Unicode
"Dion!!!"
"Rhyne!!!!!"
ဓီရာမေ့မျောသွားပြီးတဲ့နောက် ပြန်နိုးလာတော့ ဂိုဒေါင်ကြီးတစ်ခုထဲကိုရောက်နေသည်။ ဓီရာရှေ့ကလူက လက်ထဲမှာသေနတ်ကိုင်ထားပြီး ဓီရာ့နဖူးကိုချိန်ထားသည်။ ဓီရာ့ကိုဖမ်းခေါ်လာတဲ့သူက အဲ့လူကြီးဘေးမှာရပ်လျက်။ ကျန်တဲ့သူတွေကလဲ သေနတ်ကိုယ်စီနဲ့ပင်။ ဓီရာ့ကိုသေနတ်နဲ့ချိန်ထားတဲ့သူက ဓီရာနားမလည်တဲ့စကားတွေပြောပြီး မောင်းခလုတ်ကိုဆွဲတော့မဲ့ဆဲဆဲမှာ Dion ရောက်လာခဲ့သည်။ ဒါပေမဲ့ အဲ့လူက Dion ကို Rhyneလို့ခေါ်သည်။ မဟုတ်မှလွဲရော ဒါ Dionတို့ဂိုဏ်းခေါင်းဆောင်များလား။ ဓီရာအတွေးတွေများနေတုန်းမှာ Dion က ဓီရာ့နားရောက်လာခဲ့ပြီဖြစ်သည်။ ဓီရာအရှေ့ကလူနဲ့ Dionတို့စကားပြောနေကြသည်။ ပြင်သစ်လိုပြောနေကြတော့ သူတို့ဘာပြောနေလဲဆိုတာကိုဓီမသိရပေ။
(ပြင်သစ်ဘာသာဖြင့်)
"ခင်ဗျား ဒါဘာလုပ်တာလဲ Alfarno!!"
"မင်း ဘယ်လိုလုပ်ပြန်ရောက်လာတာလဲ Rhyne။ မင်းကဟိုဘက်နိုင်ငံမှာရှိနေရမှာလေ"
"ခင်ဗျားကိုမယုံလို့ပေါ့။ ခင်ဗျားအကြံကိုမရိပ်မိလောက်အောင် ကိုယ်ကအဲ့လောက်ထိတုံးမနေဘူး။ မထိနဲ့လို့ပြောထားတယ်မလား။ ကျွန်တော့်လူကိုမထိနဲ့လို့ပြောထားတယ်မလား"
Dion လည်ပင်းကြောတွေတွေရော နဖူးကြောတွေရောထောင်တက်လာပြီး လက်ကသွေးကြောတွေဟာလဲပေါက်ထွက်မတတ်ပင်။ ဒေါသကြောင့်နီရဲနေတဲ့ Dion မျက်နှာကို ဓီရာတစ်ခါမှမမြင်ဖူးခဲ့ပေ။ Dion ကိုအမြဲချိုသာတဲ့မျက်နှာနဲ့တွေ့နေရတဲ့ ဓီရာ့အဖို့ အခုအခြေအနေကကြောက်ဖို့ကောင်းနေသည်။
"မင်းလုပ်ရပ်ကိုငါမသိဘူးထင်နေလား ဟမ်။ မင်းပြောပြောနေတဲ့ မင်းရဲ့အားသာချက်ဆိုတဲ့လူကြောင့် ဂိုဏ်းကထွက်ရင် အရှင်မထွက်နိုင်မှန်းသိရက်နဲ့ ဂိုဏ်းကထွက်ဖို့ကြံခဲ့တာမလား။ ဒီဘာမဟုတ်တဲ့လူအတွက် မင်းကိုယ်မင်း"
Alfarno ရဲ့စကားမဆုံးခင် Dionရဲ့လက်တွေက သူ့လည်ပင်းပေါ်ရောက်နေပြီး လည်ပင်းကိုညှစ်တော့ ဂိုဏ်းသားအကုန်လုံးကို Dionကို သေနတ်နဲ့ချိန်ထားကြသည်။
"ဘာမဟုတ်တဲ့လူမဟုတ်ဘူး။ ကျွန်တော့်လူ ။ကျွန်တော့် အမြတ်တနိုးတန်ဖိုးထားရတဲ့လူ!!!"
Boss က Rhyne ကိုဘာမှမတုံ့ပြန်နိုင်ဘဲ လည်ပင်းညှစ်ထားတာကြောင့် အသက်ရှူရပ်တော့မလိုဖြစ်နေသည်။ Rino ဝင်ဆွဲတော့မှ Rhyne ကလွှတ်သည်။ ဒီလူကို ဒီလောက်နဲ့အသေမခံနိုင်။ Rimoကိုယ်တိုင် အဆုံးသတ်ပေးမှာမလို့ Rinoတားခြင်းဖြစ်သည်။ ကျန်တဲ့သူတွေကိုလဲ Rinoကလက်နက်ပြန်ချခိုင်းလိုက်သည်။
"နောက်ဆုံးတစ်ခေါက်ပြောပါမယ်။ ကျွန်တော်အသက်တမျှမြတ်နိုးရတဲ့ကျွန်တော့်လူကို ထပ်မထိပါနဲ့။ ရှင်းစရာရှိတာအကုန် ကျွန်တော်နဲ့ဘဲရှင်းမယ်။ ကျွန်တော့်လူနဲ့ဘာမှမဆိုင်ဘူး"
"Rhyne!! မင်း!!"
Dion က ဟိုလူကြီးရဲ့အော်သံကိုဂရုမစိုက်ဘဲ ဓီရာ့လက်ကကြိုးကိုလာဖြည်ပေးပြီး ဓီရာ့လက်ကိုဆွဲကာဂိုဒေါင်အပြင်ဘက်ကိုထွက်နေသည်။
"မင်းတို့အကုန်လုံး ထိရဲရင်ထိကြည့်။ ငါလူ့ကိုတစ်ချက်ထိတာနဲ့ မင်းတို့ဘာဖြစ်သွားမလဲဆိုတာ သိတယ်နော်"
လမ်းကိုပိတ်ထားတဲ့လူအုပ်ကြီးတစ်ခုလုံး နည်းနည်းရွံ့သွားကြပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
"အားလုံး နောက်ဆုတ်ကြစမ်း!!!"
