SSFE-T -- 10(Uni)

Background color
Font
Font size
Line height


Song recommended - သူ့အချစ်(ဟန်ထွန််း)

Unicode

လွန်ခဲ့တဲ့နှစ်ရက်က ဓီရာ့ရဲ့‌သွေးဖြူဥအားနည်းတဲ့ရောဂါကြောင့် ဆေးခန်းသွားပြရသေးသည်။ အငိုလွန်ပြီးဖျားတာကနေ ရောဂါကပြန်ထလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံပြန်ရောက်မှ သွေးသွင်းမယ်လို့စီစဉ်ထားပေမဲ့ ဘယ်လိုမှမတတ်သာတဲ့အခြေအနေကြောင့် ဒီမှာဘဲဆေးသွင်းလိုက်ရသည်။ ဓီရာ့သွေးအမျိုးအစား O(minus)နဲ့တူတဲ့အလှူရှင်ကိုအမြန်ဆုံးရှာတွေ့လို့ တော်သေးသည်ဟုပြောရမည်။ ထိုသွေးလှူရှင်ကိုဓီရာမြင်လဲမမြင်လိုက်ရသလို ကျေးဇူးလဲမတင်လိုက်ရပါ။ ဒေါက်တာ့ကိုအလှူရှင်နာမည်မေးတော့လဲ ထိုအလှူရှင်ကပြောမပြဖို့တောင်းဆိုသွားလို့ဆိုပြီးပြောမပြပေ။ တကယ်ထိုအလှူရှင်ဟာဘယ်သူလဲဆိုတာ ဓီရာသိချင်မိသည်။
သိချင်တဲ့စိတ်ကြောင့် ညဘက်တွေမှာမအိပ်နိုင်။ သိချင်တဲ့စိတ်ကြောင့်ဆိုတာထက် အဲ့ဒီ့အလှူရှင်ဟာ Dion များလား ဆိုတဲ့စိတ်ကြောင့်ဆို ပိုမှန်လိမ့်မည်။ အကိုဇုန့်ကိုမေးတော့ သူလဲမသိဘူးဟု ငြင်းသည်။ Dion သာဆို အကိုဇုန်ကအမှန်အတိုင်းပြောပြမှာပင်။

"ဓီရာ ဘာတွေတွေးနေပြန်တာလဲ"

"အလှူရှင်အကြောင်းပါ အကိုရယ်"

"Davion လို့ထင်နေတုန်းလား။ သူမဟုတ်ဘူး ဓီရာရဲ့ သူသာဆိုအကိုကငါ့ညီကိုဘာလို့လိမ်မလဲ။ ပြီးတော့အဲ့ကောင်သွေးက Bသွေး"

"အဲ့ဆိုဘယ်သူလဲမသိဘူးနော်။ တွေ့ချင်လိုက်တာ။ ဘာရယ်မဟုတ်ကျေးဇူးတင်ချင်လို့ပါ"

"ဟုတ်ပါပြီ။ အခုတော့အပေါ်ထပ်ဝတ်လိုက်ဦး။ အပြင်ကလေတိုက်တော့အေးမှာ"

အကိုဇုန်လှမ်းပေးတဲ့ အပေါ်ထပ်cardiganလေးထဝတ်လိုက်သည်။ ဒီနေ့ Seineမြစ်ကို ဖြတ်ပြီးတံတားတည်ထားတဲ့ တံတားတစ်ခုဖြစ်တဲ့ "Le Pont Neuf"ကိုသွားမှာဖြစ်သည်။ အကိုဇုန်က လိုက်ပို့ပေးမယ်ပြောလို့ ဒီနေ့သွားကြမလို့ပင်။လေကောင်းလေသန့်ရှူရင်း ပြင်သစ်မြို့ရဲ့အလှတရားကိုတစ်ဝကြီးခံစားကြည့်မည်။

အလှတရား..... ရှုခင်းတွေက အဲ့လူမပါရင်ပြည့်စုံပါ့မလား။

တိုက်ဆိုင်မှုတွေရှိလို့ သတိရတိုင်း
ကျွန်တော်ဟာ ခင်ဗျားရဲ့အမည်နာမကိုဘဲ
ရေရွတ်တမ်းတမိနေတာဆိုရင်
ခင်ဗျားယုံနိုင်ပါ့မလား။

"ကဲ အကုန်ပြီးပြီဆိုတော့ သွားကြတာပေါ့"

အကိုဇုန်ကသူ့ကားယူလာတာတော့ အဲ့ကားနဲ့ဘဲ ဓီရာတို့သွားကြသည်။ "Le Pont Neuf" ကိုသွားတဲ့လမ်းတစ်လျှောက် မြင်ရတဲ့မြင်ကွင်းတွေမှာ အတိတ်ပုံရိပ်တွေ ထင်ဟပ်နေသယောင်။
ရုတ်တရက် လက်တွေကိုတင်းကြပ်စွာဆုပ်ကိုင်မိတော့ လက်‌တွေဟာအေးစက်နေ၏။

//"လက်အေးခြေအေးကမကောင်းဘူး ဓီရဲ့။ ဒီလိုရာသီမှာတောင် လက်ကအေးနေတာဆိုတော့ ကျန်းမာရေးပိုဆိုးလိမ့်မယ်။ လာ နွေးသွားအောင်
ကိုယ့်အိတ်ကပ်ထဲလက်ထည့်ထား"

အင်း... Dion သာ ကျွန်တော့်ဘေးရှိရင် ကျွန်တော့်လက်တွေဟာ နွေးနေမှာ‌နော်။

တွန်းထုတ်မိတဲ့သူက ကျွန်တော်ပါ
တမ်းတမိသူကလဲ ကျွန်တော်ပါဘဲ
ခင်ဗျားကျွန်တော့်နားမှာမရှိမှ
ကျွန်တော့်ရဲ့လိုအပ်ချက်‌တွေဟာ
သိသာလာတယ် ခင်ဗျားရယ်။

