ချစ်ခြင်းဖြင့်ချည်နှောင်သော🌺🌺🌺

Background color
Font
Font size
Line height

အပိုင်း(၃)

သူ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့မဲမှောင်နေပြီး တိတ်ဆိတ်လွန်းလှတယ် သူအရမ်းကြောက်လာတယ်...ဘယ်သူ့ကိုမှလည်းမမြင်ရပေ...အဲ့ဒီအချိန်အလင်းရောင်လေးတစ်ခုပေါ်လာတယ် သူကြည့်နေရင်းတဖြည်းဖြည်းပေါ်လာတဲ့ပုံရိပ်ကမေမေဖြစ်နေတယ်ပြီးတော့မေမေကသူ့ကိုပြုံးပြီးကြည့်နေတယ် သူဝမ်းသာအားရပဲပြေးဖတ်လိုက်တယ်ဆိုရင်ပဲ​မေမေကရင်ခွင်ထဲကသူ့ခေါင်းလေးကိုလက်ဖဝါးလေးနဲ့ခပ်ဖိဖိသပ်ပေးနေတယ် .....စိတ်အားငယ်မှု ကြောက်ရွံမှု ပူလောင်ခဲ့ခြင်းတွေကမေမေ့ရင်ခွင်ထဲရောက်တော့အကုန်ပျောက်သွားရတယ်  မိဘရဲ့အရိပ်ဟာအေးချမ်းတယ်ဆိုတာ အပြောသက်သက်မဟုတ်ပါဘူးတကယ့်ကိုသူစိတ်တွေပါအေးချမ်းသွားရတယ်...
''မေမေ..သားမေမေနဲ့နေချင်တယ်နော်...နေလို့ရတယ်မှတ်လား´´
ပြုံးပြုံးလေးကြည့်နေတဲ့မေမေမျက်နှာကတဖြည်းဖြည်းတည်လာပြီးခေါင်းခါပြတယ်...
''ဘာလို့လဲမေမေ...... သားမေမေ့ကို
လွမ်းနေခဲ့တာ...´´
မေမေကဘာမှပြန်မပြောပဲခေါင်းသာခါပြတယ်ပြီးတော့သူ့ကိုရင်ခွင်ထဲကနေတွန်းထုတ်လိုက်တယ်ဆိုရင်ပဲသူကြောင်ပြီးကြည့်နေမိတယ်ပြီးတော့မေမေကအနောက်ကိုပြန်လှည့်သွားတယ်ဆိုရင်ပဲအလင်းရောင်တွေပျောက်ပြီးအမှောင်ထုကပိုများလာတယ်...ခုနကလိုအေးချမ်းမှုတွေလဲပျောက်ဆုံးသွားတယ်
သူဝမ်းနည်းသွားပြီး
''မေမေသားကိုမထားခဲ့ပါနဲ့နော်...သားမေမေနဲ့နေချင်လို့ပါ...မေမေ...မေမေ!!´´
''ကျန့်လေး....ကျန့်လေး.....သတိရပြီးလားညီကိုကိုပါ....´´
ကိုကို့အသံပဲသူဘာဖြစ်သွားတာလဲသူခုထိမိုးရေထဲမှာလားကိုကိုကဘယ်လိုရောက်လာတာလဲ..သူတဖြည်းဖြည်းချင်းမျက်လုံးဖွင့်လိုက်တော့မျက်နှာကျက်ဖြူဖြူတစ်ခုနဲ့ပန်းပွင့်ပုံမီးဆိုင်းတစ်ခုကိုမြင်ရတယ် သူ့ဘေးကိုကြည့်လိုက်တော့ ကိုကိုပဲသူ့ကိုစိုးရိမ်တဲ့အကြည့်တွေနဲ့ကြည့်နေပြီးမျက်ဝန်းထဲမှာလဲမျက်ရည်ကြည်တွေပြည့်နေတယ်..သူအတင်းထပြီးသူ့ဘေးမှာငုံ့ပြီးသူ့ကိုကြည့်နေတဲ့ကိုကို့လည်ပင်းကိုဖတ်လိုက်ပြီး
''ကိုကို...ကျန့်အရမ်းကြောက်တယ်...ကျန့်ကိုမေမေလဲခေါ်မသွားပဲထားသွားတယ်...ကိုကိုကျန့်လေ...ကျန့်..´´
''ကျန့်လေးစိတ်ထိန်းပါကွာမကြောက်နဲ့ကိုကိုရှိတယ်နော်...ကျန့်လေးအိပ်မက်မက်နေတာဖြစ်မယ်...မကြောက်နဲ့တော့နော်...´´
