Unicode
"ကျစ်....."
ခေါင်းထဲကတဆစ်ဆစ်ကိုက်နေပြီး နားထင်ကိုလက်နဲ့ဖိကာ ဘေးဘီဝဲယာကိုကြည့်လိုက်တော့ ဂိုဒေါင်ကရုံးခန်းထဲမှာပင်။
Dion မနေ့ကအသောက်များပြီး ဒီမှာဘဲအိပ်ဖြစ်သွားတယ်ထင်တယ်။ နိုးလာတာနဲ့ တစ်ကိုယ်လုံးကကိုက်ခဲနာကျင်နေပြီး ဒူးခေါင်းကအနာကတဆစ်ဆစ်ကိုက်လာပြီး လက်ကဒဏ်ရာတွေကလဲရောင်နေသည်။ မနေ့ညက ရလာတဲ့ဒဏ်ရာတွေက ဒီမနက်မှသိသိသာသာကိုက်ခဲနေသည်။
ရေဆာတာနဲ့ ရေသောက်မလို့ အားယူပြီးထဖို့လက်ထောက်လိုက်တော့ လက်ဆစ်ကပါဖူးယောင်နေလေသည်။ မျက်နှာချင်းဆိုင်က အလုပ်စားပွဲရဲ့အထက်က နံရံကိုကြည့်လိုက်တော့ ခြောက်နေတဲ့သွေးကွက်တွေနဲ့သွေးစီးချောင်းတွေ။ ဖြည်းဖြည်းချင်းမတ်တပ်ရပ်ပြီး ရေခဲသေတ္တာနားသွားတော့ ကြမ်းပြင်ကဖန်ကွဲစက ခြေထောက်ကိုလာစိုက်သည်။ အားနဲ့ဖိပြီးလျှောက်နေတာမလို့ ခြေဖနောင့်အတွင်းပိုင်းထိ စိုက်ဝင်နေသည်။ စိုက်ဝင်နေတဲ့ဖန်ကွဲစကို လက်နဲ့ဆွဲထုတ်ပြီး ရေခဲသေတ္တာဆီသာရောက်အောင်လှမ်းလိုက်သည်။
ရေသောက်ပြီး မျက်နှာမော့ကာအဲ့ရေကို မျက်နှာပေါ်လောင်းချလိုက်တော့မှ ခေါင်းနောက်တာသက်သာသွားသည်။ နည်းနည်းလန်းသွားမှ ရုံးခန်းတစ်ခုလုံးကိုခြုံကြည့်လိုက်တော့ ကြမ်းပြင်မှာဖန်ကွဲစတွေနဲ့ပန်းချီကားတွေပြန့်ကြဲကာ အလုပ်စားပွဲမှာရှိသမျှပစ္စည်းတိုင်းလဲ ရိုက်ချိုးခံထားရပြီး တစ်ခုမှအကောင်းမရှိတော့ဘဲ ရုံးခန်းတစ်ခုလုံးစုတ်ပြတ်နေသည်။ တစ်ညလုံးသောင်းကျန်းခဲ့တာဘဲ...။
ဆိုဖာပေါ်ပြန်ထိုင်ရင်း ဖုန်းကိုကြည့်လိုက်တော့ 11:00 am။ လုပ်စရာလဲရှိ၊ ခန္ဓာကိုယ်အနံ့အသက်ကလဲမကောင်းတော့ ရုံးခန်းထဲကရေချိုးခန်းမှာဘဲရေချိုးလိုက်သည်။ ဒဏ်ရာတွေက ရေထိတော့ စပ်သည်။ မှန်ထဲကြည့်မိတော့ မျက်နှာတစ်ခုလုံးဖူးယောင်ပြီး အညိုကွက်တွေအပြည့်။ နှုတ်ခမ်းထောင့်စွန်းက ဒဏ်ရာကိုလျှာနဲ့ထိကြည့်တော့မှ တော်တော်နာမှန်းခံစားမိသည်။
မနေ့ညကအကြောင်းတွေပြန်စဉ်းစားမိတော့ Dion ရင်မှာ တဆစ်ဆစ်။
"နာတယ်သိလား ဓီ။ ရင်ဘတ်ထဲကတော်တော်နာတယ်"
တစ်ကိုယ်တည်းရေရွတ်မိတဲ့စကားကို အဲ့သက်ဆိုင်သူကိုကြားစေချင်မိတာ။