"Le Pont Neuf"ကိုရောက်တော့ တံတားထိပ်မှာဆင်းလိုက်ပြီး coffeeတစ်ခွက်နဲ့ ပေါင်မုန့်တစ်ခုဝယ်ကာ တံတားပေါ်ရောက်လာခဲ့သည်။ ရှူရှိုက်လိုက်ရတဲ့ လေကောင်းလေသန့်တွေက စိတ်ကိုလန်းဆန်းစေလျက် လေညှင်းတွေက နှာဖျားမှာတိုးဝှေ့လို့ နွေဦးရဲ့လေရူးတွေကို အပြည့်အဝခံစားရသည်။ ကောင်းကင်ကိုတိမ်ဖုံးလို့နေရောင်မရှိတဲ့ နေ့ရက်မှာ ခံစားချက်တွေမှုန်မှိုင်းနေတာ နွေဦးရဲ့နေရောင်နွေးနွေးလေးမရှိလို့လား။

ဒါမှမဟုတ် ခင်ဗျားမရှိလို့ဘဲလား....။

မြစ်ရေပြင်ကျယ်ကို ကြည့်နေတဲ့မျက်ဝန်းတွေဟာ ကောင်းကင်နည်းတူမှုန်မှိုင်းနေလေသည်။

"ဟင်း....."

သက်ပြင်းဖွဖွဟာ သက်ပြင်းရှည်ဖြစ်နေလေသည်။

"အနွေးထည်လေးတစ်ထည်တည်းနဲ့ လေစိမ်းတွေတိုက်နေတာကို"

Coffeeဆိုင်ထဲက လူတစ်ယောက်ရဲ့တီးတိုးရေရွတ်သံမှာ မျက်ခုံးတွန့်ကွေးခြင်းမရှိ၊ ခက်ထန်မာကျောနေခြင်းမရှိဘဲ စိုးရိမ်ပူပန်ခြင်းကြောင့်သာ ညှိုးနွမ်းနေသည်။ ဇုန့်ကိုဒီနေ့ "Le Pont Neuf" ကို ဓီနဲ့လာခဲ့ဖို့ပြောပြီး ရောက်နေခြင်းပင်။ အစကအစောကြီးလာစောင့်မလို့ပေမဲ့ စိတ်မချတာနဲ့
တိုက်ခန်းကနေစထွက်ကထဲက ဓီ့နောက်ကနေ ဆိုင်ကယ်နဲ့တောက်လျှောက်လိုက်ခဲ့ခြင်းဖြစ်သည်။
ဓီကတော့သတိထားမိပုံမပေါ်။

coffeeဆိုင်ဝင်ပြီး ပေါင်မုန့်ဝယ်တဲ့အချိန်၊ တံတားပေါ်ကိုလမ်းလျှောက်သွားတဲ့အချိန်၊ မြစ်ပြင်ကျယ်ကိုငေးကြည့်နေတဲ့အချိန်အထိ Dion မှာ မျက်ခြည်မပြတ်စောင့်ကြည့်နေခဲ့တာပင်။

ဓီ နှင်ထုတ်လိုက်တဲ့ညက Paris မြို့ရဲ့လမ်း‌မပေါ်မှာ တစ်ယောက်တည်း လေလွင့်နေခဲ့တာ။ ဝမ်းနည်းတဲ့စိတ်ကလွဲပြီး ဘာဆက်လုပ်ရမလဲမသိအောင်ကို Dion စိတ်က အစိုးမရနေခဲ့မိတာ။ ဓီနဲ့မတွေ့ရတဲ့နေ့တွေမှာလို့ပြောလို့မရအောင် ဓီ့နောက်ကိုအရိပ်လိုနောက်ယောင်ခံလိုက်နေတော့ ဓီကသူ့ကိုမတွေ့ရပေမဲ့ သူကတော့ဓီ့ကိုအမြဲတွေ့နေရသည်။ တွေ့ရတာမဟုတ်ဘဲ ငေးရတာပေါ့။ ဓီသိတဲ့အမှန်တရားက တကယ့်အမှန်တရားမဟုတ်နေတာကို ရှင်းပြချင်လျက်နဲ့ ရှင်းပြခွင့်မရနိုင်ခဲ့ဘူး။ ရှင်းပြလို့လဲမရတဲ့ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်နေတာဟာ Dion ကို အလုပ်နဲ့ကိုယ်ရေးကိုယ်တာခံစားချက်ကြားမှာ ဗျာများစေခဲ့တာပင်။

Dion ဒီအလုပ်ကိုမကြာခင်လက်စသတ်တော့မှာပင်။ ဒါပြီးရင် ဓီ ဆိုတဲ့ အိမ်လေးမှာဘဲ အမြဲခိုလှုံချင်တော့သည်။ ဓီမရှိရင် သူ့ဘဝက ဘဝအဓိပ္ပာယ်မရှိတဲ့ဗလာသက်သက်သာ။ သူ့ရဲ့ ဖြစ်တည်မှုက ဓီ အနားမှာရှိနေမှ ဖြစ်တည်မှုမည်တာမျိုး။ ဒါပေမဲ့ ဓီသူ့ကိုလက်မခံရင်လဲ သူဇွတ်အတင်းမတိုးပါဘူး။ အဓိကက ဓီပျော်ဖို့အရေးကြီးတာမလို့ ဓီသာပျော်မယ်ဆို သူအကုန်လုံးကိုပေးဆပ်ဖို့အသင့်ပါ။

အလုံးစုံသောချစ်ခြင်းတွေမှာ
အတ္တကင်းကင်းနဲ့
ပျော်နေပြုံးနေတာဘဲ
အစဉ်မြင်လိုတဲ့
မေတ္တာသာပါဝင်စွက်ဖက်နေတာပါ။

ဒီနေ့တော့ သူဓီ့ရှေ့ကို ထွက်ဖို့စဉ်းစားထားသည်။ Dion coffee ဆိုင်ကနေထွက်ကာ ဓီ့ဆီတည့်တည့်လျှောက်သွားလိုက်သည်။

"ဓီ"

ရှုခင်းတွေကိုငေးနေတုန်း ရင်းနှီးမှုရှိတဲ့အသံကိုကြားလိုက်ရတာကြောင့် ဓီရာအနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါ Dion က သူ့ဆီတည့်တည့်လျှောက်လာသည်။

"ဓီ"