သူ့လည်ပင်းကိုဖတ်ထားတဲ့ကျန့်လေးကိုသူပိုပြီးတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်တယ်...သူ့ခများအရမ်းကြောက်နေခဲ့မှာပေါ့..ဖေဖေနဲ့မေမေရန်အကြီးအကျယ်ဖြစ်ပြီးမေမေကကျန့်လေးကိုမြန်မာနိုင်ငံကိုပြန်ခေါ်သွားတယ် မာနအလွန်းကြီးတဲ့ဖေဖေကလည်းသူ့အမှားမပါတဲ့အတွက်မေမေကိုတောင်းပန်ပြီးလိုက်မခေါ်နိုင်ဘူးတဲ့သူဖေဖေနဲ့မေမေကိုပြန်အဆင်ပြေစေချင်ပေမဲ့မေမေကလည်းမာနအလွန်ကြီးပြီးသူ့အပေါ်သစ္စာမရှိတဲ့ယောက်ျားနဲ့မနေနိုင်ပါဘူးဆိုပြီးလုံးဝအဆက်သွယ်မလုပ်ပေ။ သူကကျန့်လေးထက်အသက်၄နှစ်ပိုကြီးတော့မေမေမြန်မာနိုင်ငံပြန်သွားတဲ့အချိန်ကသူ့အသက်၁၃နှစ်ရှိနေပြီးကျန့်လေးကတော့အသက်၉နှစ်သာရှိသေး၏။ဖေဖေနဲ့အဆက်သွယ်မလုပ်ပေမဲ့သူ့ကိုတော့မေမေအဆက်သွယ်အမြဲလုပ်တယ် ကျန့်လေးနဲ့လည်းသူအဆက်သွယ်မပျက်ရှိခဲ့တယ်....သူဘွဲ့ရပြီးလို့ဒီဇိုင်းနာအလုပ်လုပ်နေတဲ့အချိန်ကျန့်လေးဆီကမေမေနဲ့ဘွဲ့ဝတ်စုံလေးဝတ်ထားတဲ့ကျန့်လေးရဲ့ပုံလေးကိုရတယ်..သူ့မှာပျော်ရပါတယ်   ကျန့်လေးကကျန်းမားရေးမကောင်းပေမဲ့ကြိုးစားချင်စိတ်အပြည့်ရှိပြီးဇွဲရှိတဲ့အတွက်ရှောင်ကျန့်သူ့ညီလေးအတွက်ဂုဏ်ယူရပါတယ်......ဓာတ်ပုံရပြီးတစ်လကြာတော့မေမေတို့ဘုရားဖူးအဖွဲ့စီးလာတဲ့ကားကအဝေးပြေးလမ်းပေါ်မှာကားချင်းတိုက်မိပြီးမေမေဆုံသွားပြီးတဲ့..သူလည်းသတင်းကြားကြားချင်းမြန်မာနိုင်ငံကိုအမြန်ပြန်ပေမဲ့မေမေရဲ့အသုဘပို့ကိုတော့မမှီလိုက်ပေ ရက်လည်ကျမှရောက်လို့တရားနားကိုတော့မှီလိုက်၏။ကျန့်လေးကတော့စိတ်ဓာတ်အကြီးကျယ်ကျနေလေရဲ့မေမေဆုံးတဲ့ညကလည်းလေတွေထန် မိုးတွေသည်းပြီးလျှပ်ရောင်တွေတစ်ဝင်းဝင်းလက်နေတယ်တဲ့ ကျန့်လေးကအိမ်မှာအရမ်းကြောက်နေပြီးမေမေ့ကိုမျှော်နေပေမဲ့မေမေဆုံးသွားပြီးဆိုတဲ့သတင်းကိုသာကြားလိုက်ရတဲ့အတွက်ပိုပြီးဝမ်းနည်းကြေကွဲရတာဖြစ်မယ်လို့အိမ်အကူအဒေါ်ကြီးပြောလို့သိရတယ်...သူရောက်သွားတော့မေမေ့အခန်းရဲ့ကုတင်လေးပေါ်မှာအိပ်ပျော်နေတဲ့ကျန့်လေးကိုတွေ့လိုက်ရတယ်။
အတော်ငိုထားပုံရပြီးမျက်နှာမှာလည်းတစ်ချို့မျက်ရည်စတွေကမခြောက်သေးပေ။သူအသာတိုးသွားပြီး ကျန့်လေးရဲ့ဆံစလေးတွေကိုသပ်ပေးနေမိတယ်  ကျန့်လေးကဖြူစင်တယ်ခံစားရလွယ်တယ်...သူစိတ်ပူနေမိတယ်  ကျန့်လေးကိုဘာမှမဖြစ်စေချင်ပါ....
သူကျန့်လေးကိုကြည့်နေတုန်းကျန့်လေးလှုပ်လာတယ်

