အချိန်အားဖြင့် ၃ နာရီကျော်နေပြီဖြစ်တာကြောင့် မနေ့ညက အဆင်သင့်ရေးထားတဲ့ စာကို စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် မိုင် ပို့ခိုင်းလို့ဆိုပြီး လာပို့ထားတဲ့ အနွေးထည်လေးဝတ်ကာ အိမ်ကလူတွေ သတိမထားမိအောင်နေပြီး မြတ်ဖုန်းသော နဲ့ ချိန်းထားတဲ့ ပျိုး ဆီသွားလိုက်သည်။
"အနွေးထည်ရှိလို့တော်သေးတာပေါ့"
မိုင် ဝယ်ပေးထားတဲ့ မြန်မာအင်္ကျီတွေကအပေါ်ပိုင်းတော်တော်မလုံ။ တစ်ထည်မှကိုလုံတာမပါပါ။ ပျိုးရဲ့ တက်တူးပေါ်အောင်တဲ့လေ။
"ပျိုး!"
"ကိုမြတ်ဖုန်းသော စောင့်နေရတာ ကြာသွားလား"
"မကြာသေးပါဘူး ပျိုးရဲ့ ခုနလေးတင်ရောက်တာ"
"ဟုတ် အဲ့ဒါဆို ဒက်ဒီ ကိစ္စ!"
"အခုဘာတွေဖြစ်နေလို့လဲဟင်... ဟို သိင်္ခလွန်းမိုင် သူပြန်ရောက်လာတာလား။ ကျွန်တော်အခြေနေတွေ နားမလည်တော့လို့?"
မြတ်ဖုန်းသောက နားမလည်သည့်အခြေနေမို့ ပျိုး ရှင်းပြလိုက်ရတော့သည်။
"အဲ့လိုဖြစ်နေခဲ့တာလား။ စိတ်မကောင်းပါဘူးဗျာ... ကျွန်တော်ကူညီပါ့မယ်။ ကျွန်တော့်ကို ယုံလိုက်ပါ"
မြတ်ဖုန်းသော အကင်းပါးသူပီပီ မိုင် မကောင်းကြောင်းမပြော။ ပျိုး မကြိုက်မှာကိုသိ၍လေ။
"ကျေးဇူးပါ"
"ရပါတယ် ပြောနေစရာလိုသေးလို့လား?"
"တကယ်ကျေးဇူးပါ"
"ရပါတယ်ဆိုဗျာ ပျိုးကတော့ခက်ပြီ။ ဒါနဲ့အခုဘာစားပြီးပြီလဲ တစ်ခုခုစားမလား ကျွန်တော်မှာလိုက်မယ်"
"ဟင့်အင်း ပျိုးကို တစ်ခုလောက်ထပ်ကူညီပေးပါလား?"
"ဘာများလဲ?"
"ဒက်ဒီနဲ့သွားတွေ့ချင်လို့"
"ရတာပေါ့ ကျွန်တော်လိုက်ပို့ပေးမယ်"
နားလည်စွာပြောလာသည့် မြတ်ဖုန်းသောကို ပျိုး တကယ်ကျေးဇူးတင်မိသည်။ အခု ပျိုး ဒီအခြေရောက်ပြီဆိုတော့ ဘယ်သူ့မှကူညီတော့မှာမဟုတ်ဘူးလေ။ မြတ်ဖုန်းသောဟာ ပျိုးဆီက ရယူချင်တာတစ်ခုရှိလို့ကူညီနေတာသိပေမဲ့ မကူညီတဲ့သူတွေထက်တော့သာသေးသည်မဟုတ်လား။
"အခုသွားလို့ရမလား"
"အခုချက်ချင်းလား?"
"အင်း"
"ပျိုး သဘောပဲလေ အဲ့ဒါဆို သွားကြတာပေါ့"
မြတ်ဖုန်းသောက ပျိုးကို ပြောရင်း တစ်နေရာကိုဖုန်းလှမ်းဆက်နေသည်။ ဒါပါပဲ ပိုက်ဆံရှိတဲ့အသိုင်းဝိုင်းရဲ့ စွမ်းရည်ဆိုတာ။ လူတွေ့ချိန်မဟုတ်တာတောင် ပိုက်ဆံရှိရုံနှင့် အကုန်ဖြစ်သည်မဟုတ်လား။
"ပျိုး!!"
