For Zawgyi
ေက်ာင္းသူေက်ာင္းသာေတြ လႈပ္လႈပ္ရွားရွားနဲ႔ ေက်ာင္း၀န္းႀကီးက တတ္ႂကြေနေပမဲ့ လြမ္းေမာဖြယ္အတိ။
Seok Jinလက္ထဲက အထက္တန္းေအာင္လက္မွတ္ေလးကို ေျမႇာက္ကာျဖင့္ ရိွသမ်ွအတန္းထဲကလူေတြ ႏွင့္ဓာတ္ပံုလိုက္ရိုက္ေနသည္။
အုပ္စုလိုက္စကာေနာက္ကာျဖင့္ ငယ္က်ိဳးငယ္ႏွာအသီသီးျပန္ေဖာ္ရင္း သူ႔စိတ္ေတြတကယ္လြတ္လပ္ေပါ့ပါးေပ်ာ္ရႊင္ေနခဲ့တာ။
မသိစိတ္ရဲ့လႈံ႔ေဆာ္မႈေၾကာင့္ အတန္းဘက္ကိုလွၫ့္ၾကၫ့္ေတာ့ ကင္မရာတစ္လံုးႏွင့္ ျပတင္းေပါက္ေဘးကခံုေလးတြင္ထိုင္ေနေသာNamjoon...။
အေပါင္းမရိွအသင္းမရိွနဲ႔ ခက္ပါဘိ။
ႏႈတ္ခမ္းေတြကၿပံဳးေယာင္သမ္းေနသလိုပဲ..။
သူေဘးကသူငယ္ခ်င္း၏ ကင္မရာကိုကမန္းကတန္းဆြဲယူလိုက္ကာ ထိုျမင္ကြင္းကို အရယူလိုက္သည္။
အမွတ္တရေတြကိုသိမ္းဆည္းႏိုင္ဖို႔။
သူ႔ခံစားခ်က္ေတြကိုNamjoon စိုးစင္းမ်ွမသိလိုက္ပဲ ေက်ာင္းၿပီးသြားရတာ နည္းနည္းေတာ့ႏွာေျမာမိသလိုပါပဲ..။တကၠသိုလ္မွာဆံုႏိုင္ဖို႔ဆိုတာကေတာ့ သိပ္ကိုအခြင့္အလမ္းနည္းလြန္းသြားၿပီ..။
Seok Jinေငးေမာရင္းပင္ ကင္မရာခလုပ္ေလးကိုႏိွပ္ခ်လိုက္သည္။
သေဘာက်တဲ့စိတ္ကေတာ့ မေျပာင္းလဲဘူး။
............................
ႏွစ္ရွည္လမ်ား အေဖာ္ျပဳခဲ့ေသာ မ်က္မွန္ေလးကို Seok Jinခြၽတ္ကာ အံဆြဲထဲထၫ့္သိမ္းလိုက္သည္။
ျမတ္ႏိုးမႈေတြကိုျမင္ႏိုင္ဖို႔ေဆာင္ၾကဉ္းေပးခဲ့တဲ့တဆင့္ခံေလး..။
"သားေရ ေနာက္က်မယ္ေလ"
အေမက ေကာ္ဖီႏွင့္မုန႔္ဗန္းကိုအခန္းထဲထိသယ္လာရင္း သူ႔ကိုသတိေပးသည္။
"ၿပီးပါၿပီဗ်..သားလဲ ေခ်ာခ်င္ေသးတာေပါ့"
ေကာ္ဖီကိုတစ္ငံုေသာက္ရင္း အေမ့ကိုသူလွမ္းခြၽဲလိုက္သည္။ အေမကေတာ့ သူ႔ဆံပင္ေတြကို လက္ႏွင့္ေသခ်ာသပ္ေပးရင္း
"ေမ့သားႀကီးက ေခ်ာပါတယ္ရွင္..
