1

Background color
Font
Font size
Line height

For Zawgyi

အခ်စ္အေၾကာင္းဘာမွမသိေသးေသာအခ်ိန္တစ္ခုတြင္သူအခ်‌စ္ဦးကိုစေတြ ့ခဲ့သည္...။ဒါဟာ အနည္းငယ္ရယ္ဖို႔ေကာင္းေပမဲ့ ခံစားခ်က္ေတြကေတာ့ တနင့္တပိုးျဖစ္တည္ခဲ့တာျဖစ္သည္။

အလယ္တန္းအရြယ္ဆိုတာ စိတ္ကစားႏိုင္ေျခေတြအမ်ားႀကီးရိွတာသူသိသလို ထိုသို႔ျဖစ္ဖို႔လည္း တိုင္တည္ေမ်ွာ္လင့္ခဲ့သည္။

ဒီေလာက္လူေတြအမ်ားႀကီးထဲကမွ ဘာလို႔ထိုသူကို ေမတၲာစိတ္ပိုပိုျကီးယိုဖိတ္သြားသလဲဆိုတာ အေျဖအစအနပင္ရွာမရ..။
သို႔ေသာ္ ရုန္းထြက္မရေအာင္ အခ်စ္ဦးထံ သူၿငိတြယ္ခဲ့မိသည္ထင္သည္။
.
.
.
သူ႔အမည္က Kim Seok Jin
သူ၏တစ္ဦးထဲေသာ တစ္ဖက္သတ္ခ်စ္ရသူအမည္က Kim Namjoon..

မူလတန္းကတည္းက တစ္ေက်ာင္းတည္းအတူတူတတ္ခဲ့ရေသာ္လည္း သူတို႔ႏွစ္ေယာက္မရင္းႏွီးခဲ့ၾကပါ။

ထိုကေလးဘ၀ကစ၍ အလယ္တန္းပထမႏွစ္အထိ Kim Namjoonအား သူဘယ္ေသာအခါမွ ၾကၫ့္၍ရခဲ့တာမဟုတ္။အဟုတ္!သူတကယ္Kim Namjoonကိုျမင္ျပင္းကတ္ခဲ့တာ။

Kim Namjoonကအရမ္းျပၫ့္စံုလြန္းအားႀကီးသည္။ စာေပဂီတအားကစား ဘာမွအျပစ္ဆိုဖြယ္မရိွေပမဲ့ ဆက္ဆံေရးကတကယ္သံုညျဖစ္သည္။ ခ်မ္းသာ ႂကြယ္၀ျခင္းကပါထပ္ေပါင္းေတာ့ တစ္ေက်ာင္းလံုးသူ႔လုပ္စာ စားေနရသၫ့္အတိုင္းကို မ်က္ႏွာထားကတည္သည္။

Seok Jinအခ်ိန္ေတြကိုေနာက္ျပန္ဆုတ္လို႔ရလ်ွင္ အလယ္တန္းဒုတိယႏွစ္စ ေက်ာင္းေလ့လာေရးခရီးကိုလိုက္ခဲ့မည္မထင္..

ထိုေန့ကို သူရွင္းလင္းစြာမွတ္မိေနေသး၏။
ေတာင္တန္းႀကီးေတြကိုေရးေရးေပၚေနသၫ့္ရႈခင္း။
လမ္းေဘးက‌ေနၾကာပန္းခင္းႀကီးေတြႏွင့္ဝင္လုလုေနလံုးႀကီး..ထိုျမင္ကြင္းကသိပ္လွခဲ့တာ။

Seok Jinလဲသူငယ္ခ်င္းေတြႏွင့္ေနၾကာပန္းေတြ၀င္ခူးရင္း အူတတ္မတတ္ရယ္ေနခဲ့တာကိုမွတ္မိေနေသးသည္။

ထိုေန့မွာပဲ သူမ်ားေတြလိုေနၾကာပန္းေတြမခူးပဲ က်ိဳးေၾကေနသၫ့္ ေနၾကာပန္းတို႔ကို လိုက္ေကာက္ေနေသာ လက္တစ္စံုကိုသူ ျမင္ခဲ့တာျဖစ္သည္။
ထူးဆန္းတာမို႔ ေငးၾကၫ့္ေနမိေတာ့
ရုပ္ရွင္ဆန္စြာေလတျဖဴးျဖဴးပင္တိုက္လိုက္ေသး၏ ။