"ဒက်ဒီ မျက်နှာတွေ ချောင်သွားလိုက်တာ"
"မိုင် လွှတ်လိုက်တာလား ပျိုးလေး"
ပျိုးအဖေ ဘာကြောင့် ဒီလိုမေးမှန်းမသိပေမဲ့ ပျိုး ခေါင်းခါလိုက်သည်။ ဖေဖေဟာလည်း မိုင်ပြန်ရောက်တာသိနေခဲ့ပြီထင်သည်။
"ဟင့်အင်း မြတ်ဖုန်းသောနဲ့လာတာ"
ပျိုး စကားပြောနေတုန်း သူတို့ဘေးနားက ရဲဖုန်းလာတာသံ ဖုန်းသံကြောင့် ပျိုး တို့ စကားပြောနေတာ ခဏရပ်သွားရသည်။
"ဟုတ်...ဟုတ်"
ရဲက သူ့ကိုဘာကြည့်နေတာလဲဆိုတဲ့ အကြည့်နဲ့ပြောမှ သတိပြန်ဝင်လာရင်း ပျိုးလည်း သူ့အဖေဆီပဲ အာရုံစိုက်လိုက်၏။
"ဒက်ဒီ စိတ်မပူပါနဲ့။ ပျိုးလေ ဒက်ဒီ ကို လွတ်အောင်လုပ်ပေးမယ်"
"ပျိုးလေး"
"ဟုတ် ဒက်ဒီ တစ်ခုခုလိုအပ်လို့လား သမီး မြတ်ဖုန်းသောကို..."
"မလုပ်ပါနဲ့။ ဒက်ဒီ့ကိုလွတ်အောင်လုပ်ဖို့ ပျိုး လေး ပေးဆပ်နေရအုံးမယ်ဆိုရင် မလုပ်ပါနဲ့တော့။ မြတ်ဖုန်းသော လက်ထပ်ခွင့်တောင်းတယ်မလား။ အဲ့ဒါကို ငြင်းလိုက်ပါ... ရှေ့လျောက်မှာ ကိုယ့်ဘဝကိုယ်ရပ်တည်ပါတော့"
တစ်ခါမှ မပြောခဲ့ဖူးသည့် အဖေတစ်ယောက်လိုပြောဆိုပုံတွေကြောင့် ပျိုး အံ့ဩသည်။ အရာအားလုံးကို အမိန့်နဲ့ပဲပြောခဲ့တာမလား။ ပျိုးကို စေခိုင်းလို့မရတဲ့ဟာတွေဆို ပျိုး ပျော့ကွက်နဲ့ခြိမ်းခြောက်ခဲ့တာလေ။ အဖေရင်းဆိုပေမဲ့ ပျိုး အဖေက ဒီလိုအဖေမျိုး။ ထို့ကြောင့် ပျိုးဟာ အဖေဖြစ်သူကိုချစ်သင့်သလောက်မချစ်ခဲ့တာပေါ့။
"ဒက်ဒီ အခုချိန်မှာဒါတွေပြောနေရမဲ့ အချိန်မဟုတ်ဘူးနော် "
"ဒါတွေပြောနေရမယ့်အချိန်ပါ ပျိုး... ဒါတွေပြောသင့်တဲ့အချိန်"
"ကျွတ်စ် သေရတော့မယ့်သူကြီးလို ပြောမနေပါနဲ့!"
ပျိုး စိတ်ရှုပ်လာသည်။ ပျိုး အရာအားလုံးနှင့် ရင်းရလျှင်တောင် သူ့အဖေအသက်ကို ကယ်ပေးဖို့ ဆန္ဒရှိပါသည်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူဟာ ပျိုးအဖေဖြစ်နေခဲ့လို့ဆိုသည့် တစ်ဦးတည်းသောအကြောင်းပြချက်ကြောင့်ပဲ။
"ဒက်ဒီ ဘဝမှာ နောင်တရတာ တစ်ခုပဲရှိတယ်။ အဲ့ဒါ သမီးကို အချိန်မပေးနိုင်ခဲ့တာပဲ... ဒက်ဒီက အဖေတစ်ယောက်မပီသဘူး။ အချိန်မပေးနိုင်လို့ ချစ်ကြောင်းတွေလဲ ခဏခဏမပြောနိုင်ခဲ့ဘူး။ အဲ့အပြင် သမီးဘဝခက်ခဲအောင်တောင် လုပ်ခဲ့မိတယ်... ဒက်ဒီသာ သူ့အပေါ်ကောင်းကောင်းဆက်ဆံခဲ့ရင် ပျိုးလေးဒီလိုဖြစ်ခဲ့မှာမဟုတ်ဘူး။ ဒက်ဒီ တောင်းပန်ပါတယ်ကွယ်"
အခုမှနောင်တရသလိုပြောလာတဲ့ ဦးဖြိုးဝင်းကျော် ကြောင့် ပျိုး ရင်ထဲဆစ်ခနဲအောင့်တက်သွားသည်။ ပျိူး မငိုဖို့ထိန်းထားရင်းနဲ့ကို မျက်ရည်တို့စီးကျလာတော့သည်။ သို့သော် ထိုမျက်ရည်တို့ကို ပျိုးချက်ချင်းဆိုသလိုသုတ်ပစ်ကာ ထပ်မငိုအောင် ထိန်းထားလိုက်ပြန်သည်။