ကဲသြားေတာ့ ေဖေဖေစာင့္ေနတယ္"
အေမ့ပါးကိုအနမ္းတစ္ခ်က္ေပးရင္း သူအိမ္ေရ႔ွသို႔ေျပးထြက္လာခဲ့သည္။ ဂိုေထာင္ထဲက အရြယ္စားစံုစက္ဘီးေလးေတြကို ၾကၫ့္မိရင္း ထူးဆန္းစြာငိုခ်င္လာသလို...။
ထင္ထားသၫ့္အတိုင္းကို Namjoonကအထက္တန္းကိုထူးခြၽန္စြာေအာင္သည္။
ထို႔ေၾကာင့္ Seoulရိွအျမင့္ဆံုးတကၠသိုလ္ကို၀င္ခြင့္ရ၏။ ပညာေတာ္သင္သြားမည္ဟူ၍ လည္း သတင္းသဲ့သ ဲ့ၾကားထားသည္။ ဘာပဲျဖစ္ျဖစ္ သူတို႔ တကၠသိုလ္မတူေတာ့တာေတာ့အမွန္ျဖစ္သည္..ေဝးကြာသြားၾကတာေတာ့အမွန္ပင္ျဖစ္သည္။
စိတ္မေကာင္းေသာ္လည္း သူလက္ခံႏိုင္သည္။
အစကတည္းက ရိုးရိုးရွင္းရွင္းပင္ႏွစ္သက္ခဲ့တာမို႔ သူ႔ခံစားခ်က္ေတြကသိပ္ရိုးရွင္း၏ ။
တစ္ခါတစ္ေလ ေနၾကာပန္းေတျြမင္တိုင္း
ဒါမွမဟုတ္ ေန၀င္ခ်ိန္တိုင္းမွာေတာ့
တမ္းတမ္းတတသတိရေနမိမည္ထင္သည္..။
"သားေရ ေရာက္ၿပီေလကြာ..
ဘာလဲ မုန႔္ဖိုးေတာင္းမလို႔လား"
အေဖက သူ႔အားၿပံဳးၿပံဳးႀကီးၾကၫ့္လ်ွက္စကားဆိုသည္။ သူသိပ္အေတြးမ်ားသြားသည္ထင္၏။
"အေမေပးလိုက္ပါတယ္..အေဖအလုပ္ေနာက္က်ေနမယ္ေလ..သြားေတာ့"
ကားေပၚက အျမန္ဆင္းလိုက္ၿပီး အေဖ့ကိုႏႈတ္ဆက္ေတာ့ လက္ျပရင္းပင္ ကားေလးကိုေမာင္းထြက္သြား၏ ။
ထိုအခါမွ Seok Jinသက္ျပင္းခ်ကာ မ်က္စိေရ႔ွကာ အေဆာက္အဦးမ်ားကို ၾကၫ့္လိုက္သည္..။
အထက္တန္းတုန္းကနဲ႔ျခားနားစြာ အေရာင္စံုအေသြးစံု လူေတြၾကား သူစိတ္တို႔ ျပန္ၾကည္လင္လာသည္။
ေတြ ့တဲ့ သူငယ္ခ်င္းေတြကိုႏႈတ္ဆက္ရင္းရယ္ေမာရင္းပင္ တစ္ရက္တာကေပ်ာ္ရႊင္စြာကုန္ဆံုးခဲ့သည္။
Kim Namjoonလဲ သူ၏ ပထမဆံုး တကၠသိုလ္ေက်ာင္းသားဘ၀ကို ဘယ္လိုျဖတ္သန္းေနမလဲမသိ။
တစ္ေယာက္ထဲအေခ်ဆိုဒ္နဲ႔အတန္းထဲထိုင္ေနမွာအေသအခ်ာပဲေပါ့။
ႀကိဳက္လို႔သာႀကိဳက္ရတာ အက်င့္စရိုက္ကိုေတာ့ တစ္စက္ကေလးမွသေဘာကိုမေတြ ့..
ေဟာ..ဘာမဆိုင္ညာမဆိုင္ေတြးလိုက္မိၿပီ။
...........................