Dion ဩဇာကသူတို့အပေါ်သက်ရောက်နေသေးသည်။ Dion ဒေါသကိုသူတို့အသိဆုံးမလို့ မထိရဲကြ။ အကုန်နောက်ဆုတ်သွားကြပြီး လမ်းရှင်းထားကြသည်။ သို့သော် သူတို့အုပ်စုထဲကတစ်ယောက်က ဓားနဲ့ ဓီ့ဆီ ပြေးလာသည်။
"ဒိုင်း!! ဒိုင်း!! ဒိုင်း!!"
လက်တစ်ဖက်နဲ့ဓီ့ပုခုံးကိုဖက်ကာ ရင်ခွင်ထဲသွင်းပြီး ဓီ့နားကိုအဲ့လက်နဲ့အုပ်လျက် ကျန်လက်တစ်ဖက်က ခါးကြားထဲကပစ္စတိုကိုဆွဲထုတ်ကာ ပြေးလာနေတဲ့ကောင်ရဲ့ ရင်ဘတ်ကိုသုံးချက်ဆင့်ကာပစ်လိုက်သည်။
"နောက်ထပ် မိုက်ရူးရဲဆန်ချင်တဲ့ကောင်ရှိရင် ထွက်ခဲ့။ အကုန်လက်စသတ်ပေးမယ်"
Boss အပါအဝင်အကုန်ငြိမ်သက်သွားပြီး လမ်းရှင်းပေးထားသည်။ ဒီကောင်တွေအကြောင်း Dion အသိဆုံးပင်။ သူတို့ကတကယ်ကိုဟိုးအောက်ဆုံးကလေ့ကျင့်ရေးတပ်သားအဆင့်လောက်ပင်။ Bossက တော်တော်လျှော့တွက်ထားပုံရသည်။ လူအင်အားနည်းနည်းသာခေါ်ထားပြီး ကျွမ်းကျင်တစ်ယောက်မှမပါဘူး။
*ခင်ဗျား သုံးလှမ်းလောက်နောက်ကျသွားပြီ Alfarno
Dion ရင်ခွင်ထဲက ဓီက ကြောက်နေ၍ ခန္ဓာကိုယ်ပါတုန်နေပြီဖြစ်သည်။ ဂိုဒေါင်အပြင်ဘက်ရောက်တံ့အထိ Dion ဖက်ထားတဲ့အတိုင်းလေးလိုက်လာသည်။ အပြင်ဘက်ရောက်တော့ Zoneတို့ရှိတဲ့နေရာ
နဲ့နီးတဲ့နေရာလောက်မှာရပ်ပြီး ရင်ခွင်ထဲကဓီ့ကိုမျက်နှာချင်းဆိုင်ရပ်စေကာ Dion ဒူးတစ်ဖက်ထောက်ချလိုက်သည်။
"ကိုယ်တောင်းပန်ပါတယ် ဓီ"
Dionက ဓီရာ့လက်ကိုသူ့နဖူးနဲ့ထိထားပြီး တောင်းပန်စကားဆိုလာတော့ မမြင်နိုင်မှန်းသိရက် ဓီရာခေါင်းရမ်းပြလိုက်သည်။
"မလိုတာ Dionရယ်"
Dionက သူ့leather Jacket အိတ်ကပ်ထဲကိုနှိုက်ကာ ပစ္စည်းတစ်ခုကိုထုတ်လိုက်သည်။ ထိုပစ္စည်းမှာ စိန်ပွင့်အသေးလေးနဲ့ လက်စွပ်လေးတစ်ကွင်းပင်။ Dion က ဓီ့လက်သူကြွယ်မှာစွပ်ပေးပြီး
"ကိုယ့်ကိုလက်ထပ်မယ်မဟုတ်လား ဓီ။ ကိုယ်ဒီအခြေအနေကြီးမှာ propose မလုပ်သင့်မှန်းသိပေမဲ့ ဒီလက်စွပ်လေးနဲ့ဘဲဖြစ်ဖြစ် ဓီ့ကိုကိုယ်ချည်နှောင်ထားချင်လို့ပါ"
ဓီရာ့မျက်လုံးကဝါးလာပြီး မျက်ရည်ပေါက်ကြီးငယ်တို့ဟာပါးပြင်ပေါ်လှိမ့်ဆင်းလာသည်။ ဓီရာငိုမိပြန်ပြီ။ ဒီတစ်ခါတော့ဝမ်းသာလို့ကျရတဲ့မျက်ရည်ပင်ဖြစ်လိမ့်မည်။ ဓီရာခေါင်းကိုအဆက်မပြတ်ငြိမ့်လိုက်မိသည်။
"ကျွန်တော် လက်ခံတယ်။ ကျွန်တော် Dion နဲ့လက်ထပ်မယ်"
နှစ်ယောက်လုံးမျက်ရည်တွေနဲ့ ဖြစ်ကာ ဓီရာ့ကို Dion ကသိမ်းကြုံးဖက်သည်။
"ဒါတွေပြီးသွားရင် ကိုယ်တို့လက်ထပ်ကြမယ်နော်"
ရင်ခွင်ထဲမှာ ခေါင်းတဆတ်ဆတ်ငြိမ့်ပြနေတဲ့လူသားလေးကို ငုံ့နမ်းလိုက်ကာ အဝဖက်ထားမိသည်။ ခဏကြာတော့ လွှတ်ပေးလိုက်ပြီး
"ဓီ ဟိုဘက်မှာ Zone ရှိတယ်။ ဓီသွားတော့နော်"
"Dion လိုက်လာခဲ့မယ်မလား"
"ကိုယ်ပြီးရင်လိုက်လာခဲ့ပါမယ်"
ဓီရာက မခွဲချင်သေးသလိုမျိုးနဲ့ အနောက်ပြန်လှည့်နေသည်။ Zoneရောက်လာတော့ Zone ကိုခေါင်းငြိမ့်ပြကာ ဓီ့ကိုခေါ်သွားခိုင်းလိုက်သည်။ ဓီနဲ့ ဇုန်မြင်ကွင်းထဲကပျောက်ကွယ်သွားတော့ ဂိုဒေါင်ဘက်ကိုပြန်လှည့်လိုက်သည်။
Dion ဂိုဒေါင်ထဲရောက်တော့ Alfarnoက သူ့ဖုန်းကို Rinoကိုလှမ်းပေးလိုက်သည်။ ကြည့်ရတာ