၀င္လုလုေနေရာင္ကိုမ်က္ႏွာမူထားတဲ့ေက်ာျပင္
ဆင္တူေက်ာင္းစပို႔ရွပ္အဝါေလးေပမဲ့ ထင္းလင္းေပၚလြင္ေနသၫ့္ ေက်ာျပင္တစ္ခု..
လက္ထဲတြင္လဲ က်ိဳး‌ေၾကေနေသာေနၾကာငိုက္ငိုက္တို႔ကို ကိုင္ထားသည္။

ထိုပံုရိပ္ကိုၾကၫ့္ရင္း ရင္ေတြတစ္ဒိန္းဒိန္းခုန္လာတာမို႔ ခူးလက္စေနၾကာပန္းတစ္ခ်ိဳ႕ကို သူအေယာင္ေယာင္မွားမွားလႊတ္ခ်မိသည္အထိ....။

.
.
............................

အထက္တန္းပထမႏွစ္

ဘာမွထူးျခားစြာေျပာင္းလဲမသြားေသာ ေက်ာင္းလမ္းႀကီးအတိုင္း Seok Jinစက္ဘီးကိုျဖည္းၫွင္းစြာနင္းလာခဲ့သည္။

ပ်င္းစရာေကာင္း‌ေသာေနြရာသီေတြအၿပီးမွာ သူ႔စိတ္ေတြကလည္းရႊင္လန္းတတ္ႂကြေန၏။
စက္ဘီးအပ္သၫ့္ေနရာကို ေရာက္ေတာ့ ေနရာယူထားၿပီးျဖစ္ေသာ ခပ္သစ္သစ္ၿပိဳင္ဘီးအျပာေလးကို ေတြ ့လိုက္ရသည္။
ေမးစရာမလို ဒါNamjoonစက္ဘီး!

စက္ဘီးေလးတစ္စီးျမင္တာႏွင့္ပင္ ဟီးခနဲၿပံဳးမိသြားေသာသူ႔ကိုအေစာင့္ဦးေလးႀကီးက နားမလည္သလိုတစ္လွမ္းၾကၫ့္၏။

Seok Jinရယ္ျပလိုက္ကာ ေက်ာပိုးအိတ္‌ကိုပင့္ရင္း ေပ်ာ္ရႊင္စြာေလ်ွာက္လာခဲ့လိုက္သည္။
ဒီႏွစ္လဲ သူတို႔ စက္ဘီးအေရာင္တူျပန္သည္..။

ေျမာက္ႂကြေျမာက္ႂကြ ႏွင့္ေလ်ွာက္လာေသာ ေျခလွမ္းေတြသည္ အတန္းေရ႔ွေရာက္ေတာ့ ခဲဆြဲထားသလိုပင္ ေလးလံစျပဳလာ၏။

ျပတင္းေပါက္မျွမင္ေနရေသာNamjoon၏ေတေစာင္းမ်က္နွာ..။ဒီနွစ္လဲအတန္း၏ ေရ႔ွ ျပတင္းေပါက္နားေနရာယူထားျပန္ၿပီ။

စိတ္မေကာင္းေပမဲ့ သူကေတာ့ ဘူမိဌာေန ေနာက္ဆံုးတန္းကိုပဲ အေျပးေလးေျပးေနရာယူမိပါသည္။

ႀကိဳက္တာႀကိဳက္တာပဲ
အဲ့တာေၾကာင့္ေတာ့ဘယ္ေတာ့မွေရ႔ွတန္းတြင္သူေနလိမ့္မည္မဟုတ္ေခ်။

ေနာက္ေက်ာေလးျမင္ေနရရင္ သူကေတာ့ေက်နပ္ေနတာပဲ။ ဘာအေတြးမွရိွတတ္သူတစ္ေယာက္မဟုတ္ခဲ့ပါ။

.
.
.
"နာမည္"

ပံုမွန္ေလသံေပမဲ့Seok Jinနားထဲေရာရင္ဘတ္ထဲမွာ အက်ယ္ႀကီးျမည္ဟီးေနသည္။
ထာဝရအတန္းေခါင္းေဆာင္ျဖစ္ေသာNamjoonကပထမခ်ိန္မွာ အကုန္လံုးကိုနာမည္စာရင္းစတင္ေကာက္၏ ။

"Kim SeokJin"

"ဘာ"

သူ႔အသံကထိန္းေျပာေနရ၍ သိပ္တိုးသြားသည္ထင္သည္ Namjoonကအလိုမက်စြာေနာက္ထပ္ျပန္ေမးလာ၏။

Seok Jinေဘးကသူငယ္ခ်င္းအား လက္တို႔ရင္း

"ငါ့နာမည္ေျပာလိုက္စမ္းကြာ.."

