SSFET-- 7(Uni)

Background color
Font
Font size
Line height

Unicode

(Warning ⚠️
သွေးသံရဲရဲ Violent scene တွေပါတာမလို့ နှလုံးရောဂါအခံရှိသူတွေနှင့် ကလေးတွေမဖတ်ကြဖို့ ကြိုသတိပေးထားပါရစေ)

(ပြင်သစ်ဘာသာဖြင့်)

"Mother fucker!!!"

"ကြိုက်သလောက်အော်ဆဲစမ်းပါ။ နောက်ဒီ့ထက်ဆိုးတာတွေမင်းခံစားရဦးမှာ"

နှုတ်ခမ်းတွန့်ရုံသာ ပြုံးတဲ့ အပြုံးက စိတ္တဇဆန်လွန်းနေသည်။ မျက်လုံးတွေက နီရဲ‌နေပြီး လည်ပင်းကြော
တွေရော လက်ကအကြောတွေပါ ပေါက်ထွက်မတက် ထောင်နေတဲ့သူက စိတ်လွတ်နေတဲ့ တောရိုင်းကောင်ပမာ။ လက်ထဲမှာက သံချောင်းအရှည်နဲ့ တူတစ်လက်။ သံချောင်းတွေမှာ သွေးတွေစွန်းနေပြီး ထိုင်ခုံပေါ်မှာကြိုးတုပ်ခံထားရတဲ့လူရဲ့လက်သည်းတွင်းမှာတော့ သွေးတွေထွက်နေသည်။

အလင်းပျပျသာရှိသောညသန်းခေါင်ချိန် ဆိပ်ကမ်းနားက ဂိုဒေါင်ပျက်ကြီးတစ်ခုမှာ အော်သံတွေသာဆူညံနေပြီး ကြောင်တစ်မြှီး ငှက်တစ်ကောင်တောင်မတွေ့ရ။ ဂိုဒေါင်ထဲမှာတော့ ထိုင်ခုံပေါ်မှာ ကြိုးတုပ်ထားတဲ့ သူရယ်၊ ဘောင်တန်းကနေ ခြေထောက်နှစ်ဖက်ကြိုးတုပ်ပြီးတွဲလောင်းချခံထားရတဲ့သူရယ်၊ ခေါင်းပိုင်းကို အိတ်အမည်းနဲ့ လေရှူလို့ရတယ်ဆိုရုံလေး အစွပ်ခံထားရတဲ့သူရယ်၊ အပေါ်ပိုင်းကိုယ်ကြပ်အဖြူအင်္ကျီနှင့် အောက်က long pant အနက်ဝတ်ထားတဲ့သူရယ်သာ ရှိသည်။

ထိုင်နေတဲ့သူရဲ့ လက်သည်းခွံတွေအားလုံးထဲကိုသံစိုက်၊ တူနဲ့ထုပြီးတော့ ပလာယာယူလာကာ လက်သည်းခွံတွေကို တစ်ချောင်းချင်းဇိမ်‌ပြေနပြေ
ဆွဲဖြုတ်နေလေသည်။ နာကျင်မှုကို မျှင်းပြီးခံစားစေတဲ့သူရဲ့ စိတ်အာရုံမှာ အရိုင်းဆန်မှုတွေဘဲကြီးစိုးနေလေ၏။

"အားးးးးးး"

"ဒီလက်တွေမလား ငါ့လူကိုထိတာ"

"မင်း...မင်း...."

ပြောတဲ့စကားကလေထဲမှာတင်ရပ်တန့်သွားပြီး ညာဘက်လက်ရှိလက်သန်း၏လက်သည်းခွံဆွဲဖြုတ်ခံရလိုက်သောကြောင့် စူးစူးဝါးဝါးအော်ဟစ်သံသာပြန်ကြီးစိုးလာသည်။

"ငါ့အဲ့နေ့ညကထဲက တစ်ခါတည်း သတိမပေးခဲ့ဘူးလား။ ငါ့လူကိုမထိဖို့ ငါမင်းတို့ကိုသတိပေးခဲ့ရဲ့ကြားနဲ့ လာထိတာ ငါ့စိတ်ရိုင်းကိုလာဆွတာပေါ့ ဟွန်းး"

ဘာမထီတဲ့အပြုံးနောက်မှာ‌ နောက်ထပ်လက်သည်းခွံတစ်ခုဟာ လက်မမှကင်းကွာလျက်။ ညာဘက်လက်ကလက်သည်းခွံတွေ အကုန်ဖြုတ်ပြီးတဲ့နောက် တွဲလောင်းချထားတဲ့လူဆီ ထသွားသည့်လူ‌ကြောင့် ထိုင်နေသည့်လူမှာသက်သာရရသွားသလို။

ဘော့စ်ဘောတုတ်ကို တရွတ်တိုက်ဆွဲလာတဲ့အသံကြောင့် ကြားရတဲ့သူတိုင်း ကြောက်ရွံ့တုန်လှုပ်နေသည်။ တွဲလောင်းချထားတဲ့လူဆီကိုလျှောက်လှမ်းနေသည်ကြောင့် ထိုသူမှာတိပ်ဖြင့်ပါးစပ်ကိုကပ်ထားခံရမှန်းတောင်သတိမထားနိုင်ဘဲ ဝူးဝူးဝါးဝါးအော်ဟစ်နေသည်။

"ပြောချင်နေတာတွေရှိနေတာလား။ တိပ်ဖယ်ပေးရမှာပေါ့ ပြောချင်နေတော့လဲ"

ပါးစပ်ကိုကပ်ထားတဲ့တိပ်ကိုဖယ်လိုက်တော့ "တောင်းပန်ပါတယ်" ၊ "မှားသွားပါတယ်" ဆိုတဲ့စကားတွေက တန်းစီထွက်လာသည်။

"ပုခုံးပေါ်ကိုထမ်းတင်တာပေါ့။ ဘယ်ဘက်ပုခုံးလဲ ဒီဘက်ပုခုံးလား"

