3

Background color
Font
Font size
Line height

For Zawgyi

Seok Jinတို႔ေမဂ်ာအစံုက ေက်ာင္းသားမ်ားအားလံုး ပထမအခ်ိန္တြင္ ခန္းမထဲတြင္စုေဝးရသည္။

သူတို႔သူငယ္ခ်င္းအုပ္စုကေတာ့ လူအုပ္၏ေနာက္နားကပ္ေနတာ အားရပါးရ ေလထိုင္ေပါျဖစ္ေနၾက၏။ ဒီေကာင္ေတြႏွင့္က ေရစက္မကုန္ႏိုင္စြာ ေမဂ်ာပင္လာတူေနေသးသည္။

ေရ႔ွမွဆရာႀကီးတစ္ေယာက္ မိန႔္ခြန္းေႁချြပီးခ်ိန္တြင္ေတာ့ သူတို႔အားလံုးျပန္ခြင့္ရ၏။
ဘယ္အခ်ိန္ကတည္းကထြက္ခ်င္ေနၾကမွန္းမသိေသာ လူအုပ္ေၾကာင့္ တြန္းတြန္းထိုးထိုးႏွင့္ပင္ေရ႔ွသို႔ပါသြားရသည္။

Seok Jinတစ္ေယာက္ထဲေရ႔ွသို႔ပါသြားတာေၾကာင့္ လူအုပ္ထဲတြင္လက္ေျမႇာက္ကာခုန္လိုက္ၿပီး က်န္ေနခဲ့သၫ့္ သေကာင့္သားမ်ားကိုတည္ေနရာအားအခ်က္ျပလိုက္ရ၏ ။

သူခုန္ၿပီးလက္အခ် ေဘးနားကရိွေသာ လူ၏မ်က္နွာအား ေျဖာင္းခနဲခ်မိသြားသည္။
အင္မတန္နာသြားမွာပဲ!

"‌ေဆာရီးဗ်ာ..အဲ "

ေကာင္းေရာ!သူ‌ေျဖာင္းခနဲခ်မိတာKim Namjoonႀကီး..ဒီေလာက္လူေတြအမ်ားႀကီးထဲ တိုက္ဆိုင္စြာ လာဆံုတာလည္း အံ့ဖြယ္။
သူ႔လက္နဲ႔ေျဖာင္းခနဲ အခ်ခံလိုက္ရတဲ့သူျဖစ္သြားတာလည္း အံ့ဖြယ္။

သူစကားေျပာတာကိုလဲ ဘာမျွပန္ေျပာျခင္းမရိွပဲ အလိုမက်ဟန္ျဖင့္တစ္ခ်က္ၾကၫ့္ကာ ေရ႔ွသို႔ထြက္သြားသည္။
Seok Jinၾကၫ့္မရတာအဲ့တာေတြပဲ။မ‌ေျပာင္းမလဲ သူ႔လုပ္စာထိုင္စားေနရသၫ့္ဟန္ကအျပၫ့္..

သူ႔လက္ေတာင္နီရဲသြားတာ ဘယ္ေလာက္ေတာင္နာသြားလိမ့္မလဲေတာ့ မသိ..။
စကားမစပ္ Kim Namjoonေတာ္ေတာ္ေလးကိုေခ်ာသည္။

.
.
.

Kim Namjoonတို႔ကေတာ့ ထံုးစံအတိုင္း
မ်ားမၾကာမွီေသာရက္ပိုင္းမ်ားအတြင္းမွာပင္ ေက်ာင္း၌နာမည္ ႀကီးလာ၏။
သူ႔အတြက္pageေတြေတာင္ေထာင္ထားၾကသည္ကိုပင္ေတြ ့ရ၏။

ဒါကလည္းသူႏွင့္မဆိုင္..
ပံုေလးေတြႀကိဳက္လ်ွင္ ၀င္Saveလိုက္သည္။
ေမဂ်ာမတူတာမို႔ ေတြ ့ျဖစ္ဖို႔လမ္းစလည္းမရိွၾက။ ရိွေအာင္လည္း Seok Jinကတမင္တကာဖန္တီးေနမၫ့္ လူမ်ိဳးထဲမပါေတာ့ ပိုဆိုးသည္။
သူ႔လမ္းသူေလ်ွာက္ ကိုယ့္လမ္းကိုယ္ေလ်ွာက္..

