အိပ်နေရင်းတောင်ခေါင်းအရမ်းကိုက်ပြီး မူး၍အန်ချင်လာတာကြောင့် ပျိုး နိုးလာသည်။ အောက်ပိုင်းနာကျင်နေပေမဲ့လည်း အန်ချင်နေတာကြောင့် ရေချိုးခန်းထဲ အမြန်ပြေးသွားမိသည်။ ပျိုးရဲ့ လှုပ်ရှားမှုကြောင့် ဘေးနားက မိုင်နိုးလာသည်။
"ဝေါ့..."
ပျိုး အန်သံတွေကြားနေရတာကြောင့် မိုင် မျက်လုံးအတင်းဖွင့်ပြီး ရေချိုးခန်းလေးဆီလျောက်သွားလိုက်သည်။ ပျိုး အနားမိုင် ရောက်တော့ဟိုကအန်ပြီးနေပြီ။
"မမ ရရဲ့လား?"
"အ...အင်း"
"ဟိုလူခတ်လိုက်တဲ့ ဆေးပြင်းလို့နေမယ်...လာ ထ အခုအိမ်ပြန်မယ် အိမ်ပြန်ပြီးဒီကိစ္စကိုရှင်းရအောင်"
ပျိုးကိုဆွဲထူဖို့လုပ်လိုက်တဲ့ မိုင့် လက်ကို ပျိုးက ခါထုတ်သည်။
"မမ ပြန်မလိုက်ဘူး"
"ကျစ်... မနက်စောစောစီးစီး မိုင့်ကို ဒေါသထွက်အောင် လုပ်နေတာပဲ"
ပျိုးကို မိုင်လည်း စိတ်မရှည်စွာဖြင့်ပြောကာ အတင်းဆွဲထူလိုက်သည်။
"လာသွားမယ်! အင်္ကျီ အခုချက်ချင်းဝတ်"
"မမ မလိုက်ဘူးပြောနေတယ်လေ!"
"မလိုက်ရင် အင်္ကျီပါတာမပါတာ နားမလည်ဘူးနော် ဒီတိုင်းဆွဲခေါ်သွားမှာ!!"
နောက်ဆုံးတော့ ပျိုးရဲ့ ခေါင်းမာမှုပဲအဆုံးသတ်ရသည်။ မဟုတ်လျှင် မိုင် တကယ်လုပ်မှလေ။ဒီလိုနဲ့ ဒီအိမ်ပြန်ရောက်လာရတာပဲ။
"သွားထိုင်!"
"သွားထိုင်လို့ဆိုနေ!!"
လမ်းတစ်လျောက်လုံး ဘာမှမပြောတဲ့ မိုင် က အိမ်ရောက်တော့မှ ပျိုးကို ဧည့်ခန်းထဲ ထိုင်ခိုင်းသည်။
"မမ က မိုင် အပိုင်လို့ပြောထားတယ်လေ။ ဒီလိုထားပြီးထွက်သွားလို့ရမလား"
"အိဗ်! ပြန်ရောက်ရောက်ခြင်းနားပါဦး။ ဒါတွေနောက်မှပြောပါလား"
ဆူကီဟာ အိမ်ရောက်ရောက်ခြင်း ပြဿနာရှာနေသည့် မိုင့်ကို တားဟန်ပြောလာသည်။
"မရဘူး ဆူကီ! ဒီတိုင်းလွှတ်ထားလို့ မဖြစ်ဘူး။ ဟိုကောင်ဘာလုပ်သွားလဲ နင်တွေ့တယ်မလား။ သူသေချာ အကွက်ချထားတာ။ အဲ့ Hotel အခန်းမှာ Camera ပါထည့်ထားတာ တွေ့လား!!! သူအဲ့ဒါနဲ့ ခြိမ်းခြောက်ပြီး မမကို ပိုင်အောင်လုပ်မှာ"
"အေးပါ အေးပါ ငါသိပါတယ်။ ဒါပေမဲ့ စိတ်လျော့ပါ ဦး အိဗ်ရယ်။ ပြီးတော့ သူလည်းနားပါစေဦး"
"ဘာကိုနားခိုင်းရမှာလဲ လုပ်တုန်းက လုပ်ပြီးတော့ သူတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။ ကျွတ်စ် အဲ့ Son Of Bitch... အား တွေးရင်နဲ့တောင် ဒေါသထွက်တယ်!"
ဆူကီဟာ မိုင်နဲ့ ပေါင်းလာခဲ့တဲ့ တစ်လျောက်လုံး ဒီလောက်ဒေါသထွက်တာမမြင်ပါ။ မိုင် ဒီလိုဒေါသထွက်တာကို မနေ့ညကမှမျက်မြင်ကိုယ်တွေ့ လိုက်ရခြင်းဖြစ်သည်။
"မမ!!! အ နေလား တစ်ခုခုပြောစရာမရှိဘူးလား"
"ဘာကိုပြောရမှာလဲ မိုင်!... မိုင်ပဲ ဒက်ဒီ ကို ကူညီမယ်ဆိုပြီး မကူညီမှတော့ ဘာလို့ မိုင့်ဆီမှာနေပြီး မိုင့်အပိုင်အဖြစ်နေပေးရဦးမှာလဲ?"
ပျိုး စကားကြောင့် မိုင့်နှုတ််ခမ်းလေးဟာ ပွင့်ဟသွားသည်။ ပျိုး ဒါကို ဘယ်လိုသိသွားတာလဲ မသိပေမဲ့ ဒီကိစ္စလေးကြောင့်နဲ့ ဒီလိုလုပ်တယ်ပေါ့။
"အဲ့ဒါနဲ့ ဟိုခွေးကောင်ဆီ ငမ်းငမ်းတက်ပါသွားတယ်ပေါ့... ဟိုမှာ အဲ့ကောင်က မမကို ဆေးခပ်ပြီး!..."
"သိတယ် လို့မနေ့ညကပြောပြီးပြီလေ သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်ခဲ့တာ မိုင်! ငါက ငတုံးမဟုတ်ဘူး အကုန်သိတယ် ငါတစ်ခုလိုချင်လို့ တစ်ခုပေးဆပ်တာ။ အဲ့ဒါကြောင့် ဒီကိစ္စမှားနေလည်း ငါဆက်လုပ်မှာပဲ ဒါပေမဲ့ မင်းကြောင့် အကုန်ပျက်စီးသွားပြီ!"