Dion ခေါ်လိုက်လို့ တုန်သွားတဲ့ ခန္ဓာကိုယ်လေးက
အနောက်လှည့်ကြည့်ကာ Dion ဆီပြေးလာပြီး Dion ကိုဖက်လေသည်။ မထင်မှတ်ထားတာကြောင့် ကြောင်ပြီးရပ်‌နေမိသည်။ သူထင်ထားတာ သူ‌နဲ့‌တွေ့ရင် ထွက်ပြေးလောက်မယ်ဆိုပြီး အခုပြေးဖက်လိုက်တဲ့ဓီကြောင့် Dion အံ့ဩရသည်။

မကြာခင်ရှိုက်သံသဲ့သဲ့လေးထွက်လာသည်။ ဓီ့ခေါင်းကို ဖွဖွလေးပွတ်ပေးတော့ Dion ရင်ဘတ်ကိုမျက်နှာအပ်ကာ ငိုတော့သည်။ Dion ဘာစကားမှမပြောဘဲ ဖက်ပေးထားလိုက်သည်။ နာကျင်နေတာ‌တွေလျော့ပါးပါစေ။

အဲ့နေ့က ဇုန်ပို့ပေးတဲ့ အသံဖိုင်ကိုနားထောင်ပြီး Dionအပေါ်ထားတဲ့ ဓီ့သဘောထားကိုသိလိုက်ရတော့ စိတ်ထဲကြည်လင်သွားရသည်။ တစ်ပြိုင်နက်တည်းမှာဘဲ သူ့ကိုစွန့်ပစ်သွားမှာကြောက်နေတဲ့ဓီ့ကြောင့် စိတ်မကောင်းပေ။ ဇုန်ကသူ့ကိုအသံဖိုင်ပို့ပေးတာကို ဓီကမသိသေးပါ။ အမြဲဟန်ဆောင်ကောင်းတဲ့ဒီကောင်လေးက ဒီလိုခံစားချက်တွေကိုမြိုသိပ်နေရပါလား။ ပိုပြီးသနားစိတ်နဲ့ ကြင်နာစိတ်တို့အချိုးကျရောပြီး နွေးထွေးစေလိုသောစိတ်ဖြင့် တင်းတင်းကြပ်ကြပ်‌လေးဖက်ထားပေးမိသည်။

လွမ်းနေခဲ့ရတာ......။
အမြဲတမ်းအဝေးကနေငေးနေရလဲ လွမ်းနေရတာ။
ညတိုင်းလိုလို အိပ်ပျော်နေတဲ့ဓီ့မျက်နှာလေးကို
ကြည့်နေရလဲ လွမ်းနေရတာ။

တံတားအလယ်ခေါင်ကြီးမှာမလို့ လူတွေကကွက်ကြည့်ကွက်ကြည့်လုပ်နေကြတာလဲ Dion ဂရုမစိုက်ပါ။ ငိုနေတဲ့ ဓီရဲ့မျက်နှာကို အုပ်ကိုင်ကာမော့လိုက်ပြီး မျက်ရည်တွေကိုလက်မဖြင့်သုတ်ပေးတော့ ခါးကိုအတင်းပြန်ဖက်ပြီး ရင်ဘတ်ကိုမျက်နှာထပ်အပ်လေသည်။ ဓီ့ပုံစံက အပြင်သွားမဲ့အမေ့ကိုတဂျီဂျီလုပ်ပြီးအတင်းကပ်နေတဲ့ကလေးလေးလိုပင်။

Dion က ဓီ့ဆံပင်တွေကိုဖွကာ

"ဓီ"

"ထပ်မထွက်သွားပါနဲ့တော့။ ကျွန်တော် နှင်မထုတ်တော့ပါဘူး။ ကျွန်တော်နှင်မထုတ်တော့မှာမလို့ Dionက ကျွန်တော့်ဘေးမှာနေပေးပါ"

ရှိုက်သံတွေနဲ့ရောထွေးစွာ ထွက်လာတဲ့စကားသံတွေနှင့်အတူ ခါးကိုဖက်ထားတဲ့လက်တွေကပိုတင်းကြပ်လာသည်။

"ဓီ ကိုယ့်ကိုကြည့်ပါဉီး"

ဓီ့မျက်နှာကို အုပ်ကိုင်ကာ မော့စေပြီး Dion က ဓီ့နဖူးထက်ကို အနမ်းတစ်ပွင့်ခြွေလိုက်သည်။

"ကိုယ်က ဓီ့အနားမှာတစ်သက်လုံးနေဖို့ပြန်လာတာပါ။ ဓီကသွားပါလို့နှင်ရင်တောင် ကိုယ်ကဓီမသိအောင် ဓီ့နောက်ကိုလိုက်နေမဲ့သူမလို့ ဓီ့အနားကကိုယ်မထွက်သွားပါဘူး။ ဓီကယုံပေးနော်။ ကိုယ်ကဓီ့ကိုမထားသွားမှာမို့ ဓီကကိုယ့်ကိုယုံပေးပါ"

"Dion "

ထပ်ငိုလာတဲ့သူကြောင့် Dion ရေးရေးလေးပြုံးမိသွားသည်။ ဓီက ဒီလောက်တောင်အငိုသန်တဲ့ကလေးလား။

"မကျန်ခဲ့ချင်ဘူး"

"မချန်ခဲ့ပါဘူး။ ကိုယ်ကအမြဲဓီ့အနားမှာရှိနေပေးမှာ"

"ကျွန်တော်...ကျွန်တော် Dion ကိုချစ်တယ်"

"ကိုယ်က ဓီ့ကိုအများကြီးပိုချစ်တယ်"

တံတားပေါ်ကလူတွေကတော့ ဒီလူနှစ်ယောက်ကို အပြုံးများဖြင့်သာ ကြည်နူးရိပ်တွေနဲ့ ကြည့်သွားကြလေသည်။ LGBTQ+ ကို လက်ခံထားကြတဲ့သူတွေမလို့ ဒီလူနှစ်ယောက်ဟာ သူတို့အတွက်တော့ အချစ်ကိုမျှဝေခံစားကြတဲ့သူတွေပါဘဲ။

