Unicode
ညက Rinoဖုန်းဆက်ကာ "Rhyne မင်းမြန်မာနိုင်ငံသားနဲ့ ပတ်သတ်ပြီးပြောစရာရှိတယ်။ အခုချက်ချင်း ဂိုဏ်းကိုလာခဲ့။ Boss မင်းကိုခေါ်နေတယ်" ဟုပြောသောကြောင့် ဂိုဏ်းကိုရောက်နေခြင်းဖြစ်သည်။ Boss ကမင်းကိုခေါ်နေတယ်ဆိုတဲ့စကားကြောင့်မဟုတ်ဘဲ မင်းမြန်မာနိုင်ငံသားနှင့် ပတ်သတ်လို့ပြောစရာရှိတယ်ဆိုတဲ့စကားကြောင့်ပင်။ သေချာပေါက် Boss ကတစ်ခုခုလုပ်တော့မည်။
ညကဂိုဏ်းကိုရောက်သွားတော့ ဂိုဏ်းသားထဲကလေ့ကျင့်ရေးမှူးနှင့် bossတို့စကားပြောနေရာက Dion ရောက်လာတော့ လေ့ကျင့်ရေးမှူးကထွက်သွားသည်။ Bossက ရုံးခန်းထဲဝင်သွားတော့ Dion ပါလိုက်သွားလိုက်သည်။ ဘေးမှာတော့ Rinoကရပ်နေသည်။ Boss က Rinoကို သူ့ဘေးနားထိုင်ခိုင်းလိုက်ပြီး Dion ဘက်လှည့်ကြည့်လာသည်။
သေချာပေါက် Rinoနဲ့ Boss ကြားမှာ ဂိုဏ်းခေါင်းဆောင်နှင့်ဂိုဏ်းသားနဲ့ထက်ပိုတဲ့ဆက်ဆံရေးရှိမှန်း Dion သိနေသည်။ ပုံမှန်ဆို Rinoက Dion အောက်ကရာထူးမလို့ bossနဲ့ Dion ရဲ့စကားဝိုင်းမှာ သူပါ၍မရပေ။ အခုက Rinoက Dion နဲ့တန်းတူလိုပင်ဖြစ်နေသည်။ Dion ထက်အရင်ရောက်လို့ အခုလိုဦးစားပေးတယ်ပြောရအောင်ကလဲ Rinoထက်အရင်ဝင်တဲ့သူတွေတောင် ဒီလိုအခွင့်အရေးမရှိ။
(ပြင်သစ်ဘာသာဖြင့်)
"Rhyne။ မင်းအတွက်အလုပ်တစ်ခုရှိတယ်။ Scotland ဘက်ကိုပစ္စည်းသွားပို့ပေးရမယ်။ ဒီညသွားရမယ်"
"ရတယ်လေ ။ Rinoပါ ပါမှာမလား"
"Rinoက ပစ္စည်းအထုတ်အသွင်းကိုတစ်ချက်သွားစစ်ရမှာမလို့ လိုက်လို့မဖြစ်ဘူး။ မင်းတစ်ယောက်ထဲသွားရမှာ။ ရော့ ဒီမှာပစ္စည်း။ လေယာဉ်လဲစီစဉ်ထားတယ်။ ဟိုရောက်ရင် ဖောက်သည်ဆီသွားဖို့လဲမင်းပူစရာမလိုဘူး"
"အင်း"
"မင်းနဲ့အမြဲအခုလို လက်တွဲပြီးအလုပ်လုပ်ချင်တယ် Rhyne ။ မင်းကခေါင်းဆောင်ကောင်းတစ်ယောက်၊ တပည့်ကောင်းတစ်ယောက်ဘဲ။ ငါလက်မလွှတ်ချင်ဘူး "
"လက်လွှတ်ရမဲ့ကိစ္စမျိုးမလုပ်နဲ့ပေါ့ ရှင်းပါတယ်"
ပစ္စည်းထည့်ထားတဲ့ အိတ်ကိုစစ်ရင်းပြန်ပြောပြီး ပစ္စည်းတွေပြည့်တော့ ဇစ်ကိုပိတ်ကာ မတ်တပ်ရပ်လိုက်ရင်း
"ကျွန်တော်က ခေါင်းဆောင်ကောင်း၊ တပည့်ကောင်းတစ်ယောက်အပြင် ချစ်သူကောင်းတစ်ယောက်။ ကျွန်တော့်အချစ်ကိုစွန့်လွှတ်မဲ့အစား ကျန်တာတွေကိုစွန့်လွှတ်ပစ်မှာ။ ဘယ်အရာဖြစ်ဖြစ် အချစ်ထက်မသာလွန်နိုင်ပါဘူး"
"မင်းမှာအားနည်းချက်ရှိလာမှာကို ငါအမြဲစိုးရိမ်ခဲ့ရတာ။ အခုတော့ ငါစိုးရိမ်သလိုဖြစ်လာတာဘဲ။ မင်းမှတ်ထားရမှာက အချစ်ကအန္တရာယ်အရှိဆုံးသောလက်နက်ဘဲ အဲ့လက်နက်ထက်ဘယ်ဟာမှအန္တရာယ်မရှိဘူး။ သေစေနိုင်တယ်မင်းသိလား"
အခန်းအပြင်ကိုထွက်မဲ့ခြေလှမ်းတွေရပ်တန့်သွားပြီး ထိုလူ၏နှုတ်မှ
"ကျွန်တော်က သေစေနိုင်တဲ့လက်နက်ကိုကိုင်ဆောင်ထားပြီး အင်အားအဖြစ်ထားတဲ့သူမလို့ သေမှာကိုမပူရပါဘူး။ ပြီးတော့ ကျွန်တော့်လူက ကျွန်တော့်ရဲ့အားသာချက် ။ အမြဲတမ်းလဲအားသာချက်ဖြစ်နေမှာဘဲ။ ခဏတိုင်းမပြောချင်တော့ဘူး အဲ့တာကြောင့်သေချာလေးမှတ်ထားပေး။ ဪတစ်ချက်ရှိသေးတယ် ဒါကိုတော့ ရိုးတွင်းခြင်ဆီထိရောက်အောင်မှတ်ထားပေးပါ
အချစ်ဆိုတဲ့အန္တရာယ်အရှိဆုံးလက်နက်ကိုကိုင်ဆောင်ထားတဲ့ကျွန်တော်က ကျွန်တော့်ရဲ့အားသာချက်ကြောင့်ဘဲ ရန်ပွဲတိုင်းမှာအနိုင်ရလိမ့်မယ်။ အဲ့လက်နက်နဲ့ဘဲ ကျွန်တော်ချစ်ရတဲ့သူကိုဘေးမသီရန်မခဖြစ်အောင် ကာကွယ်ပေးနိုင်လိမ့်မယ်။ ဖျက်ဆီးဖို့လာတဲ့သူတွေအကုန်လုံး အချစ်ဆိုတဲ့လက်နက်နဲ့အတူသိပ်ပြင်းထန်တဲ့ဒေါသမီးကြောင့် ပျက်စီးကြရလိမ့်မယ်။ အဲ့ အချစ်ကဘဲကျွန်တော့်အင်အား။ အဲ့လူကဘဲ ကျွန်တော့်အောင်နိုင်ခြင်း"
"တောက်!!! RHYNE!!"