ထိုသို႔ဆိုတိုင္း သေဘာမက်ေတာ့တာေတာ့မဟုတ္ေခ်။ နားလည္ရခက္သည္ဟုထင္ရေသာ္လည္း သူ႔စိတ္ကအလြန္ရိုးရွင္းသည္။

ဒီလူကိုသေဘာက်သည္ဆိုသၫ့္အဆင့္မွာပဲ သူ႔စိတ္ကိုျမဳပ္ႏွံထားသည္။
နီးစပ္ရန္ေရ႔ွတိုးဖို႔လည္း အစီအစဉ္မရိွ..
သတိထားမိေအာင္လည္း ေနျပမည္မဟုတ္ေခ်

ဒီလိုနဲ႔ ခံစားခ်က္ေတြေအးခဲလာၿပီး
သူမဟုတ္တဲ့တစ္စံုတစ္ေယာက္ကို သေဘာက်သြားတာလည္းျဖစ္ႏိုင္မည္။

ထိုသူကေတာ့ တစ္ခ်ိန္ကသေဘာက်ခဲ့သၫ့္ အခ်စ္ဦး ဆိုေသာနာမႏွင့္အတူ တစ္သက္လံုးသိမ္းဆည္းသြားရမၫ့္ ကဗ်ာေလးတစ္ပုဒ္ျဖစ္လာလိမ့္မည္။

............................

ပထမႏွစ္ျဖစ္၍ အရာရာတိုင္းကဆန္းသစ္ၿပီးေပ်ာ္စရာေကာင္းေနသလို ပြဲလမ္းသဘင္ကလည္း ဆက္ေန၏ ။

အခုလည္း ေဈးေရာင္းပြဲေတာ္ျဖစ္၍ Seok Jinတို႔ သူငယ္ခ်င္းတစ္စု ေပ်ာ္ရႊင္စြာ ေဈးတန္းပတ္ေနခ်ိန္ျဖစ္သည္။

"စီးပြားေရး ေမဂ်ာက
ထမင္းလိပ္ နဲ႔ အေအး?
မစားဖူးၾကလို႔လား လူေတြအံုေနရေအာင္"

Seok Jin ဆိတ္သားေျခာက္ေခ်ာင္းေလးကို
လက္ျဖင့္ကိုင္ဝါးေနရင္း ေဘးကသူငယ္ခ်င္းအားေမးလိုက္သည္။

"ငါတို႔ေမဂ်ာကေရခဲမုန႔္ထက္ေတာ့သာပါတယ္ကြာ"

ေဘးကေရခဲမုန႔္ခြက္ေလးကိုင္ကာ ေၫွာင္နာနာဆိုလာေသာ သူငယ္ခ်င္းအား Seok Jinလက္ထဲကဆိတ္သားေျခာက္ႏွင့္ေကာက္ေပါက္လိုက္သည္။ ဘယ့္ႏွယ့္ ကိုယ့္ေမဂ်ာကို သိကၡာျပန္ခ်ေနတာ။

"သိၿပီ..ကြာတယ္ေလကြာ..
ဟိုမွာ ထိုင္ေနတဲ့လူလဲၾကၫ့္လိုက္အံုး"

ေျခဖ်ားေထာက္ကာခုန္ဆြခုန္ဆြၾကၫ့္ရင္းေျပာလာေသာ သူငယ္ခ်င္းတစ္‌ေယာက္၏စကားေနာက္ သူတို႔လဲခုန္ဆြခုန္ဆြလိုက္ၾကၫ့္လိုက္ၾကသည္။

ျဖတ္ခနဲေပမဲ့မ်က္လံုးထဲစြဲစရာျမင္ကြင္း။
ေမဂ်ာအက်ီ ္အနက္ေရာင္ႏွင့္ မုန႔္ေရာင္းသၫ့္နားတြင္ ထိုင္ေနေသာ Kim Namjoon..