ခပ်လှမ်းလှမ်းကနေလှမ်းကြည့်နေတဲ့ Zoneကလဲ ပြုံးလို့။

"အင်း... ဒီလိုကျတော့လဲ အချစ်ကအေးချမ်းပါလား"
___________________________________________

"ဓီ"

ဓီ့ကို ကော်ဖီခွက်တစ်ခွက်ကမ်းပေးရင်း ဓီ့ဘေးနားဝင်ထိုင်လိုက်သည်။ Dion ဝင်ထိုင်လိုက်တော့ အိပ်ယာက အိကျသွားသည်။ အခုDion ရဲ့တိုက်ခန်းကိုရောက်နေတာဖြစ်သည်။ သူငိုရတာပင်ပန်းနေတာနဲ့ public areaမလို့စကားပြောရတာအဆင်မပြေတာနဲ့ တံတားကနေ Dion တိုက်ခန်းရောက်လာခြင်းပင်။ Zoneကတော့ နှစ်ယောက်ထဲနေရအောင်ဆိုပြီးရှောင်ပေးသည်။

တိုက်ခန်းကိုရောက်လာတော့ ဓီကသူနဲ့မျက်နှာချင်းဆိုင်တိုက်ခန်းဘက်ကအခန်းမလို့ အံ့ဩနေသည်။ ရှက်နေတဲ့ဓီက Dion ဘက်မလှည့်ဘဲ တစ်ဖက်ကိုလှည့်ကာ Dion ကမ်းပေးတဲ့ဖျော်ရည်ကိုသောက်နေသည်။ ဘေးတိုက်မြင်နေရတဲ့ ပါးပြင်ပေါ်ကသွေးကြောနီလေးတွေ၊ ငိုထားလို့နီနေတဲ့နှာခေါင်းလေးနဲ့ ဘယ်ဘက်နှုတ်ခမ်းစွန်းလေးကအစ Dionကချစ်ရပါတယ်။

"ကိုယ် ဓီ့ကိုအနီးအနားကနေ စောင့်ရှောက်လို့ရအောင် ဒီတိုက်ခန်းကိုငှားလိုက်တာ။ ဒီအခန်းကလူရှိနေလို့ ‌တောင်းတဲ့တန်ဖိုးရဲ့သုံးဆကို‌ပေးပြီး ငှားထားတာ။ ဒီအခန်းကနေဆို ဓီ့အခန်းကိုတိုက်ရိုက်မြင်ရတယ်လေ။ ဓီမှန်တံခါးကိုဖွင့်ပြီးနေတဲ့အခါတိုင်း ကိုယ်က ဓီလုပ်သမျှကိုမြင်နေရတာ။ ကိုယ်လေ ဓီ့မျက်နှာလေးနွမ်းနေတိုင်း ရင်ဘတ်ထဲကတဆစ်ဆစ်နဲ့။ ကိုယ်မကောင်းဘူးမလား ဓီ။ ကိုယ်ကဓီ့ကိုမပျော်ရွှင်စေဘူး"

"မဟုတ်တာ။ ကျွန်တော်ကသာ Dion ကိုနာကျင်စေသူပါ"

"ကိုယ်ရဲ့နာကျင်မှုက ဓီ့ကြောင့်မဟုတ်ပါဘူး။ ဓီက‌ ကိုယ့်ကိုပျော်ရွှင်မှုနဲ့အချစ်ကိုပေးတဲ့သူပါ။ ကိုယ့်ခံစားချက်တွေကနာကျင်နေရတယ်ဆိုရင် အဲ့ဒါကိုယ့်ကြောင့်ဘဲ။ ဓီနဲ့ဘာမှမဆိုင်ဘူး"

"ကျွန်တော်တောင်းပန်ပါတယ် Dion ။ ကျွန်တော်အရမ်းမှားသွားတယ်။ ကျွန်တော့်အယူအဆအတွက်နဲ့ Dion ကိုတွန်းထုတ်မိတယ်"

ထပ်ငိုတော့မဲ့ဓီ့ရဲ့ လက်ကိုလက်နှစ်ဖက်နဲ့‌ဆုပ်ကိုင်လိုက်တော့ မျက်တောင်လေးတွေပုတ်ခတ်ပုတ်ခတ်နဲ့ Dion ကိုစောင်းကြည့်လာသည်။

"ကိုယ်သာ ဓီရာပြောတဲ့နေ့ကထဲဆက်မတိုးခဲ့ရင် ဓီလဲကိုယ့်ကိုနှင်မှာမဟုတ်ဘူးလေ။ ဓီ့ရဲ့ရည်ရွယ်ချက်ကို ဓီကပြောပြသားဘဲ ကိုယ်ကဆက်တိုးခဲ့သူမလား။ ဓီ့အယူအဆကြောင့် ကို့ယ်ကိုနှင်တာကလဲ မှန်ကန်တဲ့လုပ်ရပ်ပါဘဲ ။ ဓီကအခုလိုကိုယ့်ကိုပြန်လက်မခံရင်တောင် ကိုယ်ကအပြစ်မမြင်ပါဘူး။ ‌ကျေကျေနပ်နပ်နပ်ကြီးချန်ထားခံမှာ။ ဖြစ်ပျက်သမျှအကြောင်းတွေမှာ ကိုယ့်ဘက်ကဘဲမှားတာမလို့ ဓီကိုယ့်ကိုယ်ကိုယ်အပြစ်မတင်နဲ့နော်။ ဟုတ်ပြီလား"

တအိအိပြိုကျလာတဲ့မျက်ရည်တွေက ဘယ်လိုမှတားမရ။ ဘာလို့အကုန်လုံးသူ့အပြစ်ချည်းဘဲလဲ။ ကိုယ့်ကိုအပြစ်တင်လိုက်ရင်တောင် ဒီ့ထက်ခံသာဦးမယ်။ ဘာလို့အဲ့လောက်တောင် ချစ်ရတာလဲလို့။

"ဟော ငိုပြန်ပြီ။ ကိုယ်နဲ့အတူမရှိတဲ့အချိန်အတွင်းမှာ တော်တော်‌လေး အငိုသန်လာပါလား။ ဟင်။ အငိုသန်တဲ့ကလေးလေးလား ဓီက"

