Love Equation ❣️

Background color
Font
Font size
Line height

"အန်တီ ကလေးအတွက်ဆန်ပြုတ်လာပို့ပေးတာ .."

"တကူးတက သားရယ်အန်တီရှိနေတာပဲ သားထယ်အလုပ်ပိုတော့မှာပဲ .."

မနက်စောစော ထိပ်ထားစံတို့နေမကောင်းသော သူ့ကလေးအတွက် ဆန်ပြုတ်လာပို့သည်တဲ့ ဂျောင်ဟယ်တယောက်လုံးရှိနေတာတောင် မောင်ကဲပိုက သူကလေးအပေါ်အဖြစ်သဲလွန်းသည် မနေ့ကလဲ သားငယ်လေးအဖျားကျသွားသည်ထိစောင့်ပေးရှာသည် ခုလဲ နံနက်အစောသာရှိသေးသည် ဆန်ပြုတ်လာပို့တာဖြစ်သည်

"ကလေးအတွက်ပဲ ဒီလောက်ကဘာမှမဖြစ်ပါဘူး အန်တီ မေမေကိုယ်တိုင်လုပ်ပေးလိုက်တာမို့ပါ"

ထယ်ယောင်းပြောတာလဲဟုတ်သည် သူကအေးဆေးအိပ်နေရုံပဲလေ ဆန်ပြုတ်ကိုမေမေလုပ်ပေးတာဖြစ်သည် သူကအခန့်သားယောက္ခမကြီးဆီမှာအမှတ်ယူရုံသာ ထယ်ယောင်း မနေ့ညကတည်းက မေမေအားအပူကပ်ထားတာဖြစ်သည်အန်တီဂျောင်ဟယ် ကိုအားနာပေမဲ့ ထယ်ယောင်းမေမေလက်ရာက အံ့မခန်းမို့ပင် ထယ်ယောင်းနေမကောင်းဖြစ်တိုင်းလဲ မေမေဆန်ပြုတ်လေးသောက်လိုက်ရင်အားပြည့်သွားတာမျိုးဒါကြောင့် ချစ်သောလေးအတွက်မေမေကိုလုပ်ခိုင်းခြင်းဖြစ်သည်

"အော် သားရယ်သားမေမေအလကားပင်ပန်း‌တော့မှာပေါ့"

"ရပါတယ် အန်တီမေမေကအချက်အပြုတ်အရမ်းဝါဿနာပါတာမို့ ကိစ္စမရှိပါဘူး"

"ဟုတ်ပါပြီကွယ် အန်တီဒါလေးပြင်လိုက်မယ် သားပဲ သားကလေးကိုနှိုးလိုက်အုံးနော် ဆေးရှိန်ကြောင့် အိပ်ပုတ်လေးကအိပ်တုန်းပဲကွဲ့ "

"ဟုတ် အန်တီ "

ထယ်ယောင်းလဲ ချစ်သောလေးရှိရာအခန်းဆီသို့ဝင်လာလိုက်သည် အခန်းထဲရောက်တော့ အိပ်ယာထက်ကွေးကွေးလေးအိပ်နေသောပေါက်စလေးအားတွေ့ရသည်။သူကလေးဘေးနားလေးဝင်ထိုင်ရင်းဖြင့်နှဖူးပြင်လေးအားစမ်းလိုက်တော့ ကိုယ်ပူတော့မရှိတော့သည်မို့သူစိတ်အေးရသည်။

"ကလေးး ထတော့လေ .."

