SSFET--T - 11(Uni)

Background color
Font
Font size
Line height

ညနေခင်းပိုင်း ဓီနိုးလာတော့Pont Alexandre III  တံတားကို သွားကြသည်။ Champ Elysees နဲ့လဲနီးတာမို့ အရင်ကအကြောင်းတွေတောင်ပြန်တွေးမိသည်။ အင်း… မြေအောက်ရထားလဲစီးရမယ်။
လေညှင်းခံရင်းနဲ့ Paris မြို့ရဲ့အလှတရား၊ မြို့တော်ရဲ့သင်္ကေတဖြစ်တဲ့ Eiffel Tower ကိုပါ လှမ်းကြည့်လို့ရသည်။ ဘဝကဒီ့ထက်ဘာများပြည့်စုံစရာလိုဦးမှာလဲ ဘေးမှာချစ်ရတဲ့သူရယ်၊ မွေးရပ်မြေတဲ့အလှတရားတွေရယ်၊ သိပ်လှပတဲ့ချစ်ခြင်းမေတ္တာရယ်။ မစွန့်လွှတ်ချင်ဘူး ဘယ်အရာကိုမှ။ အထူးသဖြင့် ချစ်ရတဲ့သူကိုထားမသွားချင်ဘူး။

"ဓီ"

"ဟွန်"

"ကိုယ့်အလုပ်တွေပြီးသွားရင် ရှမ်းပြည်နယ်မှာဘဲအခြေချကြမယ်နော်"

"Dion အဆင်ပြေပါ့မလား။ မွေးရပ်မြေကိုခွဲခဲ့ရမှာလေ"

"ဓီရှိတဲ့နေရာတိုင်းက ကိုယ့်အတွက်မွေးရပ်မြေပါဘဲ။ ဓီ့ဘေးမှာရှိနေရရင်ကိုပျော်တဲ့သူမလို့ အကုန်အဆင်ပြေတယ်"

"အဲ့ဆို ကျွန်တော်တို့ရှမ်းပြည်နယ်မှာဘဲ နေကြမယ်နော်။ တောင်ပေါ်အိမ်လေးမှာ Daniel ရယ် ကျွန်တော်ရယ် ခွေးလေးတစ်ကောင်ရယ်"

"ဟုတ်ပါပြီဗျာ"

Dion က ဓီ့ဘေးမှာယှဥ်လျှောက်ရာကနေ ရုတ်တရက်ဆိုသလို ဓီ့အရှေ့မှာမျက်နှာချင်းဆိုင်ရပ်တော့ ဓီက မော့ကြည့်သည်။

"ဓီ ဘာတွေဖြစ်ဖြစ် ဓီကအမြဲကျန်းမာအောင်နေရမယ်နော်။ တစ်ခုခုဆို ဓီ ဘာမှမဖြစ်ဖို့ကိုဘဲ ဦးစားပေး ကြားလား။"

"ဟင် အင်း"

"ရော့ ဒါလေးကိုယ်ဓီ့ကိုပေးမလို့ "

ဓီရာ့လက်ထဲကို ရောက်လာတဲ့ဆွဲကြိုးလေးတစ်ခု။ ကျစ်ကြိုးနဲ့ပယင်းဆွဲသီး‌လေးပင်။

"ကျန်းမာရေးချူချာတဲ့ဓီ့အတွက် ပယင်းကျောက်လေးကကျန်းမာရေးကောင်းတယ်ဆိုလို့ ကိုယ်မရမကရှာထားတာ။ ကျန်းမာရေးလဲကောင်းအောင်နေ။ ခြေဖျားလက်ဖျားတွေလဲမအေးစေနဲ့။ မိုးလဲအမိမခံနဲ့ဦး။ ကိုယ်ကဓီ ကျန်းမာနေတာဘဲမြင်ချင်တာ"

"ကျွန်တော့်ဘေးမှာ Dion ရှိနေတာဘဲဟာ ဒါတွေမှာစရာမှမလိုဘဲ"

"ကိုယ်ကလဲဂရုစိုက်ပေးမှာပေမဲ့ ဓီကကိုယ့်ကိုကိုယ်ပိုဂရုစိုက်ရမယ်လေ ဟုတ်ပြီလား။ ဓီ ကိုယ်ကလေ ဓီ့အတွက် နွေဦးရဲ့နေရောင်ခြည်နွေးနွေးလေးဖြစ်ပေးမှာမလို့ ဓီ့စိတ်ထဲမှာဝမ်းနည်းမှုတွေဝင်လာတိုင်း နေရောင်ခြည်ခပ်နွေးနွေးကိုခိုလှုံ။ အဲ့နေရောင်ခြည်နွေးနွေးလေးက ဓီ့ကိုအနွေးဓာတ်အမြဲပေးချင်တဲ့ကိုယ်မလို့"