ဖုန်းပြောပြီးတော့ အခုမှချလိုက်သည့်ပုံ။ သေချာပေါက် Dion ဂိုဏ်းမဟုတ်တဲ့ဆီက ခေါင်းဆောင်ပိုင်းတွေကိုခေါ်လိုက်ပြီထင်တယ်။ ခဏနေတော့ အလယ်ကစားပွဲခြားထားတဲ့ တစ်ဖက်တစ်ချပ်ဆီကထိုင်ခုံမှာ မျက်နှာချင်းဆိုင်ထိုင်လိုက်ကြသည်။
"Rhyne။ မင်းနဲ့ငါအေးဆေး စကားပြောကြရအောင်"
"ပြောကြတာပေါ့။ အဓိကရုဏ်းဖြစ်အောင်တော့မလုပ်ဘူးမလား"
လက်နက်တွေကိုင်ထားကြတဲ့ဂိုဏ်းသားတွေကို မျက်စပစ်ပြီးပြောတော့ Alfarno က လက်ထောင်ရာမှအောက်ချလိုက်သည်။ သဘောက လက်နက်တွေချထားဖို့။
"မင်း ဘာလို့ဂိုဏ်းကထွက်မှာလဲ Rhyne "
"အခုထိသဘောမပေါက်သေးဘူးလား။ ကျွန်တော်ချစ်ရသူအတွက်ပေါ့"
"သူ့အတွက်ကြောင့်နဲ့ မင်းကဂိုဏ်းကထွက်မယ်ဆိုတာ ဘာအကျိုးအကြောင်းမှမဆီလျော်တဲ့စကားဘဲ။ ဘာလဲ သူကဒီအလုပ်ကိုမကြိုက်ဘူးပြောလို့ ထွက်မှာလား"
"သူကဘာမှမပြောပါဘူး။ ကျွန်တော့်အလုပ်ကိုလဲသူလက်ခံပေးတယ်။ သူ့ကိုအန္တရာယ်မဖြစ်စေချင်လို့ ကျွန်တော်ထွက်မှာ။ သေချာပေါက် ကျွန်တော်ဒီအလုပ်ကိုဆက်လုပ်နေရင် သူပါအန္တရာယ်ရှိနိုင်တယ်"
"ဘယ်အန္တရာယ်မှမကျရောက်နိုင်ပါဘူး"
"အဟက်! တစ်ဖွဲ့တည်းသားကလူတွေကတောင် အန္တရာယ်ပေးနေကြတာ ကျန်တဲ့သူတွေကပိုအတင့်ရဲကြမှာ အသေအချာဘဲလေ။ ခင်ဗျားကတော်တော်မျက်နှာပြောင်တိုက်တဲ့သူဘဲ Alfarno။ ဘယ်လိုလုပ်ရပ်မျိုးကို လုပ်ထားလဲသိနေတာတောင် ဒီလိုစကားကိုပြောရဲသေးတယ်။"
"မင်း ဂိုဏ်းကထွက်လို့မရတာ သိနေရဲ့သားနဲ့ မိုက်မလို့လား။ ဟမ် Rhyne"
"မိုက်မလို့လားဆိုတော့လဲ မိုက်မလို့လေ။ အချစ်ကြောင့်စုံလုံကန်းပြီးသားလူက ချောက်ကမ်းပါးကနေခုန်မချနိုင်စရာ ဘာအကြောင်းမှမရှိတော့ဘူး"
"မင်းကအချစ်ကြောင့် စုံလုံးကန်းနေတော့လဲ ငါကအဲ့ဘဝကို အဆုံးသတ်ပေးရုံဘဲပေါ့။ မင်းလုပ်နေတဲ့အရာတွေငါဘာမှမသိဘူးထင်နေလား။ ငါအဲ့လောက်မတုံးသေးဘူး Rhyne"
"မနေ့တစ်နေ့ကလေးမှသိပြီး ကိုယ့်ကိုယ်ကိုယ်မတုံးဘူးဆိုတော့ ဘယ်လိုပြောရမလဲ။ တစ်ချိန်လုံးအလှည့်စားခံနေရတာ ခင်ဗျားသိပ်သနားဖို့ကောင်းတာဘဲ"
Dion ရဲ့ရယ်သံနောက်မှာ Rinoနဲ့ ဂိုဏ်းသားတွေအကုန်လုံးက သေနတ်နဲ့ချိန်ကြသည်။Alfarno ကထိုင်ရာက တဖြည်းဖြည်းအနားကပ်လာပြီး Dion နားထင်ကို သူ့သေနတ်နဲ့ချိန်သည်။
"မင်း ဂိုဏ်းကနေ အသက်ရှင်ရက်ထွက်လို့ရမယ်မထင်နဲ့ Rhyne။ ဂိုဏ်းမပြောနဲ့ ဒီနေရာကနေကိုမင်းထွက်နိုင်မှာမဟုတ်ဘူး"
Dion နှုတ်ခမ်းစွန်းကကော့တက်သွားကာ
"အဟွန်း! ရအောင်ထွက်ပြမယ် ခင်ဗျားကြည့်နေ"
Alfarno ရဲ့ ဘေးနံရိုးကို တံတောင်နဲ့ပစ်တိုက်ကာ ခြေထောက်တစ်ဖက်ကို Dion ညာခြေသုံး၍ လိမ်လိုက်ပြီး သူဟန်ချက်ပျက်သွားတဲ့အချိန် သူ့လက်ထဲကသေနတ်ကိုယူပြီး သူ့ကိုပြန်ချိန်လိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ အချိန်ခံထားရတဲ့သူက ပြောင်းသွားတာမလို့ အကုန်လုံးကြောင်နေရာက သူတို့ bossရဲ့ မချိတင်ကဲ အမိန့်ပေးသံကြားမှ သတိပြန်ဝင်လာကာ Dionအနားကပ်လာဖို့လုပ်ကြသည်။
"အနားကကပ်လာတာနဲ့ မင်းတို့boss ခေါင်းထဲကျည်ဆံဝင်ပြီသာမှတ်တော့"
"ပစ်ကြလေ ဟေ့ကောင်တွေ ။ ပစ်!!"