တွဲလောင်းကျနေတဲ့လူရဲ့ ညာဘက်ပုခုံးပေါ်ကိုဘေ့စ်ဘောတင်လိုက်တော့ ထိုလူမှာ ကြောက်ရွံ့မှုကမျက်နှာမှာအတိုင်းသားပေါ်နေလေသည်။ 'ဖြောင်း' ကထဲအသံထွက်လာသည်နှင့်တစ်ပြိုင်နက် နာကျင်စွာအော်ဟစ်တဲ့အသံပါထွက်လာသည်။ ညာဘက်ပုခုံး အရိုက်ခံလိုက်ရလေသည်။

"အာ...ငါ ဘက်မှားသွားတယ်ထင်တယ်။ ငါ့ဘက်ကကြည့်လိုက်တော့ ညာဘက်ထင်နေတာ။ သေချာပြန်တွေးကြည့်မှဘယ်ဘက်လားလို့"

ဘေ့စ်ဘောတုတ်က ထိုလူ၏ဘယ်ဘက်ပုခုံးပေါ်ရောက်လာပြီးမကြာမီ ဘယ်ဘက်ပုခုံးတစ်ဖက်လဲအရိုက်ခံလိုက်ရသည်။

"အားးးးးးးး!!!"

"တောင်း...တောင်းပန်ပါတယ်။ တော်ပါတော့"

"အဟွန်းး အခုမှအစဘဲရှိသေးတာကို မခံနိုင်တော့ဘူးလား"

"မှားသွားပါတယ်။ မှားသွားပါတယ် ဒုခေါင်းဆောင်။ ‌သက်ညှာပေးပါ"

"သက်ညှာရမယ် ဟုတ်လား။ မင်းတို့ကငါ့အကြောင်းတွေစုံစမ်းထားပြီး ငါကအဲ့လိုသက်ညှာတတ်တဲ့လူမျိုးမဟုတ်ဘူး‌ဆိုတာမသိဘူးလား"

"မှားသွားပါတယ်။ မှားသွားပါတယ် ဒုခေါင်းဆောင်။ လွှတ်ပေးပါ"

ရှေ့ကလူက ကျွတ်သပ်လိုက်ပြီး

"သနားစရာတိရစ္ဆာန်လေးဘဲ။ မင်းအဆင့်ကကြွက်သာသာလောက်တောင်မရှိတော့ဘူး။ မင်းတို့ဂိုဏ်းခေါင်းဆောင်က သူတစ်ပါးကိုမနာလိုပြီးချောက်ချဖို့ဘဲတတ်တာထင်တယ်။ ဂိုဏ်းသားတွေကိုသေချာလေ့ကျင့်ပေးဖို့အချိန်တွေကို သူများကိုဒုက္ခပေးဖို့ဘဲသုံးဖြုန်းနေတော့ မင်းတို့တွေဒီလိုဖြစ်နေတာမဆန်းပါဘူး"

"ခေါင်းဆောင်ကိုမထိပါနဲ့"

ဒီလောက်အလူးအလဲခံနေရသည့်ကြားက သူတို့ခေါင်းဆာင်ကိုကာကွယ်နေသေးသည့်အတွက် စိတ်ဓာတ်ကိုတော့လေးစားပါတယ်။

"အဟက်...ထိတော့နာတတ်တာလား။ မင်းတို့တောင်မင်းတို့ခေါင်းဆောင်ကိုအပြောလေးနဲ့ထိတာတောင်နာတတ်ရင် ငါချစ်တဲ့လူကိုမင်းတို့ကိုယ်ထိလက်ရောက်လုပ်တာကျရော ငါကခွင့်လွှတ်ပေးရမှာတဲ့လား"

"ကျွန်တော်တို့ကို ထိရင်လဲ ကျွန်တော်တို့ခေါင်းဆောင်ကငြိမ်ခံနေမယ်ထင်လို့လား"

"ငြိမ်မနေလို့ မင်းတို့ခေါင်းဆောင်ဘာလုပ်နိုင်မယ်ထင်လို့လဲ။ အခုငါမင်းတို့ကိုဖမ်းခေါ်လာတာတောင် သူဘာမှမလုပ်နိုင်ဘူးမလား။ မင်းခေါင်းထဲမှတ်ထားရမှာက မင်းတို့ခေါင်းဆောင်က ငါ့လက်အောက်မှာနော် တန်းတူမဟုတ်ဘူး

အခုလိုခံနေရတာတောင် မင်းကပြန်ပြောနိုင်သေးတာကိုချီးကျူးပါတယ်။ ငါ့လူကိုထိတဲ့အတွက်ရလာတဲ့အကျိုးဆက်ကိုဖြည်း"ချင်းလေးခံစားလိုက်ပါဦး"

ရှေ့မှာရပ်နေသည့်သူက အပြုံးမမည်တဲ့အပြုံးကိုပန်ဆင်လိုက်ရင်း လက်ထဲကဘေ့စ်ဘောတုတ်ဖြင့် လွှဲရိုက်လိုက်သည်။ "ဒုန်း" ဆိုတဲ့ မြည်သံနဲ့အတူ တွဲလောင်းကျနေတဲ့သူက ငြိမ်သက်သွားတော့သည်။

အသက်မသေသေးဘဲ သတိမေ့လောက်မဲ့အနေအထားကိုချိန်ပြီး ရိုက်တာမလို့ လက်ဆကသိပ်တော့မပြင်း။

နောက်ဆုံးမျက်နှာကိုအိတ်မည်းစွပ်ထားတဲ့လူနားသွားလိုက်ပြီး အိတ်အမည်းကိုချွတ်ကာ လက်ထဲကဓားမြှောင်အသေးကိုထုတ်၍ ဘယ်ဘက်ပါးစောင်နားတင်လိုက်တော့ အောက်ကလူကအသက်ကိုပြင်းပြင်းမရှူရဲ။ မျက်လုံးအောက်ကကနေ ပါးစောင်နားထိ ဓားနဲ့ခြစ်လိုက်တော့ သွေးတွေထွက်နေတဲ့ပါးကို
ထိုင်နေတဲ့လူက အုပ်၍ Daniel ကိုလက်ညှိုးနဲ့ထိုးကာ

"မင်း...မင်း.."