''ကျန့်လေး...နိုးပြီးလားညီ´´
 

  ''ကိုကို  ...ကိုကိုပြန်လာတာလား..မေမေမရှိတော့ဘူးကိုကိုရဲ့....  ကျန့်လေ....ကျန့်တစ်ယောက်ထဲနေရတော့မယ်....ကိုကိုကျန့်လေးကိုကိုနဲ့အတူတူနေချင်တယ်´´

''ကျန့်လေးကိုကိုနဲ့အတူနေချင်ရင်ကိုကိုနောက်လိုက်ခဲ့ပါနော်....´´

''ကျန့်လေးမြန်မာပြည်မှာပဲနေချင်တယ်´´

''ကိုကိုကျန့်လေးနဲ့အတူနေနိုင်အောင်ကြိုးစားပါ့မယ်...ခုတော့....´´

သူ့စကားမဆုံးခင်ကျန့်လေးက
'' ဖေဖေရောပါလားဟင်..´´

''ဖေဖေကနောက်မှလိုက်ခဲ့မယ်တဲ့ ကျန့်လေးဘာမှမစားဘူးဆိုတစ်ခုခုစားပါလား.....ကိုကိုကိုယ်တိုင်လုပ်ကျွေးမယ်လေ...ကျန့်ဘာစားချင်လဲ..´´

သူအားတက်တရောပြောနေပေမဲ့ကျန့်လေးရဲ့မျက်နှာလေးကတော့ညှိုးငယ်နေတုန်းပဲ....
ပြီးတော့သူ့ကိုကြည့်လာပြီး...

''ကိုကို....´´

''ဟင်.....ဘာများလဲကျန့်လေး....´´

''ကိုကိုကျန့်နဲ့မြန်မာနိုင်ငံမှာမနေချင်လို့လား ကိုကိုဂျပန်ကိုပြန်မှာပဲလား..ဖေဖေလဲလိုက်မလာဘူးဆိုတော့...ကိုကို့ကိုပြန်လာဖို့ဖေဖေမှာလိုက်လား...ကျန့်သိပါပြီးကိုကိုနဲ့ဖေဖေကျန့်နဲ့မနေချင်.....´´

ပြောနေရင်းနဲ့ပျော့ခွေသွားတဲ့ကျန်လေးကြောင့်သူအရမ်းစိတ်ပူပြီးဆေးရုံကိုအမြန်ခေါ်သွားရတယ်  ဆေးရုံရောက်တော့စမ်းသပ်မှုတွေလုပ်ပြီးဆရာဝန်းက

''လူနာကိုသိပ်အားမရဘူးဗျ ခုတော့အားနည်းပြီးသတိလစ်သွားတာပါ.....စိတ်ပူစရာမရှိတော့ဘူး...ဒါပေမဲ့လူနာဆီမှာကင်ဆာရောဂါရဲ့ရောဂါလက္ခနာတွေရှိနေတာတွေ့ရတယ်......သေသေချာချာဓာတ်မှန်ရိုက်ပြီးအတည်ပြုရင်ပိုကောင်းလိမ့်မယ် ...ဘယ်ရောဂါမဆိုဖြစ်ခါစမှာကုရင်ပျောက်ကင်းနိုင်ပါတယ်ဗျာ...ကဲ့.....ကျွန်တော်လည်းတစ်ခြားလူနာတွေကြည့်စရာရှိလို့ခွင့်ပြုပါအုံးနော်´´