မိုင့် မေးကြောများတင်းသွားသည်။ ဒေါသထွက်နေသည်ကို ပိုပြီးလောင်စာထည့်လိုက်သလိုပဲ။
"မမ ခန္ဓာကိုယ်က ဒီလောက်စျေးပေါလား!"
ပျိုးဟာ သူ့ကိုစကားပြန်ပြောမလို့ ပွင့်ဟလာပြီးမှ ပြန်ပိတ်သွားသည်။
"ဘာလဲ မဟုတ်ကြောင်းတောင် ပြန်မပြောနိုင်ဘူးလား ဆောင်းရိပ်ပျိုး!... အဟက် မထူးဆန်းလှပါဘူး။ အဲ့ဒါကြောင့် ခယောင်းခြွေရဲ့ အသုံးတော်ခံလည်းဖြစ်ခဲ့တာမလား။ ရွံဖို့ကောင်းလိုက်တဲ့ မိန်းမ"
မိုင်သည် ပြောရင်း ပျိုး ဆီသွားဖို့လုပ်တော့ ဆူကီ ထိန်းထားလိုက်သည်။ မဟုတ်ရင် ဒီတစ်ယောက်ကို မိုင် တစ်ခုခုလုပ်မိတယ်ဆိုတာသိလို့။
"မမက အဲ့လိုမိန်းမလို့ မိုင်ထင်နေရင်လည်း လက်လွှတ်လိုက်ပေါ့ မိုင်ရယ်။ ရွံဖို့ကောင်းတဲ့ မိန်းမကို ဘာလို့ အနားမှာခေါ်ထားဦးမှာလဲ... မမကတော့ မိုင် ဘယ်လိုထင်ထင် ဂရုစိုက်မှာမဟုတ်ဘူး။ မိုင့်ဆီကနေ အကူညီရဖို့ မမကို မမ ပေးဆပ်ရတာပဲမဟုတ်လား!...
မိုင့်ဆီကနေတောင် အကူညီအလကားရခဲ့လို့လား။ အဲ့တော့ မိုင် မကူညီချင်ရင် မနှောက်ယှက်ပါနဲ့။ မိုင့်ကို မမ ဘာတွေများ အများကြီးတောင်းဆိုမိလို့လဲ... မကူညီပေးလည်း ဒီတိုင်း လွှတ်ထားပေးလိုက်တော့ပါလား"
"ဒါက နှောက်ယှက်တာတဲ့လား... ဒီမှာ မမ!... မမ ကို မကူညီပေးရင်တောင် မမက မိုင့်အပိုင်ပဲဖြစ်မှာ!!... မမကြောင့် မိုင် သုံးလိုက်ရတဲ့ ပိုက်ဆံတွေအများကြီး!!"
"အကူညီမတောင်းခဲ့ပါဘူး... မိုင့်ဆီက မမ တောင်းခဲ့တဲ့ အကူညီကတစ်ခုတည်းပါ။ ဒက်ဒီကို လွတ်အောင် မလုပ်ပေးနိုင်ရင်တောင် သေဒဏ်မကျချင်ရုံလေးပါ"
ပျိုး အသံကိုထိန်းကာပြောလိုက်ပေမဲ့ တုန်ရီလာသည်။ ပြီးတော့ ချက်ချင်းဆိုသလို မျက်ရည်ကိုလည်း မထိန်းနိုင်တော့။ ဒါလေးကိုတောင် မိုင်မလုပ်ပေးနိုင်ဘူးမဟုတ်လား။
"ဆောရီ မမ... ဒါတော့ မိုင် မကူညီနိုင်ဘူး။ သူက မမ ဒီလိုလုပ်ပေးတာနဲ့ မတန်ဘူး သူက အဖေကောင်းမဟုတ်ဘူး...ပြီးတော့ ထပ်ပြီး ဒီအိမ်ကနေ အိမ်အပြင် ခြေတစ်လှမ်းလှမ်းဖို့ မကြိုးစားနဲ့။ မမ နောက်တစ်ခါ ဒီလို ထွက်ပြေးတာကို သိရင် မမ ခြေထောက်တွေကို ရိုက်ချိုး ပစ်မိမယ်ထင်တယ်"
မိုင်ဟာ ပျိုး ကို ခြိမ်းခြောက်သလို ပြောပြီး ဆူကီ ဘက်လှည့်လိုက်သည်။
"သူ့ကို သူ့အခန်းထဲ ပြန်ထည့်ပြီး သော့ခတ်ထားလိုက်ပါ။ ပြီးတော့ အစောင့်တွေ များများခေါ်ထားလိုက်"
မိုင့် အပြောကြောင့် ဆူကီသက်ပြင်းသဲ့သဲ့ချလိုက်မိသည်။ သူတို့နှစ်ယောက်ဆက်နွယ်မှုကို ဆူကီမသိတော့ ဆူကီအခုချိန်မှာ လုပ်နိုင်တာက မိုင်ပြောတာကို ခေါင်းညိတ်ဖို့ပဲ။
"အင်း ငါလုပ်ထားလိုက်မယ်"
ဆူကီပြောရင်း ပျိုးကို ခေါ်ဖို့ ပျိုးအနားသို့သွားလိုက်တော့ ပျိုးက ထရပ်သည်။
"သူက မမရဲ့ အဖေ မိုင်! သူက မမရဲ့ အဖေလို့ မိုင်ရဲ့... သူ့ဆီကနွေးထွေးမှု တစ်ခါမှမရခဲ့ရင်တောင် သူက မမ အဖေပဲလေ။ ဘယ်လောက်မထိုက်တဲ့ အဖေဖြစ်ပါစေ၊ ဘယ်လောက် အေးစက်တဲ့ဆက်ဆံရေးရှိပါစေ သူက မမ အဖေ! အဖေလို့ဆိုနေ!...
မမလည်း သူ့ကို အများကြီးမချစ်ပါဘူး။ ဒါပေမဲ့ ဒီလိုမျိုးတော့ မဆုံးရှုံးချင်ဘူး။ ဒက်ဒီ့ကို ဒီလိုမဆုံးရှုံးချင်ဘူး မိုင်!"
