အပိုင်း(၂)
....သူ့ရင်ထဲကပုံရိပ်လေးပဲ..ဝမ်နင်ဆိုင်အတွက်ဓာတ်ပုံဆရာကသူ့ရင်ထဲကပုံရိပ်လေးတဲ့လားတိုက်ဆိုင်လိုက်တာ...နာမည်လေးကရိပေါ်တဲ့လားချစ်စရာကောင်းလိုက်တာ...အရမ်းလဲပျော်သွားတယ်..သူတောင်မရှာလိုက်ရပဲကံကြမ္မာကြီးကသူ့ရှေ့ကိုရိပေါ်ကိုဆောင်ကျဥ်းပေးလိုက်တာပဲ...သူမျက်တောင်မခတ်ပဲပြုံးပြုံးလေးစိုက်ကြည့်နေတော့အဲ့ကောင်လေးကဖုန်းနှိပ်နေရာကနေခေါင်ထောင်ကြည့်လာတယ်..အကြည့်ချင်စုံတော့သူပဲအမြန်ခေါင်းလေးငုပ်လိုက်တယ်ဆိုရင်ပဲအဲ့ကောင်လေးကမေးလားတယ်....
''ကျွန်တော်ကိုကြည့်နေတာလား...တွေ့ဖူးလို့လား´´
''ဟို...ဟို...ကျန့်ရိပေါ်ကိုလေဆိပ်မှာမနေ့ကတွေ့လိုက်လို့ပါ....အဲ့တာနဲ့တစ်ယောက်ထဲပဲလားဆိုပြီးကြည့်နေတာပါ...´´
''ဪ...´´
ဒါပါပဲဒီတစ်လုံးတည်းပဲပြန်ပြောတာပါဒါပေမဲ့ဪဆိုတဲ့အသံပြောလိုက်စဥ်ကပွင့်သွားတဲ့နှုတ်ခမ်းလေးကိုကြည့်ပြီးသူ့မှာရင်တွေပရမ်းပတာအခုန်မြန်လာရပါတယ်...ဒီကောင်းလေးရဲ့အပြုမူတစ်ခုချင်းစီးတိုင်းကိုသာသူနေ့တိုင်းမြင်နေရရင် ကြာရင်နှလုံးရောဂါအထူးကုဆရာဝန်နဲ့ပြရတော့မယ်နဲ့တူတယ်.....
''ကျန့် ရိပေါ်ကိုရင်းရင်းနှီးနှီးနဲ့ရိပေါ်လို့ခေါ်တာစိတ်မဆိုးဘူးမှတ်လား´´
''ရပါတယ်´´
ဒါပါပဲတစ်ခွန်းမေးမှတစ်ခွန်းပြန်ဖြေတယ်စကားအပိုတွေမပြောပေသူ့မှာသာအဲ့အကျင့်လေးတစ်ခုကိုစွဲလမ်းသွားရတယ်.....