ရေချိုးပြီး bathroom cupboard ထဲက ဝတ်စုံတစ်စုံထုတ်ပြီးဝတ်လိုက်သည်။ တစ်ခါတစ်လေအလုပ်ရှိရင်ဒီမှာနေတဲ့သူမလို့ အင်္ကျီလေးငါးစုံလောက်ထည့်ထားဖြစ်ခြင်းဖြစ်သည်။ ရေချိုးခန်းထဲကထွက်လာတော့ Rinoကို ဆိုဖာပေါ်မှာထိုင်နေတာမြင်လိုက်ရသည်။
(ပြင်သစ်ဘာသာဖြင့်)
"Rhyne"
"မင်းဘယ်တုန်းကရောက်တာလဲ"
"ခုနကပါ။ မင်းရေချိုးနေလို့ ထိုင်စောင့်နေတာ"
Dion က ခေါင်းငြိမ့်ပြတော့
"ဘာမှမစားရသေးဘူးမလား။ ငါနဲ့အပြင်မှာသွားစားရအောင်။ အခန်းကိုလဲရှင်းခိုင်းထားတယ် ခဏနေလာရှင်းမှာ"
"အင်း။ သွားကြတာပေါ့"
ဆိုင်ကယ်သော့ယူပြီး ဂျာကင်ထပ်ဝတ်ကာ အပြင်ထွက်ခဲ့လိုက်သည်။ Rino ပိုင်တဲ့coffeeဆိုင်ရောက်တော့ waiter က ခါတိုင်းလိုဘဲလားလို့မေးတော့ Rinoကသူသောက်နေကျ Americano ကိုဘဲသောက်သည်။ Dion ကတော့ ဓီကြိုက်တဲ့ latte ကိုဘဲမှာမိသည်။
"Black coffee မသောက်ဘူးလား"
"အင်း"
"ဘာလို့လဲ"
"အလုပ်ကိစ္စပြောဖို့ခေါ်လာတာမလား။ အဓိကအကြောင်းအရာဘဲပြောရအောင်"
"အေးပါ"
"ပစ္စည်းကဘယ်ပို့ရမှာလဲ"
"ဒီတစ်ခေါက်က Cain ဆီပို့ရမှာ"
"ဟိုတလောကမှ ပို့ထားတာလေ 2လလောက်ဘဲရှိသေးတယ်"
"သူထပ်မှာလို့"
"သူကိုယ်တိုင်လာမှာလား"
"ဘယ်တုန်းကသူကိုယ်တိုင်လာလို့လဲ။ အမြဲသူ့လက်ရုံးတော်ကိုဘဲ ယူခိုင်းတဲ့ဟာ"
"ငါတစ်ယောက်တည်းပို့ရမှာလား"
"မဟုတ်ဘူး ငါပါလိုက်ခဲ့မှာ"
"ဘယ်နေ့သွားရမှာလဲ"
"မနက်ဖြန်နေ့လည်"
"ဪ ok"
"Rhyne"
ကော်ဖီသောက်နေတုန်း ခေါ်လိုက်တဲ့အသံကြောင့် မျက်ခုံးပင့်ပြတော့
"အဆင်မပြေဘူးမလား"
"အင်း"
"သူသိသွားတာလား"
Dion ဘာမှပြန်မပြောမိ။
"သူကဘာတဲ့လဲ Rhyne"
"မမြင်ချင်ဘူးတဲ့ ငါ့ကို"
"သွေးပူတုန်းမလို့ပြောမိတာလဲဖြစ်နိုင်ပါတယ်"
"မဟုတ်ဘူး သူငါ့မျက်လုံးထဲအသေအချာစိုက်ကြည့်ပြီး ပြောတာ"
"မင်းဘာလုပ်ဖို့စဉ်းစားလဲ"
"ငါထွက်မှာ ဂိုဏ်းကနေ"
"ဘာ! မင်းဘာပြောလိုက်တယ် Rhyne"
"ငါဂိုဏ်းကနေထွက်မှာ"
နောက်နေတာလားလို့မေးစရာမလိုအောင်
တည်တင်းနေတဲ့ Rhyne မျက်နှာက နောက်နေတာမဟုတ်ကြောင်း သက်သေပြုနေသည်။
"ဂိုဏ်းအကြောင်းမသိတာလဲမဟုတ်ဘဲနဲ့ Rhyne ရာ။ မင်းထွက်လို့မရတာသိရက်နဲ့။ ထွက်ရင် ဘာဖြစ်မလဲမင်းသိတယ်မလား"
"ထွက်ရင် သေမှာလေ။ ငါသိသားဘဲ"
"သိရက်နဲ့ မင်းကအသေခံပြီးထွက်မလို့လား
Rhyne "