မေက်နပ္၍ ေရ႔ွတိုးကာ ေနာက္တစ္ေခါက္ခုန္ၾကၫ့္လိုက္သည္။ ဖုန္းသံုးေနတာပဲ..အရာအားလံုးကသူႏွင့္မဆိုင္သလိုမ်ိဳး..။

"ထမင္းလိပ္ယူမွာလားရွင့္"

နားထဲ၀င္လာေသာ အသံဆာဆာကိုၾကားမွ သူသတိျပန္ကပ္ကာ ေရ႔ွသို႔ၾကၫ့္မိသည္။
ဘုရားေရ တိုးရင္း တိုးရင္း မုန႔္ေရာင္းသၫ့္စားပြဲေရ႔ွေရာက္လာျခင္းျဖစ္ေတာ့သည္။

"အာ..ဟုတ္တယ္ ႏွစ္လိပ္"

အခုခ်ိန္မွမ၀ယ္ဘူးေျပာလဲ မရႏိုင္တာမို႔ ႏွေျမာစြာပင္ ထမင္းလိပ္ႏွစ္လိပ္ အရွက္ေျပ၀ယ္လိုက္ရေတာ့သည္။

"ေဟ့ေကာင္ ေမဂ်ာကမုန႔္က်၀ယ္မစားဘူး
ဲဒီမွာလာၿပီး အားေပးေနတယ္ေပါ့"

အသံၿဗဲႀကီးႏွင့္ေရာက္လာေသာ အတန္းထဲက အေကာင္ကိုသာ ပါးစပ္ထဲထမင္းလိပ္ဆို႔ေပးထားလိုက္ခ်င္သည္။ ခုႏွစ္သံခ်ီေနေသာ ဒင္းအသံေၾကာင့္ Kim Namjoonကဖုန္းၾကၫ့္ေနရမွ မ်က္လံုးတစ္ခ်က္ေဝ့လ်ွက္ သူတို႔ဘက္လွၫ့္ၾကၫ့္သည္။တကယ္ခနေလးရယ္သာ..သူတို႔ႏွစ္ေယာက္အၾကၫ့္ခ်င္းဆံုသြားသည္ထင္၏ ။
Seok Jinလက္ထဲကိုင္ထားေသာ ထမင္းလိပ္မ်ားကို အလန႔္တၾကားဖ်စ္ၫွစ္မိသည္။

ဒီေကာင္Kim Namjoon အႏၲာရယ္မ်ားတယ္
ေဝးေဝးကကိုေရွာင္မျွဖစ္ေတာ့မယ္..။

.............................

အတန္းႏွင့္လားလားမွမသက္ဆိုင္စြာ ကန္တင္းသည္ရက္ရက္စက္စက္လူစည္ကားလ်ွက္ရိွ၏။ ဝိုင္းေလးတစ္ဝိုင္းရဖို႔အေရး အတန္းဖ်က္ကာ လာဦးရေသာအခိုက္အတန႔္မ်ားပင္ရိွသည္။

"ဒီမွာ ice coffeeဘယ္သူမွာလဲ"

သူတို႔ဝိုင္းနားေလ်ွာက္လာကာ ေအာ္ေမးေသာ
ေကာင္ေလး၏ အေမးကို Seok Jinအေလာတႀကီးလက္ေထာင္ျပလိုက္ၿပီး

"ဒီကမွာတာ ဒီကမွာတာ ညီေလး"

"ေဟ့ေကာင္ မင္းမွာတာ စေတာ္ဘယ္ရီေလ"

ေကာင္ေလးလာခ်ေပးသြားေသာ ice coffeeကို လွမ္းယူလိုက္ရင္း Seok Jin
ငါးခူၿပံဳးေလးၿပံဳးလိုက္ကာ...