"Dion ကြောင့်လေ။ အဲ့တာ Dionကြောင့်"

"ဟုတ်ပါတယ် ကိုယ့်ကြောင့်ကိုယ့်ကြောင့်။ ကိုယ်မကောင်းလို့ ကိုယ့်ဓီလေး အငိုသန်ရတာ"

ရယ်သွမ်းသွေးနေတဲ့အသံနဲ့ ပြောပြီး အင်္ကျီလက်နဲ့ မျက်ရည်တွေသုတ်ပေးသည်။

"ဘာလို့လဲ။ ဘာလို့ အကုန်လုံးကို ကိုယ့်အမှားကိုယ့်အမှားဆိုပြီးလုပ်နေရတာလဲ။ ဓီမှားတယ်ဆိုပြီး ပြောလိုက်ရင်တောင် ကျွန်တော်ကနေသာဦးမှာကို။ အခုကျပိုခံစားရတယ်။ အဲ့တာကိုသိလား"

"ကိုယ်ကမှ ဓီ့အပြစ်လို့မမြင်ဘဲဓီရယ်။ ဓီ့အမှားလို့ မပြောရက်ပါဘူး။ ကိုယ်ကချစ်ဘဲချစ်တတ်တာဓီရဲ့ အပြစ်မမြင်တတ်ဘူး"

"ဘာလို့အဲ့လောက်တောင်ချစ်ရတာလဲ။ ကျွန်တော်က Dion လောက်မချစ်ပေးနိုင်ရင်ဘယ်လိုလုပ်မလဲ"

"ချစ်ပေးသလောက်ဘဲ အချစ်ခံမယ်လေ။ ကိုယ်ကဘဲပိုချစ်ပေးချင်တဲ့သူဆိုတော့ အဆင်ပြေပါတယ်ဓီရဲ့"

"ကျွန်တော်ကကျအားနာရတယ်။ ပြီးတော့ ဘာလို့Dionလောက်မချစ်ပေးနိုင်ရတာလဲဆိုပြီး ကိုယ့်ကိုကိုယ်အားမရဖြစ်တယ်။ အဲ့ကျ ကိုယ့်ကိုယ်ကိုယ်မကျေနပ်တော့ဘူး"

"အားနာစရာလဲမလိုဘူး။ အားမရစရာလဲမလိုဘူး။ မကျေနပ်စရာလဲမလိုဘူး။ ဓီက ကိုယ့်ကိုချစ်တယ်ဆိုရင်ကိုကိုယ့်အတွက်လုံလောက်ပြီ။ ကိုယ်ကဘဲပိုချစ်ချင်တဲ့သူလို့ ဓီရဲ့။ ဓီချစ်ပေးသမျှက ကိုယ့်အတွက်နည်းတယ်များတယ်ဆိုတာမရှိဘူး။ အဲ့တာကြောင့် ဘာမှမကျေနပ်မဖြစ်နဲ့။ အတွေးလွန်တတ်လိုက်တာနော် ကိုယ့်ဓီလေးက"

အူယားစွာနဲ့ ခေါင်းကိုဖွတော့ ဓီကသူ့လက်ကိုခေါင်းပေါ်ကနေဖယ်ပြီး ဆုပ်ကိုင်လိုက်သည်။

"ကျွန်တော်က ပစ်သွားရင်ရော"

"ကိုယ်ကအမြဲချစ်မဲ့သူလေ ဓီရဲ့။ ဓီကိုယ့်နားမှာဘဲရှိရှိ ကိုယ့်ကိုဘဲထားသွားသွား ကိုယ်ကချစ်နေမှာဘဲ။ အနားမှာရှိပေးနေရင်တော့ပိုကောင်းတာပေါ့ဓီရယ်"ဟု ခပ်ပြုံးပြုံးသာပြောလာသည်။

"ကျွန်တော် Dion ကိုဘယ်တော့မှထားမသွားဘူး။ Dion နားဘဲအမြဲရှိနေတော့မှာ။ ဒီလက်ကိုကျွန်တော်အမြဲဆုပ်ကိုင်ထားမှာ။ အဲ့တာDionသိလား"

"သိပါပြီဗျာ သိပါပြီ"

"ဓီက ကိုယ်မရှိတဲ့အတောအတွင်း တော်တော်လေးပြောင်းလဲသွားတယ်နော်။ စကားတွေတတ်လာသလားလို့"

"Dion ကိုမမှီပါဘူး။ တော်တော်လေးကိုပြောတတ်လာတယ်။ မြန်မာစာတွေခိုးသင်နေတာလား"

"ဒါပေါ့ ညတိုင်းမြန်မာစာလေ့လာတယ်လေ။ ချစ်သူလေးက မြန်မာဆိုတော့ ဒီပြင်သစ်သားက မြန်မာစာကိုမဖြစ်မနေသင်ရတော့တာ‌ပေါ့"

"အပိုတွေ"

နှာခေါင်းရှုံ့ကာ ပြောတော့

"တကယ်ပါဆို။ ဘာလဲဓီကမယုံတာလား။ စာအုပ်ယူပြရဦးမလား"

"တော်ပါတော်ပါ"

"ဓီ သိလား။ ကိုယ်လေ ဓီ့အနားကိုညတိုင်းရောက်လာပြီး ဓီ့မျက်နှာလေးကိုတစိမ့်စိမ့်ငေးကြည့်နေရတာတောင် ကိုယ်ဓီ့ကိုလွမ်းတုန်းဘဲ။ ဓီ့အနားမှာရှိခွင့်မရတဲ့နေ့ရက်တိုင်းက ကိုယ့်အတွက်တော့ခြောက်သွေ့တဲ့ရက်တွေဘဲ။ ကိုယ်တဇွတ်ထိုးမဆန်ခဲ့တာက ဓီ့ကိုထပ်မနာကျင်စေချင်လို့ပါ။ ကိုယ်မလိမ်ဘဲအမှန်အတိုင်းဖြေခဲ့တယ်ဆိုတာကလဲ ဓီ့အပေါ်ကိုကိုယ်ဘယ်အရာမှဖုံးကွယ်မထားချင်လို့"