"သူ့အနားကိုပြန်သွားဖို့ငါ့မှာအဲ့တစ်နည်းဘဲရှိတယ်"
"မင်းသေမှာနော် Rhyne။ ထွက်ဖို့မပြောနဲ့ ဒီစကားကို boss ကြားရင်ကို မင်းသေနေပြီ"
"ဂိုဏ်းကထွက်ရင် အသက်ဘဲသေမှာ။ အခုသူ့နားထွက်သွားရရင် ဘဝသေမှာ"
" Rhyne"
အသံခပ်အုပ်အုပ်အော်ရင်း Dion ကိုစိုက်ကြည့်နေတဲ့ Rinoမျက်လုံးတွေမှာ စိုးရိမ်မှုကအပြည့်။
"Boss အထူးဧည့်သည်ရောက်နေပါတယ်ဗျ"
တစ်ခုခုပြောဖို့ပြင်နေတဲ့ Rinoက ဝိတ်တာကောင်လေးရဲ့ အထူးဧည့်သည်ဆိုတဲ့စကားကြားပြီး ကောင်တာဆီထသွားသည်။
Dion လိုက်ကြည့်မိတော့ ဆံပင်ရွှေရောင်ဂုတ်ဝဲ နဲ့ကောင်မလေးတစ်ယောက်က လက်ထဲမှာ 2နှစ်သားလောက်ရှိသေးမဲ့ကလေးလေးကိုချီထားပြီး ဘေးမှာတော့ သူ့အမျိုးသားလို့ထင်ရတဲ့လူတစ်ယောက်ကရပ်နေသည်။
Rino ရောက်သွားတော့ ကောင်မလေးက ပြုံးပြုံးရွှင်ရွှင်စကားပြောပြီး ကလေးလေးကိုRinoဆီ ထိုးပေးနေလေသည်။ သူ့အမျိုးသားဆိုသူက ကောင်မလေးခါးကိုဖက်လိုက်တဲ့အခါမှာ Rinoမျက်လုံးတွေက သိသိသာသာမှိုင်းကျသွားသည်။ မိနစ်20လောက် သူတို့စကားတွေပြောနေကြပြီး ခဏနေတော့ ကောင်မလေးကမုန့်ထုပ်နဲ့ကော်ဖီတွေယူပြီးထွက်သွားလေသည်။ Rinoက အဲ့ကောင်မလေးကျောပြင်ကိုအကြာကြီးငေးကြည့်နေခဲ့ပြီးမှ စားပွဲဆီပြန်လာသည်။
"မင်းလိုအဖြစ်မျိုးနဲ့ငါ့ကိုကြုံစေချင်လား Rino"
တိတ်သွားတဲ့ Rinoက Dion ကို စိုက်ကြည့်နေရုံကတခြား ဘာမှမလှုပ်ရှားပေ။
"ငါအဝေးက မငေးနိုင်ဘူး Rino။ သူ့ကိုငါနားမှာဘဲရှိစေချင်တာ။ သူ့အတွက်နဲ့အရာအားလုံးကိုစွန့်လွှတ်ရလဲ ငါကဖြစ်တယ်။ အရာအားလုံးအတွက်နဲ့တော့ သူ့ကိုငါကမစွန့်လွှတ်နိုင်ဘူး"
"ငါကတော့သိပ်အရဲမစွန့်စေချင်ဘူး။ မင်းအရဲစွန့်ရင် အရင်ဆုံးထိခိုက်မှာအဲ့ကောင်လေးဘဲ။ bossကမင်းကိုသတိပေးထားတယ်မလား Rhyne ။ သူကမင်းကိုတော့ဘာမှလုပ်မှာမဟုတ်ဘူး"
Dion တိတ်သွားတော့ Rinoက သက်ပြင်းရှည်ချကာ
"ငါဘာလို့သူ့ကိုလက်လွှတ်ခဲ့လဲမင်းသိလား Rhyne ။ ငါ့အတွက်နဲ့သူ့ကိုမထိခိုက်စေချင်လို့ဘဲ။ ငါ့အနားမှာနေရင် သူပျော်ရမှာမဟုတ်ဘူး။ အမြဲစိုးရိမ်ပူပန်မှုတွေနဲ့သူနေရမှာ။ ငါကမပိုင်ချင်တာမဟုတ်ဘူး Rhyne။ ငါလဲခံစားချက်ရှိတဲ့လူပါဘဲ ငါလဲပိုင်ဆိုင်ချင်တာပေါ့။ ဒါပေမဲ့ ပိုင်ပြီးမှသူမပျော်တာမြင်ရရင် ငါ့အတွက်ပိုဆိုးမှာ။ အခုသူ့မိသားစုလေးနဲ့သူပျော်နေတော့ ငါငေးနေရလဲငါပျော်တယ်။ အမြဲငေးနေရမယ်ဆိုလဲ ငေးနေမိမှာ။ ဒါပေမဲ့ ငါမပြစ်မှားဘူး ငါကဒီတိုင်းသူပျော်တာလေးဘဲကြည့်ချင်တာ။ ငါတို့ဘဝတွေကမလွယ်ဘူး Rhyne"