ထိုစကားကိုေျပာလိုက္ၿပီးသည္ႏွင့္ သူေမွာက္ကာအိပ္ခ်လိုက္သည္။
သူကတကယ္အူေၾကာင္ေၾကာင္ရယ္။

.............................

အထက္တန္းပထမနွစ္ကကလည္း
ရယ္လိုက္ေမာလိုက္စိတ္ညစ္လိုက္ႏွင့္ပင္ တေရြ့ေရြ့ တိုက္စားလာသည္။

ရင္ခုန္သံကို စူးစမ္းလိုသၫ့္အခ်ိန္မို႔ ခ်ိဳၿမိန္ေသာေလထုေလးေတြႏွင့္ ကိုယ္စီကိုယ္င အဆင္ေျပေနၾကေသာ္လည္း သူ႔အတြက္ကေတာ့ ဒီအတိုင္းပါပင္။

ေငးေနရေသာေနာက္ေက်ာတစ္စံု ပိုင္ရွင္ရိွမသြားဖို႔အေရးကိုသာ ေန့စဉ္ရက္ဆက္ ေတာင္းဆုျပဳေနရသည္။
တစ္ခါတစ္ေလလဲ ဒင္းရည္းစားရသြားပါေစ ဟု အခ်ဉ္ေပါက္ကာ ဆုေတာင္းမိ၏။ဒါမွ သူလဲ စိတ္ျမန္ျမန္ျဖတ္ႏိုင္မည္ထင္သည္။

သူ႔ပထမဆုေတာင္းေတြကတကယ္ျပၫ့္ပါသည္။
Namjoonကအတန္းထဲကဘယ္သူ႔ကိုမွစိတ္မ၀င္စား..
တစ္ျခားအတန္းကလူေတြကိုလည္းစိတ္မ၀င္စား
သူ႔ကိုလဲစိတ္မဝင္စား.....။

အထက္တန္း ဒုတိယႏွစ္..
အထက္တန္း ေနာက္ဆံုးႏွစ္..

ေျပာင္းလဲေနေသာအခ်ိန္ေတြတြင္
လိုက္မေျပာင္းလဲခဲ့တာ သူ၏Namjoonေပါ္ထားသည့္ သေဘာက်သၫ့္စိတ္ပင္ ျဖစ္သည္။

တစ္တန္းလံုးက မူလတန္းကတည္းကအတူတူႀကီးပ်င္းလာၾကသူမ်ားျဖစ္၍ အလြန္ကိုရင္းႏွီးၾကေသာ္လည္း Namjoonကမပါ၀င္ခဲ့..။
မေရာခဲ့တာေၾကာင့္လည္းျဖစ္မည္ထင္သည္။

ေက်ာင္းၿပီးခါနီးအထိ သူငယ္ခ်င္းဟူ၍လည္းမရွိ။ သို႔ေသာ္တာ၀န္ယူမႈအျပၫ့္ႏွင့္ေတာ္လြန္းေသာအရည္အခ်င္းေၾကာင့္ ရြယ္တူေတြပင္ျဖစ္ေသာ္လည္း Namjoonကိုဆိုရိွန္ကာေလးစားၾကရသည္။

အလယ္တန္းႏွစ္ကစလို႔ အခုအထက္တန္းပင္ၿပီးေတာ့မည္။
မနည္းလွေသာအခ်ိန္ေတြေက်ာ္လြန္ၿပီးသည္အထိ Seok Jinဖြင့္ေျပာရန္မဆိုထားႏွင့္ စကားပင္ေျဖာင့္ေအာင္မေျပာျဖစ္ခဲ့တာသာၾကၫ့္ေတာ့။