ပေါက်ကွဲလုနီးပါးပြောလာသည့် ပျိုးကြောင့် မိုင် ဟက်ခနဲရယ်လိုက်သည်။ အဖေဆိုသည့် ခေါင်းစဉ်တစ်ခုတည်းနဲ့ ကာကွယ်ဖို့ကြိုးစားနေတာပဲ။ အမှတ်တရကောင်း တစ်ခုလောက်တောင် ရှာပြီးအသနားခံဖို့မရှိတာတောင်။
"အဖေဆိုတဲ့ ခေါင်းစဥ်လေးကြောင့် ဒီလိုလုပ်မယ်ပေါ့"
"မိုင် တုန်းကလည်း မိုင် အမေ့အတွက်ဘာမဆိုလုပ်မယ့်သူမျိုးလေ။ မိုင် မှတ်မိတယ်မလား"
မိုင် နည်းနည်းမျက်နှာပျက်သွားရသည်။ မတူဘူးလေ။ မတူဘူး။
"မိုင် အမေကလူကောင်း"
"မိုင် အတွက် မိုင် အမေက လူကောင်းတစ်ယောက်ဆိုရင်... မမအတွက် ဒက်ဒီကလည်း လူကောင်းပဲ"
"မိုင် ပြောတာအဲ့လိုပြောတာ မဟုတ်ဘူး"
"ကျေးဇူးပြုပြီး ဒက်ဒီကို..."
မိုင် ငိုပြီးတောင်းဆိုနေတဲ့ ပျိုး ကိုမျက်နှာလွှဲလိုက်သည်။ မိုင်ဆက်မပြောချင်တော့ဘူး။
"ဆူကီ အပေါ်ထပ် ခေါ်သွားလိုက်တော့ ငါပြောသလို သေချာ သော့ခတ်ထားလိုက်ပါ"
"အင်း"
ပျိုးကို ဆူကီ ထိဖို့လုပ်လိုက်တော့ ပျိုး ကြံရာမရသည့်အဆုံး ပျိုးစိတ်ထဲကမပါတဲ့ စကားတို့ကိုပြောလိုက်သည်။
"မမ မုန်းမိလိမ့်မယ်နော် မိုင်! ဒီလိုမျိုး မမကို ဆက်လုပ်နေရင် မိုင့်ကို မမ မုန်းမိလိမ့်မယ် မိုင့်ရဲ့"
ပျိုး မျက်လုံးနှစ်ဖက်ကိုမှိတ်ကာ လက်သီးနှစ်ဖက်စုတ်ထားရင်း မဝံ့မရဲပြောလိုက်သည်။ ဒီပုံစံကိုကြည့်ခြင်းဖြင့် ပျိုး ဟာ စိတ်ထဲကမပါတဲ့ အလိမ်ညာတစ်ခုကိုပြောလိုက်မှန်း မိုင် ချက်ချင်းသိသည်။ သို့သော်လည်း ပျိုးဆီက ထိုစကားကို စိတ်ထဲကမပါပဲ အပြောလေးနဲ့တောင် မိုင် မကြားချင်ပါ။
"မုန်းမယ်! ကောင်းပြီလေ ဦးဖြိုးဝင်းကျော်ကို မိုင် လွတ်အောင် ကူညီပေးမယ်!"
မိုင် စကားကြောင့် ပျိုး မျက်လုံးနှစ်ဖက်ချက်ချင်းပွင့်လာသည်။
"တကယ်လား?"
"အင်း တကယ်"
ပျိုး မယုံချင်ပေမဲ့ မိုင် မျက်လုံးတွေက လိမ်နေတာမဟုတ်ပေ။
"ဒါပေမဲ့ ထပ်ပြီး အခွင့်ရေးပေးမယ်... ဦးဖြိုးဝင်းကျော်နဲ့ မိုင့် ဘယ်သူ့ရွေးမလဲ"
မိုင့်မျက်ဝန်းတွေထဲ သူ့ကိုရွေးချယ်ဖို့တောင်းဆိုသည့် အကြည့်တို့ပါဝင်နေသည်။ မိုင်ဟာ ဒုတိယအကြိမ်ဒါကိုထပ်ပြောလာပြန်သည်။ မိုင့်ကို ရွေးချယ်လိုက်ရင် မိုင်နဲ့ ပျိုး ပျော်ရွှင်ရတဲ့ဘဝလေးပိုင်ဆိုင်နိုင်လောက်မယ်ဆိုပေမဲ့ လူတစ်ယောက်ရဲ့ အသက်၊ သူမ ဖခင်ရဲ့ အသက်ကိုဆုံးရှုံးရလိမ့်မည်။ ပျိုး ဘယ်လိုလုပ် ရွေးချယ်နိုင်မည်နည်း။
"တောင်းပန်ပါတယ်"
ပျိုးစကားအဆုံးမှာ မိုင်ဟာ ဟက်ခနဲရယ်သည်။ သို့သော် ထိုရယ်ခြင်းတွေက အသက်မပါဘူး။
"ကောင်းပြီလေ ဒါဆို မမက မိုင့်ကိုပိုချစ်ပေးပါ။ မိုင့်ကြောင့် ပိုနာကျင်ပေးပါ။ မိုင့်ကြောင့် မမ ဒီထက်ပိုပြီးပိုငိုကြွေးပေးပါ"
မိုင်သိသည်။ မိုင့်ကို ပျိုး ဘယ်တော့မှ ရွေးချယ်မှ မဟုတ်ဘူးဆိုတာ။ အဲ့ဒါကလည်း ငယ်ငယ်တည်းက အဲ့လိုပဲမဟုတ်လား။
"မိုင် အဲ့လောက်ထိ မရက်စက်ချင်ပေမဲ့ မမ က ဒီလိုတွေဖြစ်လာအောင် ဖန်တီးနေတယ်ဆိုတော့ မိုင်လည်း မတတ်နိုင်တော့ဘူး။ ရှေ့လျောက် အများကြီးနာကျင်စရာတွေကြုံလာရင်တောင်မှ မိုင့်ကို လုံးဝမမုန်းပါနဲ့"
ပျိုး ကိုစိုက်ကြည့်ရင်း မိုင် စိတ်ထဲကပါ အတ္တဆန်ဆန်ပြောနေမိသည်။ ပျိုး သည်လည်း မိုင့်ကိုပြန်ကြည့်လိုက်၏။
"မိုင်သာ အဲ့လို ဆန္ဒရှိရင်ဖြစ်စေရမှာပေါ့။ မမ ကချစ်ရတဲ့သူပဲ ဒီလောက်တော့လုပ်ပေးနိုင်ပါတယ် မိုင်"
"ကောင်းပြီလေ အဲ့ဒါဆို မမရဲ့ဒက်ဒီ ကိစ္စကိုဒီတစ်ခါ တကယ်လက်လွှဲလိုက်တော့။ မိုင် ကူညီမယ်... အခုတော့ အပေါ်ထပ်သွားတော့။ ပြီးတော့ မိုင် ပြောထားတယ်နော် မမ အိမ်ထဲက အိမ်ပြင်ထွက်ခွင့်မရှိဘူး!"