"အင်းပါ။ Dion"

"ပြောလေ ဓီ"

"ကျွန်တော်နဲ့အတူတူ ပျော်ပျော်ကြီးနေသွားကြမယ်နော်"

"အင်းပါ"

ဓီ့ကို Dionပြုံးပြတော့ ပြန်ပြုံးပြပြီးခေါင်းလေးငုံ့ကာ လက်ကိုဆုပ်ကိုင်ကာ လမ်းဆက်လျှောက်တော့သည်။ ထိုအပြုံးမမည်သောအပြုံးက Dion ရင်ထဲကနာကျင်မှုကို ဖုံးကွယ်သည့်အပြုံးတစ်ခုသာ။

* ဓီ့ကိုကာကွယ်ဖို့ ကိုယ်ကအကုန်လုပ်မှာမလို့ ကိုယ့်ကိုခွင့်လွှတ်ပေးစေချင်တယ်

Paris မြို့ရဲ့ နွေဦးဆည်းဆာရောင်ခြည်လေးကို
မကွယ်ပျောက်စေချင် ၊ မ‌ပျက်ပြယ်စေချင်။

အပြန်ခရီးရဲ့ ရထားလေးပေါ်မှာ အမျိုးသားနှစ်ဦးကနားကြပ်တစ်ဖက်စီတပ်ကာဖြင့် တစ်ယောက်ရဲ့    ပုခုံးပေါ်ကို တစ်ယောက်မှီလျက် love is goneသီချင်းသံဟာ ငြိမ့်ညောင်းနေစေလေသည်။

___________________________________________

ဓီ အိပ်တာနဲ့ Dion ပစ္စည်းပို့ဖို့ပြင်ဆင်တော့သည်။ ရိုးရိုး ဂျင်းပွအနက်ကိုဝတ်ပြီး အပေါ်ကကိုယ်ကျပ်အဖြူနဲ့ leather jacket အနက်ကိုထပ်လိုက်ကာ capအဖြူကိုဆောင်းပြီး လေဆိပ်ကိုထွက်လာခဲ့လိုက်သည်။ private helicopter မလို့ Dion နဲ့ pilotလောက်သာပါမည်။ လေယာဉ်ဆိုက်တာနဲ့  Dion လေယာဉ်ပေါ်တက်လိုက်သည်။ အခုအချိန်ကစပြီး operation စပြီဖြစ်သည်။ တဖြည်းဖြည်းမြင့်တက်လာတဲ့ရဟတ်ယာဉ်က အခုဆို parisမြို့ကိုအထက်စီးကနေပင်ကြည့်လို့ရနေပြီ။ ပို့ဖို့အထုတ်ကိုတင်းတင်းဆုတ်ကိုင်ကာ ဓားမြှောင်တစ်ချောင်းကို ဖနောင့်ကြားထဲထိုးထည့်လိုက်ကာ ဘောင်းဘီကိုပြန်ချလိုက်သည်။ အနောက်ကိုလှည့်ကြည့်လာတဲ့ pilot ကိုခေါင်းငြိမ့်ပြလိုက်တော့ ဟိုကလဲပြန်ခေါင်းငြိမ့်ကာဆက်မောင်းနေသည်။

တစ်ဖက်တွင်

တိတ်ဆိတ်နေတဲ့ အိမ်ထဲကို ခိုးဝင်လာကြတဲ့လူတစ်စု။ အသီးသီးလက်ထဲမှာ pistol တစ်လက်စီဖြင့် ခေါင်းဆောင်ဖြစ်သူက ငယ်သားတွေကို အိမ်အောက်တွင်စောင့်ခိုင်းကာ တစ်ယောက်ထဲအပေါ်တက်သွားသည်။ အခန်းတစ်ခန်းကိုတံခါးဖွင့်လိုက်ပြီး အိပ်နေသောလူနားချဉ်းကပ်ကာ ‌ခေါင်းကိုသေနတ်နဲ့ ချိန်ထားလိုက်သည်။ လက်မောင်းကိုပုတ်လိုက်တော့ အိပ်ပျော်နေသူဟာနိုးလာပြီး အလန့်တကြားထထိုင်သည်။