"ပစ်လေ မင်းတို့ပစ်ရင် ငါ့အစားမင်းတို့bossဘဲသေမှာနော်။ ငါကလွတ်နိုင်တဲ့နည်းလမ်းတွေအများကြီးဘဲ"
Dion ငုံ့ကာ Alfarno ရဲ့နားရွက်နားကပ်ပြီး
"ခင်ဗျားက ကိုယ့်ကိုယ်ကိုယ်စတေးတော့မလို့ပေါ့။ ကြည့်ပြီးသတ္တိကောင်းနော် ခင်ဗျားလူတွေ တစ်ချက်ပစ်လိုက်တာနဲ့ ခင်ဗျားခေါင်းထဲ ကျည်ဆံအတောင့်လိုက်ဝင်မှာဘဲ။ ပြီးတော့ပြောရဦးမယ် ဒီလေ့ကျင့်ရေးသမားတွေကလေ့ကျင့်ထားတာဘယ်လောက်မှမရှိသေးတဲ့ သူတွေ။ အဲ့တော့သူတို့ကပစ်မှတ်ကိုမှန်အောင်ပစ်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ကျွန်တော်ကတော့ နှစ်ချီကြာနေတဲ့ကျွမ်းကျင်သမားနော် သူတို့လူလေးနှစ်ဆယ်ကိုလဲ ဖြိုနိုင်သလို ခင်ဗျားအသက်ကိုလဲ လက်ခတ်မလွဲ နှုတ်နိုင်တယ်"
"တောက်ခ်!!!!။ ဒီလူနှစ်ဆယ်ကိုဘဲ မင်းဖြိုနိုင်မှာပါ။ နောက်လူလေးဆယ်ကိုမင်းဖြိုနိုင်ပါဘူး Rhyneရာ။ မင်းနဲ့လက်ရည်မကွာတဲ့သူတွေနဲ့တွေ့ရင် မင်းဘာဆက်လုပ်နိုင်ဦးမှာလဲ ဟား…ဟား…ဟား…!။"
ဂိုဒေါင်တံခါးပွင့်လာကာ နောက်ထပ်ဝင်လာတဲ့လူတွေက Dion တို့နဲ့အနီးဆုံးထိတိုးလာပြီး STG 914တွေနဲ့ ဝိုင်းချိန်ထားကြသည်။ အကုန်လုံးက Dion နဲ့လက်ရည်တူတွေဖြစ်လောက်မယ်။ ဂိုဏ်းထဲက တပ်မှူးနဲ့ ခေါင်းဆောင်ပိုင်းထဲကဟာတွေလဲပါတော့ ဒီလူအုပ်ကို Dion ဘယ်လိုမှဖြိုနိုင်မှာမဟုတ်။
Dion တစ်ချက်တွေဝေနေတုန်းမှာ Alfarnoက
Dion ဗိုက်ကို တံတောင်နဲ့နောက်ပြန်တိုက်တာ Dionဂုတ်ကိုလှမ်းဆွဲပြီး ကြမ်းပြင်ပေါ်ပစ်ချသည်။ ဆွဲချပြီး အပေါ်ကနေခွကာအဆက်မပြတ်ထိုးတော့သည်။ Dionပြန်လုံးရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေချိန် Dion အပေါ်ကနေအသာစီးရတဲ့အခါမှာ Rinoက နောက်ကနေလာချိန်သည်။
"အခုချက်ချင်း လက်မြှောက်ပြီး ငါပြောတဲ့အတိုင်းလုပ်စမ်း"
Dion လက်မြှောက်ပြီးထတော့ Alfarnoက သူ့ပါးစောင်ကသွေးတွေကိုထွေးထုတ်ပြီး အော်ရယ်နေသည်။ ပြီးတော့ Rinoပုခုံးကိုပုတ်ကာ "တော်တယ်" လို့ပြော၏။ Rino က Dionကိုခုနကခုံမှာကြိုးတုပ်သည်။
"ဘယ်လိုလဲ Rhyne။ မင်း ဒီကနေအသက်ရှင်ရက်ထွက်နိုင်ပါဦးမလား။ မင်းချစ်ရပါတဲ့ဆိုတဲ့ အမှုန်အမွှားလေးကို နှုတ်ဆက်ချင်သေးလား"
"အဟား! အပြောမစောနဲ့ဦးလေ ။ ခင်ဗျားဖုန်းလာနေတယ်မလား ကိုင်လိုက်ဦး"
Alfarno ဖုန်းကိုင်လိုက်တော့ တစ်ဖက်ကစကားပြောအပြီးမှာ Alfarno မျက်နှာက နီတက်လာကာ ဒေါသထွက်လွန်းနေ၍ သွေးကြောတွေပါထောင်လာသည်။ Dion ဘက်လှည့်လာပြီး ပါးစောင် နှစ်ချက်ဆင့်ထိုးသည်။ သေချာပေါက် ပြင်သစ်ဂိုဒေါင်က ပစ္စည်းတွေမိသွားပြီဖြစ်သည်။ ဂိုဒေါင်ကပါရီမြို့ကတစ်ခုထဲမဟုတ် မြို့အနှံ့ရှိဂိုဒေါင်တွေနဲ့ ပစ္စည်းအတင်အချလုပ်တဲ့ဆိပ်ကမ်းမှာပါရှိတဲ့ ဂိုဒေါင်ပါပါသည်။
"ထွီ!။ ဘယ်လိုလဲ ခင်ဗျားကုန်တွေရဲလက်ထဲရောက်ကုန်ပြီ။ ဒေါသထွက်တာတော့အရမ်းစောသေးတယ်။ နောက်ထပ်အံ့ဩစရာတွေအများကြီးရှိသေးတာမလို့ ဖုန်းကိုထပ်ကိုင်လိုက်ပါဦး"
ဒီတစ်ခါဖုန်းချအပြီးမှာ Alfarno ဒေါသကနှစ်ဆပင်။ Dion ရင်ဘတ်ပိုင်းကိုဆွဲဆုပ်ကာ
"မင်း!!သစ္စာဖောက်"
"ဒါအခုမှအစရှိပါသေးတယ်။ ရုရှားဘက်က အခြေအနေကိုတစ်ချက်ကြည့်လိုက်ပါဦး"
ဂိုဏ်းရဲ့ခေါင်းဆောင်ပိုင်းထဲကတစ်ယောက်က ရှေ့ထွက်လာကာ Alfarno ကို video တစ်ပုဒ်ပြလိုက်သည်။
ထို videoက ရုရှားဘက်က အကြီးဆုံးနဲ့အဓိကအကျဆုံးဂိုဒေါင် မီးလောင်ခြင်းဖြစ်သည်။ Dion လွန်ခဲ့တဲ့တစ်ပတ်ကထဲကဗိုလ်မှူးချုပ်နဲ့ တိုင်ပင်ပြီး စီစဉ်ထားခြင်းဖြစ်သည်။ အခုအဲ့ဂိုဒေါင်မီးလောင်နေသလို Ireland, Netherland, Denmark, Chicago, LA, Vegasမြို့အပါအဝင် U.S.Aထဲက မြို့အချို့, Finland, Sweden, Israel, Istanbul, Pakistan, India, China, Malaysia နဲ့ Germanyအပါအဝင် နိုင်ငံငယ်လေးတွေ ဘက်က သိုလှောင်ရေးဌာနတွေပါ မီးလောင်နေပြီဖြစ်သည်။
"ခွေးမသား!!!"
