ဓီကမျက်ရည်တွေသုတ်ပြီး Dion နဲ့အတူလိုက်လာသည်။ တိုက်ခန်းကိုပြန်တဲ့လမ်းတစ်လျှောက် ဆိုင်ကယ်ပေါ်မှာလဲ ငူငူငိုင်ငိုင်နဲ့မလန်းပေ။ တိုက်ခန်းပြန်ရောက်တော့ Dionအပေါ်ကsuitကိုအမှတ်တမဲ့ချွတ်လိုက်မိရာ လက်မောင်းကဒဏ်ရာကို ဓီမြင်သွား၏။
"Dion လက်မောင်းမှာဒဏ်ရာကြီး"
"ဒါဘာမှမဖြစ်ပါဘူး။ ဒီဒဏ်ရာကကိုယ့်အတွက်အေးဆေးဘဲ"
"အေးဆေးလို့မရဘူးလေ။ ပိုးတွေဝင်သွားမှာပေါ့။ Dionဒီမှာခဏထိုင်နေဦး ကျွန် ကျွန်တော် ဆေးပုံးသွားယူလိုက်ဦးမယ်"
ထိုင်နေရာကချက်ချင်းထကာ ဆေးပုံးသွားယူပြီး Dionရဲ့လက်မောင်းကအနာကို ရေနဲ့အရင်သုတ်ပြီး ဆေးထည့်ပေးသည်။
"ဓီ"
"အင်း"
"ကိုယ့်ကိုဓီစိတ်ပူနေတာလားဟင်။ ခုနကလဲ ဓီကိုယ့်ကိုစိတ်ပူလို့ငိုတာလား"
"ကျွန်တော်မသိဘူး။ အခုကျွန်တော်သိချင်တာတစ်ခုရှိနေတယ်။ Dionကျွန်တော်မေးမဲ့အရာကိုအမှန်အတိုင်းဖြေပေးမလား"
"အင်း ဘာမေးမလို့လဲဓီ မေးလေ"
ရုတ်တရက်မာကျောလာတဲ့ ဓီ့မျက်နှာက ခုနကရှိုက်ကြီးတငင်ငိုကြွေးနေတဲ့ကလေးနဲ့မတူတော့ပင်။
"Dionရဲ့အလုပ်ကဘာလဲ။ Dionဘာအလုပ်လုပ်တာလဲ။ Daniel ပြောတဲ့ကူးသန်းရောင်းဝယ်ရေးဆိုတာ မူးယစ်ဆေးဝါးတွေလား"
"ကိုယ်..."
"ကျေးဇူးပြုပြီး အမှန်အတိုင်းပြောပြပါ"
"ဟုတ်တယ် ဓီ။ ကိုယ်ကမူးယစ်ဆေးဖြန့်ချီတဲ့ဂိုဏ်းက ဒုဂိုဏ်းခေါင်းဆောင်ဘဲ။ ကိုယ်ပြောတဲ့ကူးသန်းရောင်းဝယ်ရေးဆိုတာ မူးယစ်ဆေးရောင်းတာ"
Dion ဓီ့ကိုအကုန်အမှန်အတိုင်းပြောပြလိုက်တော့ Dionကို စိုက်ကြည့်နေတဲ့မျက်နှာနုနုဟာ ခက်ထန်စွာနဲ့ သူ့ကိုမျက်နှာလွှဲသွားခဲ့သည်။
"Dionက ကျွန်တော့်ကိုတစ်လျှောက်လုံးလိမ်ထားတာဘဲ"
သူ့ကိုမကြည့်ဘဲမျက်နှာကိုငုံ့ထားတဲ့ လူသားဆီမှထွက်ပေါ်လာတဲ့စကားသံဟာ ယုံကြည်ချက်ကိုအလွဲသုံးစားလုပ်ခံရလို့ကျိုးကြေနေတဲ့ပုံစံပင်။ စကားလုံးတစ်လုံးစီတိုင်းကနာနာကျင်ကျင်နဲ့ ပြတ်သားစွာထွက်လာသည်။
"ကိုယ်လိမ်တာမှန်ပေမဲ့ ကိုယ်လိမ်တယ်ဆိုတာက ကိုယ်.."