"ဒီရက္စက္တဲ့ကန္တင္းမွာတရားမ်ွတမႈဆိုတာမရိွဘူး
လ်င္သူစားစတမ္းပဲ"

Seok Jinဂုဏ္ယူဝံ့ႂကြားစြာေျပာကာ ပိုက္ကိုငံု႔ေသာက္မည္ျပင္လိုက္ေတာ့..

"ဒီCoffeeကငါ့ဟာထင္တယ္"

ဒီအသံ..
ဘယ္ေတာ့မွမွားမည္မဟုတ္သၫ့္အသံရွရွ

"Kim Namjoon"

ထိုစကားသံကသူ႔ထံမွမဟုတ္..
ေဘးက သူငယ္ခ်င္းမ်ားဆီကျဖစ္သည္။
တစ္ေက်ာင္းထဲ တစ္တန္းထဲအတူတူတတ္ခဲ့ၾကေသာ သူမ်ားျဖစ္၍ သူတို႔ကမွတ္မိေနေသာ္လည္း Kim Namjoonကေတာ့အမွတ္သညာရိွပံုမရပါ..။ အသိအမွတ္ျပဳေခါင္းတစ္ခ်က္ပင္ၿငိမ့္ျပေဖာ္မရ။

"မေသာက္ရေသးရင္ ဒီကိုေပးႏိုင္မလား..
ငါေနာက္တစ္ခြက္ေစာင့္ဖို႔အခ်ိန္မရေတာ့လို႔"

ဘယ္ေလာက္ပဲမာန္တင္းေနေန ဒီလိုနဖူးေတြ ့ဒူးေတြ ့ႀကံဳလာသၫ့္အခါ Seok Jinသည္
ေအးခဲေတာင့္တင္းသြားတတ္စၿမဲ..။

"ယူပါယူသြား ေရာ့"

ေဘးကမေနႏိုင္သၫ့္ သူငယ္ခ်င္းက သူ႔‌ေရွ့မွေကာ္ဖီကို ယူလ်ွက္Kim Namjoonအားကမ္းေပးလိုက္၏။

"ေက်းဇူး"

ခပ္ျပတ္ျပတ္ေလသံတစ္ခုႏွင့္အတူ ေျခသံသည္တျဖည္းျဖည္းေပ်ာက္ကြယ္သြား၏။
မေတြ ့ရလ်ွင္သူေနႏိုင္ပါသည္။
ေတြ ့မိသၫ့္အခိုက္အတန႔္ဆို သူမေနႏိုင္ေတာ့ပါ။

ျမင္ျပင္းကတ္ေနရင္းပင္
သေဘာက်စိတ္မ်ားေလ်ာ့မသြားေသာ သူ႔စိတ္သည္ တကယ္နားလည္ရခက္ေခ်၏ ။

ထြက္သြားေသာေက်ာျပင္ကို ‌တမ္းတမ္းတတေငးရင္း သူငိုခ်င္လာသည္။

ငါ့Ice Coffeeေလး..
ႏွေျမာလိုက္တာ...။

............................

For Unicode

Seok Jinတို့မေဂျာအစုံက ကျောင်းသားများအားလုံး ပထမအချိန်တွင် ခန်းမထဲတွင်စုဝေးရသည်။

သူတို့သူငယ်ချင်းအုပ်စုကတော့ လူအုပ်၏နောက်နားကပ်နေတာ အားရပါးရ လေထိုင်ပေါဖြစ်နေကြ၏။ ဒီကောင်တွေနှင့်က ရေစက်မကုန်နိုင်စွာ မေဂျာပင်လာတူနေသေးသည်။

ရှေ့မှဆရာကြီးတစ်ယောက် မိန့်ခွန်းခြြွေပီးချိန်တွင်တော့ သူတို့အားလုံးပြန်ခွင့်ရ၏။
ဘယ်အချိန်ကတည်းကထွက်ချင်နေကြမှန်းမသိသော လူအုပ်ကြောင့် တွန်းတွန်းထိုးထိုးနှင့်ပင်ရှေ့သို့ပါသွားရသည်။

Seok Jinတစ်ယောက်ထဲရှေ့သို့ပါသွားတာကြောင့် လူအုပ်ထဲတွင်လက်မြှောက်ကာခုန်လိုက်ပြီး ကျန်နေခဲ့သည့် သကောင့်သားများကိုတည်နေရာအားအချက်ပြလိုက်ရ၏ ။

သူခုန်ပြီးလက်အချ ဘေးနားကရှိသော လူ၏မျက်နှာအား ဖြောင်းခနဲချမိသွားသည်။
အင်မတန်နာသွားမှာပဲ!