Dionက ဓီရာပြောတာတွေကို‌သိနေတာလား။ အကိုဇုန်ပြောပြထားတာထင်တယ်။ ဓီရာမျက်လုံးလေးလှန်ကြည့်‌တော့Dion ကဖြေရှင်းချက်ပေးသည်။

"ကိုယ်သိတယ် ဇုန်ပြန်ပြောပြထားတာ"

အသံဖိုင်ကိစ္စပြောရင် ဓီရှက်နေမစိုးလို့ Dionလိမ်လိုက်သည်။

"ကိုယ်ကဒီအလုပ်ကိုမကြာခင်စွန့်လွှတ်တော့မှာပါ။ ကိုယ့်ရည်ရွယ်ချက်က ဒါမဟုတ်သလို ကိုယ်လုပ်ရမဲ့အလုပ်ကလဲမကြာခင်ပြီးဆုံးတော့မှာ။ ဓီသိချင်တဲ့အမှန်တရားကို ကိုယ်ပြောပြ"

Dionစကားမဆုံးခင် ဓီရာကလက်ညှိုးနဲ့ Dion နှုတ်ခမ်းကိုပိတ်လိုက်သည်။

"မသိချင်ပါဘူး။ Dion အနားရှိနေရင်ရပြီမလို့ အဲ့အမှန်တရားကိုကျွန်တော်မသိရလဲဖြစ်တယ်။ ကျွန်တော်အဲ့တာတွေကိုဂရုမစိုက်ပါဘူး။ ကျွန်တော်ချစ်တဲ့သူ ကျွန်တော့်နားရှိနေပေးရင်ရပြီ။ အဲ့တာကြောင့် မပြောပြနဲ့တော့"

"ဟုတ်ပါပြီ"

ဓီကို ရင်ခွင်ထဲဆွဲသွင်းပြီး ဓီ့လက်လေးတွေကို သူ့လက်ဖဝါးနှင့်ဆုပ်ကိုင်မြဲဆုပ်ကိုင်ထားလိုက်သည်။

"ကျွန်တော်လေ Dion ဆိုပြတဲ့သီချင်းလေးကို အသံသွင်းထားတော့ ည‌တိုင်းနားထောင်ပြီးအိပ်ဖြစ်တယ်။ Dion အနားမရှိတောင် Dion အသံကကျွန်တော့်ကိုနွေးထွေးမှုပေးလွန်းတယ်။ ကျွန်တော်လေ Dion ကိုအများကြီးချစ်တာဘဲ။ ပြောရတာ ရှက်တော့ရှက်ပေမဲ့ တကယ်အများကြီးချစ်တယ်သိလား။ ကျွန်တော့်ကိုယ်ကျွန်တော်ထက်ကိုရော အရာအားလုံးထက်ရော Dion ကိုချစ်တယ်"

"ကိုယ်ကလဲကိုယ့်အတ္တထက် ဓီ့ကိုပိုချစ်တယ်"

"ဘာလို့အတ္တလဲဟင်"

"အတ္တဆိုတာ လူတစ်ယောက်ကအရမ်းအရေးပေးလွန်းတဲ့အရာ။ လူတွေကကိုယ့်အတ္တကိုဘဲရှေ့တန်းတင်ကြတာ။ အတ္တကိုထိပါးရင် ချစ်တဲ့သူကိုလဲပစ်နိုင်ကြတာဘဲ။ အရာအားလုံးကိုသူတို့လုပ်နိုင်ကြတယ်။ အတ္တကလူတစ်ယောက်ကမထိန်းချုပ်နိုင်ဆုံးအရာဖြစ်သလို လူတွေအချစ်ဆုံးအရာဘဲ။ ကိုယ်က ကိုယ့်အတ္တထက်ပိုပြီးတော့ကို ဓီ့ကိုပိုချစ်တယ်။ အဲ့တာကိုယ့်ရဲ့အလေးနက်ဆုံးသော အချစ်ရဲ့အဓိပ္ပာယ်ဘဲ"

"ကျွန်တော်လဲ ကျွန်တော့်အတ္တထက်ပိုပြီး Dion ကိုချစ်တယ်နော်"

"ဟုတ်ပါပြီ"

နှစ်ယောက်လုံးငြိမ်သက်နေကြပြီး တိုက်ခန်းအတွင်းရှိလေထုဟာ ‌နွေးထွေးနေပါသည်။

"ဓီ ကိုယ်နေ့လည်စာအတွက်ထပ်ချက်ပေးရမလား"

"ဟိုဘက်မှာချက်ပြီးသားရှိတယ်လေ"

"ဓီ နောက်ထပ်ဘာစားချင်သေးလဲ။ ကိုယ်ထပ်ချက်ပေးမယ်လေ"

"ဘာမှမစားချင်ပါဘူး။ ဒီလိုလေးဘဲနေဦးမယ်။ Dionလဲဘယ်မှမသွားနဲ့"

"ဟုတ်ပါပြီ"

နေ့လည် ၂နာရီလောက်ကျ ဟိုဘက်အိမ်ကစားစရာတွေသွားယူကြပြီး တိုက်ခန်းဘဲပြန်လာခဲ့ကြသည်။ နေ့လည်စာကို အတူတူစားကြရင်း ဓီပြောသမျှကို ပြုံးပြုံးကြီးနားထောင်နေသည်။ Zoneကသူ့အပေါ်ဘယ်လိုကောင်းတာတွေ၊ ပူတင်းကစားကောင်းတာတွေ၊ သူခံစားခဲ့ရသမျှ အခုမှအကုန်ပွင့်အန်လေတော့သည်။ ထမင်းစားပြီး Dionကပန်းကန်ဆေးနေတုန်း ဓီကအသီးတွေကို ရေဆေးပြီးပြင်ပေးထားသည်။

"Dionကျွန်တော်သိချင်တာတစ်ခုရှိလို့"

"အင်း မေးလေ ဓီ"

"ကျွန်တော်ရောဂါပြန်ထတုန်းက သွေးလှူပေးတဲ့သူကို Dionသိလားဟင်"

"ကိုယ့်အသိတစ်ယောက်လှူပေးတာ"