''ကျန့်လေး...ရိပေါ်တစ်ယောက်ထဲပါတာမဟုတ်ဘူးနော်...စစ်ကျွေးနဲ့ကျင်ရီတို့လဲပါပါတယ်နော်.....မင်းနော်...မင်း.... ငါမပြောလိုက်ချင်ဘူး´´
သူတော်တော်ရှက်သွားရတယ်ခေါင်းငုံ့ပြီး
''မဟုတ်ပါဘူးကွာ မင်းကလဲ..ဒီကညီတို့လဲခင်လို့ရတယ်မှတ်လား´´
''ရပါတယ်ဗျာ....ကျွန်တော်တို့ကလဲအစ်ကိုကျန့်လေးကိုခင်ပါတယ်...ကျွန်တော်တို့ကသူငယ်ချင်းတွေဖြစ်သွားကြပြီးနော်...´´
''အလုပ်အကြောင်းလေးပြောကြတာပေါ့...ကျွန်တော်အချိန်သိပ်မရလို့ပါ..´´
ရိပေါ်ရဲ့ပြောစကားကြောင့်ဝမ်နင်က
''ဟုတ်တာပေါ့ဘာစားကြမလဲမှာကြလေ...ရိပေါ်လဲသိပြီးရောပေါ့ကျွန်တော်ဆိုင်ဖွင့်ပွဲမှာရိပေါ်ဆီကအကူညီအနေနဲ့အစ်ကို့ဆိုင်ကိုကြော်ငြာဖို့အတွက်ဆိုင်ရဲ့အပြင်အဆင်တွေကိုဓာတ်ပုံရိုက်ပေးစေချင်လို့ပါ...နောက်နှစ်ရက်နေရင်ဆိုင်ဖွင့်ပွဲစပါပြီး.....အဲ့တာလေရိပေါ်အဆင်ပြေပါ့မလား´´
''ရပါတယ်...ဒါပဲမလား...ကျွန်တော်ချိန်းထားတာလေရှိလို့သွားတော့မယ်နော်....လာဟေ့ယျောင်တွေသွားမယ်ထ.....´´
ဆိုပြီးထသွားတဲ့ရိပေါ်ကိုကြည့်ပြီးစစ်ကျွေးနဲ့ကျင်ရီတို့ကအားနားစွာနဲ့
''အစ်ကိုတို့စိတ်မရှိပါနဲ့ဗျာသူကအဲ့လိုပဲသိပ်စိတ်တိုတက်တာ ဟိုတစ်ဖက်ကိုလဲချိန်းထားတာဆိုတော့...အားလည်းနာပါတယ်...ပြီးတော့... တောင်းပန်ပါတယ်ဗျာ...နောက်တစ်ခေါက်တော့မှအေးဆေးစုံတာပေါ့ဗျာ...´´
ဝမ်နင်က''ရပါတယ် ညီတို့ရာအစ်ကိုနားလည်းပါတယ် သွားစရာရှိတာသွားပါ နောက်တော့ဆုံတာပေါ့...´´
''ဟုတ်ကဲ့ပါဗျာ....သွားပြီးနော်အစ်ကိုဝမ်နင်နဲ့အစ်ကိုကျန့်လေး...´´
''အေး ..အေး..´´
စစ်ကျွေးနဲ့ကျင်ရီတို့ထွက်သွားတာကိုကြည့်ပြီးကျန့်လေးဆီလှည့်ကြည့်တော့ကိုယ်တော်ကဇာတ်ကျိုးမတက်ဝင်ပေါက်ကိုခေါင်းလှည့်ကြည့်နေတာရိပေါ်တို့ကားထွက်သွားတာတောင်တော်တော်နဲ့ပြန်မလှည့်လာတာကြောင့်
''အမောင်ကျန့်လေးမင်းခေါင်းပါရိပေါ်တို့ကားနဲ့ပါသွားတာလားပြန်ကိုမလှည့်လာတော့ဘူး.....မင်းမှန်မှန်ဖြေနော်...´´
ဝမ်နင်ဘက်ကိုမျက်နှာချွေသွေးသလိုလှည့်ရီပြပြီး
''ဒီလိုပါကွာ...ငါမင်းကိုမနေ့ကလေဆိပ်မှာသွားကြိုရင်းလေဆိပ်မှာအဲ့ကောင်လေးကိုတွေ့ပြီးတစ်ခါတည်းချစ်မိသွားတာကွ ညကလည်းတစ်ညလုံးအဲ့ကောင်လေးကိုပဲတွေးနေမိတာ ငါရန်ကုန်မြို့အနှံ့ထိလိုက်ရှာဖို့ထိတွေးထားတာ....ကံကောင်းစွာနဲ့ဒီမနက်ပြန်တွေ့တာပါ......မင်းကိုကျေးဇူးတင်ရမယ်...ကျေးဇူးပါကွာ...အများကြီးအများကြီး...ဟီး..ဟီး...´´