သူနှိုးတော့တအင်းအင်းတအဲအဲဖြင့် မျက်လုံးမဖွင့်သေးပါသော အကောင်ပေါက်လေး

"ဟိတ် နိုးနေတာကိုသိတယ် ထနော်မဟုတ်ရင်ကိုအာဘွားပေးမှာနော် "

ထယ်ယောင်းခြိမ်းချောက်လိုက်တော့အကင်းပါးသောကလေးက မဖွင့်ချင်သောမျက်လုံးလေးများအား အားယူကာဖွင့်လိုက်ပြီး

"ကိုကိုကလဲ ခေါင်းတွေကိုက်လို့ဟင့် ထချင်သေးဘူး"

"အဲ့ကြောင့်ခေါင်းကိုက်တာပျောက်အောင်ဆေးသောက်ရမယ် ဆေးမသောက်ခင်အစားစားဖို့လိုတယ် အဲ့ကြောင့် ကိုယ် ဆန်ပြုတ်ယူလာပေးတယ် ကလေးသောက်ဖို့.."

"ကိုကို ကိုယ်တိုင်လုပ်လာပေးတာလား .."

မျက်လုံးလေးများဝိုင်း‌စက်ကာသူ့အားမေးခွန်းထုတ်လာသောဒီဟာလေးအား ထယ်ယောင်းအသဲတယားယားဖြင့်ပင် စိတ်ထိန်းထယ်ယောင်းရေ စိတ်ထိန်းဟ...

" အင်းသေချာပေါက်..."

"ကိုကို ပင်ပန်းတော့မှာပဲ အလုပ်ပိုစေမိပြီ .."

မျက်နှာငယ်လေးဖြင့်သူအား အားနာဟန်ပြောလာသည့်ကလေးးပင်

"ကိုမဟုတ်ဖူး မင်းယောက္ခမ လုပ်ပေးတာပေါ့ ဟဲဟဲ"

"ကိုကိုဗျာ မကောင်းဘူး ကျနော်ကစိတ်ပူသွားတာ ခုတော့သူများကိုရီနေတာပေါ့ .."

"ဘာလို့စိတ်ပူတာ .."

အိပ်ယာထက်မှမထသေးပဲ အိပ်ယာထက်မှ သူ့အားနှုတ်ခမ်းလေးဆူကာ စိတ်ကောက်နေသော ပေါက်စလေးမျက်လုံးလေးများအားကြည့်ကာဆိုတော့

"မ..မသိဘူး အဲလိုကြီးဘာလို့ကြည့်နေတာလဲ .."

ထယ်ယောင်း ကလေးငယ်ရဲ့ ဆံသားအိအိလေးများအားသပ်တင်ရင်း အကြည့်တို့က ကလေးရဲ့မျက်ဝန်းများစီမှာသာ

"ကိုယ်မေးတာဖြေ ဘာလို့စိတ်ပူတာလဲလို့ .."

"ဟို...ကို ..ကိုကိုမိုလို့စိတ်ပူတာ "

"ဘာလို့ကိုကိုမို့ စိတ်ပူတာလဲ .."

"ကိုကိုဗျာ ဘာလို့အဲ့လိုကြီးမေးနေတာလဲ မဖြေတတ်တော့ဘူး "

အရှက်သည်းကာသူ့အကြည့်တို့အား ရှောင်လွှဲသွားသော ကလေးအားကြည့်ကာ ထယ်ယောင်းထပ်စချင်သည်ကြောင့်

"ဒီဘက်လှည့် ကိုမေးတာဖြေ..!"

ထယ်ယောင်းဆူသလိုပြောလိုက်သည်။

"..."

"ဘာဖြစ်တာလဲကလေးရာ ငိုစရာပါလို့လား ကိုကစနေတာထတော့ကလေး ဆန်ပြုတ်သောက်ပြီးရင်ဆေးသောက်ရမယ်နော် ကိုကအလုပ်သွားရအုံးမှာမို့ .."