Dion မေးရိုးပေါ်ကိုအရှိန်ပြင်းစွာထပ်ကျရောက်လာတဲ့ လက်သီးတစ်ချက်။
"အခုအချိန်မှာ နိုင်ငံပေါင်း 23နိုင်ငံက ခင်ဗျား ကုန်တွေအကုန် မီးလောင်နေပြီ။ ကျွန်တော့်ကိုလျှော့မတွက်နဲ့လို့ပြောပါတယ်"
Dion ရဲ့ မကောင်းဆိုးဝါးသဖွယ်လှောင်ရယ်သံက ဂိုဒေါင်တစ်ခုလုံးကိုလွှမ်းခြုံသွားသည်။
Back to last 20 minutes>>>>
Alfarno video ကြည့်နေတုန်းမှာ Rino ကြိုးနဲ့တုပ်တုန်းက နားထဲတပ်ပေးတဲ့ နားကြပ်တစ်ဖက်ကိုဖွင့်ကာ
"နောက် 13မိနစ်ဆို ဝင်ခဲ့တော့"
"Yes!! Major!"
Present time>>>
Dion လက်ကပြေနေတဲ့ကြိုးတွေကို အောက်လွှတ်ချပြီး မတ်တပ်ရပ်ကာ
"ခင်ဗျားထက် ခြေသုံးလှမ်းသာပြီးသားလူပါ။ အတော်ဆုံးဖြစ်တဲ့ကျွန်တော့်ကို ဒီလောက်ကြီးအထင်သေးတာကတော့ ခင်ဗျားလွန်တာဘဲပေါ့"
တပ်သားတွေကိုကြည့်ပြီး တအံ့တဩဖြစ်နေတဲ့ Alfarno က သတိပြန်ဝင်လာပြီး Dion ကိုပစ်တော့မလိုလုပ်သည်။သို့သော် နောက်က ချိန်ထားတဲ့သေနတ်တစ်လက်ကထွက်လာပြီး
"ခင်ဗျားလက်ထဲက သေနတ်ကိုချထားလိုက် Alfarno "
Rinoကအနောက်ကနေ Alfarno ကို သေနတ်နဲ့တော့ထားသည်။
"RINO! မင်း! မင်း! "
"ခင်ဗျား သေနတ်ကိုအောက်ချပြီး ခြေထောက်နဲ့ကန်လိုက်"
Alfarno က မချသေးတော့
"အခုလုပ်လေ!!"
Alfarno က နာခံတတ်တဲ့ကျွန်လေးပမာ သေနတ်ကိုအောက်ချပြီး ဝေးဝေးရောက်အောင် ခြေထောက်နဲ့ကန်လိုက်သည်။
"မင်း!! မင်းတို့နှစ်ယောက် ငါ့ကိုသစ္စာဖောက်တယ်!။ သစ္စာဖောက်တွေ!!!"
"သစ္စာဖောက်တယ်ပြောရအောင် ဘယ်တုန်းကမှသစ္စာမခံခဲ့ဖူးပါဘူး ။ ခင်ဗျားတို့ဂိုဏ်းကိုဖမ်းချင်လို့ ခင်ဗျားကို ချဉ်းကပ်ခဲ့တာဘဲရှိတာ။ ကျွန်တော်ကဘယ်တုန်းကမှခင်ဗျားလူမဟုတ်ပါဘူး။ ခင်ဗျားဘာသာခင်ဗျား ဇွတ်တွေဂိုဏ်းထဲထည့် ဇွတ်တွေ ညာလက်ရုံးလုပ်နေတာလေ"
"ခွေးမသား!! Rhyne ! မင်းလိုလူကများ"
"Nah…nah…nah… Not Rhyne! I'm Colonel D.R. Jason!!! From French Army။"
Daniel က ဂုဏ်ယူဝံ့ကြွားစွာနဲ့ တစ်လုံးချင်းပြတ်ပြတ်သားသားရွတ်သည်။ Colonel နဲ့ French Army ကို ပိုပိုသာသာဖိရွတ်သည်။
"I'm a Man of my mother land, not your little Boy, Alfarno"
"ကျွန်တော်ကအမိမြေရဲ့ စစ်သည်တော်တစ်ယောက်။ ခင်ဗျားလက်အောက်က ကြေးစားလူမိုက်မဟုတ်ဘူး"
Daniel တပ်သားတွေဘက်လှည့်ကာ ဖမ်းဖို့ပြောလိုက်သည်။
"ဖမ်းလိုက်တော့ အကုန်လုံးကို"
ထိုအချိန်မှာပင်
"ဒိုင်း!ဒိုင်း!"