''ဟုတ်ကဲ့ပါဆရာ....ကျေးဇူးပါဗျာ.....အကြံဉာဏ်ပေးတဲ့အတွက်´´

''ရပါတယ်ဗျာ´´

အဲ့ဒီလိုနဲ့ကကျန့်လေးကိုဂျပန်ကိုခေါ်သွားပြီးတိုကျိုဆေးရုံကြီးမှာဓာတ်မှန်ရိုက်စစ်ဆေးပြီး ဆေးကုသခဲ့ရတယ်.....လေးလတစ်ကြိမ်မပျက်မကွက်ဆေးသွင်းပေးရတယ် ....ကျန့်လေးဆေးကုသမှုခံယူပြီးနောက်ပိုင်းကစလို့ကျန့်လေးကိုစိတ်ချမ်းသာအောင်သူအမြဲထားခဲ့တယ်.....လိုချင်တဲ့ဘယ်အရာမဆိုရအောင်လုပ်ပေးခဲ့တယ်..မျက်နှာတစ်ချက်မညှိုးအောင်ထားခဲ့တယ်...မြန်မာနိုင်ငံမှာပဲပြန်နေချင်တဲ့ကျန့်လေးရဲ့ဆန္ဒကိုလိုက်လျောပေးခဲ့တယ်......ကျန့်လေးကိုစိတ်မချလို့.....မြန်မာနိုင်ငံမှာကျန့်လေးနဲ့အတူပြန်နေလို့ရအောင်သူစီစဥ်ခဲ့တယ်.....အဲ့ကိစ္စကြောင့်သူနဲ့တက္ကသိုလ်တက်တုန်းကချစ်သူဖြစ်ခဲ့တဲ့ချင်အာနဲ့လည်းပြဿနာဖြစ်ခဲ့တယ်.....သူမကမြန်မာနိုင်ငံမာမနေနိုင်ပါဘူးတဲ့.... သူမကသူ့ကိုအနားလည်ဆုံးသူလို့သတ်မှတ်ထားပေမဲ့သူမကကျန့်လေးနဲ့သူမကိုရွေးတဲ့...သူကလည်းကျန့်လေးကိုအဆုံးရှုံးမခံနိုင်ပေ....အဲ့တာကြောင့်သူမနဲ့လမ်းခွဲလိုက်တယ်....ကျန်းချန်နဲ့ဝမ်ချင်မင်္ဂလာဆောင်တော့ကျန်းချန်ကပြောတယ်

''မင်းဒီလိုပဲနေတော့မှာလား...´´

တဲ့...သူအပြုံးမပျက်ပေ။ကျန့်လေးကိုလက်မခံနိုင်ဘူးဆိုတဲ့သူကိုလည်းသူ့ဘဝထဲမှာမထားချင်ပေ....အတိတ်ဆီကိုပြန်တွေးမိနေတုန်းမိမိလက်ကိုလှုပ်ကိုင်လာတာကြောင့်အသိတို့စုစည်းမိသွားတယ်...

''ကျန့်လေး...ဘယ်နားနာနေသေးလို့လဲ...´´

''ကျန့်သက်သာသွားပါပြီး...ကျန့်အခုရောက်နေတာ..ကျန့်ဆေးသွင်းနေကြတိုကျိုမြို့ကဆေးရုံကိုလား....ကျန့်ဘယ်လိုလုပ်ပြီးဂျပန်ထိရောက်လာတာလဲ...´´

''ဖြည်းဖြည်းမေးပါကျန့်လေးရာ...ကျန့်လေးနဲ့ကိုကိုဖုန်းပြောနေတုန်းကျန့်လေးရဲ့အော်သံကြားပြီးပြန်ဖြေသံမကြားလို့  ကိုကိုတော်တော်စိတ်ပူသွားတာနဲ့ဝမ်နင်ဆီဖုန်းဆက်အကူညီတောင်းပြီးကျန့်လေးဆီသွားခိုင်းလိုက်တာ...ထင်တဲ့အတိုင်းပဲတိုက်အောက်ကအောက်ဆုံးမှာကျန့်လေးမေ့လဲနေတာတွေ့လို့ဆရာဝန်နဲ့အမြန်ပြပေးထားတယ်.....ဆရာဝန်ကပြောတယ်အရင်ဆေးသွင်းနေကြဆိုရင်သွင်းနေကြဆေးနဲ့ဆိုပိုအဆင်ပြေတယ်ဆိုလို့ ကျန့်လေးကိုဂျိန်းအကူညီနဲ့ဂျပန်ကိုရောက်အောင်ခေါ်လာတာ..ကျန့်လေးမေ့နေတာဒီနေ့နဲ့ပါဆိုရင်၆ရက်မြောက်ပဲကိုကိုအရမ်းစိတ်ပူနေခဲ့တာ..´´