"မိုင်သာ တကယ်ကူညီရင် အဲ့ဒါတွေလုပ်စရာမလိုဘူး"
"ဘာပဲဖြစ်ဖြစ် ပိုလုံခြုံအောင်လို့။ ဆူကီ ငါပြောသလိုပဲ အခန်းပြင်ကသော့ခတ်ထားပါ။ ထမင်းစားချိန်က လွဲရင် တစ်ယောက်မှမဝင်စေနဲ့"
မိုင် စကားကို ဆူကီ လက်ခံစွာဖြင့် ခေါင်းငြိမ့်သာပြလိုက်သည်။ ဒါနဲ့ဆို မိုင် ဒါပြောတာ ၃ ကြိမ်ရှိပြီမဟုတ်လား။
"ပျိုး သွားကြမလား"
"အ အင်း"
ပျိုး ထိုင်ရာကထလိုက်တဲ့ အချိန် မိုက်ခနဲဖြစ်သွားသည်မို့ ဆူကီလှမ်းထိန်းလိုက်ရသည်။
"ပျိုး! ရရဲ့... အိုး ကိုယ်တွေ ပူကျစ်နေတာပဲ မိုင်"
"ရပါတယ် ဘာမှ မဖြစ်..."
အငြင်းသဘောဖြင့် ဘာမှမဖြစ်ဟန်ဆောင်နေတဲ့ ပျိုး ကြောင့် မိုင် ကိုယ်တိုင်သွားစမ်းကြည့်တော့ ကိုယ်တော်တော်လေးပူနေ၏။
"ဆူကီ ထားတော့ ငါလိုက်ပို့လိုက်မယ်အပေါ်ကို!... အခုဆရာဝန်သာခေါ်ပေးတော့"
"အင်း"
ပျိုး ကို မိုင် တွဲလိုက်ရင်း နှုတ်မှလည်း အငြိမ်မနေနိုင်စွာဖြင့် တတွတ်တွတ်ပြောမိသည်။
"နေမကောင်းတာကို အဲ့လိုတွေလျောက်သွားပြီး အဖျားကြီးလာအောင်လုပ်တယ်။ မမ တော်တော်စိတ်တိုဖို့ကောင်းတာပဲ!!"
မိုင် အပြောကို ပျိုးကတော့ဘာမှပြန်မပြောပဲ ငြိမ်နေသည်။
"အား စိတ်တိုလိုက်တာ ပေကပ်ကပ်နဲ့"
ပျိုး အခန်းဆီရောက်သွားတော့ ပျိုး ကို ကုတင်ပေါ် သေချာ တင်ပေးလိုက်သည်။
"ခဏလောက်အိပ်လိုက် ခဏနေ ဆရာဝန်လာလိမ့်မယ်"
"အင်း"
"မိုင် ခဏနေပြန်လာမယ်။ အခုခဏလေးအိပ်ရင်းစောင့်နေနော်"
ပျိုး ဘာမှမပြောတော့ပဲ ခေါင်းသာညိတ်လိုက်သည်။ အမှန်က မပြောနိုင်တော့တာပါ။ နေမကောင်းတဲ့အရှိန်ရှိတာကို ဒီနေ့စကားတွေတော်တော်ပြောလိုက်ရတော့ မောနေပြီလေ။ မိုင်လည်း ပျိုး ကို ခဏထားခဲ့ပြီး အပြင်ထွက်သွားလိုက်သည်။
"ဆူကီ့ကို ရှာနေတာ"
"ဘာပြောဦးမလို့လဲ?"
အခုမှ ဆရာဝန်နဲ့ဖုန်းပြောပြီးတဲ့ ဆူကီဟာ အလိုမကျဟန်နှင့် မိုင့်ကိုပြောလာသည်။
"ဟိုကောင်ရော"
"အဲ့ကောင်ကို နင့်လူတွေရိုက်ပြီး လမ်းမှာ ပစ်ချခဲ့တယ်ပြောတယ်"
"အဲ့ကောင်ကို အသေသတ်ရမှာ! ဘာလို့ လွှတ်ပေးလိုက်တာလဲ"
ရက်ရက်စက်စက်ပြောလာသည့် မိုင့်ကြောင့် ဆူကီ သက်ပြင်းချလိုက်မိပြန်သည်။ ဒီနေ့တစ်နေ့လုံး မိုင့်ကြောင့် ဘယ်လောင်သက်ပြင်းချနေရဦးမှာလဲ။
"အဲ့ကိစ္စတွေ လောလောဆယ်ထားပါဦး အိဗ် ရယ်။ အခု ပျိုး ကို ရေဘက်လေးတိုက်ပေးလိုက်ပါလား။ ဆရာဝန်မလာခင် အဖျားလေးဘာလေးနည်းနည်းကျအောင်"
"အစ်မ ထည့်ခေါ်ပါ။ သူက နင့်ထက် ကြီးတယ်"
ဆူကီက စေတနာနဲ့ပြောတာကို အစ်မ ထည့်မခေါ်လို့ ပြန်ရန်တွေ့နေသည့် မိုင်ပါလေ။ ဆူကီလည်း စိတ်ကိုမနည်းလျော့ထားရသည်။
"ဟုတ်ပြီ... ဟုတ်ပြီ!... အစ်မပျိုး ကို ရေဘက်တိုက်ပေးလိုက် ဟုတ်ပြီလား!!!"