နောက်ကအော်သံတွေကိုလျစ်လျူရှုပြီး
ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားတဲ့လူက ဘာကိုမှဂရုမစိုက်စွာ အလုပ်ရုံအပြင်ကိုရောက်သွားလေသည်။
___________________________________________
(ပြင်သစ်ဘာသာဖြင့်)
"Rhyneအခြေအနေကမကောင်းတော့ဘူး။ Boss ကမင်းကိုစောင့်ကြည့်နေရင်းကနေ မြန်မာနိုင်ငံသားကိုဖမ်းဖို့ ဂိုဏ်းသားတွေကို အမိန့်ပေးလိုက်ပြီ"
"ဘာ!!။ အဟွန်း စစ်ကိုစလိုက်တာဘဲ"
"Rhyne မင်းပါ ထိခိုက်လာနိုင်တယ်နော်။ Bossက အခုဆိုမူးယစ်ဆေးတွေရဲလက်ထဲဖမ်းမိတာတွေနဲ့ပတ်သတ်ပြီး ပြန်စုံစမ်းနေတယ်။ တစ်စွန်းတစ်စတော့သူတို့သိနေလောက်ပြီ။ သတင်းပေးကငါ့ဆီကိုအရင်လာပြောပြတာ အဲ့တစ်ယောက်ကိုတော့
ငါနှုတ်ပိတ်တဲ့အနေနဲ့ ရှင်းလိုက်ပြီးပြီ။ အဲ့ကိစ္စကိုတော့သူတို့မသိသေးဘူး။ ဒါပေမဲ့ မကြာခင်မှာသိသွားနိုင်တယ်။"
"သိသွားပါစေ။ ငါအဲ့တာကိုစိတ်မဝင်စားသေးဘူး။ တကယ်လို့သိသွားပြီဆိုရင်တောင် ငါ့ဘက်ကအသင့်ဖြစ်နေပြီ။"
"ငါလဲအသင့်ပြင်ထားတယ်။ bossကြည့်ရတာငါ့ကိုတော့ရိပ်မိရုံမပေါ်ဘူး။ အခုထိ ယုံယုံကြည်ကြည်နဲ့ အကုန်ပြောပြနေတာ။ ပြီးတော့ မြန်မာနိုင်ငံသားကိုဖမ်းတဲ့အပိုင်းမှာ ငါ့ကိုတာဝန်ပေးထားတယ်။ အောက်ကကောင်တွေကငါ့အမိန့်ကိုစောင့်နေကြသေးတာ"
"အင်း အဲ့တာနဲ့ပတ်သတ်ပြီး အစီအစဉ်ချကြတာပေါ့။ မင်းကိုလဲမရိပ်မိအောင် ဓီလဲမထိခိုက်အောင်"
"အင်း"
"မင်းကို စကော့ကိုသွားခိုင်းတာက သူတို့မှာအကြံရှိလို့ မင်းသွားရင်မင်းလူကိုဖမ်းမယ်။ တကယ်လို့မင်းကသံသယဖြစ်စရာတစ်ခုခုလုပ်တာနဲ့ မင်းကို မင်းလူနဲ့မျှားပြီး ရှင်းပစ်မှာ။ မင်းကသူတို့အပေါ်ကိုသစ္စာရှိနေတယ်ဆို မင်းရဲ့လူကိုသူတို့ကရှင်းပစ်မှာ။ Bossက မင်းဂိုဏ်းမှာရှိနေဖို့ကိုဘာမဆိုလုပ်တော့မှာ။ တကယ်တမ်း ငါ့ကိုချန်ထားတာက မင်းလူကိုဖမ်းဖို့ဘဲ"
"သိတယ် အဲ့အကြံကို။ ကြိုတွက်ထားပြီးသား"
"မင်းဘယ်လိုလုပ်မယ်စဉ်းစားလဲ"
Dion က ကြိုတင်ပြီးချထားတဲ့planကိုပြောပြတော့ Rinoက ခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်နေသည်။ မနက်ကဂိုဏ်းကအပြန် Rinoရဲ့ coffeeဆိုင်မှာ စကားပြောနေကြတာဖြစ်သည်။ ဒါကအလုံခြုံဆုံးနေရာဖြစ်သည်မလို့ အရေးကြီးကိစ္စဆို ဒီcoffeeဆိုင်ဘဲလာဖြစ်တာများသည်။
~~ကြယ်စင်တွေ ခရီးထွက်သွားတဲ့ မှောင်မိုက်ခြင်း နဲ့ ည တယောက်တည်း ကိုယ့်ဘဝမှာ သူ့အလင်း~~
ဖုန်း Ringtone သံက Dion တို့ထိုင်နေတဲ့ private roomထဲမှာပျံ့လွင့်သွားလေသည်။ မနေ့က ဓီဆိုပြတာကို အသံသွင်းထားပြီး ဖုန်းringtoneအဖြစ်ထားထားတာပင်။ Rinoကတော့ မြန်မာစကားနားမလည်ပေမဲ့ အထာသိနေတဲ့ပုံနှင့် မျက်စပစ်ကာပြုံးပြလေသည်။
"မင်း phone ringtone ကမြန်မာသီချင်းရဲ့အသံပိုင်ရှင် မြန်မာသီချင်းလေးဆိုပြတဲ့ မြန်မာနိုင်ငံသားလေးခေါ်တာထင်တယ်။ ကိုင်ချည်ကိုင်ချည်"