''မင်းကဒီလိုလား..မင်းတောင်ချစ်တက်နေပြီးကို ..အစ်ကိုရှောင်ကျန့်ကတော့ခုထိချစ်သူမရှိသေးဘူး...နောက်ကားကျော်တက်တယ်ပေါ့...´´
''အဲ့လိုလဲမဟုတ်ပါဘူးကွာ...ကိုကိုကငါ့ကိုဂရုစိုက်နေလို့အချစ်ကိုမေ့နေတာဖြစ်မှာပါ...ကိုကို့ကိုလည်းငါ့ကြောင့်မပင်းပန်းစေချင်တော့ဘူး...ငါခုတလောနေကောင်းနေပါပြီး..´´
''မင်းမပေါ့နဲ့နော် မင်းကျန်းမားရေးအတွက်ဂျပန်မှာလေးလတစ်ခါပြနေကြမဟုတ်လား...မင်းဂျပန်သွားရမယ့်ရက်နီးနေပြီးနော်..အစ်ကိုရှောင်ကျန့်တောင်ပြောနေသေးတယ် မင်းကဂျပန်မှာမနေချင်တော့ သူအလုပ်ကိုမြန်မာနိုင်ငံမှာလုပ်လို့ရအောင်ပြင်ဆင်နေပြီးဟ...မင်းကိုလည်းစိတ်မချလိုတဲ့...မမဝမ်ချင်ကတော့ပြောတယ်မင်းကကင်ဆာရောဂါဆိုပေမယ့်ဖြစ်ခါစမှာကြိုသိလိုက်တော့ဂရုတစိုက်ကုရင်မင်းနေပြန်ကောင်းလာနိုင်တယ်တဲ့......ဒါကြောင့်မင်းဂျပန်မှာနေပြီးဆေးကုဖို့ကိုစဥ်းစားစမ်းပါကွာ...´´
''ငါနားလည်ပါတယ်..ငါတကယ်နေကောင်းနေပါပြီး...ငါခုပိုသေချာသွားပြီးငါဂျပန်ကိုမသွားဘူးဆိုတာ...ကိုကို့ကိုပဲပြန်လာအောင်ခေါ်မှာ´´
''အေးပါ အစ်ကို့ရှောင်ကျန့်ကလဲမင်းကိုတော်တော်ချစ်တာနော် မင်းမျက်နှာတစ်ချက်မညှိုးအောင်ထားတာဆိုတော့ မင်းပြောရင်သူလိုက်လျောမှာပါ...အဲ့ကောင်လေးကိုမင်းတကယ်ချစ်မိသွားတာလား´´
''ငါတကယ်ပြောနေတာပါ..ငါရိပေါ်ကိုမြင်းမြင်းချင်းကိုချစ်မိသွားတာပါဆို.....ကိုကို့ကိုမပြောပြနဲ့အုံးနော်.....နောက်မှငါဘာသာပြောပြမယ်...´´
''မင်းသဘောပါ...ငါမပြောပါဘူး...မင်းလွယ်မှာတော့မဟုတ်ဘူးနော်..´´
''ဘာကိုလဲ´´
''ရိပေါ်ကတကယ့်နာမည်ကြီး မိုးမြင့်မားစိန်တိုက်ပိုင်ရှင်ဒေါ်ဝမ်လုရဲ့တစ်ဦးတည်းမြေးလေ ...သူ့အဖေနဲ့အမေကသူငယ်ငယ်ထဲကဆုံးသွားတော့သူ့အဖွားကအချစ်ပိုပြီးအလိုလိုက်ထားတော့သူကနည်းနည်းမာနတော့ကြီးတယ်လို့ပြောကြတာပဲ...´´
''ဟုတ်လား...သူလဲငယ်ငယ်ထဲကမိဘမဲ့ပဲလား..သနားစရာပဲ ငါပိုချစ်သွားပြီးရိပေါ်ကို..သူနဲ့ငါကရေစက်ပါရင်ဆုံရမှာပဲလေ..အချိန်ကစကားပြောသွားမှာပါ´´
''မင်းခုပဲကြည့်လေ သူကဘယ်သူ့ကိုမှအလေးထားတာမဟုတ်ဘူး...မင်းခံစားရမှာစိုးလို့ပါ...´´
''ငါနားလည်ပါတယ် စိတ်မပူပါနဲ့ကွာ..´´
ဝမ်နင်သက်ပြင်းသာချမိတယ်..ရှေ့ဆက်ဘာတွေဖြစ်လာမလဲဆိုတာကိုတော့စောင့်ကြည့်ရုံသာရှိတော့တယ်....
