"အိဗ်"
"ဆူကီ ဘာကိစ္စလဲ"
"နင်အလုပ်ရှုပ်နေတာလား"
"အင်း နည်းနည်း ဘာကိစ္စလဲ"
"ဘာကိစ္စမှ ရှိလို့မဟုတ်ဘူး နာရီကို ကြည့်ဦး မနက် ၅ခွဲနေပြီ နင်အိပ်သင့်ပြီ။ မနက်ကျရင်လည်း အစည်းဝေးတောင်ဖျက်ပြီး ပျိုး အဖေနဲ့တွေ့ဦးမယ်ဆို"
"ငါ သိပါတယ် နင်ကျတော့ မအိပ်သေးပဲ"
"ငါက ရေဆာလို့တရေးနိုးလာတာဟဲ့ အဲ့အလုပ်တွေပဲ ဖိလုပ်မနေနဲ့"
"အင်းပါ ဟုတ်ပါပြီဟာ အခုအိပ်ပြီ။ အပေါ်တက်တော့မယ်"
မိုင် တရေးနိုးပြီးတည်းက အိပ်မပျော်၍ အိမ်အောက်တွင် အလုပ်လုပ်နေသည်ကို ဆူကီဟာ တွေ့ပြီးပွါးနေတော့ ဆူကီ့ရှေ့မှာတင် Laptop ကို ပိတ်လိုက်ပြီး အပေါ်တက် တက်သွားလိုက်တော့သည်။ နေ့တိုင်းညနက်တဲ့ထိဧည့်ခန်းထဲတွင်အလုပ်လုပ်သည့် မိုင့်ကို ဆူကီစိတ်ပူ၍ပြောခြင်းဆိုတာကိုတော့ မိုင်နားလည်ပါသည်။
မိုင့်အခန်းကိုသွားဖို့ ပျိုး အခန်းရှေ့ကို မိုင်ဖြတ်သွားရသည်လေ။ ထို့ကြောင့် ပျိုးအခန်းလေးထဲ ဝင်ကြည့်ဖို့စဉ်းစားလိုက်ပေမဲ့ မိုင် ဝင်မိလို့ ပျိုး နိုးသွားမှာလည်း စိတ်ပူတာကြောင့် ပျိုးအခန်းလေးကိုကျော်ပြီး သူ့အခန်းသာ သွားလိုက်သည်။
...
"မမ... မမ ထတော့ ဆေးသောက်မယ်"
"အွန်း မိုင်"
မိုင့်ကို ပျိုး တွေ့လိုက်တော့ အိပ်ချင်မူးတူးဖြင့်တောင် ချက်ချင်းထလိုက်လာသည်လေ။
"အဖျားတွေတက်နေတယ်နော် မမ! မနေ့က ဆေးသောက်ရဲ့လား?"
"အ..အင်း ဟုတ် သောက်ပါတယ်"
"အဲ့ဒါဆို အခု ထပ်သောက်!ရော့"
မိုင်ပြောတော့ မိုင့် လက်ထဲက ဆေးလုံးနဲ့ ရေခွက်ကို ပျိုး ယူလိုက်သည်။
"အခု ဘယ်နှစ်နာရီလဲ?"
"၈ ခွဲကျော်ပြီ မိုင် အလုပ်သွားရတော့မယ်"
"သွားတော့လေ သွား"
"မမ အရင်ဆေးသောက်ပါဦး"
"မမ သောက်ထားလိုက်မယ်လေ တစ်ခုခုစားပြီးမှ"
မိုင် မျက်နှာက ချက်ချင်း အလိုမကျတဲ့ ပုံပြောင်းသွားရသည်။ မိုင် တစ်ခုခုကိုလည်းမှတ်မိသလိုရှိသွားသည်။
"မမ ဆေးကြောက်တာလား?"
"မ...မကြောက်ပါဘူး!"
ပျိုး အကြောက်အကန်ငြင်းလေသည်။ ထို့ကြောင့် ပျိုး ဆေးကြောက်တယ်ဆိုတာမှန်ကြောင်း မိုင် မှတ်မိသွားလေသည်။ ပျိုး အနားမှာ မိုင် ငယ်စဉ်တည်းက အခုချိန်ထိရှိလာသမျှ ပျိုး ဖျားတာဒါနဲ့မှ နှစ်ခါပဲတွေ့ဖူးခဲ့သည်။ ပထမတစ်ခါတုန်းက မိုင် သူတို့အိမ်ရောက်ပြီးတစ်နှစ်လောက်ရှိမည်ထင်သည်။ ပျိုး ဆေးမသောက်လို့ နေမကောင်းတာက အရှင်းမပျောက်ပဲ ပြန်ပြန်ဖြစ်နေခဲ့တာ။
အဲ့တုန်းကတော့ မိုင်လည်း ပျိုးဆေးကြောက်တတ်သည်ကိုသတိထားမိခဲ့။ ဒီတိုင်းအဖျားကြီးလို့မပျောက်တာဟုပဲ ထင်ခဲ့တာ။ အခုမှ ဒါကို ကောင်းကောင်းသဘောပေါက်တော့သည်။ ဒါတောင် ဒီအကြောင်းကိုမေ့နေမိတာ။
"ဝါး တကယ် မမ ဆေးကြောက်တာပဲ။ ထင်တောင်မထင်ထားဘူး!... မမ မနေ့ကလည်း ဆေးမသောက်ဘူးမလား?"
အလိမ်ပေါ်သွား၍ ပျိုး နည်းနည်းမျက်နှာလေးညှိုးသွားသည်။ ပျိုး တကယ်ဆေးကြောက်ပါသည်။ သောက်ဆေးတင်မကပဲ ဆေးထိုးရမှာလဲ ကြောက်သည်။ အဲ့ဒါတွေကြောင့် ပျိုးငယ်ငယ်ကတည်းက နေမကောင်းဖြစ်မှာကိုအရမ်းကြောက်ခဲ့ပြီး ကျန်းမာရေးကို အခုချိန်ထိ တော်တော်ဂရုစိုက်ခဲ့သည်။ ဒါပေမဲ့ အခုတလော စိတ်ရှုပ်စရာလေးတွေရှိလို့ တစ်ချက် သတိလက်လွတ်နေဖြစ်သွားမိတာ။ ဒါကို အဖျားက တန်းဝင်လာတာပဲ။
"မ...မဟုတ်ဘူး မမက..."