Rinoအပြောမှာ Dion ရယ်မောကာ ဖုန်းကိုင်လိုက်ပြီး အခန်းအပြင်ဘက်ထွက်လာခဲ့လိုက်သည်။
"ဟယ်လို ဓီ"
"Dion ဘယ်သွားတာလဲဟင်"
"ကိုယ်အခုကိုယ့်သူငယ်ချင်း coffeeဆိုင်မှာ။ ဓီ့အတွက်မနက်စာဝယ်မလို့လေ"
"ဪ...မြန်မြန်ပြန်လာခဲ့တော့"
"အင်းပါ ကိုယ်ခဏနေပြန်လာခဲ့မယ်နော်"
"အွန်း"
ဖုန်းချကာနီး "Dion" ဆိုတဲ့ခေါ်သံလေးကြောင့် မချသေးဘဲစောင့်နေတော့ "အများကြီးချစ်တယ်နော်"ဆိုပြီး ပြောလာတဲ့သူကြောင့် နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိပါသေးသည်။
"ကိုယ်ကလဲ အများကြီးချစ်တယ်နော်"
ဟိုဘက်ကဖုန်းတန်းချသွားတာမလို့ ဓီတစ်ယောက်ရှက်နေပြီဆိုတာ ပြေးမကြည့်တောင်တွေးကြည့်တာနဲ့တင် သိနေပါပြီ။ ကောင်တာကို မုန့်နဲ့ coffee သွားမှာပြီး ပူတင်းတစ်ဗူးပါမှာလိုက်သည်။ မှာပြီး Rinoဆီပြန်သွားလိုက်သည်။ အစီအစဉ်အကြောင်းအကုန်ဆွေးနွေးပြီးတော့ Dionက ကောင်တာဘက်မှာမုန့်သွားယူကာ ဓီ့ဆီပြန်သည်။ Rinoကတော့ အခန်းထဲမှာဘဲကျန်ခဲ့သည်။
___________________________________________
"မင်းနဲ့ Boss လက်အောက်ငယ်သားနဲ့သူဌေးဆက်ဆံရေးထက်ပိုတယ်မလား"
"မင်းမနာကျင်ရဘူးလား"
"အဲ့လောက်ထိလုပ်ဖို့လိုလို့လား"
Rino ကော်ဖီခွက်ကိုကိုင်ထားရင်ပြန်တွေးမိနေသည်များမှာ Rhyne မေးခဲ့သည့်မေးခွန်းတွေပင်။ Rhyne က အကဲခတ်မြန်သူပီပီ Rinoချန်လှပ်ထားသည်များကိုလဲ မြင်သွားလေပြီ။
အမှန်တကယ်က Boss နဲ့သူက အိပ်ယာပေါ်ကဆက်ဆံရေးပင်။ လက်အောက်ငယ်သားအတိုင်းဆက်သွားနေရင် အကြံအစည်မအောင်မြင်မှာစိုးလို့ အခုလိုလုပ်ခဲ့ရတာဖြစ်သည်။ အစက မိန်းမပျိုလေးတစ်ယောက်ကိုသုံးပြီး boss ကိုချဉ်းကပ်ဖို့စီစဉ်ထားခဲ့တာ။ ဒါပေမဲ့bossက အဲ့ဒီ့မိန်းကလေးကိုစိတ်မဝင်စားခဲ့။ ကံကောင်းတာလား ကံဆိုးတာလားတော့မသိ boss က gay တစ်ယောက်ဖြစ်နေခဲ့ပြီး မကြာခင်မှာဘဲ Rinoကိုချဉ်းကပ်ခဲ့သည်။ အစကတော့ ရှောင်နေခဲ့ပေမဲ့ နောက်ပိုင်းကျသူ့နားကိုရောက်နိုင်ဖို့ ဒီတစ်နည်းဘဲရှိတာနဲ့ မျက်လုံးစုံမှိတ်ကာ ဒီဆက်ဆံရေးကိုရောက်ခဲ့ရသည်။ အသက် 23နှစ်စပြီး အဲ့လူရဲ့အသုံးတော်ခံဖြစ်ခဲ့ရသည်။ သူမြိန်ရေယှက်ရေစားသုံးနေတဲ့ ကိုယ့်ခန္ဓာကိုယ်ကိုလဲရွံသည်။ အခုလိုလုပ်ဖို့ဆုံးဖြတ်မိတဲ့ကိုယ့်ကိုယ်ကိုယ်လဲရွံမိသည်။
တစ်ခါကသူတွေးဖူးသည် ဒီလိုလုပ်တာမှားပြီးလားဆို၍။ ဒါပေမဲ့ ဒီနည်းကအထိရောက်ဆုံးနည်းဖြစ်နေလေသည်။ သူ့နားမှာသူကအမြဲခေါ်ထားသည်။ သူလုပ်တဲ့အလုပ်မှန်သမျှ Rinoသိရသည်။ သူလှမ်းမဲ့ခြေလှမ်းတွေကို Rinoအမြဲကြိုသိရသည်။ အတွင်းရေးကအစ သူအုပ်တဲ့ဂိုဏ်းအားလုံးရဲ့ အချက်အလက်တွေက Rinoလက်ထဲမှာပင်။ သူကအတ္တသမား မထင်မှတ်ရင် Rinoသူနှိပ်စက်တာခံရသေးသည်။ 23နှစ်အရွယ်က 43နှစ်အရွယ်အားကိုမနိုင်တာမဖြစ်သင့်ပေမဲ့ အခုမှလေ့ကျင့်ထားတဲ့တက်သစ်စ သူ့လိုဝါရင့်ရဲ့အားကိုမယှဉ်နိုင်ပေ။ အခုနောက်ပိုင်းကျ အရင်ကလောက်မနှိပ်စက်တော့ဘဲ အရိပ်တကြည့်ကြည့်ထားနေသည်။ နှိပ်စက်တာကိုသူမကြောက်ပေမဲ့ အရိပ်တကြည့်ကြည့်ကိုတော့သူကြောက်သည်။ မုန်တိုင်းမလာခင် ငြိမ်သလို သူငြိမ်ပြီဆို ပိုပြင်းထန်တဲ့အရာတစ်ခုကလာစမြဲပင်။