ႀကီးႀကီးက်ယ္က်ယ္ႏိုင္လြန္းေသာ Kim Namjoonကို အျမင္ကတ္ရင္းကပင္ အရိပ္တၾကၫ့္ၾကၫ့္ျဖစ္ခဲ့ရေသာ သူ႔ေနရက္ေတြက တစ္မ်ိဳးေတာ့ေပ်ာ္ဖို႔ေကာင္းလွသည္။

ဘယ္အထိဆက္သြားႏိုင္မလဲမသိေသးဘူး
တစ္သက္လံုးလဲသေဘာက်ခ်င္မွက်လိမ့္မယ္
ဒါေပမဲ့ မင္းေနာက္ေက်ာေလးကိုေတာ့
ငါဘယ္ေတာ့မွ မၿငီးေငြ ့ခဲ့...။

.............................

For Unicode

အချစ်အကြောင်းဘာမှမသိသေးသောအချိန်တစ်ခုတွင်သူအချ‌စ်ဦးကိုစတွေ့ခဲ့သည်...။ဒါဟာ အနည်းငယ်ရယ်ဖို့ကောင်းပေမဲ့ ခံစားချက်တွေကတော့ တနင့်တပိုးဖြစ်တည်ခဲ့တာဖြစ်သည်။

အလယ်တန်းအရွယ်ဆိုတာ စိတ်ကစားနိုင်ခြေတွေအများကြီးရှိတာသူသိသလို ထိုသို့ဖြစ်ဖို့လည်း တိုင်တည်မျှော်လင့်ခဲ့သည်။

ဒီလောက်လူတွေအများကြီးထဲကမှ ဘာလို့ထိုသူကို မေတ္တာစိတ်ပိုပိုကြီးယိုဖိတ်သွားသလဲဆိုတာ အဖြေအစအနပင်ရှာမရ..။
သို့သော် ရုန်းထွက်မရအောင် အချစ်ဦးထံ သူငြိတွယ်ခဲ့မိသည်ထင်သည်။
.
.
.
သူ့အမည်က Kim Seok Jin
သူ၏တစ်ဦးထဲသော တစ်ဖက်သတ်ချစ်ရသူအမည်က Kim Namjoon..

မူလတန်းကတည်းက တစ်ကျောင်းတည်းအတူတူတတ်ခဲ့ရသော်လည်း သူတို့နှစ်ယောက်မရင်းနှီးခဲ့ကြပါ။

ထိုကလေးဘဝကစ၍ အလယ်တန်းပထမနှစ်အထိ Kim Namjoonအား သူဘယ်သောအခါမှ ကြည့်၍ရခဲ့တာမဟုတ်။အဟုတ်!သူတကယ်Kim Namjoonကိုမြင်ပြင်းကတ်ခဲ့တာ။

Kim Namjoonကအရမ်းပြည့်စုံလွန်းအားကြီးသည်။ စာပေဂီတအားကစား ဘာမှအပြစ်ဆိုဖွယ်မရှိပေမဲ့ ဆက်ဆံရေးကတကယ်သုံညဖြစ်သည်။ ချမ်းသာ ကြွယ်ဝခြင်းကပါထပ်ပေါင်းတော့ တစ်ကျောင်းလုံးသူ့လုပ်စာ စားနေရသည့်အတိုင်းကို မျက်နှာထားကတည်သည်။

Seok Jinအချိန်တွေကိုနောက်ပြန်ဆုတ်လို့ရလျှင် အလယ်တန်းဒုတိယနှစ်စ ကျောင်းလေ့လာရေးခရီးကိုလိုက်ခဲ့မည်မထင်..

ထိုနေ့ကို သူရှင်းလင်းစွာမှတ်မိနေသေး၏။
လမ်းဘေးက‌နေကြာပန်းခင်းကြီးတွေနှင့်ဝင်လုလုနေလုံးကြီး..ထိုမြင်ကွင်းကသိပ်လှခဲ့တာ။

Seok Jinလဲသူငယ်ချင်းတွေနှင့်နေကြာပန်းတွေဝင်ခူးရင်း အူတတ်မတတ်ရယ်နေခဲ့တာကိုမှတ်မိနေသေးသည်။