ဝမ်နင်ရဲ့ဆိုင်ဖွင့်ပွဲတစ်လျှောက်သူနဲ့ရိပေါ်တွေ့ဖြစ်ကြတယ်...ရိပေါ်ရဲ့သူငယ်ချင်းတွေဖြစ်တဲ့စစ်ကျွေးနဲ့ကျင်ရီတို့နဲ့သာတော်တော်ခင်သွားတယ်ရိပေါ်နဲ့ကတော့မေးထူးခေါ်ပြောထက်ပို၍အဆင့်လို့မရပေ ဒီလိုနဲ့တစ်လကြာတော့မထင်မှတ်ပဲသူရိပေါ်ရဲ့နေ့စဥ်လှုပ်ရှားမှုတွေကိုလိုက်ချောင်းနေတာကိုရိပေါ်တွေ့သွားခဲ့ပြီး...
''ကျွန်တော်နောက်လိုက်နေတာလား..´´
''ဟုတ်..ဟုတ်ပါတယ်´´
''ကျန့်အမှန်တိုင်းဖြေသားပဲ.....ကျန့်ရဲ့ရိုးသားဖြူစင်တဲ့စိတ်ကိုကျွန်တော်ချစ်တယ်....ကျွန်တော်နဲ့တွဲမလား...´´
ရိပေါ်ရဲ့အမေးအဆုံးသူနည်းနည်းကြောင်အနေပြီးမှ
''ဟုတ်...´´
သူရှက်ရှက်နဲ့ခေါင်းသာငုံ့ထားမိတယ် သူလိုက်ချောင်းနေတာကိုသိနေတယ်ဆိုတော့ရိပေါ်ကအတော်လျက်တာပဲ။ ပြီးတော့ သူပျော်လဲပျော်မိတယ် ဟုတ်တယ်လေကိုယ်ချစ်နေတဲ့သူဆီကသူနဲ့တွဲမလားလို့မေးတာကိုမပျောတဲ့သူဘယ်သူရှိမလဲ..ရိပေါ်ကတော့ပြောပြီးတာနဲ့အလုပ်ကိစ္စရှိလို့ဆိုပြီးထွက်သွားလေရဲ့..သူမှာသာအတွေးပေါင်းဆုံနဲ့ရူးနေမိတာ..အဲ့ဒီအချိန်ထဲကသူရိပေါ်အပေါ်ကျရှုံးခဲ့တာပါ..ချစ်သူတွေသာဖြစ်သွားတယ်ရိပေါ်ဘက်ကတော့သူ့အပေါ်သူငယ်ချင်းတစ်ယောက်လောက်တောင်အလေးမထားပေ.....ဝမ်နင်ရဲ့ကော်ဖီဆိုင်လေးမှာတွေ့ကြပေမဲ့အများဆုံး၁၅မိနစ်မိနစ်၂၀သာထိုင်ပြီးအလုပ်ကိစ္စဆိုတာနဲ့ပဲပြန်တက်သူပါ ချစ်စကားလွမ်းစကားမပြောနဲ့နူးညံ့နွေးထွေးတဲ့အပြုံးလေးတစ်ခုကိုတောင်သူမရဘူးပေ....အတိတ်ကိုတွေးနေမိတာနာရီဆီလှမ်းကြည့်လိုက်တော့ည၂နာရီတိတိတောင်ရှိနေပြီးပဲ...