သူ အဲ့လူနဲ့sexလုပ်ရတဲ့အချိန်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်ပစ်ချင်လောက်အောင်ကို မုန်းတီးသည်။ အဖေနဲ့အမေကို အားနာစရာကောင်းတဲ့လုပ်ရပ်မျိုးလုပ်နေတာ အဖေသာရှိရင် မိုက်လိုက်တာငါ့သားရာလို့ပြောမှာအသေချာပင်။ ဒီလက်စားချေခြင်းကို အဖေကျေနပ်လောက်မှာမဟုတ်ပေမဲ့ သားကတော့အဲ့လူကိုသတ်ပစ်ဖို့ဆို အကုန်လုပ်ရဲနေပါပြီ။ သားဘဝမှာဆုံးရှူံးစရာဘာမှမကျန်တော့ဘူးလေ။
ညတိုင်းနီးပါး အဖေတို့ဓာတ်ပုံကိုကြည့်ပြီး ဝမ်းနည်းစွာ ငိုကြွေးတတ်တဲ့သူက မနက်ခင်းမှာ ဘာမှမဖြစ်သလိုနေခဲ့တာပင်။ အဲ့လူကိုသတ်ပစ်ချင်တဲ့စိတ်တစ်ခုထဲအတွက်နဲ့မဟုတ်ဘဲ သူ့ကိုခံစားစေချင်သေးတယ်။ သူ့ကုန်တွေအတွက် အဖေ့ကိုသတ်တဲ့သူကို သူ့ကုန်တွေကိုသူ့မျက်စိရှေ့တင် ဖျက်ဆီးပစ်ချင်သည်။ သူယုံကြည်ခဲ့ရသူရဲ့သစ္စာဖောက်မှုကို ခံစားစေချင်သည်။ အစကသူတစ်ယောက်ထဲလုပ်မဲ့ လက်စားချေမှုမှာ Rhyne ကပါ ပါမည်ဆိုတော့ လုပ်ငန်းကအရမ်းလွယ်သွားသည်။
"ခင်ဗျားရဲ့ဇာတ်သိမ်းခန်း ရောက်လာတော့မှာပါ။ မကြာတော့ဘူး"
လက်ထဲကအဲ့လူရဲ့ပုံကို မီးခြစ်နဲ့မီးရှို့လိုက်ပြီး ဘေးကဆေးလိပ်ပြာခွက်ထဲထည့်လိုက်သည်။
သူအရာအားလုံးပေးဆပ်ပြီး စောင့်စားခဲ့ရတဲ့နေ့ ရောက်လာခဲ့ပြီလေ။
*အဖေ နောက်ဆုံးတော့သားလုပ်နိုင်တော့မယ်
___________________________________________
"Dion "
အိမ်ထဲကိုဝင်လိုက်တာနဲ့ တပြိုင်နက် ရွှင်မြူးတဲ့အသံလေးနဲ့အတူ ရင်ခွင်ထဲကိုပြေးဝင်လာတဲ့ကိုယ်လုံးလေးကို Dion မုန့်ထုပ်တွေကိုအောက်ချပြီး ဖက်လိုက်သည်။
"မနက်ကDion မရှိတော့ ကျွန်တော်စိုးရိမ်သွားတာ။ ထပ်ထွက်သွားတာလားလို့"
"ကိုယ်က ဘာလို့ထွက်သွားရမှာလဲ ဓီရဲ့။ ဓီ့နားမှာ ဒီကောင်က ဝိဉာဉ်ဖြစ်ရင်တောင် ဝိဉာဉ်အဖြစ်နဲ့နေမဲ့ကောင်။ အဲ့တာကြောင့် ဓီကဘာမှအတွေးလွန်ပြီး စိတ်မပူနဲ့ ဟုတ်ပြီလား"
"အဲ့လိုမပြောပါနဲ့။ အဲ့လိုမပြောနဲ့"
ခါးကိုအတင်းဖက်ပြီး ခေါင်းကိုတတွင်တွင်ခါနေတဲ့ ဓီ့က တစ်ခုခုကိုကြောက်လန့်နေသလို။
အိမ်မက်ဆိုးတွေများ မက်ထားသလား......
"ဟုတ်ပါပြီ မပြောတော့ဘူး မပြောတော့ဘူး။ လာ coffeeလေးမအေးခင် သောက်လိုက်ဦး"
ဓီက တုတ်တုတ်မှမလှုပ်တာနဲ့ Dion ဓီ့ရဲ့တစ်ခေါက်ကွေးထဲလက်လျှိုကာ ကောက်မလိုက်သည်။ ယောက်ကျားလေးweightပေမဲ့ ဓီကပိန်တဲ့ထဲပါလို့ မလေးပေ။ ကောက်မလိုက်တော့ အလန့်တကြားနဲ့ရုန်းနေပြီး Dion က
"ဓီ အခုလိုဆက်ရုန်းနေရင် ဟန်ချက်ပျက်ပြီး နှစ်ယောက်လုံးလဲသွားမယ်နော်" ဆိုမှ ရပ်သွားသည်။ ဧည့်ခန်းမှာထိုင်နေတဲ့ ဇုန်ကင်းမိုင်ကတော့ ခေါင်းတစ်ခါခါကျွတ်တစ်သပ်သပ်နဲ့ အတော်ကိုစိတ်ပျက်နေတဲ့ပုံ။