''၆ရက်တောင်ရှိသွားပြီး...´´

တအံတဩလေးမေးလာတဲ့ကျန့်လေးရဲ့ပုံစံလေးကိုအချစ်ပိုရပါတယ်...သူစိတ်ထဲမှာရုတ်တရတ်ပေါ်လာတာကတော့ရိပေါ်ဆိုတဲ့ကောင်လေးပဲကျန့်လေးစိတ်ဆင်ရဲအောင်အမြဲလုပ်တဲ့သူ ကျန့်လေးခုလိုထိဖြစ်တာရိပေါ်ဆိုတဲ့ကောင်လေးကြောင့်ပဲ  သူဆုံဖြတ်ချက်တစ်ခုကိုခိုင်မာစွာချလိုက်တယ် ကျန့်လေးခံစားခဲ့ရတာတွေအတွက်သေချာပေါက်ရိပေါ်ပြန်ပေးဆပ်စေရမယ်....
ဆေးရုံ၌၅ရက်ကြာကျန့်လေးကိုဆေးကုသစေပြီးစိတ်ချရတဲ့အခြေနေရောက်မှသူကျန့်လေးကို​

''ကျန့်လေး...ညီကိုဒီလောက်ထိဖြစ်အောင်ခံစားစေတဲ့သူကို....ကိုကိုခွင့်မလွတ်ဘူး.....အဲ့ဒီလူသေချာပေါက်ပြန်ပေးဆပ်စေရမယ်...´´

''ကိုကို.....ရိပေါ်ကိုတစ်ခုခုလုပ်မလို့လား...မလုပ်ပါနဲ့ကိုကိုရယ်...ရိပေါ်မှာဘာအပြစ်မှမရှိပါဘူး...´´

''ဘာလို့မရှိရမှာလဲ...ကျန့်လေးကိုစိတ်ဆင်းရဲအောင်သူလုပ်ခဲ့တာလေ...´´

''သူ့မှာအပြစ်မရှိပါဘူးကိုကို....ကျန့်ကသာသူမပေးနိုင်တဲ့အရာတွေကိုမျှော်မှန်းပြီးရူးခဲ့တာပါ...´´

''ကိုကိုမြန်မာနိုင်ငံကိုသွားမယ်.....ဝမ်နင်၊ရွှယ်ယမ်နဲ့ကျန်ချန်လဲကိုကိုနဲ့အတူလိုက်လိမ့်မယ်.....ကိုကိုရှောင်ကျန့်အဖြစ်သွားမှာမဟုတ်ဘူး.....ကျန့်လေးအဖြစ်သွားမှာ...ကျန့်လေးစိတ်ချပါ..သူ့ကိုသဘောတရားတစ်ခုကိုသင်ပေးရုံပါပဲ...ကျန့်လေးကဂျပန်မှာနေပြီးဆေးကုသမှုကိုခံယူရမယ်နော်...ဝမ်ချင်ကတိုကျိုဆေးရုံကြီးရဲ့အတော်ဆုံးပါရဂူတစ်ယောက်ပဲ....ကျန့်လေးကိုဝမ်ချင်ဂရုစိုက်လိမ့်မယ်ဘာမှအားမငယ်နဲ့နော်...´´

''ဟုတ်ကဲ့ပါကိုကို.....ကိုကိုလည်းဂရုစိုက်နော်....´´

ကျန့်လေးစိတ်ထဲမှာတွေးမိတယ်ကိုကိုရိပေါ်ဆီရောက်သွားပါစေ.....ကိုကို့ကိုရိပေါ်ချစ်မိသွားရင်လည်းသူကျေနပ်ပါတယ်သူ့လိုရောဂါသည်တစ်ယောက်ကရိပေါ်ကိုအနှောင့်ယှက်ပဲဖြစ်စေမှာပါ....ကိုကိုနဲ့ရိပေါ်ကိုသူသဘောတူနိုင်ပါတယ်လေ....

တစ်လကြာသော်.....