သူစနေတာကိုအသည်းငယ်သောအကောင်ပေါက်လေးက မျက်ရည်လေးဝိုင်းကာကြည့်လာသည်ကြောင့် ထယ်ယောင်းမှာ‌ချော့လိုက်ရသေးသည်။ဒါတောင်စွာတေးလေးကငိုသံစွတ်ကာပြောသေးသည် ။

"ဟင့် ကိုကိုကကျနော်မဖြေတတ်တာကြီးကို အတင်းမေးတာ ပြီးတော့ အော်တယ်ဒီအတိုင်းကိုကိုနဲ့ပတ်သက်ရင် ဟောဒီ့ရင်ဘတ်ထဲက အလိုလိုစိတ်ပူလာတာကို ဟင့် ဘယ်လိုပြောပြရမှာလဲလို့ "

"မအော်ရပါဘူးဗျာ ကိုမှာဒါလေးကိုချစ်လို့တောင်မဝတာကလေးးကစိတ်မကောင်းဖြစ်တာလား ကိုကိုတောင်းပန်ပါတယ်ဗျာ "

ထယ်ယောင်းမှာ ရင်ဘတ်လေးအားလက်ညှိုးလေးဖြင့်ထိုးကာပြောနေသောချွဲစိန်လေးအားဆွဲထူလိုက်ရင်းခေါင်းလုံးလုံးလေးအားပွတ်ပေးကာပြောလိုက်သည် သူကလဲဟုတ်သည် အလကားကလေးကိုစနေမိသည်တကယ် ထယ်ယောင်းမကောင်းတာပါ‌လေဘယ်လိုပဲပဲဖြစ်ဖြစ်ကလေးကလဲသူ့အပေါ်စိတ်ရှိနေတယ်ဆိုတာထယ်ယောင်းသိပြီးဖြစ်သည်

"ဟွန့် ကိုကို.."

"ဗျားး .."

"မျက်နှာသစ်ဖို့လက်ချောင်းလေးတွေက အားမရှိဘူး အဲ့တာ .."

ဟောကြည့်အသံသေးသေးလေးနဲ့ ထယ်ယောင်းရဲ့အသည်းနှလုံးအားအရည်ဖျော်နေသည့်ပေါက်စလေးဟာဆိုးလွန်းပါသည်ချစ်သူလို့ခေါင်းစဉ်မတပ်ရသေးတာတောင်အချွဲပိုလွန်းသောကလေးးဟာ သူ့အပိုင်လေးများဖြစ်လာခဲ့လျှင် ဘယ်လောက်တောင် ချွဲလိုက်မည်နည်း ဒါတွေဟာကင်မ်ထယ်ယောင်းရဲ့အားနည်းချက်ပါလို့ပြောရင် ဒီဟာလေးကထိုနိုင်ကွက်ကိုပဲအားကိုးကာသူ့အားအနိုင်ယူနေမည်မလားမပြောတတ်ပါလေ

"အိုက်ဂူးချွဲစိန်လေး ကိုကိုယ်တိုင်မျက်နှာသစ်‌ပေးမှာပေါ့ဗျာ ..."

ထယ်ယောင်းလည်း ကလေးအခန်းထဲရှိရေချိုးခန်းထဲသို့အကောင်ပေါက်လေးအားခေါ်လာကာ သူကိုယ်တိုင်ပဲမျက်နှာနုနုလေးအား မျက်နှာသစ်ပေးရသည် ထို့နောက်ထယ်ယောင်းသွားတိုက်ဆေးလဲ သူကိုယ်တိုင်ပဲထည့်ပေးကာတိုက်စေသည် အကုန်ပြီးစီးသွားတော့ မျက်နှာသုတ်ပါဝါဖြင့် ထယ်ယောင်းကိုယ်တိုင်ပဲသုတ်ပေးသည် ပုဝါဖြူလေးကြားက ယုန်သွားလေးများပေါ်သည်အထိ ထယ်ယောင်းကိုပြုံးပြနေသေးသည့်ထယ်ယောင်းရဲ့အသည်းအသက် အဆိုးလေးဖြစ်သည်။

"ကိုကို.."

"ဗျာ့ .."

"ကိုကိုရေ.."

"ဗျား.."

"ကိုကိုလို့.."

"ဗျားဗျ.."

"ကိုကို.."

"‌ကို့ကို စနေတယ်ပေါ့morning kiss ဆွဲလိုက်မှာနော် .."