"နာတတ်တာလား ဒါအစဘဲရှိသေးတာ။ ဘာလို့ငါ့လူကိုအနာတရဖြစ်အောင်လုပ်လဲ။ ငါကသူ့ကိုခြစ်ရာလေးတစ်ခုထင်တာမပြောနဲ့ နေပူဒဏ်ကြောင့်သူ့အသားလေးနီသွားရင်ကို သေအောင်မုန်းတဲ့သူကွ"

ပြောရင်း ညာဘက်ပါးပေါ်ကို ခြစ်ရာတစ်ခုဆွဲပေးလိုက်သည်။

သွေးကြောတွေထောင်နေတဲ့ရှေ့ကဒုခေါင်းဆောင်က အသိစိတ်လွတ်နေသည့်လူတစ်ယောက်လိုပင်ဖြစ်နေသည်။ သူ့ညာဘက်လက်ဖမိုးပေါ်ကို ဓားရာတစ်ခုရောက်လာပြန်သည်။

"အားးးးးးးး"

"နာတယ်မလား။ မင်းအိတ်စွပ်လိုက်တုန်းက မင်းလက်ကလက်စွပ်အချွန်နဲ့ ငါ့လူကိုခြစ်မိတုန်းကလဲ သူလဲနာတယ်။ ငါကပိုနာတယ် ငါတယုတယထားတဲ့သူ ဒဏ်ရာရ‌တာကို ငါ့ရင်ဘတ်ထဲကနာတယ်"

ဘယ်ဘက်လက်ဖမိုးပေါ်ကို နောက်တစ်ချက်။

"ငါကသူ့ကို ဘာအနာတရမှမရှိအောင် ထားတာကွ။ မင်းတို့ထိချင်တိုင်းထိလို့ရတဲ့သူမဟုတ်ဘူး။ သူကငါ့လူ ငါအမြတ်တနိုးတန်ဖိုးထားတဲ့သူ။ အဲ့လိုလူကိုမင်းတို့ထိလို့မရဘူး။ အဲ့တာငါ့လူ!!!!"

မြင့်တက်လာတဲ့အသံနဲ့အတူ ဘယ်ဘက်လက်သူကြွယ်မှာလက်စွပ်နဲ့အတူပြတ်ထွက်သွားလေသည်။

လည်ချောင်းထဲကအော်သံနက်ကြီးကြောင့် အနီးနားပတ်ဝန်းကျင်က ငှက်တို့ထပျံကြလေသည်။

"လူတစ်ယောက်ကိုမကျေနပ်ရင် သူ့အားနည်းချက်ကိုထိရမယ်လို့တွေးနေကြတဲ့စိတ်ဓာတ်တွေက ရွံစရာ။ မင်းတို့က ယောက်ကျားတွေတောင်ရိုးရိုးယောက်ျားမဟုတ်ဘူး လေ့ကျင့်ထားတဲ့လူ‌တွေ အဲ့လိုယောက်ျားတွေက မကျေနပ်တဲ့သူကိုတည့်မရှင်းဘဲ သူရဲဘောကြောင်ပြီး တခြားသူကိုဆွဲထည့်ရသလား"

ဘယ်ဘက်ပါးထက်နောက်တစ်ချက်ရောက်ချိန် ထို‌လူ၏မျက်နှာမှာ သွေးတွေနှင့်ကြည့်လို့မကောင်းတဲ့အနေအထားရောက်နေပြီ။ နားထင်နားထိနောက်ထပ်ထပ်ဆွဲလိုက်တဲ့အခါ ‌မေ့မျောသွား၏။

*ပျော့လိုက်ကြတာ။

Dion ဓားမြှောင်ကိုသိမ်းလိုက်ပြီး အိတ်အမည်းကိုပြန်စွပ်ပေးထားလိုက်သည်။

*အသက်ရှုကြပ်တဲ့ဝေဒနာကို ခံစားပါစေဦး

ဖုန်းလာနေလို့ Dion အပြင်ထွက်လိုက်သည်။
ကိုင်လိုက်‌တော့ Zone ။

"ဟယ်လို"

"အင်း ပြော Zone"

"ဓီရာ..."

"ဓီ ဘာဖြစ်လို့လဲ"

"စိတ်အေးအေးထားပါ။ ဓီရာဘာမှမဖြစ်ပါဘူး။ သူ့ကြည့်ရတာနေသိပ်မကောင်းတဲ့ပုံပေါ်နေလို့"

"မင်းကဘဲသူ့ကိုဂရုစိုက်ပေးပါဦး။ ငါအကူအညီတောင်းပါတယ်။ သူကအရမ်းနုတာ။ မနက်ခင်းကိုကော်ဖီဘဲအမြဲသောက်နေမယ်ဆိုသူ့အတွက်မကောင်းဘူး။ အာဟာရရှိတာလေးတွေကျွေးပေးပါဦး။ ထားလိုက်‌တော့။ အပြင်ကဟာတွေဆိုသူခံတွင်းမတွေ့မှာစိုးလို့ ငါမနက်တိုင်းချက်ပြီးလာပို့ပေးမယ်။ မင်းကဝယ်လာတယ်လို့ပြောပြီးကျွေးပေး။ ပြီးတော့ သူကမိုးရေအထိခံလို့မရဘူး မနက်ဖြန်ကျမိုးရွာလောက်မဲ့အခြေအ‌နေရှိတယ်။ အပြင်မသွားကြနဲ့ဦး။
သေချာဂရုစိုက်ပေးပါဦး"

"အင်းပါ။ မင်းဒီည ဘာလို့မလာတာလဲ"

"ငါဒီဘက်မှာအလုပ်လေးရှိနေလို့"

"လက်မလွန်စေနဲ့ Davion"

"အင်း"

ချက်ဆို နားခွက်ကမီးတောက်တဲ့ Zone ကြောင့် Davion ပြုံးမိပါသေးသည်။

"Zone"

"အေးပြော"