Alfarno က Rino ခါးကြားကသေနတ်ကိုထုတ်ကာ Rino ခြေသလုံးကိုပစ်ပြီး ထွက်ပြေးသွားသည်။ Rino က တစ်ချက်ပြန်ပစ်လိုက်ပေမဲ့ Alfarno ရဲ့လက်မောင်းကိုဘဲမှန်သွားသည်။
ဂိုဏ်းသားတွေကပါ တရစပ်ပစ်လာကြပြီး တပ်သားတွေကပါ ပစ်ကြတော့သည်။ ဂိုဒေါင်ကျဉ်းကျဉ်းလေးက စစ်မြေပြင်အလား သေနတ်သံတွေနဲ့ဆူညံတာ ကြမ်းပြင်မှာကျည်ဆံခွံတွေပင်။ ဂိုဏ်းကဟာတွေက အထိခိုက်ပိုများနေသည်။ တပ်သားတွေက
Bulletproof Vestတွေနဲ့မလို့ အထိအခိုက်သိပ်မရှိကြ။ Dionက သစ်ခွဲစက်တွေနောက်မှာခုခံပြီး
ပစ်နေတဲ့Rinoနားသွားကာ တွဲခေါ်တော့ Rinoက သူ့ကိုထားခဲ့ခိုင်းပြီး Alfarnoနောက်လိုက်စေသည်။ Dion ပစ်ရင်းခတ်ရင်း Alfarno ထွက်ပြေးတဲ့ဂိုဒေါင်အနောက်ပေါက်ကိုလိုက်သွားသည်။ သစ်တုံးတွေကြားရောက်တော့ ရှေ့တစ်ပြလောက်အကွာရှိ
ညာဘက်မှာစီထားတဲ့ သစ်တုံးတွေနောက်ကနေ Alfarno က လှမ်းပစ်သည်။
Dion လဲ အကွေ့နားက စက်တွေကိုအကာအကွယ်ယူပြီး ပြန်ပစ်သည်။ ပစ်ရင်း သူ့ဘက်ကကျည်ကုန်သွားတော့ ထပ်ထွက်ပြေးသည်။ Dion က သူ့ညာဘက်ကပေါင်ကိုချိန်ပစ်လိုက်တော့ ခြေထောက်ထိပြီး ဆက်မပြေးနိုင်တော့ပေ။
"ငါ့လူကိုမထိနဲ့လို့ပြောတဲ့ကြားက အမှုန်အမွှားတဲ့လား။ ဟမ် အဲ့စကားကိုထပ်ပြောစမ်းပါ"
သူ့နားကိုသွားလိုက်ပြီး စက်တစ်ခုနားထိရောက်အောင်ဆွဲခေါ်သွားကာ စက်နဲ့သူ့နဖူးကိုသုံးချက်ဆင့်တိုက်လိုက်သည်။ သူ့ခြေသလုံးတစ်ဖက်ကိုပစ်လိုက်ကာ မလှုပ်နိုင်လောက်တဲ့အခြေအနေရောက်မှ Zoneတို့ရှိတဲ့နေရာဆွဲခေါ်သွားမလို့လုပ်တော့ Rinoက ထော့နဲ့ထော့နဲ့ဖြင့် ခြေထောက်တစ်ဖက်ကိုသေချာအားပြုပြီး Dion တို့နားရောက်လာသည်။
"Rhyne ။ ငါ့ကိုလက်စားချေခွင့်ပြုပါ"
"ဒီလူကို ငါFBIလက်ထဲအပ်ရမှာ Rino"
"Rhyne ။ကျေးဇူးပြုပြီးပါ"
Rinoက အသနားခံတဲ့ပုံမျိုးဖြစ်နေတဲ့အတွက် Dion Rinoလက်ထဲဘဲ အပ်ခဲ့လိုက်သည်။ ဒီလူသေသွားလဲ တစ်ရန်ငြိမ်းတာပါဘဲ။ Rinoအတွက်လဲ တရားမျှတမှုလိုတယ်မလား။ Dionသူတို့နှစ်ယောက်ကိုထားခဲ့လိုက်ပြီး ဂိုဒေါင်ထဲပြန်လာခဲ့သည်။
Dion ထွက်သွားပြီးတော့ Rino အဲ့လူဆံပင်ကနေဆွဲကာခေါင်းကိုမော့စေသည်။
"မင်း! မင်း ဘာလို့ငါ့ကိုသစ္စာဖောက်ရတာလဲ Rino။ ငါအယုံကြည်ဆုံးလူက ဘာလို့ငါ့ကိုသစ္စာဖောက်ရတာလဲ"
"ခံစားနေရတယ်မလား။ ခံစားစမ်းပါ။ ခင်ဗျားခံစားတာကိုမြင်ချင်နေတာ။ ကျွန်တော့်အဖေကိုသတ်တဲ့ခင်ဗျားနဲ့ ကျွန်တော် အိပ်ယာပေါ်ရောက်ရတိုင်းဘယ်လောက်တောင်ခံစားခဲ့ရသလဲ။ ခင်ဗျားကို ဒီ့ထပ်မက ကျွန်တော်ခံစားခဲ့ရတာထက်အဆပေါင်းများစွာပိုပြီးခံစားစေချင်တာ"
"မင်းဘာတွေပြောနေတာလဲ"
"14.8.1997 ။ ခင်ဗျားရဲ့ကုန်တွေပြန်ပေးပြီး အမှုပိတ်ဖို့ရဲတစ်ယောက်ကို ခင်ဗျားလာဘ်ထိုးခဲ့တယ်မလား။ ဒါပေမဲ့ အဲ့ရဲက ခင်ဗျားလာဘ်ထိုးတာကိုလက်မခံတော့ ခင်ဗျားပစ်သတ်ခဲ့တယ်လေ။ အဲ့ရဲကိုတင်မကဘူး အဲ့ရဲရဲ့မိန်းမကိုရောဘဲ။ ဘာအပြစ်မှမရှိတဲ့ ကျွန်တော့်အမေကိုရောလေ!!"