''ရိပေါ်  မင်းအစ်ကိုကျန့်လေးနဲ့အဆက်သွယ်ရသေးလား...သူနေမကောင်းဖြစ်လို့ဂျပန်မှာဆေးကုနေရတယ်လို့အစ်ကိုဝမ်နင်ကပြောတယ်........မင်းဖုန်းဆက်မေးသေးလား´´

စစ်ကျွေးရဲ့ပြောစကားကြောင့်ရိပေါ်က

''အဆက်သွယ်မရဘူး....ငါဖုန်းတစ်ခါတော့ခေါ်တယ်မကိုင်လို့ထပ်မခေါ်တော့ဘူး...´´

''မင်းနောက်ထပ်မဆက်ဘူးလား..........သူအဲ့လိုဖြစ်တာမင်းပရောဂလည်းမကင်းဘူးနော်......´´

''ဆိုင်ရင်လည်းဆိုင်နိုင်တယ်.....သူကြောက်တက်မှန်းငါမှမသိတာ...ပြီးတော့စတွေ့ထဲကကျန့်ကဖြူဖတ်ဖတ်နဲ့ဆိုတော့နေမကောင်းဖြစ်တယ်မထင်ဘူးလေ သူနဂိုထဲကဒီအတိုင်းပဲထင်တာပေါ့...ပြီးတာတွေထားပါတော့ကွာ.....အာရုံနောက်တယ်..´´

''မင်းဟာကမဟုတ်သေးပါဘူး......အစ်ကိုကျန့်လေးကိုမင်းချစ်ရောချစ်ရဲ့လားမင်းဆက်ဆံပုံကငါတို့ကိုခင်တာထက်တောင်မပိုဘူး...´´

''ဟုတ်တယ်...ငါသူ့ကိုမချစ်ဘူး..ဒါပေမဲ့သူ့ရဲ့ဖြူစင်တဲ့စိတ်ကိုသဘောကျလို့သူနဲ့တွဲတယ်.... ရှင်းရှင်းလေးပဲ...စစ်ကျွေးမင်းတော်တော်စကားများတယ်နော်လုပ်စရာမရှိဘူးလား....စတူဒီယိုမှာအလုပ်များနေပါတယ်ဆို...စကားများနေတယ်´´


''မင်းကြောင့်ငါတို့စတူဒီယိုမျက်နှာပွင့်နေတာလေအလုပ်လာအပ်တဲ့သူအများစုကလည်းမိန်းကလေးငယ်ငယ်ချောချောတွေကြီးပဲ...´´

''အဲ့ဒီထဲမှာမင်းနှမပါလို့လား....တော်တော့လုပ်စရာရှိတာလုပ်´´

''အေးပါဒေါသအိုးကြီးရယ်...ဩ..ပြောရအုံးမယ်ဒီနေ့အစ်ကို့ကျန့်လေးပြန်လာမယ်တဲ့...အစ်ကိုဝမ်နင်ပြောလို့ငါသိတာ...´´

''မင်းလဲနော်...အစ်ကိုဝမ်နင်ဆိုတာကြီးပဲနေ့တိုင်းဖုန်းပြောဖြစ်တာမကြော်ငြာနဲ့...ရတယ်...လာပါစေပေါ့သွားမကြိုနိုင်ဘူး အလုပ်များနေတယ် အပိုအလုပ်တွေ´´

''အေးပါကွာ..ပြောမိတာငါ့အမှား..´´

လေဆိပ်၌...

''ဝမ်နင်...မင်းသေသေချာချာစစ်ကျွေးကိုပြောခဲ့ရဲ့လား..´´

''ပြောခဲ့ပါတယ်အစ်ကို့ရှောင်ကျန့်´´

''သူလာမကြိုဘူးပဲ´´

''ရှောင်ကျန့်ရာမင်းဟာကပထမထဲကရှုံးနေပြီး´´

ကျန်းချန်ပြောစကားကြောင့်ရှောင်ကျန့်တစ်ချက်ကောက်ကျစ်တဲ့အပြုံးပြုံးလိုက်ပြီး

''မရှုံးသေးပါဘူးအဲ့လိုဖြစ်မှာဆိုးလို့ငါသူ့ကိုဖုန်းမခေါ်ခဲ့တာသူမလာတော့လဲငါသူ့ဆီသွားရမှာပေါ့...ဝမ်နင်အစ်ကိုနဲ့အတူရိပေါ်ဆိုတဲ့ကောင်လေးရဲ့စတူဒီယိုကိုသွားမယ်.....မင်းကလမ်းသိတယ်ဆိုတော့.....မင်းကားမောင်း.´´

''ဟုတ်ကဲ့အစ်ကို´´

''ဩ...ဒါနဲ့အခေါ်ဝေါ်တွေဆင်ခြေနော်´´

''ဟုတ်ကဲ့ပါ...အစ်ကိုရှောင်ကျန့်´´

''ကျန်းချန်မင်းကကျန့်လေးတိုက်ခန်းကိုသိတယ်မှတ်လား....ရွှယ်ယမ်ကိုခေါ်သွားပြီးစီစဥ်ပေးလိုက်...မင်းလဲနားပေါ့...ငါကငါတို့မိသားစုတွေနေခဲ့အိမ်မှာနေမယ်...´´