"သူ့ကိုမထိခိုက်အောင် ငါကအစွမ်းကုန်ကာကွယ်မှာမလို့ ငါသူ့ကိုပိုင်ချင်တယ်။ သူမရှိရင်မဖြစ်သလို သူကလဲငါမရှိရင်မဖြစ်ဘူး Rino။ ငါ့မှာသူ့ကိုကာကွယ်ဖို့သတ္တိဘဲရှိတယ် သူ့ကိုလက်လွှတ်ရဲတဲ့သတ္တိမရှိဘူး"
"မင်းကသေချာနေမှတော့ငါမင်းကိုဆက်မတားတော့ပါဘူး။ ဒါပေမဲ့မင်းဘယ်လိုလွတ်မှာလဲ Rhyne ။ မင်းခြေရာဖျောက်နိုင်မှရမှာ"
"ငါ့မှာနည်းလမ်းရှိပါတယ်"
"Rhyne.."
"မင်းသိလား Rino။ မနေ့ညကသူနှင်တော့ ငါသေမလိုဘဲ။ ငါ့ဖြစ်တည်မှုက သူမရှိရင် အလင်းမရှိတဲ့နေလိုဘဲ။ ပြီးတော့ ငါ့ကြောင့်သူခံစားရတာကို ငါမဖြစ်စေချင်ဆုံးဘဲ"
"မင်းပျော်မယ်ထင်ရင်လုပ် Rhyne။ ခြေရာဖျောက်မှာဆိုလဲငါကူညီမှာမလို့။ မင်းဘဝရဲ့နေရောင်ကိုမင်းပြန်ရှာ"
"ကျေးဇူးပါ Rino"
"ရပါတယ်ကွာ ငါတို့ကညီအစ်ကိုတွေဘဲဟာ"
"Rino"
"အေး"
"မင်းရော ပျော်ရဲ့လား"
"ဘာကိုလဲ"
"အဲ့ကလေးလေးကိုမင်းချီထားတဲ့အချိန်မှာ မင်းမျက်လုံးတွေကသိသိသာသာကိုမှိုင်းနေတာ။ မင်းနဲ့သူရဲ့ကလေးလေးသာဖြစ်ခဲ့ရင်ဆိုတဲ့အတွေး မဝင်ဘူးလား"
"မင်းယုံမယ်မထင်ပေမဲ့ မဝင်မိတာအမှန်ဘဲ။ ငါ့ကလေးဖြစ်နေရင် သေချာပေါက်အန္တရာယ်တွေကြားထဲမှာနေနေရမှာ။ ပြီးတော့ ငါ့အခြေအနေကအိမ်ထောင်ပြုလို့မရသေးဘူး Rhyne။ ငါ့မှာလုပ်စရာတွေအများကြီးကျန်သေးတယ်"
"ဒီစကားကိုငါပြောရင် မင်းစိတ်ဆိုးမလားမသိပေမဲ့ မင်းကလေ ရဲတစ်ယောက်နဲ့အရမ်းတူတာဘဲ"
ရဲတစ်ယောက်ဟန်ပန်နဲ့ပြောနေတဲ့ Rinoကိုတစ်ချက်ကြည့်ပြီး Dion တွေးဆဆပြောတော့ Dion ရဲ့ပြောစကားကို Rinoကခပ်ပြုံးပြုံးသာတုံ့ပြန်သည်။
"ငါ့စိတ်ထဲမှာလဲ မင်းကဒုစရိုက်လုပ်တဲ့သူနဲ့မတူပါဘူး Rhyne"
ကော်ဖီတစ်ငုံငုံရင်း ဟန်ပါပါအပြုံးမျိုးပြုံးတော့ Rinoက ရယ်ပြီး လက်မောင်းကိုလာပုတ်သည်။
"အလုပ်ကိစ္စဘဲ အာရုံစိုက်ကြရအောင် Rhyne။ ငါတို့နှစ်ယောက်အတွေးတွေက အရမ်းစိတ်ကူးယဉ်ဆန်ပြီး သံသယများလွန်းနေတယ်"
"အေးပါ"