"မင်းက မင်းက အဲ့ဆို အဲ့လူရဲ့"
အယောင်အယောင်အမှားမှားနဲ့ စကားလုံးတွေထစ်နေတဲ့ အဲ့လူကိုကြည့်ကာ နာနာကြည်းကြည်းရယ်လိုက်မိသည်။
"ဟုတ်တယ် ကျွန်တော်က ခင်ဗျားသတ်ခဲ့တဲ့အဲ့ရဲရဲ့သားဘဲ။ ခင်ဗျားကျွန်တော့်အဖေကိုသတ်တုန်းက ကျွန်တော်က စာအုပ်စင်တွေအနောက်မှာရှိနေခဲ့တယ်။ ခင်ဗျားအကြင်နာတရားကင်းမဲ့စွာ ကျွန်တော့်အဖေနဲ့အမေကိုသတ်ပစ်ခဲ့တာကို ကျွန်တော်မြင်ခဲ့တယ်။"
ခေါင်းငိုက်စိုက်ကျသွားပြီး ဘာစကားမှထပ်ထွက်မလာ။
"ကျွန်တော်အဲ့ကထဲက ခင်ဗျားကိုပြန်သတ်နိုင်ဖို့က ကျွန်တော့်ရည်မှန်းချက်ဖြစ်ခဲ့တာ။ ကျွန်တော်အဲ့စိတ်နှင့် ခင်ဗျားနားကိုချဉ်းကပ်ခဲ့တာ။ ခင်ဗျားနဲ့အနီးဆုံးလူဖြစ်ဖို့ထိ စိတ်ကူးမရှိခဲ့ပေမဲ့ ကံကြမ္မာကကျွန်တော့်အပေါ်ဆိုဘယ်တော့မှ မျက်နှာသာမပေးပါဘူး။ မိန်းကလေးတစ်ယောက်နဲ့ချဉ်းကပ်ခိုင်းကြည့်ပေမဲ့ ခင်ဗျားက gayတဲ့။ ဘာလို့လဲ ဘာလို့ကျွန်တော်မှလဲ ဟမ်။ ဘာလို့ ဂိုဏ်းသားတွေအားလုံးထဲကမှ ဘာလို့ကျွနတော်ကို့မှခင်ဗျားချဉ်းကပ်ခဲ့တာလဲ။ ဘာလို့လဲ ဘာလို့ခင်ဗျားလိုချင်တာ ကျွန်တော်လဲ ဟမ်"
*ကိုယ်က မင်းကိုမှချစ်မိခဲ့တာဘဲ Rinoရယ်။ အတ္တတွေကြီးစွာနဲ့ပေါ့
"ဘာလို့ ကျွန်တော့်ကိုပါ မသတ်ခဲ့ရတာလဲ။ ဘာလို့ကျွန်တော့်ကိုမှချန်ထားရတာလဲ။ ခင်ဗျားသာသတ်ပစ်ခဲ့ရင် အခုလိုတွေကျွန်တော်ခံစားရမှာမဟုတ်ဘူး"
Rino ကျလာတဲ့မျက်ရည်တွေကို လက်ခုံနဲ့သုတ်ကာ Alfarno ခေါင်းကိုသေနတ်နဲ့တေ့လိုက်သည်။
"အခုကျွန်တော်ခံစားခဲ့ရတာတွေကို ဖြေဖျောက်ဖို့အချိန်ရောက်ပြီ။ ကျွန်တော်စောင့်စားခဲ့ရတဲ့အချိန်ရောက်လာပြီမလို့ ခင်ဗျားရဲ့သေနေ့စေ့ပြီ Alfarno ။ ငရဲကိုသွားလိုက်တော့"
"ဒိုင်း! ဒိုင်း! ဒိုင်း! "
အသက်မဲ့သွားပြီဖြစ်တဲ့ Alfarno ကိုကြည့်ပြီး Rinoစိတ်တွေပေါ့ပါးသွားသည်။ နောက်ဆုံးတော့သူလုပ်နိုင်ခဲ့ပြီ။
"အဖေ့ ကျွန်တော်လုပ်နိုင်ခဲ့ပြီ!!"
ကောင်းကင်ကြီးကိုကြည့်ကာ အော်တော့ ကောင်းကင်ထက်မှာအဖေ့ပုံရိပ်ဟာပေါ်လာပြီး Rinoကိုပြုံးပြနေသလိုပင်။
သူလဲ ငြိမ်းငြိမ်းချမ်းချမ်းနေသင့်ပါပြီ။
Daniel ကိုကူဖို့ Rino ဂိုဒေါင်ဘက်ကိုပြန်အလှည့်
"ဒိုင်း!"
ALFARNO လူယုံက Rinoရင်ဘတ်တည့်တည့်ကိုပစ်လိုက်ခြင်းဖြစ်သည်။ Rinoမြေပြင်ပေါ်လဲကျသွားပြီး အရာရာဝေဝါးသွားသည်။ အဲ့လူကို တခြားတစ်ယောက်ကပစ်လိုက်တာကိုလဲ ဝေဝေဝါးဝါးသာမြင်ရသည်။ အဲ့လူကိုပစ်လိုက်တဲ့လူ RinoဆီပြေးလာတာကိုRinoသိပေမဲ့ မျက်ခွံတွေဟာ အရမ်းလေးလံနေပြီဖြစ်သည်။ သူအရမ်းနားချင်နေပြီ။
စိတ်ကိုလျှော့ထားပြီးသားလူမလို့ သေရမယ်ဆိုရင်လဲ ဘာမှဝမ်းနည်းစရာမရှိတော့။ တဖြည်းဖြည်းလေးလံလာတဲ့မျက်ခွံတွေဟာ နောက်ဆုံးမှာအဆုံးတိုင်ပိတ်သွားခဲ့လေပြီ။ သူငြိမ်းချမ်းသွားပါပြီ။
___________________________________________
ဂိုဒေါင်က သေနတ်သံတွေကြားတော့ ဓီရာ Dion ကိုစိတ်ပူလာသည်။ အကိုဇုန်ကသူလိုက်သွားမယ်ပြောတော့ ဓီရာ့ကိုပါခေါ်ဖို့ပြောကြည့်သည်။ Zone အန္တရာယ်များတယ်ဆိုပြီး မလိုက်ဖို့ပြောပြီးသူတစ်ယောက်ကိုထွက်သွားသည်။ ကျန်တဲ့လူတွေကတော့ ဓီရာ့ကိုဝိုင်းနှစ်သိမ့်ပြီး အခြေအနေကိုကြည့်နေကြသည်။ သေနတ်သံအရေအတွက် စိပ်လာတော့ ဓီရာ့စိတ်တွေကနဂိုကထက်ဂနာမငြိမ်တော့။ ဓီရာ ထထွက်သွားတော့ နောက်ကနေလူတစ်ယောက်ထလိုက်လာသည်။ တားမယ်လို့ထင်မိပေမဲ့ မတားဘဲ ဓီရာ့ကိုအကာအကွယ်ပေးရင် ရှေ့ကနေ ဦးဆောင်ပြ၏။
