အပိုင်း(၁)
အချစ်ဆိုတာသူများတွေအတွက်တော့သီးစုံဝိုင်တစ်ခွက်လိုပဲတဲ့အရသာမျိုးစုံပေးနိုင်တယ်တဲ့ရီဝေဝေပြင်းရှရှဖြစ်နေတဲ့ခံစားချက်ကိုပဲသူတို့ကနှစ်သက်သတဲ့...ကျွန်တော်အတွက်တော့အချစ်ဆိုတာဘာမှန်းမသိတဲ့အရာတစ်ခုလိုပဲသူ့ကိုရှာဖွေတာမဟုတ်ပဲရောက်လာတယ်။ တွေ့ရှိခဲ့ခြင်းအပေါ်နောင်တရလားဆိုရင်သူဘယ်တော့မှနောင်တရမှာမဟုတ်ပေ။ ကိုယ်ချစ်ရတဲ့သူအဆင်ပြေပြေနဲ့စိတ်ချမ်းသာသာရှိနေတယ်ဆိုရင်သူရင်ထဲမှာဘယ်လောက်ပဲခံစားနေရပါစေသူအပြုံးမပျက်ခံစားနိုင်တယ်။ ..ရိပေါ်ရယ် မင်းငါ့ကိုတကယ်ရောချစ်ရဲ့လား....ဘာပဲဖြစ်ဖြစ်ပါငါကမင်းကိုအရမ်းချစ်တဲ့သူဆိုတော့မင်းဘက်ကငါ့အပေါ်အေးစက်စွာဆက်ဆံနေလဲမင်းရဲ့ချစ်သူဆိုတဲ့နေရာလေးမှာမင်းနဲ့အနီးဆုံးရှိခွင့်ရနေတာလေးကိုပဲ ငါကျေနပ်ပါတယ်
'' 🎶🎶သစ်ရိပ်ဝါးရိပ်ရောက်သလို🎶🎶မင်းရဲ့...မျက်နှာမြင်ရင်..ငါ..အေး..ချမ်းတယ်🎶🎶''
ဖုန်းသံကြောင့်အတွေးစတို့ပျက်တောက်သွားတယ် နံပါတ်ကြည့်လိုက်တော့ ရိပေါ် ဖြစ်နေတယ် သူအရမ်းပျော်သွားတယ် ဖုန်းအမြန်ကိုင်လိုက်တယ်ဆိုရင်ပဲ....
''ကျန့် ....ကျွန်တော်အမြဲတမ်းပြောထားတယ်မဟုတ်ဘူးလား နှစ်ခါဆက်လို့မကိုင်ရင်ထပ်မခေါ်တော့နဲ့လို့.. ကျွန်တော်အားတဲ့အချိန်ပြန်ခေါ်လိုက်မယ်လို့ပြောထားတာကို ဘာလို့ကိုးခါတောင်ခေါ်ထားတာလဲ''
''ရိပေါ်ရယ်ကျန့်ကရိပေါ်ကိုလွမ်းလို့ခေါ်လိုက်တာပါ...ရိပေါ်နဲ့ကျန့်စကားလဲပြောချင်လို့ပါ.''
''အရမ်းအရေးကြီးလို့လားလို့ကျန့်ရာ ကျွန်တော်အခုအလုပ်တွေအရမ်းရှုပ်နေတယ်.....ကျွန်တော်မအားဘူးဖြစ်နေတယ်ကျန့်သိပ်အရေးမကြီးရင်ဖုန်းချလိုက်တော့မယ်နော်....ကျွန်တော်အခုကြိုးစားနေတာတစ်နေ့ကျန့်ကိုလက်ထပ်မလို့ဆိုတာကျန့်သိထားပေး...အရေးမကြီးရင်ဒါပဲနော်''
အရေးမကြီးရင်တဲ့လားရိပေါ်ရယ်....ဒါပေမဲ့သူအမြန်ပဲပြန်ပြောမိတာကတော့
''ခနလေးပါရိပေါ်ရယ်ကျန့်ကျန့်လေရိပေါ်အသံလေးကိုထပ်ကြားချင်သေးလို့ပါ...ကျန့်ကျန့်တို့မတွေ့ရတာလဲတော်တော်ကြာနေပြီးဆိုတော့....ကျန့်ကျန့်ရိပေါ်ကိုအရမ်းလွမ်းလို့ပါ...''
