင်လေးကျဲရဲ့ အမိန့် ကြောင့်ပဲ"


အစပိုင်းတွင် ဤနေရာသည် ညစ်ညမ်းမှုများ ပြည့်နှက်နေသည့် တောရိုင်းဘားတစ်ခုဖြစ်သော်လည်း ယခုအခါ ကျက်သရေရှိပြီး စိတ်ကူးယဉ်ဆန်သော အရက်ဆိုင်ဖြစ်လာသည်။

သခင်လေးကျဲ၏ အင်အားကြီးသော အမိန့်ကြောင့် အားလုံးက ကျေးဇူးတင်နေမိသည်။

တကယ်တော့ စုန့်ရှီကျွင်း လို လူတွေဟာ ဘားတွေမှာ ကျယ်လောင်တဲ့ တေးဂီတကို ကျင့်သားရပြီး ဒီဘလူးစ်ဂီတကို နေသားမရပေ။

အဲဒါကို တောင်းဆိုတာက သခင်လေးကျဲ ဖြစ်တာကြောင့် သူတို့မှာ ရွေးချယ်စရာ မရှိတော့။

အကယ်၍ မုရှောင်းရှောင် မလာခဲ့ရင် ယင်းရှောင်ကျဲ လည်း တက်ရောက်မှာ မဟုတ်။ အဲဒါဆို စုဝေးခြင်းရဲ့ အဓိပ္ပါယ်က ဘယ်လိုလုပ်ရှိတော့မှာလဲ။

မုရှောင်းရှောင် က ထိုင်ခုံနေရာ တစ်နေရာ ယူလိုက်ပြီး တစ်ဖက်မှာထိုင်နေတဲ့ ယဲ့စီကျွေး ကို စူးစူးရဲရဲနဲ့ မျက်စောင်းတစ်ချက်ပစ်လိုက်သည်။

ယဲ့စီကျွေး သည် သူမ၏ ဖော်ရွေမှုမရှိသော အမှောင်အကြည့်ကို ခံစားလိုက်ရပြီး သူ အံ့ဩသွားသည်။ငါ သူမကို မနှောင့်ယှက်ခဲ့ဖူးပါဘူး။

မုရှောင်းရှောင် သည် သစ်သီးဖျော်ရည်တစ်ခွက်ကို မှာကြားခဲ့ပြီး ယဲ့စီကျွေး အနားသွားထိုင်ကာ ဖျော်ရည်ကိုပါ ယူသွားခဲ့သည်။

Translated By Esther Yam

ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်

Zawgyi

အပိုင္း ၃၁၅ - သခင္ေလးယင္း၏အမိန႔္

လုရိခ်န္ သည္ အဘြားအိုအား လမ္းျဖတ္ကူးရန္ ကူညီေပးေနသည္။ သူတို႔ဘာေတြေျပာေနၾကတာလဲ ရွင္းရွင္းလင္းလင္းမသိရေပမယ့္ သူ႔မ်က္ႏွာမွာ ႏူးညံ့တဲ့အၿပဳံးတစ္ခုရွိ‌ ေနသည္။

ဒီအခိုက္အတန႔္မွာ အဘိုးအိုတစ္ေယာက္ လမ္းေလွ်ာက္လာၿပီး လုရိခ်န္ ဆီက အဘြားႀကီးရဲ႕လက္ကို လွမ္းယူလိုက္သည္။ သူ႔ကို ေက်းဇူးတင္သည္ ေခါင္းညိတ္ျပလိုက္ပုံရၿပီး အဘြားအိုကို ေရွ႕ကို ျဖည္းညင္းစြာ လွမ္းကာ ေလွ်ာက္လိုက္သည္ ။

လုရိခ်န္ က ခုံရွည္ရွည္မွာ ထိုင္ေနတာကို ျမင္ေတာ့ မုေရွာင္းေရွာင္လဲ သူ႔ေဘးမွာ ဝင္ထိုင္လိုက္သည္။

အနည္းငယ္ အံ့ဩသြားၿပီး လုရိခ်န္ က သူမကို စိုက္ၾကည့္ကာ မုေရွာင္းေရွာင္ က သူ႔ကို ျပန္ၿပဳံးျပသည္။

"အဲဒီအဘြားႀကီးကို သိလို႔လား"

လုရိခ်န္ က ေခါင္းခါၿပီး

"ကိုယ္ မသိပါဘူး"

လို႔ တိုးတိုးေလး ေျပာလာသည္။

အဘြားႀကီးမွာ ေျခသလုံးႏွင့္ ေျခဖဝါးမ်ား ေကာင္းစြာ မက်န္းမာေသာေၾကာင့္ ေဆး႐ုံတြင္ တည္းခိုသလို ေနေနရသည္။ သူမသည္ ခင္ပြန္းျဖစ္သူႏွင့္အတူ ျပန္လည္ထူေထာင္ေရးအတြက္ ေလ့က်င့္ခန္းလုပ္ကာ ထမင္းစားရန္ ေအာက္ထပ္သို႔ ဆင္းလာခဲ့တာပင္။