ပျိုး လက်ထဲကဆေးလုံးကို မိုင်ဟာ သူ့ပါးစပ်ထဲထည့်လိုက်ပြီး ရေနည်းနည်းသောက်လိုက်သည်။ ဒါပေမဲ့ မြိုတော့မချပဲ ပျိုး ပါးလေးကိုဖျစ်ရင်း ပျိုး နှုတ်ခမ်းကို သူ့နှုတ်ခမ်းနဲ့တေ့ကာ ပျိုး အားတိုက်လိုက်တော့သည်။
"နည်းနည်းတော့ခါးတယ်။ အင်း မမ ကြောက်တာလဲ ဖြစ်သင့်ပါတယ်"
ပျိုး ကတော့ အလျင်စလိုလုပ်သွားတဲ့ မိုင့်ကြောင့် ဘာမှမပြောနိုင်ပဲ ကျောက်ရုပ်တစ်ရှုပ်လို မလှုပ်မရှက်။ ခါးသပ်မှုကိုခံစားရပေမဲ့လည်း အဲ့ဒါကစိတ်ထဲမဝင်တော့။
"မမ! မမ!"
"ဟင်...မိုင်"
"မိုင် သွားတော့မယ်လို့"
ပျိုး ကိုပြုံးစိစိနှင့် မိုင်ကြောင့် ပျိုး အရှက်ရသလိုခံစားရပေမဲ့ ခေါင်းလေးညိတ်လိုက်သည်။
"ဂရုစိုက်ပြီးသွား!"
"ဟုတ်ကဲ့ပါ ဒါနဲ့ဆေးမသောက်ရဲရင် မိုင် ပြန်လာမှတိုက်မယ်နော်။ အခုတော့သွားပြီ"
မိုင် ဆေးတိုက်မယ်ပြောတော့ ပျိုး မျက်နှာလေးပန်းရောင်သန်းသွားစေပြန်သည်။
"အ...အွန်း"
ထွက်သွားခါနီး မိုင် သည်တစ်ခုခုသတိရပြီး ပြန်လှည့်လာတယ်။
"မေ့နေတာ"
ထိုစကားကို မိုင် နှုတ်ဖျားကလည်းခပ်ဖွဖွပြောရင်း ပျိုး Tattoo လေးကို နမ်းသွားသည်။
"တကယ်သွားပြီ နေကောင်းအောင်နေနော်။ အိမ်ကကောင်မလေးတွေကို ဆန်ပြုတ်ပြုတ်ထားခိုင်းခဲ့မယ်။ ပြီးတော့ နွေးနွေးထွေးထွေးနေဦး။ မိုင် မနေ့က ဝယ်ပေးတဲ့ထဲ အနွေးထည်မပါလာလို့ မိုင် လမ်းမှာ ဝယ်ပေးပြီး အိမ်ကိုတစ်ယောက်ယောက်လာပို့ ခိုင်းလိုက်မယ်နော်"
မိုင့်နှုတ်က ထွက်သမျှဟာ ဂရုစိုက်ခြင်းတွေပါနေတော့ ပျိုး ပြုံးလိုက်မိသည်။ မိုင်ဒီလိုဂရုစိုက်တာကို ပျိုး သဘောကျသည်မဟုတ်လား။
"ရပါတယ် မိုင်သာ ဂရုစိုက်ပြီးသွားပါ"
"ဟုတ် မိုင် သွားပြီ မမ"
ပျိုး အတွက် အရင်က မိုင်ဟာ စကားနည်းတဲ့ ကလေးမလေးလေ။ အခုတော့ စကားတွေတရစပ်ပြောတက်တဲ့ကောင်မလေးဖြစ်လာခဲ့သည်ပေါ့။ ထွက်သွားတဲ့ မိုင် ကျောပြင်ကိုကြည့်ရင်း ပျိုး စို့နစ်စွာပြုံးလိုက်သည်။
"တောင်းပန်ပါတယ်... မမလေ မိုင်ဆေးတိုက်မှာကို ထပ်မသောက်နိုင်တော့ဘူး"
...
"အိဗ် နင် ဟိုကိုအရင်သွားမှာလား"
"အင်း အဲ့အဖိုးကြီးနဲ့ တွေ့ပြီးမှ Company ကို သွားကျတာပေါ့"
"ကောင်းပြီလေ အဲ့ဒါဆို အဲ့ပဲမောင်းခိုင်းလိုက်မယ်"
တရားခံနဲ့ တွေ့ချိန်မဟုတ်ပေမဲ့လည်း သိင်္ခလွန်းမိုင်မှမဟုတ်တော့တာ။ မိုင်အီဗလင်လေ။ အဲ့တော့ မဖြစ်နိုင်တဲ့အရာတွေကအစ အရာရာဖြစ်တယ်မလား။ အခုလည်း ထောင်သားတို့ကို တွေ့ရမည့်နေရာမဟုတ်ပဲ သက်သက်တွေ့ဖို့ပြင်ဆင်ပေးထားသည့် အခန်းထဲမှာပင်။
"မိုင်?"
"ဦးလေးရယ် ၈ နှစ်ပဲ မတွေ့ကြတာပါ။ ဘာလို့ အထူးဆန်းကြီးဖြစ်နေတာလဲ?"
"အထူးဆန်းမဖြစ်ပါဘူး မင်းပြန်ရောက်နေတာသိပြီးသားပါ"
"ထင်ပါတယ် Mai Evelyn ဆိုတာကိုသိနေတယ်မလား"
"အင်း သိနေတာကြာပြီ"
ဦးဖြိုးဝင်းကျော်ဟာ အံကြိတ်ရင်းပြောလာသည်။ ဒေါသကို ထိန်းချုပ်ထားပုံပဲလေ။ ထို့ကြောင့် မိုင်ပြုံးလိုက်မိသည်။
"အဲ့ဒါဆို ဘာလို့ မမ ကိုမပြောတာလဲ"
"..."
ဘာမှပြန်မဖြေတဲ့ ဦးဖြိုးဝင်းကျော်ကြောင့် မိုင် ရယ်လိုက်မိသည်။
"မမ သာသိသွားရင် ဒီ Company ဒီထက်စောပြီး ပျက်စီးသွားမှာစိုးလို့မလား?"