ေက်ာင္းတစ္ရက္တတ္ၿပီးသည္ႏွင့္ အပ်င္းႀကီးစြာ Seok Jinေက်ာင္းႏွစ္ရက္ပ်က္လိုက္သည္။ ထိုႏွစ္ရက္အတြင္း သူအဓိပၸါယ္မဲ့စြာ စက္ဘီးပတ္စီးေနမိတာကိုလည္း ၀န္ခံရမည္။
ေရာင္းမည္ဟုေတြးထားေသာ္လည္း တကယ္ကမလုပ္ရက္။
ဒီေန့ေတာ့ မလာမျဖစ္Seok Jinေက်ာင္းေရာက္ေနရၿပီျဖစ္သည္။ သူငယ္ခ်င္းမ်ားႏွင့္ဆံုရန္ခ်ိန္းထားသည္မို႔ မသြား၍မျဖစ္။
"ျမန္ျမန္လာ မင္းကိုေစာင့္ေနတာငါတို့ဘာမွမစားရေသးဘူး"
သူCanteenထဲ၀င္လာသည္ႏွင့္
အဖြဲ႔ထဲမွတစ္ေယာက္က က်ယ္ေလာင္စြာလွမ္းေအာ္သည္။
"အေဖလာမွစားမွာလား မွာထားေပါ့သားရ"
သူအရႊန္းေဖာက္ရင္း ၀င္ထိုင္လိုက္သည္။ခနအျကာ Canteenတစ္ခုလံုး သူတို႔အုပ္စု၏ ရယ္သံဆဲသံေတြႏွင့္ ႂကြက္ႂကြက္ညံသြားေတာ့၏။
Seok Jinေရ႔ွကမွာထားေသာ အေအးခြက္ကိုေမာ့ေသာက္ရင္း သူတို႔ေရ႔ွဝိုင္းမွ လူတစ္ေယာက္ဆီအၾကၫ့္ေရာက္သြားသည္။
အုပ္စုလိုက္ရယ္ေမာေနၾကေသာ ေက်ာင္းသားမ်ားၾကား တစ္ေယာက္ထဲထိုင္ေနေသာလူတစ္ေယာက္..
အဝါေရာင္ရွပ္တစ္ထည္ႏွင့္ နီညိုေရာင္ဆံပင္ဖြာဖြာေတြ..။
ေက်ာေပးထားေသာ္လည္း ရင္းႏွီးသၫ့္ခံစားခ်က္က စိမ့္၀င္ေနသည္။
Namjoonမ်ားလား..?
မျဖစ္ႏိုင္ Namjoonဆံပင္ေတြကအမည္းေရာင္ျဖစ္သည္။
ပိုၿပီးမျဖစ္ႏိုင္တာက အျမင့္ဆံုးေက်ာင္း၀င္ခြင့္ရေက်ာင္းသားက သူတို႔ေက်ာင္းတြင္ ရိွေနသည္မွာ ပို၍မျဖစ္နိုင္။
စြဲလမ္းတာေတြလဲေလ်ွာ့မွပါ...။
"Namjoon ေဆာရီးကြာ ငါCanteenေပ်ာက္ေနလို႔"
ထိုအသံေၾကာင့္ Seok Jinေသာက္လက္စအေအးပင္သီးမလိုျဖစ္သြားရသည္။
"ထားလိုက္ေတာ့ အတန္းထဲသြားရေအာင္"
တဖက္ကၾကားလိုက္ရသၫ့္အသံေၾကာင့္
ေအာက္ေမးရိုးပင္ျပဳတ္က်မတတ္..