ကော်ဖီဆိုင်ကထွက်လာပြီးတော့ Dion နေရာတစ်ခုကိုဝင်လိုက်သည်။ နာရီဝက်လောက်နေတော့ ပြန်ထွက်လာပြီး ဓီရာ့တိုက်ခန်းဆီထွက်လာခဲ့သည်။
တိုက်ခန်းကိုမြင်သာတဲ့နေရာတစ်ခုမှာ ဆိုင်ကယ်ရပ်လိုက်ပြီး လိုက်ကာအဖြူစလေးလွင့်နေတဲ့အပေါ်ထပ်ပြတင်းပေါက်ကို ကြည့်မိတော့ အဝါရောင်အရိပ်လေးကိုတွေ့လိုက်ရသည်။ လိုက်ကာတွေစည်းပြီး စာအုပ်လေးတစ်အုပ်ကိုကိုင်ကာ အိပ်ရာပေါ်လှဲလိုက်တဲ့ ဓီက မျက်နှာသိပ်မကောင်းသလို။
*ထပ်ပြီးနေမကောင်းများဖြစ်နေသလား
နွမ်းလျနေတဲ့မျက်နှာလေးကိုမြင်ရတာ Dion ရင်ထဲမချိပါ။ Dion ဓီ့ရဲ့ဘဝထဲကိုမတိုးခဲ့ရမှာ။ Dion သာဝင်မတိုးခဲ့ရင် ဓီသေချာပေါက်ပျော်ရဦးမှာ။
*ကိုယ်မှားသွားသလား ဓီ။ ကိုယ်အရမ်းအတ္တကြီးသွားမိလား
ဖြူလွင့်လွင့်လိုက်ကာစတွေဟာ
ခိုင်မာတဲ့ကြားခံနယ်လို
လူနှစ်ယောက်ရဲ့အတွေးတွေကို
___________________________________________
(English ဘာသာဖြင့်)
"Latte medium တစ်ခွက် သစ်ကြံပိုးခေါက်မှုန့်ထည့်မယ်နော်။ ပြီးတော့ chicken burger medium တစ်လုံး"
အိမ်တွင်းပုန်းနေတာသုံးရက်လောက်ရှိတော့ လူကအရမ်းထိုင်းမှိုင်းပြီးစိတ်မလန်းတာနဲ့ ဓီရာ ဒီနေ့အပြင်ထွက်လာလိုက်သည်။ သောက်နေကျ ကော်ဖီဆိုင်ဘဲ ကော်ဖီလာဝယ်ဖြစ်သည်။ ဒီcafeက တိုက်ခန်းနဲ့အနီးဆုံးဆိုတော့။
Orderမှာထားတာကိုစောင့်ရင်း ဘေးဘီကိုကြည့်မိတော့ Dion နဲ့ပထမဆုံးတွေ့တုန်းကထိုင်သောက်ခဲ့တဲ့နေရာကို အကြည့်ရောက်သွားတဲ့အခါ ဦးနှောက်က မျက်ဝန်းပိတ်ကားထက် memo တွေကိုတင်ကာ ပြသချိန် ဘယ်ဘက်ရင်အုံက သတိရကြောင်းနှိုးဆွမှုနဲ့အတူ မျက်ဝန်းမှာမြူခိုးရစ်ဆိုင်းလာလေသည်။ သူ့ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုစီကတောင် Dion ကိုသတိရနေတာ။
"သစ်ကြံပိုးခေါက်နှင့်Latte medium တစ်ခွက် နှင့် medium chicken burger order လေးရပါပြီ။ ဒီမှာ billလေးပါ"
ကျသင့်သလောက်ထုတ်ရှင်းပြီး အိမ်ပြန်လမ်းကိုဘဲဉီးတည်လိုက်သည်။ အငွေ့အသက်တွေပြည့်နေတဲ့ ဒီဆိုင်မှာ ဓီရာကြာကြာမနေနိုင်ပါ။ အိမ်ပြန်လမ်းရဲ့ရော်ရက်ကြွေတွေက အရင်နေ့တွေနဲ့မတူဘဲ ဆွေးစရာကောင်းနေသည်။ ပုခုံးပေါ်ကြွေကျလာတဲ့ mapleရွက်တစ်ရွက်ကို အသာဖယ်လိုက်တော့ မြေပြင်ပေါ်ကိုဖြည်းညှင်းစွာ ဆင်းသက်သွားသည်။