"ဒက်ဒီ အချစ်တွေကို မပြခဲ့ပေမယ့် ပျိုးကို ဒက်ဒီ ချစ်မှန်းသိပါတယ်...အနေစိမ်းခဲ့လို့ နည်းနည်း အထီးကျန်ခဲ့ပေမဲ့လည်း အဆင်ပြေခဲ့ပါတယ်။ ပြီးတော့ ဒက်ဒီ အမှားကြီးပဲမဟုတ်ပါဘူး။ ပျိုးကလည်း အတ္တကြီးခဲ့တာပါ။ အဲ့ဒါကြောင့် ဒါတွေ လျောက်တွေးမနေပါနဲ့နော်"
ဒါဟာ ပျိုးရဲ့မုသားစကားပါ။ ဘယ်လိုလုပ်အဆင်ပြေမှာလဲ။ အမေ မရှိလို့ မိခင်မေတ္တာမရခဲ့တဲ့အပြင် အဖေရှိပါရဲ့နဲ့ တစ်ရက်တစ်နာရီတောင် ကောင်းကောင်းမမြင်ခဲ့ရတဲ့သူ အဖေကြောင့် အဖေ့မေတ္တာလည်းမရခဲ့ပေ။ ထို့ကြောင့် မိဘမေတ္တာဆိုတာ ပျိုး မသိခဲ့ပါ။ ဒါကို အမေ ဆုံးသွားတာတစ်လမပြည့်သေးပဲ နောက်မိန်းမခေါ်တင်လာတဲ့အဖေလေ။
အချစ်မခံရတဲ့ကလေးမို့ထင်တယ် ငယ်ငယ်ကတော့ မချစ်တတ်ခဲ့ဘူး။ ထို့ကြောင့် အစပိုင်းမှာ မိုင့်ကို နာကျင်စေခဲ့တာမဟုတ်လား။ အဲ့တုန်းက ပျိုးမှာ မိုင့်ကိုဘေးနားရှိစေချင်သည့် အတ္တတစ်ခုသာရှိခဲ့သည်။ ထို့ကြောင့် ပျိုး အနားမှာ မိုင်ရှိနေရင်ရပြီဆိုသည့်စိတ်နှင့် ကြမ်းကြုတ်ခဲ့မိသည်။ ရက်စက်ခဲ့မိသည်။ အဓိကတရားခံဟာ ဦးဖြိုးဝင်းကျော်ကြောင့်ဆိုပေမဲ့ ပျိုးကိုယ်တိုင်ကလည်း အတ္တကြီးခဲ့တာ။
"ပျိုး ဒါတွေမလုပ်ပါနဲ့။ ပျိုးဖြစ်ချင်တာ ဖြစ်အောင်လုပ်ပြီးသာ ရှင်သန်ပါတော့"
"ဒက်ဒီ့ကို ပျိုး လွတ်အောင်လုပ်ပေးမယ်"
"ပျိုးလေး"
"ပျိုး သွားတော့မယ် ဒက်ဒီ!... သေချာပေါက် ဒက်ဒီ ကို ပျိုး ရအောင်ကယ်မယ်"
"ပျိုး!"
ပျိုး ဘာမှ မကြားချင်တော့တာကြောင့် အမြန်ထွက်သွားလိုက်တော့သည်။ ဖေဖေ့ဆီကနေ ဘာမှမကြားချင်တော့ပါ။ အခုမှ သိပ်ကိုနူးညံ့ပြနေတာက ဦးဖြိုးဝင်းကျော်နဲ့မလိုက်ဘူးမဟုတ်လား။ ပျိုးနဲ့လည်း ဦးဖြိုးဝင်းကျော်၏ ဒီဇာတ်ရုပ်ကမကိုက်။
"ပျိုး ငိုနေတာလား"
အပြင်စောင့်နေတဲ့ မြတ်ဖုန်းသောဟာ ပျိုး ငိုနေသည်ကို တွေ့ကာ ပျိုးမျက်ရည်တွေသုတ်ပေးလိုက်သည်။
"ဟင့်အင်း"
"အဆင်ပြေသွားမှာပါ ကျွန်တော်က အန်ကယ်ကို ရအောင် ကယ်ထုတ်ပေးပါ့မယ်"
"ကျေးဇူးပါ"
ပျိုး မပြုံးနိုင်ပေမဲ့ အားတင်းပြီးပြုံးကာ ပြောလိုက်သည်။ အခုချိန်မှာ အားကိုးစရာက မြတ်ဖုန်းသောပဲရှိတာမဟုတ်လား။
"ဒါနဲ့... ပျိုးလတ်တလောတည်းဖို့အတွက် Hotel မှာ အခန်းတစ်ခန်း ဘိုကင်တင်ပေးထားတယ်။ အဲ့မှာပဲ ဒီနေ့နေလိုက်ပေါ့ ကျွန်တော်လိုက်ပို့ပေးမယ်"
"ဟုတ် အဲ့ဒါဆိုလည်း အဲ့ကိုပဲသွားကြတာပေါ့"
မြတ်ဖုန်းသောက ကားတံခါးဖွင့်ပေးတာမို့ ပျိုး ဝင်ထိုင်လိုက်သည်။ Hotel က ဒီနဲ့နည်းနည်းဝေးတာမို့ Hotel ရှေ့ရောက်တော့ ညနေ ၆ နာရီကျော်နေ၍ မိုးနည်းနည်းချုပ်နေလေရဲ့။
"ပျိုး ဟိုလေ ဒီနားမှာ စားသောက်ဆိုင် တစ်ခုရှိတယ် သွားစားကြမလား?"