"‌ဆောရီးဗျာ..အဲ "

ကောင်းရော!သူ‌ဖြောင်းခနဲချမိတာKim Namjoonကြီး..ဒီလောက်လူတွေအများကြီးထဲ တိုက်ဆိုင်စွာ လာဆုံတာလည်း အံ့ဖွယ်။
သူ့လက်နဲ့ဖြောင်းခနဲ အချခံလိုက်ရတဲ့သူဖြစ်သွားတာလည်း အံ့ဖွယ်။

သူစကားပြောတာကိုလဲ ဘာမြှပန်ပြောခြင်းမရှိပဲ အလိုမကျဟန်ဖြင့်တစ်ချက်ကြည့်ကာ ရှေ့သို့ထွက်သွားသည်။
Seok Jinကြည့်မရတာအဲ့တာတွေပဲ။မ‌ပြောင်းမလဲ သူ့လုပ်စာထိုင်စားနေရသည့်ဟန်ကအပြည့်..

သူ့လက်တောင်နီရဲသွားတာ ဘယ်လောက်တောင်နာသွားလိမ့်မလဲတော့ မသိ..။
စကားမစပ် Kim Namjoonတော်တော်လေးကိုချောသည်။

.
.
.

Kim Namjoonတို့ကတော့ ထုံးစံအတိုင်း
များမကြာမှီသောရက်ပိုင်းများအတွင်းမှာပင် ကျောင်း၌နာမည် ကြီးလာ၏။
သူ့အတွက်pageတွေတောင်ထောင်ထားကြသည်ကိုပင်တွေ့ရ၏။

ဒါကလည်းသူနှင့်မဆိုင်..
ပုံလေးတွေကြိုက်လျှင် ဝင်Saveလိုက်သည်။
မေဂျာမတူတာမို့ တွေ့ဖြစ်ဖို့လမ်းစလည်းမရှိကြ။ ရှိအောင်လည်း Seok Jinကတမင်တကာဖန်တီးနေမည့် လူမျိုးထဲမပါတော့ ပိုဆိုးသည်။
သူ့လမ်းသူလျှောက် ကိုယ့်လမ်းကိုယ်လျှောက်..

ထိုသို့ဆိုတိုင်း သဘောမကျတော့တာတော့မဟုတ်ချေ။ နားလည်ရခက်သည်ဟုထင်ရသော်လည်း သူ့စိတ်ကအလွန်ရိုးရှင်းသည်။

ဒီလူကိုသဘောကျသည်ဆိုသည့်အဆင့်မှာပဲ သူ့စိတ်ကိုမြုပ်နှံထားသည်။
နီးစပ်ရန်ရှေ့တိုးဖို့လည်း အစီအစဉ်မရှိ..
သတိထားမိအောင်လည်း နေပြမည်မဟုတ်ချေ

ဒီလိုနဲ့ ခံစားချက်တွေအေးခဲလာပြီး
သူမဟုတ်တဲ့တစ်စုံတစ်ယောက်ကို သဘောကျသွားတာလည်းဖြစ်နိုင်မည်။

ထိုသူကတော့ တစ်ချိန်ကသဘောကျခဲ့သည့် အချစ်ဦး ဆိုသောနာမနှင့်အတူ တစ်သက်လုံးသိမ်းဆည်းသွားရမည့် ကဗျာလေးတစ်ပုဒ်ဖြစ်လာလိမ့်မည်။

............................