''..ကျန့်...မင်းပြောမှာဒါပဲမှတ်လား...ကျွန်တော်မအားသေးလို့ကျန့်နဲ့မတွေ့ဖြစ်ဘူးဆိုတာဟုတ်တယ်...တစ်နေ့ကျွန်တော်တို့ကလက်ထပ်မှာပဲဆိုတာကျန့်လဲသိတာပဲ....ကျွန်တော်ခုမအားတော့ဘူး....ဘိုင့်..''
'' အရမ်းချစ်...တူ..တူ..''
အရမ်းချစ်တယ်လို့ပြောခွင့်တောင်မရလိုက်ပါ ရိပေါ်ကဖုန်းချသွားတယ်...ကျန့်လေးအရမ်းဝမ်းနည်းသွားတယ်...ရိပေါ်သူ့ကိုလက်ထပ်မယ်လို့သာပြောတာပါချစ်တယ်လို့တစ်ခါသာပြောဖူးတာပါ....ရိပေါ်ကိုစတွေ့တဲ့နေ့ထဲကသူဘက်ကသာတစ်ဖက်သက်ချစ်ခဲ့ရတာပါ...အဲ့နေ့လေးကိုသူဘယ်တော့မှမေ့မှာမဟုတ်ပါ...ရိပေါ်ကိုစတွေ့တဲ့နေ့ထဲကရင်ထဲမှာသိမ်းထားခဲ့တာပါ.....သူအဲ့ဒီနေ့ကငယ်သူငယ်ချင်းလဲဖြစ် ညီအစ်ကိုလိုလဲခင်ရတဲ့ဝမ်နင်တစ်ယောက်ဂျပန်ကနေပြန်လာတော့မယ်ဆိုတဲ့သတင်းစကားကိုလွန်ခဲ့တဲ့နှစ်ရက်လောက်ထဲကကြိုအကြောင်ကြားထားလို့..သူ့ရဲ့တိုက်ခန်းလေးကိုရှင်းလင်းပြီးဝမ်နင်နေဖို့ပြင်ဆင်ထားတယ်..သူကတော့အိမ်မှာပဲပြန်နေလိုက်တော့မယ်ဆိုပြီး.....အစီစဥ်ပါတစ်ခါတည်းဆွဲထားတယ်.....ဒီနေ့တော့လေဆိပ်မှာသွားကြိုရမယ်..........နာရီကြည့်လိုက်တော့အချိန်တောင်နီးနေပြီးပဲ...သူကားမောင်းပြီးထွက်လာလိုက်တယ်..လေဆိပ်ရောက်တော့...အချိန်းခနလိုသေးတာနဲ့ထိုင်းခုံတန်းလေးမှာပဲဝင်ထိုင်းပြီးတော့ဖုန်းကြည့်နေလိုက်တယ်....လေယာဥ်ဆိုက်ပြီးခနကြာတော့သူဝမ်နင်ကိုရှာကြည့်နေရင်းလူအများကြားထဲတွင်ထင်းနေတဲ့ကောင်လေးတစ်ယောက်ကိုတွေ့လိုက်တယ်ဆိုရင်ပဲလှမ်းနေတဲ့ခြေလှမ်းတွေရပ်သွားပြီးစီးနေတဲ့သွေးတွေပြောင်းပြန်စီးဆင်းသွားသလိုနှလုံးသားကလဲအငြိမ်မနေပဲဆူးညံစွာခုန်ပေါက်လာကြတယ်...ကောင်လေးအရပ်က၆ပေလောက်တော့ရှိလောက်တယ် အသားရေလေးကနှင်းလိုဖြူစွတ်နေပြီးအနည်းငယ်ပွယောင်းယောင်းဖြစ်နေတဲ့ဂျင်းဘောင်းဘီအရှည်ကိုရှပ်လက်တိုအမည်းရောင်အပွလေးနဲ့တွဲဖတ်ဝတ်ဆင်ထားပြီးလက်ထဲတွင်လည်းကင်မရာတစ်လက်ကိုကိုင်ထားတယ်မျက်နှာသွယ်သွယ်လေးမှာနှာခေါင်းလုံးလုံးလေးပါးဖောင်းလေးလေးနဲ့အတော်ချစ်စရာကောင်းလှတယ်.....ဖြူစွတ်နေတဲ့အသားလေးကအင်္ကျီအနက်ရောင်လေးမှာပိုပြီးပေါ်လွင်နေတယ်....ကင်မရာနဲ့ဆိုတော့ဓာတ်ပုံရိုက်ရတာဝါသနာပါပုံပဲ.....အပစ်ဆို၍ပြောစရာဘာမှမရှိအောင်ပြည့်စုံနေလွန်းတယ်...တစ်ခုပဲရှိတယ်ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ဆန့်ကျင်စွာအပြုံးရယ်မဲ့စွာတည်နေလေရဲ့ဘယ်သူ့ကိုမှမကြည့်ပဲနဲ့သူ့လိုရာကိုခြေလှမ်းညီစွာလှမ်းလျှောက်သွားသည်ကိုမျက်စိတစ်ဆုံးလိုက်ကြည့်နေမိတာဘေးနားမှာဝမ်နင်ရောက်နေတာကိုတောင်မသိလိုက်သည်ဖြစ်ခြင်း...