''အေးပါကွာ..စိတ်ချသာသွား...ငါလည်းလစ်ပြီး...´´

''အေး...သွားမယ်ဝမ်နင်...´´

''ဟုတ်´´

အဲ့လိုနဲ့သူနဲ့ဝမ်နင်...ရိပေါ်ဆိုတဲ့ကောင်လေးရဲ့စတူဒီယိုကိုထွက်လာခဲ့လိုက်တယ်..သူကားပေါ်ကနေဆင်းတယ်ဆိုရင်ပဲစတူဒီယိုထဲမှာရှိနေတဲ့လူတွေအကုန်လုံးသူ့ကိုဝိုင်ကြည့်နေကြတယ်.....သူနည်းနည်းတော့စိတ်ရှုပ်ပေမဲ့အပြုံးလေးနဲ့ပဲစတူဒီယိုထဲကိုဝင်သွားလိုက်တယ်...အဲ့ဒီအချိန်ကောင်လေးတစ်ယောက်က

''ဟာ.....အစ်ကိုကျန့်လေးလူတောင်မှားတယ်ဗျာ...တစ်လလောက်မတွေ့လိုက်ရတာတော်တော်ချောလာတယ်နော်...မင်းသားတွေထက်တောင်ပိုချောပြီးသန့်နေတာပဲ...´´
ဝမ်နင်ကသူမမှတ်မိမှာစိုး၍အမြန်ပင်ကျင်ရီအား...စကားဆိုလိုက်၏

ဝမ်နင်က''ကျင်ရီနေကောင်းတယ်နော်...´´

''ကောင်းပါတယ်အစ်ကိုဝမ်နင်ရာ...အစ်ကိုတို့ရိပေါ်ဆီလာတာလား..´´

''မဟုတ်ပါဘူး..ကျင်ရီရာ...အစ်ကိုဓာတ်ပုံလေးရိုက်ချင်လို့ဝမ်နင်ကိုခေါ်လာတာ...အစ်ကို့ကိုရိပေါ်ပဲဓာတ်ပုံရိုက်ပေးပါလို့ပြောပေးပါလား´´

''ဟုတ်ကဲ့အစ်ကိုကျန့်လေး....လာပါခင်ဗျ....ကျွန်တော့်နောက်ကလိုက်ခဲ့ပါဗျ´´

ဟုပြောပြီးစတူဒီယိုရဲ့လျှောက်လမ်းတစ်ခုထဲကိုဝင်သွားတဲ့ကျင်ရီကိုကြည့်၍ကျင်ရီနောက်သို့ခပ်ဖြေးဖြေးလိုက်သွားလိုက်တယ်...အခန်းကျယ်တစ်ခုထဲသို့အရောက်ကျင်ရီကရပ်လိုက်၍ဆိုဖာခုန်များသို့ညွှန်းပြကာ

''အစ်ကိုကျန့်လေးနဲ့အစ်ကိုဝမ်နင်....ဒီဧည့်ခန်းထဲမှာခနစောင့်ပါနော်....ရိပေါ်ကဟိုဘက်ခန်းထဲမှာရှိနေလောက်တယ်....ဒီမှာခနစောင့်နေပေးပါနော်အစ်ကိုကျန့်လေး....ကျွန်တော်အစ်ကိုတို့အတွက်သောက်စရာတစ်ခုခုသွားယူရင်နဲ့ရိပေါ်ကိုသွားခေါ်လိုက်အုံးမယ်´´


''ရပါတယ်ညီ...အလုပ်များနေရင်လည်းအေးဆေးပါ....အားမနာပါနဲ့အစ်ကိုတို့စောင့်နိုင်ပါတယ်´´


''ဟုတ်ကဲ့ပါဗျ...အဲ့တာဆိုကျွန်တော်သွားခေါ်လိုက်ပါအုံးမယ်ဗျ´´

''ကောင်းပါပြီညီ´´

​သူတို့ကိုနှုတ်ဆန်ပြီးနောက်ကျင်ရီကမျက်စောင်းထိုးဘက်ရှိအခန်းထဲသို့ဝင်သွားလေသည်။

''ရိပေါ်..ဟေ့ယျောင်..အစ်ကိုကျန့်လေးလာတယ်ကွ ဓာတ်ပုံရိုက်ချင်လို့တဲ့..မင်းပဲရိုက်ပေးပါတဲ့..တော်တော်ချောလာတာကွအစ်ကိုကျန့်လေးက...ဟီဟီ....မိမိုက်နေတာပဲ...´´