"ညဘက်ဆိုသူကစောင်လွတ်တတ်တယ်။ မင်းထထခြုံပေးပါဦး။ ဒီတစ်ညတော့အိပ်ရေးပျက်ခံပေးပါဦး။ ပြီးတော့ အခန်းမီးပိတ်ထားရင် ဘေးကမီးအိမ်လေးကိုဖွင့်ပေးထားပေး သူကအမှောင်ကြီးထဲမနေတတ်ဘူး။ ပြီးတော့ အဆင်ပြေရင်မင်းသူ့နားမှာဘဲနေပေးပါ ဒီည။ သူအိပ်မက်ဆိုးတွေမက်နေမှာစိုးလို့"

"ငါအကုန်လုပ်ပေးမှာပါ မပူနဲ့စိတ်ချ"

"ကျေးဇူးပါကွာ။ ဒါနဲ့ ဓီ အိပ်ပြီမလား"

"အိပ်သွားတာကြာပြီ 10နာရီလောက်ကထဲက"

"အင်းပါ။ ဓီ ညစာဘာစားလဲ"

"ငါတို့နှစ်ယောက် ခေါက်ဆွဲပြုတ်စားကြတယ်"

"အသင့်စားတွေက သူ့ကျန်းမာရေးအတွက်မကောင်းဘူး"

ပြောနေပုံက မသိရင် Zone ကျန်းမာရေးအတွက်ကျအထူးသင့်တော်နေသလို။ သူ့လူကျသူသိတတ်လိုက်တာလွန်ပါလေရော။

"ငါ့ကျန်းမာရေးအတွက်ကျ ဆေးတွေဆိုတော့ များများစားလို့ကောင်းတာပေါ့"

Zoneရဲ့စကားအောက် Dionခေါင်းမော့ကာတဟားဟား အော်ရယ်မိသည်။

"ငါကငါ့သက်ဆိုင်သူမလို့စိတ်ပူပေးတာလေ။ မင်းလဲစိတ်ပူတာခံချင်ရင်သက်ဆိုင်သူရှာပေါ့"

"တော်စမ်းပါ။ ငါ့အလုပ်နဲ့ကို မအားတာဘယ်သက်ဆိုင်သူမှမရှာနိုင်ပါဘူး"

"မင်းကဇီဇာကြောင်လို့ ဘယ်သူမှမကြိုက်ရင်း မရတာလောက်တော့လုပ်"

" အဟားး။ Zone King Myle တို့နားဝဲနေတဲ့လိပ်ပြာတွေပေါမှပေါ နှလုံးသားထဲအဝဲမခံလို့။ ငါ့ရုပ်ရည်ကမင်းထက် တန်းတစ်ခုမြင့်တာသိရဲ့သားနဲ့"

"အေးပါကွာ။ အဲ့ဝဲနေတဲ့လိပ်ပြာတွေကိုကျော်ပြီး ပျားတုပ်သွားပါစေ။ ဒါနဲ့ခေါက်ဆွဲကအသင့်စားလား"

"ဂျုံပါကွာ။ မင်းဟာလေးကလဲအသင့်စားမစားပါဘူး။ လူတစ်‌ယောက်ကအသင့်စားတွေစားတာမကောင်းဘူးပြောထားလို့ဆိုဘဲ"

"အင်း...သူ့စိတ်ထဲငါရှိနေသား"

"သူကမင်းကိုချစ်တယ် Davion။ ငါတို့စကားပြောတဲ့အခါတိုင်း မင်းအကြောင်းတစ်စွန်းတစ်စပါပါလာတယ်။ အဲ့လိုအချိန်တွေဆို သူ့မျက်လုံး‌တွေမှာပြုံးရိပ်သန်းနေတာ"

"ငါကသူ့ကိုပျော်ရွှင်စေတယ်ဆိုတာသိလိုက်ရတာကိုက ငါ့အတွက်သတင်းကောင်းပါဘဲ။ ငါ့ကြောင့်နဲ့သူ့ကိုစိတ်မညစ်စေချင်ဘူး။ သူအခုမပျော်ဘူးငါသိတယ်"

"မင်းဘယ်တော့အမှန်တရားကိုပြောမှာလဲ။ အခုလိုအခြေအနေကနှစ်ယောက်လုံးအတွက်မကောင်းဘူး"

"ငါပြောမှာပါ။ ငါအဲ့အတွက်လဲပြင်စရာရှိတာပြင်နေပါပြီ"

"အလုပ်ကရောဘယ်လိုနေလဲ"

"ငါမင်းကိုထူးခြားတာပြောမလို့။ အခုအဲ့ကောင်‌တွေ ဓီရာ့ကိုဖမ်းတယ်ဆိုတာ ငါ့ကိုချုပ်ဖို့။ သူတို့ကုန်တွေဖြစ်တဲ့ ကောင်မလေးတွေ အရင်တစ်ခေါက်က လမ်းမှာရဲတွေနဲ့တွေ့ပြီးလွတ်သွားတယ်တဲ့ အဲ့တာငါ့ကိုသံသယဝင်ပြီး အခုလိုလုပ်နေတာ"

"မင်းကမူးယစ်ဆေးကိစ္စဘဲကိုင်တာမလား"

"အေး မူးယစ်ဆေးတွေက ငါ့လက်ချက်ပေမဲ့ ဒီလူကုန်ကူးတာမိတာတော့ငါမဟုတ်ဘူး။ ပြီးတော့ ငါတို့Finnဘက်ကဖောက်သည်ကို ‌ပစ္စည်းသွားပေးတုန်းကလမ်းမှာမိတာလဲငါ့လက်ချက်မဟုတ်ဘူး"

"အဲ့ဆို စဉ်းစားစရာဘဲ။ မင်းအပြင်နောက်ထပ်တစ်ယောက်ရှိနေတယ်ဆိုတဲ့သဘောပေါ့"

"ငါသံသယဝင်နေတဲ့တစ်ယောက်တော့ရှိတယ်။ သူ့ profile ကိုပို့ပေးလိုက်မယ်။ မင်းတစ်ချက်စုံစမ်းပေး"

"အေး ရတယ်"

"Zone..ဓီရာ့ရဲ့လက်နဲ့ပါးပေါ်ကခြစ်ရာလေးကိုဆေးသေချာထည့်ပေးဦး"