''ဟေ့..ကျန့်လေး....ကျန့်လေး....!!..''
''ဟမ်...ဪ....ငါကမင်းကိုရှာနေတာကွ''
''ဪ...အေးပါကွာ...ငါခေါ်မှသိတာကိုတောင် ...ငါခေါ်နေတာမင်းကိုကြာနေပြီး မင်းဘာတွေလိုက်ငေးနေလို့ခေါ်သံကိုတောင်မကြားရတာလဲ..''
''ဒီလိုပါပဲကွာ လိုက်ကြည့်နေတာ...ဪ....ဒါနဲ့ကိုကိုငါ့အတွက်ဘာလက်ဆောင်ထည့်ပေးလိုက်သေးလဲ''
''မင်းကို အစ်ကိုရှောင်ကျန့်ပစ္စည်းတွေအများကြီးထည့်ပေးလိုက်ပါတယ်ကွာ ...ကဲ့..ငါနေရမယ့်နေရာရောက်မှပေးမယ်....''
''အယ့်မယ်....မင်းကိုငါကဒီအတိုင်းပစ်မထားပါဘူးကွာ....ငါနေမလို့ဝယ်ထားတဲ့တိုက်ခန်းမှာပေးနေဖို့ပြင်ဆင်ပြီးသွားပါပြီးကွာ...တကယ်တဲဖြစ်နေလိုက်တာ...''
''ဟဲဟဲ...သတိဆိုတာပိုတယ်မရှိတဲ့....မင်းဘာနဲ့ငါ့ကိုလာကြိုတာလဲ..''
''ကားနဲ့ပေါ့...မဟုတ်ရင်မင်းကြီးတော်ကြီးနဲ့လာရမှာလား...''
''မင်းကငါ့ကြီးတော်နဲ့လာချင်နေတာလား....ဪ..မသိလို့မသိလို့..''
''ခွေးကောင်...သေချင်လို့လား..ငါပစ်ထားခဲ့လိုက်မှာနော်..''
''စတာပါကွာ...စိတ်ကြီးပဲ..မင်းကိုယ်တိုင်မောင်းလာတာလား...အစ်ကိုရှောင်ကျန့်ကမင်းကိုကားကိုယ်တိုင်မမောင်းနဲ့လို့ပြောထားတယ်မှတ်လား...''
''ဟုတ်တယ်ကိုကိုကငါကိုယ်တိုင်ကားမောင်းတာမကြိုက်ဘူးလေ အမြဲစိတ်မချဖြစ်နေတာ ထားပါတော့ လာ..ပြန်မယ်....''
''အေးပါ...ငါမောင်းမှာနော်..''
''အင်..ရော့ကားသော့''
သူဝမ်နင်ကိုကားသော့ပေးလိုက်ပြီးလေဆိပ်ကနေပြန်လာလိုက်တယ်..တစ်လမ်းလုံးလဲဝမ်နင်ကဂျပန်မှာသူနေခဲ့တဲ့အကြောင်းတွေပြောနေပေမဲ့သူ့ မျက်လုံးထဲမှာတော့ အဲ့ကောင်လေးကိုပဲမြင်နေမိတယ်....တွေးလေပိုချစ်လေပဲ.....သူ့ဘဝမှာလူတစ်ယောက်ကိုမြင်မြင်ချင်းချစ်မိသွားလိမ့်မယ်လို့ဘယ်တုန်းကမှမတွေးဖူးပေ.....အဲ့လူကလည်းယောင်္ကျားလေးတစ်ယောက်ဖြစ်မယ်လို့ပိုလို့တောင်မထင်ပေ...ကိုကိုကရောသဘောတူပါ့မလား...သူစိတ်ညစ်စရာတွေမတွေးချင်တော့ပေ နောက်ဖြစ်လာမှာနောက်မှပဲရှင်းတော့မယ်.....