(English ဘာသာဖြင့်)

"ငါနဲ့ လိုက်ခဲ့"

"ဘယ်သူလဲ။ ခင်ဗျားဘယ်သူလဲ"

"စကားသိပ်မများနဲ့ကောင်လေး။ ငါအခုမင်းကိုခေါ်သွားဖို့လိုတယ်။ မင်းဘာမှအန္တရာယ်ဖြစ်မှာမဟုတ်လို့ ငါနဲ့လိုက်ခဲ့"

"မလိုက်ဘူး။ ခင်ဗျားကဘယ်သူလဲ။ Dion... Dion..."

အိပ်ပျော်နေတုန်း လက်မောင်းကိုအပုတ်ခံရလို့နိုးလာတော့ ဓီ့ခေါင်းကိုသေနတ်နဲ့အချိန်ခံထားရသည်။ ဓီက အကူအညီတောင်းဖို့ အော်‌တော့ ဓီ့ကိုသေနတ်နဲ့ချိန်ထားတဲ့သူက ဓီ့ပါးစပ်ကိုလက်နဲ့အုပ်လိုက်ပြီး သူ့အိပ်ကပ်ထဲက လက်ကိုင်ပုဝါတစ်ခုနဲ့ ဓီ့ကိုအုပ်လိုက်သည်။ မကြာခင်မှာ ဓီ့မျက်လုံးတွေဝါးလာပြီး အိပ်ပျော်သွားတော့၏။

Dion...  Dion ဘယ်မှာလဲ။

Rino ဒီမြန်မာနိုင်ငံသားကို ပုခုံးပေါ်ထမ်းလာကာ ကားထဲထည့်လိုက်သည်။ ဂိုဏ်းသားတွေလောက်ဘဲသိတဲ့ ဂိုဒေါင်ပျက်တစ်ခုကိုသွားလိုက်သည်။ Bossကအဲ့နေရာမှာရှိနေသည်မလို့ ဒီမြန်မာနိုင်ငံသားကို Boss ရှေ့ပို့ပေးရမည်။ Boss ကလည်သည်။ Rhyne တစ်ဖက်နိုင်ငံကိုရောက်လောက်မဲ့အချိန်ကိုကြည့်ပြီးမှ ဒီကောင်လေးကိုခေါ်ခိုင်းတာဖြစ်သည်။ ဟိုဘက်နိုင်ငံကို Rhyne ရောက်ပြီလို့ သူ့လူတွေသတင်းလှမ်းပို့တဲ့အချိန်မှာ Rinoတို့က ဖမ်းခေါ်လာပြီးနေပြီဖြစ်သည်။

(ပြင်သစ်ဘာသာဖြင့်)

"Boss ရောက်ပါပြီ"

"အဲ့ကောင်ကို ခုံမှာကြိုးနဲ့ချည်ထားလိုက်။ မေ့အေးအုပ်ပြီးခေါ်လာတာလား"

"ဟုတ်တယ် boss ။ သူအတင်းအော်နေလို့"

Rino မြန်မာနိုင်ငံသားကို ခုံမှာထိုင်တဲ့အနေအထားဖြစ်အောင်ချပေးလိုက်ပြီး လက်တွေကိုနောက်ပြန်ထားကာကြိုးနဲ့ချည်လိုက်သည်။ အဲ့ကောင်လေး
နာမှာစိုးလို့ တင်းနေအောင်တော့မချည်လိုက်ပါ။

"Boss"

"ရပြီ Rino။ ကျေးဇူးဘဲ။ ဒီကောင်လေး သေချာတယ်မလား"

"သေချာပါတယ် boss ။ ဒီတစ်ယောက်ပါဘဲ"

"သွားခေါ်တုန်းက သူ့နားဘယ်သူမှမရှိဘူးလား"

"မရှိပါဘူး boss။ သူတစ်ယောက်ထဲပါဘဲ"

"အဟက်။ Rhyneက ‌ငါ့ကိုလျှော့တွက်တာဘဲ။ အဲ့ကောင်တစ်ကွက်လိုသွားပြီ"

Boss က အဲ့ကောင်လေးနားလျှောက်သွားပြီး သေနတ်‌ဖြင့် ကောင်လေးမျက်နှာကိုမော့ကာကြည့်သည်။