"ရပါတယ် မစားတော့ပါဘူး ကိုမြတ်ဖုန်းသော... Hotel ကပဲ တစ်ခုခုမှာစားလိုက်ပါ့မယ်"
"ညစာလည်းမစားရသေးပဲကို သွားရအောင်ပါ။ Hotel စာတွေက မကောင်းဘူး... ဒီနားမှာ စားသောက်ဆိုင်ကောင်းကောင်းရှိတယ် ပျိုး... ဒီကနေသွားရင် ၅ မိနစ်တောင်မကြာဘူး"
ပျိုး သက်ပြင်းသဲ့သဲ့မသိမသာချလိုက်မိသည်။ ထို့နောက် ခေါင်းညိတ်လိုက်၏။
"မြတ်ဖုန်းသော သဘောပါပဲ"
မြတ်ဖုန်းသော ပျော်သွားပုံပေါ်ပြီး သူပြောသည့် စားသောက်ဆိုင်ကိုခေါ်သွားသည်။ ပျိုးတို့ စားမယ့်ဟာတွေကို မြတ်ဖုန်းသောကပဲမှာသည်လေ။ မှာပြီးခဏကြာတော့ မြတ်ဖုန်းသော ထိုင်မရထမရပုံပေါက်လာသည်။
"ပျိုး ခဏနော် Toilet လေး"
"ဟုတ်ကဲ့ သွားပါ"
မြတ်ဖုန်းသော အားနာသလိုထထွက်သွားပြီး ခဏနေတော့ အစားသောက်တွေ လာချသည်။ ပျိုး မစားသေးပဲ မြတ်ဖုန်းသော စောင့်လိုက်တယ် စောင့်ချင်လို့တော့ မဟုတ်ပဲ လူမှုရေးအရပေါ့။
"ပျိုး စောင့်နေရတာကြာသွားလား ဆောရီးနော်"
"ရပါတယ် အရမ်းကြီးမကြာပါဘူး"
"မစောင့်ပဲ စားနှင့်တာမဟုတ်ဘူး"
"ရပါတယ် ကိုမြတ်ဖုန်းသောလည်းရောက်လာပြီပဲ စားကြတာပေါ့"
"ဟုတ်"
သူတို့စားရင်း ဘာအကြောင်းမှမပြောဖြစ်။ ပျိုး ကလိုတာထက်ပိုမပြောတာကြောင့် မြတ်ဖုန်းသော ပြောမရဖြစ်နေတာကြောင့်လည်းပါမည်။ သူ့တို့စားပြီး ခဏအကြာမှာ မြတ်ဖုန်းသောမှာထားသည့် ဝိုင်လာချသည်။
"နှစ်ချို့ဝိုင်တွေက သောက်လို့ကောင်းတယ်။ ဒါက After Meal အတွက် ပျိုး သောက်ကြည့်ပါလား။ ဒီဆိုင်က ဒီဝိုင်တွေကြောင့် နာမည်ကြီးတာ"
"အ... အွန်း အဲ့လိုဆို သောက်ရမှာပေါ့"
ပျိုး တို့ဝိုင်သောက်သည့်အခါမှ စကားနည်းနည်းပြောဖြစ်ကြတော့သည်။ ခဏလေးအတွင်းမှာ ပျိုး လက်ထဲက ဝိုင်ခွက်ထဲဝိုင်မရှိတော့ပေ။
"ဘယ်လိုလဲ ပျိုး?"
"ကောင်းပါတယ်"
"အဲ့ဒါဆို နောက်တစ်ခွက်"
"တော်...ပါ.."
ပျိုး ခေါင်းကမိုက်ခနဲဖြစ်ကာ စားပွဲခင်းကို ဆုပ်ကိုင်ထားမိသည်။
"ပျိုး ဘာလို့လဲ?"
"ခေါင်းနည်းနည်းကိုက်လာလို့"
"ဟမ်? ဝိုင်နဲ့ မတည့်ဘူးလား?"
"ဟင့်အင်း တည့်...ပါတယ်"
ခေါင်းက ငြိမ်ငြိမ်ထားလျှင်တောင် မူးဝေလာသည်မို့ ပျိုးဖြည်းဖြည်းချင်းပြောလိုက်သည်။
"တောင်းပန်ပါတယ်ဗျာ ကျွန်တော့်ကြောင့် ပြဿနာတက်တော့မှာပဲ။ Hotel ပဲ ပြန်လိုက်ပို့ပေးမယ်"
"ဟုတ်"
ပျိုး ကားပေါ် သွားတဲ့ထိ အခြေနေနည်းနည်းဟန်သေးပေမယ့် ကားပေါ်ရောက်တော့ ကိုယ်တွေတော်တော်ပူလာပြီလေ။
"ပျိုး ရောက်ပြီ"
"အ...အင်း"
"အဆင်ပြေရဲ့လား ကျွန်တော်လိုက်ပို့ပေး.."