''ကျန့်လေး......ကျန့်လေး!!...''
ဝမ်နင်ရဲ့အသံဆိုးကြီးကြောင့်အတွေးစတို့ပျောက်တောက်သွားတယ်....
''ဘာလဲကွာ...အသံဆိုးကြီးနဲ့...''
''မင်းပြောတဲ့လိပ်စာရောက်ပြီးလေ...ဘယ်ဆက်သွားရမှာလဲ...မင်းတော့နော် သိပ်မဟုတ်သေးဘူး......လေဆိပ်မှာထဲကစိတ်နဲ့လူနဲ့မကပ်သလိုပဲ.. ဘာလဲအပမှီလာတာလား...''
ဝမ်နင်စကားကြောင့်သူတော်တော်ကိုရယ်ချင်လာတာကြောင့်
''ဟား....ဟား...ဟား...မင်းကွာတော်တော်ပြောတက်တယ်...လာပါငါနေတာကခြောက်လွှာမှာ....လှေကားဘေးဘက်ကဒုတိယမြောက်အခန်းပဲလာ..လာ..''
သူလဲပြောပြောဆိုဆိုနဲ့အရှေ့ကနေဦးဆောင်ပြီးဓာတ်လှေးကားကနေတက်လာခဲ့လိုက်တယ်အခန်းရှေ့ရောက်တော့သော့ဖွင့်ပြီးဝမ်နင်နဲ့အတူအခန်းထဲဝင်လိုက်တယ်ပြီးတော့တံခါးပြန်ပိတ်ပြီးလှည့်လာတော့ဝမ်နင်ကဆိုဖာပေါ်မှာအကျအနထိုင်ပြီးအတော်လေးကိုဇိမ်ကျနေလေရဲ့..
''ဝမ်နင် ..အေး..ကောင်းတယ်...အဲ့မှာဇိမ်ကျနေ...ကိုကိုပေးလိုက်တဲ့လက်ဆောင်ပစ္စည်းတွေရော...မင်းဂျင်းထည့်မယ်မကြံနဲ့နော်ညကငါ့ကိုကိုဖုန်းပြောပြီးပြီး...''
''မင်းဆိုတာကလဲနော်..ပေးမှာပါဖြစ်နေလိုက်တာ အဝေးကလာတဲ့သူငယ်ချင်းကိုအဆင်ပြေလားဘာလားအရင်မမေးနဲ့ ..သူလိုချင်တာဆိုချက်ချင်း....ပေးမယ်စိတ်ချ...မင်းကငါ့ကိုမင်းတိုက်ခန်းမှာပေးနေတယ်ဆိုတော့မင်းကဘယ်မှာနေနေလို့လဲ''
''အရင်ကငါတို့မိသားစုလေးနေခဲ့တဲ့အိမ်မှာပြန်နေမလို့လေ မင်းလဲလွတ်လွတ်လပ်လပ်နေလို့ရတာပေါ့''
''ကျန့်လေးရယ် မင်းတို့အိမ်မှာတော့ပြန်မနေပါနဲ့ကွာ ပြီးရင်မင်းပဲပြန်ပြန်တွေးပြီးခံစားနေအုံးမယ်...မင်းလဲသိတယ်မဟုတ်လားမင်းကကျန်းမာရေးသိပ်ကောင်းတာလဲမဟုတ်ဘူးစိတ်ညစ်ခံလို့မရဘူးလေ ငါလဲခနပဲနေဖြစ်မှာပါ ငါကော်ဖီဆိုင်ဖွင့်မလို့လေအဲ့တာဆိုင်အတွက်ပြင်ဆင်ပြီးတာနဲ့ငါ့ဆိုင်မှာပဲပြောင်းနေဖြစ်မယ်ဆိုတော့ဒီအတော်အတွင်းခနပဲနေဖြစ်မယ်ဆိုတော့မင်းဒီမှာပဲနေပါကွာ...ငါ့ကိုလဲကူညီပေးပါကွာငါကဒီမှာသိပ်သွားတက်တာမဟုတ်ဘူး''
''ငါမင်းကိုကူညီပေးမှာပါ...ဒါနဲ့နေရာရောရွေးပြီးသွာပြီးလား...''