"အင်း မဆိုးပါဘူး။ Rhyne ကြိုက်မယ်ဆိုလဲကြိုက်ချင်စရာလေးပါဘဲ။ တန်းသတ်ပစ်ရမှာတောင်နှမြောသွားပြီ။"

Rino အံကိုတင်းတင်းကြိတ်ရင်းသာ လက်သီးကိုဆုပ်ထားမိသည်။ ဒီလူယုတ်မာကတော့။

"Rino ဒီကောင်လေးနဲ့ တစ်ပွဲတစ်လမ်းလောက်ချစ်ရည်လူးလိုက်ရမလား။ တန်းသတ်ပစ်လိုက်ရင် နှမြောစရာသိပ်ကောင်းနေလို့လေ"

"Boss "

"အဟား စတာပါ။ မင်းတစ်ယောက်လုံးရှိနေတာဘဲဟာ။ ငါက ဘယ်သူ့ကိုလိုမှာတဲ့လဲ မဟုတ်ဖူးလား"

Rino မေးကိုလှုပ်ရင်း ပါးကိုခပ်ဆတ်ဆတ်ရိုက်ကာပြောလေသည်။

*ရွံစရာကောင်းလိုက်တာ ခွေးမသား။

"ရေနဲ့ပက်နှိုးလိုက်"

Bossပြောအပြီး ကောင်လေးကို ရေနဲ့မျက်နှာကိုပက်ကာနှိုးလိုက်သည်။ မကြာခင်မှာဘဲ ကောင်လေးက နှိုးလာပြီး သူရှေ့က bossကိုစိုက်ကြည့်နေသည်။ ပြီးတော့ Rinoကို ပြီး‌တော့ပတ်ဝန်းကျင်တစ်ခုလုံး။
သူ့ပတ်ဝန်းကျင်ကိုကြည့်ရင်း သူ့လက်ကြိုးတုပ်ခံထားရတာကိုသတိထားမိသွားပုံပေါ်သည်။ ထိုအခါ အတင်းရုန်းကာ အော်တော့သည်။

Boss က ကောင်လေးနားကို ကပ်ကာ "  Rhyne ချစ်တာမင်းဘဲကိုး" ဆိုပြီး သူ့‌နဖူးကိုသေနတ်နဲ့ချိန်လိုက်သည်။

ကောင်လေးက ကြောက်လန့်တကြားရုန်းသည်။ ပစ်တော့မဲ့ဆဲဆဲ ခလုတ်ဆွဲတော့မဲ့အချိန်မှာ လေတွေအရမ်းတိုက်လာပြီး ဂိုဒေါင်ပေါ်ကို ရဟတ်ယာဉ်ပျံနေသံကြားလိုက်ရပြီးနောက် ဂိုဒေါင်ထဲကို လူတစ်ယောက်ဝင်လာလေသည်။ အားလုံးရဲ့အကြည့်တွေက ထိုလူဆီရောက်သွားပြီး ထိုလူ့အကြည့်တွေကတော့ ခုံပေါ်မှာကြိုးတုပ်ခံထားရသည့် သူ့လူဆီမှာသာ။

"Dion!!!"

"Rhyne!!!!!"

လူနှစ်ယောက်ရဲ့ခေါ်သံဟာတစ်ပြိုင်နက်ထွက်လာပြီး တစ်သံက တအံ့တဩဖြစ်ကာဒေါသတကြီး အော်သံဖြစ်ကြီး တစ်သံက ဝမ်းသာအားရ အားကိုးတကြီးခေါ်သံပင်။ မည်သို့ပင်ဖြစ်စေကာမူ ထိုလူဟာအကြောက်အလန့်ကင်းစွာပင် ဂိုဒေါင်ပျက်ထဲကိုလျှောက်လှမ်းနေလေရဲ့။

*ဓီ ကိုယ်လာပြီ။
___________________________________________

_elf_
9/9/2024(Monday)

နောက်နှစ်ပိုင်းလောက်မှ ဇာတ်သိမ်းမှာမလို့ ဇာတ်သိမ်းလေးကိုကြိုခန့်မှန်းထားကြပါဦး ။ ဘယ်လိုဖြစ်သွားမယ်ထင်လဲ ။ စာလုံးရေ၆၀၀၀နီးပါးရေးထားတာမလို့ အားရှိအောင် comment လေးတွေမန့်ပေးကြပါဦးနော်🫶


You are reading the story above: TeenFic.Net