ဒါတကယ္Namjoonအသံႀကီး။
သူတို႔ဖက္ကိုလွၫ့္လာေသာလူႏွစ္ေယာက္ေၾကာင့္ Seok Jinအလိုလို မ်က္ႏွာကိုကြယ္လိုက္မိသည္။
တကယ္ဆို ကြယ္စရာပင္မလို
Namjoonကသူ႔ကို တစ္နာရီေလာက္ထိုင္မိတ္ဆက္ရင္ေတာင္ မွတ္မိမဲ့လူမဟုတ္..။
ဒါနဲ႔ Namjoonက တကယ္ပဲ သူတို႔ေက်ာင္းမွာတတ္တာေပါ့..။
ဤသို႔ျဖင့္အလွပဆံုးေသာ ဒုကၡေလးသည္ Seok Jinကိုအလြတ္မေပးပဲ တန္းတန္းမတ္မတ္ေရာက္ရိွလာ၏။
............................
For Unicode
ကျောင်းသူကျောင်းသာတွေ လှုပ်လှုပ်ရှားရှားနဲ့ ကျောင်းဝန်းကြီးက တတ်ကြွနေပေမဲ့ လွမ်းမောဖွယ်အတိ။
Seok Jinလက်ထဲက အထက်တန်းအောင်လက်မှတ်လေးကို မြှောက်ကာဖြင့် ရှိသမျှအတန်းထဲကလူတွေ နှင့်ဓာတ်ပုံလိုက်ရိုက်နေသည်။
အုပ်စုလိုက်စကာနောက်ကာဖြင့် ငယ်ကျိုးငယ်နှာအသီသီးပြန်ဖော်ရင်း သူ့စိတ်တွေတကယ်လွတ်လပ်ပေါ့ပါးပျော်ရွှင်နေခဲ့တာ။
မသိစိတ်ရဲ့လှုံ့ဆော်မှုကြောင့် အတန်းဘက်ကိုလှည့်ကြည့်တော့ ကင်မရာတစ်လုံးနှင့် ပြတင်းပေါက်ဘေးကခုံလေးတွင်ထိုင်နေသောNamjoon...။
အပေါင်းမရှိအသင်းမရှိနဲ့ ခက်ပါဘိ။
နှုတ်ခမ်းတွေကပြုံးယောင်သမ်းနေသလိုပဲ..။
သူဘေးကသူငယ်ချင်း၏ ကင်မရာကိုကမန်းကတန်းဆွဲယူလိုက်ကာ ထိုမြင်ကွင်းကို အရယူလိုက်သည်။
အမှတ်တရတွေကိုသိမ်းဆည်းနိုင်ဖို့။
သူ့ခံစားချက်တွေကိုNamjoon စိုးစင်းမျှမသိလိုက်ပဲ ကျောင်းပြီးသွားရတာ နည်းနည်းတော့နှာမြောမိသလိုပါပဲ..။တက္ကသိုလ်မှာဆုံနိုင်ဖို့ဆိုတာကတော့ သိပ်ကိုအခွင့်အလမ်းနည်းလွန်းသွားပြီ..။
Seok Jinငေးမောရင်းပင် ကင်မရာခလုပ်လေးကိုနှိပ်ချလိုက်သည်။
သဘောကျတဲ့စိတ်ကတော့ မပြောင်းလဲဘူး။
............................
နှစ်ရှည်လများ အဖော်ပြုခဲ့သော မျက်မှန်လေးကို Seok Jinချွတ်ကာ အံဆွဲထဲထည့်သိမ်းလိုက်သည်။
မြတ်နိုးမှုတွေကိုမြင်နိုင်ဖို့ဆောင်ကြဉ်းပေးခဲ့တဲ့တဆင့်ခံလေး..။
"သားရေ နောက်ကျမယ်လေ"
အမေက ကော်ဖီနှင့်မုန့်ဗန်းကိုအခန်းထဲထိသယ်လာရင်း သူ့ကိုသတိပေးသည်။
"ပြီးပါပြီဗျ..သားလဲ ချောချင်သေးတာပေါ့"
ကော်ဖီကိုတစ်ငုံသောက်ရင်း အမေ့ကိုသူလှမ်းချွဲလိုက်သည်။ အမေကတော့ သူ့ဆံပင်တွေကို လက်နှင့်သေချာသပ်ပေးရင်း
"မေ့သားကြီးက ချောပါတယ်ရှင်..