ခုလဲသူတို့ချစ်သူဖြစ်တာမနက်ဖြန်ဆိုရင်ပဲ၅လပြည့်ပြီးဆိုတာပြောမလို့ဖုန်းဆက်တာဖုန်းမကိုင်လို့ခေါ်လိုက်တာကိုးခါဖြစ်သွားတာကိုစိတ်ရှုပ်လို့သူ့ကိုဖုန်းဆက်ပြီးပြန်ပြောတာ...နောင်အဲ့လောက်မခေါ်နဲ့လို့ပိတ်မပြောတာသူကံကောင်းလို့ပဲပေါ့...ချစ်သူဖြစ်တာ၅လသာရှိလာတယ်တစ်ခါမှအထိမ်းမှတ်ပွဲဆိုတာလုပ်လို့မရဘူး..အပိုအလုပ်တွေတဲ့..ရိပေါ်ဆိုတဲ့သူ့ဆီမှာအချိန်တွေအဲ့လောက်မပေါဘူးတဲ့...ရိပေါ်ရဲ့စကားတွေကြောင့်သူ့ရင်ထဲမှာအတော်ကိုနာကျင်ရပါတယ်.....နာကျင်လွန်းလို့စွန့်ပစ်နိုင်လားဆိုတော့သူစွန့်မပစ်နိုင်ပါ...အဆိပ်ဆိုတာသိသိရင်းနဲ့တောင်ပျော်ပျော်ကြီးမျိုချမဲ့သူပါ....ငါဆိုတဲ့ကျန့်လေးကရိပေါ်ဆိုတဲ့မင်းကိုအဲ့လောက်ထိချစ်တာပါ...မင်းငါ့အပေါ်ဘယ်လောက်ပဲအေးစက်နေပါစေငါ့ကိုလက်တွဲထားသေးတယ်ဆိုတဲ့အသိကငါဘယ်လောက်နာကျင်နေပါစေဖြေသိပ်နိုင်ပါပြီး..တစ်ခြားသူတွေသူ့အပေါ်ဘယ်လိုဆက်ဆံဆက်ဆံဂရုမစိုက်တက်ပေမဲ့ကိုယ်သိပ်ချစ်ရတဲ့သူဆီကစိမ်းကားတဲ့အပြုမူလေးတစ်ခုရရင်တောင်နာကျင်ရပါတယ် ....ကိုယ်ချစ်တဲ့သူကရိုက်ရင်ပိုနာတယ်ဆိုတာ....တကယ်ပဲကိုး..အိပ်ချိန်တောင်ကျော်နေပြီးပဲကိုကိုသိရင်သူ့ကိုဆူအုံးမယ်ထင်တယ် မအိပ်ခင်းလေးရိပေါ်ပုံကြည့်မလို့ဖုန်းထုတ်လိုက်တော့ ရိပေါ်တဆီကစာပို့ထားတာပဲသူအတွေးလွန်းနေလို့မသိလိုက်တာဖြစ်မယ်
''ကျန့်
မနက်ဖြန်
ရိပေါ်စာကိုဖတ်ပြီးတော့သူပျော်သွားတယ်..မနက်ဖြန်ရိပေါ်ကိုတွေ့ရတော့မှာပဲ....သူလဲကုတင်ပေါ်တက်ပြီးဖုန်းထဲကရိပေါ်ပုံလေးကိုထုတ်ကြည့်နေရင်းအိပ်ပျော်သွားတယ်...