"‌မနက်ကထဲတစ်ခါပြောပြီးပြီ။ ငါအကုန်လုပ်ပေးထားပါတယ်ကွာ။ မင်းမှာတမ်းခြွေတာမပြီးမပြီးနိုင်‌တော့ဘူး စိတ်ကိုမရှည်ဘူး။ ဖုန်းချပြီ"

Dion ဘာမှကိုပြန်မပြောလိုက်ရဘဲ ဖုန်းကကျသွားသည်။ စိတ်မြန်လက်မြန်နဲ့အဲ့ကောင်ကို ပျားကြီးကြီးတုပ်ပါစေ။

Dion ဘောင်းဘီအိတ်ကပ်ထဲက Marlboro cigarette ဘူးကိုထုတ်ကာ နောက်ဆုံးလက်ကျန်နှစ်လိပ်ထဲကတစ်လိပ်ကိုယူပြီး မီးညှိလိုက်သည်။ ဆိပ်ကမ်းဘက်ကိုကြည့်တော့မီးပြတိုက်မီးမှိန်မှိန်‌လေးက ရေပြင်ကျယ်ပေါ်ပုံရိပ်ထင်နေ၏။

ဒီနေ့မနက်က ဓီ့ကိုZoneနဲ့စိတ်ချပြီဆိုမှ နေ့လည်ကျ Rinoနဲ့ပစ္စည်းသွားပို့သည်။ ဝယ်လက်က private ဆန်ဆန် အရေးကြီးပုဂ္ဂိုလ်ဖြစ်တဲ့အတွက် လူပိုခေါ်မရတော့ Dion တို့နှစ်ယောက်တင်။ Belgium ဘက်တင်သွားပို့ရတာမလို့ မနက်11လောက်လေယာဉ်စီးတော့ 12လောက်ကျ Dion တို့ လေယာဉ်ဆိုက်သည်။ ပုံမှန် ပြင်သစ်နဲ့ ဘယ်လ်ဂျီယံကို flight ကြာချိန်က 55မိနစ်တင်။ ဝယ်လက်ဘက်က ကားတစ်စီးအခေါ်လွှတ်ထားတာကြောင့် အဲ့ကားနဲ့ဘဲ ချိန်းထားတဲ့နေရာကိုသွားလိုက်သည်။ ဝယ်လက်က တော်တော်လေးကိုဩဇာကြီးတဲ့လူမှန်း Dion ရော Rinoရော ခန့်မှန်းမိကြသည်။ Boss ကတောင်အမြဲတလေးတစားရှိရတဲ့လူပင်။ ဘယ်တော့မှပစ္စည်းကိုကိုယ်တိုင်မယူ သူ့လူယုံကိုသာပို့လေ့ရှိသည်။ ‌ချိန်းထားတဲ့နေရာက Hotel Duke's Palace ဆိုတဲ့ 5 stars hotel အကြီးစားတစ်ခုပင်။ Hotelကိုရောက်တော့ parking မှာစောင့်နေတဲ့သူတို့လူက ဝယ်လက်ရှိတဲ့အခန်းကိုလိုက်ပို့သည်။ နောက်ဆုံးအထပ်မှာရှိတဲ့ တစ်ခန်းတည်းသောအခန်း‌ရဲ့ရှေ့မှာအခန်းနံပါတ်ကိုတပ်ရမဲ့အစား A.Rဆိုပြီးတပ်ထားသည်။ အခန်းကလဲ condoပုံစံဖြစ်ပြီး အပေါ်ထပ်တစ်ထပ်လုံးဆိုတော့ အကျယ်ကြီးပင်။

(English ဘာသာဖြင့်)

‌"မှာထားတဲ့ပစ္စည်းတွေအကုန်ပါရဲ့လား"

ဧည့်ခန်းထဲရောက်‌တော့ ထိုင်နေတဲ့သူကမေးလာသည်။

"ပါတယ် အကုန်အတိအကျဘဲ"
ပစ္စည်းတွေကို စားပွဲပေါ်တင်ပေးလိုက်တော့ သူတို့ဘက်က Briefcase သုံးလုံးကိုပေးသည်။ သူတို့ဘက်ကပစ္စည်းစစ်နေတုန်း Dion တို့ဘက်က ပိုက်ဆံစစ်နေသည်။

"ပစ္စည်းအကုန်စုံတယ်။ အရောင်းအဝယ်အတွက် ဝမ်းသာပါတယ်။ ရေရှည်လက်တွဲသွားပါရစေ"

Rino ဘက်ကို ကမ်းလာတဲ့လက်တစ်ဖက်ကို Rinoကပြန်ဆွဲကာနှုတ်ဆက်လိုက်သည်။ Dion ကိုတော့အဲ့လူကလက်ကမ်းမပေးဘဲ briefcase ကိုပိတ်နေတဲ့ Rinoကိုသာလိုက်ကြည့်နေ၏။ ခဏနေတော့ အဲ့လူကဖုန်းလာလို့ထသွားသည်။ ‌အဝေးကြီးသွားပြောတာမဟုတ်လို့ Dion တို့နှစ်ယောက်လုံး
ကြားနေရသည်။

"ဟယ်လို Cain"

"အင်း ပစ္စည်းတွေစုံတယ်"

"လုပ်ငန်းအကုန်ပြီးပြီ"

"အိုခေ ကျွေးလိုက်မယ်"

Dion တို့ဘက်ကိုပြန်လျှောက်လာပြီး

"နေ့လည်စာလိုက်ကျွေးပါရစေ"

"ကျွန်တော်တို့နှစ်ယောက်ကိုလား"

"ဟုတ်ပါတယ် bossက မင်းတို့ကိုနေ့လည်စာလိုက်ကျွေးပြီးမှ ပြန်ခိုင်းလိုက်ပါတဲ့။ ပိုက်ဆံတွေကို ကားထဲတစ်ခါထဲထည့်ခိုင်းထားလိုက်ပါမယ်"

"ဟုတ်ပြီ‌"

