Unicode
အပိုင်း - ၃၁၄ ထိုလူကို တောင်းရမ်းရန် မလိုလားပါ။
ဟန်ချီချင်သည် မုရှောင်းရှောင် ထိုကဲ့သို့သောလှည့်ကွက်ကို အသုံးပြုလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့သလို ယင်းရှောင်ကျဲ အတွက် သူမ စိတ်မကောင်းဖြစ်သွားရသည်။
"သူ စိတ်ဆိုးသွားမှာကို နင် မစိုးရိမ်ဘူးလား"
"အို ဟုတ်သား"
မုရှောင်းရှောင် တစ်ခုခုကို သတိရသွားပုံရသည်။
သူမ ဖုန်းကို ထုတ်ကာ ယင်းရှောင်ကျဲ ထံ စာတိုလေးတစ်စောင် ပို့လိုက်သည်။
သိချင်စိတ်ပြင်းပြစွာဖြင့် ဟန်ချီချင် က သူမပေးပို့လာသောအရာကို ကြည့်ရန် ခေါင်းငုံ့လိုက်သည်။ ထိုသတင်းပို့စာကို သူမ မြင်လိုက်ရသောအခါ အံ့ဩသွားမိသည်။
“နင် သူ့ကို စိတ်ဆိုး နေလို့ လိုက်မပို့ခိုင်းတာ ထားပါတော့၊ ဒါပေမယ့် သူ့အကူအညီကို ငြင်းပယ်ဖို့ သူ့ကိုတောင် အကြောင်းကြားလိုက် သေးတာလား”
“ငါ စဉ်းစားပြီး နောက်မှ အကြောင်းကြားမယ်လို့ သူ့ကို ပြောထားပြီးသားပါ။ ဒါကြောင့် အခု ငါ သူ့ကို အကြောင်းကြားလိုက်ပြီ”
လို့ မုရှောင်းရှောင်က ပြောလိုက်ပြီး ဒါဟာ ဘာမှ အမှားအယွင်း မရှိသလို ဖြစ်နေပေမယ့် သူမရဲ့ အပြုံးက မကောင်းမှုတွေကို ဖုံးကွယ်ထားသလိုပင်။
မုရှောင်းရှောင်တို့ နောက်ဆုံးတော့ ဆေးရုံကို ရောက်သွားကြသည်။
သို့သော်လည်း အခန်းအဝင်ဝနားသို့ လျှောက်လာသောအခါတွင် လုရိချန် သည် အနားမှာမရှိကြောင်း အသိပေးသည့် အမျိုးသမီးသူနာပြုနှင့် ထပ်မံတွေ့ဆုံခဲ့ရသည်။
"ဒီနေ့ရော သူ ဆရာဝန်နဲ့ သွားတွေ့တာလား"
ဟု ဟန်ချီချင် က ကမန်းကတန်း မေးလိုက်သည်။
သူနာပြုဆရာမက ခေါင်းယမ်းပြီး
“အိုး မဟုတ်ဘူး၊ သူဘယ်ရောက်သွားလဲမသိဘူး။”
"ဒါဆို သူဘယ်အချိန်တုန်းက ထွက်သွားတာလဲ"
"စိတ်မကောင်းပါဘူး။ အဲဒါကို ကျွန်မလဲ သတိမထားမိဘူး။”
သူနာပြုဆရာမက ထွက်သွားတော့ ဟန်ချီချင် က မုရှောင်းရှောင် ကိုကြည့်ပြီး
"သူ ဘယ်သွားမယ်ထင်လဲ"
မုရှောင်းရှောင် တွေးပြီးပြောတယ်
"သူ တစ်ခုခုဝယ်ဖို့ထွက်သွားတာ။ ဒါမှမဟုတ် သူ အိမ်ပြန်သွားတာရော ဖြစ်နိုင်လား”
"ဒါဆို ငါ လှည့်ကြည့်မယ်" ဟန်ချီချင် က ပြောပြီး သူမ ထွက်သွားသည် ။
တံခါးကို လှမ်းကြည့်လိုက်တော့ မုရှောင်းရှောင် က သူမကို
"နင် သူ့ကို သွားရှာလိုက်။ ငါ အန်တီလုကို သွားတွေ့လိုက်မယ်"
“ကောင်းပြီ!”