"ရ...ရပါတယ်"
ပျိုး ထိုသို့ပြောနေပေမဲ့ ပျိုး ခြေထောက်တွေ မခိုင်တော့ပါ။ ပျိုး ကိုယ်လေးကို မြတ်ဖုန်းသောက ထိန်းပေးထားတာမဟုတ်လား။
"တောင်းပန်ပါတယ် ပျိုး"
မြတ်ဖုန်းသောကပြောရင်း ပွေ့ချီလိုက်ပြီး ကောင်တာက အခန်းသော့တောင်းကာ Hotel အခန်းဆီသို့သွားနေသည်။
"ကျွန်တော် ဆေးမခတ်ချင်ပေမဲ့ ဒီလိုမှမလုပ်ရင် ပျိုး ကို ဒီတစ်သက်မပိုင်ရတော့ဘူးထင်တယ်"
ပျိုး သူပြောတာတွေကြားပေမဲ့ ဘာမှပြန်မပြောနိုင်။ ခန္ဓာကိုယ်ကအရမ်းပူလာတာကြောင့် အပေါ်အနွေးထည်ကို ချွတ်ဖို့လုပ်တော့ မြတ်ဖုန်းသောက အသံတိုးတိုးလေးပြောကာတားလာသည်။
"ပျိုး ခဏလေး... ဓာတ်လှေကားပေါ်ပဲ ရှိသေးတယ်။ ခဏလောက် စိတ်ထိန်းထားဦး"
ပျိုး ကိုပွေ့ ချီထားတာမို့လို့တားဖို့လဲခက်သည်။ ဘေးနားမှာလည်း လူတွေပါလာတယ်ဆိုတော့ မြတ်ဖုန်းသော အကျပ်တွေ့နေတုန်း အခန်းရှိတဲ့အလွှာကို ရောက်လာတာကြောင့် အမြန်ပြေးထွက်တော့သည်။
ပြီးသည်နှင့် မြတ်ဖုန်းသောဟာ အခန်းဆီသွားပြီး အခန်းတံခါးကိုဖွင့်လိုက်၏။ ပျိုးကိုချီထားတာမို့ အခန်းမီးတောင် မဖွင့်နိုင်သေးပဲ ကုတင်ပေါ် တင်လိုက်သည်။ ပြီးမှမီးဖွင့်လိုက်တော့ သူ့ရှေ့ဆိုဖာမှာထိုင်နေတဲ့သူကြောင့် မြတ်ဖုန်းသောလန့်သွားရသည်။ ဆိုဖာပေါ်မှာထိုင်နေသည့်သူဟာ မြတ်ဖုန်းသောကို အေးစက်သည့်အကြည့်နှင့်ကြည့်နေပြီး လက်ထဲကကြိုးကိုလည်းဆော့နေသည်။
"မင်း! သိင်္ခလွန်းမိုင်"
"အံ့သြသွားတာလား"
တကယ်မထင်ထားသည်မို့ မြတ်ဖုန်းသော အံ့ဩနေသည်။ သူဟာ ဘယ်လိုလုပ် ဒီအခန်းထဲထိရောက်နေသလဲ။
"ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ?"
"အဟက် ဘယ်လိုရောက်လာတာလဲ ဟုတ်လား! ဝင်လာခဲ့ကြ"
ပြောနေရင်း ဝတ်စုံပြည့်တွေဝတ်ထားတဲ့ သူတွေ အများကြီးဝင်လာတာပြီး မြတ်ဖုန်းသော၏ လက်တစ်ဖက်တစ်ချက်ဆီကို ချုပ်ထားလိုက်ကြသည်။ မြတ်ဖုန်းသောလည်း အငိုက်မိပြီး ရုန်းဖို့တောင်အချိန်မရလိုက်။
"မင်းဘာလုပ်တာလဲ"
မိုင်သည် မြတ်ဖုန်းသောဆီ ဖြည်းဖြည်းချင်းလျောက်လာသည်။ မိုင် ခုနကဆော့နေသည့် ကြိုးကို မြတ်ဖုန်းသော လည်ပင်းကိုပတ်လိုက်ပြီး အားသုံးကာ ဆွဲလိုက်တော့ မြတ်ဖုန်းသောလည်ပင်းအစ်ကာ မျက်နှာတစ်ခုလုံးရဲတက်လာ၏။
"မင်း...မင်း မိုင်..."
မြတ်ဖုန်းသော အားသုံးပြီးရုန်းနေပေမဲ့လည်း ဘေးနားက လူနှစ်ယောက်ကချုပ်ထားတာကြောင့် ရုန်းလို့မရ။ အချိန်တော်တော်ကြာတဲ့ထိ မလွှတ်ပေးတာကြောင့် မြတ်ဖုန်းသော ခြေထောက်တွေလဲမခိုင်တော့သလို မျက်လုံးတွေလည်း နီရဲပြီး နှုတ်ခမ်းတွေလည်း ပြာနှမ်းလာသည်။
"အိဗ်! လွှတ်လိုက်တော့"
ဆူကီသည် အခန်းထဲငို့ အပြေးဝင်လာပြီးတားယူရသည်။ ဆူကီဟာ ပျိုး ဒီကိုမရောက်သေးလို့ အလုပ်ကိစ္စခဏသွားပြောတာ ပြန်လာတော့ အခြေနေတော်တော်ဆိုးနေပြီ။
"အိဗ်!!"