ထယ်ယောင်းပြောလိုက်မှ ငြိမ်သွားသည့်ပေါက်စလေး သူ့အားအသည်းယားအောင်စနေသော ကလေးအားထကယ်ပင် morning kiss ဆွဲလိုက်ချင်သည် ဥတုရာသီနားမလည်သောဟာလေးက သူ့အားအသည်းယားအောင်ဆွဲဆောင်နေသည် ထယ်ယောင်းစိတ်မထိန်းနိုင်လို့နမ်းမိပါလျှင်လည်း ဒီကောင်ပဲလူဆိုးဖြစ်အုံးမည်။

"ကိုကို အပြင်မှာစောင့်နေတော့ ကျနော်အကျ်ီလဲပြီးရင်လာခဲ့မယ်နော်.."

"ဘာလို့လဲ ဒီအတိုင်းလဲ.."

"ဟာဗျာလူဆိုးကြီး.."

"မျက်နှာသစ်တုန်းကတော့ လက်ကလေးတွေကအားမရှိဘာဘူးဆို ခုအကျီလဲတော့ ကို့ကလေးလက်လေးတွေအားရှိပါ့မလား ကိုယ်တိုင်လဲပေးမယ်လေး "

ထယ်ယောင်း အရှက်‌သဲသောကလေးအားစနေသည်

"ကိုကိုနော်အပြင်ထွက်ဆို..လူယုတ်မာအပြုံးကြီးနဲ့ .."

"ဟားး ဟုတ်ပါပြီကွာကိုယ်အပြင်ကပဲစောင့်နေမယ် .."

"ဟုတ် .."

"အော်မေ့လို့ မွ..ချစ်တယ်နော်ကို့အနာဂါတ်လေး"

ထယ်ယောင်းရဲ့အပြုမှုတွေကြောင့် ဂျောင်ကုလေးမှာရင်ခုန်သံစည်းချက်ညီအောင် မနည်းကြိုးစားနေရသည်မဟုတ်ရင်သူ့နှလုံးခုန်နှုန်းတွေရပ်တန့်သွားနိုင်သည်ကြောင့် ကိုကိုအနမ်းပေးခဲ့သော ပါးပြင်လေးအားကိုင်ကာ ဂျောင်ကုလေးပြုံးနေမိသည် ကိုကို့ကို ပိုင်ဆိုင်ချင်မိတဲ့ဂျောင်ကုလေးဟာအတ္တကြီးနေမိပြီလား ....

"သားထယ် မင်းကလေးနိုးပြီလား.."

"ဟုတ်အန်တီ ခနနေထွက်လာမှာပါ အဖျားလဲကျသွားပြီ နဲနဲတော့ဂရုစိုက်ပေးပါအုံးနော်အန်တီ ကျနော်လဲအလုပ်သွားရမှာမို့ပါ.."

"ဟုတ်ပါပြီရှင်မင်းညီ‌လေးကိုသဲသဲလှုပ်ပဲနော် သားထယ် ဒါနဲ့အန်တီမနက်စာပြင်ပြီးပြီး သားဖို့ကင်ချီထမင်းကြော်လေးလုပ်ပေးထားတယ် တခါတည်းစားသွားနော်.."

"အန်တီ ကျနော်ဂျောင်ကုလေးကိုလက်ထပ်ပါရစေ ကျနော်ကလေးကိုချစ်တယ်အန်တီပြီးတော့ကလေးကိုစိတ်ချမ်းသာပြီးပျော်ရွှင်အောင်ထားပေးမှာအန်တီ ခွင့်ပြုပေးပါ.."

ထယ်ယောင်းရဲ့စကားတွေကြောင့် ဂျောင်ဟယ်မှာအံ့ဩနေသည်ကလွဲ ဘာမှမဆိုမိ သူမသိပြီးဖြစ်သော်လည်းထယ်ယောင်းချက်ချင်းကြီးလက်ထပ်ဖို့အထိရဲတင်းစွာပြောလာလိမ့်မည်သူမတွက်စမထားမိခြင်း ထယ်ယောင်းလေးနဲ့ဆို သူမလဲ စိတ်ချနိုင်သည် သို့သော်သားငယ်လေးရဲ့ အဖြစ်မှန်တချို့ကိုသူမ ပြောပြသင့်သည်လားသူမကိုယ်တိုင်ချီတုံချတုံဖြစ်နေမိသေးသည်

"ဒါက သားထယ် မင်းညီသဘောကရော .."