ပထမနှစ်ဖြစ်၍ အရာရာတိုင်းကဆန်းသစ်ပြီးပျော်စရာကောင်းနေသလို ပွဲလမ်းသဘင်ကလည်း ဆက်နေ၏ ။

အခုလည်း ဈေးရောင်းပွဲတော်ဖြစ်၍ Seok Jinတို့ သူငယ်ချင်းတစ်စု ပျော်ရွှင်စွာ ဈေးတန်းပတ်နေချိန်ဖြစ်သည်။

"စီးပွားရေး မေဂျာက
ထမင်းလိပ် နဲ့ အအေး?
မစားဖူးကြလို့လား လူတွေအုံနေရအောင်"

Seok Jin ဆိတ်သားခြောက်ချောင်းလေးကို
လက်ဖြင့်ကိုင်ဝါးနေရင်း ဘေးကသူငယ်ချင်းအားမေးလိုက်သည်။

"ငါတို့မေဂျာကရေခဲမုန့်ထက်တော့သာပါတယ်ကွာ"

ဘေးကရေခဲမုန့်ခွက်လေးကိုင်ကာ ညှောင်နာနာဆိုလာသော သူငယ်ချင်းအား Seok Jinလက်ထဲကဆိတ်သားခြောက်နှင့်ကောက်ပေါက်လိုက်သည်။ ဘယ့်နှယ့် ကိုယ့်မေဂျာကို သိက္ခာပြန်ချနေတာ။

"သိပြီ..ကွာတယ်လေကွာ..
ဟိုမှာ ထိုင်နေတဲ့လူလဲကြည့်လိုက်အုံး"

ခြေဖျားထောက်ကာခုန်ဆွခုန်ဆွကြည့်ရင်းပြောလာသော သူငယ်ချင်းတစ်‌ယောက်၏စကားနောက် သူတို့လဲခုန်ဆွခုန်ဆွလိုက်ကြည့်လိုက်ကြသည်။

ဖြတ်ခနဲပေမဲ့မျက်လုံးထဲစွဲစရာမြင်ကွင်း။
မေဂျာအကျီ ်အနက်ရောင်နှင့် မုန့်ရောင်းသည့်နားတွင် ထိုင်နေသော Kim Namjoon..

မကျေနပ်၍ ရှေ့တိုးကာ နောက်တစ်ခေါက်ခုန်ကြည့်လိုက်သည်။ ဖုန်းသုံးနေတာပဲ..အရာအားလုံးကသူနှင့်မဆိုင်သလိုမျိုး..။

"ထမင်းလိပ်ယူမှာလားရှင့်"

နားထဲဝင်လာသော အသံဆာဆာကိုကြားမှ သူသတိပြန်ကပ်ကာ ရှေ့သို့ကြည့်မိသည်။
ဘုရားရေ တိုးရင်း တိုးရင်း မုန့်ရောင်းသည့်စားပွဲရှေ့ရောက်လာခြင်းဖြစ်တော့သည်။

"အာ..ဟုတ်တယ် နှစ်လိပ်"

အခုချိန်မှမဝယ်ဘူးပြောလဲ မရနိုင်တာမို့ နှမြောစွာပင် ထမင်းလိပ်နှစ်လိပ် အရှက်ပြေဝယ်လိုက်ရတော့သည်။

"ဟေ့ကောင် မေဂျာကမုန့်ကျဝယ်မစားဘူး
ဲဒီမှာလာပြီး အားပေးနေတယ်ပေါ့"

အသံဗြဲကြီးနှင့်ရောက်လာသော အတန်းထဲက အကောင်ကိုသာ ပါးစပ်ထဲထမင်းလိပ်ဆို့ပေးထားလိုက်ချင်သည်။ ခုနှစ်သံချီနေသော ဒင်းအသံကြောင့် Kim Namjoonကဖုန်းကြည့်နေရမှ မျက်လုံးတစ်ချက်ဝေ့လျှက် သူတို့ဘက်လှည့်ကြည့်သည်။တကယ်ခနလေးရယ်သာ..သူတို့နှစ်ယောက်အကြည့်ချင်းဆုံသွားသည်ထင်၏ ။
Seok Jinလက်ထဲကိုင်ထားသော ထမင်းလိပ်များကို အလန့်တကြားဖျစ်ညှစ်မိသည်။

ဒီကောင်Kim Namjoon အန္တာရယ်များတယ်
ဝေးဝေးကကိုရှောင်မြှဖစ်တော့မယ်..။

.............................