အရင်ကအကြောင်းတွေပြန်တွေးမိနေလို့ မတွေးမိအောင် အောက်ငုံ့ကာခြေလှမ်းတွေကိုရေတွက်နေလိုက်သည်။
"1…2…3…4…5…6…7…8…9…"
တစ်ဆယ်ပြည့်အောင်မရေရသေးခင် ရှေ့မှာလာပိတ်ရပ်တဲ့ ဖိနပ် ၃ရံကိုတွေ့လို့ မော့ကြည့်တော့ ဓီရာတစ်ခါမှမတွေ့ဖူးတဲ့သူတွေပင်။ ခန္ဓာကိုယ်တွေက ဓီရာ့နှစ်ဆရှိပြီး အရပ်ကလဲဓီရာ့နှစ်ဆလောက်ရှိလောက်မည်။
"အာ့"
သူတို့ထဲက တစ်ယောက်က ဓီရာ့ရှေ့တိုးလာပြီး ဓီရာ့လက်ကိုလာဆွဲသည်။ ကော်ဖီခွက်ကိုင်ထားသည့်လက်မလို့ ကော်ဖီခွက်ကိုညှစ်သလိုဖြစ်ကာ ခွက်ကအောက်ပြုတ်ကျသွားပြီး ကော်ဖီပူတွေကလက်ကိုလာစင်သည်။ တစ်ဖက်လက်က burger ကလဲမြေကြီးအောက်မှာ။
"ဘာလုပ်တာလဲ။ ဘယ်သူတွေလဲ ခင်ဗျားတို့က"
"လိုက်ခဲ့ ငါတို့နဲ့"
"လွှတ်။ လွှတ်ပေး"
ဓီရာအားကုန်သုံးရုန်းပေမဲ့ ချုပ်ထားတဲ့လက်ကနေ ပြေပြေလေးတောင်လွတ်မသွားပေ။ အဲ့အစား ပိုတင်းကြပ်စွာ ဆုပ်ကိုင်လာလေသည်။ ဓီရာအတင်းရုန်းနေတော့ အဲ့လူကတောက်ခေါက်ပြီး ပြင်သစ်လိုစကားတွေပြောနေကြသည်။
"တောက်! ဒီခွေးက အတင်းကိုရုန်းနေတာဘဲ"
"ဆွဲသာ ခေါ်ခဲ့လိုက်။ လူမြင်ကွင်းကြီးမှာဆိုတော့ တစ်ယောက်ယောက်မြင်သွားရင်မကောင်းဘူး"
"အေး"
ဓီရာကို့ အတင်းဆွဲခေါ်နေကြပြီး ဓီရာကတစ်လမ်းလုံးရုန်းလာတော့ အရှေ့ကတစ်ယောက်က ဓားထောက်ပြီး ငြိမ်နေဖို့ပြောသည်။ ဓီရာငြိမ်သွားတော့
သူ့ပုခုံးပေါ်ထမ်းခေါ်သွားသည်။ သုံးယောက်မြောက်တစ်ယောက်က ဓီရာ့ခေါင်းပိုင်းကိုအိတ်မည်းနဲ့စွပ်ချလိုက်လို့ ဓီရာဘာမှမမြင်ရတော့ပေ။
"Dion…"
ခလုတ်ထိရင် အမိ တ တတ်ကြတဲ့ သဘာဝကြောင့် အမိမဟုတ်တဲ့ တစ်ဦးတည်းသောကာကွယ်ပေးသူကို ဓီရာတ မိသည်။ အခုချိန်မှာ Dion ပေါ်လာပြီး ဓီ့ကို ကာကွယ်ပေးရင်ကောင်းမှာဘဲ။
*Dion ကျွန်တော့်ကိုလာကယ်ပါ
Police ကား အသံတွေကြားရပြီးခဏကြာတော့
" Freeze။ လက်မြှောက်ကြအကုန်လုံး"
ဓီရာရဲ့ခန္ဓာကိုယ်က ချက်ချင်းမြေပြင်ပေါ်ပြန်ရောက်သွားပြီး ရဲတစ်ယောက်က လာထူပေးသည်။ တခြားသူတွေကတော့ပြေးသွားပြီ ဖြစ်သည်။ ရာထူးကြီးဟုထင်ရသည့်ရဲတစ်ယောက်က ဓီရာ့ကို English ဘာသာဖြင့်
"မကြောက်ပါနဲ့။ အဲ့တာမူးယစ်ဆေးစွဲနေတဲ့လူတွ ။ သူတို့အဲ့တိုင်းဘဲ ပိုက်ဆံလိုချင်လို့လုပ်ကြတာ။ အခုမင်းလုံခြုံသွားပါပြီ"