"ကလေးဆီကအဖြေရတာနဲ့ ကျနော်လက်ထပ်ဖို့တွေးထားတာမို့ အန်တီကိုအသိပေးတာပါ ပြီးတော့ ဖေဖေကိုလဲပြောထားပြီးပါပြီ အန်တီ ကျနော်ကလေးကိုတကယ်မြတ်မြတ်နိုးနိုးနဲ့တန်ဖိုးထားမှာပါ.."

"အန်တီက သားငယ်သဘောဆန္ဒပါပဲ သားငယ်လေးပျော်ရင်အန်တီ့အတွက်ဘာမှမလိုတော့တာမို့ သားဘက်ကပဲဒီကလေးးကို အများကြီးချစ်ပေးပါ ပြီးတော့ ကလေးကစိတ်ဒဏ်ရာရှိခဲ့ဖူးတာမို့သားပိုဂရုစိုက်ပေးပါအန်တီအဲ့တခုကိုတောင်းဆိုပါရစေကွယ် .."

"စိတ်ဒဏ်ရာ .."

ထယ်ယောင်းကလေးမှာကိုစတွေ့ကတည်းအနည်းငယ်ရိပ်စားမိသည်နမ်ဂျွန်းစကားတွေ ပြီးတော့ အန်တီဂျောင်ဟယ်စကားကြောင့် သူကလေးရဲ့အရင်ကစိတ်ဒဏ်ရာဟာဘာများလဲသူသိချင်မိသည် ဒါပေမဲ့သူမမေးဖြစ်ခဲ့ အန်တီကိုယ်တိုင်ပြောလိုက်သည်မို့ကလေးငယ်အကြောင်းသူသိချင်လာမိသည်ကြောင့်မေးလိုက်သည် ။

"ကိုကို ..မေမေ .."

ဂျောင်ဟယ်စိုးရိမ်တကြီးဖြင့်သားငယ်လေးအားကြည့်လိုက်သည်

"ဘာလို့ရပ်နေကြတာလဲ သားကိုစောင့်နေရတာကြာသွယးလား  ဟီး"

ယုန်သွားလေးများပေါ်သည်ထိပြုံးနေသောကောင်လေးမှာ အဖြူရောင်ဆွယ်တာလေးအားဝတ်ထားအဖြူလုံးလေးဖြစ်ကာ တမျိုးချစ်ဖို့ကောင်းပြန်သည်

"လာပါကိုယ်တော်လေး မနက်စာစားရအောင် သားထယ်အလုပ်နောက်ကျတော့မှာပဲ.."

"ဟုတ်ဟုတ် လာကိုကို မနက်စာစားကြမယ်.."

သူလက်အားဆွဲကာထိုင်စေသော အဖြူလုံးလေးအားကြည့်ကာ ထယ်ယောင်းဒီဖြူဖြူစင်စင်ကလေးမှာ ဆိုးရွားတဲ့စိတ်ဒဏ်ရာတွေရှိမည်လဲ သူစိုးရိမ်နေမိသည် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကို မင်းရဲ့ဖြစ်တည်မှု့တိုင်းကိုမြတ်နိုးပြီးချစ်ပေးမှာမို့ ကိုယ်လက်ထဲမှာတော့ မင်းလေးကိုတချက်မျက်နှာမငြိုးစေရပါဘူးလို့ကိုကတိပေးပါတယ်။

ထယ်ယောင်းလဲမနက်စာ စားပြီပေါက်စလေးကိုလဲ ဆေးကိုယ်တိုင်တိုက်ခဲ့ပြီးပြီးမို့သူလဲ အလုပ်သို့ထွက်လာခဲ့သည် မသွားခင်မှာစရာရှိတာတွေလဲမှာခဲ့ရသေးသည် ပြီးတော့ကလေးရဲ့ကိစ္စကိုတော့နောက်မှ အန်တီ့ဆီကမေးတော့မည် ။

ထယ်ယောင်းသူ့စိတ်ကူးတခုအားအကောင်ထည်ဖော်ရန် ဖုန်းနံပတ်တခုဆီသို့ ခေါ်ဆိုလိုက်သည် ပြီးနောက်သူ့သဘောတကျကိုပြုံးနေခဲ့သည် ။

.....