ဟန်ချီချင်သည် အောက်ထပ်သို့ အမြန်ဆင်းသွားသည် ။
မုရှောင်းရှောင် က တံခါးကိုတွန်းဖွင့်ပြီး အခန်းထဲကို ဝင်လိုက်သည်။
လုချင်းလန် သည် နေ့လည်စာစားပြီး အနားယူတော့မည် ဖြစ်သော်လဲ တံခါးပွင့်လာသည်နှင့် ကြည့်လိုက်တော့ သူမ မုရှောင်းရှောင် ကိုတွေ့လိုက်ရသဖြင့် အလိုလို ပြုံးလိုက်မိသည်။
"သမီး အန်တီဆီကို ထပ်လာလာလည်တာလား"
ဟု မေးရင်း သူမက ညင်သာစွာ ပြုံးပြသည်။
မုရှောင်းရှောင် က သူမအနားကို လျှောက်သွားရင်း ခေါင်းညိတ်လိုက်ပြီး
"အန်တီ နေကောင်းလာပြီလား"
လို့ သဘောကျစွာ မေးလိုက်သည်။
သို့သော် ထိုစကားကိုကြားသောအခါ သူမ၏မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း မှိန်ဖျော့သွားသည်။
“အန်တီ ကျန်းမာရေးက အခြေအနေ မကောင်းဘူးလားဟင်”
မုရှောင်းရှောင် သည် သူမကို စိုက်ကြည့်ရင်း ထိတ်လန့်သွားမိသည်။
…
မိနစ်နှစ်ဆယ်ကြာ။
မုရှောင်းရှောင် သည် အခန်းထဲမှထွက်လာပြီး တံခါးကို ညင်သာစွာပိတ်ကာ သူမပုံစံက ဝမ်းနည်းပူဆွေးနေပုံရသည်။
နောက်ပြန်လှည့်ကာ အခန်းကို မော့ကြည့်လိုက်တော့ သူမမျက်လုံးထဲက မျက်ရည်တွေ စီးကျလာသည်။
စောစောက လုချင်းလန် ၏စကားများက သူမစိတ်ထဲမှာ ပဲ့တင်ထပ်နေသည်။
“ဒါကို အန်တီ ဘယ်လောက်ကြာကြာ ခံနိုင်ရည်ရှိမလဲ မသိပေမယ့် ရိချန် က အဲဒီလူကို ပိုက်ဆံတောင်းတာကို မမြင်ချင်ဘူး။ ရိချန် က မာနကြီးသော ကလေးဖြစ်ပြီး ထိုလူကို မုန်းတီး နေတာ။ သူ့ကို သတ်ပစ်မယ်ရင်တောင် ပိုက်ဆံတောင်းမှာမဟုတ်ဘူး။
ဒါပေမယ့် အန်တီ့အတွက်ဆိုရင်… သူသွားနိုင်တယ်… အဲဒီလူဆီက ပိုက်ဆံတောင်းရမ်းဖို့ အတွကိ သူ့သိက္ခာကို နှိမ့်ချ မနေစေချင်ဘူး။အန်တီ သူ့ကို ပိုက်ဆံအတွက် တောင်းပန်ဖို့ထက် ကိုယ်တိုင် သေရတာက ပိုကောင်းပါတယ်…”
မုရှောင်းရှောင် သည် သူမအပေါ်တွင် လေးလံနေသည့် ကျောက်တုံးတစ်ခု ဖိထားသကဲ့သို့ သူမ၏ နှလုံးသားတွင် နာကျင်ကိုက်ခဲမှုကိုသာ ခံစားရနိုင်သည်။
အစကတော့ အန်တီလုကို စေတနာကောင်းနဲ့ သာကြောင်းမာကြောင်း မေးဖို့ လာခဲ့ပေမယ့် ဒီလောက်ရက်စက်တဲ့ အမှန်တရားကို ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့။