''အဲ့တာတော့...စိတ်ပူစရာမလိုဘူးကွ..ငါ့ယောက်ဖကျန်းချန်ကအားကိုးရတယ်ကွ ငါမြန်မာနိုင်ငံမှာလာအချေချမယ်ဆိုတော့ငါ့ယောက်ဖကျန်းချန်ကအကုန်လုံးစီစဥ်ပေးတယ်...နေရာလဲရွေးပြီးသွားပြီးအကုန်လုံးစီစဥ်ပြီးမှ ငါကလူလာရုံပဲ...''
''အေးပါကွာ....ဝမ်နင်တို့များဘုဏ်ကံကြီးလိုက်တာများ......မပြောချင်ဘူး...အဲ့ဘဲကြီးကလည်းမမဝမ်ချင်ကိုတော်တော်ချစ်တာနော်...''
''ဟဲ...ဟဲ...အစ်မကိုချစ်တော့လဲ...မောင်ဖြစ်တဲ့ငါ့ကိုလည်းဂရုစိုက်တာပေါ့...တစ်ခုပဲရှိတော့တာဟာဆိုင်ဖွင့်ပွဲနေ့ရောက်ရင်ဆိုင်ရဲ့အပြင်အဆင်နဲ့အခန်းအနားကိုဓာတ်ပုံရိုက်ပြီးကြော်ငြာထည့်မလို့လေ....အဲ့တာလဲဓာတ်ပုံဆရာကိုအစ်ကိုကျန်းချန်ကလဲရွေးထားပေးတယ်... အဲ့တာအဲ့လူနဲ့ငါသွားတွေ့ပြီးအလုပ်ကိစ္စအကြောင်းဆွေးနွေးမလို့ အဲ့တာမင်းငါ့ကိုလိုက်ပို့နော်''
''အေးပါ ငါလိုက်ပို့ပေးပါ့မယ် မင်းဘယ်တော့သွားမလဲ''
''မနက်ဖြန်သွားမယ်ကွာ...နောက်သုံးရက်နေရင်ဆိုင်ဖွင့်ပွဲစလို့ရပြီး....''
''အေးပါ....မင်းလဲနားတော့လေ ပင်ပန်းနေမှာပေါ့....လေးခန်းမြောက်အခန်းကမင်းအတွက်ပြင်ထားတာလေ...မင်းနားတော့နော်...ဘိုင်..''
''အေး..ကျန့်လေး..''
.......မနက်ရောက်သော်....
''ကျန့်လေးရေ နိုးနေပြီးလား ငါပြင်ဆင်ပြီးပြီးနော်.....''
ဝမ်နင်ရဲ့အသံဆိုးကြီးကိုမနက်အစောကြီးကြားလိုက်ရတာကြောင့်စိတ်တွေပါနောက်ကျိသွားရတယ်...သူနိုးနေတာကြာနေပြီးပြင်ဆင်လို့လဲပြီးပြီးတမင်မထွက်ပဲနေနေတာ ခုတော့အသံဆိုးကြီးကိုဆက်မကြားခင်တာကြောင့်အခန်းထဲကထွက်လာလိုက်တယ်....
''ပြီးပါပြီးကွာ..သူ့အသံကြီးပဲ...မနက်စာလေးတောင်စားမသွားရတော့ဘူးလား..''
''စားမနေနဲ့တော့သူတို့နဲ့ကော်ဖီဆိုင်မှာချိန်းထားတာ...လာပါကွာနောက်ကျနေမယ်...ကားကိုငါမောင်းမှာနော်..''
''မင်းပဲမောင်းရမှာပါ....သွားမြန်မြန်''
ဝမ်နင်မောင်းတဲ့ကားလေးကိုစီးပြီးသူတို့ချိန်းထားတဲ့ကော်ဖီဆိုင်လေးကိုထွက်လာခဲ့လိုက်တယ်... ဆိုင်ရောက်တော့စာပွဲဝိုင်တစ်ခုမှာထိုင်လိုက်တယ်သူကဆိုင်ရှေ့ဘက်ကမှန်တွေကိုကျောပေးပြီးထိုင်လိုက်ပြီးဝမ်နင်ကတော့ဆိုင်ရှေ့ကိုမျက်နှာမူပြီးထိုင်တယ်....