"ဧည့်ခန်းမှာခြေချိတ်ထိုင်နေတဲ့ဟိုတစ်ယောက်။ အားနာပေမဲ့ ဒီမှာအဖိုးတန်လေးကိုချီထားရတာ လက်မအားလို့ အပေါက်ဝကမုန့်ထုပ်လေးတွေသွားသယ်ပေးပါဦး"
"ခိုင်းစားဖို့ခေါ်ထားသလားအောက်မေ့ရတယ် ငါ့ကို"
"တကယ်လက်မအားလို့ပါကွာ။ လုပ်စမ်းပါ"
ဗုဒ္ဓဘာသာဝင်မဟုတ်ပေမဲ့ ဗုဒ္ဓဟောထားတဲ့ဝဋ်ကြွေးအကြောင်းကို ဒီနေ့မှပင်ရှင်းရှင်းလင်းလင်းသိမြင်လိုက်ရသည်။ Momပြောဖူးတဲ့ "ဝဋ်ကြွေးဆိုတာ ကျေအောင်ဆပ်ရတယ်" ဆိုတာ အမှန်ပင်။ ဒီနှစ်ယောက်အပေါ်ဘယ်ဘဝကများအကြွေးတွေတင်ခဲ့သလဲမသိဘူး။ အလုပ်ကြီးအကိုင်ကြီးရာထူးကြီးနဲ့ကိုယ်က သူတို့ချစ်ပြနေကြသမျှအကုန်ထိုင်ကြည့်နေရပြီး တောက်တိုမယ်ရအကုန်လုပ်ပေးနေရသည်။
*ဆပ်ဦးဟ ဝဋ်ကြွေးတွေ ဇုန်ကင်းမိုင်ရဲ့ ဆပ်ဦးဟ
ထမင်းစားခန်းထဲက နှစ်ယောက်ကတော့ ဇုန်သယ်ပေးတဲ့မုန့်တွေ စားနေကြပြီဖြစ်သည်။ ဇုန်ကတော့ကိုယ့်ဝေစုကိုယ်ယူပြီး ဧည့်ခန်းထဲဘဲထိုင်စားလိုက်သည်။ အဲ့လိုမျက်စိနောက်စရာတွေကို စိတ်ရှုပ်လွန်းလို့ပင်။ မနေ့ကတော့သူတို့ကိုကြည့်ပြီးအေးချမ်းပါရဲ့ ဒီနေ့တော့မျက်စိတွေကိုနောက်လို့။
ထမင်းစားခန်းထဲမှာတော့
"Dion"
"ပြောလေ ဓီ"
"ဒီနေ့ အပြင်သွားဦးမှာလား"
"ဓီက ဘယ်သွားချင်လို့လဲ ကိုယ်လိုက်ပို့မယ်လေ"
"ကျွန်တော်ဘယ်မှမသွားချင်ပါဘူး။ Dion လုပ်စရာရှိလို့အပြင်သွားဖြစ်လားမေးတာ"
Dion က ပြန်ဖြေဖို့ တွေဝေနေတုန်း ဓီက Dion လက်ကိုလာကိုင်ကာ
"ရှိလဲမသွားပါနဲ့လား။ ကျွန်တော် အိမ်မက်တွေမကောင်းလို့"
"ဘယ်လိုမကောင်းတာတုန်းဓီရဲ့"
"မပြောပြချင်ဘူး။ မသွားပါနဲ့နော်"
"ဟုတ်ပါပြီ မသွားပါဘူး"
Dionကမသွားတော့ဘူးပြောမှ ဓီသက်ပြင်းချသည်။ ဘာတွေများမက်လို့ပါလိမ့်။
"ဓီ"
"အင်း Dion"
ပူတင်းစားနေရင်းကနေ ပြန်ဖြေလာတဲ့ဓီ့က အခုမှမျက်နှာလေးပြန်ပြည့်လာသလို။
"ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ဆိုတဲ့စကားကြားဖူးတယ်မလား"
"အွန်း ကြားဖူးတယ်လေ"
"အစွဲတွေမထားရဘူး ဓီရဲ့။ တကယ်တမ်းဥပါဒ်ရောက်တယ်ဆိုတာ ကိုယ့်အစွဲတွေကြောင့်ဘဲ။ အဲ့လိုအစွဲတွေရှိနေရင် စိတ်ပင်ပန်းရတယ်။ စိတ်ညစ်ညူးရတယ်။ အဲ့တော့ဖြစ်သမျှကိုအကောင်းမှတ်ပြီး ပေါ့ပေါ့ပါးပါးလေးဘဲဖြတ်သန်းရတယ်။ အခုဓီမက်တဲ့အိမ်မက်ဆိုးကလဲ အိမ်မက်ဆိုးသက်သက်ဘဲလေ။ အိမ်မက်ကအိမ်မက်ဘဲဟာ။ ဓီကအခုအဲ့အိမ်မက်ကိုနိမိတ်လို့ဖတ်နေတာမလား"
"အိမ်မက်ကြောင့်ဘဲမဟုတ်ဘူး Dion ။ မနက်ကကျွန်တော်Dionအန္တရာယ်ကင်းဖို့အတွက် ပန်းအမြဲကပ်တဲ့ ပန်းကန်လေး ကြောင်တိုက်လို့ကျကွဲသွားတယ်။ တစ်ခါမှ အဲ့ကြောင်ကအိမ်မလာဖူးဘူး။ ကျတဲ့အမြင့်ကလဲသိပ်မမြင့်ဘူး။ ကျတာကလဲ ကော်ဇောပေါ်ကို ကျကွဲသွားတယ်။ အဲ့တာမကောင်းဘူး။ ပြီးတော့ Dion အတွက်ဆိုတဲ့ပန်းကန်ကျမှ ကျသွားတာ။
ပြီးတော့... ပြီးတော့ အိမ်မက်ထဲမှာ...အိမ်မက်ထဲမှာ Dionက သေနတ်ဒဏ်ရာတွေနဲ့ သွေးတွေအိုင်နေခဲ့တာ။ ကျွန်တော့်လက်ကိုကိုင်ပြီး Dionက... Dionက..."