ကဲသွားတော့ ဖေဖေစောင့်နေတယ်"
အမေ့ပါးကိုအနမ်းတစ်ချက်ပေးရင်း သူအိမ်ရှေ့သို့ပြေးထွက်လာခဲ့သည်။ ဂိုထောင်ထဲက အရွယ်စားစုံစက်ဘီးလေးတွေကို ကြည့်မိရင်း ထူးဆန်းစွာငိုချင်လာသလို...။
ထင်ထားသည့်အတိုင်းကို Namjoonကအထက်တန်းကိုထူးချွန်စွာအောင်သည်။
ထို့ကြောင့် Seoulရှိအမြင့်ဆုံးတက္ကသိုလ်ကိုဝင်ခွင့်ရ၏။ ပညာတော်သင်သွားမည်ဟူ၍ လည်း သတင်းသဲ့သ ဲ့ကြားထားသည်။ ဘာပဲဖြစ်ဖြစ် သူတို့ တက္ကသိုလ်မတူတော့တာတော့အမှန်ဖြစ်သည်..ဝေးကွာသွားကြတာတော့အမှန်ပင်ဖြစ်သည်။
စိတ်မကောင်းသော်လည်း သူလက်ခံနိုင်သည်။
အစကတည်းက ရိုးရိုးရှင်းရှင်းပင်နှစ်သက်ခဲ့တာမို့ သူ့ခံစားချက်တွေကသိပ်ရိုးရှင်း၏ ။
တစ်ခါတစ်လေ နေကြာပန်းတြွေမင်တိုင်း
ဒါမှမဟုတ် နေဝင်ချိန်တိုင်းမှာတော့
တမ်းတမ်းတတသတိရနေမိမည်ထင်သည်..။
"သားရေ ရောက်ပြီလေကွာ..
ဘာလဲ မုန့်ဖိုးတောင်းမလို့လား"
အဖေက သူ့အားပြုံးပြုံးကြီးကြည့်လျှက်စကားဆိုသည်။ သူသိပ်အတွေးများသွားသည်ထင်၏။
"အမေပေးလိုက်ပါတယ်..အဖေအလုပ်နောက်ကျနေမယ်လေ..သွားတော့"
ကားပေါ်က အမြန်ဆင်းလိုက်ပြီး အဖေ့ကိုနှုတ်ဆက်တော့ လက်ပြရင်းပင် ကားလေးကိုမောင်းထွက်သွား၏ ။
ထိုအခါမှ Seok Jinသက်ပြင်းချကာ မျက်စိရှေ့ကာ အေဆာက်အဦးများကို ကြည့်လိုက်သည်..။
အထက်တန်းတုန်းကနဲ့ခြားနားစွာ အရောင်စုံအသွေးစုံ လူတွေကြား သူစိတ်တို့ ပြန်ကြည်လင်လာသည်။
တွေ့တဲ့ သူငယ်ချင်းတွေကိုနှုတ်ဆက်ရင်းရယ်မောရင်းပင် တစ်ရက်တာကပျော်ရွှင်စွာကုန်ဆုံးခဲ့သည်။
Kim Namjoonလဲ သူ၏ ပထမဆုံး တက္ကသိုလ်ကျောင်းသားဘဝကို ဘယ်လိုဖြတ်သန်းနေမလဲမသိ။
တစ်ယောက်ထဲအချေဆိုဒ်နဲ့အတန်းထဲထိုင်နေမှာအသေအချာပဲပေါ့။
ကြိုက်လို့သာကြိုက်ရတာ အကျင့်စရိုက်ကိုတော့ တစ်စက်ကလေးမှသဘောကိုမတွေ့..
ဟော..ဘာမဆိုင်ညာမဆိုင်တွေးလိုက်မိပြီ။
...........................