Rinoရဲ့တုံ့ပြန်သံအဆုံးမှာ အဲ့လူကရှေ့ကဦးဆောင်ပြီးထွက်သွားသည်။

Hotel ရဲ့ ground floor က restaurant ကိုရောက်တော့ သူတို့bookingလုပ်ထားတဲ့ဝိုင်းမှာထိုင်ကြပြီး အစားအသောက်ကိုအဲ့လူကစမှာလိုက်သည်။အဲ့လူမှာတာတော်တော်ပြည့်စုံနေပြီမလို့ Dion တို့ဘာမှထပ်မမှာဘဲနေလိုက်သည်။

"ကြိုက်တာမှာပါ"

Menu card ကို Rino ရှေ့တိုးပေးနေတဲ့လူကို Rino‌ကတော့ "ပြည့်စုံနေပါပြီ"ဆိုပြီး ငြင်းလိုက်သည်။

"ပစ္စည်းလာပို့တိုင်း မင်းတို့နှစ်ယောက်ဘဲနော်"

Rino - "ဟုတ်တယ်"

"ကိုယ့်နာမည်က George (ဂျော့ရှ်)ပါ"

Rino- "Rino ပါ"

Dion- "Rhyne လို့ခေါ်လို့ရပါတယ်"

"မင်းတို့ကမင်းတို့ဂိုဏ်းမှာအမြင့်ဆုံးလူတွေထင်တယ်"

Dion- "Boss ရဲ့ဘယ်လက်ရုံးနှင့်ညာလက်ရုံး"

"မင်းကြည့်ရတာ စိတ်မြန်တဲ့လူထင်တယ်"

Dion- "ကြိုက်သလိုကောက်ချက်ချလို့ရပါတယ်"

Dion စကားကို ပြုံးပြပြီး Rinoဘက်လှည့်သွား၏။

"ဒုခေါင်းဆောင်ဆိုတာ Rinoလား"

Rino - "Rhyne ပါ။ ကိုယ်က ဒုလက်ထောက်"

"ကိုယ်ကမင်းလို့ထင်ထားတာ။ ကိုယ်အမြင်မှာမင်းကပိုအရည်အချင်းရှိလို့လေ"

Rino- "ချီးကျူးတာ ကျေးဇူးပါ။ ဒါပေမဲ့ ကျွန်တော်တို့အကြောင်းကို အပေါ်ယံကြည့်ပြီး ဝေဖန်တာမျိုးမလုပ်စေချင်ဘူး George "

"ဟားး ဟုတ်ပါပြီ။ ကိုယ်တောင်းပန်ပါတယ်။ နောက်ခါလာပို့ရင်လဲ Rinoတို့ဘဲလား"

Rino - "ကိုယ်တို့ဖြစ်ဖို့များပါတယ်"

"ဟုတ်ပါပြီ"

ပြန်တိတ်သွားတဲ့စကားဝိုင်းကို အဲ့လူကဖြိုခွင်းပြန်သည်။

"Rinoတို့နှစ်‌ယောက်က ပြင်သစ်သားတွေလား"

Dion - "ကျွန်တော်ကဘဲ ပြင်သစ်သား"

"အဲ့ဆို Rinoကရော"

Rinoက သူ့မျက်လုံးကိုမလိုသလိုစိုက်ကြည့်တော့ အဲ့လူက

"Personal ကိုအရမ်းမေးတာကိုစိတ်မဆိုးပါနဲ့။ အလုပ်သဘောအရမေးတာပါ။ နောက်လဲဆက်ဆံရမဲ့သူဆို‌တော့လေ"

"ရပါတယ်"

Dion ကတော့ဖုန်းကိုဘဲကြည့်နေမိသည်။ ဟိုလူနဲ့Rinoစကားဝိုင်းထဲ သူဝင်မပါချင်။ ဟိုလူ့ကြည့်ရတာလဲဝင်ပါစေချင်မှာမဟုတ်။ ဘဲကြီးကြည့်ရတာ Rinoကိုကြိတ်ကြွေနေပုံ။ အလုပ်သဘောနဲ့ဘာမှမဆိုင်တဲ့ လူမျိုးအဖြစ်တွေတောင်မေးနေတော့ အိန္ဒြေတောင်မဆည်နိုင်တဲ့ပုံဘဲ။

Rino - "ကိုယ်က finnishပါ"

"ကိုယ်က russian ပါ "

Rino- "ဪ မမေးတော့မမေးပေမဲ့ ‌မှတ်ထားလိုက်ပါ့မယ်"

ဟင်းပွဲတွေရောက်လာတော့ စကားစပြတ်သွားကြပြီး ထမင်းစားခြင်းအမှုကိုသာအာရုံစိုက်နေကြသည်။

ဟိုလူကတော့ ဟင်းတွေကိုRinoနား‌တိုးပေးနေပြီ ဘယ်ဟင်းကဘယ်လိုကောင်းကြောင်းတွေပြော‌နေလေရဲ့။

Dion- *လေကုန်လိုက်တာ

Rinoကတော့ သူစားနေတာသာအေးဆေးစားနေပြီး အဲ့လူပြောသမျှမ‌ကြားသလိုနေနေသည်။

Rino - *ဘယ်လိုလူပါလိမ့် စကားများလိုက်တာ

ထမင်းစားပြီးတော့ အဲ့လူကိုနှုတ်ဆက်ပြီး Dion တို့လေဆိပ်ကိုသွားလိုက်သည်။ လက်မှတ်လဲသူတို့ကဖြတ်ပေးထားတာမလို့ flight ချိန်ကအကိုက်ပင်။
Dion တို့ ပြင်သစ်ကိုပြန်ရောက်‌တော့ ညနေ 3ခွဲ။

Dion က ရုံးခန်းခဏ Rinoနဲ့လိုက်သွားပြီး မီးခံသေတ္တာထဲက ပိုက်ဆံတွေပါထုတ်ပြီးဘဏ်သွားအပ်ကြသည်။ ပြီးတော့ Rino ကော်ဖီဆိုင်ခဏဝင်ထိုင်ကြ၏။ ကော်ဖီဆိုင်မှာစကားပြောဖြစ်တော့ Rinoက ဟိုလူကို စကားများလိုက်တာတဲ့ မနည်းနားထောင်နေရတယ်ဆိုပြီး ညည်းတော့ Dion ရယ်ရသေးသည်။ မင်းကိုကြိတ်ကြွေနေတာနေမှာလို့ပြောတော့ Rinoက အားရပါးရရယ်ပြီး အဲ့လူကတော့ရှောင်တယ်တဲ့။ တော်တော်ကြာစကားပြောဖြစ်ကြပြီး ညနေ5ခွဲလောက်ကျ လူခွဲလိုက်ကြသည်။