''မင်းဟာကလဲရောက်မလာသေးဘူးလား...ငါဗိုက်ဆာတာသေတော့မယ်...''
''လာတော့မှာပါကွာ..ခနလေးပဲစောင့်ပေးပါကွာ....ဪ...ပြောရင်းသူတို့လာနေပြီး.....''
ကျန့်လေးလှည့်မကြည့်မိပါ...သူ့ကိုစောင့်ခိုင်းထားတဲ့သူတွေနေပါစေမကြည့်ဘူးငါနဲ့မှမဆိုင်တာ.....
''ရောက်နေတာကြာပြီးလားကျွန်တော်တို့ကလမ်းမှာကားတွေပိတ်နေတာနဲ့ကြာနေတာပါ....ဒီကအစ်ကိုက ဝမ်နင်လားမသိဘူး...''
ကျန့်လေးတစ်ယောက်သူ့ကိုကြည့်ပြီးပြောလာတဲ့ကောင်လေးတစ်ယောက်ကြောင့်မျက်နှာမော့ပြီး..
''ငါမဟုတ်ဘူး....ဝမ်နင်ကသူသူ...''
ဆိုပြီးဝမ်နင်ကိုမှေးမော့ပြလိုက်မှဝမ်နင်က
''ကျွန်တော်ဝမ်နင်ပါ...ထိုင်ပါခင်ဗျ''
''ဟုတ်ကဲ့ပါ....ကျွန်တော်ကစစ်ကျွေးပါ...သူကတော့ကျင်ရီပါ..ဒါကတော့ရိပေါ်ပါ...''
''တွေ့ရတာဝမ်းသာပါတယ်ဗျာ...ကျွန်တော်ကကျင်ရီပါ..''
''ဟုတ်တွေ့ရတာဝမ်သာပါတယ် ကျွန်တော်ကဝမ်နင်ပါ...ဒါကတော့ကျွန်တော့်သူငယ်ချင်းကျန့်လေးပါ...ခုဆိုရင်ကျွန်တော်တို့သူငယ်ချင်းတွေဖြစ်သွားပြီးပေါ့နော်...''
ရိပေါ်ကတော့ခေါင်းတစ်ချက်သာညှိတ်ပြတယ်စစ်ကျွေးကအားနားပြီး
''စိတ်မရှိပါနဲ့ဗျာသူကအဲ့လိုပဲအနေတည်လို့ပါ...သူကကျွန်တော်တို့စတူဒီယိုကအဓိကမပါမဖြစ်ပေါ့ ဓာတ်ပုံဆရာလေအရမ်းတော်တာနော်.....ကျွန်တော်တို့က၁၉၉၇ခုဖွားတွေပါ''
''ဟုတ်လားကျွန်တော်နဲ့ကျန့်လေးက၁၉၉၅ခုဖွားတွေဆိုတော့ကျွန်တော်တို့ကနှစ်နှစ်ကြီးတာပဲ....အသက်ကိုစိတ်ထဲမထားပါနဲ့..ခင်ခင်မင်မင်ပေါ့''
''ဟုတ်ကဲ့ပါဗျာ...''
စစ်ကျွေးနဲ့ကျင်ရီတို့ပြိုင်တူထောက်ခံသံကြားပေမဲ့လူတစ်ယောက်အသံပျောက်နေလို့မော့အကြည့်သူတွေ့လိုက်ရတဲ့သူကြောင့်သူ့အသက်ရှူးသံတွေပါမှားရလောက်အောင်အတော်ကိုအံဩသွားရတယ်...ဟုတ်တယ်အဲ့ကောင်လေးပဲသူ့ရင်ထဲကပုံရိပ်လေးပဲ.....
ဒါလေးကအရင်အကောင့်မှာရေးထားဖူးတဲ့ဟာလေးပါ....fbအကောင့်ပျက်သွားလို့နည်းနည်းပြန်ပြင်ပြီးပြန်တင်ကြည့်တာပါနော်....မကောင်းရင်တောင်အပျင်းပြေဖတ်လို့ရတာပေါ့.....စာလုံးပေါင်းအမှားတွေပါခဲ့ရင်သည်းခံပြီးဖတ်ပေးကြပါနော်.........
You are reading the story above: TeenFic.Net