ပျိုး သိရင် အခုလိုအချိန်ကုန်ခံ အပင်ပန်းခံပြီး Company ကို ကယ်တင်နေမှာမဟုတ်ဘူးလေ။ ပျိုးဟာ မိုင်မှန်းသိရင် သက်သက်ကို အရှုံးပေးလိုက်မှာ။
"ဒီမှာ ဘာရည်ရွယ်ချက်တွေကြောင့် ဒီလိုလုပ်တာလဲ မမေးချင်တော့ပေမဲ့... ဒါတွေဖြစ်လာတာ ပျိုးနဲ့ ဘာမှ မဆိုင်ပါဘူး။ အဖေဖြစ်တဲ့ ငါမကောင်းလို့ပါ"
"ဒါပေါ့ အဲ့ဒါကတော့ လုံးဝရာနှုန်းပြည့် သေချာတယ်လေ။ အဟက် ဒါနဲ့ ဦးလေး မိုင့်ကို တစ်ခုခုမပြောချင်ဘူးလား?"
ချမ်းသာသွားတော့ လေသံတွေက အစပြောင်းလဲသွားတဲ့ မိုင့်ကို ခေါင်းအစခြေအဆုံးတစ်ချက်ကြည့်ပြီး ဦးဖြိုးဝင်းကျော် ပြုံးလိုက်သည်။
"အခုလိုလုပ်ခဲ့တာတွေအတွက် ငါတစ်ခါမှ နောင်တ မရဖူးဘူး ကလေးမ။ အဲ့အတွက် မင်းကို ဒီလိုဆက်ဆံ ခဲ့တာလဲ နောင်တမရဘူး"
မိုင် ဒေါသထွက်သွားရသော်လည်း ဟက်ခနဲထပ်ရယ်လိုက်ရသည်။ မဟုတ်ရင် ဒီလူကြီးပျော်သွားမည်မဟုတ်လား။
"သေခါနီးအထိတောင် မာနလာကြီးပြနေတာပဲ။ ဘယ်လိုလဲ ဦးလေး!... ဦးလေးပြောတော့ မမက ဒီလိုအဆင့်တန်းမျိုး၊ ဒီလိုဘဝ ဘယ်တော့မှမရောက်ဘူးဆို"
လွန်ခဲ့သည့် ၈ နှစ်က မိုင်ထွက်မသွားခင်ပြောခဲ့သည့် ဦးဖြိုးဝင်းကျော်စကားကို မိုင် ပြန်ပြောလိုက်တော့ ဦးဖြိုးဝင်းကျော် မျက်နှာသိသိသာသာပျက်ကြသွားသည်။ အဲ့တုန်းက မိုင်ဟာ မမကိုပြန်လာယူမည်ဖြစ်ကြောင်းကို ဦးဖြိုးဝင်းကျော်ကို စိန်ခေါ်သလိုပြောခဲ့တာလေ။ ဒါပေမဲ့ ဦးဖြိုးဝင်းကျော်မထင်ခဲ့တာက မိုင် ဒီလောက်အငြိုးကြီးမည်ဆိုတာကို။
"ဦးလေး အရင်ကလုပ်ခဲ့သလိုပေါ့နော်။ ဒါပေမဲ့ စိတ်ချပါ မမကို မိုင် သေချာစောင့်ရှောက်ပေးပါ့မယ်။ ဒါပေမဲ့ ဦးလေးသေတဲ့အထိ မမနဲ့ထပ်မတွေ့စေရဘူး"
ငယ်ငယ်က မိုင့်အမေကိုပေးမတွေ့တုန်းက ပြောခဲ့တာတွေကို မိုင်သတိရနေတုန်းပဲ။ နောက်ဆုံးထွက်သက်မှာတော့ တွေ့ခွင့်ရခဲ့ပေမဲ့ အဲ့ဒါဟာ ပျိုးကြောင့်တွေ့ခဲ့ရခဲ့တာလေ။ ဒီအဖိုးကြီးကြောင့်မှမဟုတ်တာပဲ။
"ဘယ်သူကတွေ့မယ်လို့တောင်းဆိုနေလို့လဲ ကလေးမ"
"အဟက်... ဟုတ်ပြီလေ မိုင်ကလည်း အဲ့ဒါလာပြောတာ။ စိတ်ချလက်ချ သေလမ်းကို ဖြောင့်ဖြောင့်သွားပါလို့။ မမ ကိုလည်း ဦးလေးတုန်းက မေမေ့ကိုလုပ်ခဲ့သလို မိုင့် ဘေးမှာ မိုင့်ရဲ့ တရားမဝင်မယား၊ အပျော်မယားအဖြစ်ထားပေးထားပါ့မယ်"
"မင်း!!!"
တစ်ချိန်လုံးတည်တည်ငြိမ်ငြိမ်ပြောနေတဲ့ ဦးဖြိုးဝင်းကျော် အခုမှပဲဒေါသထွက်လာပုံပေါက်ကာ ချက်ချင်းဆိုသလို ကြောက်စရာကောင်းသောအသွင်ပြောင်းသွားသည်။ ထို့ကြောင့် မိုင် လည်း မျက်လုံးတစ်ဖက်မှိတ်ကာ လေသံတိုးတိုးဖြင့်ပြောလိုက်သည်။
"သေချာဂရုစိုက်ပေးမှာပါ မိန်းကလေးချင်းမို့အရမ်းတော့စိုးမရိမ်ပါနဲ့"
"မိုင်!! ငါက သူ့အဖေနော် ငါ့ရှေ့မှမင်းဒီလိုမျိုး!!"
ဦးဖြိုးဝင်းကျော် ဒေါသတို့ထိန်းမရပဲ မိုင် လည်ပင်းကို ထညစ်လေသည်။ ဘေးနားက ရဲအစောင့်ထိန်းပေးမဲ့ မရ။ ထို့ကြောင့် ထိုရဲကပဲအော်ကာအကူညီလှမ်းတောင်းလိုက်ခြင်းအပြင်အစောင့်တို့ပါဝင်ထိန်းရသည်။
"အဟွတ် အဟွတ်"
"အိဗ် ရရဲ့လား"
ဆူကီလည်း စိုးရိမ်တကြီးဝင်လာပြီးမေးလိုက်သည်။ ဆူကီလည်း ဝင်ဆွဲပေမဲ့မရခဲ့ဘူးမဟုတ်လား။
"အဆင်ပြေပါတယ်။ အဲ့ဒါကြောင့် အားလုံး ပြန်ထွက်သွားပေးကြပါ စကားပြောလို့ မပြီးသေးလို့!"
"ဒါပေမဲ့..."
"နောက်တစ်ခါ သူဒီလိုလုပ်ရင်လည်း ရှင်တို့လာထိန်းပေးပေါ့"
"အိဗ်!"