"အင်း ငါလုပ်ပေးလိုက်မယ်။ ဆရာဝန်လာရင်တောင် တံခါးခေါက်လိုက်"
မိုင်လည်း ပြောပြီးသည်နှင့် ချက်ချင်း အခန်းထဲပြန်ဝင်လိုက်တော့ ပျိုးအိပ်ပျော်နေပြီ။ မိုင် မနှိုးချင်ပေမဲ့လည်း နှိုးရဦးမည်။
"မမ ကိုရေဘက်တိုက်ပေးဖို့ မမ ရေလဲမချိုးရသေးဘူးဆိုတော့ မမရဲ့ အဝတ်တွေချွတ်လိုက်မယ်နော်"
"ကြိုက်တာလုပ် မိုင်"
ချက်ချင်းပြန်ဖြေပုံအရ ပျိုးဟာ လုံးလုံးအိပ်ပျော်နေတာမဟုတ်မှန်းသိလိုက်သည်။ ထို့အပြင် မိုင် စကားကိုတော့ ပျိုးအဓိပ္ပာယ်တစ်မျိုးကောက်သွားသည်။ သူဆိုလိုတာ အဲ့လိုမဟုတ်ဘူးလေ။
"မဟုတ်ဘူးနော် မိုင် ဒီတိုင်းရေဘက်ပဲ တိုက်ပေးမှာ! ဟိုလိုမဟုတ်ပါဘူး။ မိုင် တောင်းပန်ပါတယ် မနေ့ညက မိုင် မှားသွားတာပါ... မိုင် ဒေါသထွက်သွားမိလို့"
ပျိုး ဘက်က ထပ်ပြီးအသံထွက်မလာတာကြောင့် မိုင် တောင်းပန်စကားဆိုမိသည်။ တကယ်လည်း မိုင် မနေ့ညက အဲ့လိုဖြစ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ပျိုးက မိုင့်ဒေါသကို စွလိုက်လို့သာလေ။
"ရပါတယ်"
"မိုင် တကယ်တောင်းပန်ပါတယ်နော်။ နောက်တစ်ခါ မိုင် အဲ့လိုဒေါသမထွက်အောင် ထိန်းချုပ်ပါ့မယ်"
ပျိုး စိတ်ဆိုးနေမယ်ထင်လို့ မိုင် ချော့မိတယ်။ အမှန်တော့ ပျိုး စကားတွေအများကြီးပြောဖို့ထိကို အားမရှိတော့လို့ပါ။ သို့သော် သူ့ကလေးကတော့ သူ့ကို စကားတွေအများကြီးပြောထွက်အောင်လုပ်နေပြန်သည်။
"မမက မိုင် အပိုင်မဟုတ်လား။ ဒီလောက်က ဘာမှမဖြစ်လို့ ရပါတယ်။ အခုလောလောဆယ် စကားပြောရင် မောလို့ သိပ်မပြောချင်ဘူး မိုင်! အခု မမကို ရေဘက်တိုက်ပေးမယ်ဆိုလဲ မြန်မြန်တိုက်ပေးပါ"
ထိုတော့မှ မိုင်နည်းနည်း စိတ်အေးသွားသည်။ ပျိုး ခွင့်လွှတ်မယ်ဆိုတာ မိုင်သိပြီးသားပါ။ အနိုင်လိုချင်လို့ အနိုင်ယူမိနေပေမဲ့ ထိုကိစ္စကိုတော့ မိုင် အနိုင်ယူပြီးမှ မလိုချင်ပါဘူး။ မိုင်တောင်းဆိုရင် ပျိုးက အလိုလိုက်မှာသိနေပြီးသားမဟုတ်လား။ သို့သော် ပျိုး ဆန္ဒမပါပဲ မိုင် ဒီလိုလုပ် နှစ်ကြိမ်ရှိသွားခဲ့ပြီလေ။
"ဟုတ် မိုင် လုပ်ပေးမယ်နော်။ မမ နည်းနည်းတော့ကြွပေး"
ထိုသို့နှင့် ပျိုးကို မိုင် ရေဘက်တိုက်ပြီး အင်္ကျီပြန်ဝတ်ပေးလိုက်သည်။
"ခဏလေးနေဦး မဝင်လာနဲ့!!"
သို့သော် အင်္ကျီဝတ်မပြီးသေးခင် တံခါးခေါက်သံကြားလိုက်ရတာကြောင့် မိုင် လှမ်းအော်လိုက်ရသည်။
"ဆရာဝန်လာပြီထင်တယ် မမ"
မျက်လုံးလေးမှိတ်ကာ အနားယူနေသည့် ပျိုးကိုလည်း ပြောလိုက်ရသည်။
"အ...အင်း"
မိုင် အမြန်ဝတ်ပေးလိုက်ပြီး ဆရာဝန်ကို အထဲခေါ်လိုက်သည်။ ခုခံအားနည်းနေတုန်း ဝင်လာတဲ့အဖျားဖြစ်တဲ့အတွက် ရိုးရိုးဖျားတာမို့ စိတ်ပူစရာမရှိဘူးတဲ့လေ။ ဆရာဝန်ကတော့ ဒီရက်ပိုင်းအတွင်းသောက်ရမည့်ဆေးနှင့် ဆန်ပြုတ်သာစားရန်မှာခဲ့သည်။
"ဆူကီ နင်ပဲ ဆရာဝန်လိုက်ပို့လိုက်တော့"
"အင်း ငါသိပါတယ်"
ဆူကီ တစ်ယောက် သူ့ရဲ့ အတွင်းရေးမှူးလုပ်တာ ဒါတွေပါလိုက်လုပ်ပေးနေရတော့တယ်။ ဆရာဝန်ပြန်သွားတော့မှ မိုင်ဟာ ပျိုးခြုံထားတဲ့စောင်ကို အနည်းငယ်လှန်လိုက်သည်။ ထို့နောက် ထိုစောင်တွင်းသို့သူပါဝင်လိုက်ရင်း ပျိုးဘေးနားမှာဝင်အိပ်ကာ ပျိုးကို ဖက်ထားလိုက်သည်။ ထိုအခါမှ တစ်ချိန်လုံး မျက်လုံးမှိတ်ထားသည့် ပျိုးဟာ မျက်လုံးလေးပွင့်လာပြီး မိုင့်ကိုကြည့်သည်။
"မမ နေမကောင်းဘူးလေ မိုင်"
"သိတယ် ဒီတိုင်းလေး အိပ်ချင်လို့"
"အဖျားကူးလိမ့်မယ် မိုင်"
"ကူးပါစေ ဘာမှမဖြစ်ဘူး"
"မိုင်!!"