ထိုအချိန်တွင် သူမ၏ လက်ကိုင်ဖုန်း မြည်လာသည်။
ဟန်ချီချင် က ဖုန်းခေါ်တာ။
"ရှောင်းရှောင်၊ ငါ သူ့ကို အပြင်မှာ မတွေ့ဘူး။ သူ အိမ်ပြန်သွားတာလားမသိဘူး။ နင် အပေါ်ထပ်မှာ ရှိသေးလား"
“ငါ… ငါအဲဒီမှာမဟုတ်ဘူး။ ငါဆင်းနေပြီ"
မုရှောင်းရှောင် သည် သူမ၏ခံစားချက်များကို ဟန်ချီချင် ထံမှ ဖုံးကွယ်ထားနိုင်မည်မဟုတ်သည့်အတွက် ညာလိုက်မိသည်။
အန်တီ လု က သူမအား ထိုအကြောင်းကိုမည်သူ့ကိုမျှမပြောရန် တောင်းဆိုထားသောကြောင့်လဲဖြစ်သည်။
ထို့ကြောင့် မုရှောင်းရှောင်သည် လိမ်ညာပြီး သူမထွက်သွားပြီဖြစ်ကြောင်း ဟန်ချီချင် အား ပြောပြခဲ့သည်။
ဟန်ချီချင်နဲ့ တည့်တည့် ၀င်တိုးမိမှာကြောက်လို့ နောက်ဖေးလှေကားကိုသုံးပြီး အမြန်ဆင်းပြီး ဆေးရုံအဆောက်အဦထဲက ထွက်လာခဲ့သည်။
သို့သော်လည်း သူမ မြက်ခင်းပြင်တစ်ခုရှေ့မှာ လမ်းလျှောက်လာရင်း လုရိချန် ကို တွေ့လိုက်ရသည်။
Translated By Esther Yam
ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်
Zawgyi
အပိုင္း - ၃၁၄ ထိုလူကို ေတာင္းရမ္းရန္ မလိုလားပါ။
ဟန္ခ်ီခ်င္သည္ မုေရွာင္းေရွာင္ ထိုကဲ့သို႔ေသာလွည့္ကြက္ကို အသုံးျပဳလိမ့္မည္ဟု သူမေမွ်ာ္လင့္ထားခဲ့သလို ယင္းေရွာင္က်ဲ အတြက္ သူမ စိတ္မေကာင္းျဖစ္သြားရသည္။
"သူ စိတ္ဆိုးသြားမွာကို နင္ မစိုးရိမ္ဘူးလား"
"အို ဟုတ္သား"
မုေရွာင္းေရွာင္ တစ္ခုခုကို သတိရသြားပုံရသည္။
သူမ ဖုန္းကို ထုတ္ကာ ယင္းေရွာင္က်ဲ ထံ စာတိုေလးတစ္ေစာင္ ပို႔လိုက္သည္။
သိခ်င္စိတ္ျပင္းျပစြာျဖင့္ ဟန္ခ်ီခ်င္ က သူမေပးပို႔လာေသာအရာကို ၾကည့္ရန္ ေခါင္းငုံ႔လိုက္သည္။ ထိုသတင္းပို႔စာကို သူမ ျမင္လိုက္ရေသာအခါ အံ့ဩသြားမိသည္။
“နင္ သူ႔ကို စိတ္ဆိုး ေနလို႔ လိုက္မပို႔ခိုင္းတာ ထားပါေတာ့၊ ဒါေပမယ့္ သူ႔အကူအညီကို ျငင္းပယ္ဖို႔ သူ႔ကိုေတာင္ အေၾကာင္းၾကားလိုက္ ေသးတာလား”
“ငါ စဥ္းစားၿပီး ေနာက္မွ အေၾကာင္းၾကားမယ္လို႔ သူ႔ကို ေျပာထားၿပီးသားပါ။ ဒါေၾကာင့္ အခု ငါ သူ႔ကို အေၾကာင္းၾကားလိုက္ၿပီ”
လို႔ မုေရွာင္းေရွာင္က ေျပာလိုက္ၿပီး ဒါဟာ ဘာမွ အမွားအယြင္း မရွိသလို ျဖစ္ေနေပမယ့္ သူမရဲ႕ အၿပဳံးက မေကာင္းမႈေတြကို ဖုံးကြယ္ထားသလိုပင္။