"ကျေး…ကျေးဇူးတင်ပါတယ်"
"ရပါတယ်။ ဒါကျွန်တော်တို့တာဝန်ဘဲဟာ။ မင်းကြည့်ရတာအရမ်းလန့်သွားတယ်ထင်တယ် ရော့ ရေသောက်လိုက်ဦး"
"ဟုတ်ဟုတ်"
ခဏကြာတော့ ရဲတစ်ယောက်က ကော်ဖီတစ်ခွက်၊ burger တစ်ခုနှင့် အတူ ဓီရာတို့နားရောက်လာပြီး ဓီရာ့ကိုပေးသည်။ ဓီရာကမယူတော့ ရာထူးကြီးကြီးနဲ့လူက
"ယူလိုက်ပါ။ လမ်းမှာပြုတ်ကျထားတာတွေ့လို့ ပြန်ဝယ်ပေးတာ။ မနက်စာမစားရသေးဘူးမလား"
"ဟုတ်ကဲ့။ ကျေးဇူးပါ"
အဲ့လူအသိအမှတ်ပြုသလိုခေါင်းညိတ်ပြပြီး
"မင်းအိမ်နားကိုသုံးရက်အစောင့်ထားပေးမယ်။ နိုင်ငံခြားသားဆိုတော့ ကိုယ်တို့နိုင်ငံမှာတစ်ခုခုမဖြစ်အောင်ကာကွယ်ပေးရမဲ့တာဝန် ကိုယ်တို့ဆီမှာရှိတယ်"
"ရပါတယ်။ မထားလဲ ရ.."
"အထက်အမိန့်မလို့ ထားကိုထားရမှာပါ။ အားနာစရာမလိုပါဘူး"
"ကျေးဇူးပါ"
"ကိုယ်တို့တာဝန်ပါ။ ဒါနဲ့ ကိုယ့်နာမည်က Zone ပါ"
"ဓီရာလင်းပါ"
"ဪ မြန်မာလူမျိုးလား"
"ဟုတ်ပါတယ်"
ဓီရာ့အဖြေကိုကြားတော့ သူ့ရဲ့အစိမ်းရောင်မျက်လုံးတွေမှာ အရောင်လက်လာသည်။
"ကိုယ်လဲမြန်မာဘဲ။ ဒါပေမဲ့ Australian-burmese ကပြား။ မြန်မာစကားကိုပိုင်ပိုင်နိုင်နိုင် ပြောနိုင်တယ်"
"အဲ့ဆိုအဆင်ပြေသွားတာပေါ့။ လာစောင့်ရင်းစကားပြောလို့ရသွားတာပေါ့"
"ဒါပေါ့။ ကိုယ့်မြန်မာနာမည်က ဇုန်ကင်းမိုင် ပါ။ အကုန်လုံးကတော့ ဇုန်လို့ဘဲခေါ်တယ်။ ဓီရာလင်းလဲ အဲ့လိုဘဲခေါ်ပေါ့"
"ဓီရာလို့ ခေါ်လို့ရပါတယ်"
"ဟုတ်ပြီ"
Zoneနဲ့စကားပြောရင်း ဓီ ရယ်ရယ်မောမော ပြန်ဖြစ်သွားတော့မှာ Dion သက်ပြင်းချနိုင်သည်။ Daniel တစ်လျှောက်လုံး ဓီ့နောက်ကိုအရိပ်လိုလိုက်နေတာဖြစ်သည်။ ဓီနဲ့မျက်နှာချင်းဆိုင်တိုက်ခန်းက ဓီ့အခန်းနဲ့မျက်နှာချင်းဆိုင်အခန်းကိုငှားပြီး အချိန်ပြည့်ဓီ့ကိုစောင့်ကြည့်နေခဲ့တာ။ သေချာပေါက် ဒီလိုအဖြစ်မျိုးကြုံလာမယ်ဆိုတာသိလို့ ဓီ့အနားကတစ်ဖဝါးမှမခွာဘဲ ဓီမသိအောင်သူလိုက်နေခဲ့တာဖြစ်သည်။
ဓီရာ့ရှေ့ကို ဟိုကောင်တွေရပ်ကထဲက Dion Zoneကို ဖုန်းလှမ်းဆက်လိုက်တာဖြစ်သည်။
Daniel ကိုယ်တိုင်ဝင်မကူတာက ဓီကDionကိုမမြင်ချင်ဘူးဆိုတာကြောင့်ပင်။ ပြီးတော့ ဒီကောင်တွေကို သေလုမျောပါးဖြစ်အောင်လုပ်ဖို့အစီအစဉ်ရှိပြီးသားသက်သက်မို့ပင်။