Dion ငှားထားတဲ့တိုက်ခန်းမှာရေဝင်ချိုးပြီး အဝတ်အစားလဲကာ ပြန်ထွက်ခဲ့သည်။ မနက်ကဓီ့ကို ပြန်ပေးဆွဲတဲ့ကောင်‌တွေနေရာသွားလိုက်သည်။ စရောက်ကထဲ အဲ့ဂိုဏ်းကခေါင်းဆောင်ဆီက ခနဲ့သည့်စကားထွက်လာသည်။

"ကြည့်ပါဦး Chaos Gangက ဒုခေါင်းဆောင်Rhyneက ငါတို့ဆီကိုကြွလာတယ်တဲ့။ ကော်ဇောတွေ‌ဘာတွေခင်းပေးလိုက်ပါဦး လျှောက်လမ်းလေးအတွက်"

Dion ကအဲ့ကောင်‌ဆီ လျှောက်သွားလိုက်ပြီး ဟိုသုံးယောက်ကိုမေးတော့မသိသလိုလုပ်နေသည်။

"မင်းရဲ့နောက်လိုက်ခွေးလေးတွေကို ငါ့ကိုအခုချက်ချင်းထုတ်ပေးရင်ကောင်းမယ်။ တောင်းနေတုန်းကမပေးဘဲ ငါ့ဘာသာငါရှာရရင် မင်းတို့တစ်ဂိုဏ်းလုံးမြေလှန်ခံရမယ်"

"မင်းလိုလူက ငါတို့ဂိုဏ်းကိုမြေလှန်မယ်တဲ့လား။ အဟားး ‌ကြောက်ပါတယ် ကြောက်ပါတယ် ဒုခေါင်းဆောင်ကြီးရယ်"

Dion ရှည်ရှည်ဝေးဝေးပြောမနေတော့ဘဲ ခါးကြားက pistol ကိုထုတ်ကာ အဲ့ကောင်ခေါင်းကိုချိန်တော့ သူတို့ဂိုဏ်းသားတွေပြာကုန်ကြသည်။

"ကျည်ကအပြည့်နော်။ အသေခံနိုင်ရင် ဆက်ပြီးဖွက်ထားလေ"

အောက်ကကောင်က ဒူးတုန်နေပြီး သူ့တပည့်တစ်ယောက်ကိုမျက်စပစ်လိုက်သည်။

*အလကား သွေးကြောင်နေတဲ့ကောင်

အဲ့တပည့်ကသူတို့နေတဲ့နေရာကိုဝင်သွားပြီး မကြာခင်မှာဟို‌သုံးကောင်နဲ့ပြန်ထွက်လာသည်။ Dion က အဲ့သုံးကောင်ကိုမြင်တော့ ခေါင်းဆတ်ပြလိုက်ပြီး Dionစီးလာတဲ့ကားထဲထည့်ခိုင်းတော့ သူတို့ဂိုဏ်း
ခေါင်းဆောင်က အော်ကာဟစ်ကာအတင်းထည့်ပေးလိုက်သည်။ လက်နက်တွေအကုန်လုံးကိုလဲ ပစ်ချထားခဲ့သည်။ Dion က သူ့ခေါင်းကိုချိန်ထားတဲ့သေနတ်ကိုဖြုတ်ပေးတော့ Dionပါးပေါ်သူ့လက်သီးတစ်ချက်ရောက်လာသည်။

"ခွေးမသား!!!"

Dion ကလက်ထဲကသေနတ်နဲ့ပေါင်နှစ်ဖက်ကိုပစ်တော့ တစ်ဂိုဏ်းလုံးကလူတွေကDionကိုသေနတ်တွေနဲ့ချိန်ထားသည်။

*အသာတကြည်လွှတ်ပေးလို့ကိုမရဘူးဘဲ

သေနတ်ထိထားတဲ့သူတို့ခေါင်းဆောင်ရဲ့လည်ပင်းလက်ဖျံနဲ့ညှစ်ထားပြီးကားနားထိဆွဲခေါ်လာတော့ တစ်ယောက်မှမလှုပ်ရဲကြ။ ဘေးကlover seatထဲထိုင်ခိုင်းပြီး အဲ့ကောင်ခေါင်းကိုသေနတ်နဲ့ချိန်ထားတာ နောက်ကကောင်တွေ‌နောက်ကကောင်တွေကို မေ့ဆေးအငွေ့ကိုဖျန်းလိုက်သည်။ သူတို့ဂိုဏ်းနေရာနဲ့တော်တော်လှမ်းလှမ်းရောက်တော့ အဲ့ကောင်ကိုကားပေါ်ကကန်ချကာ ဂိုဒေါင်ပျက်ကြီးဆီမောင်းလာပြီး ဒီကောင်တွေကို အခုလိုနှိပ်စက်ထားတာဖြစ်သည်။

Dion ‌သောက်လက်စဆေးလိပ်ကိုပစ်ချပြီးဖိနပ်ထိပ်နဲ့ဖိချေပစ်ကာ ဂိုဒေါက်ဘက်ကိုပြန်လာခဲ့သည်။
သူတို့ဂိုဏ်းသားတွေကိုသူတို့ဆီပြန်ပို့ပေးရဦးမယ်လေ။

ဂိုဒေါင်ထဲရောက်တော့ အိတ်စွပ်ထားတဲ့ကောင်ကိုအိတ်ဖယ်ပေးလိုက်ပြီး တွဲလောင်းကျပြီးမေ့နေတဲ့ကောင်ကိုရောဟိုကောင့်ကိုပါ ဘေးကရေပုံးနဲ့လှမ်းပက်ကာနှိုးလိုက်သည်။ လက်သည်းတွေမရှိတော့တဲ့တစ်ယောက်ကတော့ ကြောက်"ရွံ့"နဲ့ ဝူးဝူးဝါးဝါးအော်နေလေသည်။