"ငါပြောလို့မပြီးသေးဘူးလို့ ပြောနေတယ်လေ!!!"
မိုင် ၏အော်သံသည် အခန်းတစ်ခုလုံး ဟိန်းသွား၏။ ဆူကီ နဲ့ရဲအစောင့်တို့ဟာလည်း မိုင် ဒေါသထွက်နေတဲ့ ပုံရတာကြောင့် အကုန်လုံးပြန်ထွက်သွားကြသည်။
"ရှင့်လုပ်ရက်တွေက ရှင့်သမီးကိုပိုနာကျင်စေရမယ်ဆိုတာမသိဘူးလား"
မိုင်ပြောလိုက်တော့ ဦးဖြိုးဝင်းကျော်သည် ဒေါသကိုပြန်သိမ်းလိုက်သယောင်။ ဒီလူကြီးဟာ ပျိုးကို ဒီလောက်ချစ်တယ်ဆိုတာ မယုံနိုင်စရာပဲ။
"ပျိုးနဲ့ ဘာမှမဆိုင်ဘူးလို့ပြောပြီးပြီလေ။ မင်းငါ့ကို အငြိုးထားလို့ရတယ်... ဒါပေမဲ့ အဲ့အငြိုးကိုတော့ ပျိုးကို မပုံချနဲ့။ မင်းအပေါ် သူလုပ်ခဲ့သမျှအရာအားလုံးက လုပ်ချင်လို့လုပ်ခဲ့တာမဟုတ်ဘူး။ မင်းကို ကာကွယ်ဖို့ချည်းလုပ်ခဲ့တာ!... ငါ့လက်ကနေ မင်းကို..."
မိုင်သည် လက်တစ်ဖက်ဖြင့် ဦးဖြိုးဝင်းကျော်စကားကို ဟန့်တားလိုက်သည်။
"အဲ့ဒါတွေ မသိချင်ဘူး"
မိုင့် စကားကြောင့် ဦးဖြိုးဝင်းကျော်ဒေါသခဏဟာ ခဏငြိမ်သွားပြီး နားမလည်သလိုကြည့်လာသည်။
"မင်း... မင်းသိနေတာလား"
ဦးဖြိုးဝင်းကျော်စကားကြောင့် မိုင်ဟာ ဟက်ခနဲရယ်လိုက်သည်။
"ဒီ ၈ နှစ်အတွင်းမှာခန့်မှန်းလိုက်တာပါ... အခုတော့ ထင်ထားတာမှန်တဲ့ပုံပဲ"
"ဒါဆို ပျိုးလေးကို မင်း ပိုတောင်မထိသင့်ဘူး"
"ဘာလို့လဲ"
သွေးအေးအေးနှင့် ပြန်ဖြေလာသည့် မိုင့်စကားကြောင့် ဦးဖြိုးဝင်းကျော်အံ့ဩသွားဟန်။
"ဘာလို့ မထိသင့်ရမှာလဲ။ ကောင်းပြီ မထိသင့်ဘူးဆိုရင် မိုင့်ဘဝကို သာမန်ဖြစ်အောင်လုပ်ပေး!... ဒီလိုမျိုး အသက်ရှူလိုက်တိုင်းပင်ပန်းရတဲ့ ဘဝမျိုးနဲ့မဟုတ်ပဲ၊ မွန်းကြပ်ရတဲ့ ဘဝမျိုးမဟုတ်ပဲ ရှင်သန်ချင်တယ်"
"အခု မင်းဘဝကအဆင်ပြေနေပြီလေ!... မင်းငါ့ကိုတောင် အလဲထိုးနိုင်ခဲ့သေးတာပဲ ဘာတွေထပ်လိုချင်နေတာလဲ"
ဦးဖြိုးဝင်းကျော်စကားကြောင့် မိုင်ဟာ သူ့ရှပ်အင်္ကျီကြယ်သီး နှစ်လုံးလောက်ကိုဖြုတ်လိုက်သည်။ ထို့နောက် ဆွဲဟလိုက်သည်။
"ဒီ အမာရွတ်ဘယ်လိုရလဲဆိုတာ ရှင်သိတယ်မလား။ ရှင့်အိမ်အခြေနေတွေကို ရှင့်လိုတွေကို အမြဲစောင့်ကြည့်ခိုင်းထားတာမို့ ဒါဘာလဲဆိုတာ သိကောင်းသိမှာပါ"
ဦးဖြိုးဝင်းကျော်သည် မိုင်ပြသည့်နေရာကိုကြည့်လိုက်သည်။ မိုင် ပြသည့်နေရာဟာ ညှပ်ရိုးအပေါ်နားလေးလေ။ ထိုနေရာမှာ အပေါက်ရာလေးတွေဖြစ်နေသည်။ ပြောရလျှင် အမာရွက်ပေါ့။ ဒီထက်ပိုပြီး သေသေချာချာပြောရလျှင် ဆေးလိပ်မီးစနဲ့ထိုးခံထားရတဲ့ အမာရွတ်တွေပေါ့။ ဒါကို ဦးဖြိုးဝင်းကျော်က နားမလည်သလိုကြည့်တော့ မိုင် ခါးခါးသီးသီးပြုံးလိုက်မိသည်။
"သမီးပျိုးလုပ်တာလား"
မိုင့်ကို ဒီလိုဒဏ်ရာတွေပေးတာ သူ့သမီးပဲရှိခဲ့တာမို့ ရမ်းတမ်းပြောနေပုံလေ။ မှန်ပေမဲ့ အလုံးစုံတော့မဟုတ်။
"ဒီလိုကြည့်မကောင်းတဲ့ ဒဏ်ရာတွေပေးတာ ရှင့်သမီးအပြင်ဘယ်သူရှိမှာလဲ"
ဒါဟာ မိုင့်ဘဝအိမ်မက်ဆိုးတွေထဲမှာ နောက်ထပ်ထင်ထင်ရှားရှားမှတ်မိနေသည့် အိမ်မက်ဆိုးပဲ။ မိုင့်ဘဝက ပိုပြီးကံဆိုးလာသည့်အချိန်ဟာ ခြောက်တန်းတွင်သာ။ မိုင်ဟာ အပျော်မယားမိန်းမဆိုတာဘယ်ကမှန်းမသိပေါက်ကြားသွားခဲ့တဲ့အချိန်ကပေါ့။ ဆိုးသွမ်းနေတဲ့ လူချမ်းသာတွေနဲ့ပစ်မှတ်ဖြစ်ခဲ့ရသည်။