မနက်၉နာရီမှအိပ်ရာကနိုးလို့သူစိတ်တိုသွားမိတယ်စောစောထရမှာကို....သွားရမှာကညနေ၃နာရီမှဆိုပေမဲ့သူစိတ်တွေလောနေလို့လားမသိ....သူထတာနောက်ကျနေသလိုပဲ...ပုံမှန်လည်နေတဲ့နာရီကိုတောင်နောက်ကျတယ်လို့ထင်နေမိတဲ့အဖြစ်..ရိပေါ်ရယ်ကျန့်လေးဆိုတဲ့ငါကမင်းနဲ့ပတ်သတ်လာရင်အမြဲပိုလွန်းနေတဲ့သူပါဟာ.....ဝမ်နင်ရဲ့ကော်ဖီဆိုင်လေးကိုကားကိုကိုယ်တိုင်မောင်းပြီးထွက်လာခဲ့လိုက်တယ်...ဆိုင်ထဲကိုရောက်တယ်ဆိုရင်ပဲဝမ်နင်က
''ဟ..ကျန့်လေးဒီနေ့တက်ကြွနေပါလား..ဘာလဲရိပေါ်နဲ့တွေ့ရမှာမို့လား´´
''ဝမ်နင်!..မင်းကိုအထင်တော့ကြီးသွားပြီးကွာ မင်းဘယ်လိုသိတာလဲကွက်တိပဲ..´´
''သိတာပေါ့ မင်းကဟန်ဆောင်တက်တာမှမဟုတ်တာ..မင်းပျော်တာဝမ်နည်းတာကအစမင်းမျက်နှာမှာအကုန်ပေါ်တယ်....´´
''ဟုတ်တယ်ဟ ရိပေါ်ကပန်းခြံမှာတွေ့ရအောင်စိုလို့...ငါအရမ်းပျော်နေတာ..´´
''ဟုတ်မှာပါ...ရိပေါ်ပန်းခြံမှာမင်းသမီးလေးတစ်ယောက်ကိုဓာတ်ပုံရိုက်ပေးဖို့ရှိတယ်လို့စစ်ကျွေးကညကငါနဲ့စကားပြောရင်ပြောပြထားလို့ငါသိတာ....သူအလုပ်လုပ်တဲ့နေရာမှာမင်းသူ့ကိုကြည့်ချင်နေရင်လာကြည့်လို့မပြောတာကိုပဲကျေးဇူးတင်...´´
ဝမ်နင်ရဲ့စကားကြောင့်ကြည်လင်နေတဲ့စိတ်တွေပါနောကက်ကျိသွားတယ်....ဘာပဲဖြစ်ဖြစ်ပါရိပေါ်ကိုတွေ့ခွင့်ရတာကပဲသူအတွက်ကျေနပ်စရာပါပဲ...
''ထားပါတော့...ငါဗိုက်ဆာနေပြီးစားစရာတွေမြန်မြန်ချပေးတော့...´´
''အေးပါ...မင်းကငါ့အဖေဆိုတော့ငါကပြုစုရမှာပေါ့....ခနပဲစောင့်..စာပွဲထိုးတွေလာချပေးလိမ့်မယ်...မင်းအကြောင်းသူတို့သိနေပြီး..´´
''ဘာဖြစ်ဖြစ်ကျွေးမှာပဲဟာကို ငါကမင်းအဖေဖြစ်ရအုံးမယ်...မလုပ်နဲ့ဟေ့ယျောင်မိုးကြိုးတွေပစ်နေမယ်....´´
''သေနာ....ငါ့ကိုများစေတနာပျက်အောင်မလုပ်နဲ့နော်...´´
''ဟား...ဟား...စတာပါကွာစိတ်ကြီးပဲ´´
ဝမ်နင်တို့ဆိုင်မှာအချိန်ဖြုန်းလိုက်တာညနေ၂နာရီခွဲတော့ဝမ်နင်ကိုနှုတ်ဆတ်ပြီးပန်းခြံကိုထွက်လာလိုက်တယ်....နာရီဝက်လောက်စောင့်ပြီးတော့ရိပေါ်ရယ်သူ့သူငယ်ချင်းတွေရယ်မင်းသမီးတစ်ယောက်ရယ်ရောက်လာကြတယ် ရိပေါ်ကတော့သူ့ကိုထိုင်လေလို့တစ်ခွန်းသာပြောဖော်ရတယ်...သူ့အလုပ်သူဆက်လုပ်နေတယ်...တစ်ခြားသူတွေကလဲသူတို့တာဝန်နဲ့သူတို့အလုပ်ရှုပ်နေကြတယ်..သူကတော့ရိပေါရဲ့လှုပ်ရှာမှုတွေကိုသာမျက်နောင်မခတ်တမ်းကြည့်နေမိတယ်...အဲ့လိုနဲ့အချိန်တွေသာကုန်လာလိုက်တာညနေ၅နာရီနောင်ထိုးသွားတယ်....အဲ့တော့မှမင်းသမီးလဲပြန်သွားတယ်ရိပေါ်နဲ့ပါလာတဲ့အကာကောင်လေးတွေလဲပစ္စည်းတွေသိမ်းနေကြတာသူတွေ့နေရတယ်...ခနနနေတော့ရိပေါ်သူ့အနားရောက်လာပြီး....