ပျိုး စိတ်ပူ၍ ခပ်ဆတ်ဆတ်လေးအော်လိုက်သော်လည်း မိုင်သည် ပျိုးစကားကို ဂရုမစိုက်ပါ။
"မမ ကိုယ်လေးကပူနေတာပဲ... မိုင် ကိုပြန်ဖက်ထား"
"မိုင်.. အဖျားကူးမယ်လို့ဆိုနေ"
ဒါပဲ တတွတ်တွတ်ပြောနေသည့် ပျိုးရဲ့ပါးလေးကို မိုင် နမ်းလိုက်သည်။
"အိပ်တော့ စကားပြောရင်မောတယ်ဆို... ဘာမှမပြောနဲ့တော့နော်"
"မိုင်"
"တူတူအိပ်ကြတာပေါ့"
ပျိုး ပြောနေတာတွေကို ဂရုမစိုက်ပဲ ဒီထက်ပိုတင်းနေအောင်ဖက်ပြီး မိုင် အိပ်နေတာကြောင့် ပျိုး ဘာမှ ပြောလို့မရ။
"မိုင် ဖျားသွားလိမ့်မယ်လို့ဆိုနေ"
"အဲ့ဒါဆိုလည်းတူတူဖျားတာပေါ့"
"အဲ့လို..."
"အိပ်တော့ကွာ မိုင်လည်း ပင်ပန်းနေပြီနားချင်တယ်"
မိုင် မျက်လုံးတောင်ဖွင့်မကြည့်ပဲပြောလိုက်တာကြောင့် ပျိုး သက်ပြင်းတစ်ချက်ချလိုက်ရသည်။
"သဘောပါပဲ"
"အဲ့ဒါဆို ပြန်ဖက်ထားပေး"
"မမ ဖျားနေပါတယ်ဆို!!"
"အခုလည်းတူတူအိပ်နေတာပဲလေ။ အဖျားကူးမှာဆိုးလို့ မဖက်တော့ရော ဘာကွာခြားသွားမှာလဲ။ အဲ့တော့ မိုင့်ကို ဖက်ထားပေးလို့ဆို"
မိုင့်ကို ပျိုး တကယ်မနိုင်တာကြောင့် မိုင့်ဘက်လှည့်လိုက်ပြီး သူ့ရင်ခွင်ထဲထည့်လိုက်သည်။
"ချစ်တယ် မိုင်"
"မိုင်လည်း... "
မိုင် စကားတို့ဟာ လည်ချောင်းထဲတစ်စို့သွားသည်။ ငယ်ငယ်က စိတ်ဒဏ်ရာဟောင်းတွေဟာ ခေါင်းထဲအပြေးအလွှားပြန်ပေါ်လာ၍ ရင်ထဲမွန်းကျပ်ကာ ရုတ်တရက် ငိုချင်လာသည်။ ဒီစကားကို မိုင် ပြောလို့မရပြန်ဘူး။ လူတိုင်းအတွက်ပြောလို့ရနေတဲ့ စကားက ပျိုး နဲ့ကျမှ ပြောမထွက်တာကြောင့် ကိုယ့်ကိုယ်ကိုလည်း မုန်းသည်။
မိုင် ဆီကဒီလိုပြန်ပြောသံကိုကြားရတော့ မိုင်မပြောပဲနဲ့တောင် ပျိုး ခံစားမိလိုက်သည်။ မိုင်ဟာ သူ့အပေါ် ခံစားချက်ရှိနေတာကိုလေ။ ပျိုး ရင်ခွင်ထဲအိပ်နေတဲ့ ကောင်မလေး တစ်ချက်ချက် ရှိုက်လာတော့ ပျိုး စိုးထိတ်သွားရသည်။
"မိုင် ငိုနေတာလား"
"ဟင့်...အင်း မငိုဘူး"
မငိုဘူးထိန်းပြောနေပေမယ့် ငိုသံလေးနဲ့ပါ။ မိုင် မျက်ရည်ကျတိုင်း ဝမ်းနည်းတိုင်း ပျိုး တကယ်မခံစားနိုင်ပါ။
"ရပါတယ် မမ နားလည်လို့ ဘာမှမဖြစ်ပါဘူး"
"တောင်းပန်ပါတယ် မိုင် တကယ်တောင်းပန်ပါတယ်။ မမကို မိုင် ချစ်လို့မရဘူး။ မမကို မိုင်မချစ်ဘူး"
မိုင့်ဆီက ဒီလိုကြားရတာ ပျိုးအတွက် နာကျင်စရာဆိုပေမဲ့ ပျိုးကြောင့် မိုင်မျက်ရည်ကျတာဟာ ပျိုးအတွက်ပိုနာကျင်ရသည်။
"မမ သိပါတယ်။ ဒါကြောင့် အဲ့ဒါတွေမတွေးပဲ အခုအိပ်လိုက်တော့နော်။ မိုင် မချစ်လည်း မမက မိုင့်ကိုအရမ်းချစ်တယ်လေ မိုင်ရယ်"
ပျိုး တင်းတင်းလေးဖက်ပေးလိုက်တော့ မိုင် က သူ့ကို ပြန်ဖက်လာသည်။ ထို့ကြောင့် မိုင် ရဲ့ ကျောပြင်လေးကို ပုတ်ရင်းသိပ်လိုက်ရသည်။ နေမကောင်းသော်ငြားလည်း ကိုယ့်အသက်ကသူလေ။ မိုင် အဆင်ပြေဖို့က ပျိုး အတွက်ပိုအရေးပါ၏။
...
TBC...
အမှားပါရင် ခွင့်လွှတ်ပါ 🧡
3.5 k words
Thanks for reading 📖
...
Zawgyi....