လပိုင်းလောက် နေ့တိုင်းနီးပါး ဒဏ်ရာတွေနဲ့ အိမ်ပြန်လားရသည်။ မိုင် ဒဏ်ရာတွေပါလာတိုင်း ပျိုးဟာ မိုင့်ကို ခံလာလို့ဒေါသတကြီး ဆူပူ၊ အော်ဟစ်တတ်သည်။ ပစ္စည်းတွေပစ်ပေါက်တတ်သည်။ သို့သော် မိုင် ဒီအနိုင်ကျင့်မှုတွေကို ခံမလာလို့ ဘယ်လိုလုပ်ရမည်နည်း။ လူအင်အားမှမမျှပဲ။ မိုင့်ကို ကူညီမယ့်သူမရှိတဲ့အပြင် ပျိုးကလည်း မြင်ရက်နဲ့ကိုပစ်ပယ်ထားခဲ့တယ်မဟုတ်လား။
'မလုပ်ပါနဲ့ မမ မလုပ်ပါနဲ့ အားးး'
အခုမှညှိပေးသား ဆေးလိပ်ဟာ မိုင့်၏ ညှပ်ရိုးပေါ်နားသို့ကျရောက်လာသည်။ ထိုနေရာက မိုင့် အနာတည့်တည့်သာ။ အနာဆိုသည်ထက် ကျောင်းကအဖွဲ့ဟာ မိုင့်ကို သူတို့ရဲ့ ဆေးလိပ်မီးခွက်လုပ်ခဲ့တာလေ။ ထိုနေရာမှာပေါ့။ ဒါကို ပျိုးသိတော့ ပိုဆိုးသွားခဲ့တာ။ ဘာကြောင့် မိုင်ဟာ နှစ်ခါနာကျင်ရသလဲ။
'နောက်တစ်ခါ ဒီလိုအမှတ်အသားကျန်ခဲ့နိုင်တဲ့ ဒဏ်ရာရလာရင် အဲ့ဒဏ်ရာပေါ်မှာ တစ်ထပ်တည်းတူတဲ့ ငါပေးတဲ့ဒဏ်ရာထပ်ရမယ်မှတ် သိင်္ခလွန်းမိုင်'
'နောက်ထပ် ဒီလိုဒဏ်ရာမရလာစေနဲ့... မဟုတ်ရင် ဒီထက်ပိုဆိုးမယ်'
ပျိုးထွက်သွားတော့မှ မိုင့်လက်ကိုချုပ်ထားသည့် အစေခံနှစ်ယောက်ဟာ လွှတ်ပေးလိုက်သည်။ မိုင် ခွေခနဲလဲကျသွားသည်။ လောကကြီးနဲ့ အဆက်သွယ်ပျက်သွားတဲ့အထိ မိုင် နာကျင်မှုဝေဒနာကိုခံစားခဲ့ရသည်မဟုတ်လား။ ဘယ်နှရက်အဖျားတက်သွားသလဲဆိုတာတောင် မသိတော့။
ပျိုးပြောသည့်စကားလို မိုင်ဟာ ပျိုးကိုလက်စားချေနေသည်လား။ ဒါကို လက်မခံပေမဲ့ မိုင်မရည်ရွယ်ပဲလုပ်ခဲ့သည့် အရာတွေဟာ ပျိုးကို ဂလဲ့စားချေနေသလိုပဲ။ ဥပမာပြောရရင် ပျိုးရဲ့ တက်တူးလေးပေါ့။ ဒါပေမဲ့ ပျိုး တက်တူးဟာ တစ်မျိုးဖြစ်နေပေမဲ့ မိုင့် အမာရွတ်တွေလိုတော့ ရွံစရာကောင်းမနေပါဘူး။ မိုင့် တစ်ကိုယ်လုံးကို မိုင်အမုန်းဆုံးပဲ။ အစိတ်ပိုင်းတိုင်းကိုရွံတာ။ မိုင်ကံကောင်းသည်ပဲဆိုရမလား။ မိုင့်မျက်နှာလေးမထိခိုက်လာလို့ပေါ့။
"အဲ့အမာရွတ်က ပျိုးကြောင့်ဖြစ်ခဲ့ရတာကို မှတ်မိပြီ။ ဒါပေမဲ့ အဲ့ကိစ္စကိုရှင်းပြမယ် အဲ့တုန်းက..."
"မလိုဘူး!... မမက မိုင့်ကို ရှင့်ဆီကကာကွယ်ဖို့လုပ်ခဲ့တယ်ဆိုရင်တော့ ရှင်းပြဖို့မလိုဘူး။ ရှင့်စကားတစ်ခွန်းက ကျွန်မကို ပိုနာကျင်စေရုံကလွဲရင် ကျွန်မလုပ်ရက်တွေကို ရပ်တန့်စေမှာမဟုတ်ဘူး။ အမှန်တရားကိုသိရုံနဲ့ ကျွန်မစိတ်ဒဏ်ရာတွေပျောက်သွားမှာမဟုတ်ဘူး!!"
မိုင့် လည်ပင်းရိုးတွေထောင်လာသည်။ စကားတို့ကိုပြောဖို့အရှိန်ယူနေရသည်။
"ကျွန်မခန္ဓာကိုယ်ထက် စိတ်ထဲကဒဏ်ရာကသေရာပါမို့!... နှိပ်စက်ခဲ့သမျှက ပျောက်ပျက်သွားမှာမဟုတ်ဘူး"
"အဲ့လိုဆိုရင်တောင် မင်းပဲနာကျင်ရတာမဟုတ်ဘူး။ မင်း မမ ဘာလို့သူအကြိုက်ဆုံး စန္ဒရားကိုဆက်မတီးပဲရပ်တန့်လိုက်ရလဲ။ ဘာလို့ဆက်မတီးနိုင်တော့လဲ!... မင်း မမလက်ကကြည့်တော့တာအဆင်ပြေပုံပေါက်နေပေမဲ့ မူမမှန်တာကိုသတိမထားမိဘူးလား!! သူက မင်းကြောင့်နဲ့ သူ့လက်..."
ဒုန်း!!!