''ကျန့် ညောင်းသွားပြီးလား..ဒီနေ့မိုးရွာမလားမသိဘူးမိုးတွေအုံ့နေတယ် ပြန်တော့နော်...ကျွန်တော်လဲပင်ပန်းလို့နားချင်နေပြီး´´
''ဟုတ်..ရိပေါ်ပင်ပန်းနေရင်းလဲနားတော့လေ....ကျန့်လဲပြန်တော့မယ်...ဂရုစိုက်သွားနော်ရိပေါ်´´
''အင်း..´´
တစ်ခွန်းသာပြန်ဖြေပြီးလှည့်ထွက်သွားတာပြန်တောင်လှည့်မကြည့်ပေ။ သူလဲကားလေးမောင်းပြီးပန်းခြံထဲကပြန်ထွက်ဘာတယ်ဆိုရင်ပဲပတ်ဝန်းကျင်တစ်ခုလုံးမှောင်မဲပြီး မိုးတွေရွာချလာတယ်....သူလဲတိုက်ခန်းဆီမြန်မြန်ရောက်အောင် ဂရုစိုက်ပြီးနည်းနည်းမြန်မြန်မောင်းလိုက်တယ်...ကံဆိုးချင်တော့တိုက်ခန်းမရောက်ခင်အနည်းငယ်လှမ်းသောကားမှတ်တိုင်တစ်ခုမှာကားပျက်သွားတယ် မိုးတွေကလဲရွာ လျှပ်စီးတွေကလဲအဆက်မပျက်ဝင်းဝင်းထိန်းထိန်းလက်နေတယ် ပတ်ဝန်းကျင်ကလဲမှောင်မဲနေတယ်...သူမှတ်မိနေတယ်မေမေနဲ့ဖေဖေရနန်ဖြစ်တဲ့ညကလဲဒီလိုမိုးသည်းနေတဲ့ညမှာပဲ..သူတွေးရင်းကြောက်လာတယ်...သူရိပေါ်ဆီကိုဖုန်းခေါ်ရင်ကောင်းမယ်ထင်တယ် ဟုတ်တယ်ရိပေါ်ဆီဖုန်းခေါ်ရမယ်......