ဓီရာဆက်မပြောချင်တော့ဘူး။ အဲ့အိမ်မက်ကိုမက်ပြီး အိပ်ယာကနေနိုးလာတော့ ကြောင်က ပန်းပန်းကန်ကိုတိုက်သွားတာတန်းမြင်လိုက်ရတော့ ဓီရာ့ရင်ထဲထိတ်သွားသည်။ ဒါမျိုးဖြစ်တယ်ဆိုတာ သေတဲ့နိမိတ်မျိုးမလား။ မဖြစ်ချင်ပါဘူး အဲ့အိမ်မက်ကိုနိမိတ်ပုံမဖြစ်စေချင်ဘူး။
"ကိုယ်ကသေသွားခဲ့တယ်မလား"
ဓီရာဆက်မပြောတော့ Dionကဆက်ပြောလိုက်သည်။ ဓီရာ မကြားချင်ပါ။ ဓီရာဘယ်လိုမှကြားနိုင်စွမ်းမရှိဘူး။ အခုမှချစ်ခွင့်ရတဲ့သူကို ဓီရာဘယ်လိုနည်းနဲ့မှ လက်မလွှတ်နိုင်ပါ။
"မပြောပါနဲ့။ အဲ့လိုမပြောနဲ့။ Dion မပြောရဘူး"
"ဟော ဓီရယ်။ ဘာလို့ငိုပြန်တာတုန်း။
အိမ်မက်ထဲဖြစ်တာဘဲဟာအပြင်မှာဖြစ်လာမှာမှမဟုတ်ဘဲ။ စိုးရိမ်နေပြန်ပါပြီ"
ပြောပြောဆိုဆိုနဲ့ မျက်ရည်တွေလာသုတ်ပေးပြီး
"ဓီအခုလိုငိုမှ ကိုယ်တကယ်သေမှာသိလား။ မကြည့်ရက်မမြင်ရက်လွန်းလို့ မငိုပါနဲ့လားဓီရယ်။ ကိုယ်ကပျော်အောင်ထားပေးချင်တဲ့ဟာ ဓီကအခုလိုခဏခဏငိုနေတော့ ကိုယ်ဘယ်လိုလုပ်စိတ်ကောင်းပါ့မလဲ"
တအင့်အင့်နဲ့ရှိုက်နေတဲ့ ဓီက အခုတလောအရမ်းအငိုသန်လာသလို။ ဓီပြောတဲ့အကြောင်းတွေကို သူကနဂိုကထဲကအယုံအကြည်မရှိတဲ့သူမလို့ ဘာမှသိပ်မခံစားရပေ။
"အရာအားလုံးက ဖြစ်ချိန်တန်လို့ဖြစ်ကြတာချည်းဘဲ။ ပန်းကန်ကွဲတာကလဲ သူကွဲချိန်တန်လို့ပေါ့။ ပြီးတော့ ပန်းကန်ကွဲတာလေးတစ်ခုနဲ့ နိမိတ်မကောင်းဘူး၊ တစ်ယောက်ယောက်သေမယ်လို့
မှတ်ရင် ဆေးရင်းကွဲတဲ့ပန်းကန်အရေအတွက်တွေနဲ့ဆိုဒီ ကမ္ဘာမှာလူတွေကျန်ပါ့ဦးမလား။ ပြီးတော့ ကြောင်ကလဲအရင်နေ့ကလာရင်လာမှာပါ ဓီမသိလိုက်လို့နေမှာပါ ဓီရဲ့။
အိမ်မက်ဆိုးဆိုတာကလဲ ကိုယ်ကစိတ်စွဲရင်တို့ အရမ်းစိုးရိမ်ပူပန်ပြီးအိပ်ရင် မက်တတ်ပါတယ်။ မေမေပြောဖူးတာတော့ အိမ်မက်တွေကပြောင်းပြန်ကောက်ရတယ်ဆို။ ဟော အိမ်မက်ထဲမှာ ကိုယ်သေတယ်ဆိုတော့အပြင်မှာကိုယ်အသက်ရှည်ရှည်နေရမှာပေါ့။ မဟုတ်ဘူးလား"
ပုခုံးကိုကနေအလိုက်သင့်လေး ရင်ခွင်ထဲဆွဲသွင်းလိုက်တော့ မျက်နှာကိုအုပ်ကာငိုလျက်ပါလာသည်။
"ကံတွေ၊ နိမိတ်တွေကိုယုံမဲ့အစား ကိုယ့်ကိုသာယုံစမ်းပါဓီရယ်။ ကံတွေနိမိတ်တွေဆိုတာ လူတွေဖန်တီးလို့မရတာတွေချည်းပါဘဲ။ အဲ့တာတွေကြောင့် စိတ်ဆင်းရဲနေမဲ့အစား ကိုယ်နဲ့အတူတူပျော်ပျော်ကြီးအချိန်ကုန်လိုက်စမ်းပါ။ ကိုယ်ကပျော်အောင်ထားမဲ့သူပါဆို အခုတော့ကိုယ်ရင်ဘတ်ကလဲမကြာခင် ဓီ့မျက်ရည်တွေနဲ့ ပင်လယ်ကြီးဖြစ်ကုန်တော့မှာဘဲ။ ကဲ ဘယ်လိုလုပ်ကြမလဲ"
ဓီကထလာပြီး Dion ရင်ဘတ်ကိုလက်သီးဆုပ်လေနဲ့ခပ်ဖွဖွထုသည်။ Dion က အရမ်းအထိနာသွားသလိုလုပ်တော့ သွားဖြူဖြူလေးတွေပေါ်လာတဲ့အထိ ရယ်တော့သည်။
"ဓီနော် ဒီနေရာကိုမထုရဘူးဗျ။ ဒီနေရာကိုထုထုနေရင် ဒီထဲမှာရှိတဲ့ ဓီနားသွားလိမ့်မယ်"
"Dion နော်"
မျက်စောင်းလေးဝင့်ကာပြောတော့ Dion မှာသဘောတကျရယ်ရပါသေးသည်။
"အဲ့လိုလေး အမြဲပြုံးနေပါဓီရယ်။ ပျော်အောင်လုပ်ပေးမဲ့ ဒီကောင်ရှိနေတာကို ဘာလို့အတွေးလွန်ပြီး ဝမ်းနည်းနေဦးမှာလဲ။ အတွေးလွန်တဲ့အခါတိုင်း မျိုသိပ်ထားတာမျိုးထက် ကိုယ့်ကိုပြောပြ ဟုတ်ပြီလား။ ကိုယ်ရှိနေတာမလို့ ဓီ့ကိုဘယ်အကြောင်းကြောင့်မှ ဝမ်းနည်းခွင့်မပေးနိုင်ဘူး"
"Dion က ကျွန်တော်ငိုတာကိုမကြိုက်ဘူးလား"