ခုံကိုလက်နဲ့ဆောင့်ချလိုက်သံကြောင့် အခန်းထဲ ဟိန်းထွက်သွားသည်။ မိုင်မကြားချင်ပါ။ မိုင်မကြားလိုပါ။ မိုင်ပြောသလိုပဲ မိုင်ဟာ ဒါကိုကြားလို့ အပြစ်ရှိစိတ်ဖြစ်လာရင်တောင် မိုင့်အတွက်အရာအားလုံးပြောင်းလဲသွားမှာမဟုတ်ဘူး။ မိုင့်စိတ်ကို မိုင်မနိုင်ဘူး။ ပျိုးရှေ့ရောက်သွားတဲ့အခါပြောင်းသွားသည့် မိုင့်စိတ်ကို မနိုင်ဘူး။
"အဲ့ဒါအားလုံး ရှင့်ကြောင့်!... ရှင့်ကြောင့်ပဲ!!"
"ဒါကြောင့် မင်းငါ့ကိုပေးချင်တဲ့အပြစ်ပေးစမ်းပါလို့!... ဒါပေမဲ့ပြီးရင်တော့ကျေနပ်လိုက်ပါတော့"
"အဟက် ဒါတွေအားလုံးကို ရင်စီးပြီးခံခဲ့ရချိန်က ကျွန်မသိတက်စအရွယ်ကတည်းက ဦးဖြိုးဝင်းကျော်! ရှင်ပြောကြည့် ရှင်သာကျွန်မနေရာမှာဆိုရင်ရော ကျေနပ်နိုင်မှာလား?"
ထိုသို့ပြောတော့ ဦးဖြိုးဝင်းကျော် ငြိမ်သက်သွားသည်။ မိုင် မဲ့ပြုံးတစ်ချက်သာပြုံးလိုက်ရင်း ထိုနေရာကထွက်သွားလိုက်သည်။ ဒီလူနဲ့ ရေစက်ဒီလောက်နဲ့သာ ကုန်ချင်ပြီ။
ကားပေါ်တစ်လျောက်လုံး မိုင့်ကို ဆူကီ ဘာစကားမှ မပြောခဲ့။ ဆူကီ နဲ့ မိုင်သိလာတာ ၇ နှစ်ကျော်ရှိပေမဲ့လည်းသူ့အတိတ်အကြောင်းကို ဆူကီဘာမှမသိ။
"ဆူကီ!... နင်ငါ့ကို အဲ့လိုစိုက်ကြည့်နေတော့မှာလား?"
"ငါ...ငါ မကြည့်ပါဘူး"
"တောင်းပန်ပါတယ်"
မိုင့်ဆီမှ ရုတ်တရက်ထွက်ပေါ်လာသည့်တောင်းပန်စကားကြောင့် ဆူကီကြောင်အသွားမိသည်။
"ဟမ် ဘာကိုလဲ"
"ခုနက အော်လိုက်မိလို့"
"အာ ရပါတယ်...နင်ဒေါသထွက်နေတာကို"
"ဒါပေမဲ့ မအော်လိုက်သင့်ဘူး။ ငါဒီထက်နည်းနည်းလေး ဒေါသထိန်းခဲ့သင့်တာ"
မိုင် အသံမှာဝမ်းနည်းသံလေးပါနေသည်။ မိုင်ဟာ ဝမ်းနည်းနေသလိုပဲ။
"အိဗ်"
မိုင် နာမည်ကိုခေါ်ရင်း ဆူကီ ဖက်ပေးလိုက်သည်။ အခုချိန်မှာ တစ်ယောက်ယောက်၏နွေးထွေးမှုကိုတော့ မိုင်လိုအပ်နေမယ်မဟုတ်လား။
"ငိုချလိုက်ပါ။ နင်အရမ်းဝမ်းနည်းနေရင် ငါ့ရင်ခွင်ထဲငိုချလိုက် အိဗ်... နင် ဘာဖြစ်နေမှန်းမသိပေမဲ့ ငါ့ရင်ခွင်တစ်ရက်ငှားပေးမယ်"
ဆူကီ့စကားအဆုံးမှာ ဆူကီ့ခါးလေးလည်းတင်းခနဲဖြစ်သွားသည်။ ငိုသံလေးဟာလည်း ကားအတွင်းပျံ့နှံ့သွားသည်။
"ဘာလို့လဲ ဘာလို့ ငါမှဒီလိုတွေလာဖြစ်နေတာလဲ...ဘာလို့လဲ ဆူကီရယ်"
ဆူကီ ဘာပြောရမှန်းမသိတာကြောင့် ဒီတိုင်းလေးပဲ ဖက်ထားပေးလိုက်ပြီးကျောလေးသာပုတ်ပေးလိုက်သည်။ ဒီအချိန် ဆူကီ လုပ်ပေးနိုင်တာ ဒါလေးသာရှိသည်မဟုတ်လား။
"ငါခွင့်လွှတ်ပေးဖို့ ၈ နှစ်အတွင်းကြိုးစားခဲ့တာပဲ... ငါကြိုးစားခဲ့တာပဲဟာ ဘာလို့လဲ"
"ခွင့်မလွှတ်နိုင်ခဲ့တော့လည်း ငါကဘာလို့အပြစ်ဖြစ်ရပြန်တာလဲ။ ငါ့ဘဝတစ်လျောက်လုံးစုတ်ပြတ်သတ်ခဲ့တာကို ဘာလို့ငါကပဲထပ်ပြီးလဲ"
ကလေးတစ်ယောက်လို အော်ဟစ်ငိုကျွေးလာသည့် မိုင့်ပုံစံကို ဆူကီ ၈ နှစ်လုံးမမြင်ဖူးခဲ့ပါ။ မိုင်ဟာ ခံစားချက်တွေ အများကြီးအန်ထွက်ကျလာတာမဟုတ်တာတောင် နာကျင်နေမှန်းသိသာလှသည်။
ဆူကီအခုမြင်တွေ့နေရသည့် မိုင့်ပုံစံဟာ တစ်နေရာရာမှာပိတ်လှောင်ခံထားရသလိုပဲ။ အမှောင်ထုကြီးထဲမှာပိတ်မိနေသလိုမျိုးလေ။ ဘယ်အရာတွေက မိုင့်ကိုပိတ်လှောင်ထားတာလဲ။
...
TBC...
အမှားပါရင် ခွင့်လွှတ်ပါ 🧡
3.6k words
Thanks For Reading 📖
...
Zawgyi....