လုရိခ်န္ က မိခင္အတြက္ စိုးရိမ္စိတ္ျဖင့္ ေအာက္ထပ္သို႔ လမ္းေလွ်ာက္လာေသာအခါ အဘိုးအိုတို႔ႏွစ္ေယာက္ကို ေတြ႕လိုက္ရသည္။ ထို႔ေနာက္ အဘိုးအိုကို တစ္ခုခုဝယ္ႏိုင္ေစရန္ အဘြားအိုအား ေပါ့ေပါ့ပါးပါး ကူညီေပးခဲ့တာျဖစ္သည္။

လုရိခ်န္ က ၿပဳံးၿပီးေျပာတယ္

"အဘြားက ေတာ္ေတာ္ စားၾကဴးတယ္။ ဒီမုန႔္ကို သူမစားရ မခ်င္း ပူဆာေနတာမို႔ အဖိုးက သူမအတြက္ သြားဝယ္ေပးဖို႔ကလြဲလို႔ ေ႐ြးစရာမရွိဘူး"

မုေရွာင္းေရွာင္ သည္ သူ႔အၾကည့္၏ ဦးတည္ရာဆီသို႔ လွမ္းၾကည့္လိုက္သည္၊ လူအို ႏွစ္ေယာက္သည္ တစ္ေယာက္ႏွင့္တစ္ေယာက္ အလြန္ခ်စ္ခင္ေနၾကၿပီး ၾကည့္ရႈသူမ်ား၏ မနာလိုေသာ အၾကည့္မ်ားကို လက္ခံရရွိသည္ကို ျမင္ေတြ႕ရသည္။

သူ႔မ်က္လုံးေတြက ဝမ္းနည္းပူေဆြးမႈေတြ ဖုံးကြယ္ေနတာကို သူမ သတိထားမိသည္။ သူ႔အေမနဲ႔ ကုပင္းယြမ္ အေၾကာင္း ေတြး ေနတာလဲ ျဖစ္ႏိုင္သည္။

အစပိုင္းေတာ့ အန္တီလုက အလုပ္ပိုလုပ္ရလို႔ ေဆး႐ုံမွာ အၾကာႀကီးေနေနရတာလို႔ ေတြးမိတာပင္။ အခုမွ တကယ္တမ္း အန္တီလုရဲ႕ အေျခအေနက ဒီေလာက္ မ႐ိုးရွင္းဘူးဆိုတာ သူမ သိလိုက္ရတယ္။

မုေရွာင္းေရွာင္ သည္ ခ်ီတုံခ်တုံ ျဖစ္ေနသည္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး လုရိခ်န္ နဲ႔ စကားေျပာရမလား။သူက တျခားလူေတြကို ဝင္မစြက္ဖက္ ေစခ်င္တာလည္း ျဖစ္ႏိုင္သည္။

အဆုံးတြင္ သူမသည္ ထိုကိစၥကို ဆက္ၿပီး မစုံစမ္းခဲ့ေပ။

...

ညအခ်ိန္။

Royal Jazz Bar တြင္ ။

ယဲ့စီေကြၽး တ႐ုတ္ျပည္ကို ျပန္လာတာအတြက္ စုန႔္ရွီကြၽင္း က အားလုံးကို အျပင္ထြက္လည္ၾကဖို႔ ဖိတ္ၾကားခဲ့သည္။ ယဲ့စီေကြၽး ျပန္လာတာကို ႀကိဳဆိုဖို႔ ရည္႐ြယ္ခ်က္ ဆိုတာထက္ ေပ်ာ္ဖို႔ပါးဖို႔ အေၾကာင္းျပခ်က္တစ္ခုဟု ဆိုႏိုင္သည္။

ထုံးစံအတိုင္း မုေရွာင္းေရွာင္ သည္ ယင္းေရွာင္က်ဲ ႏွင့္ အတူတြဲလာသည္။

အစကေတာ့ မုေရွာင္းေရွာင္ ဘားကိုလာဖို႔ တြန႔္ဆုတ္ေနခဲ့တာပင္ ။ စကားသံေတာင္ မၾကားရတဲ့ ေတးဂီတသံကို မႏွစ္သက္တာေၾကာင့္ပင္။