"အဟွတ်...အဟွတ်!!"
ဆူကီ နောက်တစ်ကြိမ်ထပ်ပြောမှ မိုင်ဟာ မြတ်ဖုန်းသောကို လွှတ်ပေးသည်။
"သူ့ကို တစ်နေရာခေါ်သွားပြီး မှတ်လောက်သားလောက်အောင် လုပ်လိုက်"
"ဟုတ်ကဲ့!!"
မိုင် သူ့လူတွေကို အဲ့လိုပြောလိုက်တာနဲ့ မြတ်ဖုန်းသော ကို ချက်ချင်းခေါ်ထုတ်သွားကြတယ်။ မြတ်ဖုန်းသော မှာ စကားတောင်မပြောနိုင်ပဲ ပါသွားရသည်။
"အိဗ်! ငါသာမလာရင် နင်လူသတ်မိတော့မယ်"
မိုင်သည် အိဗ်စကားကိုအာရုံမရပဲ ကုတင်ပေါ်က ပျိုး ကိုကြည့်ရင်း ဒေါသအလိပ်လိပ်ထွက်နေရပြီ။ မိုင် သာ ခြေယာခံစက်မတပ်ထားခဲ့ရင် ဘယ်တွေဖြစ်သွားမလဲတောင် မတွေးရဲ။
လွန်ခဲ့သည့် နာရီပိုင်းတွေကို ပြန်သွားရသည်ရှိသော်။
မိုင် Meeting ပြီးတော့ ပျိုး ဘာလုပ်နေလဲ အိမ်မှာ ဝှက်ထားတဲ့ CCTV တွေက ကြည့်တော့ တစ်အိမ်လုံးမရှိ။ ပျိုး Toilet တွေဘာတွေများ သွားနေလားလို့ အိမ်ကလူတွေဖုန်းဆက်ရှာခိုင်းတော့ လူမတွေ့ပဲ စာတစ်စောင် ပဲတွေ့လေသည်။
"ဘာတွေရေးထားလဲ"
"ဟို...ဒီထဲမှာရေးထားတာကလေ..."
"တောက်စ် စကားထစ်မနေနဲ့ မြန်မြန်ပြော!!"
မိုင် စိတ်မရှည်တော့စွာပြောလိုက်သည်။ စာလေးဖတ်ပြဖို့ကို ဘာလို့တွန့်ဆုတ်နေတာလဲ။
"ဟို... သူဒီမှာ မနေနိုင်တော့ဘူးတဲ့။ သူ့အဖေအတွက် သူ့ကိုကူညီတဲ့ သူကိုပဲ အကူညီတောင်းတော့မယ်တဲ့ တောင်းပန်ပါတယ် မိုင်... ဟို ချစ်တယ်လို့ ရေးထားပါတယ်"
"တောက်စ် ဟာကွာ!"
မိုင် ဖုန်းချလိုက်သည်။ ပြီးသည်နှင့် မနေ့က မိုင်ပေးထားတဲ့ဆွဲကြိုးမှာတပ်ထားသည့် ခြေရာခံစက်တည်နေရာကိုကြည့်ဖို့ ဖုန်းကနေ Application တစ်ခုကို အမြန် Down ပြီးတည်နေရာကိုကြည့်ရတော့သည်။
ပျိုးနဲ့နေရင်း နောက်ပိုင်းအနေကြာလို့ နောက်ပိုင်းကျရင် သူဘာလုပ်လဲ၊ ဘယ်သွားလဲသိချင်လို့ ဝယ်ထားတဲ့ ဟာက အခုချက်ချင်းထုတ်သုံးရမယ်လို့ မိုင် ထင်တောင်မထင်ထားခဲ့ဘူး။ ပျိုးရဲ့ တည်နေရာအရ ထောင်ကို ညွှန်ပြနေတာကြောင့် လူတစ်ယောက်ဆီဖုန်းဆက်လိုက်ရသည်။
"ဦးဖြိုးဝင်းကျော် ကိုလာကြည့်တဲ့ သူရှိတယ်မလား အခု"
"ဟုတ်... ဟုတ်ကဲ့"
ဟိုဘက်က ရာထူးကြီးသူဟာလည်း မိုင်နှင့်စကားပြောလျှင် ထစ်ငေါ့နေသည်အထိကို မိုင်ဟာအရှိန်အဝါကြီးလာခဲ့တာ။
"အခုသူတို့ကို ဘယ်သူစောင့်နေလဲ။ စောင့်နေတဲ့ အစောင့်ဖုန်းနံပါတ်ပေးပါလား"
"ဟမ်?"