မုေရွာင္းေရွာင္တို႔ ေနာက္ဆုံးေတာ့ ေဆး႐ုံကို ေရာက္သြားၾကသည္။
သို႔ေသာ္လည္း အခန္းအဝင္ဝနားသို႔ ေလွ်ာက္လာေသာအခါတြင္ လုရိခ်န္ သည္ အနားမွာမရွိေၾကာင္း အသိေပးသည့္ အမ်ိဳးသမီးသူနာျပဳႏွင့္ ထပ္မံေတြ႕ဆုံခဲ့ရသည္။
"ဒီေန႔ေရာ သူ ဆရာဝန္နဲ႔ သြားေတြ႕တာလား"
ဟု ဟန္ခ်ီခ်င္ က ကမန္းကတန္း ေမးလိုက္သည္။
သူနာျပဳဆရာမက ေခါင္းယမ္းၿပီး
“အိုး မဟုတ္ဘူး၊ သူဘယ္ေရာက္သြားလဲမသိဘူး။”
"ဒါဆို သူဘယ္အခ်ိန္တုန္းက ထြက္သြားတာလဲ"
"စိတ္မေကာင္းပါဘူး။ အဲဒါကို ကြၽန္မလဲ သတိမထားမိဘူး။”
သူနာျပဳဆရာမက ထြက္သြားေတာ့ ဟန္ခ်ီခ်င္ က မုေရွာင္းေရွာင္ ကိုၾကည့္ၿပီး
"သူ ဘယ္သြားမယ္ထင္လဲ"
မုေရွာင္းေရွာင္ ေတြးၿပီးေျပာတယ္
"သူ တစ္ခုခုဝယ္ဖို႔ထြက္သြားတာ။ ဒါမွမဟုတ္ သူ အိမ္ျပန္သြားတာေရာ ျဖစ္ႏိုင္လား”
"ဒါဆို ငါ လွည့္ၾကည့္မယ္" ဟန္ခ်ီခ်င္ က ေျပာၿပီး သူမ ထြက္သြားသည္ ။
တံခါးကို လွမ္းၾကည့္လိုက္ေတာ့ မုေရွာင္းေရွာင္ က သူမကို
"နင္ သူ႔ကို သြားရွာလိုက္။ ငါ အန္တီလုကို သြားေတြ႕လိုက္မယ္"
“ေကာင္းၿပီ!”
ဟန္ခ်ီခ်င္သည္ ေအာက္ထပ္သို႔ အျမန္ဆင္းသြားသည္ ။
မုေရွာင္းေရွာင္ က တံခါးကိုတြန္းဖြင့္ၿပီး အခန္းထဲကို ဝင္လိုက္သည္။
လုခ်င္းလန္ သည္ ေန႔လည္စာစားၿပီး အနားယူေတာ့မည္ ျဖစ္ေသာ္လဲ တံခါးပြင့္လာသည္ႏွင့္ ၾကည့္လိုက္ေတာ့ သူမ မုေရွာင္းေရွာင္ ကိုေတြ႕လိုက္ရသျဖင့္ အလိုလို ၿပဳံးလိုက္မိသည္။
"သမီး အန္တီဆီကို ထပ္လာလာလည္တာလား"
ဟု ေမးရင္း သူမက ညင္သာစြာ ၿပဳံးျပသည္။
မုေရွာင္းေရွာင္ က သူမအနားကို ေလွ်ာက္သြားရင္း ေခါင္းညိတ္လိုက္ၿပီး
"အန္တီ ေနေကာင္းလာၿပီလား"
လို႔ သေဘာက်စြာ ေမးလိုက္သည္။
သို႔ေသာ္ ထိုစကားကိုၾကားေသာအခါ သူမ၏မ်က္ႏွာေပၚရွိ အၿပဳံးသည္ တျဖည္းျဖည္း မွိန္ေဖ်ာ့သြားသည္။
“အန္တီ က်န္းမာေရးက အေျခအေန မေကာင္းဘူးလားဟင္”
မုေရွာင္းေရွာင္ သည္ သူမကို စိုက္ၾကည့္ရင္း ထိတ္လန႔္သြားမိသည္။
…
မိနစ္ႏွစ္ဆယ္ၾကာ။
မုေရွာင္းေရွာင္ သည္ အခန္းထဲမွထြက္လာၿပီး တံခါးကို ညင္သာစြာပိတ္ကာ သူမပုံစံက ဝမ္းနည္းပူေဆြးေနပုံရသည္။