အိပ္ေနရင္းေတာင္ေခါင္းအရမ္းကိုက္ၿပီး မူး၍အန္ခ်င္လာတာေၾကာင့္ ပ်ိဳး ႏိုးလာသည္။ ေအာက္ပိုင္းနာက်င္ေနေပမဲ့လည္း အန္ခ်င္ေနတာေၾကာင့္ ေရခ်ိဳးခန္းထဲ အျမန္ေျပးသြားမိသည္။ ပ်ိဳးရဲ႕ လႈပ္ရွားမႈေၾကာင့္ ေဘးနားက မိုင္ႏိုးလာသည္။
"ေဝါ့..."
ပ်ိဳး အန္သံေတြၾကားေနရတာေၾကာင့္ မိုင္ မ်က္လုံးအတင္းဖြင့္ၿပီး ေရခ်ိဳးခန္းေလးဆီေလ်ာက္သြားလိုက္သည္။ ပ်ိဳး အနားမိုင္ ေရာက္ေတာ့ဟိုကအန္ၿပီးေနၿပီ။
"မမ ရရဲ႕လား?"
"အ...အင္း"
"ဟိုလူခတ္လိုက္တဲ့ ေဆးျပင္းလို႔ေနမယ္...လာ ထ အခုအိမ္ျပန္မယ္ အိမ္ျပန္ၿပီးဒီကိစၥကိုရွင္းရေအာင္"
ပ်ိဳးကိုဆြဲထူဖို႔လုပ္လိုက္တဲ့ မိုင့္ လက္ကို ပ်ိဳးက ခါထုတ္သည္။
"မမ ျပန္မလိုက္ဘူး"
"က်စ္... မနက္ေစာေစာစီးစီး မိုင့္ကို ေဒါသထြက္ေအာင္ လုပ္ေနတာပဲ"
ပ်ိဳးကို မိုင္လည္း စိတ္မရွည္စြာျဖင့္ေျပာကာ အတင္းဆြဲထူလိုက္သည္။
"လာသြားမယ္! အက်ႌ အခုခ်က္ခ်င္းဝတ္"
"မမ မလိုက္ဘူးေျပာေနတယ္ေလ!"
"မလိုက္ရင္ အက်ႌပါတာမပါတာ နားမလည္ဘူးေနာ္ ဒီတိုင္းဆြဲေခၚသြားမွာ!!"
ေနာက္ဆုံးေတာ့ ပ်ိဳးရဲ႕ ေခါင္းမာမႈပဲအဆုံးသတ္ရသည္။ မဟုတ္လွ်င္ မိုင္ တကယ္လုပ္မွေလ။ဒီလိုနဲ႔ ဒီအိမ္ျပန္ေရာက္လာရတာပဲ။
"သြားထိုင္!"
"သြားထိုင္လို႔ဆိုေန!!"
လမ္းတစ္ေလ်ာက္လုံး ဘာမွမေျပာတဲ့ မိုင္ က အိမ္ေရာက္ေတာ့မွ ပ်ိဳးကို ဧည့္ခန္းထဲ ထိုင္ခိုင္းသည္။
"မမ က မိုင္ အပိုင္လို႔ေျပာထားတယ္ေလ။ ဒီလိုထားၿပီးထြက္သြားလို႔ရမလား"
"အိဗ္! ျပန္ေရာက္ေရာက္ျခင္းနားပါဦး။ ဒါေတြေနာက္မွေျပာပါလား"
ဆူကီဟာ အိမ္ေရာက္ေရာက္ျခင္း ျပႆနာရွာေနသည့္ မိုင့္ကို တားဟန္ေျပာလာသည္။
"မရဘူး ဆူကီ! ဒီတိုင္းလႊတ္ထားလို႔ မျဖစ္ဘူး။ ဟိုေကာင္ဘာလုပ္သြားလဲ နင္ေတြ႕တယ္မလား။ သူေသခ်ာ အကြက္ခ်ထားတာ။ အဲ့ Hotel အခန္းမွာ Camera ပါထည့္ထားတာ ေတြ႕လား!!! သူအဲ့ဒါနဲ႔ ၿခိမ္းေျခာက္ၿပီး မမကို ပိုင္ေအာင္လုပ္မွာ"
"ေအးပါ ေအးပါ ငါသိပါတယ္။ ဒါေပမဲ့ စိတ္ေလ်ာ့ပါ ဦး အိဗ္ရယ္။ ၿပီးေတာ့ သူလည္းနားပါေစဦး"
"ဘာကိုနားခိုင္းရမွာလဲ လုပ္တုန္းက လုပ္ၿပီးေတာ့ သူတစ္ခုခုျဖစ္သြားရင္ဘယ္လိုလုပ္မလဲ။ ကြၽတ္စ္ အဲ့ Son Of Bitch... အား ေတြးရင္နဲ႔ေတာင္ ေဒါသထြက္တယ္!"
ဆူကီဟာ မိုင္နဲ႔ ေပါင္းလာခဲ့တဲ့ တစ္ေလ်ာက္လုံး ဒီေလာက္ေဒါသထြက္တာမျမင္ပါ။ မိုင္ ဒီလိုေဒါသထြက္တာကို မေန႔ညကမွမ်က္ျမင္ကိုယ္ေတြ႕ လိုက္ရျခင္းျဖစ္သည္။
"မမ!!! အ ေနလား တစ္ခုခုေျပာစရာမရွိဘူးလား"
"ဘာကိုေျပာရမွာလဲ မိုင္!... မိုင္ပဲ ဒက္ဒီ ကို ကူညီမယ္ဆိုၿပီး မကူညီမွေတာ့ ဘာလို႔ မိုင့္ဆီမွာေနၿပီး မိုင့္အပိုင္အျဖစ္ေနေပးရဦးမွာလဲ?"
ပ်ိဳး စကားေၾကာင့္ မိုင့္ႏႈတ္္ခမ္းေလးဟာ ပြင့္ဟသြားသည္။ ပ်ိဳး ဒါကို ဘယ္လိုသိသြားတာလဲ မသိေပမဲ့ ဒီကိစၥေလးေၾကာင့္နဲ႔ ဒီလိုလုပ္တယ္ေပါ့။
"အဲ့ဒါနဲ႔ ဟိုေခြးေကာင္ဆီ ငမ္းငမ္းတက္ပါသြားတယ္ေပါ့... ဟိုမွာ အဲ့ေကာင္က မမကို ေဆးခပ္ၿပီး!..."