ဂိုဒေါင်ပေါက်ဝနားရောက်တော့ အဲ့လူကအခြေအနေတစ်ချက်ကြည့်ပြီး သူ့လူအနည်းငယ်ကို ဝေါ်ကီတော်ကီကနေခေါ်လိုက်သည်။ သူ့လူရောက်လာတော့မှ ဓီရာ့ကိုသေချာအကာအကွယ်ပေးကြရင်း ဂိုဒေါင်ထဲဝင်၏။ ဂိုဒေါင်ထဲမှာ ဂိုဏ်းသားတွေ လဲကာသေဆုံးနေကြပြီး ဘယ်နှယောက်မှမကျန်တော့ပေ။ သို့သော် ဆိုက်ပွဲဟာမရပ်သေးပေ။
ဓီရာ့ကိုလှမ်းချိန်နေတဲ့လူကို ရဲတစ်ယောက်ကပစ်လိုက်တော့လဲကျသွားသည်။ နီးကပ်လာတဲ့သေနတ်သံတွေကြားမှာ Dionကိုသာ ရှာဖွေနေမိခဲ့သည်။ နောက်ဆုံးတော့သစ်စက်နားမှာ လူတစ်ယောက်ကိုပစ်လိုက်တဲ့ Dion က ဓီရာနဲ့အတူရှိတုန်းကပုံနဲ့ ကွဲပြားစွာ ကြောက်စရာကောင်းနေသည်။ ဒါပေမဲ့ ဒီပုံစံကိုလဲ ဓီရာချစ်ပါသည်။ Dion မလို့ချစ်နေတာဖြစ်တဲ့အတွက် Dark sideရော bright side ကိုပါ ဓီရာကြည်ဖြူစွာချစ်နိုင်ပါတယ်။ Dion dark sideကလဲ ဓီရာ့အပေါ်မှာ ဘယ်တော့မှစိတ်ညစ်ညူးစေမဲ့ တစ်ဖက်ခြမ်းဆိုတာဓီရာအကြွင်းမဲ့ယုံသည်။
လူဆိုးတွေအားလုံး လဲကျကုန်ကြတော့ စစ်သားနဲ့ရဲတွေက လူဆိုးတွေကိုစစ်ဆေးနေကြသည်။ ဓီရာ Dion ဆီ ပြေးသွားလိုက်တော့
"Dion "
"ဓီ"
ခက်ထန်နေတဲ့မျက်နှာဟာ ချက်ချင်းချိုသာစွာပြုံးပြနေခဲ့ပါတယ်။ ဓီရာပြေးသွားတော့ Dionဆီမရောက်ခင် "ဒိုင်း" ဆိုတော့ သေနတ်သံကြောင့် ဓီရာ့မျက်လုံးတွေဝေဝါးလာခဲ့တယ်။ ကျည်နှစ်ချက်က Dionနောက်ကျောကိုထိမှန်သွားသည်။
လဲနေတဲ့သူထဲကတစ်ယောက်ကထလာပြီးDionကိုပစ်လိုက်ခြင်းပင်။
"Dion!!!"
အဲ့လူကို Daniel ကနောက်လှည့်ကာပစ်လိုက်ပြီး ချက်ချင်း ဓီ့ဆီကိုတစ်ဟုန်ထိုးပြေးလာကာ ဓီ့ကိုအနောက်ပို့ပြီး သူ့ခန္ဓာကိုယ်နဲ့ကာကာ ဂိုဒေါင်အပေါက်နားကလူပစ်လိုက်တဲ့ ကျည်ဆန်ကို ဓီ့ကိုယ်စားဝင်ခံသည်။ ဓီ့အော်သံကြောင့် အကိုဇုန်က ဓီတို့ဘက်ရောက်လာကာ အဲ့လူကိုလှမ်းပစ်လိုက်သည်။
ချက်ချင်းပြိုကျလာတဲ့ Dionခန္ဓာကိုယ်ကိုထိန်းရင်း ဓီရာထိုင်ချလိုက်တော့ Dionခေါင်း က ဓီရာ့ရင်ခွင်ထဲကနေ ပေါင်ပေါ်ကိုရောက်သွားသည်။
"Dion ။ Dion "
အသံတွေတုန်ခိုက်စွာDion နာမည်ကို ကြောက်လန့်တကြားခေါ်နေမိသည်။ သူ့ကြောင့်မလား သူ့ကြောင့်မို့ Dion အခုလိုဖြစ်တာ သူသာသတိလက်လွတ် ပြေးမသွားရင် Dion ဒီလိုဖြစ်မှာမဟုတ်ဘူး။ သူ့ကြောင့်သာ Dion…Dionအခုလိုဖြစ်ရတာ။
*ဓီရာလင်း မင်းကတကယ်ဂြိုဟ်ဆိုးဘဲ
အဆက်မပြတ်ကျလာတဲ့မျက်ရည်တွေကို Dion က အားတင်းပြုံးပြရင်း ခပ်ဖွဖွသုတ်ပေးသည်။
"မ...မငိုပါနဲ့"
ဗိုက်ကဒဏ်ရာကိုဖိကာ အားယူပြီးပြောနေသည့် Dion မျက်နှာကိုဓီအုပ်မိုးကိုင်ကာ မျက်နှာခင်းအပ်မိသည်။
"ကျွန်တော့်ကြောင့် ကျွန်တော့်ကြောင့် Dionအခုလိုဖြစ်ရတာ။ ကျွန်တော်သာ တဇွတ်ထိုးပြေးမလာခဲ့ရင်…"
တဖြည်းဖြည်းတိမ်ဝင်သွားတဲ့ အသံအပြင်တခြားဘာစကားမှထပ်ထွက်မလာဘဲ ငိုရှိုက်သံသာကြားနေရသည်။
"မဟုတ်တာ။ ဓီ့အပြစ်မဟုတ်လို့ အဲ့လိုမျိုး အာ့ကျစ်… အပြစ်မတင်ပါနဲ့။ ဓီဘာမှမဖြစ်ရင် ကိုယ့်အတွက်အဆင်…အဆင်ပြေတယ်ဓီရဲ့"
"မဟုတ်တာ မဟုတ်ဘူးလေ။ ဘာလို့အဆုံးစွန်ထိ
You are reading the story above: TeenFic.Net