"ပေးပါဆို"
"ကျွန်တော်ပါပဲ ဒီနေ့ဦးဖြိုးဝင်းကျော် ပြဿနာရှာထားတော့ သူ့ကိုကျွန်တော်ပဲ စောင့်မှအဆင်ပြေမယ်ထင်..."
"ရှူး"
"ဗျာ"
"ကျွတ်စ် တိုးတိုးနေလို့ ပြီးတော့ သူတို့ပြောနေတာ ငါ အကုန်ကြားအောင်လုပ်ပေး"
မိုင်စကားပြောနေတုန်း ဖုန်းထဲက ပျိုး အသံကြားတာကြောင့် ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။ မိုင် အဲ့အချိန်တည်းက ပျိုးဘာတွေလုပ်နေလဲ သိနေပေမဲ့ ဆက်လွှတ်ထားလိုက်ပြီး ဘယ်ဆက်သွားမလဲ စောင့်ကြည့်နေခဲ့တာ။ Hotel တစ်ခုရှေ့ရောက်တော့ Map မှာ ပျိုးရှိသည့်နေရာဟာအကြာကြီးရပ်နေတာကိုတွေ့ရသည်လေ။ ထို့ကြောင့် မိုင် လိုက်သွားဖို့ပြင်လိုက်သည်။
သို့သော် Hotel ကနေဆက်ပြီး စားသောက်ဆိုင်တစ်ခုကို တည်နေရာရောက်သွားတာကြောင့် စိတ်အေးရခဲ့သည်။ ပြီးတော့ ပထမရပ်သည့် Hotel ပျိုး နေမယ်လို့ ခန့်မှန်းမိတာကြောင့် ဆူကီ့ကိုစုံစမ်းခိုင်းလိုက်သည်။ မိနစ်ပိုင်းလောက်နှင့် ဟုတ်သည်ဆိုသည့် သတင်းကိုရသည့်အခါ မိုင် ထို Hotel မှာသွားစောင့်ဖို့လုပ်လိုက်သည်။ မိုင် ပိုက်ဆံကိုဘယ်လိုအသုံးချရမလဲဆိုတာ ကောင်းကောင်းနေပြီးပြီမဟုတ်လား။
သို့သော် လူတွေကို မြတ်ဖုန်းသော အတွက်တမင်ခေါ်ထားတာမဟုတ်ပဲ ပျိုးသာ မိုင့်အနောက် မလိုက်ခဲ့ရင် အလွယ်တကူခေါ်လို့ရအောင် ခေါ်လာခြင်းဖြစ်သည်။ ဒါပေမဲ့ ဒီလူတွေဟာ မြတ်ဖုန်းသော အတွက်ဖြစ်သွားခဲ့တာပဲ။
...
လက်ရှိ ပစ္စုပ္ပန်ကိုရောက်တော့ ပျိုး ကိုယ်ပေါ်မှာ အတွင်းဝတ်တွေသာ ကျန်ရှိတော့သည်။ မိုင်ဟာ မြတ်ဖုန်းသော နဲ့ အလုပ်ရှုပ်နေတုန်း ပျိုး ချွတ်လိုက်ပုံရသည်။
"ကျွတ်စ်"
ပျိုးကို မိုင် ပြန်ဝတ်ပေးဖို့သွားလိုက်တော့ ပျိုး ကသူ့ လက်ကို ဆွဲထားပြီး ရီဝေစွာကြည့်နေသည်။
"မ..မမ အဲ့ဒါကို လိုချင်တယ်"
ပျိုး ဘာကိုဆိုလိုလည်း မိုင် နားလည်ပါသည်။ ဆေးရှိန်တက်နေပြီမဟုတ်လား။
"မိုင် ကတော့ ဆေးမိထားတဲ့ သူတစ်ယောက်ကို မလုပ်ချင်ဘူး"
မိုင်လည်း ပျိုးကို ပွေ့ချီလိုက်ရင်း ရေချိုးခန်းတံခါးကို ဖွင့်လိုက်သည်။ ထို့နောက် ပျိုးကို Bathtub ထဲထည့်ပြီး ရေပန်းဖွင့်ချလိုက်သည်။
"အဲ့မှာနေနေ အပူချိန်ပျောက်သွားတဲ့ထိနေ"
ရေဖွင့်လိုက်တော့မှ ပျိုး နည်းနည်းသက်သာသွားသလိုရှိတယ်။ မိုင် က ခဏနေတော့ Hotel ကနေရေခဲထုတ်တွေမှာထည့်ပေးထားတာမို့ ပျိုးအခြေနေ နည်းနည်းတော့ပိုကောင်းသွားသည်။ အပြင်က မိုင်ကတော့ ဆူကီ့ ကိုကြည့်ရင်းမှာရပြန်သည်။
"အိမ်ကိုဆရာဝန်တစ်ယောက် လာခဲ့ဖို့ခေါ်ထားပေးပါ"
"အင်း ငါဖုန်းဆက်လိုက်မယ်"