Zone နဲ့က college မှာ အဆောင်တူကျောင်းသားမလို့ အရမ်းရင်းနှီးကြတဲ့သူတွေပင်။ Zone ကလဲ မြန်မာ-ဩဇီ ကပြားမလို့ ပေါင်းရတာအဆင်ပြေသည်။ Dion ဘာအကူအညီလိုလိုကူညီပေးပြီး သူကလဲအကူအညီလိုလာရင် အားမနာဘဲတောင်းတတ်သည်။ FBIက အရာရှိတစ်ယောက်ပေမဲ့ ပြင်သစ်မှာတာဝန်ကျနေသည့် ကြယ်ပွင့်များသည့် အရာရှိဖြစ်သည်။
ခုနက ဓီ့ကိုသေမတတ်စိတ်ပူနေပေမဲ့ Dion ဘာမှဝင်မကူနိုင်တာကို ကိုယ့်ကိုကိုယ်အပြစ်တင်နေမိသည်။ ဓီ အရမ်းကြောက်နေခဲ့မှာ။ Zone နဲ့စကားပြောနေသည့် ဓီက နေမကောင်းထပ်ဖြစ်ထားသည်ထင်ရဲ့ မျက်နှာလေးနွမ်းနေသည်။ စကားပြောရင်းပြုံးနေတဲ့ဓီ့ကိုမြင်ရတော့ Dionပါပြုံးမိသည်။
ဓီ့ကိုဝေးဝေးကလှမ်းကြည့်ပြီး ဓီ့အပြုံးတွေကိုမြင်နေရတာက သူဓီ့အနားမှာရှိပြီး ဓီ့မျက်ရည်တွေကိုမြင်ရတာထက် နာကျင်ရတာသက်သာပါတယ်။ ပြုံးရပါတယ်။
*ကျွန်တော်ခင်ဗျားကို တခဲ့သမျှ ခင်ဗျားေရာက်မလာခဲ့ဘူး။ အရိပ်အယောင်လေးတောင်မပြခဲ့ဘူး။ ခင်ဗျားပြောတဲ့ချစ်တယ်ဆိုတာကလဲ အလိမ်အညာဘဲလား
*ကိုယ် လာမကူပေးနိုင်တဲ့အတွက် အများကြီးတောင်းပန်ပါတယ် ဓီ
အရာရှိနဲ့စကားပြောနေတဲ့ကောင်လေးရဲ့စိတ်ထဲကအတွေးနဲ့ ဝေးဝေးကနေလှမ်းကြည့်နေတဲ့ ဆိုင်ကယ်နားကကောင်လေးတို့ရဲ့ အတွေးတွေဟာ အမေးအအဖြေသဖွယ်။
သေချာတာက သူတို့ တစ်ယောက်အနားမှာတစ်ယောက်ရှိဖို့လိုအပ်ပါတယ်
___________________________________________
(ပြင်သစ်ဘာသာဖြင့်)
"Mother fucker!!!"
"ကြိုက်သလောက်အော်ဆဲစမ်းပါ။ နောက်ဒီ့ထက်ဆိုးတာတွေမင်းခံစားရဦးမှာ"
နှုတ်ခမ်းတွန့်ရုံသာ ပြုံးတဲ့ အပြုံးက စိတ္တဇဆန်လွန်းနေသည်။ မျက်လုံးတွေက နီရဲနေပြီး လည်ပင်းကြော
တွေရော လက်ကအကြောတွေပါ ပေါက်ထွက်မတက် ထောင်နေတဲ့သူက စိတ်လွတ်နေတဲ့ တောရိုင်းကောင်ပမာ။
___________________________________________
_elf_
12/8/2024 (Monday)
ကဲကဲ ကိုကိုgreenflagလေးက သူ့လူတစ်ယောက်ထဲအတွက်ပါတဲ့နော်။
အစိမ်းရောင် မျက်လုံး နဲ့ Zone ကိုလဲမှတ်ထားပေးဦး။ ဩဇီ- မြန်မာ ကပြားလေးနဲ့ သူ့ criminal လေးလဲလာဦးမှာနော်
You are reading the story above: TeenFic.Net