"အိဗ္"
"ဆူကီ ဘာကိစၥလဲ"
"နင္အလုပ္ရႈပ္ေနတာလား"
"အင္း နည္းနည္း ဘာကိစၥလဲ"
"ဘာကိစၥမွ ရွိလို႔မဟုတ္ဘူး နာရီကို ၾကည့္ဦး မနက္ ၅ခြဲေနၿပီ နင္အိပ္သင့္ၿပီ။ မနက္က်ရင္လည္း အစည္းေဝးေတာင္ဖ်က္ၿပီး ပ်ိဳး အေဖနဲ႔ေတြ႕ဦးမယ္ဆို"
"ငါ သိပါတယ္ နင္က်ေတာ့ မအိပ္ေသးပဲ"
"ငါက ေရဆာလို႔တေရးႏိုးလာတာဟဲ့ အဲ့အလုပ္ေတြပဲ ဖိလုပ္မေနနဲ႔"
"အင္းပါ ဟုတ္ပါၿပီဟာ အခုအိပ္ၿပီ။ အေပၚတက္ေတာ့မယ္"
မိုင္ တေရးႏိုးၿပီးတည္းက အိပ္မေပ်ာ္၍ အိမ္ေအာက္တြင္ အလုပ္လုပ္ေနသည္ကို ဆူကီဟာ ေတြ႕ၿပီးပြါးေနေတာ့ ဆူကီ့ေရွ႕မွာတင္ Laptop ကို ပိတ္လိုက္ၿပီး အေပၚတက္ တက္သြားလိုက္ေတာ့သည္။ ေန႔တိုင္းညနက္တဲ့ထိဧည့္ခန္းထဲတြင္အလုပ္လုပ္သည့္ မိုင့္ကို ဆူကီစိတ္ပူ၍ေျပာျခင္းဆိုတာကိုေတာ့ မိုင္နားလည္ပါသည္။
မိုင့္အခန္းကိုသြားဖို႔ ပ်ိဳး အခန္းေရွ႕ကို မိုင္ျဖတ္သြားရသည္ေလ။ ထို႔ေၾကာင့္ ပ်ိဳးအခန္းေလးထဲ ဝင္ၾကည့္ဖို႔စဥ္းစားလိုက္ေပမဲ့ မိုင္ ဝင္မိလို႔ ပ်ိဳး ႏိုးသြားမွာလည္း စိတ္ပူတာေၾကာင့္ ပ်ိဳးအခန္းေလးကိုေက်ာ္ၿပီး သူ႔အခန္းသာ သြားလိုက္သည္။
...
"မမ... မမ ထေတာ့ ေဆးေသာက္မယ္"
"အြန္း မိုင္"
မိုင့္ကို ပ်ိဳး ေတြ႕လိုက္ေတာ့ အိပ္ခ်င္မူးတူးျဖင့္ေတာင္ ခ်က္ခ်င္းထလိုက္လာသည္ေလ။
"အဖ်ားေတြတက္ေနတယ္ေနာ္ မမ! မေန႔က ေဆးေသာက္ရဲ႕လား?"
"အ..အင္း ဟုတ္ ေသာက္ပါတယ္"
"အဲ့ဒါဆို အခု ထပ္ေသာက္!ေရာ့"
မိုင္ေျပာေတာ့ မိုင့္ လက္ထဲက ေဆးလုံးနဲ႔ ေရခြက္ကို ပ်ိဳး ယူလိုက္သည္။
"အခု ဘယ္ႏွစ္နာရီလဲ?"
"၈ ခြဲေက်ာ္ၿပီ မိုင္ အလုပ္သြားရေတာ့မယ္"
"သြားေတာ့ေလ သြား"
"မမ အရင္ေဆးေသာက္ပါဦး"
"မမ ေသာက္ထားလိုက္မယ္ေလ တစ္ခုခုစားၿပီးမွ"
မိုင္ မ်က္ႏွာက ခ်က္ခ်င္း အလိုမက်တဲ့ ပုံေျပာင္းသြားရသည္။ မိုင္ တစ္ခုခုကိုလည္းမွတ္မိသလိုရွိသြားသည္။
"မမ ေဆးေၾကာက္တာလား?"
"မ...မေၾကာက္ပါဘူး!"
ပ်ိဳး အေၾကာက္အကန္ျငင္းေလသည္။ ထို႔ေၾကာင့္ ပ်ိဳး ေဆးေၾကာက္တယ္ဆိုတာမွန္ေၾကာင္း မိုင္ မွတ္မိသြားေလသည္။ ပ်ိဳး အနားမွာ မိုင္ ငယ္စဥ္တည္းက အခုခ်ိန္ထိရွိလာသမွ် ပ်ိဳး ဖ်ားတာဒါနဲ႔မွ ႏွစ္ခါပဲေတြ႕ဖူးခဲ့သည္။ ပထမတစ္ခါတုန္းက မိုင္ သူတို႔အိမ္ေရာက္ၿပီးတစ္ႏွစ္ေလာက္ရွိမည္ထင္သည္။ ပ်ိဳး ေဆးမေသာက္လို႔ ေနမေကာင္းတာက အရွင္းမေပ်ာက္ပဲ ျပန္ျပန္ျဖစ္ေနခဲ့တာ။
အဲ့တုန္းကေတာ့ မိုင္လည္း ပ်ိဳးေဆးေၾကာက္တတ္သည္ကိုသတိထားမိခဲ့။ ဒီတိုင္းအဖ်ားႀကီးလို႔မေပ်ာက္တာဟုပဲ ထင္ခဲ့တာ။ အခုမွ ဒါကို ေကာင္းေကာင္းသေဘာေပါက္ေတာ့သည္။ ဒါေတာင္ ဒီအေၾကာင္းကိုေမ့ေနမိတာ။
"ဝါး တကယ္ မမ ေဆးေၾကာက္တာပဲ။ ထင္ေတာင္မထင္ထားဘူး!... မမ မေန႔ကလည္း ေဆးမေသာက္ဘူးမလား?"
အလိမ္ေပၚသြား၍ ပ်ိဳး နည္းနည္းမ်က္ႏွာေလးညႇိဳးသြားသည္။ ပ်ိဳး တကယ္ေဆးေၾကာက္ပါသည္။ ေသာက္ေဆးတင္မကပဲ ေဆးထိုးရမွာလဲ ေၾကာက္သည္။ အဲ့ဒါေတြေၾကာင့္ ပ်ိဳးငယ္ငယ္ကတည္းက ေနမေကာင္းျဖစ္မွာကိုအရမ္းေၾကာက္ခဲ့ၿပီး က်န္းမာေရးကို အခုခ်ိန္ထိ ေတာ္ေတာ္ဂ႐ုစိုက္ခဲ့သည္။ ဒါေပမဲ့ အခုတေလာ စိတ္ရႈပ္စရာေလးေတြရွိလို႔ တစ္ခ်က္ သတိလက္လြတ္ေနျဖစ္သြားမိတာ။ ဒါကို အဖ်ားက တန္းဝင္လာတာပဲ။
"မ...မဟုတ္ဘူး မမက..."