သို႔ေသာ္ အခု ဘားထဲသို႔ သူမတို႔ဝင္သြားေသာအခါ
နားစည္ေပါက္ေအာင္ ဖြင့္ထားသည့္ ဟဲဗီးေတးဂီတသံ‌ေတြထက္ ၿငိမ့္ေညာင္းကာ စိတ္ကူးယဥ္ဆန္ေသာ ေတးဂီတသာ ဖြင့္ထားသည္။

မုေရွာင္းေရွာင္ သူမေရာက္ေနတဲ့ ဘား မွားမ်ားမွားေန သလားဟု ေတြးမိသည္။

ဆိုဖာေပၚတြင္ထိုင္ေနေသာ ဟန္ခ်ီခ်င္ သည္ သူမေရာက္လာသည္ကို ျမင္လိုက္ရသည္ႏွင့္ စိတ္လႈပ္ရွားစြာ အနားကို ခ်ဥ္းကပ္ကာ သူမ၏လက္ကို ေပြ႕ဖက္လာသည္။

"ေရွာင္းေရွာင္ ေနာက္ဆုံးေတာ့ နင္ ဒီကိုေရာက္လာၿပီ!"

မုေရွာင္းေရွာင္ သည္ အသံစနစ္အား ၾကည့္ေနဆဲျဖစ္ၿပီး ဘာျဖစ္ေနတာလဲဟု ေတြးေတာရင္း အံ့ဩ‌ေနမိသည္။

သူမစိတ္ထဲမွာ ဘာျဖစ္ေနလဲ သိသလို ဟန္ခ်ီခ်င္က ၿပဳံးရင္း နား႐ြက္နားမွာ

"ဂီတက ဘာလို႔ ေျပာင္းသြားတာလဲ နင္ သိခ်င္ေနတာလား။ တကယ္ေတာ့ ဒါေတြအားလုံးဟာ သခင္ေလးက်ဲရဲ႕ အမိန႔္ ေၾကာင့္ပဲ"


အစပိုင္းတြင္ ဤေနရာသည္ ညစ္ညမ္းမႈမ်ား ျပည့္ႏွက္ေနသည့္ ေတာ႐ိုင္းဘားတစ္ခုျဖစ္ေသာ္လည္း ယခုအခါ က်က္သေရရွိၿပီး စိတ္ကူးယဥ္ဆန္ေသာ အရက္ဆိုင္ျဖစ္လာသည္။

သခင္ေလးက်ဲ၏ အင္အားႀကီးေသာ အမိန႔္ေၾကာင့္ အားလုံးက ေက်းဇူးတင္ေနမိသည္။

တကယ္ေတာ့ စုန႔္ရွီကြၽင္း လို လူေတြဟာ ဘားေတြမွာ က်ယ္ေလာင္တဲ့ ေတးဂီတကို က်င့္သားရၿပီး ဒီဘလူးစ္ဂီတကို ေနသားမရေပ။

အဲဒါကို ေတာင္းဆိုတာက သခင္ေလးက်ဲ ျဖစ္တာေၾကာင့္ သူတို႔မွာ ေ႐ြးခ်ယ္စရာ မရွိေတာ့။

အကယ္၍ မုေရွာင္းေရွာင္ မလာခဲ့ရင္ ယင္းေရွာင္က်ဲ လည္း တက္ေရာက္မွာ မဟုတ္။ အဲဒါဆို စုေဝးျခင္းရဲ႕ အဓိပၸါယ္က ဘယ္လိုလုပ္ရွိေတာ့မွာလဲ။

မုေရွာင္းေရွာင္ က ထိုင္ခုံေနရာ တစ္ေနရာ ယူလိုက္ၿပီး တစ္ဖက္မွာထိုင္ေနတဲ့ ယဲ့စီေကြၽး ကို စူးစူးရဲရဲနဲ႔ မ်က္ေစာင္းတစ္ခ်က္ပစ္လိုက္သည္။

ယဲ့စီေကြၽး သည္ သူမ၏ ေဖာ္ေ႐ြမႈမရွိေသာ အေမွာင္အၾကည့္ကို ခံစားလိုက္ရၿပီး သူ အံ့ဩသြားသည္။ငါ သူမကို မေႏွာင့္ယွက္ခဲ့ဖူးပါဘူး။

မုေရွာင္းေရွာင္ သည္ သစ္သီးေဖ်ာ္ရည္တစ္ခြက္ကို မွာၾကားခဲ့ၿပီး ယဲ့စီေကြၽး အနားသြားထိုင္ကာ ေဖ်ာ္ရည္ကိုပါ ယူသြားခဲ့သည္။

Translated By Esther Yam
ဒီ Novel ေလးဖတ္ရတာ အဆင္ေျပတယ္ ႏွစ္သက္တယ္ ဆိုရင္ Like ေလးေတြနဲ႔ Comment ေလးခ်န္သြားခဲ့ေပးပါေနာ္


You are reading the story above: TeenFic.Net