"ထွက်သွားပေးပါ"
"ဓီ"
"ထွက်သွားတော့ Dion"
"ကိုယ်ပြောပြတာခဏလောက်နားထောင်ပါဦး ဓီရယ်"
"ကျွန်တော် Dionပါးစပ်ကထွက်တဲ့ဘယ်အလိမ်အညာစကားကိုမှ ထပ်မကြားချင်တော့လို့ထွက်သွားပါတော့"
"ကိုယ်အခုလိုလိမ်ရတဲ့အကြောင်းပြချက်လေးတော့ ပြောပြပါရစေ။ ဒီတစ်ခုလေးပါဘဲ"
"ဘာလဲ ကျွန်တော့်ကိုထပ်လိမ်ဦးမလို့လား ဟမ်။ သင်္ဘောပေါ်မှာ ကျွန်တော့်ကိုပြောခဲ့တဲ့ စကားကလဲ အလိမ်အညာတွေဘဲမလား။ Dionကျွန်တော့်ကိုမချစ်ပါဘူးဗျာ"
"မဟုတ်ဘူး ဓီ။ ကိုယ်ဓီ့ကိုပြောခဲ့တဲ့စကားတွေတိုင်းက အစစ်အမှန်တွေချည်းဘဲ။ ကိုယ်လိမ်ညာပြီးပြောတာ တစ်ခုမှမပါဘူး။ ကိုယ်ဟာဓီမုန်းတဲ့မူးယစ်ဆေးဝါးကိုရောင်းတဲ့သူဆိုတာကိုမပြောဘဲလိမ်ထားတာနဲ့တော့ ရောပြီးကိုယ့်ခံစားချက်တွေကိုအလိမ်အညာတွေလို့မပြောလိုက်ပါနဲ့ ဓီရယ်။ ကိုယ် ဓီ့ကိုတကယ်ချစ်တာပါ။ ဒီကိစ္စနဲ့တော့ ရောမချလိုက်ပါနဲ့"
"ကျွန်တော့်ရှေ့ကနေကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ကျွန်တော် Dionကိုဒီ့ထက်ပိုပြီးမမုန်းမိသေးခင် ထွက်သွားပါတော့။ နောက်ထပ်လဲ ကျွန်တော့်ရှေ့ကိုဘယ်တော့မှပေါ်မလာပါနဲ့တော့။"
"ကိုယ်...။ ကောင်းပါပြီ ကိုယ်ထွက်သွားပါ့မယ် ဓီ။ ဒါဟာကိုယ့်ရဲ့ဓီ့အပေါ်မှာထားတဲ့ညွတ်တွားခယမှုပါ တောင်းဆိုမှုကိုလိုက်လျောတဲ့အထက်စီးပုံစံမဟုတ်ပါဘူး။"
Dionပါးပြင်တွင်အေးစက်စက်အထိအတွေ့ကိုခံစားရသည်။ သူ့နှလုံးသားရဲ့နာကျင်မှုကို မျက်လုံးကတုံ့ပြန်ပေးနေလေ၏။ Dion နောက်လှည့်ကာပင် တိုက်ခန်းထဲကထွက်လာခဲ့ပြီး ဓီ့ရှေ့ကနေပျောက်ကွယ်သွားပေးလိုက်သည်။
ကိုယ်အခုလိုလိမ်ရတယ်ဆိုတာကလဲ အခုလိုဓီ့အနားရှိခွင့်မရတော့မှာစိုးလို့ပါ ဓီရယ်....။ ကိုယ်မင်းသိအောင်ပြောချင်တဲ့အရာဟာ ဒီစကားလေးတစ်ခွန်းရယ်ပါ။
အမှန်တရားဆိုတာ
ထုတ်ပြောခွင့်သာခဲ့ရင်တောင်
ထုတ်ပြောလို့မရတဲ့အခြေအနေတစ်ရပ်က
အမြဲတမ်းပေါ်ပေါက်စမြဲပါဘဲ
ထိုအခြေအနေမှာ
ကျွန်တော်တို့ဟာ
အရာအာလုံးကိုဆုံးရှုံးရတယ်
ပြင်သစ်လမ်းမထက်မှာ ဆိုင်ကယ်တစ်စီးဟာအရှိန်နဲ့မောင်းနှင်နေပြီး ပြင်သစ်ရဲ့mural painting wallတွေက ထိုဆိုင်ကယ်ပေါ်ကလူကိုသနားနေကြသလိုပင် လွမ်းဆွေးစရာပုံပေါက်နေလေသည်.....။
___________________________________________
6/8/2024(Tuesday)
_elf_
မနေ့က online class က project တွေလုပ်နေတာနဲ့ updateပေးဖို့မေ့သွားပြန်တယ်ရှင်
ဒီauthorက အမြဲမေ့တတ်တော့ မနည်းကိုသတိတရupdateလုပ်ရတယ်
ဒီတစ်ခါ အများကြီးနောက်ကျသွားတာမလို့ နောက်တစ်ပိုင်း စောစောလေးupပေးမယ်နော်
Ending ကတော့ ခန့်မှန်းကြည့်ကြပါဦး
ဒါလေးက Daniel တို့ဂိုဏ်းရဲ့သင်္ကေတလေးပါ
ဒါကိုဂိုဏ်းသားလက်မနဲ့လက်ညှိုးကြားက လက်မဖိုးပေါ်မှာ tattoo ထိုးထားကြရတာမလို့ Daniel နဲ့ Rinoမှာလဲဒီအမှတ်အသားရှိပါတယ် ။ ဒါပေမဲ့ Daniel တို့ကရာထူးကြီးထဲကမလို့ ဓားမြှောင်ပုံစံလေးထပ်ထိုးရပါသေးတယ် အဲ့တာကတော့ လည်ပင်းမှာပါ
You are reading the story above: TeenFic.Net