ပ်ိဳး လက္ထဲကေဆးလုံးကို မိုင္ဟာ သူ႔ပါးစပ္ထဲထည့္လိုက္ၿပီး ေရနည္းနည္းေသာက္လိုက္သည္။ ဒါေပမဲ့ ၿမိဳေတာ့မခ်ပဲ ပ်ိဳး ပါးေလးကိုဖ်စ္ရင္း ပ်ိဳး ႏႈတ္ခမ္းကို သူ႔ႏႈတ္ခမ္းနဲ႔ေတ့ကာ ပ်ိဳး အားတိုက္လိုက္ေတာ့သည္။
"နည္းနည္းေတာ့ခါးတယ္။ အင္း မမ ေၾကာက္တာလဲ ျဖစ္သင့္ပါတယ္"
ပ်ိဳး ကေတာ့ အလ်င္စလိုလုပ္သြားတဲ့ မိုင့္ေၾကာင့္ ဘာမွမေျပာႏိုင္ပဲ ေက်ာက္႐ုပ္တစ္ရႈပ္လို မလႈပ္မရွက္။ ခါးသပ္မႈကိုခံစားရေပမဲ့လည္း အဲ့ဒါကစိတ္ထဲမဝင္ေတာ့။
"မမ! မမ!"
"ဟင္...မိုင္"
"မိုင္ သြားေတာ့မယ္လို႔"
ပ်ိဳး ကိုၿပဳံးစိစိႏွင့္ မိုင္ေၾကာင့္ ပ်ိဳး အရွက္ရသလိုခံစားရေပမဲ့ ေခါင္းေလးညိတ္လိုက္သည္။
"ဂ႐ုစိုက္ၿပီးသြား!"
"ဟုတ္ကဲ့ပါ ဒါနဲ႔ေဆးမေသာက္ရဲရင္ မိုင္ ျပန္လာမွတိုက္မယ္ေနာ္။ အခုေတာ့သြားၿပီ"
မိုင္ ေဆးတိုက္မယ္ေျပာေတာ့ ပ်ိဳး မ်က္ႏွာေလးပန္းေရာင္သန္းသြားေစျပန္သည္။
"အ...အြန္း"
ထြက္သြားခါနီး မိုင္ သည္တစ္ခုခုသတိရၿပီး ျပန္လွည့္လာတယ္။
"ေမ့ေနတာ"
ထိုစကားကို မိုင္ ႏႈတ္ဖ်ားကလည္းခပ္ဖြဖြေျပာရင္း ပ်ိဳး Tattoo ေလးကို နမ္းသြားသည္။
"တကယ္သြားၿပီ ေနေကာင္းေအာင္ေနေနာ္။ အိမ္ကေကာင္မေလးေတြကို ဆန္ျပဳတ္ျပဳတ္ထားခိုင္းခဲ့မယ္။ ၿပီးေတာ့ ေႏြးေႏြးေထြးေထြးေနဦး။ မိုင္ မေန႔က ဝယ္ေပးတဲ့ထဲ အေႏြးထည္မပါလာလို႔ မိုင္ လမ္းမွာ ဝယ္ေပးၿပီး အိမ္ကိုတစ္ေယာက္ေယာက္လာပို႔ ခိုင္းလိုက္မယ္ေနာ္"
မိုင့္ႏႈတ္က ထြက္သမွ်ဟာ ဂ႐ုစိုက္ျခင္းေတြပါေနေတာ့ ပ်ိဳး ၿပဳံးလိုက္မိသည္။ မိုင္ဒီလိုဂ႐ုစိုက္တာကို ပ်ိဳး သေဘာက်သည္မဟုတ္လား။
"ရပါတယ္ မိုင္သာ ဂ႐ုစိုက္ၿပီးသြားပါ"
"ဟုတ္ မိုင္ သြားၿပီ မမ"
ပ်ိဳး အတြက္ အရင္က မိုင္ဟာ စကားနည္းတဲ့ ကေလးမေလးေလ။ အခုေတာ့ စကားေတြတရစပ္ေျပာတက္တဲ့ေကာင္မေလးျဖစ္လာခဲ့သည္ေပါ့။ ထြက္သြားတဲ့ မိုင္ ေက်ာျပင္ကိုၾကည့္ရင္း ပ်ိဳး စို႔နစ္စြာၿပဳံးလိုက္သည္။
"ေတာင္းပန္ပါတယ္... မမေလ မိုင္ေဆးတိုက္မွာကို ထပ္မေသာက္ႏိုင္ေတာ့ဘူး"
...
"အိဗ္ နင္ ဟိုကိုအရင္သြားမွာလား"
"အင္း အဲ့အဖိုးႀကီးနဲ႔ ေတြ႕ၿပီးမွ Company ကို သြားက်တာေပါ့"
"ေကာင္းၿပီေလ အဲ့ဒါဆို အဲ့ပဲေမာင္းခိုင္းလိုက္မယ္"
တရားခံနဲ႔ ေတြ႕ခ်ိန္မဟုတ္ေပမဲ့လည္း သိခၤလြန္းမိုင္မွမဟုတ္ေတာ့တာ။ မိုင္အီဗလင္ေလ။ အဲ့ေတာ့ မျဖစ္ႏိုင္တဲ့အရာေတြကအစ အရာရာျဖစ္တယ္မလား။ အခုလည္း ေထာင္သားတို႔ကို ေတြ႕ရမည့္ေနရာမဟုတ္ပဲ သက္သက္ေတြ႕ဖို႔ျပင္ဆင္ေပးထားသည့္ အခန္းထဲမွာပင္။
"မိုင္?"
"ဦးေလးရယ္ ၈ ႏွစ္ပဲ မေတြ႕ၾကတာပါ။ ဘာလို႔ အထူးဆန္းႀကီးျဖစ္ေနတာလဲ?"
"အထူးဆန္းမျဖစ္ပါဘူး မင္းျပန္ေရာက္ေနတာသိၿပီးသားပါ"
"ထင္ပါတယ္ Mai
You are reading the story above: TeenFic.Net