"ကျေးဇူးတင်ပါတယ်လို့ပြောပေးဦးနော်"

"ဟုတ်ပါပြီ"

"အင်းအင်း"

ဓီ့ကိုသွေးလှူပေးတဲ့လူက Rinoပင်။ အဲ့နေ့က ဆေးခန်းကို။ Rinoပါလိုက်လာပြီး ‌သွေးအမျိုးအစားတူကြောင်းပြောတော့ Rinoကစစ်စရာရှိတာစစ်ပြီး ‌လှူပေးခဲ့သည်။

"Dion အကိုဇုန်က Dionကို ဘာလို့ Davionလို့ခေါ်တာလဲဟင်"

"ကိုယ့်နာမည်အရင်းက Davion။ Dionဆိုတာ မေမေတစ်ယောက်ထဲ ချစ်စနိုးနဲ့ခေါ်တာ။ အရင်ကတော့အဲ့နာမည်က မေမေတစ်ယောက်ထဲပိုင်တာ။ အခုတော့ ဓီပါပိုင်သွားပြီ"

ဓီ ပြုံးမိသွားသလားမသိပေမဲ့ Dionပါးမှာတော့ ဓီ့နှုတ်ခမ်းတွေနစ်မြုပ်နေလေပြီ။

"ဓီ့ကိုကိုယ်ပြစရာရော ပေးစရာရောရှိတယ်"

"ဘာကြီးလဲ"

"ကိုယ်တို့ချစ်သူစဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့ပေးမလို့။ လာလိုက်ခဲ့"

ဓီရာ့လက်ကိုဆွဲပြီး အခန်းတစ်ခန်းဆီခေါ်သွားသည်။ မီးဖွင့်လိုက်တော့ ပိတ်စနဲ့ကာထားသည့်ပန်းချီကားတစ်ချပ်။
Dion ကပိတ်စကိုဖယ်လိုက်တော့ ပန်းချီကားတစ်ချပ်‌ရှေ့မှာဓီရာပြုံးနေတဲ့ပုံဖြစ်သည်။
မှတ်မှတ်ရရအဲ့ပန်းချီကားက ဓီရာပန်းချီပြပွဲမှာပန်းချီကားတစ်ချပ်ကိုတော်တော်သဘောကျလို့ နှစ်နှစ်ကာကာကိုပြုံးလိုက်သည့်ပုံပင်။

ပန်းချီကားကို လက်နှင့်ဖွဖွလေးပွတ်ကာ

"ဒါ ဒါက"

"ဟုတ်တယ် ကိုယ်ပုံဖော်ပြီးဆွဲထားတာ။ အဲ့နေ့က ပန်းချီကားတစ်ချပ်ကို ဓီကသဘောကျလို့ပြုံးလိုက်တာလေးကို ကိုယ်ပုံဖော်ဆွဲထားတာ။ ဓီက ကိုယ်ဆွဲပေးတာလိုချင်တယ်ဆိုလို့လေ ကိုယ်ဆွဲထားတာ သဘောကျရဲ့လား"

"သဘောကျတာပေါ့။ အများကြီးသဘောကျတယ်။ ကျေးဇူးတင်ပါတယ် Dion "

ဓီရာကDionကို ပြေးဖက်ပြီး ပါးတစ်ဖက်ကိုနမ်းလိုက်တော့ Dion နားရွက်ဖျားနီသွားပြီး ရယ်သံလွင်လွင်လေးထွက်‌လာသည်။

"ကိုယ်ညကျမှ ဓီ့အိမ်ပေါ်ထပ်ကိုပို့ပေးထားမယ်နော်"

"အခန်းထဲထားပေးနော်"

"ဟုတ်ပါပြီ"

"ကျွန်တော် ကျွန်တော်လဲ  Dion ကို သီချင်းဆိုပြမယ်"

"နားထောင်မှာပေါ့ဗျာ"

"ခဏလေးနော် အသံမပါတဲ့ audioအလွတ်ရှာလိုက်ဦးမယ်"

ဓီကအသည်းအသန် audioအလွတ်ရှာနေချိန်မှာ Dionက အသီးပန်းကန်တွေနဲ့ပူတင်းကို လင်ဗန်းနဲ့သယ်ကာ ပန်းချီခန်းထဲက စားပွဲခုံပုလေးပေါ်တင်လိုက်သည်။

"ရှာတွေ့ပြီ။ ဆိုပြမယ်‌နော်"

"ဟုတ်ပါပြီ ဆိုပြပါဗျ"

ငုတ်တုတ်ထိုင်ချလိုက်ပြီး audioကိုဖွင့်ကာ moodအပြည့်သွင်းနေသူကို Dion ကြည့်ရင်း ပြုံးနေမိသည်။ အပြုံးတိုင်းကတမင်ပြုံးတာမဟုတ်ဘဲ ဓီ့ကိုတွေ့ရင်ကို အလိုအလျောက်ပြုံးမိနေတာပင်။

ခဏအကြာမှာ ဓီသီချင်းဆိုတဲ့အသံသာသာလေးကပျံ့လွင့်လာသည်။ ချိုအီနေတာမျိုးလဲမဟုတ်ဘဲ ငြိမ့်ငြိမ့်အေးအေးလေးနဲ့ ပုံမှန်အသံလေးမလို့နားထောင်လို့ကောင်းသည်။

~~"ကြယ်စင်တွေ ခရီးထွက်သွားတဲ့
မှောင်မိုက်ခြင်း နဲ့ ည
တယောက်တည်း ကိုယ့်ဘဝမှာ သူ့အလင်း

လေပြေငယ်တိုက်ခတ်ရင်းနဲ့

ညခင်းတခုရဲ့ အလှ
သူဖြည့်ဆည်းပေးမှသာ ပြည့်လိမ့်မယ်

နေရောင်ခြည်တောက်ပအုံးမှ
ဒီဘဝ သိပ်လှမယ်
အပြင်မှာ တိမ်မဲမိုးသားတို့ ဖျက်ဆီး

သူလာရင်နွေးထွေးခြင်းနဲ့
သူ့အလင်းမျှလိမ့်မယ်
ကိုယ်ဟာ တယောက်တည်း
လောက အလယ်ပြည့်စုံပြီ