ပျိုးကို မိုင် အချိန်ကြာကြာထိုင်စောင့်လိုက်ရသည်။ အိမ်ကိုမခေါ်ပဲ ဆရာဝန်ကို ဒီခေါ်လိုက်ရမှာ။
"ဘယ်လိုလဲ အခုလိုချင်နေသေးလား"
မိုင် မေးသည်ကိုပြန်မဖြေပဲ ပျိုး ငြိမ်၍ ထိုင်နေသည်။ ထို့ကြောင့် မိုင် အံကြိတ်လိုက်မိသည်။
"ဒီလိုပေကပ်ကပ်ထိုင်နေပုံရရင် အသိစိတ်ပြန်ဝင်လာပြီနဲ့ တူတယ် ပျိုး"
"ထွက်...သွား...ပါ"
"ဘာ!! ဘာကိုထွက်သွားရမှာလဲ"
ဒေါသထွက်နေပါသည်ဆိုမှ ပျိုးပြောလာသည့် စကားကြောင့် မိုင့်မျက်မှောင်ပိုကြုတ်သွားရသည်။
"မ...မ..မမ မိုင် ကိုပြောပြီး...ပြီလေ"
ဒါဟာ ပျိုးစာနဲ့ ရေးပြီးထားခဲ့တဲ့ကိစ္စကို ပြောမှန်း မိုင်ချက်ချင်းခန့်မှန်းမိသည်။
"အဲ့တော့ ဒီမှာ ဒီလိုမျိုးဆေးခတ်ခံရပြီး လုပ်ကြံခံရတော့မလို့လေ!"
"သိ...တယ်!.... မမ သိတယ် အဲ့ဝိုင်မှာ ဆေးခတ်ထားတာကို"
မိုင် အံ့ဩသွားသည်။ မိုင်နားကြားမှားလိုက်သလား။ ဒါမှမဟုတ် ပျိုးဟာ ရူးနေသလား။
"ဘာပြောလိုက်တယ် ဆောင်းရိပ်ပျိုး!!"
"အခုချိန်မှာ ဒက်ဒီက အရေးကြီး..."
ပျိုးကို မိုင် Bathtub ထဲက ဆွဲထုတ်ရင်း ခပ်ကြမ်းကြမ်းအပြင်ခေါ်လာသည်။ ဒီအချိန် မိုင် ဘယ်လောက် ဒေါသထွက်နေလည်းဆိုတာ မိုင် သာသိသည်။
"အဲ့လောက်တောင် ဖြစ်နေလား! လာခဲ့"
"မိုင်...လွှတ်"
ပျိုးကို မိုင် ကုတင်ပေါ်တွန်းချလိုက်သည်။ ပျိုးစကားကို မိုင်နားဝင်စရာဘာအကြောင်းမှမရှိတော့ဘူး။
"အိဗ်!"
"နင်ထွက်သွား Joy...ပြီးတော့ ဆရာဝန်ကိုလည်း မလာခိုင်းနဲ့တော့"
"အိဗ် အဲ့လို..."
"နင်ရှိလ! ငါဂရုစိုက်မှာမဟုတ်ဘူးနော် နင်ကြည့်ချင်ဆက်နေလိုက်"
မိုင် ပြောရင်း ပျိုး နောက်ဆုံးကျန်ရှိသည့် အတွင်းဝတ်တို့ကို ချွတ်လိုက်တာကြောင့် ဆူကီ အမြန်နောက်ကျောပေးလိုက်ရသည်။
"မိုင်... ဖယ်။ မမကို အဲ့လိုမလုပ်နဲ့"
ပျိုး ဆေးမိထားတာကြောင့် ရုန်းဖို့အားမရှိပေ။ ပျိုး မျက်ရည်တွေကျလာပြီးပြောနေပေမဲ့ မိုင် ဂရုမစိုက်ပါ။ ဆေးခတ်တာကိုသိနေတုန်းက မတားပဲ မိုင့်အလှည့်ကျမှတားချင်တာကို မိုင်ဘယ်လိုလက်ခံပေးရမလဲ။
"အိဗ် ငါသွားပြီ"
မိုင်သည် ဆူကီ့ စကားကိုပါ အာရုံမရောက်တော့ပေ။ မိုင် လုပ်စရာရှိရာကိုပဲ ဆက်လုပ်နေသည်။ ညှင်တာမှုတွေကိုပါမေ့လျော့နေတဲ့အထိကို မိုင် ဒေါသထွက်နေခဲ့သည်လေ။
...
TBC...
အမှားပါရင်ခွင့်လွှတ်ပါ 🧡
3.7k words
Thanks For Reading 📖
...
Zawgyi....
"ပျိုး!"
"ကျေးဇူးပါ"
"တကယ်ကျေးဇူးပါ"
"ဘာများလဲ?"
"အခုသွားလို့ရမလား"
"အခုချက်ချင်းလား?"
"အင်း"
"ပျိုး!!"
"ဟုတ်...ဟုတ်"
"ပျိုးလေး"
You are reading the story above: TeenFic.Net