ထိုနေ့မှာပဲ သူများတွေလိုနေကြာပန်းတွေမခူးပဲ ကျိုးကြေနေသည့် နေကြာပန်းတို့ကို လိုက်ကောက်နေသော လက်တစ်စုံကိုသူ မြင်ခဲ့တာဖြစ်သည်။
ထူးဆန်းတာမို့ ငေးကြည့်နေမိတော့
ရုပ်ရှင်ဆန်စွာလေတဖြူးဖြူးပင်တိုက်လိုက်သေး၏ ။

ဝင်လုလုနေရောင်ကိုမျက်နှာမူထားတဲ့ကျောပြင်
ဆင်တူကျောင်းစပို့ရှပ်အဝါလေးပေမဲ့ ထင်းလင်းပေါ်လွင်နေသည့် ကျောပြင်တစ်ခု..
လက်ထဲတွင်လဲ ကျိုး‌ကြေနေသောနေကြာငိုက်ငိုက်တို့ကို ကိုင်ထားသည်။

ထိုပုံရိပ်ကိုကြည့်ရင်း ရင်တွေတစ်ဒိန်းဒိန်းခုန်လာတာမို့ ခူးလက်စနေကြာပန်းတစ်ချို့ကို သူအယောင်ယောင်မှားမှားလွှတ်ချမိသည်အထိ....။

.
.
............................

အထက်တန်းပထမနှစ်

ဘာမှထူးခြားစွာပြောင်းလဲမသွားသော ကျောင်းလမ်းကြီးအတိုင်း Seok Jinစက်ဘီးကိုဖြည်းညှင်းစွာနင်းလာခဲ့သည်။

ပျင်းစရာကောင်း‌သောနွေရာသီတွေအပြီးမှာ သူ့စိတ်တွေကလည်းရွှင်လန်းတတ်ကြွနေ၏။
စက်ဘီးအပ်သည့်နေရာကို ရောက်တော့ နေရာယူထားပြီးဖြစ်သော ခပ်သစ်သစ်ပြိုင်ဘီးအပြာလေးကို တွေ့လိုက်ရသည်။
မေးစရာမလို ဒါNamjoonစက်ဘီး!

စက်ဘီးလေးတစ်စီးမြင်တာနှင့်ပင် ဟီးခနဲပြုံးမိသွားသောသူ့ကိုအစောင့်ဦးလေးကြီးက နားမလည်သလိုတစ်လှမ်းကြည့်၏။

Seok Jinရယ်ပြလိုက်ကာ ကျောပိုးအိတ်‌ကိုပင့်ရင်း ပျော်ရွှင်စွာလျှောက်လာခဲ့လိုက်သည်။
ဒီနှစ်လဲ သူတို့ စက်ဘီးအရောင်တူပြန်သည်..။

မြောက်ကြွမြောက်ကြွ နှင့်လျှောက်လာသော ခြေလှမ်းတွေသည် အတန်းရှေ့ရောက်တော့ ခဲဆွဲထားသလိုပင် လေးလံစပြုလာ၏။

ပြတင်းပေါက်မြှမင်နေရသောNamjoon၏တေစောင်းမျက်နှာ..။ဒီနှစ်လဲအတန်း၏ ရှေ့ ပြတင်းပေါက်နားနေရာယူထားပြန်ပြီ။

စိတ်မကောင်းပေမဲ့ သူကတော့ ဘူမိဌာနေ နောက်ဆုံးတန်းကိုပဲ အပြေးလေးပြေးနေရာယူမိပါသည်။

ကြိုက်တာကြိုက်တာပဲ
အဲ့တာကြောင့်တော့ဘယ်တော့မှရှေ့တန်းတွင်သူနေလိမ့်မည်မဟုတ်ချေ။

နောက်ကျောလေးမြင်နေရရင် သူကတော့ကျေနပ်နေတာပဲ။ ဘာအတွေးမှရှိတတ်သူတစ်ယောက်မဟုတ်ခဲ့ပါ။

.
.
.
"နာမည်"

ပုံမှန်လေသံပေမဲ့Seok Jinနားထဲရောရင်ဘတ်ထဲမှာ အကျယ်ကြီးမြည်ဟီးနေသည်။
ထာဝရအတန်းခေါင်းဆောင်ဖြစ်သောNamjoonကပထမချိန်မှာ အကုန်လုံးကိုနာမည်စာရင်းစတင်ကောက်၏ ။

"Kim SeokJin"

"ဘာ"

သူ့အသံကထိန်းပြောနေရ၍ သိပ်တိုးသွားသည်ထင်သည် Namjoonကအလိုမကျစွာနောက်ထပ်ပြန်မေးလာ၏။

Seok Jinဘေးကသူငယ်ချင်းအား လက်တို့ရင်း

"ငါ့နာမည်ပြောလိုက်စမ်းကွာ.."