သူ့အချစ်က သိပ်လိုတယ်
အားနည်းချက်များကို
အရာရာ ဖြည့်ဆည်းဖို့
လူ့ဘဝက သိပ်တိုတယ်
အားလုံးတော့ မပြည့်စုံနိုင်
အချစ်စစ်ဟာ သူပေးတဲ့ အချစ်ရဲ့ သဘော
လူ့ဘဝက သိပ်တိုတယ်
အားလုံးတော့ မပြည့်စုံနိုင်

အချစ်စစ်ဟာ သူပေးတဲ့ အချစ်ရဲ့ သဘော
ဟိုးတုန်းက အမှောင်ညများ
ဟိုးတုန်းက အမှောင်နေ့များ
အထီးကျန်တာမေ့ထားဖို့သူဖြည့်ပေး

ကိုယ့်အတွက်တော့ သူ့ဟာ အချိုဆုံးတေး
သိမ်ငယ်စရာ ပြန်မာန်တင်းပေး"

တီးလုံးနှင့်လိုက်ပြီးခေါင်းလေးလွှဲနေတာမလို့ Dion  ပြုံးမိပြန်သည်။

"သူ့အချစ်က သိပ်လိုတယ်
အားနည်းချက်များကို အနားသတ်ပေးသူ
လူ့ဘဝက သိပ်တိုတယ်
အားလုံးမရ စိတ်ဓာတ်ကျ
အချစ်စစ်ဟာ သူပေးတဲ့ အချစ်ရဲ့ သဘော
လူ့ဘဝက သိပ်တိုတယ်
အားလုံးမရ စိတ်ဓာတ်ကျ
အချစ်စစ်ဟာ သူပေးတဲ့ အချစ်ရဲ့ သဘော"~~

သီချင်းပြီးသွားတော့ Dion လက်ခုပ်တီးတာအစား ပါးလေးကိုနမ်းလိုက်သည်။

"သိပ်တော်တာဘဲ ဓီ။ အရမ်းနားထောင်လို့ကောင်းတယ်"

"အဲ့တာ Dion ကိုရည်ညွှန်းဆိုတာ။ သီချင်းခေါင်းစဉ်က 'သူ့အချစ်'တဲ့"

"ကိုယ့်အချစ်ပေါ့"

"အင်း Dion အချစ်"

"ကိုယ့်အချစ်က ဓီလေ"

"ဟင်"

မျက်လုံးလေးပြူးကာအူကြောင်ကြောင်ဖြစ်နေပုံလေးကို အူယားလို့နောက်ထပ်ထပ်နမ်းလိုက်သည်။

"ဓီဘဲ ကိုယ့်အချစ်ဆို ကိုယ့်အချစ်က ဓီပါ‌ဆို"

"အာ…… Dion သိပ်လူလည်ကျတာဘဲ။ လူကိုနှစ်ခါတောင်နမ်းတယ်"

"အူယားလို့။ အခုတောင်အူယားလာပြီ"

"အာ……တော်ပြီတော်ပြီ အူမယားနဲ့တော့"

"မရဘူး။ ယားနေပြီ"

ဓီ့ကိုအတင်းချုပ်ဖက်လိုက်ပြီး မျက်နှာတစ်ပြင်လုံးနှုတ်ခမ်းကလွဲပြီး နှံ့အောင်နမ်းလိုက်သည်။ တစ်ညနေလုံးစရင်းနောက်ရင်း ရယ်သံလွင်လွင်လေးတွေနဲ့ ပြည့်သွားသည်။

ညပိုင်းရောက်တော့ ဓီကသူ့အိမ်ဘက်ပြန်မယ်ဆိုလို့ ပန်းချီကားကိုပါတစ်ခါထဲရွှေ့ပြီး နှစ်ယောက်လုံးဓီ့အိမ်မှာဘဲ အိပ်လိုက်ကြသည်။

"ကိုယ့်အလုပ်တွေပြီးရင် မြန်မာပြည်မှာဘဲနေကြမယ်။"

"တကယ်ကြီးလား။ တကယ်နေမှာလား"

"အင်း မေမေရှိတဲ့ရှမ်းပြည်အ‌ရှေ့ပိုင်းဘက်သွားနေကြမယ်။"

"အင်းအင်း"

စကား‌တွေဆက်ပြောနေခဲ့ကြပြီး မကြာခင်မှာဘဲ ဓီက
အိပ်ပျော်သွားခဲ့သည်။ လက်မောင်းပေါ်အိပ်နေတဲ့ဓီကို ခေါင်းအုံးပေါ်ပြောင်းလိုက်ပြီး ခုနကထဲခဏခဏလာနေတဲ့ဖုန်းကိုပြန်ခေါ်လိုက်တော့ Rinoကကိုင်သည်။
အရေးကြီးကိစ္စမှမဟုတ်ရင်မဆက်တတ်မှန်းသိနေတာမလို့ တစ်ခုခုတော့ထူးဆန်းနေပြီမှန်းအတပ်သိလိုက်ရသည်။

"________________"

Rino ဖုန်းလဲချရော Dion အပေါ်ဝတ်ဂျာကင်ကိုထပ်ဝတ်လိုက်ပြီး ဓီ့နဖူးကိုဖွဖွလေးနမ်းကာ

"ကိုယ်မကြာခင်ပြန်လာခဲ့မယ်နော်ဓီ"

ဇုန့်ကိုဖုန်းဆက်လှမ်းခေါ်ပြီး Dion အလုပ်ရုံဆီပြေးတော့သည်။

____________________________________________elf_
2/9/2024(Monday)

Double updateလေးပါနော် အသည်းအသန်ခဲမှန်သလိုအတင်းကြိုးစားရေးပေးထားပါတယ်
မကြာခင်မှာဘဲဇာတ်သိမ်းပါတော့မှာဆိုတော့
Description မှာရေးထားသလို ပျော်ရွှင်စွာအဆုံးသတ်နိုင်ကြပါ့မလား။ ကြိုတင်မှန်းထားကြဦးနော် ဟိဟိ


You are reading the story above: TeenFic.Net