အတန်းနှင့်လားလားမှမသက်ဆိုင်စွာ ကန်တင်းသည်ရက်ရက်စက်စက်လူစည်ကားလျှက်ရှိ၏။ ဝိုင်းလေးတစ်ဝိုင်းရဖို့အရေး အတန်းဖျက်ကာ လာဦးရသောအခိုက်အတန့်များပင်ရှိသည်။

"ဒီမှာ ice coffeeဘယ်သူမှာလဲ"

သူတို့ဝိုင်းနားလျှောက်လာကာ အော်မေးသော
ကောင်လေး၏ အမေးကို Seok Jinအလောတကြီးလက်ထောင်ပြလိုက်ပြီး

"ဒီကမှာတာ ဒီကမှာတာ ညီလေး"

"ဟေ့ကောင် မင်းမှာတာ စတော်ဘယ်ရီလေ"

ကောင်လေးလာချပေးသွားသော ice coffeeကို လှမ်းယူလိုက်ရင်း Seok Jin
ငါးခူပြုံးလေးပြုံးလိုက်ကာ...

"ဒီရက်စက်တဲ့ကန်တင်းမှာတရားမျှတမှုဆိုတာမရှိဘူး
လျင်သူစားစတမ်းပဲ"

Seok Jinဂုဏ်ယူဝံ့ကြွားစွာပြောကာ ပိုက်ကိုငုံ့သောက်မည်ပြင်လိုက်တော့..

"ဒီCoffeeကငါ့ဟာထင်တယ်"

ဒီအသံ..
ဘယ်တော့မှမှားမည်မဟုတ်သည့်အသံရှရှ

"Kim Namjoon"

ထိုစကားသံကသူ့ထံမှမဟုတ်..
ဘေးက သူငယ်ချင်းများဆီကဖြစ်သည်။
တစ်ကျောင်းထဲ တစ်တန်းထဲအတူတူတတ်ခဲ့ကြသော သူများဖြစ်၍ သူတို့ကမှတ်မိနေသော်လည်း Kim Namjoonကတော့အမှတ်သညာရှိပုံမရပါ..။ အသိအမှတ်ပြုခေါင်းတစ်ချက်ပင်ငြိမ့်ပြဖော်မရ။

"မသောက်ရသေးရင် ဒီကိုပေးနိုင်မလား..
ငါနောက်တစ်ခွက်စောင့်ဖို့အချိန်မရတော့လို့"

ဘယ်လောက်ပဲမာန်တင်းနေနေ ဒီလိုနဖူးတွေ့ဒူးတွေ့ကြုံလာသည့်အခါ Seok Jinသည်
အေးခဲတောင့်တင်းသွားတတ်စမြဲ..။

"ယူပါယူသွား ရော့"

ဘေးကမနေနိုင်သည့် သူငယ်ချင်းက သူ့‌ရှေ့မှကော်ဖီကို ယူလျှက်Kim Namjoonအားကမ်းပေးလိုက်၏။

"ကျေးဇူး"

ခပ်ပြတ်ပြတ်လေသံတစ်ခုနှင့်အတူ ခြေသံသည်တဖြည်းဖြည်းပျောက်ကွယ်သွား၏။
မတွေ့ရလျှင်သူနေနိုင်ပါသည်။
တွေ့မိသည့်အခိုက်အတန့်ဆို သူမနေနိုင်တော့ပါ။

မြင်ပြင်းကတ်နေရင်းပင်
သဘောကျစိတ်များလျော့မသွားသော သူ့စိတ်သည် တကယ်နားလည်ရခက်ချေ၏ ။

ထွက်သွားသောကျောပြင်ကို ‌တမ်းတမ်းတတငေးရင်း သူငိုချင်လာသည်။

ငါ့Ice Coffeeလေး..
နှမြောလိုက်တာ...။


You are reading the story above: TeenFic.Net