''🎶🎶🎶..ဟယ်လို..ရိပေါ်လား...ကျန့်လေမှတ်တိုင်တစ်ခုမှာကားပျက်သွားလို့ရိပေါ် ကျန့်ကိုလာကြိုပေးပါလား...´´
''ကျန့် ကလေးလဲမဟုတ်တော့ဘူး ခုမှဖုန်းဆက်တာကိုကြည့်ရင်တိုက်ခန်းပြန်ရောက်ဖို့သိပ်မလိုတော့ဘူးထင်တယ်...လမ်းလျှောက်သွားလိုက်ပါလား...ကျွန်တော်ရေချိုးနေလို့...ပြီးတဲ့အထိကြာချိန်တွက်လိုက်ရင်ကျန့်အိမ်ပြန်ရောက်မှာနဲ့ကွက်တိပဲ....ဒါပဲနော်..´´
''မဟုတ်ဘူးလေ..ကျန့်ကြောက်...တူ..တူ..တူ..´´
ဖုန်းချသွားပြီးကျန့်ကြောက်လာတယ်မျက်ရည်တွေလဲမဖိတ်ခေါ်ပါပဲကျလာကြတယ်...သူဆက်မတွေး
ချင်တော့ကားပေါ်ကနေဆင်းလိုက်တယ်ဆိုရင်ပဲမိုးစက်တွေကသူ့ကိုယ်ပေါ်ခုန်ဆင်းလာကြတယ်သူတဖြည်းဖြည်းလျှောက်လာရင်းကားနဲ့အနည်းငယ်ဝေးတဲ့နေရာရောက်တော့လျှပ်ရောင်တစ်ချက်ဝင်းကနဲလက်သွားတော့သူအသားပါတုန်သွားရတယ်နားခိုစရာနေရာမရှိတဲ့လမ်းမထက်မှာအကာကွယ်မဲ့နေတဲ့သူ့စိတ်ထဲမှာအားငယ်စိတ်တွေဝင်လာတယ်မျက်ရည်တွေကလဲအဆက်မပျက်ကျလာတယ်.....သူအားတင်းပြီးအပြေးတစ်ပိုင်းလျှောက်လာမိတယ်...လမ်းတစ်လျှောက်မှာလဲမှောင်မဲနေပြီးတစ်ခါတစ်ခါလျှပ်ရောင်တစ်ချက်တစ်လက်နေတယ်လမ်းမပေါ်လူအသွားလာတစ်ယောက်မှမရှိပဲရှင်းနေတယ်။အဲ့ဒါကြောက့်သူ့တစ်ယောက်ထဲဆိုတဲ့အသိကပိုပြီးအားငယ်ကြောက်ရွံစေမိတယိ။မှောင်မဲနေတဲ့လမ်းမထက်လျှပ်စီးရောင်တစ်ချက်လက်သွားချင်းကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးဝင်းထိန်းသွားပြီးရှင်းလင်းစွာမြင်ရ၏။ သူတိုက်ခန်းအောက်ထပ်ရောက်တော့သူအတော်မောနေပြီးမျက်ရည်တွေလဲကျနေတုန်းပဲထိုချိန်ဖုန်းသံကြားလို့ထုတ်ကြည့်လိုက်တော့ကိုကို့ဖုန်းဖြစ်နေတယ်..သူကိုင်လိုက်တော့..
''ကျန့်လေး..ကိုကိုခေါ်နေတာကြာနေပြီးမကိုင်လို့ဘာများဖြစ်နေတာလဲလို့စိတ်ပူလိုက်ရတာ..´´
သူဆီကပြန်ဖြေသံမကြားလို့လားမသိကိုကို့ဆီမှ
''ကျန့်လေး...ကျန့်လေး..ကိုကိုပြောတာကြားလား´´
အဲ့ဒီအချိန်နောက်ထက်လျှပ်ရောင်နဲ့အတူ
''ဒိန်း!!ဂျလိန်း!!..´´
မိုးကြိုးပစ်သံကြားလိုက်ရတော့
''ကိုကို့..´´
''ကျန့်လေး...ဘာဖြစ်တာလဲ...´´
ကိုကို့ ရဲ့အသံကိုသူ့ရဲ့နောက်ဆုံးအသိမှာကြားလိုက်ရပြီးသူ့အသိတို့အမှောင်ဖုံးလွှမ်းသွားတော့တယ်.......
အမှားပါရင်တောင်းပန်ပါတယ်နော်..သည်းခံပြီးဖတ်ပေးကြပါ....😊😊
You are reading the story above: TeenFic.Net