"သိတယ္ လို႔မေန႔ညကေျပာၿပီးၿပီေလ သိရဲ႕သားနဲ႔ မသိခ်င္ေယာင္ေဆာင္ခဲ့တာ မိုင္! ငါက ငတုံးမဟုတ္ဘူး အကုန္သိတယ္ ငါတစ္ခုလိုခ်င္လို႔ တစ္ခုေပးဆပ္တာ။ အဲ့ဒါေၾကာင့္ ဒီကိစၥမွားေနလည္း ငါဆက္လုပ္မွာပဲ ဒါေပမဲ့ မင္းေၾကာင့္ အကုန္ပ်က္စီးသြားၿပီ!"
မိုင့္ ေမးေၾကာမ်ားတင္းသြားသည္။ ေဒါသထြက္ေနသည္ကို ပိုၿပီးေလာင္စာထည့္လိုက္သလိုပဲ။
"မမ ခႏၶာကိုယ္က ဒီေလာက္ေစ်းေပါလား!"
ပ်ိဳးဟာ သူ႔ကိုစကားျပန္ေျပာမလို႔ ပြင့္ဟလာၿပီးမွ ျပန္ပိတ္သြားသည္။
"ဘာလဲ မဟုတ္ေၾကာင္းေတာင္ ျပန္မေျပာႏိုင္ဘူးလား ေဆာင္းရိပ္ပ်ိဳး!... အဟက္ မထူးဆန္းလွပါဘူး။ အဲ့ဒါေၾကာင့္ ခေယာင္းေႁခြရဲ႕ အသုံးေတာ္ခံလည္းျဖစ္ခဲ့တာမလား။ ႐ြံဖို႔ေကာင္းလိုက္တဲ့ မိန္းမ"
မိုင္သည္ ေျပာရင္း ပ်ိဳး ဆီသြားဖို႔လုပ္ေတာ့ ဆူကီ ထိန္းထားလိုက္သည္။ မဟုတ္ရင္ ဒီတစ္ေယာက္ကို မိုင္ တစ္ခုခုလုပ္မိတယ္ဆိုတာသိလို႔။
"မမက အဲ့လိုမိန္းမလို႔ မိုင္ထင္ေနရင္လည္း လက္လႊတ္လိုက္ေပါ့ မိုင္ရယ္။ ႐ြံဖို႔ေကာင္းတဲ့ မိန္းမကို ဘာလို႔ အနားမွာေခၚထားဦးမွာလဲ... မမကေတာ့ မိုင္ ဘယ္လိုထင္ထင္ ဂ႐ုစိုက္မွာမဟုတ္ဘူး။ မိုင့္ဆီကေန အကူညီရဖို႔ မမကို မမ ေပးဆပ္ရတာပဲမဟုတ္လား!...
မိုင့္ဆီကေနေတာင္ အကူညီအလကားရခဲ့လို႔လား။ အဲ့ေတာ့ မိုင္ မကူညီခ်င္ရင္ မေႏွာက္ယွက္ပါနဲ႔။ မိုင့္ကို မမ ဘာေတြမ်ား အမ်ားႀကီးေတာင္းဆိုမိလို႔လဲ... မကူညီေပးလည္း ဒီတိုင္း လႊတ္ထားေပးလိုက္ေတာ့ပါလား"
မိုင္ေျပာသမွ်ကို အၿမဲၿငိမ္ခံသည့္ ပ်ိဳးဟာ အခုလိုျပန္ေျပာလာေတာ့ မိုင္ စိတ္မထိန္းႏိုင္ျဖစ္လာသည္။ တကယ္ေတာ့ ပ်ိဳးမွာ မိုင့္စကားၾကမ္းၾကမ္းေတြေၾကာင့္ အသက္မရွဴႏိုင္ေလာက္ေအာင္ နာက်င္ေနရၿပီဆိုတာ မိုင္မွ မသိပဲ။
"ဒါက ေႏွာက္ယွက္တာတဲ့လား... ဒီမွာ မမ!... မမ ကို မကူညီေပးရင္ေတာင္ မမက မိုင့္အပိုင္ပဲျဖစ္မွာ!!... မမေၾကာင့္ မိုင္ သုံးလိုက္ရတဲ့ ပိုက္ဆံေတြအမ်ားႀကီး!!"
"အကူညီမေတာင္းခဲ့ပါဘူး... မိုင့္ဆီက မမ ေတာင္းခဲ့တဲ့ အကူညီကတစ္ခုတည္းပါ။ ဒက္ဒီကို လြတ္ေအာင္ မလုပ္ေပးႏိုင္ရင္ေတာင္ ေသဒဏ္မက်ခ်င္႐ုံေလးပါ"
ပ်ိဳး အသံကိုထိန္းကာေျပာလိုက္ေပမဲ့ တုန္ရီလာသည္။ ၿပီးေတာ့ ခ်က္ခ်င္းဆိုသလို မ်က္ရည္ကိုလည္း မထိန္းႏိုင္ေတာ့။ ဒါေလးကိုေတာင္ မိုင္မလုပ္ေပးႏိုင္ဘူးမဟုတ္လား။
"ေဆာရီ မမ... ဒါေတာ့ မိုင္ မကူညီႏိုင္ဘူး။ သူက မမ ဒီလိုလုပ္ေပးတာနဲ႔ မတန္ဘူး သူက အေဖေကာင္းမဟုတ္ဘူး...ၿပီးေတာ့ ထပ္ၿပီး ဒီအိမ္ကေန အိမ္အျပင္ ေျခတစ္လွမ္းလွမ္းဖို႔ မႀကိဳးစားနဲ႔။ မမ ေနာက္တစ္ခါ ဒီလို ထြက္ေျပးတာကို သိရင္ မမ ေျခေထာက္ေတြကို ႐ိုက္ခ်ိဳး ပစ္မိမယ္ထင္တယ္"
မိုင္ဟာ ပ်ိဳး ကို ၿခိမ္းေျခာက္သလို ေျပာၿပီး
You are reading the story above: TeenFic.Net