ထိုစကားကိုပြောလိုက်ပြီးသည်နှင့် သူမှောက်ကာအိပ်ချလိုက်သည်။
သူကတကယ်အူကြောင်ကြောင်ရယ်။

.............................

အထက်တန်းပထမနှစ်ကကလည်း
ရယ်လိုက်မောလိုက်စိတ်ညစ်လိုက်နှင့်ပင် တရွေ့ရွေ့ တိုက်စားလာသည်။

ရင်ခုန်သံကို စူးစမ်းလိုသည့်အချိန်မို့ ချိုမြိန်သောလေထုလေးတွေနှင့် ကိုယ်စီကိုယ်င အဆင်ပြေနေကြသော်လည်း သူ့အတွက်ကတော့ ဒီအတိုင်းပါပင်။

ငေးနေရသောနောက်ကျောတစ်စုံ ပိုင်ရှင်ရှိမသွားဖို့အရေးကိုသာ နေ့စဉ်ရက်ဆက် တောင်းဆုပြုနေရသည်။
တစ်ခါတစ်လေလဲ ဒင်းရည်းစားရသွားပါစေ ဟု အချဉ်ပေါက်ကာ ဆုတောင်းမိ၏။ဒါမှ သူလဲ စိတ်မြန်မြန်ဖြတ်နိုင်မည်ထင်သည်။

သူ့ပထမဆုတောင်းတွေကတကယ်ပြည့်ပါသည်။
Namjoonကအတန်းထဲကဘယ်သူ့ကိုမှစိတ်မဝင်စား..
တစ်ခြားအတန်းကလူတွေကိုလည်းစိတ်မဝင်စား
သူ့ကိုလဲစိတ်မဝင်စား.....။

အထက်တန်း ဒုတိယနှစ်..
အထက်တန်း နောက်ဆုံးနှစ်..

ပြောင်းလဲနေသောအချိန်တွေတွင်
လိုက်မပြောင်းလဲခဲ့တာ သူ၏Namjoonပေါ်ထားသည့် သဘောကျသည့်စိတ်ပင် ဖြစ်သည်။

တစ်တန်းလုံးက မူလတန်းကတည်းကအတူတူကြီးပျင်းလာကြသူများဖြစ်၍ အလွန်ကိုရင်းနှီးကြသော်လည်း Namjoonကမပါဝင်ခဲ့..။
မရောခဲ့တာကြောင့်လည်းဖြစ်မည်ထင်သည်။

ကျောင်းပြီးခါနီးအထိ သူငယ်ချင်းဟူ၍လည်းမရှိ။ သို့သော်တာဝန်ယူမှုအပြည့်နှင့်တော်လွန်းသောအရည်အချင်းကြောင့် ရွယ်တူတွေပင်ဖြစ်သော်လည်း Namjoonကိုဆိုရှိန်ကာလေးစားကြရသည်။

အလယ်တန်းနှစ်ကစလို့ အခုအထက်တန်းပင်ပြီးတော့မည်။
မနည်းလှသောအချိန်တွေကျော်လွန်ပြီးသည်အထိ Seok Jinဖွင့်ပြောရန်မဆိုထားနှင့် စကားပင်ဖြောင့်အောင်မပြောဖြစ်ခဲ့တာသာကြည့်တော့။

ကြီးကြီးကျယ်ကျယ်နိုင်လွန်းသော Kim Namjoonကို အမြင်ကတ်ရင်းကပင် အရိပ်တကြည့်ကြည့်ဖြစ်ခဲ့ရသော သူ့နေရက်တွေက တစ်မျိုးတော့ပျော်ဖို့ကောင်းလှသည်။

ဘယ်အထိဆက်သွားနိုင်မလဲမသိသေးဘူး
တစ်သက်လုံးလဲသဘောကျချင်မှကျလိမ့်မယ်
ဒါပေမဲ့ မင်းနောက်ကျောလေးကိုတော့
ငါဘယ်တော့မှ မငြီးငွေ့ခဲ့...။

You are reading the story above: TeenFic.Net