ကျောင်းတစ်ရက်တတ်ပြီးသည်နှင့် အပျင်းကြီးစွာ Seok Jinကျောင်းနှစ်ရက်ပျက်လိုက်သည်။ ထိုနှစ်ရက်အတွင်း သူအဓိပ္ပါယ်မဲ့စွာ စက်ဘီးပတ်စီးနေမိတာကိုလည်း ဝန်ခံရမည်။
ရောင်းမည်ဟုတွေးထားသော်လည်း တကယ်ကမလုပ်ရက်။
ဒီနေ့တော့ မလာမဖြစ်Seok Jinကျောင်းရောက်နေရပြီဖြစ်သည်။ သူငယ်ချင်းများနှင့်ဆုံရန်ချိန်းထားသည်မို့ မသွား၍မဖြစ်။
"မြန်မြန်လာ မင်းကိုစောင့်နေတာငါတို့ဘာမှမစားရသေးဘူး"
သူCanteenထဲဝင်လာသည်နှင့်
အဖွဲ့ထဲမှတစ်ယောက်က ကျယ်လောင်စွာလှမ်းအော်သည်။
"အဖေလာမှစားမှာလား မှာထားပေါ့သားရ"
သူအရွှန်းဖောက်ရင်း ဝင်ထိုင်လိုက်သည်။ခနအကြာ Canteenတစ်ခုလုံး သူတို့အုပ်စု၏ ရယ်သံဆဲသံတွေနှင့် ကြွက်ကြွက်ညံသွားတော့၏။
Seok Jinရှေ့ကမှာထားသော အအေးခွက်ကိုမော့သောက်ရင်း သူတို့ရှေ့ဝိုင်းမှ လူတစ်ယောက်ဆီအကြည့်ရောက်သွားသည်။
အုပ်စုလိုက်ရယ်မောနေကြသော ကျောင်းသားများကြား တစ်ယောက်ထဲထိုင်နေသောလူတစ်ယောက်..
အဝါရောင်ရှပ်တစ်ထည်နှင့် နီညိုရောင်ဆံပင်ဖွာဖွာတေွ..။
ကျောပေးထားသော်လည်း ရင်းနှီးသည့်ခံစားချက်က စိမ့်ဝင်နေသည်။
Namjoonများလား..?
မဖြစ်နိုင် Namjoonဆံပင်တွေကအမည်းရောင်ဖြစ်သည်။
ပိုပြီးမဖြစ်နိုင်တာက အမြင့်ဆုံးကျောင်းဝင်ခွင့်ရကျောင်းသားက သူတို့ကျောင်းတွင် ရှိနေသည်မှာ ပို၍မဖြစ်နိုင်။
စွဲလမ်းတာတွေလဲလျှော့မှပါ...။
"Namjoon ဆောရီးကွာ ငါCanteenပျောက်နေလို့"
ထိုအသံကြောင့် Seok Jinသောက်လက်စအအေးပင်သီးမလိုဖြစ်သွားရသည်။
"ထားလိုက်တော့ အတန်းထဲသွားရအောင်"
တဖက်ကကြားလိုက်ရသည့်အသံကြောင့်
အောက်မေးရိုးပင်ပြုတ်ကျမတတ်..
ဒါတကယ်Namjoonအသံကြီး။
သူတို့ဖက်ကိုလှည့်လာသောလူနှစ်ယောက်ကြောင့် Seok Jinအလိုလို မျက်နှာကိုကွယ်လိုက်မိသည်။
တကယ်ဆို ကွယ်စရာပင်မလို
Namjoonကသူ့ကို တစ်နာရီလောက်ထိုင်မိတ်ဆက်ရင်တောင် မှတ်မိမဲ့လူမဟုတ်..။
ဒါနဲ့ Namjoonက တကယ်ပဲ သူတို့ကျောင်းမှာတတ်တာပေါ့..။
ဤသို့ဖြင့်အလှပဆုံးသော ဒုက္ခလေးသည် Seok Jinကိုအလွတ်မပေးပဲ တန်းတန်းမတ်မတ်ရောက်ရှိလာ၏။
You are reading the story above: TeenFic.Net