"ကိုယ်ကတော့ ကိုယ်ချစ်ရတဲ့သူ ငိုတာကို ဘယ်ကြိုက်ပါ့မလဲ။ ငိုတယ်ဆိုတဲ့ဖြစ်စဉ်ကစိတ်ခံစားချက်အပေါ်အခြေခံပြီးဖြစ်လာတာလေ။ ငိုတာကို ကိုယ်တားလို့မှမရဘဲ။ ဒါပေမဲ့ ကိုယ်ကစိတ်ခံစားချက်အမြဲကောင်းအောင် ပျော်အောင်ထားပေးမှာပေါ့။ အရမ်းဝမ်းနည်းလွန်းလို့ငိုချင်ရင်လဲ ကိုယ်ကနှစ်သိမ့်ဖေးမပေးတဲ့သူဖြစ်ပေးမှာဘဲ။ ဓီ ငိုချင်တာကိုမငိုနဲ့ဆိုပြီးကိုယ်ကမတားချင်ပါဘူး။ စိတ်ခံစားချက်ဆိုတာ ဖွင့်ထုတ်မှ ပေါ့တာလေ။ အဲ့တော့ ဓီငိုချင်သလား ဝအောင်ငို ဒီပုခုံးတွေနဲ့ ဒီရင်ခွင်ကြီးက အမြဲဓီအတွက်ဘဲ"
"Dion ကို ကျွန်တော် အများကြီး ချစ်တယ်နော်"
"ဓီ့ကိုလဲ ကိုယ်ကအများကြီးပိုချစ်ပါတယ်နော်"
ဒီလိုနဲ့ဘဲ မီးဖိုချောင်မှာ ကော်ဖီနံ့မွှေးမွှေးလေးနှင့်အတူ ချစ်ခြင်းရနံ့သင်းသင်းလေးဟာလဲ လွှမ်းထုံနေလေရဲ့။
___________________________________________
Dion တို့ မနက်စာစားပြီးတော့ ရေချိုး၊ဖြီးလိမ်းပြင်ဆင်ကြသည်။ အချစ်မြို့တော်ရဲ့ romantic နယ်မြေဖြစ်တဲ့ The Butte Montmartre ကို ချစ်ရတဲ့သူနဲ့အတူသွားလည်မှာဖြစ်သည်။
သေရမလား နေရမလားမသိတဲ့အခြေအနေမှာ ဒီနေ့တစ်ရက်ဘဲဖြစ်ဖြစ် ဓီနဲ့ပျော်ပျော်နေချင်သေးသည်။ Zoneက သူလိုက်ပို့မယ်ဆိုလို့ သူ့ကားနဲ့ဘဲသွားဖို့ စီစဉ်လိုက်သည်။ ဓီက အခုမှပြင်နေတုန်းမလို့ Dion နဲ့ Zoneက ဧည့်ခန်းထဲမှာထိုင်ကာ စကားပြောရင်းစောင့်နေကြသည်။
Rinoပြောပြတဲ့အကြောင်းတွေကို Zone ကိုပြောပြကာ ဓီနဲ့ Rinoအထိအခိုက်အနည်းဆုံးနည်းကို သူတို့နှစ်ယောက်စဉ်းစားရမှာဖြစ်သည်။ ချစ်ရတဲ့သူကို အထိအခိုက်မခံနိုင်သလို အစ်ကိုလိုခင်ရတဲ့သွေးသောက်သူငယ်ချင်းကိုလဲ မထိခိုက်စေချင်။ Rinoက နဂိုကထဲက မကောင်းတဲ့အရာတွေကိုဘဲကြုံနေခဲ့ရတာ။ ထပ်ပြီးသူ့ဘဝကိုမဆိုးရွားစေချင်တော့ဘူး။
"Zone ဒီညဖြစ်လောက်မယ်"
"မင်းအကုန်စီစဉ်ပြီးပြီလား ။ မင်းအဖွဲ့တွေရောခေါ်ထားပြီးပြီလား"
"ငါအကုန်စီစဉ်ပြီးပြီ။ သူတို့အချိန်ကိုက်ရောက်လာလိမ့်မယ်"
"အဲ့ဆို မင်းပြောတဲ့အစီအစဉ်အတိုင်းဘဲလုပ်မှာမလား"
"အင်း။ ဒီည သန်းခေါင်ချိန်မတိုင်မှီ မိနစ်20အလိုမှာ သူတို့ဓီ့ကိုလာဖမ်းလိမ့်မယ်။ မင်းက 12နာရီလောက်မှာ မင်းတပ်ဖွဲ့ကိုခေါ်ထားပြီး ငါပြောတဲ့နေရာမှာစောင့်ခိုင်းထား။ ပြီးတော့ လာဖမ်းတဲ့အချိန်မှာ မင်းကနောက်ကနေဘဲတိတ်တဆိတ်လိုက်သွား။ လာခေါ်တဲ့သူတွေမှာ အန္တရာယ်ပြုမဲ့သူမပါသေးတာမလို့ စိတ်ချလို့ရတယ်။ အဲ့နေရာရောက်ရင် မင်းက နောက်တစ်ဖွဲ့ခေါ်ထားပြီး ငါခေါင်းမိုးပေါ်ထောင်ပစ်တဲ့သေနတ်သံကြားတာနဲ့ ဓီ့ကိုမင်းလာခေါ်ထုတ်။ ပြီးရင် တန်းဝိုင်းထားတော့။ ဒုတိယတစ်ချက်ကြားရင် ပထမစောင့်နေတဲ့အဖွဲ့ကို ငါ့အဖွဲ့နဲ့အတူ အထဲဝင်ခိုင်းတော့"
"အိုခေ။ မင်းလဲဂရုစိုက်။ မင်းတို့လိုသံယောဇဉ်တွယ်စရာရှိတဲ့ကောင်တွေက ဂရုစိုက်ရတယ်။ ဓီရာကလဲမင်းတစ်ခုခုဖြစ်မှာလိုလားမှာမဟုတ်ဘူး။"
"အင်းပါ"
ဓီရာရောက်လာတာနဲ့ Dion တို့နှစ်ယောက်ရဲ့ စကားစပြတ်သွားသည်။
ဓီက yellow greenရောင် essential round knit sweater လေးကို အောက်က စတစ်ကော်လာအဖြူပေါ်ထပ်ဝတ်ထားသည်။ brown sugar ရောင် pantလေးဝတ်ထားသည်။ လက်ထဲမှာ စိမ်းပုပ်ရောင် long coatကို ကိုင်ထားသေးသည်။ Dion နဲ့ coupleပင်။
Dion က အောက်က လည်ပိတ် sweater ကိုဝတ်ထားပြီး အောက်က ဓီ့လိုအရောင်style pantကိုဝတ်ထားပြီး အပေါ်က ဓီ့အရောင်နဲ့သိပ်မကွဲတဲ့
long coat ကိုထပ်ဝတ်ထားသည်။