"မေမေ အဝါရောင်ကျူးလစ်ပန်းလေးတွေရဲ့အဓိပ္ပာယ်ကိုသိလားဟင် .."

ဂျောင်ကုလေးက သူ့ရှေ့အဝါရောင်ကျူးလစ်ပန်းလေးအားကြည့်ကာမေမေအားမေးလိုက်သည်။

"ဘာလို့လဲ သားငယ်လေးရဲ့ .."

"မျှော်လင့်ခွင့်မရှိတဲ့အချစ်တဲ့ မေမေ.."

"ကဗျာတွေဆန်နေတယ်ပေါ့ ကောင်လေးတယောက်အချစ်နဲ့တွေ့ပြီး.."

သူမသားငယ်လေးအား စလိုက်သည်

"မေမေကလဲ သားအတည်ပြောနေတာသားက ကိုကိုချစ်ပေးဖို့ထိုက်တန်တဲ့သူတ‌ယောက်ဖြစ်ပါ့မလား "

"သားလေးရယ် ထယ်ယောင်းလေးက သားအပေါ်ဘယ်လောက်ချစ်လဲဂရုစိုက်လဲမေမေကိုယ်တိုင်မြင်နေရတာပဲ ပြီးတော့မေမေ့ သားလေးကို သားထယ်နဲ့ဆိုစိတ်ချတယ် .."

"ဒါပေမဲ့မေမေ.."

"မေမေမေးမယ် သားထယ်လေးနဲ့‌‌ တွေ့တိုင်းသားငယ်လေးပျော်ရလား .."

"ပျော်တယ်မေမေ ပြီးတော့ သားလေ ကိုကိုနဲ့ဆိုရင် သားရင်‌တွေခုန်လာတာ ပြီးတော့ အိပ်မက်ဆိုးတွေမမက်တော့ဘူး သားစိတ်ထဲကိုကိုသာအနားမှာရှိရင် ကြောက်စိတ်တွေမရှိတော့သလိုပဲ.."

"အဲ့လိုဆိုသားလေးဘာလို့ စိတ်ပင်ပန်းခံနေလဲ.."

"သားကမဖြူစင်တော့ဘူးလေ မေမေ .."

သူမစကားကြောင့် သားငယ်လေးမျက်နှာလေးညှိုးကြသွားပြန်သည်

"သားလေးရယ် ဒါကရည်ရွယ်ပြီးဖြစ်လာခဲ့တာတွေမဟုတ်ဖူးအဲ့ဒီအရာတွေကြောင့် သားငယ်ရဲ့ပျော်ရွှင်မှု့တွေမပျောက်ဆုံးစေချင်ဖူး မေ့မေ့သားလေးက ပျော်ရွှင်ဖို့အတွက်ထိုက်တန်တယ် အဲ့ကြောင့်အများကြီးမတွေးနဲ့တော့.."

"ဟုတ်မေမေ .."