"သတ်ပစ်လိုက်ပါတော့။ အသေသာသတ်လိုက်ပါ"

မရှုမလှမျက်နှာနဲ့ကောင်က အော်တော့ Dionရဲ့သ‌‌
သဘောတကျရယ်သံက ဂိုဒေါင်တစ်ခုလုံးကိုပျံ့သွားသည်။

"မင်းတို့သေရမှာပါ ဒါပေမဲ့ငါကမသတ်ဘူး"

"ဘာပြောတာလဲ"

"မင်းတို့ဂိုဏ်းက ဒုက္ခိတတွေကိုဆို အိုသွားတဲ့နွားတွေကိုသားသတ်ရုံကိုပို့သလို ဒုက္ခိတတွေကိုလဲ သတ်ပစ်တာမလား အသုံးလဲမလို၊အရှင်ထားရင်လဲ သစ္စာဖောက်မှာစိုးလို့"

"မင်း...မင်းဘာလုပ်မလို့လဲ"

"မင်းတို့ဂိုဏ်းကမင်းတို့ကိုသတ်လိမ့်မယ်"

Dion ပထမဆုံးတစ်ယောက်ကို ပုဆိန်ဖြင့် လက်မောင်းရင်းကနေ ခုတ်လိုက်တော့ လက်နှစ်ဖက်လုံးတုံးတိ။

မျက်နှာမရှုမလှနဲ့တစ်ယောက်ကိုလဲ လက်မောင်းရင်းကနေခုတ်ပြီး နောက်ဆုံးတွဲလောင်းကျတဲ့တစ်ယောက်ကိုပါ ခုတ်လိုက်သည်။ ပြီးတော့ သုံးယောက်လုံးကိုဒူးဆစ်ကနေ သံဖြတ်တဲ့စက်ကိုယူပြီးဖြတ်လိုက်တော့ ကြမ်းပြင်မှာသွေးတွေအိုင်ထွန်းပြီး အော်သံတွေဟာမချိမဆန့်။

သုံးယောက်လုံးကို ကားထဲပစ်ထည့်ပြီး သူတို့ဂိုဏ်းရှိရာကိုပြန်ပို့လိုက်သည်။ သူတို့ဂိုဏ်းရဲ့ရင်ပြင်မှာ အဲ့ကောင်သုံးယောက်ကိုချထားလိုက်တော့
တစ်ဂိုဏ်းလုံးမလှုပ်ရဲ။

"ငါ့လူကိုထိရင် သေတာထက်ဆိုးတဲ့ဝေဒနာကိုခံစားရမယ်ဆိုတာ ဒီကောင်တွေကိုနမူနာယူကြ။ နောက်ခါလာထိရင် ဒီ့ထက်ဆိုးတာကိုမလုပ်ပါဘူးလို့ အာမမခံဘူးနော်။ ကိုယ့်စည်းနဲ့ကိုယ်နေကြ"

Dion ကားပေါ်ကဘဲပြောပြီး သူတို့ရှေ့ကနေကားတစ်ပတ်ပတ်ပြီးမှ ထွက်လာခဲ့သည်။ ‌မြစ်ကမ်းအောက်‌ကိုမောင်းသွားပြီး ထိုကားထဲနောက်ဖုံးထဲကဓာတ်ဆီဖုံးထုတ်၍လောင်းလိုက်သည်။ မီးခြစ်ဆံကိုမီးခြစ်ပြီးပစ်ထည့်တော့ ကားတစ်ခုလုံးလောင်ကျွမ်းသွားလေသည်။

Dion တို့အလုပ်ရုံနဲ့နီးတော့လမ်းလျှောက်သွားလိုက်ပြီး အလုပ်ရုံမှာရေတစ်ခါထပ်ချိုးသည်။ ပြီးတော့ ဓီ့ဆီကိုသွားသည်။ သော့ပိုရှိနေတာနဲ့ကိုယ်တိုင်ဖွင့်ဝင်ပြီး Zone နဲ့တွေ့တော့ Zoneကခေါင်းငြိမ့်ပြကာ အပေါ်ထပ်ကိုသွားခိုင်းသည်။

အေးချမ်းစွာအိပ်ပျော်နေတဲ့ဓီ့ကို ရင်ဘတ်ထိ‌စောင်ဆွဲတင်ပေးလိုက်ပြီး နဖူးလေးကို အနမ်းတစ်ပွင့်ခြွေလိုက်သည်။ ပြီးတော့ ဓီ့ဆံပင်လေးတွေကိုသပ်ရင်း
လေသံတိုးတိုးဖြင့်

"ဓီ့ကို ထိရင်ခံရမဲ့ပြစ်ဒဏ်ကိုပေးလို့ ကိုယ်အပြစ်သင့်မယ်ဆိုလဲ ဒီဘာသာမဲ့က ဘုရားသခင်မပို့လဲငရဲကိုကိုယ်တိုင်ဆင်းသွားဖို့အသင့်ဘဲ ဓီ"

*ဓီ့အတွက်ဆို ဒီဘာသာမဲ့ကဘုရားသခင်နဲ့လဲစစ်ခင်းရဲပါတယ် ဓီရယ်...
_________________________________________
_elf_
19/8/2024(Monday)

4395wordsတောင်ရေးပေးထားပါတယ်နော် ခပ်ရှည်ရှည်လေးရေးနေလို့ update နောက်ကျသွားတာပါ။ ဖတ်ပြီး review လေးတွေရေးပေးကြရင် အပျော်ကြီးပျော်ပြီး နောက်တစ်ပိုင်းအတွက်အားတွေရှိလာမှာမလို့ comment လေး‌တွေ mentစေချင်ပါတယ်ရှင်။

Mini-story လေးမလို့ 11ပိုင်းလောက်နဲ့ဇာတ်သိမ်းမယ်လို့တွေးထားတာကြောင့် ဇာတ်သိမ်းဖို့ဘယ်လောက်မှမလိုတော့ပါဘူးနော်။


You are reading the story above: TeenFic.Net