''မရိုက်ပေးချင်ဘူး.....ပြန်တော့လို့ပြောလိုက်´´

စစ်ကျွေးကအားနာ၍ထင်စကားဆိုလာ၏

''ရိပေါ်...မင်းကလည်းကွာရိုက်ပေးလိုက်ပါ..သူမင်းကိုတွေ့ချင်တာလဲပါမှာပေါ့...မင်းပျက်ကွက်ခဲ့တာကိုဖြည့်ဆည်းတဲ့အနေနဲ့ဓာတ်ပုံရိုက်ပေးလိုက်ပါကွာ...´´

စစ်ကျွေးရဲ့စကားကြောင့်သူတွေဝေသွားတယ် ဟုတ်ပါတယ်လေ ကြည့်ရတာလေဆိပ်ကနေတန်းဝင်လာတာဖြစ်မယ်ထင်တယ်....

''အေးကွာ...ခေါ်ခဲ့လိုက်ကျင်ရီ´´

''အေအေ...´´

အခန်းထဲကပြန်ထွက်လာတဲ့ကျင်ရီမျက်နှာကပြုံးနေပုံထောက်ရင်လက်ခံလိုက်ပြီးနဲ့တူတယ်..သူထင်တဲ့အတိုင်းပါပဲ...
''အစ်တို့လာအခန်းထဲမှာရိပေါ်ရှိတယ်...သူကအစ်ကို့ကိုအခန်းထဲကိုဝင်လာခဲ့ပါတဲ့´´
ရိပေါ်စိတ်ညစ်ညစ်နဲ့အခန်းဝကိုကြည့်နေရင်းတံခါးပွင့်သွားပြီးကျင်းရီရဲ့နောက်မှာမြင်လိုက်ရတဲ့မျက်နှာကြောင့်သူ့ရင်ထဲမှာတစ်စုံတစ်ခုကိုခံစားလိုက်ရတယ်...ဟုတ်တယ်လေအရပ်ကသူ့ထပ်ပိုမြင့်ပုံရတယ်ပြီးတော့ရှပ်အင်္ကျီးလေးကိုဂျင်းဂျာကင်ပန်းရောင်လေးနဲ့တွဲဖတ်ဝတ်ထားပြီးဂျာကင်ပန်းရောင်လက်ရှည်ကိုတံတောင်ဆစ်နားထိလိပ်တင်ထားတယ်...ရှင်းသန့်ပြီးအပစ်ပြောစရာဆိုလို့တစ်စက်မှမရှိတဲ့မျက်နှာလေးထက်မှာနူးညံတဲ့အပြုံးလေးနဲ့အတူမျက်လုံးလေးကလဲတလက်လက်တောက်ပနေတယ်....ကျန့်ရဲ့မျက်လုံးလေးတွေကအရင်ကသိပ်ပြီးမတောက်ပပါဘူး....ခုမှကြယ်ပွင့်လေးအလားတောက်ပနေတယ်ထင်ရတယ်...သူပဲဂရုတစိုက်မကြည့်မိခဲ့တာလားလို့တောင်ဇဝေဇဝါတွေးနေမိတယ်... အရင်ကထက်လည်းအနည်းငယ်ဝလာသလိုပဲအသားရည်ကဖြူဖတ်ဖတ်မဟုတ်တော့ပဲ...ဝင်းဝါပြီးစိုပြည်နေတယ်...ဂျင်းဘောင်ဘီးအပြာရင့်ရောင်အရှည်ကအနည်းငယ်ပွယောင်ယောင်းလေးဖြစ်နေပြီးမြင့်မားလှတဲ့အရပ်နဲ့လိုက်ဖတ်လှပေတယ်...
တောက်ပတဲ့အပြုံးလေးနဲ့ပါပေါင်းတော့အသက်ရှူးပါမှားစေတယ်....

''ရိပေါ်ရေ..ကြည့်လှချည်လား...မမြင်ဘူးတာကျနေတာပဲ.....´´



အမှားပါရင်လဲပြင်ပြီးဖတ်ပေးကြပါနော်....😊😊😊


You are reading the story above: TeenFic.Net

#yizhan