ေနာက္ျပန္လွည့္ကာ အခန္းကို ေမာ့ၾကည့္လိုက္ေတာ့ သူမမ်က္လုံးထဲက မ်က္ရည္ေတြ စီးက်လာသည္။
ေစာေစာက လုခ်င္းလန္ ၏စကားမ်ားက သူမစိတ္ထဲမွာ ပဲ့တင္ထပ္ေနသည္။
“ဒါကို အန္တီ ဘယ္ေလာက္ၾကာၾကာ ခံႏိုင္ရည္ရွိမလဲ မသိေပမယ့္ ရိခ်န္ က အဲဒီလူကို ပိုက္ဆံေတာင္းတာကို မျမင္ခ်င္ဘူး။ ရိခ်န္ က မာနႀကီးေသာ ကေလးျဖစ္ၿပီး ထိုလူကို မုန္းတီး ေနတာ။ သူ႔ကို သတ္ပစ္မယ္ရင္ေတာင္ ပိုက္ဆံေတာင္းမွာမဟုတ္ဘူး။
ဒါေပမယ့္ အန္တီ့အတြက္ဆိုရင္… သူသြားႏိုင္တယ္… အဲဒီလူဆီက ပိုက္ဆံေတာင္းရမ္းဖို႔ အတြကိ သူ႔သိကၡာကို ႏွိမ့္ခ် မေနေစခ်င္ဘူး။အန္တီ သူ႔ကို ပိုက္ဆံအတြက္ ေတာင္းပန္ဖို႔ထက္ ကိုယ္တိုင္ ေသရတာက ပိုေကာင္းပါတယ္…”
မုေရွာင္းေရွာင္ သည္ သူမအေပၚတြင္ ေလးလံေနသည့္ ေက်ာက္တုံးတစ္ခု ဖိထားသကဲ့သို႔ သူမ၏ ႏွလုံးသားတြင္ နာက်င္ကိုက္ခဲမႈကိုသာ ခံစားရႏိုင္သည္။
အစကေတာ့ အန္တီလုကို ေစတနာေကာင္းနဲ႔ သာေၾကာင္းမာေၾကာင္း ေမးဖို႔ လာခဲ့ေပမယ့္ ဒီေလာက္ရက္စက္တဲ့ အမွန္တရားကို ဘယ္တုန္းကမွ မေမွ်ာ္လင့္ထားခဲ့။
ထိုအခ်ိန္တြင္ သူမ၏ လက္ကိုင္ဖုန္း ျမည္လာသည္။
ဟန္ခ်ီခ်င္ က ဖုန္းေခၚတာ။
"ေရွာင္းေရွာင္၊ ငါ သူ႔ကို အျပင္မွာ မေတြ႕ဘူး။ သူ အိမ္ျပန္သြားတာလားမသိဘူး။ နင္ အေပၚထပ္မွာ ရွိေသးလား"
“ငါ… ငါအဲဒီမွာမဟုတ္ဘူး။ ငါဆင္းေနၿပီ"
မုေရွာင္းေရွာင္ သည္ သူမ၏ခံစားခ်က္မ်ားကို ဟန္ခ်ီခ်င္ ထံမွ ဖုံးကြယ္ထားႏိုင္မည္မဟုတ္သည့္အတြက္ ညာလိုက္မိသည္။
အန္တီ လု က သူမအား ထိုအေၾကာင္းကိုမည္သူ႔ကိုမွ်မေျပာရန္ ေတာင္းဆိုထားေသာေၾကာင့္လဲျဖစ္သည္။
ထို႔ေၾကာင့္ မုေရွာင္းေရွာင္သည္ လိမ္ညာၿပီး သူမထြက္သြားၿပီျဖစ္ေၾကာင္း ဟန္ခ်ီခ်င္ အား ေျပာျပခဲ့သည္။
ဟန္ခ်ီခ်င္နဲ႔ တည့္တည့္ ၀င္တိုးမိမွာေၾကာက္လို႔ ေနာက္ေဖးေလွကားကိုသုံးၿပီး အျမန္ဆင္းၿပီး ေဆး႐ုံအေဆာက္အဦထဲက ထြက္လာခဲ့သည္။
သို႔ေသာ္လည္း သူမ ျမက္ခင္းျပင္တစ္ခုေရွ႕မွာ လမ္းေလွ်ာက္လာရင္း လုရိခ်န္ ကို ေတြ႕လိုက္ရသည္။
Translated By Esther Yam
ဒီ Novel ေလးဖတ္ရတာ အဆင္ေျပတယ္ ႏွစ္သက္တယ္ ဆိုရင္ Like ေလးေတြနဲ႔ Comment ေလးခ်န္သြားခဲ့ေပးပါေနာ္
You are reading the story above: TeenFic.Net