ထယ်ယောင်းနဲ့တွေ့တိုင်းအမြဲပြုံးပျော်နေတတ်သောသားဖြစ်သူကြောင့် ဂျောင်ဟယ်မှာစိတ်ချမ်းသာရသည် ဒီကလေးကသူ့ကိုကို ကို ချစ်နေတာကို ဝန်မခံရဲတာဖြစ်သည် ဒါဟာလဲစိတ်ဒဏ်ရာရှိခဲ့ဖူးသိမို့ ဒီကိစ္စတွေကိုဂျောင်ဟယ်တာဝန်ယူကာသားငယ်ရှေ့ကရပ်တည်ပေးမည်ဖြစ်သောကြောင့် ဒီကလေးးအားစိတ်မဆင်ရဲစေလိုတာအမှန်ပင်ဖြစ်သည် ။

"သားလေးဘက်ကကိုယ်တိုင်ဘယ်အရာကသားကိုပျော်ရွှင်စေနိုင်လဲဆိုတာပဲတွေးနော် ကျန်တာ မေမေကိုယ်တိုင်ဖြေရှင်းပေးမှာမို့စိတ်မပူပါနဲ့ကွယ်"

"ကိုကိုက သာသိသွားရင်ဘယ်လိုဖြစ်နေမလဲဟင် .."

လက်ဖဝါးနှစ်ခုအားပွတ်တိုက်ကာ စိုးရိမ်တကြီးဖြစ်နေသည့် သားငယ်လေးရဲ့ခေါင်းလုံးလေးအားသူမ အသာအယာ ပုတ်ပေးရင်း

"ထယ်ယောင်းက သားလေးကိုသိပ်ချစ်တာပါကွယ် သူနားလည်ပေးမှာမေမေယုံတယ်နော်.."

ခေါင်းလုံးလေးအားငြိမ့်ပြသောသားဖြစ်သူအားကြည့်ရင်းသူမအချစ်ပိုမိပြန်သည် ဂျောင်ဟယ်သက်ပြင်းရဲ့ကဲ့လေးချလိုက်သည် ဘယ်လိုအခြေအနေတွေပဲဖြစ်လာပါစေသားငယ်ရဲ့ပျော်ရွှင်မှု့လေးကိုတော့အပျောက်ပျက်မခံနိုင်သည်ကြောင့် သူမ ထယ်ယောင်းလေးအား ဘယ်လိုပင်တောင်းပန်ရပါစေ သားငယ်လေးအားလက်ခံပေးဖို့ပြောရမည်ဖြစ်သည်။

......

"ဟျောင့် ငါစီစဉ်ခိုင်းထားတာတွေပြီးပြီလား .."

"အဆင်သင့်ပဲဟျောင့် မင်းသူငယ်ချင်းလေးကိုယုံကြည်တယ်မလား .."

"ဟုတ်ပြီ ဒီတခါတော့ ယုံကြည်လိုက်မယ်ကွာ ဒါပဲ ငါအလုပ်လုပ်ရအုံးမှာမို့.."

တဖက်မှ သူ့စကားတောင်မဆုံးသေးချသွားသောဖုန်းကြောင့် ဂျီမင် စိတ်တိုကျိန်ဆဲမိသည် အရေးကြုံရင်ဒီဖေကိုပဲအားကိုးပြီး ပါရမီဖြည့်ပေးရမဲ့သူ့အား သူငယ်ချင်းဖြစ်သူဆက်ဆံသည့်ပုံမှာတကယ်အချိုးမပြေပါ။

ထယ်ယောင်းဘက်မှာတော့ သူ့အတွေးနှင့်သူပျော်ရွှင်နေမိသည်

"ကိုယ့်ချစ်‌သောလေးကို ပိုင်ဆိုင်ဖို့ကိုယ်မစောင့်နိုင်တော့ဘူးကွာ"

အဝါရောင်ကျူးလစ်လေးတွေက မျှော်င့်ခွင့်ရှိတဲ့အချစ်ဆိုရင် ကိုယ်ကမင်းလေးအတွက် ကျူးလစ်ပန်းရောင်လေးတွေနဲ့အတူတိုင်တည်ရင်း ထာဝရခွင့်လွှင့်ခြင်းဖြင့် ချစ်ပါမယ်ဆိုရင်ရော ကိုယ့်ချစ်သောလေးရဲ့ ပူပင်နေတဲ့စိတ်လေးတွေလျော့ကျသွားမည်လား

.....

ဆက်ရန်~~


You are reading the story above: TeenFic.Net