သုံးယောက်လုံးအသင့်ဖြစ်ပြီဆိုတော့ The Butte Montmartre ကိုသွားကြသည်။ The Butte Montmartreက parisရဲ့ Romantic attraction place တွေထဲကတစ်ခုဖြစ်သည်။ သာယာလှတဲ့နွေဦးချိန်ခါမှာ လှပစွာပွင့်လန်းနေတဲ့ပန်းတွေနဲ့ လမ်းတစ်လျှောက် ကြည်နူးဖွယ်ကောင်းနေတာမျိုးပင်။ ချစ်ရသူနဲ့နှစ်ယောက်ယှဥ်တွဲကာ လမ်းလျှောက်ရန် အကောင်းဆုံးသောနေရာတစ်ခုပင်။ ဟိုရောက်တော့ Zoneက ကားပေါ်မှာဘဲနေခဲ့ပြီး Dion တို့နှစ်ယောက်ဘဲ ထွက်လာခဲ့လိုက်သည်။
အေးနေတဲ့ဓီ့လက်ကလေးကိုဆုပ်ကိုင်ကာ Dion long coatအိတ်ကပ်ထဲ ထည့်ထားလိုက်သည်။ အတူယှဉ်တွဲပြီး လမ်းလျှောက်နေရတာကို ဓီကပျော်နေပုံရသည်။ ဓီပျော်တော့ Dion လဲပျော်ပါသည်။
လမ်းလျှောက်ရင်းနဲ့ ဓီက သာလိကာငှက်လေးလိုတတွတ်တွတ်စကားပြောနေသည်။ Dion ကိုဒီနေရာအကြောင်းပြောပြခိုင်းလိုက် ၊ သူသိချင်တာတွေမေးလိုက်နဲ့ တစ်လမ်းလုံး ကြည်နူးစရာကောင်းနေသည်။ ဓာတ်ပုံရိုက်လို့ကောင်းတဲ့တစ်နေရာရောက်တော့ ဘေးနားကကောင်လေးအုပ်စုကို ဓာတ်ပုံကူရိုက်ခိုင်းပြီး အလှဆုံးအမှတ်တရတွေကိုမှတ်တမ်းတင်ခဲ့သည်။
The Butte Montmartreကနေ The "I Love You" Wallကိုဆက်သွားကြသည်။
The "I Love You" Wallက စတုရန်းမီတာ 40ရှိတဲ့ ဘာသာစကားပေါင်း 250နဲ့ "ချစ်တယ်" ဆိုတာကို311ကြိမ်ဖော်ပြထားတဲ့ နံရံကြီးပင်။ artists Fédéric Baron နှင့် Claire Kito တို့က 2000ပြည့်နှစ်မှာ ဖန်တီးခဲ့တာဖြစ်သည်။ ဓီရာနဲ့ ဒီနံရံရှေ့မှာအကြာကြီးရပ်ကြည့်နေကြပြီး မြန်မာစာနဲ့ရေးထားတဲ့စာကိုရှာကြသည်။ နှစ်ယောက်လုံးမတွေ့တော့စိတ်ညစ်ညစ်နဲ့သက်ပြင်းချကြရာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိပြီး ရယ်မိကြသေးသည်။
နေ့လည်စာကို ဓီက spaghetti စားချင်တယ်ဆိုလို့ အီတာလျံစားသောက်ဆိုင်ကောင်း"ကို သွားကြသည်။ Third wheel ဖြစ်တဲ့ ဇုန်ကင်းမိုင်တစ်ယောက်ကတော့ သူမှာထားတဲ့spaghetti နဲ့ တခြားဟာတွေရောက်လာကထဲက Dionတို့နှစ်ယောက်ကိုရှိတယ်လို့ကိုမထင်တော့။ အဲ့လောက် Spaghetti ကြိုက်တဲ့ကောင် Italyသားနဲ့ညားပါစေ။
စားပြီးတော့ ဓီကနည်းနည်းနွမ်းနေပုံပေါက်တာနဲ့အိမ်ဘဲပြန်လာခဲ့ကြသည်။ အိမ်ရောက်တော့ အခန်းထဲဓီ့ကိုသိပ်လိုက်ပြီး Dionက အောက်ကိုဆင်းကာ တပ်မှူးဆီကိုလှမ်းအကြောင်းကြားလိုက်သည်။ Dionက ပြင်သစ်စစ်တပ်မှာ colonel( ကြည်းတပ်ဗိုလ်မှူးကြီး)တစ်ယောက်ပင်ဖြစ်သည်။
နယ်စောင့်တပ်မှာဘဲ တာဝန်ကျနေတုန်း ကမ္ဘာတစ်ဝှမ်း မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့တွေက စစ်တပ်ကိုကူညီဖို့ တောင်းဆိုကြတော့ ဗိုလ်ချုပ်ကြီးက Dionကိုလွှတ်ခဲ့တာပင်။ သူလျှိုအဖြစ်ဝင်လုပ်ရင်း ဆက်စပ်ရာအဖွဲ့တွေအကုန်လုံးကိုပါ စုံစမ်းမိခဲ့သည်။ ဖမ်းဖို့အသင့်ဖြစ်ချိန်မှာ တပ်မှူးကိုဆက်သွယ်ပြီး အသင့်ပြင်ခိုင်းထားရမည်ဖြစ်သည်။
Zoneကိုလဲ သူတို့ဌာနကဒီမူးယစ်ဆေးတိုက်ဖျက်ရေး mission အတွက် ပြင်သစ်ကို Transferလုပ်ခဲ့တာပင်။ အတူတူအလုပ်တွဲလုပ်နေပေမဲ့ အခုပြင်သစ်ဌာနရုံးကတောင်မရိပ်မိခဲ့အောင်ကို နှစ်ယောက်လုံးကသိုဝှက်နိုင်လွန်းကြသည်။ Dion တပ်မှူးနဲ့ အကုန်တိုင်ပင်ပြီး Zone နားသွားထိုင်ရင်း မနက်အစီအစဉ်တစ်ခါပြန်ဆွေးနွေးဖြစ်ကြသည်။
You are reading the story above: TeenFic.Net